HE'S ✓

By VemberCB_Kai

151K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 10

3K 392 2
By VemberCB_Kai

[Unicode+ Zawgyi]

"ဟျွန်းငယ်ဘယ်လိုအိပ်နေတာလဲ ကိုယ်တွေနာနေတော့မှာပဲ ထ ထပြီးအိပ်ယာပေါ်မှာသွားပြန်အိပ်"

"ကိုလေး"

KyungSooအလုပ်မသွားခင် လုပ်နေကြအတိုင်းပဲ Baekhyunရဲ့အခန်းထဲကလျှော်စရာရှိတာ..သိမ်းစရာ‌ရှိတာတွေကိုလာရှင်းပေးတော့ ခုံပေါ်အိပ်နေတဲ့ ညီငယ်ကိုမြင်ပြီးစိုးရိမ်တကြီးနိုးသည်။

Baekhyun KyungSooရဲ့အသံကြောင့်နိုးလာပေမဲ့လည်း နာနေတဲ့ခန္ဓာကိုယ်ကြောင့်ခေါင်းပင်မထောင်နိုင် အသံသာပြုနိုင်သည်။

"ဟျွန်းငယ်ရာ ကိုယ့်ကိုယ်ကိုဂရုစိုက်မှပေါ့"

"ကိုလေး..ဟင့်.. နာတယ်
ဟျွန်းငယ်လည်ပင်းရယ် ပြီတော့ဖင်တခြမ်းရယ် ပြီးတော့လက်တွေကဟျွန်းငယ်လက်တွေမဟုတ်ဘူး ဟျွန်းငယ်ရဲ့ခြေထောက်တစ်ဖက်လည်းဘယ်ရောက်သွားလဲမသိဘူး..
ဟင့် ဟင့် ကိုလေး လုပ်ပါဦး တစ်ကိုယ်လုံးနာတယ်လို့..
အာ ယားယား ထလို့တောင်မရတော့ဘူး..
မဟုတ်မှ
လေဖြတ်သွားတာလား.. မဖြစ်ချင်ဘူး အဲ့လိုမဖြစ်ချင်ဘူးလို့..
ဟျွန်းငယ်က အခုမှလန်းချင်တုန်းကို လေမဖြတ်ချင်ဘူး
ကိုလေး...!!!!"

"ခဏ ခဏ.. ကိုလေးပြောတာနားထောင်ဦး ဟျွန်းငယ်"

"ဟုတ်.."

တစ်ယောက်ထဲဆူညံနေပြီးထင်ရာတွေပြောနေတဲ့ညီငယ်ရဲ့အပြောတွေကြား KyungSooမနည်းတားယူဝင်ရောက်ရသည်။

"တစ်ညလုံးခုံပေါ်ထိုင်အိပ်နေလို့ ကိုယ်တွေနာနေတာဟျွန်းငယ်ရဲ့.. ဘာလေမှမဖြတ်ဘူး
လာ..ကိုလေးကအိပ်ယာပေါ်ပို့ပေးမယ်.. အဲ့မှာခဏနားနေလိုက်
စားဖို့သောက်ဖို့ ဟျွန်းငယ်အခန်းထဲ အကုန်ကိုလေးယူထားပေးမယ်..
ဟျွန်းငယ်သက်သာရင်ထစားလိုက်နော်
တစ်ခုခုဆို ကိုလေးဆီဖုန်းဆက် ဟုတ်ပြီလား"

"ကိုလေးကအလုပ်သွားတော့မို့လား.. ဟျွန်းငယ်နဲ့တူတူမနေပေးဘူးလားဟင်"

ညီအစ်ကိုတွေအကုန်က အငယ်ဆုံးညီလေးကိုတုန်နေအောင်ချစ်တာမို့ ညီငယ်လေးတစ်ခုခုဆိုသည်းသည်းလှုပ်ပင်...
အခုလည်း တစ်ဂျီဂျီလုပ်နေတဲ့ ညီငယ်ကြောင့်KyungSooအလုပ်မသွားဖို့စဉ်းစားလိုက်ပေမဲ့လည်း အရေးကြီးပုဂ္ဂိုလ်တွေလာမှာမို့ ကိုယ်တိုင်မှမသွားရင် မလေးစားရာကျမည်ကိုစိုးနေရသည်
ညီငယ်အခြေအနေကိုသေချာကြည့်ကာ သွားလို့ရနိုင်သည်မို့လည်း သွားဖို့ကိုဆုံးဖြတ်ရပြီး လိုတာမှန်သမျှကိုမှာထားခဲ့လေသည်။

KyungSooအလုပ်သွားတော့ Baekhyunတစ်ယောက်ထဲအိမ်ထဲကျန်နေခဲ့ပြီး ကိုယ်တွေနာလို့တအီအီနဲ့ အိပ်ယာပေါ်မှာနေနေသည်။

"ဟင့် .. ညကဘယ်လိုတောင်အိပ်ပျော်သွားရတာလဲ..
ငါအဲ့လိုကြီးအိပ်ပျော်သွားတာကို Chanyeolကမသိဘူးလား
နည်းနည်းပါးပါးတောင်မရွှေ့ပေးသွားဘူး
မရိုတက်လိုက်တာများ..မုန်းဖို့ကောင်းလိုက်တာ
အာ.. ဘွာတေး ဘွာတေး..ငါက Chanyeolကိုမမုန်းပါဘူး
ငါကချစ်တာကို"

Baekhyunကိုယ်တွေနာလို့အိမ်ကအိပ်ယာထဲမှာတအီအီနဲ့ဖြစ်နေခဲ့ပြီး Dutyချိန်တွေရှိနေတဲ့ Chanyeolကလည်း နာနေတဲ့ကိုယ်ကနေရာတွေကိုမငဲ့နိုင် လုပ်ရမှာတွေကိုလိုက်လုပ်နေခဲ့ရသည်။

နောက်လာမည့်အပတ်တွင်စာမေးပွဲဖြေရမည်ဖြစ်တာကြောင့်.. လေးယောက်သားစာကိုအကြိတ်အနယ်လုပ်နေကြပေမဲ့ Baekhyunကို ကျန်သုံးယောက်လုံးကစိတ်ဆိုးနေကြတာမပြေသေး

Baekhyunလည်း တChanyeolထဲ Chanyeolနေခဲ့ရာကနေ သူငယ်ချင်းတွေကိုချော့ဖို့ပင်သတိမရဘဲရှိသည်။  ထိုသို့လုပ်ခြင်းကမူ သူငယ်ချင်းတွေစိတ်ဆိုးစေခဲ့သည်ကို တစ်မှုကနေနှစ်မှုဖြစ်စေခဲ့သည်။

အရင်နှစ်တွေနဲ့မတူသိသိသာသာကို စာတွေလုပ်နေတာကြောင့်အစ်ကိုတွေကလည်းသဘောကျနေကြသည်။
Chanyeolလည်း ညDutyချိန်တွေရှိလာတာမို့ Baekhyunကိုအရင်လိုအချိန်မပေးနိုင်တာနဲ့.. Baekhyunကိုရှောင်နေတာနဲ့ပဲ Baekhyun Chanyeolကို‌မတွေ့ရသည်မှာ ၃..၄ရက်လောက်ရှိနေလေပြီ..

သူငယ်ချင်းတွေနဲ့စိတ်ဆိုးနေတာမို့ သူငယ်ချင်းတွေကလည်းမလာကြဘူး။
Chanyeolကလည်းမအားဘူးဆိုတဲ့အကြောင်းပြချက်နဲ့ Baekhyunဆီမရောက်ဖြစ်ဘူး။
အစ်ကိုတွေကလည်း လိုဝာာတွေအကုန်လုပ်ပေးပြီးတာနဲ့ အလုပ်ကိုယ်ဆီရောက်နေကြတာမို့ Baekhyunဘေးမှာတစ်ယောက်ရှိနေမပေးနိုင်ကြဘူး။
တစ်ချိန်လုံးအိမ်ထဲတစ်ယောက်ထဲဖြစ်နေပြီး စာအုပ်တွေနဲ့သာ ကုန်ဆုံးနေရသည်။

ကျန်ခဲ့တဲ့ရက်က ခုံပေါ်အိပ်မိလို့တကိုယ်လုံးနာကျင်ရသည်ကိုမကျေမနပ်ဖြစ်ပြီး နောက်တစ်နေ့မှာChanyeolဆီ ခုံပေါ်မှာအိပ်နေတဲ့သူ့ကိုတမင်ထားခဲ့တာလားကိုတိုက်ရိုက်မေးတော့ Chanyeolကမငြင်းဘဲအမှန်အတိုင်းဝန်ခံလာသည်ကို Baekhyunနည်းနည်းလေးတောင်စိတ်မကောင်းမဖြစ်မိဘဲ.. Chanyeolဆီကအဖြေပင်တောင်းနေသေးသည်။
သို့ပေမဲ့.. နောက်နေ့တွေ နေ့တွေကစပြီး Chanyeolကမအားတော့ဘူး။
ထိုညကChanyeolသူကိုယ်တိုင်ကပါ Baekhyunလိုခုံပေါ်မှာပဲတစ်ညလုံးအိပ်ခဲ့သည်ကိုတော့ လုံးဝထုတ်မပြောခဲ့တာမို့ Baekhyunမသိခဲ့ဘူး။

Baekhyunအိပ်ယာပေါ်မှာစာအုပ်တစ်အုပ်ကိုကိုင်ပြီးလှဲနေကာ အတွေးတွေထဲလိုက်သွားနေသည်။

ထို့နောက်တော့ သူငယ်ချင်းတွေဆီဖုန်းခေါ်တဲ့အခါ သူငယ်ချင်းတွေကသူ့ဖုန်းကိုမကိုင်ကြတာနဲ့.. Chanyeolဆီဆက်တော့လည်း Chanyeolလည်းမကိုင်ဘဲရှိသည်။

အားလုံးရဲ့ဂရုမစိုက်ခြင်းကိုတချိန်ထဲမှာပဲ တန်ဖိုးထားရသူအားလုံးဆီကပြန်ရလိုက်တာမို့ Baekhyunစိတ်မကောင်းတော်တော်ဖြစ်သွားရသည်။
ဖုန်းတွေဆက်တိုက်ခေါ်နေပေမဲ့လည်း တစ်ယောက်ကမှပြန်ဖြေလာခြင်းမရှိတာနဲ့ လက်လျှော့လိုက်တော့သည်။

Baekhyunစာဆက်လုပ်ဖို့စိတ်လည်းမဝင်စားနိုင်တော့တာမို့ စာအုပ်ကိုပိတ်လိုက်ကာ Chanyeolရှိနေတဲ့ ဟွားလဲ့ဆေးရုံကိုထွက်လာလိုက်တော့သည်။

တစ်လမ်းလုံးလည်းမရယ်နိုင်..မပြောနိုင်နဲ့ နည်းနည်းပင်မူးဝေနေတဲ့ခေါင်းကြောင့် တက္ကစီနဲ့လာခဲ့သည်။

ဆေးရုံရောက်‌တော့ အချိန်ကိုကြည့်ပြီးChanyeolအတွက် Iced Americanoတစ်ခွက်ဝင်ဝယ်ခဲ့ပြီးနားနေရာအခန်းဆီကိုလာခဲ့သည်။
အခန်းရှေ့ရောက်တော့တံခါးမခေါက်ဘဲတန်းဝင်လိုက်သည်။

"အာ.."

Baekhyunအထဲရောက်တော့.. Chanyeolကသူစိမ်းမိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတာကိုမြင်သည်။

Baekhyunသွားတန်းလေးတွေပေါ်အောင်ပြုံးပြလာကာ Iced Americanoခွက်လေးကိုမြှောက်ပြလိုက်ပြီး Chanyeolရှေ့ချပေးကာ သူကChanyeolဘေးမှာငြိမ်ငြိမ်လေး‌ထိုင်နေလိုက်သည်။

"ငါကထိုင်ပဲနေမှာ မင်းတို့ပြောစရာရှိတာတွေပြောကြပါ"

"Chanyeol-Oppa စဉ်းစားပေးပါဦး"

ကောင်မလေးကBaekhyunကိုပြုံးပြပြီး Chanyeolဆီကိုပူဆာနေသလိုတောင်းဆိုနေတာနဲ့ Baekhyunအကြည့်စူးစူးကကောင်မလေးဆီချက်ချင်းရောက်သွားသည်။

"ကိုယ်ပြောပြီးပြီVier.. ကိုယ့်မှာအချိန်တွေမရှိဘူး..ဒါကြောင့်ကိုယ်မင်းကိုစာသင်ပေးဖို့ကမဖြစ်နိုင်ဘူး"

ကြည့်ရသည်မှာ ကောင်မလေးကသူ့အတွက်သာသူစိမ်းဖြစ်ချင်ဖြစ်မည် Chanyeolနဲ့ကရင်းနှီးနေမှန်းခန့်မှန်းမိတာမို့ Baekhyunအရှေ့ကကောင်မလေးကိုသဘောမကျဖြစ်လာသည်။

"Chanyeol-Oppa.. Vierကြိုးစားပါ့မယ်.. Oppaစကားလည်းနားထောင်မယ်လေ"

Baekhyun Chanyeolကိုကြည့်တော့ Chanyeolမျက်နှာကတည်တံ့နေတာမို့ ‌Chanyeolကိုစိတ်ရှုပ်နေစေတဲ့အရှေ့ကကောင်မလေးကိုတော်တော်လေးမကြည်တော့ဘူး။

"ဒီမှာမိန်းကလေး.. မင်းကိုကြည့်ရတာ ဘာမဆိုတက်နိုင်မဲ့သူတစ်ယောက်လို့ပေါ်နေတယ်.. ဒါကြောင့် တခြားတော်တဲ့ဆရာတစ်ယောက်ကိုငှားဖို့ ဘယ်လောက်ကုန်ကျကျ မင်းအကုန်ခံနိုင်ပါရဲ့သားနဲ့ အချိန်မရှိတဲ့လူကို ဘာလို့ အတင်းတောင်းဆိုနေရတာလဲ"

"ရှင်နဲ့မဆိုင်ပါဘူး.. ဒါကကျွန်မနဲ့ Chanyeol-Oppaနဲ့ကိစ္စပါ"

Baekhyunမျက်မှောင်ကြုတ်သွားကာChanyeolကိုကြည့်တော့Chanyeolက ဘာလဲဆိုတဲ့ပုံစံနဲ့ မျက်ခုံးတစ်ဖက်ပင့်ကာကြည့်လာသည်။

"ရှင်ကဘယ်သူလဲတော့မသိပေမဲ့. .ကိုယ့်ကိစ္စမဟုတ်ရင်ဝင်မပါပါနဲ့"

"ဝေါင်း... မင်းကိုကြည့်ရတာကိုယ့်ထက်ငယ်မဲ့ပုံပဲ.. မင်းစကားပုံကနည်းနည်းတော့.."

"ရှင်..ရှင်"

"Sorry.. ကိုယ်မင်းကိုဒေါသထွက်အောင်မရည်ရွယ်ဘူး
မင်းသာစာကြိုးစားချင်တယ်ဆိုရင် တခြားဘယ်ဆရာနဲ့မဆိုမင်းလုပ်နိုင်တာပဲလေ
ဘာလို့Chanyeolမှလဲ
နောက်ပြီးChanyeolက မအားဘူးလို့ပြောထားပြီးပြီးကို မင်းဘက်ကသိတတ်သင့်တယ်"

Baekhyunအစကငြိမ်ငြိမ်လေးထိုင်နေဖို့ပဲဆုံးဖြတ်ထားပေးမဲ့ ‌မျက်လုံးထဲဒေါင့်မကျိုးတဲ့ကောင်မလေးကို Chanyeolအနားမှာမမြင်ချင်တာနဲ့ ကောင်မလေးကိုမြန်မြန်ထွက်သွားဖို့လုပ်သည်။

"ရှင်က ကိုယ့်နေရာကိုယ်မနေတတ်ဘူးဘဲ.. ပြောထားဦးမယ် ကျွန်မကငယ်ချင်ငယ်မယ် ရှင့်လိုတခြားသူစကားပြောတဲ့ဝိုင်းထဲအနှောက်အယှက်ဝင်မပေးတတ်ဘူး.. ရှင်ကအသက်သာကြီးတာလူမှုရေးအသိခေါင်းပါလိုက်တာ"

ကောင်မလေးကသူ့ကိုအခုလိုတွေပြောလာတာတောင် ဘာတစ်လုံးမှဝင်မပြောတဲ့Chanyeolကို Baekhyunစိတ်ဆိုးချင်နေသည်ထက် အစကတည်းကစိတ်မကောင်းဖြစ်နေတဲ့Baekhyunဟာ Chanyeolလုပ်ပုံကြောင့် ပိုပိုပြီးကိုစိတ်မကောင်းဖြစ်နေရသည်။

"ဟက်.. လူကနေလို့မကောင်းရတဲ့ကြားထဲ စိတ်ညစ်စရာတွေတစ်ခုပြီးတစ်ခုပဲ"

Baekhyunတိုးတိုးလေးပြောလိုက်ပေမဲ့ ဘေးကထိုင်နေတဲ့Cahnyeolကြားသည်။

"မိန်းကလေး Chanyeolနဲ့ပတ်သက်နေတဲ့ကိစ္စတိုင်းက ကိုယ်နဲ့လည်းပတ်သက်တယ်.. Chanyeolမှ Chanyeolဖြစ်နေတဲ့မင်းရဲ့စိတ်က ရိုးသားတယ်လို့တော့မပြောနဲ့နော်.. စာသာကြိုးစမ်းပါ သူများလူကို လုယူဖို့မကြိုးစားပါနဲ့"

ကိုယ်ကယောက်ျားလေးတစ်ယောက်ပေမဲ့ မိန်းကလေးတစ်ယောက်နဲ့အချေအတင်ဖြစ်နေတာကို Baekhyunမရှက်မိ..
Chanyeolကိုကြည့်လိုက်ကာတစ်ခုခုပြောဖို့မျက်လုံးကအချက်ပြနေတာကို Chanyeolကပြုံးပြီးတဖက်လှည့်သွားသည်။

ဒါဘာသဘောလဲ.. တစ်လုံးမှဝင်မပြောဘူးလား
ဒီကောင်မလေးကကောဘယ်သူလဲ
ငါ့ကိုအလုပ်ရှုပ်နေလို့စာလာမပြပေးနိုင်တော့ဘူးဆိုတာ မင်းအချိန်တွေအကုန်ဒီကောင်မလေးကိုပေးဖို့ ငါ့ကိုရှင်းနေတာလား

Chanyeol-Ya.. ငါ့ကိုမချစ်နိုင်ဘူးဆိုလည်း တခြားတစ်ယောက်ကိုတော့မချစ်ပါနဲ့
ငါ့ကိုအချိန်တွေမပေးနိုင်တော့ရင်လည်း တခြားတစ်ယောက်အတွက်တော့မလုပ်လိုက်ပါနဲ့

Baekhyunခေါင်းငုံ့ကျသွားကာ မျက်ရည်ပင်ဝဲလာတော့သည်။

"ရှင်က Chanyeol-Oppaနဲ့ ဘာတွေသက်ဆိုင်နေလို့.. အခုလိုတွေလာပြောနေရတာလဲ"

"ငါ.. ငါက..

မင်းပြောစရာမရှိတော့ဘူးဆိုရင် ထွက်သွားပေးနိုင်မလား
ငါ Chanyeolကိုပြောစရာရှိလို့"

ငါက Chanyeolရဲ့ချစ်သူလို့ပြောချင်ပေမဲ့.  Chanyeolသဘောမကျမှာကိုစိုးသည်။

Baekhyun အလိမ္မာနည်းနဲ့ ကောင်မလေးကိုမောင်းထုတ်တော့ ကောင်မလေးကမကျေမနပ်ကြည့်လာကာ စောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားတော့သည်။

ကောင်မလေးထွက်သွားတော့ Baekhyunနဲ့ Chanyeolကထိုင်နေသည်ကမထဖြစ်ဘဲ.. BaekhyunပြောစရာရှိတာကိုChanyeolကစောင့်ပြီးနားထောင်နေသည်။

"Chanyeol.."

တဖြေးဖြေးကြာလာတဲ့အချိန်ရောက်တော့ Chanyeolထသွားဖို့အလုပ်မှာ Baekhyunအသံကြားလာတာကြောင့် ထပ်ငြိမ်ပေးပြီးနားထောင်နေပေးသည်။

"Chanyeol..ငါ့ကိုဘာလို့ရှောင်နေတာလဲဟင်.. မင်းသူ့ကိုစာသင်ပေးဖို့အတွက် မင်းအချိန်တွေအားသွားအောင် ငါ့ကိုရှင်းထုတ်နေတာလား..
ငါအရမ်းဆိုးလို့လားဟင်
ငါစာမေးပွဲဖြေရတော့မှာကို ဘာလို့ဆက်ပြီးမသင်ပေးတော့တာလဲ
မင်းကလည်းငါ့ဆီမလာဘူး
ငါ့သူငယ်ချင်းတွေကလည်း ငါ့ကိုစိတ်ဆိုးနေကြတယ်
ငါ ဖုန်းတွေအများကြီးခေါ်တာ ဘာလို့မကိုင်ကြတာလဲ"

Baekhyunပြောနေရင်းအသံတွေတိမ်ဝင်သွားကာ ခေါင်းကိုငုံ့ထားသည်။

"ငါဒီရက်တွေမှာစာတွေတော်တော်လုပ်ထားတယ်.. ငါစာမေးပွဲအောင်ရင်မင်းဆီကငါတောင်းစရာရှိလို့ အများကြီးကြိုးစားနေတာကို.. မင်းကတော့ တခြားတစ်ယောက်အတွက် ငါ့ကိုရှင်းပစ်နေတယ်.. အဲ့အသိကငါ့ကိုခံစားရတယ်Chanyeol"

"မင်းထင်နေတာတွေလျှောက်ပြောမနေနဲ့.. မင်းလုပ်ချင်တာတွေလုပ်နေလို့အားလုံးကမင်းကိုဒေါသဖြစ်နေကြတာ.. မင်းကတော်တော်ဆိုးတယ်"

Chanyeolပြောပြီးအခန်းကထွက်ဖို့လုပ်တော့ Baekhyunအမြန်လိုက်ထကာ ထွက်သွားတော့မဲ့Chanyeolရဲ့ကျောနောက်ကနေဖက်ထားလာသည်။

"ငါနေမကောင်းဘူးChanyeol
ငါခေါင်းတွေမူးနေတယ်..လဲကျတော့မလိုပဲ ဒီအခန်းကြီးကလည်းချာချာလည်နေတယ်.. အခုငါရပ်နေနိုင်တာတောင်မင်းရှိနေလို့.. မင်းမရှိတော့ရင်ငါလဲကျသွားမှာ"

Chanyeolမျက်မှောင်ကြုတ်ကာ ခါးကBaekhyunလက်တွေကိုဖြုတ်ပစ်နေသည်။

"ငါနေမကောင်းလို့ မင်းငါ့ကိုဆေးကုပေးပါလား"

"အပိုတွေလုပ်ပြီးငါ့ကိုဒေါသထွက်အောင်လုပ်မနေနဲ့ လွှတ်စမ်းလက်ကို!"

"ငါနေမကောင်းပါဘူးဆို.. ငါစာတွေအများကြီးလုပ်ထားလို့ အခုမူးနေပါတယ်ဆိုမှ.. ဆေးကုပေးလို့"

Chanyeolခါးကလက်ကိုဆွဲခွာနေရင်း လွတ်သွားတဲ့အခါ ခါချလိုက်တာနဲ့ Baekhyunကလဲကျသွားသည်။

"ငါသက်သက်ပြောနေတာမဟုတ်ဘူး.. Chanyeolက ဘာလို့ငါ့ကိုမယုံတာလဲ"

လဲကျနေတဲ့Baekhyunကို Chanyeolလှည့်ကြည့်လာတဲ့အခါ ခေါင်းကိုဖိကိုင်နေပြီး ကျန်လက်တစ်ဖက်ကကြမ်းပြင်ပေါ်ထောက်ထားသည်။

"Baekhyun.."

"မူးတယ်.."

Baekhyunပြောပြီး ယိုင်ကျသွားတဲ့အခါ Chanyeolအမြန်ပင်လှမ်းဖက်လိုက်သည်။

"Baekhyunမင်းဘာဖြစ်နေတာလဲ.. ငါဖက်တာခံချင်လို့တမင်လုပ်နေတာမလား.. ထစမ်း.. ဟန်ဆောင်တာတွေငါမကြိုက်ဘူး"

Chanyeolဘယ်လိုတွေပြောနေနေ လက်ထဲကBaekhyunကတော့ ဘာတစ်ခွန်းမှပြန်ပြောမလာဘဲ မျက်လုံးတွေကမှိတ်ကျနေတော့သည်။

မင်းကတော့တကယ်ပဲလျစ်လျူရှုလို့ကိုမရနိုင်ဘူး
ငါ့ကိုဒေါသထွက်အောင်ကော စိတ်ပူရအောင်ကောမင်းလုပ်တယ်

မင်းကတကယ်ဆိုးတဲ့သူပဲ

ငါ့ကိုတကယ်ဒုက္ခပေးတယ်

Chanyeol Baekhyunကိုပွေ့ချီကာဆေးရုံရဲ့အခန်းတစ်ခန်းဆီခေါ်သွားတော့သည်။

TBc ...

[Zawgyi 👇]


"ကိုလေး"




"ကိုလေး..ဟင့်.. နာတယ်
မဟုတ်မှ
ကိုလေး...!!!!"


"ဟုတ်.."






ငါကချစ်တာကို"













"အာ.."















"ရှင်..ရှင်"

ဘာလို့Chanyeolမှလဲ












"ငါ.. ငါက..





"Chanyeol.."















"Baekhyun.."

"မူးတယ်.."








TBc ...

Continue Reading

You'll Also Like

2.5M 147K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.7K 379 27
You ever just hate someone? Their eyes annoy you, the smell of them disgust you, their voice makes your ears bleed. The sight of them just makes you...
9.7K 1K 36
Short story about MileApo & Their Beautiful Dawn
1.3M 117K 43
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...