HE'S ✓

By VemberCB_Kai

151K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 11

2.9K 366 3
By VemberCB_Kai

[Unicode+ Zawgyi]

မျက်လုံးတွေဖွင့်လာတော့တိတ်ဆိတ်နေမှုနဲ့အတူ အပြာနုရောင်မျက်နှာကြတ်ကိုမြင်တော့ Baekhyunမျက်လုံးတွေပြန်ပိတ်ပစ်လိုက်သည်။

သတိလွတ်မသွားခင်ကChanyeolနဲ့အတူတူရှိနေခဲ့ပေမဲ့လည်း Chanyeolကအမြဲလိုသူ့ကိုရှောင်ဖယ်နေစမြဲမို့ အခုလည်းနေရာတစ်ခုမှာထားခဲ့ပြီး တစ်ယောက်ထဲဖြစ်နေရပြန်တာကိုBaekhyunသဘောမကျဖြစ်နေသည်။

တကယ်ဆို ငါသတိရရချင်းမင်းကိုတွေ့ချင်နေတာကို..

ဘာလို့တစ်ယောက်ထဲဖြစ်နေရတာလဲ

Chanyeolကသာသူ့ကိုသူစိမ်းဆန်ဆန်နေပေမဲ့ စကားသွားပြောကြည့်တဲ့အခါChanyeolရဲ့သူငယ်ချင်းတွေက သူ့ကိုဖော်ဖော်ရွေရွေရှိကြသည်။

Cahnyeolရဲ့သူငယ်ချင်းတွေဆီကChanyeolရဲ့ အကြောင်းအရာတစ်ချို့ကိုBaekhyunသိခွင့်ရခဲ့သည်။
Chanyeolရဲ့သူငယ်ချင်းတွေလိုမျိုး Chanyeolကသာသူ့အပေါ်ဖော်ဖော်ရွေရွေရှိရင်ဘယ်လောက်ကောင်းလိုက်မလဲ..
အခုများတော့ ...

တွေးနေရင်း အခန်းတံခါးဖွင့်သံကြားလာရလည်းBaekhyunမျက်လုံးတွေမဖွင့်ကြည့််ဘူး

"Baekhyuneeမြန်မြန်သတိရပါတော့ကွာ"

Baekhyunချက်ချင်းပဲမျက်လုံးတွေဖွင့်ကြည့်လာတဲ့အခါ ဘေးမှာမတ်တပ်ရပ်နေတဲ့Chenကိုတွေ့သည်။

"Chennie"

"ဘာတွေလုပ်နေလို့ အား‌နည်းသွားရတာလဲ"

Chenရဲ့အမေးကိုBaekhyunကအပြုံးနဲ့တုံ့ပြန်လာခဲ့ပြီးမှ

"ငါ့ကိုပစ်ထားတုန်းကပစ်ထားပြီး ဘာလို့လာမေးနေတာလဲ"

"ပစ်ထားတာကမင်းလေ..

Chanyeol.. Chanyeol.. Chanyeolနေပြီး ငါ့တို့သုံးယောက်ကိုဘေးပို့ထားခဲ့ပြီးတော့များ

ဘာကို အခုမှငါတို့ကပစ်ထားတာလဲ

ငါတို့ဘာတွေဖြစ်နေလဲတောင်မင်းသိလို့လား

လူကဖြင့် အချစ်မွှန် မွှန်နေပြီး"

"ဟီး ဟီး.. အဲ့လိုဖြစ်သွားတာလား.. မင်းတို့ကငါ့သူငယ်ချင်းတွေဆိုတော့ ဘယ်အချိန်တွေ့ချင်ချင်ပြေးလာလို့ရတယ်လေ
Chanyeolကကြ ပြေးသွားလို့မရဘူး သူ့ကိုတွေ့ခွင့်ရတုန်းလေးမှာပဲ ငါကတွေ့ရတာကို"

Baekhyunမျက်နှာငယ်လေးနဲ့ခေါင်းငုံ့သွားတော့ Chenကတက်လည်းတက်နိုင်တယ်ဆိုတဲ့ပုံနဲ့ နှာခေါင်းရှုံ့လိုက်သည်။

"Chennie မင်းတစ်ယောက်ထဲလား ကျန်တဲ့သူတွေကောဟင်"

"ဘယ်သူတွေလဲ.. သိမ်းကျုံးပြီးအကုန်ပြောမနေနဲ့ သိချင်တဲ့သူကိုတည့်မေး"

"Chennieကလည်း"

Chen Baekhyunကိုမကြည်ကြည့် ကြည့်ပြီး ခုံမှာထိုင်လိုက်သည်။

"Hyungနဲ့Chanyeolက ခွဲခန်းထဲဝင်နေတယ်
Sehunnieနဲ့Taoက စာမေးပွဲဖြေပြီးတရုတ်သွားဖို့ ပတ်စပို့ရုံးမှာ
ကိုလေးနဲ့ကိုလတ်ကတော့ မင်းသတိရလာရင်စားဖို့ဆိုပြီး အိမ်ပြန်ပြီးချက်ပြုတ်ပြင်ဆင်နေတယ်"

"အင်း..ဆက်ပြော"

"ဘာကိုဆက်ပြောရမှာလဲ"

"မင်းတို့တွေလေ ငါဖုန်းတွေခေါ်တာဘာလို့မကိုင်ကြတာလဲ"

Chenရဲ့မျက်နှာအမူအယာကိုကြည့်ပြီးစိတ်ဆိုးနေတုန်းဆိုတာကိုBaekhyunသိနေပေမဲ့ နေမကောင်းထားတာကိုအခွင့်ကောင်းယူပြီး Chenကိုဂျီကျဖို့တွေးယူနေသည်။

"မင်းနေမကောင်းတာတောင် ဘာလို့စကားတွေစောက်ရမ်းများနေရတာလဲ.. ပါးစပ်လေးပိတ်ပြီးအေးအေးဆေးဆေးနားနေပါလား"

"ဟင့် Chennieကလည်း"

သူငယ်ချင်းတွေထဲ နေမကောင်းရင် ဂျီအကျဆုံးကSehunဖြစ်ပြီး Baekhyunကတအီအီနဲ့အရမ်းချွဲတတ်သည်။

Sehunနဲ့Baekhyunနေမကောင်းတာချင်းတိုက်သွားရင် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်မှာ သေချင်‌စိတ်တွေတဖွားဖွားပေါ်‌ပေါက်လာသည်အထိ စိတ်ညစ်ရသည်။
ဂရုမစိုက်ဘဲပစ်လည်းထားနိုင်တာမို့ တဂျီဂျီတအီအီတွေကြားထဲ အတော်လေးသည်းခံပေးကြသည်။

"ငါကစာလုပ်ရတာပျင်းလာတာနဲ့ Studioဆီသွားပြီးလေ့ကျင့်နေတာနဲ့ ဖုန်းကအပြင်မှာထားခဲ့လို့ မင်းဖုန်းခေါ်ချိန်မှာမသိလိုက်ဘူး
ဟို၂ယောက်ကတော့ တရုတ်ပြန်ဖို့လိုတာတွေပြင်ဆင်နေရင်းမင်းဖုန်းခေါ်တာမသိလိုက်တာဖြစ်လိမ့်မယ်
ဘာသိချင်သေးလဲ
မရှိတော့ရင် အိပ်နေလိုက်တော့"

"ဟင့်.."

Chen Baekhyunကိုကြည့်လာ‌တော့ စိတ်ဆိုးနေတဲ့ပုံနဲ့တဖက်ကိုလှည့်ထားတဲ့မျက်နှာကြောင့် ပိတ်ရိုက်ချင်ရာကောင်းနေသည်။

"ငါတို့ဒီရက်တွေမင်းဆီမရောက်ဖြစ်တာက မအားတာတွေလဲပါတယ်.. ငါဆိုစာမေးပွဲနောက်ဆုံးရက်မှာ Albumထုတ်ဖို့ပြင်နေပြီ
သီချင်းတွေလည်းအကုန်အသံသွင်းပြီးပြီ"

"တကယ်တကယ်..?? ငါ့သူငယ်ချင်းရဲ့အသံဆိုးဆိုးကြီးကို နားထောင်ပေးရဦးမှာပေါ့"

"Ya!! မကောင်းလိုက်တဲ့သူငယ်ချင်းတွေ"

Baekhyunတခစ်ခစ်ရယ်လာကာ Chenရဲ့တည်နေတဲ့မျက်နှာကြီးကို လက်ညိုးတစ်ထိုးထိုးနဲ့..

"Baekhyunee!!!"

"ဟျွန်းငယ်နေရဝာာဘယ်လိုနေသေးလဲ မူးနေသေးလား"

"ကိုကိုကြီး"

အခန်းတံခါးဖွင့်သံနဲ့အတူပါလာတဲ့အမေးစကားတစ်ခုကြောင့် Baekhyunမျက်လုံးလေးတွေအဝိုင်းသားနဲ့ကြည့်လာခဲ့ပြီး ထထိုင်သည်။

Chenလည်း Baekhyunကိုစိတ်ဆိုးလာလို့အော်လိုက်ပြီး ဝင်လာတဲ့MinSeokကြောင့် ထိုင်နေရာကထလိုက်ပြီးနေရာပေးလိုက်သည်။

"ခဏနေ ကိုလတ်နဲ့ကိုလေးရောက်တော့မယ်.. ဘာစားချင်နေလဲ"

Baekhyun MinSeokမေးတာကိုမဖြေနိုင်သေး အနောက်ကတစ်ယောက်ယောက်ထပ်ဝင်လာမည်ကိုမျှော်လင့်နေသည်။

"Baekhyuneeရေ.. Hyungမေးနေတယ်လေ.. စားချင်တာတွေကိုတော်တော်လိုက်စဉ်းစားနေတာလား"

အကြောင်းသိနေတဲ့Chenရဲ့စကားကြောင့် Baekhyunစိုက်ကြည့်လာတာကို MinSeokကသဘောကျနေသည်။

"ဒီကလေးတွေကတော့"

"ဟွန့် ကိုကိုကြီးသိလား Chennieက ဟျွန်းငယ်ကိုစိတ်မရှည်ဘူး"

"Ya!!!! !!! ငါတစ်ချိန်လုံးမင်းသိချင်နေတာတွေကိုပြောပြပေးနေတာလေ မင်းကအားကိုးလာတော့ အခုလိုပြောပြီပေါ့..
နေတော့ ပြန်တော့မယ်"

Baekhyunကပြန်ချင်ပြန်ဆိုတဲ့ပုံနဲ့ လက်ကလုပ်ပြနေချိန် Chenလည်းအခန်းထဲကအထွက် Chanyeolကအဝင်ဖြစ်နေတာနဲ့ ChenကChanyeolကိုလိုက်ပို့ပေးဖို့ဆွဲခေါ်သွားပြီး Baekhyunကိုသေသေချာချာနှုတ်ဆက်သွားတော့ Baekhyunမှာဆွေ့ဆွေ့ခုန်မတတ်စိတ်တိုလာပေမဲ့ MinSeokရှိနေတာကြောင့် ကြိတ်ပြီးငြိမ်နေခဲ့ရသည်။

Chennie မကောင်းတဲ့ကောင်.. ငါ့အချစ်လေးငါ့ဆီလာတာကိုခေါ်သွားပစ်တယ်..

Ya!! YA!!!! စိတ်တိုလိုက်တာ စိတ်တိုလိုက်တာ

ငါ ငါ့အချစ်လေးကိုတွေ့ချင်နေခဲ့တာကို

အခုတော့ Chennieအဆိုးကောင်က ခေါ်သွားပြီ

အား!!!!!!

Chennie!!! Chennie!!!

အူ ဝါး Chennieစုတ်ကြီး..

Chennieအဖိုးကြီး.. အသံဆိုးနဲ့လူကြီး..

ငါ့အချစ်လေးကို ခေါ်သွားတဲ့အဆိုးကောင်ကြီး

အူ ဝါး ...

Baekhyunစိတ်ထဲ ကြိတ်မနိုင် ခဲမနိုင်ဖြစ်နေခဲ့ရပြီး အပြင်တွင်MinSeokရှိနေမှုကြောင့် အိန္ဒြေတော်တော်ဆည်နေရသည်။

MinSeokသာရှိမနေရင် Baekhyunထလိုက်သွားမည်ကအသေအချာဖြစ်လေသည်။

Chenရဲ့ဆွဲ‌ခေါ်မှုကြောင့် Chanyeolလိုက်လာခဲ့ရပြီးဆေးရုံအရှေ့ရောက်တဲ့အခါ Chenက Chanyeolကိုစိုက်ကြည့်နေသည်။

"ဘာလဲ"

ChanyeolအမေးကိုChenကပြန်မဖြေဘဲ ‌ကြည့်နေတုန်း..

"မင်းရဲ့ဘယ်နေရာကစွဲဆောင်နေလို့ Baekhyuneeကအသည်းအသန်သဘောကျနေရတာလဲ"

"မင်းသူငယ်ချင်းကိုသွားမေးလေ ဘာလို့ငါ့ကိုလာမေးနေတာလဲ"

Chanyeolပြန်ဝင်မယ်လုပ်တော့Chenကဆွဲထားပြန်သည်။

"မင်းနဲ့အချိန်ဖြုန်းရအောင် ငါမအားဘူး"

Chen Chanyeolစကားကိုသဘောမကျပေမဲ့ ဆွဲထားတာကိုမလွှတ်..

"နေဦး.. မင်းတကယ်ပဲBaekhyuneeကိုသဘောမကျဘူးလား.. ဘာလို့လဲ
ငါ့သူငယ်ချင်းကဘာတွေမကောင်းတာရှိနေလို့လဲ.. သူကအရမ်းကောင်းတဲ့သူကို မင်းကဘာလို့သဘောမကျနိုင်ရတာလဲ
ငါတကယ်ပြောတာ မင်းနဲ့ပတ်သက်ပြီးမှသူက တကယ်ကိုရူးရူးမူးမူးဖြစ်နေတယ်
သူ တခြားတစ်ယောက်ကိုသဘောကျတယ်ဆိုတာမျိုး ငါတို့ပေါင်းခဲ့တဲ့တစ်လျှောက်လုံးမရှိခဲ့ဖူးဘူး
မင်းနဲ့မှ မင်းကိုမှ သူအတော်လေးချစ်နေခဲ့တာ
မင်းသူ့ကိုပြန်ချစ်ပေးလို့မရဘူးလား
တစ်ခါခါ မင်းအပြုအမူတွေကြောင့်သူခံစားတာမျိုး ငါမကြိုက်ဘူး
ငါမင်းကိုသဘောမကျပေမဲ့ ငါ့သူငယ်ချင်းကသိပ်ကိုမှချစ်နေရတဲ့မင်းကို မသိယောင်ဆောင်လို့လဲမရပြန်ဘူး
ငါ့သူငယ်ချင်းကို ပြန်သဘောကျပေးလို့မရဘူးလားChanyeol"

"မင်းသူငယ်ချင်းကိုပြန်သဘောကျပေးဖို့ပြောနေတာပဲ.. ဟဟ .. ဘယ်လိုလုပ်မလဲ ငါကမင်းသူငယ်ချင်းမှမဟုတ်ဘူး ဘယ်သူ့ကိုမှပြန်သဘောမကျနိုင်တာ"

"ငါ့သူငယ်ချင်းက တခြားသူတွေနဲ့မတူဘူး.. တခြားသူတွေနဲ့ငါ့သူငယ်ချင်းကိုတန်းမညှိနဲ့"

Chenရဲ့ဒေါသထွက်နေပုံကို Chanyeolကလှောင်ရယ်ရယ်နေတာကြောင့် ဒေါသကိုပိုဆွပေးရာရောက်နေသည်။
Chanyeolရဲ့မာန်ခိုက်နေတဲ့ပုံစံကို Chenနည်းနည်းလေးမှမနှစ်မြို့.. Baekhyunကိုအပြစ်မြင်ရအောင်လည်း ချစ်မိတာကိုအမှားလို့မမြင်နိုင်..

Chen.. Baekhyunကိုနားလည်ပေးကာChanyeolပြန်ချစ်လာနိုင်ဖို့ကို ကြိုးစားကြည့်သည်။
သို့ပေမဲ့ Chanyeolပုံစံက Chenကိုအမှန်ပင်စိတ်ပျက်စေသည်။

"ညီ ..မင်းကဘယ်သူလဲတော့မသိပေမဲ့ Chanyeolကိုဒေါသမထွက်ပါနဲ့ သူလည်းသူ့အကြောင်းအရင်းနဲ့သူရှိနေတာမို့ ညီနားလည်ဖို့ကိုယ်မျှော်လင့်ပါတယ်.. ကိုယ်Chanyeolကိုခေါ်သွားလိုက်မယ်ညီ"

အစကတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမို့ဒီတိုင်းလှည့်ထွက်သွားမလို့ပေမဲ့ကြည့်နေရင်းမှ ဆိုးဆိုးဝါးဝါးတွေဖြစ်လာတော့မဲ့အခြေအနေကိုJunMyeonဝင်ထိန်းလိုက်ကာ Chanyeolကိုခေါ်ထုတ်သွားသည်။

Chenလည်းဒေါသဖြစ်နေကာ တစ်ယောက်ယောက်ကတအားတွေချစ်ပြနေလို့မာန်တက်နေတဲ့Chanyeolကို မကျေမနပ်ဖြစ်နေခဲ့သည်။

"JunMyeonHyung.."

JunMyeonခေါ်ရာနောက်Chanyeolလိုက်လာခဲ့ပြီး စကားပြောခြင်းလည်းမရှိ.. ရပ်တန့်သွားခြင်းလည်းမရှိသေးတာမို့ Chanyeolကပဲ JunMyeonလက်တွေကိုဆွဲတင်းပြီးရပ်တန့်လိုက်သည်။

"Hyungကဘယ်ကိုတောင်ခေါ်သွားမလို့လုပ်နေတာလဲ"

"Chanyeol ဘာလို့ကိုယ့်ကိုယ်ကိုညာနေတာလဲ"

"ဘာကိုပြောချင်နေတာလဲHyung.."

Chanyeolရယ်ကျဲကျဲပြောနေတော့JunMyeonကကြည့်နေသည်။

"ငါပြောတာကိုမင်းသိပါတယ်.. Baekhyunကမင်းကိုဘယ်လောက်ထိချစ်နေလဲမင်းမြင်ရဲ့သားနဲ့ သူ့ကိုအခုလိုပဲထားမှာလား"

"Hyungကတော့နောက်ပြီဗျာ.. သူချစ်တာလေ ကျွန်တော်ချစ်တာမှမဟုတ်တာ
သူ့အချစ်ကလည်းခဏပဲခံမှာပါ..
နောက်ပြီး ကျွန်တော်ကအချစ်ဆိုတာကိုမယုံဘူး.."

"မဟုတ်သေးဘူးလေChanyeolရာ"

"သူ့လိုအဆိုးလေးကို ဘယ်လိုစိတ်နဲ့ပြန်ချစ်‌နိုင်မှာလဲ..
သူ့ရဲ့ဘေးမှာသူ့ကိုဂရုစိုက်ပေးမဲ့သူတွေဒီလောက်များတာပဲ ကျွန်တော့်အချစ်ကသူ့အတွက်အရေးမကြီးလောက်ဘူး
ပစ္စည်းတစ်ခုလိုမျိုး ခဏတာသူလိုချင်နေတာပဲဖြစ်မှာပါ"

Chanyeolရဲ့အတွေးတွေကို JunMyeonဝင်မပြင်နိုင်မှန်းသိနေသည်မို့ စိတ်သာလျှော့လိုက်ရသည်။

Baekhyunနဲ့သိကျွမ်းရင်းနှီးခဲ့ပြီးနောက်မှာ Baekhyunက Chanyeolအပေါ်ဘယ်လောက်ထိသဘောကျနေသည်ကိုChanyeolအပါအဝင် သူတို့အားလုံးသိသည်။
ဒါပေမဲ့ Chanyeolကမသိချင်ယောင်ဆောင်ထားစမြဲမို့ သူငယ်ချင်းတွေဘယ်လိုလောဆော်ဆော် Chanyeolကအေးအေးပင်..

တစ်ခါတစ်လေလည်း မချစ်တတ်တဲ့Chanyeolကြောင့် Baekhyunကိုသနားမိသည်။

"ကျွန်တော်Baekhyunကိုလုံးဝမချစ်နိုင်ဘူးHyung..သူနဲ့ပတ်သက်ပြီးပြန်ချစ်ဖို့ဆက်မကြိုးစားပါနဲ့တော့..
ကျွန်တော်က ကျွန်တော့်ဘဝနဲ့ပဲနေချင်တယ်"

Chanyeolပြောပြီးထွက်သွားတာကိုJunMyeonခေါင်းတခါခါလုပ်နေကာကျန်ခဲ့သည်။
ထို့ပြင် Baekhyunဆီပြန်လာခဲ့ပြီးအနီးနားကဝိုင်းတစ်ခုမှာထိုင်နေရင်းမှ  Chanyeolစကားများကြားသွားရတဲ့ Sehunနဲ့Taoကလည်း အအေးကိုစိတ်မပါစွာစုပ်သောက်နေလေသည်။

TBc...

[Zawgyi 👇]

မ်က္လုံးေတြဖြင့္လာေတာ့တိတ္ဆိတ္ေနမႈနဲ႔အတူ အျပာႏုေရာင္မ်က္ႏွာၾကတ္ကိုျမင္ေတာ့ Baekhyunမ်က္လုံးေတြျပန္ပိတ္ပစ္လိုက္သည္။

သတိလြတ္မသြားခင္ကChanyeolနဲ႔အတူတူရွိေနခဲ့ေပမဲ့လည္း Chanyeolကအၿမဲလိုသူ႔ကိုေရွာင္ဖယ္ေနစၿမဲမို႔ အခုလည္းေနရာတစ္ခုမွာထားခဲ့ၿပီး တစ္ေယာက္ထဲျဖစ္ေနရျပန္တာကိုBaekhyunသေဘာမက်ျဖစ္ေနသည္။

တကယ္ဆို ငါသတိရရခ်င္းမင္းကိုေတြ႕ခ်င္ေနတာကို..

ဘာလို႔တစ္ေယာက္ထဲျဖစ္ေနရတာလဲ

Chanyeolကသာသူ႔ကိုသူစိမ္းဆန္ဆန္ေနေပမဲ့ စကားသြားေျပာၾကည့္တဲ့အခါChanyeolရဲ႕သူငယ္ခ်င္းေတြက သူ႔ကိုေဖာ္ေဖာ္ေ႐ြေ႐ြရွိၾကသည္။

Cahnyeolရဲ႕သူငယ္ခ်င္းေတြဆီကChanyeolရဲ႕ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုBaekhyunသိခြင့္ရခဲ့သည္။
Chanyeolရဲ႕သူငယ္ခ်င္းေတြလိုမ်ိဳး Chanyeolကသာသူ႔အေပၚေဖာ္ေဖာ္ေ႐ြေ႐ြရွိရင္ဘယ္ေလာက္ေကာင္းလိုက္မလဲ..
အခုမ်ားေတာ့ ...

ေတြးေနရင္း အခန္းတံခါးဖြင့္သံၾကားလာရလည္းBaekhyunမ်က္လုံးေတြမဖြင့္ၾကည့္္ဘူး

"Baekhyuneeျမန္ျမန္သတိရပါေတာ့ကြာ"

Baekhyunခ်က္ခ်င္းပဲမ်က္လုံးေတြဖြင့္ၾကည့္လာတဲ့အခါ ေဘးမွာမတ္တပ္ရပ္ေနတဲ့Chenကိုေတြ႕သည္။

"Chennie"

"ဘာေတြလုပ္ေနလို႔ အား‌နည္းသြားရတာလဲ"

Chenရဲ႕အေမးကိုBaekhyunကအၿပဳံးနဲ႔တုံ႔ျပန္လာခဲ့ၿပီးမွ

"ငါ့ကိုပစ္ထားတုန္းကပစ္ထားၿပီး ဘာလို႔လာေမးေနတာလဲ"

"ပစ္ထားတာကမင္းေလ..

Chanyeol.. Chanyeol.. Chanyeolေနၿပီး ငါ့တို႔သုံးေယာက္ကိုေဘးပို႔ထားခဲ့ၿပီးေတာ့မ်ား

ဘာကို အခုမွငါတို႔ကပစ္ထားတာလဲ

ငါတို႔ဘာေတြျဖစ္ေနလဲေတာင္မင္းသိလို႔လား

လူကျဖင့္ အခ်စ္မႊန္ မႊန္ေနၿပီး"

"ဟီး ဟီး.. အဲ့လိုျဖစ္သြားတာလား.. မင္းတို႔ကငါ့သူငယ္ခ်င္းေတြဆိုေတာ့ ဘယ္အခ်ိန္ေတြ႕ခ်င္ခ်င္ေျပးလာလို႔ရတယ္ေလ
Chanyeolကၾက ေျပးသြားလို႔မရဘူး သူ႔ကိုေတြ႕ခြင့္ရတုန္းေလးမွာပဲ ငါကေတြ႕ရတာကို"

Baekhyunမ်က္ႏွာငယ္ေလးနဲ႔ေခါင္းငုံ႔သြားေတာ့ Chenကတက္လည္းတက္ႏိုင္တယ္ဆိုတဲ့ပုံနဲ႔ ႏွာေခါင္းရႈံ႕လိုက္သည္။

"Chennie မင္းတစ္ေယာက္ထဲလား က်န္တဲ့သူေတြေကာဟင္"

"ဘယ္သူေတြလဲ.. သိမ္းက်ဳံးၿပီးအကုန္ေျပာမေနနဲ႔ သိခ်င္တဲ့သူကိုတည့္ေမး"

"Chennieကလည္း"

Chen Baekhyunကိုမၾကည္ၾကည့္ ၾကည့္ၿပီး ခုံမွာထိုင္လိုက္သည္။

"Hyungနဲ႔Chanyeolက ခြဲခန္းထဲဝင္ေနတယ္
Sehunnieနဲ႔Taoက စာေမးပြဲေျဖၿပီးတ႐ုတ္သြားဖို႔ ပတ္စပို႔႐ုံးမွာ
ကိုေလးနဲ႔ကိုလတ္ကေတာ့ မင္းသတိရလာရင္စားဖို႔ဆိုၿပီး အိမ္ျပန္ၿပီးခ်က္ျပဳတ္ျပင္ဆင္ေနတယ္"

"အင္း..ဆက္ေျပာ"

"ဘာကိုဆက္ေျပာရမွာလဲ"

"မင္းတို႔ေတြေလ ငါဖုန္းေတြေခၚတာဘာလို႔မကိုင္ၾကတာလဲ"

Chenရဲ႕မ်က္ႏွာအမူအယာကိုၾကည့္ၿပီးစိတ္ဆိုးေနတုန္းဆိုတာကိုBaekhyunသိေနေပမဲ့ ေနမေကာင္းထားတာကိုအခြင့္ေကာင္းယူၿပီး Chenကိုဂ်ီက်ဖို႔ေတြးယူေနသည္။

"မင္းေနမေကာင္းတာေတာင္ ဘာလို႔စကားေတြေစာက္ရမ္းမ်ားေနရတာလဲ.. ပါးစပ္ေလးပိတ္ၿပီးေအးေအးေဆးေဆးနားေနပါလား"

"ဟင့္ Chennieကလည္း"

သူငယ္ခ်င္းေတြထဲ ေနမေကာင္းရင္ ဂ်ီအက်ဆုံးကSehunျဖစ္ၿပီး Baekhyunကတအီအီနဲ႔အရမ္းခြၽဲတတ္သည္။

Sehunနဲ႔Baekhyunေနမေကာင္းတာခ်င္းတိုက္သြားရင္ က်န္တဲ့သူငယ္ခ်င္းႏွစ္ေယာက္မွာ ေသခ်င္‌စိတ္ေတြတဖြားဖြားေပၚ‌ေပါက္လာသည္အထိ စိတ္ညစ္ရသည္။
ဂ႐ုမစိုက္ဘဲပစ္လည္းထားႏိုင္တာမို႔ တဂ်ီဂ်ီတအီအီေတြၾကားထဲ အေတာ္ေလးသည္းခံေပးၾကသည္။

"ငါကစာလုပ္ရတာပ်င္းလာတာနဲ႔ Studioဆီသြားၿပီးေလ့က်င့္ေနတာနဲ႔ ဖုန္းကအျပင္မွာထားခဲ့လို႔ မင္းဖုန္းေခၚခ်ိန္မွာမသိလိုက္ဘူး
ဟို၂ေယာက္ကေတာ့ တ႐ုတ္ျပန္ဖို႔လိုတာေတြျပင္ဆင္ေနရင္းမင္းဖုန္းေခၚတာမသိလိုက္တာျဖစ္လိမ့္မယ္
ဘာသိခ်င္ေသးလဲ
မရွိေတာ့ရင္ အိပ္ေနလိုက္ေတာ့"

"ဟင့္.."

Chen Baekhyunကိုၾကည့္လာ‌ေတာ့ စိတ္ဆိုးေနတဲ့ပုံနဲ႔တဖက္ကိုလွည့္ထားတဲ့မ်က္ႏွာေၾကာင့္ ပိတ္႐ိုက္ခ်င္ရာေကာင္းေနသည္။

"ငါတို႔ဒီရက္ေတြမင္းဆီမေရာက္ျဖစ္တာက မအားတာေတြလဲပါတယ္.. ငါဆိုစာေမးပြဲေနာက္ဆုံးရက္မွာ Albumထုတ္ဖို႔ျပင္ေနၿပီ
သီခ်င္းေတြလည္းအကုန္အသံသြင္းၿပီးၿပီ"

"တကယ္တကယ္..?? ငါ့သူငယ္ခ်င္းရဲ႕အသံဆိုးဆိုးႀကီးကို နားေထာင္ေပးရဦးမွာေပါ့"

"Ya!! မေကာင္းလိုက္တဲ့သူငယ္ခ်င္းေတြ"

Baekhyunတခစ္ခစ္ရယ္လာကာ Chenရဲ႕တည္ေနတဲ့မ်က္ႏွာႀကီးကို လက္ညိဳးတစ္ထိုးထိုးနဲ႔..

"Baekhyunee!!!"

"ဟြၽန္းငယ္ေနရဝာာဘယ္လိုေနေသးလဲ မူးေနေသးလား"

"ကိုကိုႀကီး"

အခန္းတံခါးဖြင့္သံနဲ႔အတူပါလာတဲ့အေမးစကားတစ္ခုေၾကာင့္ Baekhyunမ်က္လုံးေလးေတြအဝိုင္းသားနဲ႔ၾကည့္လာခဲ့ၿပီး ထထိုင္သည္။

Chenလည္း Baekhyunကိုစိတ္ဆိုးလာလို႔ေအာ္လိုက္ၿပီး ဝင္လာတဲ့MinSeokေၾကာင့္ ထိုင္ေနရာကထလိုက္ၿပီးေနရာေပးလိုက္သည္။

"ခဏေန ကိုလတ္နဲ႔ကိုေလးေရာက္ေတာ့မယ္.. ဘာစားခ်င္ေနလဲ"

Baekhyun MinSeokေမးတာကိုမေျဖႏိုင္ေသး အေနာက္ကတစ္ေယာက္ေယာက္ထပ္ဝင္လာမည္ကိုေမွ်ာ္လင့္ေနသည္။

"Baekhyuneeေရ.. Hyungေမးေနတယ္ေလ.. စားခ်င္တာေတြကိုေတာ္ေတာ္လိုက္စဥ္းစားေနတာလား"

အေၾကာင္းသိေနတဲ့Chenရဲ႕စကားေၾကာင့္ Baekhyunစိုက္ၾကည့္လာတာကို MinSeokကသေဘာက်ေနသည္။

"ဒီကေလးေတြကေတာ့"

"ဟြန႔္ ကိုကိုႀကီးသိလား Chennieက ဟြၽန္းငယ္ကိုစိတ္မရွည္ဘူး"

"Ya!!!! !!! ငါတစ္ခ်ိန္လုံးမင္းသိခ်င္ေနတာေတြကိုေျပာျပေပးေနတာေလ မင္းကအားကိုးလာေတာ့ အခုလိုေျပာၿပီေပါ့..
ေနေတာ့ ျပန္ေတာ့မယ္"

Baekhyunကျပန္ခ်င္ျပန္ဆိုတဲ့ပုံနဲ႔ လက္ကလုပ္ျပေနခ်ိန္ Chenလည္းအခန္းထဲကအထြက္ Chanyeolကအဝင္ျဖစ္ေနတာနဲ႔ ChenကChanyeolကိုလိုက္ပို႔ေပးဖို႔ဆြဲေခၚသြားၿပီး Baekhyunကိုေသေသခ်ာခ်ာႏႈတ္ဆက္သြားေတာ့ Baekhyunမွာေဆြ႕ေဆြ႕ခုန္မတတ္စိတ္တိုလာေပမဲ့ MinSeokရွိေနတာေၾကာင့္ ႀကိတ္ၿပီးၿငိမ္ေနခဲ့ရသည္။

Chennie မေကာင္းတဲ့ေကာင္.. ငါ့အခ်စ္ေလးငါ့ဆီလာတာကိုေခၚသြားပစ္တယ္..

Ya!! YA!!!! စိတ္တိုလိုက္တာ စိတ္တိုလိုက္တာ

ငါ ငါ့အခ်စ္ေလးကိုေတြ႕ခ်င္ေနခဲ့တာကို

အခုေတာ့ Chennieအဆိုးေကာင္က ေခၚသြားၿပီ

အား!!!!!!

Chennie!!! Chennie!!!

အူ ဝါး Chennieစုတ္ႀကီး..

Chennieအဖိုးႀကီး.. အသံဆိုးနဲ႔လူႀကီး..

ငါ့အခ်စ္ေလးကို ေခၚသြားတဲ့အဆိုးေကာင္ႀကီး

အူ ဝါး ...

Baekhyunစိတ္ထဲ ႀကိတ္မႏိုင္ ခဲမႏိုင္ျဖစ္ေနခဲ့ရၿပီး အျပင္တြင္MinSeokရွိေနမႈေၾကာင့္ အိေျႏၵေတာ္ေတာ္ဆည္ေနရသည္။

MinSeokသာရွိမေနရင္ Baekhyunထလိုက္သြားမည္ကအေသအခ်ာျဖစ္ေလသည္။

Chenရဲ႕ဆြဲ‌ေခၚမႈေၾကာင့္ Chanyeolလိုက္လာခဲ့ရၿပီးေဆး႐ုံအေရွ႕ေရာက္တဲ့အခါ Chenက Chanyeolကိုစိုက္ၾကည့္ေနသည္။

"ဘာလဲ"

ChanyeolအေမးကိုChenကျပန္မေျဖဘဲ ‌ၾကည့္ေနတုန္း..

"မင္းရဲ႕ဘယ္ေနရာကစြဲေဆာင္ေနလို႔ Baekhyuneeကအသည္းအသန္သေဘာက်ေနရတာလဲ"

"မင္းသူငယ္ခ်င္းကိုသြားေမးေလ ဘာလို႔ငါ့ကိုလာေမးေနတာလဲ"

Chanyeolျပန္ဝင္မယ္လုပ္ေတာ့Chenကဆြဲထားျပန္သည္။

"မင္းနဲ႔အခ်ိန္ျဖဳန္းရေအာင္ ငါမအားဘူး"

Chen Chanyeolစကားကိုသေဘာမက်ေပမဲ့ ဆြဲထားတာကိုမလႊတ္..

"ေနဦး.. မင္းတကယ္ပဲBaekhyuneeကိုသေဘာမက်ဘူးလား.. ဘာလို႔လဲ
ငါ့သူငယ္ခ်င္းကဘာေတြမေကာင္းတာရွိေနလို႔လဲ.. သူကအရမ္းေကာင္းတဲ့သူကို မင္းကဘာလို႔သေဘာမက်ႏိုင္ရတာလဲ
ငါတကယ္ေျပာတာ မင္းနဲ႔ပတ္သက္ၿပီးမွသူက တကယ္ကို႐ူး႐ူးမူးမူးျဖစ္ေနတယ္
သူ တျခားတစ္ေယာက္ကိုသေဘာက်တယ္ဆိုတာမ်ိဳး ငါတို႔ေပါင္းခဲ့တဲ့တစ္ေလွ်ာက္လုံးမရွိခဲ့ဖူးဘူး
မင္းနဲ႔မွ မင္းကိုမွ သူအေတာ္ေလးခ်စ္ေနခဲ့တာ
မင္းသူ႔ကိုျပန္ခ်စ္ေပးလို႔မရဘူးလား
တစ္ခါခါ မင္းအျပဳအမူေတြေၾကာင့္သူခံစားတာမ်ိဳး ငါမႀကိဳက္ဘူး
ငါမင္းကိုသေဘာမက်ေပမဲ့ ငါ့သူငယ္ခ်င္းကသိပ္ကိုမွခ်စ္ေနရတဲ့မင္းကို မသိေယာင္ေဆာင္လို႔လဲမရျပန္ဘူး
ငါ့သူငယ္ခ်င္းကို ျပန္သေဘာက်ေပးလို႔မရဘူးလားChanyeol"

"မင္းသူငယ္ခ်င္းကိုျပန္သေဘာက်ေပးဖို႔ေျပာေနတာပဲ.. ဟဟ .. ဘယ္လိုလုပ္မလဲ ငါကမင္းသူငယ္ခ်င္းမွမဟုတ္ဘူး ဘယ္သူ႔ကိုမွျပန္သေဘာမက်ႏိုင္တာ"

"ငါ့သူငယ္ခ်င္းက တျခားသူေတြနဲ႔မတူဘူး.. တျခားသူေတြနဲ႔ငါ့သူငယ္ခ်င္းကိုတန္းမညႇိနဲ႔"

Chenရဲ႕ေဒါသထြက္ေနပုံကို Chanyeolကေလွာင္ရယ္ရယ္ေနတာေၾကာင့္ ေဒါသကိုပိုဆြေပးရာေရာက္ေနသည္။
Chanyeolရဲ႕မာန္ခိုက္ေနတဲ့ပုံစံကို Chenနည္းနည္းေလးမွမႏွစ္ၿမိဳ႕.. Baekhyunကိုအျပစ္ျမင္ရေအာင္လည္း ခ်စ္မိတာကိုအမွားလို႔မျမင္ႏိုင္..

Chen.. Baekhyunကိုနားလည္ေပးကာChanyeolျပန္ခ်စ္လာႏိုင္ဖို႔ကို ႀကိဳးစားၾကည့္သည္။
သို႔ေပမဲ့ Chanyeolပုံစံက Chenကိုအမွန္ပင္စိတ္ပ်က္ေစသည္။

"ညီ ..မင္းကဘယ္သူလဲေတာ့မသိေပမဲ့ Chanyeolကိုေဒါသမထြက္ပါနဲ႔ သူလည္းသူ႔အေၾကာင္းအရင္းနဲ႔သူရွိေနတာမို႔ ညီနားလည္ဖို႔ကိုယ္ေမွ်ာ္လင့္ပါတယ္.. ကိုယ္Chanyeolကိုေခၚသြားလိုက္မယ္ညီ"

အစကေတာ့ကိုယ္နဲ႔မဆိုင္တဲ့ကိစၥမို႔ဒီတိုင္းလွည့္ထြက္သြားမလို႔ေပမဲ့ၾကည့္ေနရင္းမွ ဆိုးဆိုးဝါးဝါးေတြျဖစ္လာေတာ့မဲ့အေျခအေနကိုJunMyeonဝင္ထိန္းလိုက္ကာ Chanyeolကိုေခၚထုတ္သြားသည္။

Chenလည္းေဒါသျဖစ္ေနကာ တစ္ေယာက္ေယာက္ကတအားေတြခ်စ္ျပေနလို႔မာန္တက္ေနတဲ့Chanyeolကို မေက်မနပ္ျဖစ္ေနခဲ့သည္။

"JunMyeonHyung.."

JunMyeonေခၚရာေနာက္Chanyeolလိုက္လာခဲ့ၿပီး စကားေျပာျခင္းလည္းမရွိ.. ရပ္တန႔္သြားျခင္းလည္းမရွိေသးတာမို႔ Chanyeolကပဲ JunMyeonလက္ေတြကိုဆြဲတင္းၿပီးရပ္တန႔္လိုက္သည္။

"Hyungကဘယ္ကိုေတာင္ေခၚသြားမလို႔လုပ္ေနတာလဲ"

"Chanyeol ဘာလို႔ကိုယ့္ကိုယ္ကိုညာေနတာလဲ"

"ဘာကိုေျပာခ်င္ေနတာလဲHyung.."

Chanyeolရယ္က်ဲက်ဲေျပာေနေတာ့JunMyeonကၾကည့္ေနသည္။

"ငါေျပာတာကိုမင္းသိပါတယ္.. Baekhyunကမင္းကိုဘယ္ေလာက္ထိခ်စ္ေနလဲမင္းျမင္ရဲ႕သားနဲ႔ သူ႔ကိုအခုလိုပဲထားမွာလား"

"Hyungကေတာ့ေနာက္ၿပီဗ်ာ.. သူခ်စ္တာေလ ကြၽန္ေတာ္ခ်စ္တာမွမဟုတ္တာ
သူ႔အခ်စ္ကလည္းခဏပဲခံမွာပါ..
ေနာက္ၿပီး ကြၽန္ေတာ္ကအခ်စ္ဆိုတာကိုမယုံဘူး.."

"မဟုတ္ေသးဘူးေလChanyeolရာ"

"သူ႔လိုအဆိုးေလးကို ဘယ္လိုစိတ္နဲ႔ျပန္ခ်စ္‌ႏိုင္မွာလဲ..
သူ႔ရဲ႕ေဘးမွာသူ႔ကိုဂ႐ုစိုက္ေပးမဲ့သူေတြဒီေလာက္မ်ားတာပဲ ကြၽန္ေတာ့္အခ်စ္ကသူ႔အတြက္အေရးမႀကီးေလာက္ဘူး
ပစၥည္းတစ္ခုလိုမ်ိဳး ခဏတာသူလိုခ်င္ေနတာပဲျဖစ္မွာပါ"

Chanyeolရဲ႕အေတြးေတြကို JunMyeonဝင္မျပင္ႏိုင္မွန္းသိေနသည္မို႔ စိတ္သာေလွ်ာ့လိုက္ရသည္။

Baekhyunနဲ႔သိကြၽမ္းရင္းႏွီးခဲ့ၿပီးေနာက္မွာ Baekhyunက Chanyeolအေပၚဘယ္ေလာက္ထိသေဘာက်ေနသည္ကိုChanyeolအပါအဝင္ သူတို႔အားလုံးသိသည္။
ဒါေပမဲ့ Chanyeolကမသိခ်င္ေယာင္ေဆာင္ထားစၿမဲမို႔ သူငယ္ခ်င္းေတြဘယ္လိုေလာေဆာ္ေဆာ္ Chanyeolကေအးေအးပင္..

တစ္ခါတစ္ေလလည္း မခ်စ္တတ္တဲ့Chanyeolေၾကာင့္ Baekhyunကိုသနားမိသည္။

"ကြၽန္ေတာ္Baekhyunကိုလုံးဝမခ်စ္ႏိုင္ဘူးHyung..သူနဲ႔ပတ္သက္ၿပီးျပန္ခ်စ္ဖို႔ဆက္မႀကိဳးစားပါနဲ႔ေတာ့..
ကြၽန္ေတာ္က ကြၽန္ေတာ့္ဘဝနဲ႔ပဲေနခ်င္တယ္"

Chanyeolေျပာၿပီးထြက္သြားတာကိုJunMyeonေခါင္းတခါခါလုပ္ေနကာက်န္ခဲ့သည္။
ထို႔ျပင္ Baekhyunဆီျပန္လာခဲ့ၿပီးအနီးနားကဝိုင္းတစ္ခုမွာထိုင္ေနရင္းမွ  Chanyeolစကားမ်ားၾကားသြားရတဲ့ Sehunနဲ႔Taoကလည္း အေအးကိုစိတ္မပါစြာစုပ္ေသာက္ေနေလသည္။

TBc...

Continue Reading

You'll Also Like

41K 994 38
[mikasa x fem reader] as long as y/n knew mikasa, she never really liked her. she hated her for breaking her best friend's heart, jean. but with a ne...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
264K 4.7K 62
This is just a story with a lot of one-shots from characters from Game Of Thrones. Requests are gladly accepted! I don't own any of the original char...
3.6K 367 1
ဒါလေးက အရှေးရဲ့အကြောင်းလေးကို ဇာတ်လမ်းပုံစံလေးပြန်ရေးထားတာပါ။ ဒါေလးက အေရွးရဲ့အေၾကာင္းေလးကို ဇာတ္လမ္းပုံစံေလးျပန္ေရးထားတာပါ။