အပိုင်း (က)
ဒီနေ့ စာမေးပွဲ နောက်ဆုံးရက်မို့ Jaemin ပျော်နေသည်။ သို့သော် အတွေးက ကြာကြာမခံလိုက်။ နောက်အပတ်ဆို နောက်ထပ် စာမေးပွဲ ထပ်ဖြေရဦးမည်။ ခုချိန် ပျော်ရမလား ဝမ်းနည်းရမလားမသိ။
ဘာပဲဖြစ်ဖြစ် တစ်ပတ်ကျော်အောင် လွမ်းနေရတဲ့ Renjun မျက်နှာလေး မြင်ရရင်တော့ ပင်ပန်းနေတာတွေ ပျောက်သွားမှာ။ သူတွေးနေတုန်း Renjun ဆီက ဖုန်းဝင်လာတော့ ဖုန်းအမြန်ကိုင်လိုက်သည်။
(Jaem စာမေးပွဲဖြေနိုင်လား)
"အင်း ဖြေနိုင်တယ်"
(ခု ဘယ်မှာလဲ)
"ကျောင်းက ကန်တင်းမှာ အအေးသောက်နေတာ Renရော"
(အိမ်မှာ)
"ခဏနေအားလား တွေ့ရအောင်လေ"
(အင်း အိမ်လာခဲ့ပါလား ညစာချက်ကျွေးမယ်)
"Cool ~~~"
(ဒါဆို ဖုန်းချလိုက်တော့မယ်နော်)
"အော် ကျွန်တော် အိမ်ပြန်ပြီးမှ လာခဲ့မယ်နော်"
(အင်း Jaem ဘိုင့်)
"အင်း ချစ်တယ်"
(ငါလည်း ချစ်တယ်နော်)
Renjun ဖုန်းချပြီးတဲ့နောက်မှာ မီးဖိုချောင်ထဲ ဝင်လာခဲ့လိုက်သည်။ ရေခဲသေတ္တာထဲက ပစ္စည်းအချို့ ထုတ်ယူပြီး ဟင်းချက်ဖို့အတွက် ပြင်ဆင်လိုက်သည်။
ရေခဲသေတ္တာဖွင့်ရင်း ဟိုနေ့က အငယ်နဲ့သူ market သွားရင်း ဝယ်လာတဲ့ အအေးပုလင်းကို တွေ့တော့ အငယ့်အတွက် ဖန်ခွက်ထဲ အအေးတစ်ချို့ ထည့်ကာ သူ့အခန်းကို ယူသွားပေးလိုက်သည်။
အခန်းတံခါးခေါက်ပြီး အခန်းထဲ ဝင်သွားတော့ ကုတင်ပေါ်မှာ ခွေပြီး စာဖတ်နေတဲ့ Injun ပါလေ။ သူ့မြင်တော့ ဟီးခနဲ ရယ်ပြပြီး စာအုပ်ကို ပိတ်ကာ အိပ်နေသည်မှ ထလေသည်။
"အငယ် ဝတ္ထုတွေပဲ မဖတ်နဲ့လေ စာလည်း ကြည့်ဦး"
"ကြည့်တယ် ခုနကမှ စာဆက်မလုပ်ချင်တော့လို့ ဖတ်တာ"
"အင်း ရော့ ဒီမှာ အအေး"
"ဟုတ်"
"ညနေကျရင် Jaemin ညစာ လာစားမယ် ငယ်"
"အင်း သူတို့ စာမေးပွဲ ပြီးပြီမလား"
"အင်း ဒီနေ့ ပြီးပြီ"
"ဒါနဲ့ gē ဒီတစ်ခေါက် တရုတ်ခဏပြန်ကြမလား ဒါမှမဟုတ် တစ်နေရာရာ သွားလည်ကြမလား"
"ငယ့် သဘောလေ ပါးတို့က အားပါ့မလား မသိ"
"မအားလည်း ထားလိုက်လေ ကျွန်တော်တို့ နှစ်ယောက်တည်း ခရီး သွားရအောင်"
"ကောင်းပြီလေ ပါးတို့ကို ဖုန်းဆက်ရင် ပြောကြည့်လိုက်မယ်"
"Ge မမေးနဲ့ ငါမေးလိုက်မယ်"
"အင်း အဲ့တာ ပိုကောင်းတယ်"
"ခု ဘာလုပ်နေတာလဲ"
"ဟင်းချက်ဖို့လေ"
"ကျွန်တော် ဝိုင်းကူပေးမယ်လေ"
"သန်ဘက်ခါ စာမေးပွဲကို စာပဲလုပ်ပါ"
"ရပါတယ် ကျွန်တော် ကူပေးမယ် စာတွေက ရသလောက် ရှိနေပါပြီ"
"ကျေးဇူးပါ အငယ်ရေ"
"လာလေ သွားလုပ်ကြမယ်"
"အင်း အအေး အရင်ကုန်အောင်သောက်ဦး"
Renjun နဲ့ Injun နှစ်ယောက်တူတူ ချက်ကြသည်မို့ ဟင်းက မြန်မြန်ကျက်သွားသည်။ Jaemin ကတော့ ခုချိန်ထိ မရောက်သေး။
"အကုန်လုံး ပြီးပြီဆိုတော့ ရေသွားချိုးလိုက်မယ် အကယ်၍ Jaemin ရောက်လာရင် စားနှင့်ကြနော် မစောင့်နဲ့"
"အင်းအင်း သူအိမ်ပြန်ပြီးမှ လာမှာဆိုတော့ နည်းနည်းကြာမှ ရောက်မယ်ထင်တယ်။ ခဏနား ရေသောက်ပြီးမှ ရေချိုးနော် အငယ်"
"အင်း"
Injun က ရေချိုးဖို့ ဝင်သွားချိန် Renjun ထမင်းစားဖို့အတွက် ပြင်ဆင်လိုက်သည်။ ထမင်းစားပွဲမှာ သူရယ် Jaeminရယ် အငယ်ရယ်အတွက် ထမင်း ဟင်းများကို ခူးခပ်ကာ နေရာချထားလိုက်သည်။ အားလုံးပြီးစီးတော့ ဧည့်ခန်းထဲက ဆိုဖာမှာ ထိုင်ရင်း အမောဖြေကာ Jaemin အလာကို စောင့်နေလိုက်သည်။
အပိုင်း (ခ)
Jaemin အိမ်ပြန်ကာ အဝတ်အစားလဲ ပြီးတဲ့နောက် Renjun အိမ်သို့ လာခဲ့လိုက်သည်။ အဝတ် အစားလဲသည်ဆိုတာ တခြားမဟုတ် ကျောင်း ယူနီဖောင်းကြီး ဖြစ်နေသောကြောင့်ပင်။
Renjun တို့ တိုက်ခန်းရောက်တော့ Renjun တို့ အိမ်မသွားသေးဘဲ ဦးငယ်အိမ် အရင်ဝင်ကာ နှုတ်ဆက်လိုက်သည်။ နာရီဝက်လောက် ဦးငယ်အိမ်မှာ စကားပြောပြီးမှ Renjun အခန်းဘက်သို့ ကူးလာလိုက်သည်။
Ting Tong ~~~
အခန်းတံခါး ဘဲလ်တီးပြီး တံခါးဖွင့်ပေးမည်ကို စောင့်လိုက်သည်။ တံခါးလာဖွင့်ပေးသည်နှင့် လာဖွင့်ပေးသူကို ကြည့်လိုက်သော Injun hyung။ Jaemjn ခေါင်းလေးငုံ့ကာ နှုတ်ဆက်လိုက်တော့ ခေါင်းငြိမ့်ပြသည်။
"Jaemin လာလေ Geက မင်းကို စောင့်နေတာ မရောက်သေးတာနဲ့ ရေချိုးနေတယ်"
"ဟုတ်ကဲ့ hyung"
"ဒါနဲ့ စာမေးပွဲ ဖြေနိုင်လား"
"ရသလောက်တော့ ဖြေခဲ့တယ် အောင်တော့အောင်မှာပါ"
"အင်း ဒါနဲ့ မင်း ဒီမှာ မစောင့်ချင်ရင် သူ့အခန်းထဲ သွားစောင့်လေ Jaemin"
"ဟုတ်ကဲ့ hyung ကျွန်တော် သူ့အခန်းထဲ သွားစောင့်နေလိုက်မယ်"
"အင်း"
Jaemin အူကြူးအခန်းထဲ ဝင်လိုက်တာနဲ့ ဆပ် ပြာနံ့တစ်ချို့နဲ့အတူ သီချင်းဆိုသံတစ်ချို့က ရေချိုးခန်းထဲက ပျံ့လွင့်လာသည်။
ဆယ်မိနစ်ကြာပြီးတဲ့နောက်မှာ ရေချိုးခန်းထဲက ထွက်လာတဲ့ Renjun။ ရေစက်တွဲလဲကျနေတဲ့ ဆံပင်ကို ပဝါနဲ့ သုတ်ကာ သီချင်းက ညည်းနေသေးသည်။
ကုတင်ပေါ်က Jaeminကို မြင်တော့ Renjun သီချင်းဆိုတာ ရပ်သွားသည်။ ပြီးတော့ တစ်ချက်ရယ်ပြပြီး အဝတ်လဲခန်းထဲ ဝင်ကာ အဝတ်သွားဝတ်လေရဲ့။
Renjun အဝတ်လဲခန်းက ထွက်လာပြီး Jaemin ဘေး လာထိုင်သည်။ ဆံပင်ကတော့ စိုနေတုန်းမို့ ပဝါနဲ့ သုတ်နေဆဲ။
"ကျွန်တော် သုတ်ပေးမယ်"
"ရတယ် Jaem ဗိုက်ဆာနေပြီလား"
"ဟင့်အင်း ဆာတယ်ရယ်လည်း မဟုတ်ပါဘူး ပေးပါ ကျွန်တော် သုတ်ပေးမယ်"
"Dryer ပဲ မှုတ်ပေးတော့ ပြီးရင် ထမင်းသွားစားကြမယ်လေ"
"ဟုတ် Injun hyung လည်း မစားရသေးဘူးမလား"
"အင်း ငါတို့နဲ့မှ တူတူစားမှာ"
"ဒါဆိုလည်း ခေါင်းမြန်မြန် ခြောက်အောင်လုပ်ပြီး စားကြမယ်လေ"
"အင်း"
Renjun နဲ့ Jaemin အခန်းထဲက ထွက်လာတော့ မီးဖိုချောင်က ထမင်းစားပွဲမှာ ဖုန်းသုံးရင်း ထိုင်နေတဲ့ Injun ကို တွေ့ရသည်။
သူတို့ ထမင်းစားခန်းထဲ ဝင်လာတာ မြင်တော့ Injun က လက်ထဲက ဖုန်းကို ပိတ်လိုက်ပြီး ထမင်းစားဖို့ရန်အတွက် ပြင်လိုက်သည်။
"ကျွန်တော်က Ge တို့ ထွက်တောင် ထွက်လာပါတော့မလားလို့"
"ဘာဖြစ်လို့လဲ"
"အကြာကြီးပဲလေ အခန်းထဲမှာ အဟမ်း ဘာတွေလုပ်နေကြတာလဲ"
"ရား ငါခေါင်းလျှော်ထားလို့ ဆံပင်ခြောက်အောင် သုတ်နေတာ လျှောက်တွေးမနေနဲ့"
"လျှောက်မတွေးနေပါဘူး ကြာတယ်လို့ပဲ တွေးပြီး ဒီတိုင်း ပြောလိုက်တာကို"
Renjun နဲ့ Injun စကားပြောနေချိန် ဝင်ရောက် ပြောလာတဲ့ Jaemin ..
"Hyung တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ ကျွန်တော် နားလည်အောင် ကိုရီးယားလို ပြောပေးလို့ရမလား"
(အင်းလေ တရုတ်လိုပဲ ပြောနေသော ကိုရီးယားသားလေးက ဘယ်လိုနားလည်မှာလဲလို့ 😐😑🤧)
"အော် သိချင်တာလား ငါပြောနေတာက"
"ဘာမှမဟုတ်ပါဘူး သူဗိုက်ဆာနေပြီလို့ ပြောတာ စားရအောင်လေ"
"မဖြစ်နိုင်တာကို ဒီလောက် ခွန်းတုံ့ပြန် ပြောနေကြတာ ဒီလိုစကားနည်းနည်းပဲ မဖြစ်နိုင်ဘူး"
"Renjun ပြောသလိုပါပဲ Jaeminရဲ့။ စားကြရအောင်လေ"
"ဟုတ်ကဲ့"
အပိုင်း (ဂ)
ထမင်းစားပြီးတဲ့နောက်မှာ Renjun ခွာပေးတဲ့ အသီးကို ဧည့်ခန်း၌ စကားပြောရင်းစားကြသည်။ ထိုအချိန် Renjun တို့ ပါပါးနဲ့ မာမား ဆီမှ ဖုန်းဝင်လာခဲ့သည်။
"Jaem ငါ့အခန်းထဲ ခဏသွားနေပေးပါလားဟင်"
"ပါပါးတို့ဆီကလား"
"အင်း"
"အေးဆေးပြော မောင် ဘာမှမဖြစ်ဘူး"
"ကျေးဇူးတင်ပါတယ် Jaem"
Jaemin အခန်းထဲ ဝင်သွားပြီးတဲ့နောက်မှာ Renjun ဖုန်းကိုင်လိုက်သည်
"ပါး နေကောင်းလား"
(သားတို့ ဘာလုပ်နေလို့လဲ နှစ်ယောကိလုံး ဖုန်းမကိုင်ကြလို့)
"သားတို့ ထမင်းစားနေလို့ပါ"
(အော် အင်းအင်း အပြင်တွေ သိပ်မထွက်နဲ့နော် စားမေးပွဲ နီးနေပြီမလား စာသေချာလုပ်ကြ)
"ဟုတ်ကဲ့ ပါပါး မားရော"
(ရှိတယ် စာရင်းတွေ စစ်နေလို့)
"ဟုတ်ကဲ့ ပါပါး"
(သားငယ်ရော)
"ရှိတယ် ပါး ရော့ အငယ်"
(အင်း ဖုန်းပေးလိုက်ပါဦး)
"ပါး နေကောင်းလား"
(ကောင်းတယ် သားတို့လည်း ကျန်းမာရေး ဂရုစိုက် ပြီးတော့ စာလည်းသေချာလုပ်နော် သားငယ်)
"ဟုတ်ကဲ့ ပါး"
(အင်းအင်း တစ်ခုခု လိုတာရှိရင် ပါးကို ဖုန်းဆက်ကြနော် နှစ်ယောက်လုံး )
"ဟုတ်ကဲ့ ပါပါး"
(ပါး မုန့်ဖိုးလွှဲပေးထားမယ်နော် သားတို့)
"ဟုတ်ကဲ့ ပါပါး"
(ဒါဆို ဖုန်းချလိုက်တော့မယ်နော်)
"ဟုတ်ကဲ့ ပါပါးတို့လည်း ကျန်းမာရေး ဂရုစိုက်ကြ နှစ်ယောက်လုံးကို လွမ်းတယ်"
(အင်းပါ ချလိုက်ပြီနော်)
"Ge အဆင်ပြေရဲ့လား"
"ပြေပါတယ် ငါပြောပြလိုက်မယ်ဆို ပြသနာတွေ ဖြစ်လာမှာ သိတယ်မလား"
"အင်း နားလည်ပါတယ်"
"ကဲပါ ဘာမှမတွေးနဲ့တော့ ငယ် ငါအခန်းထဲ ဝင်တော့မယ်နော်"
"အင်း သွားတော့လေ ငါလည်း အခန်းထဲ ဝင်တော့မယ်"
"အင်း"
Renjun သက်ပြင်းတစ်ချက်ချပြီး တံခါးဖွင့်ကာ အခန်းထဲ ဝင်ခဲ့လိုက်သည်။ Jaeminကို အခန်းထဲ မမြင်ရ၍ လိုက်ရှာကြည့်တော့ ဝရံတာမှာ ထိုင်နေသည်။
ဝရံတာမှာ ရပ်နေတဲ့ Jaemin ဘေးမှာ Renjun ရပ်လိုက်သည်။ သူရပ်တော့ သူ့ကို လှည့်ကြည့်ကာ ပြုံးပြလာရင်း ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။
"တောင်းပန်ပါတယ် Jaem"
"မလိုပါဘူး အူကြူးရဲ့"
"ကျေးဇူးလည်း တင်ပါတယ်"
"အင်း"
"ချစ်တယ်"
"မောင်လည်း ချစ်တယ်"
ထိန်ထိန်သာနေတဲ့ လမင်းကြီးရယ် .. အရောင်စုံတောက်ပနေတဲ့ ကြယ်လေးတွေရယ် .. ဝရံတာမှာ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ပြီး ကြည်နူးနေကြတဲ့ ကောင်လေးနှစ်ယောက်ရယ်
.. မြတ်နိုးဖွယ်ရာ သက်ဝင်ပန်းချီကား တစ်ချပ်လို ...
အပိုင်း (ဃ)
Renjun တို့ သုံးယောက် စာတူတူ စုလုပ်ကြမည်ဆိုပြီး စာကြည့်တိုက် ရောက်နေကြခြင်းပင် ဖြစ်သည်။ စာလုပ်ဖို့ပဲ စိတ်ထည့်ထားတဲ့ Renjun ကတော့ စာကြည့်တိုက် ရောက်တာနဲ့ စာပဲ တန်းလုပ်နေသည်။
Haechan နဲ့ Jeno ကတော့ စကားလေး နည်းနည်းလောက် များပြီးမှ စာလုပ်တတ်တဲ့သူတွေ ဖြစ်တော့ စာလေးလုပ်လိုက်၊ စကားများလိုက်၊ နှစ်ယောက်သား ရန်ဖြစ်လိုက်နဲ့။
"Lee Jeno မင်း ကောင်မလေးနဲ့ အဆင်ပြေလား"
"ငါ သူမကို ဖြတ်လိုက်ပြီလေ"
Jeno အဖြေကြောင့် Renjun အံ့သြသွားရသည်။ တွဲတာ နှစ်ပတ်နီးပါးပဲ ရှိသေးတဲ့ ကောင်မလေးကို ဖြတ်လိုက်ပြီတဲ့လား။
"သူမက ဘာဖြစ်လို့လဲ မင်းနဲ့ အဆင်ပြေမယ် ထင်ခဲ့တာ"
Renjun ရေးလက်စ ဘောပင်ကို ချပြီး စကားပြောတဲ့ထဲ ဝင်ပါလိုက်သည်။
"သူမနဲ့ လက်တွဲမယ်ဆိုလည်း အရာရာ အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ တကယ် ချစ်တဲ့သူကို ရှာတွေ့သွားလို့"
"အဲ့ကောင်က မျက်နှာများနေတာ Renjun"
"အင်းပါ နှစ်ယောက်လုံး အဆင်ပြေကြရင် ပြီးရောလေ"
"ပြေပါတယ် နည်းနည်းတော့ ပြောခံရတာပေါ့ ငါ့ကိုက သူများနှလုံးသားကို သွားကစားသလို ဖြစ်တာကို"
"နည်းတောင် နည်းသေးတယ် ဟိုက ပါးမရိုက်လိုက်ဘူးလား"
"ရား Lee Haechan အဲ့လောက်ထိ မဖြစ်ဘူးကွ"
"တိုးတိုး Jenoရ တော်ကြာ စာကြည့်တိုက်က ဝန်ထမ်းတွေ ဆူညံလို့ လာပြောနေဦးမယ်"
"မင်းကို နည်းနည်း ဖြစ်ဖြစ် ရိုက်လိုက်သင့်တာ"
"မင်း သေချင်နေပြီလား"
"ကဲ တေိာကြပါတော့ မင်းတို့ နှစ်ယောက်လုံး"
"Jeno မင်း ဒါနဲ့ နောက်တစ်ယောက်က ဘယ်ကလဲ ငါတို့ကျောင်းကပဲလား"
"ငါတို့ကျောင်းက မဟုတ်ဘူး"
"အဲ့ကောင်က ကျောင်းပါ လိုက်ပြောင်းချင်နေတာလေ"
"အဲ့လောက်ထိ သဘောကျနေတာလား"
"သဘောကျတာထက် ပိုတယ် ချစ်မိသွားတာ"
"အဲ့ကောင် အရူးရင့်နေပြီ Renjunရေ"
"နေပါဦး Haechan မင်းက သိနေတာလား သူ့အသစ်လေးကို"
"ဟီး သိတာပေါ့ ဝေးဝေးလံလံက လူမှမဟုတ်တာ"
"မင်းတောင် သိတယ် ဆိုတော့ ငါရော သိလား"
"အင်း"
"မင်းနဲ့ အနီးကပ်ဆုံးနားကပဲ Renjunရဲ့"
"Lee Haechan မင်း"
"ငါပြောတာ မှားနေလို့လား"
"ငါ့ အနီးကပ်ဆုံးနားက အင်း ငါနဲ့ နီးကပ်သလောက်က ကောင်မလေး ဆိုတော့"
"ကောင်မလေး မဟုတ်ဘူး ကောင်လေး"
"ကဲ တော်ပြီ Lee Haechan ရယ် ငါပြောပြတော့မယ်"
"ပြီးနေတာပဲကို"
"ဘယ်သူလဲ Jeno"
"Injun"
"အော် Injun ကို .. ဟမ် ငါ့ ညီကို မင်းက"
"အင်းလေ ယောက်ဖရဲ့"
"ဘယ်လို ဖြစ်ကုန်ကြတာလဲဟ"
"ဟီး အဲ့လိုတွေ ဖြစ်ကုန်တာပဲ"
"Injun သိလား"
"မသိဘူး"
"အင်းပါ ဘယ်လိုက ဘယ်လို သဘောကျပြီး အငယ့်ကို ချစ်သွားလည်း မသိပေမယ့် ညီငယ်သာ မင်းကို ချစ်လို့ လက်ခံတယ်ဆို ဘာတွေပဲဖြစ်ဖြစ် ညီငယ့်ကို အများကြီး ချစ်ပေးပြီး သေချာ ဂရုစိုက်ပေးပါ။ ညီငယ်က ကလေးဆန်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ အများကြီး ရင့်ကျက်တယ် Jeno"
"ဟုတ်ကဲ့ hyung"
"ဝါး Lee Jenoတို့ ချက်ချင်း အခေါ်အဝ်ါတောင် ပြောင်းသွားတာ ကျန်းး ပြီးတော့ Renjun မင်း နည်းနည်းလေးတောင် ဘာဘာညာညာ မမေးတော့ဘူးလား "
"ညီငယ့် ဆန္ဒက အရေးကြီးတာမို့ သူအဆင်ပြေရင် ငါက ရတယ်။ ညီငယ့်ကို ခံစားရအောင်တော့ မလုပ်နဲ့ပေါ့ကွာ။ အဲ့ကျ ငါ သည်းခံမိတယ် မထင်ဘူး ဟား"
"အင်းပါ ငါနားလည်ပါတယ် Renjun"
"ကဲပါ စာလုပ်ကြရအောင်"
"အင်း"
အပိုင်း (င)
စာမေးပွဲ သုံးဘာသာ ပြီးလို့ အေးအေးဆေး ဆေး ဖြစ်နေတဲ့ Injun ကတော့ အခန်းထဲမှာ အိပ်နေပေမယ့် စာမေးပွဲတောင် မစရသေးတဲ့ Renjun တို့ သုံးယောက်ကတော့ ခေါင်းဆိုင်လို့ ပုစ္ဆာတွေ ဖြေရှင်းနေရသည်။ Jaemin ကတော့ မနက်လာ ညနေပြန်နဲ့ စာမေးပွဲ မရှိတဲ့သူကြီးကျလို့ သူ့ဘဲနား ကပ်နေတာ။
"ငါ ဒီအပုဒ်ကို နားမလည်ဘူး"
"ငါက ဒီအပုဒ် မရတာ"
"ငါကကျ ဒီအပုဒ်"
သူက ဟိုအပုဒ် မရ ငါက ဒီအပုဒ် မရနဲ့ သုံးယောက်သား ဟုတ်နေပြီ
"ဆရာ xiumin ကို ဖုန်းဆက်မေးကြရအောင်"
Renjun ဆီက ထွက်လာသော စကားသံ
"ဆရာ့အိမ်သွားရင်ရော"
Lee Jeno ရဲ့ ထပ်လောင်း စကားသံလေးနဲ့အတူ တစ်ဆက်တည်း ထွက်လာသူမှာ Haechan။
"ဆူမှာပေါ့ကွ"
"ခု ဖုန်းဆက်လည်း ဆူခံရမှာပဲကို"
"လူကိုယ်တိုင်တွေ့တာထက် ဖုန်းက နည်းနည်းတော့ တော်သေးတယ်လေကွာ"
"အေး ဟုတ်တယ် Renjun ပြောသလိုပဲ ဖုန်းဆက်ကြရအောင်"
ဆရာ့ဆီ ဖုန်းဆက်စာမေးတော့ အဆူခံရသည်မှာ ဆယ့်ငါးမိနစ်လောက်ကြာသည်။ စာရှင်းပြသည်မှာကျ ဟိုက်ပါ Renjunရဲ့ ဆရာက နည်းနည်းလေး ပြောလိုက်ရုံနဲ့တင် ရသွားသည်မို့ ငါးမိနစ်တောင် မကြာလိုက်။
ဆရာ့ဆီက ဖုန်းချသွားတဲ့နောက်မှာ Renjun ဘောပင်ကို ပြန်ကိုင်ရင်း Haechan နဲ့ Jeno ကို ရှင်းပြလိုက်သည်။ ဆယ်မိနစ်ကြာရှင်းပြပြီးတဲ့ နောက်မှာ မရတဲ့ အပုဒ်တွေထဲက တစ်ပုဒ် ရသွားသည်။
သုံးယောက်သား စာတစ်ပုဒ်ရသည်ကို အကုန်ရသွားသလို ဘောပင်ချကာ စကားပြောဖို့ ပြင်ကြသည်။ ငြိမ်နေတယ်လို့ ခံစားမိတဲ့ Jaeminကို ကြည့်လိုက်တော့ ဖုန်းသုံးနေသည်။
"Jaem စာမလုပ်ဘဲ ဘာလုပ်နေတာလဲ"
"လုပ်ပါတယ် Renရဲ့ ခုနကမှ စသုံးတာပါ"
"ငါ့ကို ဖုန်းပြ"
"ဘာလို့"
"ပြပါဆို"
"ရော့"
Renjun ဖုန်းကို ယူကာ screen မှာ ပေါ်နေသော စာကို ဖတ်လိုက်သည်။
"ဟမ် မုန့်တွေမှာနေတာလား"
"အင်းလေ ခဏနေ နေ့လည်စာ စားရမယ့်အချိန်ရောက်တော့မယ်လေ။ အိမ်မှာလည်း ဘာမှမချက်ထားဘူးမလား"
"အင်း ငါ့ရဲ့ Jaem က အလိုက်သိလိုက်တာ"
Renjun ပြောပြီး Jaemin ပါးလေးကို ဆွဲလိုက်သည်။ Renjun အရှေ့ဘက်သို့ မျက်နှာပြန်လှည့်တော့ 'သည်းနေလိုက်တာ' ဆိုတဲ့ မျက်နှာဘေးနဲ့ ကြည့်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ကို အကြည့်စူးစူး ပစ်လွှတ်လိုက်သည်
"Jaemin မင်း ငါတို့အတွက်ရော ပါရဲ့လား"
"ပါတာပေါ့ hyung ကလည်း"
"တော်သေးတာပေါ့ ငါတို့ကို သတိရသေးလို့"
"ဒါနဲ့လေ Ren ... Injun Hyung ရော နိုးပြီလား ကြည့်ပါဦး မုန့်က နောက် ဆယ်မိနစ်ဆို ရတော့မှာ တူတူစားလို့ရအောင်"
"အင်း သွားကြည့်ပြီး နှိုးလိုက်မယ်"
"ငါနှိုးလို့ ရမလား Renjun"
ခွင့်တောင်းသလို ပြောလာတဲ့ Jeno ကို စိုက်ကြည့်ပေးလိုက်တော့ 'စတာပါ' ဆိုပြီး ခေါင်းငုံ့ကာ ငြိမ်သွားလေရဲ့။
ပုခုံးကို လှမ်းပုတ်တော့ ပြန်မော့ကြည့်လာသည်။ 'မင်းသွားလို့ရတယ် သွား' လို့ ပြုံးပြီး ပြောတော့ 'ကျေးဇူးတင်ပါတယ် ယောက်ဖ'လို့ ပြောရင်း Injun အခန်းကို တံခါးခေါက်ကာ ဝင်သွားလေသည်။