Part 25 (Unicode)
''ဖွား ဝမ်လေးပြောစရာရှိလို့´´
''အင်း ပြောလေ မြေး´´
''ဖွား ပြောတဲ့ ကိစ္စ ဝမ်လေးလက်ခံပါတယ် ´´
''သားသားလေးကို ကျောင်းရောက်ရင်မျက်နှာမငယ်စေချင်ဘူး´´
''အင်း မြေးလေးဆုံးဖြတ်ချက်မှန်တယ်´´
''ဟုတ်ကဲ့ ဖွား´´
''ဒါနဲ့ ဒီနေ့ လချုပ်စာရင်းတွေရှင်းဖို့ အားလီလာမှာမဟုတ်လား´´
''ဟုတ်တယ်ဖွား မမအားလီလာမှာ´´
''အဲ့ကျမှ တိုင်ပင်ကြည့်ပေါ့ မြေး ´´
''ဖွားက ဘာမှမဝင်စွက်ဘူး မြေးကို သင့်တော်၏မသင့်တော်၏ နဲ့လုပ်သင့်လုပ်ထိုက်တာ ကိုပြောပြယုံပါပဲ´´
''ဟုတ်ကဲ့ ပါ ဖွား မြေးနားလည်ပါတယ်´´
''အေးပါကွယ် မြေးလေး နားလည်ရင် ဖွားကျေနပ်ပါတယ်´´
''ဟုတ်ကဲ့ ဒါဆို ခွင့်ပြုပါဦး ဖွား´´
''အေးအေး မြေးလေး´´
''ပါးပါးရေ ပါးပါး´´
''ပါးပါး ဒီမှာသားသား ´´
''တားတား ကပါးပါးမတွေ့လို့ရှာနေတာ ပါးပါးက ဖွားဖွားအခန်းထဲ ရောက်နေတာကိုး´´
''အင်း ဟုတ်တယ် ပါးပါး ဖွားနဲ့ စကား ခဏပြောနေတာ´´
''သားသား က ပါးပါးကို ဘာလို့ရှာနေတာလဲ´´
''ဘာမှမလုပ်ပါဘူး တားတား ပါးပါးမတွေ့လို့ရှာတာ ပါ တားတား အရုပ်ဆက်မယ် ပါးပါး တားတားဘေးနားမှာထိုင်´´
''သားသား ´´
''ဗျာ ပါးပါး´´
''ဒီနေ့ အန်တီ အားလီ လာမှာ´´
''ဟာ ဟုတ်လားပါးပါး ပျော်စရာကြီး´´
''သားသားက အန်တီအားလီကို ချစ်လား ´´
''ဟုတ် ချစ်တယ် ပါးပါး ´´
''အန်တီက ဒီတစ်ခေါက်လာရင် တားတားကို စီးလို့ရတဲ့ ဆိုင်ကယ်လေး ဝယ်လာခဲ့ ပေးမယ်တဲ့´´
''ဒါဆို သားသား ချစ်တယ်ဆိုတာက သားသားလိုချင်တာတွေ ဝယ်ပေးပြီး သားသားအလို လိုက်လို့ချစ်တာလား´´