Love Me Like The Way [Complet...

By call_me_Tylor

926K 85.1K 2.9K

Do you love me like the way I love you baby ? More

Love Me Like The Way
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Final
Wedding Day
100K 🎉🎉🎉
Extra-Marriage Life (1)
Extra-Marriage Life (2)
Extra-Marriage Life (3)
Extra-Marriage Life (4)
Extra-Marriage Life (5)
Extra-Marriage Life (6)
Extra-Marriage Life (7)
Extra-Marriage Life (8)
Extra-Marriage Life (9)
Extra-Marriage Life (10)
Extra-Marriage Life (11)
Extra-Marriage Life (12)
Extra-Marriage Life (Final)
အစ္ကိုေကာင္းျမတ္ဟိန္းနဲ႔ အီယြန္းေလး / အစ်ကိုကောင်းမြတ်ဟိန်းနဲ့ အီယွန်းလေး

Part 12

16.9K 2K 27
By call_me_Tylor

[Zawgyi]

ေကာ္ဖီဆိုင္ထိုင္ၿပီး ေနာက္တစ္ရက္ေနေတာ့ ကိုယ္ေတြလက္ေတြနာက်င္တာ ေတာ္ေတာ္သက္သာေနေပမယ့္ ဒူးေတြေခြေနေသးတာေၾကာင့္ Daniel က အနားယူေစသည္။ Daniel ရဲ့ ဆႏၵအတိုင္း အနားယူေနသၫ့္တစ္ရက္တြင္လည္း စစ္မင္းကတိအတိုင္း ေမၿမိဳ႔ကေကာ္ဖီဆိုင္ေလးေတြ ေတာ္ေတာ္မ်ားမ်ားကို လိုက္ပို႔ေပးျဖစ္သည္။ ထိုရက္အတြင္း ႏွစ္ေယာက္ၾကားအေျခအေနက ယခင္ကဲ့သို႔မဟုတ္ပဲ အနည္းငယ္ေအးစက္စက္ႏိုင္လွသည္။ 

အနားယူသၫ့္ရက္ ကုန္ဆံုးၿပီးေနာက္ စစ္မင္းခႏၶာကိုယ္မွာ နာက်င္ကိုက္ခဲတာေတြ ေတာ္ေတာ္သက္သာသြားတာေၾကာင့္ စီစဉ္ထားၿပီးသား ခရီးစဉ္အတိုင္း ဂုတ္ထိပ္ဘက္ကိုသာ ထြက္ခဲ့ၾကေတာ့သည္။

ဂုတ္ထိပ္ေအာက္ကို လိုက္ပို႔ဖို႔အတြက္ ေတာတြင္းလမ္းျပလည္း နားရက္အတြင္း Daniel ေျပာဖူးသၫ့္ blogger ကို ေသခ်ာစံုစမ္းကာ ငွားထားၿပီးတာေၾကာင့္ စိတ္ပူစရာမလို။ ျပင္ဦးလြင္ကထြက္လာၿပီး ေနာက္ခ်ိဳအထြက္ကို ေရာက္ၿပီဆိုသည္ႏွင့္ guide ကို ဆက္သြယ္ကာ ေတာလမ္းကေန အဆင္သင့္လမ္းေလ်ွာက္သြားရံုသာ ရိွေတာ့သည္။  

" ဒီကျပန္ရင္ အင္းေလးခရီးစဉ္အတြက္လည္း ဘယ္လိုလုပ္ခ်င္လဲ Daniel ... ကိုေအာင္ေက်ာ္ကိုေခၚလာေပမယ့္ ရန္ကုန္ကေန ေမၿမိဳ႔ကိုလာတဲ့အခ်ိန္ပဲ ကားေမာင္းဖို႔အဆင္ေျပတာ ... အခုလည္း သူကဒူးနာသမားမလို႔ ဘယ္သြားသြားမလိုက္ပဲ အေၾကာင္းျပခ်က္ေပးၿပီး ေနခဲ့တာက်ေတာ့ အဆင္မေျပဘူးလားလို႔ "

" ကိုယ္လည္း အဲ့လိုစဉ္းစားမိပါတယ္ ... ကိုယ္ေတာ့မသိဘူး baby ေရာ ဘယ္လိုစီစဉ္ခ်င္လဲ "

ဂုတ္ထိပ္ကိုသြားေနတာေတာင္ လမ္းျပေျမပံုၾကၫ့္ရင္း စစ္မင္းက ကားေမာင္းကာ Daniel နဲ႔ ႏွစ္ေယာက္သာ သြားေနရတာမလို႔ ေျပာသင့္တယ္ထင္တာေၾကာင့္ ေျပာမိသည္။ တပါးသူကို ထိခိုက္ေစခ်င္လို႔မဟုတ္ေပမယ့္ အလုပ္လုပ္ဖို႔လာတာ အစကတည္းက အဆင္မေျပရင္ ေနခဲ့ဖို႔ေကာင္းသည္။ အေၾကာင္းျပခ်က္ေတြဆိုတာက အလုပ္လုပ္သၫ့္အခါ အၿမဲတမ္းဆို အဆင္မေျပလွေပ။ အခုက ခရီးအတြက္ ဒရိုင္ဘာေခၚလာကာမွ သတ္သတ္မဲ့အပန္းေျဖခိုင္းေနသလို ျဖစ္ေနသည္။

Daniel ကေတာ့ ကားေမာင္းေနရင္း သူ႔ဘက္ကို လွၫ့္ကာ အလိုမက်သလိုေျပာေနသၫ့္ အေသးေလးကို ၾကၫ့္ရင္းၿပံဳးမိသည္။ အေသးေလးေျပာတာလည္းမွန္ေနၿပီး အလုပ္လုပ္ဖို႔ေခၚလာတာကို က်န္းမာေရးအေၾကာင္းျပကာ ေအးေအးလူလူေနႏိုင္သၫ့္ ဒရိုင္ဘာကို Daniel လည္း သေဘာမက်ေတာ့။ ဓာတ္ေတာ္ခ်ိဳင့္ သြားတုန္းက နားလည္ေပးႏိုင္ေပမယ့္ အေခါက္ေခါက္အခါခါ ျဖစ္လာသၫ့္အခါ Daniel သေဘာေကာင္းတာကို အခြင့္အေရးယူသလို ျဖစ္လာသည္။ 

" အင္းေလးကို Express ကားနဲ႔ သြားခ်င္လား Daniel ... ခရီးထြက္တယ္ဆိုတဲ့ ခံစားခ်က္ပါ အျပၫ့္အဝလည္းရတယ္ ... ရိုးရိုးမဟုတ္ပဲ သက္ေတာင့္သက္သာျဖစ္ေအာင္ VIP class express ေတြ ငွားလို႔ရပါတယ္ "

" အဆင္ေျပပါတယ္ baby ... အဲ့တာဆို ျပန္ေရာက္တာနဲ႔ ကိုေအာင္ေက်ာ္ကို ကားယူၿပီးျပန္ခိုင္းလိုက္ေတာ့မယ္ ... ကိုယ္တို႔ကေတာ့ baby ေျပာသလို သြားၾကတာေပါ့ "

" အိုေက Daniel ... အဲ့တာဆို ကြၽန္ေတာ္ ကားလက္မွတ္ကို ျပန္ေရာက္တာနဲ႔ စီစဉ္ထားလိုက္ပါ့မယ္ "

ထိုေလာက္သာေျပာၿပီး စကားမေျပာျဖစ္ၾကေတာ့ပဲ ႏွစ္ေယာက္ၾကားကေလထုက တိတ္ဆိတ္သြားသည္။ အမွန္က ဘာဆက္ေျပာရမလဲ မသိၾကတာျဖစ္သည္။ အရင္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ေရာက္ရာေပါက္ရာကို တစ္ခုမဟုတ္တစ္ခု ေျပာေနတတ္ၾကေပမယ့္ အခုက်မွ ႏွစ္ေယာက္လံုးႏႈတ္ဆိတ္ေနသည္။

စစ္မင္းလည္း ကားေပၚမွာႏွစ္ေယာက္ထဲရိွေနၿပီး တိတ္ဆိတ္ေနသၫ့္ အေျခအေနကို သေဘာမက်ေတာ့တာေၾကာင့္ ကားထဲက ေရဒီယိုေလးကိုသာ ကားေမာင္းေနရင္း လက္တစ္ဖက္ႏွင့္ လွမ္းဖြင့္လိုက္ေတာ့သည္။

🎼🎼 က်ိန္စာအလား ရပ္မသြားတဲ့ ခံစားခ်က္ေပါင္းမ်ားစြာနဲ႔ ... စူးရွတဲ့ မ်က္ဝန္းတစ္စံု မင္းခ်န္ခဲ့ ... မူမပိုင္တဲ့ မ်က္ဝန္းအတြက္ ႀကိတ္ၿပီးရူးခဲ့ရေပမယ့္ ... ႏႈတ္ဆက္မယ့္ ဒီႏႈတ္ခမ္းေတြ ေတြးပူေန ... ဟန္မေဆာင္တဲ့ အခ်စ္ေတြနဲ႔ ... ရင္ထဲကေစာင့္ေမ်ွာ္ခဲ့ ... ဖြင့္ေျပာခဲ့ခ်င္ေပမယ့္ ... မေသခ်ာတဲ့ အခ်စ္ေတြနဲ႔ ... ပစ္သြားမလားစိုးရိမ္ခဲ့ ... မ်က္ဝန္းနဲ႔ ေျပာေနမိခဲ့ ...

အႀကိမ္ႀကိမ္ရင္ခုန္မိေသာမင္းမ်က္ဝန္း ... အာရံုမွာၿငိတဲ့မ်က္ဝန္း ... မင္းရဲ့အၾကၫ့္မွာေမ်ာေနခဲ့ ... ေန့ေတြညေတြမွားသြားခဲ့ ... ခ်ိဳၿမိန္သာယာေလေသာမင္းမ်က္ဝန္း ... ရင္မွာေနွာင္ႀကိဳးဖြဲ႔မ်က္ဝန္း ... မင္းရဲ့အၾကၫ့္မွာေမ်ာေနခဲ့ ... မင္းရဲ့ မင္းရဲ့ အခ်စ္မ်က္ဝန္း ...🎼🎼

ေရဒီယိုေလးကိုဖြင့္ဖြင့္ခ်င္း ၾကားလိုက္ရသၫ့္သီခ်င္းက Lလြန္းဝါရဲ့ အခ်စ္မ်က္ဝန္းသီခ်င္းျဖစ္ေနသည္။ သီခ်င္းနားေထာင္ေနရင္း စစ္မင္းအျဖစ္နဲ႔ လာတိုက္ဆိုင္ေနတာမလို႔ ၿပံဳးေနမိသည္။

စစ္မင္းလည္း Daniel ရဲ့ မ်က္ဝန္းညိုညိုေလးေတြမွာ အၿမဲလမ္းေပ်ာက္ေနရၿပီး ရူးေနခဲ့ရဖူးသည္။ အခုထိလည္း ရူးေနတုန္းေပမယ့္ ဖြင့္ဟခြင့္မရိွသၫ့္အခါ ႀကိတ္ရူးရံုသာရိွသည္။

Daniel က ဘာသိဘာသာနဲ႔ စစ္မင္းကို baby လို႔သာ ေခၚေနတတ္ေပမယ့္ ဧၫ့္သည္ဆိုတာ အခ်ိန္တန္ရင္အိမ္ျပန္ၿပီး စစ္မင္းကသာ အရင္ေနရာမွာ အရင္အတိုင္း က်န္ေနခဲ့ရမွာျဖစ္သည္။ မေမ်ွာ္လင့္သင့္တာေတြ မရႏိုင္မယ့္အရာေတြကို ေလာဘတက္မိေတာ့လည္း လူမသိသူမသိ ခံစားရတာက တနင့္တပိုး။

စကားဆက္မေျပာပဲ သီခ်င္းဖြင့္ကာ ၿငိမ္သြားသၫ့္ အေသးေလးကို Daniel က ေဘးကေန ေငးၾကၫ့္ေနမိသည္။ ကားေမာင္းေနတာမလို႔ အေရ႔ွတၫ့္တၫ့္ကေန မျမင္ရေပမယ့္ အေသးေလးရဲ့ ေဘးတေစာင္းပံုရိပ္ေလးကိုေတာ့ ေသခ်ာျမင္ေနရသည္။ ေဘးတေစာင္းေလးမလို႔ မ်က္မွန္ကိုင္းေလးေအာက္က သိပ္သေဘာက်ရသၫ့္ ႏွာေခါင္းလံုးလံုးေလးက ေကာ့ေကာ့ေလးနဲ႔ လံုးတက္ေနၿပီး ထင္းေနေအာင္ျမင္ရသည္။

Daniel မွာ ႏွာေခါင္းလံုးလံုးေလးေတြကို အသည္းတယားယား ခ်စ္ရသည္မလို႔ အခြင့္ရိွမယ္သာဆိုလ်ွင္ ထိုႏွာေခါင္းလံုးလံုးေလးကို သြားေတြနဲ႔ဖြဖြေလး မနာေအာင္ကိုက္ၿပီး အေသးေလးရဲ့ကိုယ္ေလးကို ရင္ခြင္ထဲနစ္ေနေအာင္ ဆြဲဖက္ထားခ်င္သည္။ အေသးေလးရဲ့ ကိုယ္လံုးေလးနဲ႔ဆို Daniel ရဲ့ ရင္ခြင္ထဲ ျမဳပ္ေနမွာေသခ်ာသည္။ 

ေကာ္ဖီဆိုင္မွာသိခဲ့ရသၫ့္ အေသးေလးဆီမွာ ခ်စ္သူရိွတယ္ဆိုတဲ့ကိစၥကို ျဖစ္ႏိုင္လ်ွင္ ေမ့ပစ္လိုက္ခ်င္သည္။ မျဖစ္ႏိုင္တာသိေပမယ့္ Daniel က ရင္နာနာနဲ႔ ေရ႔ွဆက္တိုးေနမိသည္။ ဟိုးအစတုန္းက သတ္သတ္စိတ္အေနွာက္အယွက္ေပးခ်င္လို႔ေခၚခဲ့တဲ့ baby ဆိုသၫ့္ နာမ္စားေလးက အခုေတာ့ျမတ္ျမတ္ႏိုးႏိုးနဲ႔ ရင္ထဲကေန နင့္ေနေအာင္ခ်စ္မိလို႔ ေခၚေနရတာေၾကာင့္ ထိုနာမ္စားေလးကို မစြန႔္လႊန္ခ်င္ပဲ baby လို႔သာ ဆက္ၿပီးေခၚမိသည္။

" ေရ႔ွနားေလာက္ဆို လမ္းျပေတြနဲ႔ ခ်ိန္းထားတဲ့ ေနရာေရာက္ၿပီ Daniel ... ကားကေတာ့ အဆင္ေျပတဲ့ ေနရာမွာထားခဲ့ၿပီး ကြၽန္ေတာ္တို႔က တံတားေအာက္ကို လမ္းေလ်ွာက္သြားရမွာ "

" ေရာက္ၿပီကြ ... "

ကေလးမ်ားလို လက္သီးလက္ေမာင္းတန္းကာ ေပ်ာ္ေနသၫ့္ Daniel ေၾကာင့္ စစ္မင္းၿပံဳးမိသည္။ အနက္ေရာင္ဆံႏြယ္တြန႔္တြန႔္ေလးေတြက ယိမ္းခါၿပီး ဘယ္ဘက္ပါးက ပါးခ်ိဳင့္ေလးခြက္သည္အထိ ၿပံဳးရယ္ၿပီးေပ်ာ္ျမဴးေနသည္။ စစ္မင္းလည္း Daniel ကို ၾကၫ့္ၿပီး ေခါင္းအသာရမ္းကာ ရယ္မိသည္။

ေနာင္ခ်ိဳကိုေက်ာ္လာေတာ့ ခ်ိန္းထားသၫ့္ေနရာမွာ ငွားထားသၫ့္လမ္းျပႏွစ္ဦးက ႀကိဳၿပီးရပ္ေစာင့္ေနတာေၾကာင့္ သီးသန႔္ဆက္သြယ္စရာ မလိုေတာ့ေပ။ လမ္းျပႏွစ္ေယာက္ကလည္း သူတို႔ကားမွန္းသိသြားသၫ့္ပံုႏွင့္ ကားရပ္ရမၫ့္ေနရာကို ေျခဟန္လက္ဟန္ျပကာ လမ္းၫႊန္ေပးေနသည္။

" ေရာက္ၿပီ Daniel ... ကားရပ္ဦးမယ္ ခဏ မဆင္းေသးနဲ႔ဦး "

စစ္မင္းေျပာတာကို Daniel က ျပန္မေျဖေတာ့ပဲ ေခါင္းသာညိတ္ျပၿပီး ပတ္ထားတဲ့ seat belt ေလးကို ျဖဳတ္ေနသည္။ စစ္မင္းလည္း လမ္းျပေျပာတဲ့ေနရာမွာ ကားကိုသခ်ာရပ္ၿပီးသည္ႏွင့္ စက္သပ္ကာ ကားေပၚကေန ဆင္းလိုက္ေတာ့သည္။ ေနာက္မွကားေနာက္တံခါးဖြင့္ကာ လိုအပ္တာေတြထၫ့္ထားသၫ့္ ေက်ာပိုးအိတ္ကိုယူသည္။

Daniel ကလည္း စစ္မင္းလို ကားေပၚကေနဆင္းကာ ကားေနာက္ခန္းက ေက်ာပိုးအိတ္အႀကီးႀကီးကိုယူသည္။ ဓာတ္ေတာ္ခ်ိဳင့္ကို သြားတုန္းကလိုမဟုတ္ပဲ တံတားေအာက္က ေပသံုးေထာင္ေက်ာ္နက္သၫ့္ ေခ်ာက္ထဲေရာက္ဖို႔ကို ဘယ္ေလာက္ၾကာမယ္မသိပဲ အခ်ိန္ၾကာၾကာလမ္းေလ်ွာက္သြားရမွာမလို႔ စားစရာနဲ႔ေရဘူးေတြ မ်ားမ်ားထၫ့္ကာ အျပၫ့္အစံုယူလာရသည္။

စစ္မင္းက စားစရာနဲ႔ လမ္းမွာစားဖို႔ အဆာေျပမုန႔္တစ္ခ်ိဳ႕ကိုသယ္ၿပီး Daniel ကေတာ့ သူ႔အိတ္ႀကီးႀကီးထဲကို အေလးခ်ိန္မ်ားသၫ့္ ေရသန႔္ဘူးေတြထၫ့္ၿပီး စားစရာေတြႏွင့္ လိုအပ္မည္ထင္သၫ့္ ေဆးႏွင့္ပစၥည္းတခ်ိဳ႕ကိုလည္း ထၫ့္ထားေသးသည္။

" ဆရာေလးတို႔ေရာက္ၿပီလား ... သြားေတာ့မယ္ဆို ဟိုဘက္က ေျမနီလမ္းကေန စသြားရမွာ က်ဳပ္ကေတာ့ စိုင္းမိုး ... ဒီေကာင္ကေတာ့ စိုင္းခမ္း "

" ဟုတ္ကဲ့ဗ် ... ကြၽန္ေတာ္က စစ္မင္းသန႔္ပါ ... သူကေတာ့ Daniel ... အဆင္ေျပသလို ေခၚလိုရပါတယ္ အစ္ကိုတို႔ ... အဆင္သင့္ပဲဆို ကြၽန္ေတာ္တို႔သြားၾကတာေပါ့ "

လမ္းျပေတြက ရွမ္းရြာဘက္ကျဖစ္တာမလို႔ စကားေျပာသၫ့္အသံက ရွမ္းသံဝဲတဲတဲေလးေတြ ျဖစ္ေနသည္။ အရပ္ရွည္ရွည္၊ အသားျဖဴျဖဴ၊ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ အသက္သံုးဆယ္နီးပါးေလာက္ရိွမၫ့္ တစ္ေယာက္က သူ႔ကိုယ္သူအရင္မိတ္ဆက္ေပးၿပီး ေဘးကရြယ္တူရိွေလာက္မၫ့္ အသားညိုညိုႏွင့္တစ္ေယာက္ကိုလည္း မိတ္ဆက္ေပးသည္။

စစ္မင္းလည္း အဆင္သင့္ျဖစ္မျဖစ္ Daniel ကို တစ္ခ်က္လွၫ့္ၾကၫ့္လိုက္သည္။ Daniel က လြယ္ထားသၫ့္ လြယ္အိတ္ႀကိဳးေလးကိုကိုင္ရင္း အဆင္ေျပၾကောင္း ေခါင္ညိတ္ျပသည္ႏွင့္ သြားၾကဖို႔သာ ေျပာလိုက္ေတာ့သည္။

သြားရသၫ့္ခရီးလမ္းရဲ့အစက နီရဲရဲေျမနီလမ္းေလးႏွင့္ အစျပဳသည္။ အရမ္းမက်ဉ္းသလို က်ယ္လည္းမက်ယ္တာေၾကာင့္ လမ္းေလးက လူတစ္ေယာက္သာ ေကာင္းေကာင္းသြားလို႔ရသည္။

လမ္းနံေဘးမွာ အပင္ငယ္ေလးေတြႏွင့္ ျမက္ပင္ေတြေၾကာင့္ ၿခံဳေတြထူထပ္ေနသည္။ ကိုစိုင္းမိုးဆိုသူက ေရ႔ွဆံုးကသြားၿပီး Daniel က ေနာက္ကေနလိုက္သည္။ Daniel ရဲ့ အေနာက္မွာ စစ္မင္းကလိုက္ၿပီး ေနာက္ဆံုးမွာေတာ့ ကိုစိုင္းခမ္းက အစဉ္လိုက္ လိုက္လာသည္။

ေျမနီလမ္းက်ဉ္းေလးက သြားရတာသာသာယာယာရိွသည္။ ခရီးလမ္းၾကမ္းတာမလို႔ ဒီေန့လည္း Daniel ေရာ စစ္မင္းေရာ ေပါ့ေပါ့ပါးပါးရိွမၫ့္ အဝတ္အစားေတြကို ေရြးခ်ယ္ဝတ္ခဲ့ၾကသည္။ ေနပူတာေၾကာင့္ Daniel ေရာ စစ္မင္းေရာ ဦးထုပ္အဝိုင္းေလးေတြ ကိုယ္စီနဲ႔ျဖစ္သည္။ လမ္းျပႏွစ္ေယာက္ကေတာ့ သဘက္က်ားကို ေခါင္းေပါင္းထားကာ စြပ္က်ယ္ႏွင့္ပုဆိုးခါးေတာင္းက်ိဳက္ထားၿပီး ေတာစီးဖိနပ္ကို စီးထားသည္။

" သြားရတဲ့လမ္းက ေတာ္ေတာ္သြားရတာ ဆရာေလးတို႔ေရ ... ဒီလမ္းတင္ကို အခ်ိန္တစ္ဝက္ေက်ာ္ေက်ာ္ေလာက္ၾကာတယ္ထင္ ... က်ဳပ္တို႔ကေတာ့ သြားေနက်ဆိုေတာ့ အခ်ိန္ေတြအခါေတြ မတြက္မိေတာ့ မသိသာေပါင္ဗ်ာ ... ေအာက္ထဲမွာ ထင္းရွာလိုက္ငါးရွာလိုက္နဲ႔ က်ဳပ္တို႔က ဒီလမ္းကိုရိုးေနၿပီ ... ဆရာေလးတို႔ေျပာသလို ဂုတ္ထိပ္ေအာက္ထိေတာ့ က်ဳပ္တို႔ကမသြားဘူးေပါ့ ... ေျမလမ္းဆံုးရင္ ေခ်ာင္းရိွတယ္ ... အဲ့မွာပဲ ငါးရွာၾကတယ္ ... ထင္းကေတာ့ ေခ်ာင္းကိုေက်ာ္ရတာေပါ့ဗ်ာ "

" ဟုတ္ကဲ့ ေခ်ာင္းကေရစီးေတာ္ေတာ္သန္တယ္လား ... ကြၽန္ေတာ္တို႔သြားရင္ အႏၲရာယ္ရိွႏိုင္လားဗ် "

" အႏၲရာယ္ေတာ့မရိွဘူးေဟ ... ေခ်ာင္းစပ္ေရာက္ရင္ စိုင္းခမ္းကို ႀကိဳးတစ္ဖက္စေပးၿပီး က်ဳပ္က ေခ်ာင္းကိုအရင္ကူးမယ္ ... က်ဳပ္ကတစ္ဖက္ကိုေရာက္ရင္ ဆရာေလးတို႔ႏွစ္ယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ေသခ်ာတြဲၿပီး ႀကိဳးကိုေသခ်ာကိုင္ၿပီးသာ ကူးခဲ့ၾက ... က်ဳပ္တို႔ကႀကိဳးကို ထိန္းထားေပးမယ္ "

" မစိုးရိမ္ပါနဲ႔ baby ရာ ... ကိုယ္တစ္ေယာက္လံုးရိွတယ္ ဟုတ္ၿပီလား "

ျဖတ္ရမၫ့္ေခ်ာင္းအေၾကာင္း စစ္မင္းက လမ္းျပကိုလွမ္းေမးေနတုန္း တစ္လမ္းလံုးၿငိမ္လိုက္လာသၫ့္ Daniel က ေနာက္လွၫ့္ကာ မစိုးရိမ္ဖို႔ေျပာသည္။ စိုးရိမ္တာ သူတစ္ေယာက္တည္းအတြက္မဟုတ္ပဲ Daniel အတြက္ပါ စိုးရိမ္တာျဖစ္ေၾကာင္းကို ထပ္မေျပာမိေပ။ ေျမနီလမ္းေလးအတိုင္း လမ္းေလ်ွာက္လာၾကရင္း နာရီဝက္ေက်ာ္ေက်ာ္ေလာက္ၾကာေတာ့ လမ္းဆံုးၿပီး ေရစီးသန္သန္ေခ်ာင္းေလးတစ္ခုဆီ ေရာက္သြားသည္။

ကိုစိုင္းမိုးက သူေျပာထားသၫ့္အတိုင္း တေဝါေဝါႏွင့္ ေရစီးသန္ေနသၫ့္ ေခ်ာင္းကိုျဖတ္ရန္ ႀကိဳးစတစ္စကို ကိုစိုင္းခမ္းဆီေပးကာ တစ္စကိုကိုင္ၿပီး ေခ်ာင္းတစ္ဖက္ကို ကြၽမ္းကြၽမ္က်င္က်င္ႏွင့္ ျဖတ္ကူးသြားသည္။ ေခ်ာင္းရဲ့ေရအနက္က ေျခသလံုးတစ္ဝက္ေလာက္ေတာင္ မျမဳပ္ေပမယ့္ ေရစီးသန္ပံုက အကူမပါပဲျဖတ္ကူးလ်ွင္ ယိုင္လဲက်ၿပီး ေရစီးႏွင့္အတူ ေမ်ွာပါႏိုင္သည္အထိ ေရစီးသန္သည္။

" Baby လာခဲ့ . ဟိုဘက္ကမ္းကေန လာခဲ့ေတာ့ဆိုၿပီး လွမ္းေခၚေနတာေနမွာ လက္လွမ္းျပေနတယ္ ... လာ ကိုယ့္လက္ကိုဆြဲ "

" အင္း Daniel "

ကိုစိုင္းမိုးက ေခ်ာင္းတဖက္ကို ေရာက္သြားသည္ႏွင့္ စစ္မင္းလည္း ကမ္းေပးလာသၫ့္ Daniel ရဲ့လက္ကို လွမ္းတြဲသည္။ Daniel က စစ္မင္းရဲ့ လက္ကိုျပင္ကိုင္ကာ လက္ေခ်ာင္းေလးေတြ တစ္ေခ်ာင္းခ်င္းယွက္ကိုင္ၿပီး ေသခ်ာတင္းေနေအာင္ဆုပ္ထားသည္။ ၿပီးကာမွ တန္းထားသၫ့္ႀကိဳးကို လက္တစ္ဖက္ႏွင့္ ေသခ်ာကိုင္ၿပီး ေရ႔ွကေနေျဖးေျဖးခ်င္းသြားသည္။

စစ္မင္းက အားေနသၫ့္လက္တစ္ဖက္က Daniel ဆုပ္ကိုင္ထားသၫ့္ လက္ေလးေပၚထပ္ကိုင္ကာ ေနာက္ကေန ေျဖးေျဖးခ်င္းလိုက္သည္။ Daniel က စစ္မင္းအျပဳအမူေၾကာင့္ တစ္ခ်က္လွၫ့္ၾကၫ့္ေပမယ့္ ေရ႔ွကိုျပန္လွၫ့္သြားသည္။ ေျဖးေျဖးခ်င္းသြားရင္း တစ္ဖက္ကမ္းေရာက္သြားေတာ့ တစ္ဖက္မွာက်န္ေနခဲ့သၫ့္ ကိုစိုင္းခမ္းက ကြၽမ္းက်င္စြာႏွင့္ ေခ်ာင္းကိုျဖတ္ကူးလာသည္။

" ေခ်ာက္ထဲသြားတယ္ဆိုေပမယ့္ ေအာက္စိုက္ၿပီးေအာက္ကို ဆင္းရတာမဟုတ္ဘူးကြ ... ဒီလိုပဲ ကုန္းေတြရိွရင္လည္းတက္၊ ေခ်ာင္းေတြရိွရင္လည္း ျဖတ္ရမွာ ... လမ္းကေတာ့ၾကမ္းမွာကြယ္ ... ဆရာေလးတို႔ကိုလည္း ဂရုစိုက္ေစခ်င္တယ္ ... က်ဳပ္တို႔က လမ္းကြၽမ္းတယ္ဆိုေပမယ့္ ဆရာေလးတို႔ကလည္း ကိုယ့္ကိုယ္ကိုယ္ဂရုစိုက္ၾက ... တစ္ခုခုဆို လုပ္ေပးဖို႔က မလြယ္လွဘူး "

" ဟုတ္ကဲ့ စိတ္ခ်ပါ "

ကိုစိုင္းမိုးက သတိေပးစကားေျပာေတာ့ စစ္မင္းလည္း ေခါင္းညိတ္ကာ ျပန္ေျဖလိုက္သည္။ Daniel က ဘာမျွပန္မေျဖေပမယ့္ အခုထိတိုင္ တြဲထားသၫ့္လက္က မျဖဳတ္ရေသးတာေၾကာင့္ Daniel ရဲ့ ရွည္သြယ္သြယ္လက္ေခ်ာင္းေလးေတြႏွင့္ ယွက္ကိုင္ခံထားရသၫ့္ စစ္မင္းရဲ့လက္ေတြက တင္းက်ပ္သြားသည္။ စစ္မင္းက Daniel ကို ေမာ့ၾကၫ့္လိုက္ေတာ့ မ်က္ဝန္းညိုေလးေတြကလည္း သူ႔ကို ျပန္စိုက္ၾကၫ့္ေနသည္။

" Baby ဘာမွမျဖစ္ေအာင္ ကိုယ္ဂရုစိုက္ေပးမယ္ ... အခုခရီးက ကိုယ္ေခၚလာတာမလို႔ baby ဘာမွမျဖစ္ေစရဘူး ... promise ~ "

" အင္း ... ကြၽန္ေတာ္ယံုတယ္ Daniel "

တရိပ္ရိပ္ရိွေနတဲ့ ခ်စ္ျခင္းေမတၲာေတြေၾကာင့္ ခ်စ္ရသူက ဘာပဲေျပာေျပာ မ်က္စိစံုမိွတ္ၿပီး ယံုလိုက္ေတာ့တာပါပဲ ...

__________

လက္ေခ်ာင္းခ်င္း ယွက္သြယ္ထားတဲ့ တြဲလက္ေလးက ယံုၾကည္မႈေၾကာင့္ ပိုလို႔ေတာင္ခိုင္ပါတယ္ ...

To be continue ...

29th May,2020(Friday)
call_me_Tylor

[Unicode]

ကော်ဖီဆိုင်ထိုင်ပြီး နောက်တစ်ရက်နေတော့ ကိုယ်တွေလက်တွေနာကျင်တာ တော်တော်သက်သာနေပေမယ့် ဒူးတွေခွေနေသေးတာကြောင့် Daniel က အနားယူစေသည်။ Daniel ရဲ့ ဆန္ဒအတိုင်း အနားယူနေသည့်တစ်ရက်တွင်လည်း စစ်မင်းကတိအတိုင်း မေမြို့ကကော်ဖီဆိုင်လေးတွေ တော်တော်များများကို လိုက်ပို့ပေးဖြစ်သည်။ ထိုရက်အတွင်း နှစ်ယောက်ကြားအခြေအနေက ယခင်ကဲ့သို့မဟုတ်ပဲ အနည်းငယ်အေးစက်စက်နိုင်လှသည်။ 

အနားယူသည့်ရက် ကုန်ဆုံးပြီးနောက် စစ်မင်းခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာတွေ တော်တော်သက်သာသွားတာကြောင့် စီစဉ်ထားပြီးသား ခရီးစဉ်အတိုင်း ဂုတ်ထိပ်ဘက်ကိုသာ ထွက်ခဲ့ကြတော့သည်။

ဂုတ်ထိပ်အောက်ကို လိုက်ပို့ဖို့အတွက် တောတွင်းလမ်းပြလည်း နားရက်အတွင်း Daniel ပြောဖူးသည့် blogger ကို သေချာစုံစမ်းကာ ငှားထားပြီးတာကြောင့် စိတ်ပူစရာမလို။ ပြင်ဦးလွင်ကထွက်လာပြီး နောက်ချိုအထွက်ကို ရောက်ပြီဆိုသည်နှင့် guide ကို ဆက်သွယ်ကာ တောလမ်းကနေ အဆင်သင့်လမ်းလျှောက်သွားရုံသာ ရှိတော့သည်။  

" ဒီကပြန်ရင် အင်းလေးခရီးစဉ်အတွက်လည်း ဘယ်လိုလုပ်ချင်လဲ Daniel ... ကိုအောင်ကျော်ကိုခေါ်လာပေမယ့် ရန်ကုန်ကနေ မေမြို့ကိုလာတဲ့အချိန်ပဲ ကားမောင်းဖို့အဆင်ပြေတာ ... အခုလည်း သူကဒူးနာသမားမလို့ ဘယ်သွားသွားမလိုက်ပဲ အကြောင်းပြချက်ပေးပြီး နေခဲ့တာကျတော့ အဆင်မပြေဘူးလားလို့ "

" ကိုယ်လည်း အဲ့လိုစဉ်းစားမိပါတယ် ... ကိုယ်တော့မသိဘူး baby ရော ဘယ်လိုစီစဉ်ချင်လဲ "

ဂုတ်ထိပ်ကိုသွားနေတာတောင် လမ်းပြမြေပုံကြည့်ရင်း စစ်မင်းက ကားမောင်းကာ Daniel နဲ့ နှစ်ယောက်သာ သွားနေရတာမလို့ ပြောသင့်တယ်ထင်တာကြောင့် ပြောမိသည်။ တပါးသူကို ထိခိုက်စေချင်လို့မဟုတ်ပေမယ့် အလုပ်လုပ်ဖို့လာတာ အစကတည်းက အဆင်မပြေရင် နေခဲ့ဖို့ကောင်းသည်။ အကြောင်းပြချက်တွေဆိုတာက အလုပ်လုပ်သည့်အခါ အမြဲတမ်းဆို အဆင်မပြေလှပေ။ အခုက ခရီးအတွက် ဒရိုင်ဘာခေါ်လာကာမှ သတ်သတ်မဲ့အပန်းဖြေခိုင်းနေသလို ဖြစ်နေသည်။

Daniel ကတော့ ကားမောင်းနေရင်း သူ့ဘက်ကို လှည့်ကာ အလိုမကျသလိုပြောနေသည့် အသေးလေးကို ကြည့်ရင်းပြုံးမိသည်။ အသေးလေးပြောတာလည်းမှန်နေပြီး အလုပ်လုပ်ဖို့ခေါ်လာတာကို ကျန်းမာရေးအကြောင်းပြကာ အေးအေးလူလူနေနိုင်သည့် ဒရိုင်ဘာကို Daniel လည်း သဘောမကျတော့။ ဓာတ်တော်ချိုင့် သွားတုန်းက နားလည်ပေးနိုင်ပေမယ့် အခေါက်ခေါက်အခါခါ ဖြစ်လာသည့်အခါ Daniel သဘောကောင်းတာကို အခွင့်အရေးယူသလို ဖြစ်လာသည်။ 

" အင်းလေးကို Express ကားနဲ့ သွားချင်လား Daniel ... ခရီးထွက်တယ်ဆိုတဲ့ ခံစားချက်ပါ အပြည့်အဝလည်းရတယ် ... ရိုးရိုးမဟုတ်ပဲ သက်တောင့်သက်သာဖြစ်အောင် VIP class express တွေ ငှားလို့ရပါတယ် "

" အဆင်ပြေပါတယ် baby ... အဲ့တာဆို ပြန်ရောက်တာနဲ့ ကိုအောင်ကျော်ကို ကားယူပြီးပြန်ခိုင်းလိုက်တော့မယ် ... ကိုယ်တို့ကတော့ baby ပြောသလို သွားကြတာပေါ့ "

" အိုကေ Daniel ... အဲ့တာဆို ကျွန်တော် ကားလက်မှတ်ကို ပြန်ရောက်တာနဲ့ စီစဉ်ထားလိုက်ပါ့မယ် "

ထိုလောက်သာပြောပြီး စကားမပြောဖြစ်ကြတော့ပဲ နှစ်ယောက်ကြားကလေထုက တိတ်ဆိတ်သွားသည်။ အမှန်က ဘာဆက်ပြောရမလဲ မသိကြတာဖြစ်သည်။ အရင်ကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ရောက်ရာပေါက်ရာကို တစ်ခုမဟုတ်တစ်ခု ပြောနေတတ်ကြပေမယ့် အခုကျမှ နှစ်ယောက်လုံးနှုတ်ဆိတ်နေသည်။

စစ်မင်းလည်း ကားပေါ်မှာနှစ်ယောက်ထဲရှိနေပြီး တိတ်ဆိတ်နေသည့် အခြေအနေကို သဘောမကျတော့တာကြောင့် ကားထဲက ရေဒီယိုလေးကိုသာ ကားမောင်းနေရင်း လက်တစ်ဖက်နှင့် လှမ်းဖွင့်လိုက်တော့သည်။

🎼🎼 ကျိန်စာအလား ရပ်မသွားတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ... စူးရှတဲ့ မျက်ဝန်းတစ်စုံ မင်းချန်ခဲ့ ... မူမပိုင်တဲ့ မျက်ဝန်းအတွက် ကြိတ်ပြီးရူးခဲ့ရပေမယ့် ... နှုတ်ဆက်မယ့် ဒီနှုတ်ခမ်းတွေ တွေးပူနေ ... ဟန်မဆောင်တဲ့ အချစ်တွေနဲ့ ... ရင်ထဲကစောင့်မျှော်ခဲ့ ... ဖွင့်ပြောခဲ့ချင်ပေမယ့် ... မသေချာတဲ့ အချစ်တွေနဲ့ ... ပစ်သွားမလားစိုးရိမ်ခဲ့ ... မျက်ဝန်းနဲ့ ပြောနေမိခဲ့ ...

အကြိမ်ကြိမ်ရင်ခုန်မိသောမင်းမျက်ဝန်း ... အာရုံမှာငြိတဲ့မျက်ဝန်း ... မင်းရဲ့အကြည့်မှာမျောနေခဲ့ ... နေ့တွေညတွေမှားသွားခဲ့ ... ချိုမြိန်သာယာလေသောမင်းမျက်ဝန်း ... ရင်မှာနှောင်ကြိုးဖွဲ့မျက်ဝန်း ... မင်းရဲ့အကြည့်မှာမျောနေခဲ့ ... မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း ...🎼🎼

ရေဒီယိုလေးကိုဖွင့်ဖွင့်ချင်း ကြားလိုက်ရသည့်သီချင်းက Lလွန်းဝါရဲ့ အချစ်မျက်ဝန်းသီချင်းဖြစ်နေသည်။ သီချင်းနားထောင်နေရင်း စစ်မင်းအဖြစ်နဲ့ လာတိုက်ဆိုင်နေတာမလို့ ပြုံးနေမိသည်။

စစ်မင်းလည်း Daniel ရဲ့ မျက်ဝန်းညိုညိုလေးတွေမှာ အမြဲလမ်းပျောက်နေရပြီး ရူးနေခဲ့ရဖူးသည်။ အခုထိလည်း ရူးနေတုန်းပေမယ့် ဖွင့်ဟခွင့်မရှိသည့်အခါ ကြိတ်ရူးရုံသာရှိသည်။

Daniel က ဘာသိဘာသာနဲ့ စစ်မင်းကို baby လို့သာ ခေါ်နေတတ်ပေမယ့် ဧည့်သည်ဆိုတာ အချိန်တန်ရင်အိမ်ပြန်ပြီး စစ်မင်းကသာ အရင်နေရာမှာ အရင်အတိုင်း ကျန်နေခဲ့ရမှာဖြစ်သည်။ မမျှော်လင့်သင့်တာတွေ မရနိုင်မယ့်အရာတွေကို လောဘတက်မိတော့လည်း လူမသိသူမသိ ခံစားရတာက တနင့်တပိုး။

စကားဆက်မပြောပဲ သီချင်းဖွင့်ကာ ငြိမ်သွားသည့် အသေးလေးကို Daniel က ဘေးကနေ ငေးကြည့်နေမိသည်။ ကားမောင်းနေတာမလို့ အရှေ့တည့်တည့်ကနေ မမြင်ရပေမယ့် အသေးလေးရဲ့ ဘေးတစောင်းပုံရိပ်လေးကိုတော့ သေချာမြင်နေရသည်။ ဘေးတစောင်းလေးမလို့ မျက်မှန်ကိုင်းလေးအောက်က သိပ်သဘောကျရသည့် နှာခေါင်းလုံးလုံးလေးက ကော့ကော့လေးနဲ့ လုံးတက်နေပြီး ထင်းနေအောင်မြင်ရသည်။

Daniel မှာ နှာခေါင်းလုံးလုံးလေးတွေကို အသည်းတယားယား ချစ်ရသည်မလို့ အခွင့်ရှိမယ်သာဆိုလျှင် ထိုနှာခေါင်းလုံးလုံးလေးကို သွားတွေနဲ့ဖွဖွလေး မနာအောင်ကိုက်ပြီး အသေးလေးရဲ့ကိုယ်လေးကို ရင်ခွင်ထဲနစ်နေအောင် ဆွဲဖက်ထားချင်သည်။ အသေးလေးရဲ့ ကိုယ်လုံးလေးနဲ့ဆို Daniel ရဲ့ ရင်ခွင်ထဲ မြုပ်နေမှာသေချာသည်။ 

ကော်ဖီဆိုင်မှာသိခဲ့ရသည့် အသေးလေးဆီမှာ ချစ်သူရှိတယ်ဆိုတဲ့ကိစ္စကို ဖြစ်နိုင်လျှင် မေ့ပစ်လိုက်ချင်သည်။ မဖြစ်နိုင်တာသိပေမယ့် Daniel က ရင်နာနာနဲ့ ရှေ့ဆက်တိုးနေမိသည်။ ဟိုးအစတုန်းက သတ်သတ်စိတ်အနှောက်အယှက်ပေးချင်လို့ခေါ်ခဲ့တဲ့ baby ဆိုသည့် နာမ်စားလေးက အခုတော့မြတ်မြတ်နိုးနိုးနဲ့ ရင်ထဲကနေ နင့်နေအောင်ချစ်မိလို့ ခေါ်နေရတာကြောင့် ထိုနာမ်စားလေးကို မစွန့်လွှန်ချင်ပဲ baby လို့သာ ဆက်ပြီးခေါ်မိသည်။

" ရှေ့နားလောက်ဆို လမ်းပြတွေနဲ့ ချိန်းထားတဲ့ နေရာရောက်ပြီ Daniel ... ကားကတော့ အဆင်ပြေတဲ့ နေရာမှာထားခဲ့ပြီး ကျွန်တော်တို့က တံတားအောက်ကို လမ်းလျှောက်သွားရမှာ "

" ရောက်ပြီကွ ... "

ကလေးများလို လက်သီးလက်မောင်းတန်းကာ ပျော်နေသည့် Daniel ကြောင့် စစ်မင်းပြုံးမိသည်။ အနက်ရောင်ဆံနွယ်တွန့်တွန့်လေးတွေက ယိမ်းခါပြီး ဘယ်ဘက်ပါးက ပါးချိုင့်လေးခွက်သည်အထိ ပြုံးရယ်ပြီးပျော်မြူးနေသည်။ စစ်မင်းလည်း Daniel ကို ကြည့်ပြီး ခေါင်းအသာရမ်းကာ ရယ်မိသည်။

နောင်ချိုကိုကျော်လာတော့ ချိန်းထားသည့်နေရာမှာ ငှားထားသည့်လမ်းပြနှစ်ဦးက ကြိုပြီးရပ်စောင့်နေတာကြောင့် သီးသန့်ဆက်သွယ်စရာ မလိုတော့ပေ။ လမ်းပြနှစ်ယောက်ကလည်း သူတို့ကားမှန်းသိသွားသည့်ပုံနှင့် ကားရပ်ရမည့်နေရာကို ခြေဟန်လက်ဟန်ပြကာ လမ်းညွှန်ပေးနေသည်။

" ရောက်ပြီ Daniel ... ကားရပ်ဦးမယ် ခဏ မဆင်းသေးနဲ့ဦး "

စစ်မင်းပြောတာကို Daniel က ပြန်မဖြေတော့ပဲ ခေါင်းသာညိတ်ပြပြီး ပတ်ထားတဲ့ seat belt လေးကို ဖြုတ်နေသည်။ စစ်မင်းလည်း လမ်းပြပြောတဲ့နေရာမှာ ကားကိုသချာရပ်ပြီးသည်နှင့် စက်သပ်ကာ ကားပေါ်ကနေ ဆင်းလိုက်တော့သည်။ နောက်မှကားနောက်တံခါးဖွင့်ကာ လိုအပ်တာတွေထည့်ထားသည့် ကျောပိုးအိတ်ကိုယူသည်။

Daniel ကလည်း စစ်မင်းလို ကားပေါ်ကနေဆင်းကာ ကားနောက်ခန်းက ကျောပိုးအိတ်အကြီးကြီးကိုယူသည်။ ဓာတ်တော်ချိုင့်ကို သွားတုန်းကလိုမဟုတ်ပဲ တံတားအောက်က ပေသုံးထောင်ကျော်နက်သည့် ချောက်ထဲရောက်ဖို့ကို ဘယ်လောက်ကြာမယ်မသိပဲ အချိန်ကြာကြာလမ်းလျှောက်သွားရမှာမလို့ စားစရာနဲ့ရေဘူးတွေ များများထည့်ကာ အပြည့်အစုံယူလာရသည်။

စစ်မင်းက စားစရာနဲ့ လမ်းမှာစားဖို့ အဆာပြေမုန့်တစ်ချို့ကိုသယ်ပြီး Daniel ကတော့ သူ့အိတ်ကြီးကြီးထဲကို အလေးချိန်များသည့် ရေသန့်ဘူးတွေထည့်ပြီး စားစရာတွေနှင့် လိုအပ်မည်ထင်သည့် ဆေးနှင့်ပစ္စည်းတချို့ကိုလည်း ထည့်ထားသေးသည်။

" ဆရာလေးတို့ရောက်ပြီလား ... သွားတော့မယ်ဆို ဟိုဘက်က မြေနီလမ်းကနေ စသွားရမှာ ကျုပ်ကတော့ စိုင်းမိုး ... ဒီကောင်ကတော့ စိုင်းခမ်း "

" ဟုတ်ကဲ့ဗျ ... ကျွန်တော်က စစ်မင်းသန့်ပါ ... သူကတော့ Daniel ... အဆင်ပြေသလို ခေါ်လိုရပါတယ် အစ်ကိုတို့ ... အဆင်သင့်ပဲဆို ကျွန်တော်တို့သွားကြတာပေါ့ "

လမ်းပြတွေက ရှမ်းရွာဘက်ကဖြစ်တာမလို့ စကားပြောသည့်အသံက ရှမ်းသံဝဲတဲတဲလေးတွေ ဖြစ်နေသည်။ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ ထောင်ထောင်မောင်းမောင်းနှင့် အသက်သုံးဆယ်နီးပါးလောက်ရှိမည့် တစ်ယောက်က သူ့ကိုယ်သူအရင်မိတ်ဆက်ပေးပြီး ဘေးကရွယ်တူရှိလောက်မည့် အသားညိုညိုနှင့်တစ်ယောက်ကိုလည်း မိတ်ဆက်ပေးသည်။

စစ်မင်းလည်း အဆင်သင့်ဖြစ်မဖြစ် Daniel ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ Daniel က လွယ်ထားသည့် လွယ်အိတ်ကြိုးလေးကိုကိုင်ရင်း အဆင်ပြေကြောင်း ခေါင်ညိတ်ပြသည်နှင့် သွားကြဖို့သာ ပြောလိုက်တော့သည်။

သွားရသည့်ခရီးလမ်းရဲ့အစက နီရဲရဲမြေနီလမ်းလေးနှင့် အစပြုသည်။ အရမ်းမကျဉ်းသလို ကျယ်လည်းမကျယ်တာကြောင့် လမ်းလေးက လူတစ်ယောက်သာ ကောင်းကောင်းသွားလို့ရသည်။

လမ်းနံဘေးမှာ အပင်ငယ်လေးတွေနှင့် မြက်ပင်တွေကြောင့် ခြုံတွေထူထပ်နေသည်။ ကိုစိုင်းမိုးဆိုသူက ရှေ့ဆုံးကသွားပြီး Daniel က နောက်ကနေလိုက်သည်။ Daniel ရဲ့ အနောက်မှာ စစ်မင်းကလိုက်ပြီး နောက်ဆုံးမှာတော့ ကိုစိုင်းခမ်းက အစဉ်လိုက် လိုက်လာသည်။

မြေနီလမ်းကျဉ်းလေးက သွားရတာသာသာယာယာရှိသည်။ ခရီးလမ်းကြမ်းတာမလို့ ဒီနေ့လည်း Daniel ရော စစ်မင်းရော ပေါ့ပေါ့ပါးပါးရှိမည့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ခဲ့ကြသည်။ နေပူတာကြောင့် Daniel ရော စစ်မင်းရော ဦးထုပ်အဝိုင်းလေးတွေ ကိုယ်စီနဲ့ဖြစ်သည်။ လမ်းပြနှစ်ယောက်ကတော့ သဘက်ကျားကို ခေါင်းပေါင်းထားကာ စွပ်ကျယ်နှင့်ပုဆိုးခါးတောင်းကျိုက်ထားပြီး တောစီးဖိနပ်ကို စီးထားသည်။

" သွားရတဲ့လမ်းက တော်တော်သွားရတာ ဆရာလေးတို့ရေ ... ဒီလမ်းတင်ကို အချိန်တစ်ဝက်ကျော်ကျော်လောက်ကြာတယ်ထင် ... ကျုပ်တို့ကတော့ သွားနေကျဆိုတော့ အချိန်တွေအခါတွေ မတွက်မိတော့ မသိသာပေါင်ဗျာ ... အောက်ထဲမှာ ထင်းရှာလိုက်ငါးရှာလိုက်နဲ့ ကျုပ်တို့က ဒီလမ်းကိုရိုးနေပြီ ... ဆရာလေးတို့ပြောသလို ဂုတ်ထိပ်အောက်ထိတော့ ကျုပ်တို့ကမသွားဘူးပေါ့ ... မြေလမ်းဆုံးရင် ချောင်းရှိတယ် ... အဲ့မှာပဲ ငါးရှာကြတယ် ... ထင်းကတော့ ချောင်းကိုကျော်ရတာပေါ့ဗျာ "

" ဟုတ်ကဲ့ ချောင်းကရေစီးတော်တော်သန်တယ်လား ... ကျွန်တော်တို့သွားရင် အန္တရာယ်ရှိနိုင်လားဗျ "

" အန္တရာယ်တော့မရှိဘူးဟေ ... ချောင်းစပ်ရောက်ရင် စိုင်းခမ်းကို ကြိုးတစ်ဖက်စပေးပြီး ကျုပ်က ချောင်းကိုအရင်ကူးမယ် ... ကျုပ်ကတစ်ဖက်ကိုရောက်ရင် ဆရာလေးတို့နှစ်ယာက် တစ်ယောက်နဲ့တစ်ယောက် လက်သေချာတွဲပြီး ကြိုးကိုသေချာကိုင်ပြီးသာ ကူးခဲ့ကြ ... ကျုပ်တို့ကကြိုးကို ထိန်းထားပေးမယ် "

" မစိုးရိမ်ပါနဲ့ baby ရာ ... ကိုယ်တစ်ယောက်လုံးရှိတယ် ဟုတ်ပြီလား "

ဖြတ်ရမည့်ချောင်းအကြောင်း စစ်မင်းက လမ်းပြကိုလှမ်းမေးနေတုန်း တစ်လမ်းလုံးငြိမ်လိုက်လာသည့် Daniel က နောက်လှည့်ကာ မစိုးရိမ်ဖို့ပြောသည်။ စိုးရိမ်တာ သူတစ်ယောက်တည်းအတွက်မဟုတ်ပဲ Daniel အတွက်ပါ စိုးရိမ်တာဖြစ်ကြောင်းကို ထပ်မပြောမိပေ။ မြေနီလမ်းလေးအတိုင်း လမ်းလျှောက်လာကြရင်း နာရီဝက်ကျော်ကျော်လောက်ကြာတော့ လမ်းဆုံးပြီး ရေစီးသန်သန်ချောင်းလေးတစ်ခုဆီ ရောက်သွားသည်။

ကိုစိုင်းမိုးက သူပြောထားသည့်အတိုင်း တဝေါဝေါနှင့် ရေစီးသန်နေသည့် ချောင်းကိုဖြတ်ရန် ကြိုးစတစ်စကို ကိုစိုင်းခမ်းဆီပေးကာ တစ်စကိုကိုင်ပြီး ချောင်းတစ်ဖက်ကို ကျွမ်းကျွမ်ကျင်ကျင်နှင့် ဖြတ်ကူးသွားသည်။ ချောင်းရဲ့ရေအနက်က ခြေသလုံးတစ်ဝက်လောက်တောင် မမြုပ်ပေမယ့် ရေစီးသန်ပုံက အကူမပါပဲဖြတ်ကူးလျှင် ယိုင်လဲကျပြီး ရေစီးနှင့်အတူ မျှောပါနိုင်သည်အထိ ရေစီးသန်သည်။

" Baby လာခဲ့ . ဟိုဘက်ကမ်းကနေ လာခဲ့တော့ဆိုပြီး လှမ်းခေါ်နေတာနေမှာ လက်လှမ်းပြနေတယ် ... လာ ကိုယ့်လက်ကိုဆွဲ "

" အင်း Daniel "

ကိုစိုင်းမိုးက ချောင်းတဖက်ကို ရောက်သွားသည်နှင့် စစ်မင်းလည်း ကမ်းပေးလာသည့် Daniel ရဲ့လက်ကို လှမ်းတွဲသည်။ Daniel က စစ်မင်းရဲ့ လက်ကိုပြင်ကိုင်ကာ လက်ချောင်းလေးတွေ တစ်ချောင်းချင်းယှက်ကိုင်ပြီး သေချာတင်းနေအောင်ဆုပ်ထားသည်။ ပြီးကာမှ တန်းထားသည့်ကြိုးကို လက်တစ်ဖက်နှင့် သေချာကိုင်ပြီး ရှေ့ကနေဖြေးဖြေးချင်းသွားသည်။

စစ်မင်းက အားနေသည့်လက်တစ်ဖက်က Daniel ဆုပ်ကိုင်ထားသည့် လက်လေးပေါ်ထပ်ကိုင်ကာ နောက်ကနေ ဖြေးဖြေးချင်းလိုက်သည်။ Daniel က စစ်မင်းအပြုအမူကြောင့် တစ်ချက်လှည့်ကြည့်ပေမယ့် ရှေ့ကိုပြန်လှည့်သွားသည်။ ဖြေးဖြေးချင်းသွားရင်း တစ်ဖက်ကမ်းရောက်သွားတော့ တစ်ဖက်မှာကျန်နေခဲ့သည့် ကိုစိုင်းခမ်းက ကျွမ်းကျင်စွာနှင့် ချောင်းကိုဖြတ်ကူးလာသည်။

" ချောက်ထဲသွားတယ်ဆိုပေမယ့် အောက်စိုက်ပြီးအောက်ကို ဆင်းရတာမဟုတ်ဘူးကွ ... ဒီလိုပဲ ကုန်းတွေရှိရင်လည်းတက်၊ ချောင်းတွေရှိရင်လည်း ဖြတ်ရမှာ ... လမ်းကတော့ကြမ်းမှာကွယ် ... ဆရာလေးတို့ကိုလည်း ဂရုစိုက်စေချင်တယ် ... ကျုပ်တို့က လမ်းကျွမ်းတယ်ဆိုပေမယ့် ဆရာလေးတို့ကလည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြ ... တစ်ခုခုဆို လုပ်ပေးဖို့က မလွယ်လှဘူး "

" ဟုတ်ကဲ့ စိတ်ချပါ "

ကိုစိုင်းမိုးက သတိပေးစကားပြောတော့ စစ်မင်းလည်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ Daniel က ဘာမှပြန်မဖြေပေမယ့် အခုထိတိုင် တွဲထားသည့်လက်က မဖြုတ်ရသေးတာကြောင့် Daniel ရဲ့ ရှည်သွယ်သွယ်လက်ချောင်းလေးတွေနှင့် ယှက်ကိုင်ခံထားရသည့် စစ်မင်းရဲ့လက်တွေက တင်းကျပ်သွားသည်။ စစ်မင်းက Daniel ကို မော့ကြည့်လိုက်တော့ မျက်ဝန်းညိုလေးတွေကလည်း သူ့ကို ပြန်စိုက်ကြည့်နေသည်။

" Baby ဘာမှမဖြစ်အောင် ကိုယ်ဂရုစိုက်ပေးမယ် ... အခုခရီးက ကိုယ်ခေါ်လာတာမလို့ baby ဘာမှမဖြစ်စေရဘူး ... promise ~ "

" အင်း ... ကျွန်တော်ယုံတယ် Daniel "

တရိပ်ရိပ်ရှိနေတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ချစ်ရသူက ဘာပဲပြောပြော မျက်စိစုံမှိတ်ပြီး ယုံလိုက်တော့တာပါပဲ ...

__________

လက်ချောင်းချင်း ယှက်သွယ်ထားတဲ့ တွဲလက်လေးက ယုံကြည်မှုကြောင့် ပိုလို့တောင်ခိုင်ပါတယ် ...

To be continue ...

29th May,2020(Friday)
call_me_Tylor

Continue Reading

You'll Also Like

760K 17.9K 41
In which the Asgardian Princess falls head over heels for the Star Spangled Man with a Plan. COMPELTE
2.6M 183K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...