အမှတ်မထင်ဖူးစားရှင် (Complete)

By user24694613

159K 10K 432

Xiao Zhan ❤️💚 Wang Yibo More

Part 1(Uni&Zaw)
Part 2(Uni&Zaw)
Part 3(Uni&Zaw)
Part 4(Uni&Zaw)
Part 5 (Uni&Zaw)
Part 6(Uni&Zaw)
Part 7(Uni&Zaw)
Part 8 (Uni&Zaw)
Part 9 (Uni&Zaw)
Part 10 (Uni&Zaw)
Part 11 (Uni&Zaw)
Part 12(Uni&Zaw)
စျေးဗန်းခင်းချင်လို့ပါရှင့်
Part 13 (Uni&Zaw)
Part 14 (Uni&Zaw)
စျေးဗန်း😁😁😁
Part 15(Uni&Zaw)
Part 16 (Uni&Zaw)
Part 17 (Uni&Zaw)
Part 18 (Uni&Zaw)
Part 19(Uni&Zaw)
Part 20(Uni&Zaw)
Part 21(Uni&Zaw)
Part 22 (Uni&Zaw)
Part 24(Unii&Zaw)
Part 25(Uni&Zaw)
Part 26 (Uni&Zaw)
Part 27(Uni&Zaw)
Part 28(Uni&Zaw)
Part 29 (Uni&Zaw)
Part 30 (Uni & Zaw)

Part 23 (Uni&Zaw)

3.6K 268 13
By user24694613

Part 23 (Unicode)

တစ်နှစ်ခန့်ကြာသောအခါ

''ပါးပါး ပါးပါး သားသားကိုအပြင်ကိုလိုက်ပို့ပါ´´

''သားသားကဘယ်သွားချင်လို့လဲ´´

''ကစားကွင်း´´

''အင်းအင်း ဟုတ်ပြီ ပါးပါးလိုက်ပို့မယ်နော် ကိုကိုဖန်းရှင်းကိုခေါ်လိုက်ဦးမယ် ´´

''ပါးပါးတို့ ကိုကို ဖန်ရှင်းမလာခင် အဆင်သင့်လုပ်ထားကြရအောင်´´

''ဟုတ်ကဲ့ပါးပါး အဲ့ဒါကြောင့်ပါးပါးကိုချစ်တာ´´

'' မွမွ´´

''ဟုတ်ပါပြီ ပါးပါးအသဲလေးရယ် လာ´´

ဝမ်လေးမှာသားသားလေးဝမ်ရိရှောင်းကို အပြင်ကို တစ်လတစ်ခေါက်တော့ အနည်းဆုံးလိုက်ပို့ဖြစ်သည် ဘာကြောင့်လဲဆို သားသားကို သူ့လို ဘာမှမသိ နားမလည် ပိုက်ဆံဆိုတာတောင် မသိခဲ့တဲ့ဆိုတာမျိုး မဖြစ်စေချင်

သားသားကလဲအလွန်လည်သည် ဘာပြောပြော နားလည်သည် သိမြင်တတ်မြင်လွယ်သည် သားသားကိုဝမ်လေး မွေးထားတယ်ဆိုတာကို ဖန်ရှင်းကသားသားနားလည်အောင်ပြောပြထားသည် ကောရဲ့ပုံကို ပြပြီး သာသားဒယ်ဒီ ဆိုတာကိုလဲပြောပြထား၍ ညဘက်ဆို ဒယ်ဒီနဲ့ပါးပါးကို ကန်တော့ပြီးမှအိပ်ဖို့ကိုလဲမမေ့

ဖန်ရှင်းကဘယ်လိုပြောပြထားသည်မသိ ဒယ်ဒီဘယ်ရောက်နေတာလဲ ဒယ်ဒီကိုခေါ်ပေးပါဆိုတာမျိုး ဂျီမကျ  အရမ်းသိတတ်လိမ်မာသည် တစ်အိမ်လုံးကိုပတ်မွှေပြီးဂျီကျတတ်ပေမယ့် သူ့ပါးပါးတော့မပါပေ ဝမ်ရိရှောင်းဆိုသည်မှာ အဲ့လိုပင် သူ့ပါးပါးကိုချစ်တဲ့သူဖြစ်သည်

''သားသားနေပူထဲမထွက်ရဘူးနော် ´´

''ဟုတ် ပါးပါး´´

''ကိုကို ဖန်ရှင်းသွားဆော့မယ်´´

''ကိုကိုရေ ဟိုဟာစီးမယ်´´

'' - -------------------------------´´

ဝမ်လေးသားသားကို မြင်ရတဲ့ အရိပ်တစ်ခုကနေပဲကြည့်နေလိုက်သည် သူ့အကို ဖန်ရှင်းလက်ကိုဆွဲပြီး တစ်ခုပြီးတစ်ခု ဆော့နေသည် ဖန်ရှင်းမှာ အရွယ်ရောက်နေပြီးသားဖြစ်သော်လဲ သူ့ညီအကြိုက် အကုန်လိုက်ဆော့ပေးသည် ဘေးနားက ကောင်မလေးများက သူ့ကိုကြည့်နေလဲ သူကတော့ ဂရုမစိုက်ပေ သူ့ညီမျက်နှာတစ်ချက်မညှိုးမခဲသူဖြစ်သည် ဖန်ရှင်းနဲ့သားသားဆော့နေတာကိုကြည့်နေစဉ်မှာပဲ ကောင်မလေးတစ်ယောက်က အနားရောက်လာပြီး

''ဟိုလေ ကောကော ညီမတစ်ခုလောက်မေးချင်လို့ပါ´´

''ဟုတ်ကဲ့ မေးပါ´´

''ဒီမှာကလေ သရဲအိမ်ဝင်ကြည့်ချင်လို့အဲ့ဒါဘယ်မှာလက်မှတ် ဝယ်လို့ရလဲဟင် ကောကော´´

''ပါးပါး မသိဘူး အဲ့ဒါ အဒေါ်ကြီးသိချင်ရင် ဒီကဝန်ထမ်းတွေကိုမေး သားပါးပါးကို မမေးနဲ့´´

''ဝမ်ရိရှောင်း ´´

''ဟုတ်သားပဲပါးပါးရဲ့ ညီလေးပြောတာမမှားပဲနဲ့´´

''ဖန်ရှင်းမင်းကပါ´´

''ဟိုဒီက မောင်လေးတို့က......´´

''ပါးပါးရဲ့ချစ်လှစွာသောသားတွေ ကိုကိုရှောင်းဖန်ရှင်း သားသားက ရှောင်းဝမ်ရှင်း ပါးပါးမှာအိမ်ထောင်ရှိတယ် အဒေါ်ကြီး´´

''သြော် ဟုတ်ပါပြီ မမကမသိလို့ပါနော် ခွင့်ပြုပါဦး´´

''မြန်မြန်ကြွ´´

''သားသား ´´

''ပါးပါးကလဲ သားက ပါးပါးကို ချစ်လို့ ကာကွယ်ပေးနေတာကို နော့လေ ကိုကိုဖန်ရှင်း´´

''ဟုတ်တယ်လေး ပါးပါး ညီလေးနဲ့သားက ပါးပါးကို ဘယ်သူ့မှမပေးနိုင်လို့ကာကွယ်ပေးနေတာပါ´´

ဖန်ရှင်းနဲ့ရိရှောင်း လက်ဝါးချင်းရိုက်လိုက်ကြသည် စောစောက ပါးပါးနားလာပြီး အီစီကလီလုပ်တဲ့ အစ်မကို အဒေါ်ကြီး ဟု ပိတ်ခေါ်ပစ်လိုက်သည် တကယ်တော့ ဖန်ရှင်း နဲ့ သုံးလေးနှစ်လောက်ပဲကွာမည် သူတို့ကစားနေရင်းကပါးပါးကိုတစ်ချက်လှမ်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်ပါးပါးအနားကပ်တာမြင်သည်နှင့် ဆက်မဆော့တော့ပဲ ပါးပါးဆီသို့ တန်းပြေးလာခဲ့သည်

''ကဲ သားသား အခုဆော့လို့ဝပြီလား ဘယ်သွားချင်သေးလဲ´´

''ဟုတ်ဆော့လို့ဝပြီ ပါးပါး ဗိုက်ဆာတယ်´´

''အိုကေ ပါးပါးတို့ အပြင်မှာပဲနေ့လည်စာ စားရအောင်´´

''သားဖန်ရှင်း သားသားတို့ကြိုက်မယ့် စားသောက်ဆိုင်ကိုမောင်း´´

''ကိုကို ဟော့ပေါ့အစပ်ရတဲ့ဆိုင်မောင်းပေး´´

''အိုကေ ညီလေး´´

ဝမ်လေးကအစပ်မစားနိုင်သော်လည်း သားသားကအစပ်စားသည် ထမင်းလဲ ငရုပ်သီးလေးနည်းနည်းပါမှစားသည် သားသားအကြိုက်က ကောနဲ့အကုန်တူ

''ကိုကို ပါးပါးလဲစားလို့ရတဲ့ဆိုင်ကောနော်´´

''အင်းပါညီလေးရ ပါးပါးကောညီလေးကောနှစ်ယောက်လုံး စားလို့အဆင်ပြေတဲ့ဆိုင် ကိုကို လိုက်ပို့မယ်´´

''ဟုတ်ကိုကို အဲ့ဒါကြောင့်ကိုကို ကိုချစ်´´

''အလည်လေးသူစားချင်တာစားရတော့မယ်ဆိုလို့´´

''ဟီးဟီး´´

''ကျေးဇူးပါပဲသားဖန်ရှင်း´´

''ပါးပါးရယ် သားအဖတွေကြားမှာကျေးဇူးတင်ဖို့မလိုပါဘူး´´

''မဟုတ်ပါဘူး သားဖန်ရှင်းက အလုပ်တွေကတစ်ဖက် သားသားလေးနဲ့ပါးပါးလေးကို စောင့်ရှောက်ရတာတစ်ဖက်နဲ့ အရမ်းပင်ပန်းနေမှာသိလို့ ပါးပါးက........´´

''No No ပါးပါးဘာမှ ဆက်မပြောနဲ့ ပါးပါးနဲ့ညီကိုစောင့်ရှောက်ရမှာသားတစ်ယောက်ရဲ့တာဝန်ပဲ နောက်ပြီး ဒယ်ဒီတစ်နေ့နေ့ပြန်လာမယ်လို့သားယုံကြည်တယ် ဒယ်ဒီပြန်လာလို့ ပါးပါးနဲ့ညီ ကို မစောင့်ရှောက်ထားဘူးဆို သားအပြစ်တင်ခံရလိမ့်မယ်´´

''ကိုကို ဒယ်ဒီ ပြန်လာရင် သားသားပြောမယ် ကိုကို ကပါးပါးနဲ့သားသားကို ပိုက်ဆံတွေလဲရှာပေးတယ် စားချင်တာတွေဝယ်ကျွေးတယ်သွားချင်တာတွေလဲလိုက်ပို့ပေးတယ်လို့ နော်ကိုကို´´

''ကိုကို အဆူ မခံရစေရဘူး´´

''ချစ်လိုက်တာ ကိုကို အတတ်လေးရယ် အနားရှိရင် ဆွဲမွပစ်တယ်´´

ဝမ်လေးမှာရှေ့ခန်းကကားမောင်နေတဲ့သားနဲ့ နောက်ကနေ သူ့ကိုကို ကို စကားတွေနဲ့ချုပ်နေတဲ့သားသားကိုကြ ပြီးပြုံးနေမိတော့သည် သားဖန်ရှင်းသည် သူ့အတွက်အရာရာအားကိုးရသောသားတစ်ယောက်ဖြစ်သည် ကုမ္မဏီကိုလဲ ဝမ်လေးသွားစရာ မလိုအောင် သူကြိုးစားသည် ကောတည်ထောင်ပေးထားတဲ့မုန့်ဆိုင်ကနေလဲလက်ခွဲတွေအများကြီး ထပ်ဖွင့်ထားနိုင်သည် အဲ့ကြားထဲကနေ သူ့အကြိုက်နဲ့ သားသားအကြိုက်တွေကို မှတ်ထားပြီး အပြင်ထွက်တိုင်း မရိုးရလေအောင် တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းလိုက်ပို့ပေးသည်

အခုလဲစားသောက်ဆိညင်ရောက်ဆို သူ့အကြိုက်နဲ့သားသားအကြိုက်ကို အရင်မှာပေးသည် သူ့ဖို့တော့ ခေါက်ဆွဲတစ်ပွဲသာ မှာစားသည်

''အာ ညီလေးဟ ဖြေးဖြေးစား ပူတယ်နော်´´

''ဟုတ်ကိုကို´´

''သားဖန်ရှင်းလဲစားလေ သားသားကို ပါးပါးကျွေးလိုက်မယ်´´

''နေပါစေ ရတယ်ပါးပါး သားစားလိုက်ရင်ခဏနဲ့ပြီးတယ်´´

''ပါးပါးသာ ဝအောင်စားပါ အရင်လို ပြည့်အောင် တစ်ခါတစ်လေမှအပြင်ထွက်ရတာကို´´

''အင်းပါ ပါးပါးစားပါတယ်´´

''ရော့ ကိုကိုလဲစား သားသားခွံမယ်´´

''အိုကေ အားကောင်းလိုက်တာ ညီလေးခွံတာမို့လို့နေမယ်´´

''ပါးပါးလဲအာ´´

''ကိုကိုဒါပြီးရင်ညီကိုလေ အရုပ်ဆိုင်လိုက်ပို့ဦး အသစ်ထွက်မှာတဲ့ အရင်တစ်ခေါက်က ဆိုင်ပိုင်ရှင်ကပြောလ်ုက်တယ်´´

''ညီညီနောက်တစ်ခေါက်လာရင်အသစ်ထွက်မယ်တဲ့´´

''ဟုတ်လား ကိုကိုညီလေးကဉာဏ်ကောင်းလိုက်တာ မှတ်မိတယ်ကြည့်စမ်း´´

''ကိုကိုလိုက်ပို့မှာပေါ့´´

''မပို့ရပါဘူး အိမ်မှာလဲ အရုပ်တွေက ဆိုင်ပြန်ဖွင့်စားလို့ရနေပြီ´´

''ပါးပါးကလဲ သားသားက Logo ဆိုင်ကယ်အရုပ်လေးလိုချင်လို့ပါ နော်နော်နော်´´

''သားသား.....´´

''ပါးပါးကလဲဝယ်ပေးလိုက်ပါ´´

''ပြီးပြီးလားလာသွားကြစို့´´

အရုပ်ဆိုင်ကထွက်လာသောအခါ လမ်းမှာ ကောင်လေးတစ်ယောက်က ဝမ်ရိရှောင်း လက်ထဲကယုန်ရုပ်လေးကိုစိုက်ကြည့်နေသည်မှာ မျက်နှာမလွှဲ

ဝမ်ရိရှောင်းလေးသူ့လက်ထဲကနေ ဆိုင်ကယ်အရုပ်ဝယ်လို့ဦးလေးကြီးကလက်ဆောင်ထည့်ပေးလိုက်တဲ့ ယုန်ရုပ်လေးကို မျက်တောင်မခတ်တမ်းငေးကြည့်နေတဲ့ကလေးလေးကိုကြည့်ပြီးသနားနေသည်

''ပါးပါး ပါးပါး´´

''အင်း သားသားပြောလေ´´

''ဟိုကလေးလေးကိုကြည့်ပါဦး သနားပါတယ် သားသားလက်ထဲကအရုပ်ကိုငေးကြည့်နေတယ် အဝတ်အစားလဲကောင်းကောင်းမဝတ်ထားဘူး´´

''အဲ့တော့သားသားက ဘာလုပ်ချင်တာလဲ´´

''သားသားဒီအရုပ်လေးသွားပေးချင်လို့ သားသားလဲဒီယုန်နဲ့ဆော့မှာမှဟုတ်တာ´´

''သားသားပေးချင်ရင်သွားပေးလေ´´

''ပါးပါးနဲ့ကိုကိုပဲ သင်ပေးထားတာလေ မျှဝေရမယ်ဆို´´

''အင်းပါ ဟုတ်ပါပြီ သွားပေးကြမယ်လာ ပါးပါးလိုက်ပို့မယ်´´

''ဟိတ် ကလေးလေးရော့ မင်းဒီအရုပ်ကိုသဘောကျနေတာမလား ´´

''ငါမဆော့ဖြစ်လို့မင်းကိုပေးမယ် အသစ်နော် အကောင်းမင်းကိုခင်လို့ပေးတာ´´

''ကျေးဇူးတင်ပါတယ်အစ်ကိုလေး´´

''ကျင်းလင် ကျင်းလင် ဘာလုပ်နေတာလဲဒီမှာ´´

''ဆရာကြီးဒီကညီလေးကကျွန်တော်ကိုအရုပ်လာပေးနေလို့ယူနေတာပါ´´

''သြော် ဒီက လူလေးတို့ကို ကျေးဇူးတင်ပါတယ်ကွယ်´´

''ဆရာကြီးတို့လဲ ကလေးတွေကအများကြီးဆိုတော့ အရုပ်ဝယ်ဖို့မတတ်နိုင်လို့ဝယ်မပေးဖြစ်ဘူး´´

''ကလေးတွေကဘာလို့များနေလဲဘဘ´´

''ဘဘတို့ကျောင်းကမိဘမဲ့ကျောင်းမို့လေ ကလေးလေးရဲ့´´

''ဟင် ဟုတ်လား ဦးလေး´´

''ဟုတ်ပါတယ်လူလေး´´

''ဦးလေးတို့ကျောင်းလိပ်စာလေးပေးခဲ့လို့ရမလားမသိဘူး သားသားမွေးနေ့ကျ အလှူလာလုပ်ချင်လို့ပါ´´

''အို ရတာပေါ့ကွယ် ဦးလေးတို့က ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါ´´

''ဟုတ်ကဲ့ပါဦးလေး ကျေးဇူးတင်ပါတယ်´´

''ဦးလေးကပြန်ပြီးကျေးဇူးအများကြီးတင်ပါတယ်´´

''ဟုတ်ကျွန်တော်တို့ကို ခွင့်ပြုပါဦး´´

''လာသားသားပါးပါးတို့ပြန်ရအောင်´´

''ဟုတ်ပါးပါး´´

''ဘိုင့်ဘိုင့်ကျင်းလင်နောက်မှပြန်ဆုံမယ် ငါ့နာမ်မည် ဝမ်ရိရှောင်း မှတ်ထားနော်´´

''အင်းဘိုင့်ဘိုင်´´

Part 23 (Zawgyi)




''ကစားကွင်း´´




'' မွမွ´´






''ဟုတ် ပါးပါး´´


''ကိုကိုရေ ဟိုဟာစီးမယ်´´

'' - -------------------------------´´



''ဟုတ်ကဲ့ မေးပါ´´



''ဝမ်ရိရှောင်း ´´


''ဖန်ရှင်းမင်းကပါ´´

''ဟိုဒီက မောင်လေးတို့က......´´



''မြန်မြန်ကြွ´´

''သားသား ´´









''အိုကေ ညီလေး´´






''ဟီးဟီး´´






''ကိုကို အဆူ မခံရစေရဘူး´´





''ဟုတ်ကိုကို´´







''ပါးပါးလဲအာ´´







''သားသား.....´´





''ပါးပါး ပါးပါး´´

''အင်း သားသားပြောလေ´´
















''ဟင် ဟုတ်လား ဦးလေး´´

''ဟုတ်ပါတယ်လူလေး´´







''ဟုတ်ပါးပါး´´


''အင်းဘိုင့်ဘိုင်´´

Continue Reading

You'll Also Like

368K 38.3K 42
လက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်...
434K 68.7K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
305K 20.6K 60
ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top) (Btt)