ကမ႓ာႀကီး အြန္လိုင္းေပၚ တက္သြာ...

god-dess11

80.5K 6K 384

လြန္ခဲ့သည့္ေၿခာက္လက ထိ၍ကုိင္၍မရသည့္အနက္ေရာင္ေမ်ွာ္စင္ေပါင္း ကမာ႓အနွံ ့တြင္ သိန္းခ်ီကာ ေပၚထြက္လာခဲ့သည္ ။ ဓာတုေ... Еще

အၫႊန္း
အခန္း ၁
အခန္း ၂
အခန္း ၃
အခန္း ၄
အခန္း ၅
အခန္း ၆
အခန္း ၇
အခန္း ၈
အခန္း ၉
စာစဥ္ ၂ ( ၃ + ၄ )
စာစဥ္ ၂ ( ၅ + ၆ )

စာစဥ္ ၂ ( ၁ + ၂ )

1.8K 381 26
god-dess11

အခန္း ၁

စူက်ိဳးမွသည္ ရွန္ဟုိင္းသုိ ့ ကားလမ္းတစ္ေလ်ွာက္လံုး ကားမ်ားၿဖင့္ လမ္းပိတ္ေနသည္ ။
တန္မုိသည္ လမ္းကို ပိတ္ဆီးထားသည့္ ကားနွစ္စီးကို အရင္ တြန္းထုတ္ပစ္လုိက္ၿပီး ကားကို အရွိန္တင္ေမာင္းသြားေတာ့ သည္ ။

သူသည္ ထိုကားမ်ားကို သူတစ္ေယာက္တည္း တြန္းဖယ္ပစ္ခဲ့ၿခင္းတည္း ။

အနက္ေရာင္ေမွ်ာ္စင္ၾကီးကိစၥၿပီးသြားသည့္ေနာက္တြင္ သူ၏စိတ္စြမ္းအင္နွင့္ ကိုယ္ကာယသက္လံုမွာ အလြန္အမင္းတုိးတက္လာေၾကာင္း တန္လံု သိရွိ လာခဲ့၏ ။

သူ၏ကုိယ္ကာယပုိင္းဆုိပါက၊
သူ ့ခြန္အားမ်ား တုိးလာခဲ့သည္၊
ဥာဏအၿမင္မ်ား တုိးတက္လာသည္၊
ေနၿပန္ေကာင္းလာသည့္ စြမ္းရည္ တုိးတက္လာသည္ ။
သူ ့အသားအရည္မွာ သံမဏိလုိ မာေက်ာလာသည္ ။

ခ်န္းစန္းကြမ္သည္ တန္မုိကုိ အက်ၤီယူဖုိ ့ ခြင့္ၿပဳေပးခဲ့စဥ္က တန္မိုသည္ သူ ့အသားအရည္ ဘယ္ေလာက္ထိမာလဲကုိ တမင္စမ္းသပ္ခဲ့၏ ။ လက္ဖမိုးသည္ လူ ့ခႏၶာကုိယ္တြင္ အႏူးညံ့ဆံုးအပုိင္းထဲက တစ္ခုၿဖစ္သည္ ။ ကားေနာက္ဖံုးသည္ ဘုန္းခနဲၿပဳတ္က်လာခ်ိန္တြင္ သူသည္ လက္ဖမုိးကို တမင္ ဒဏ္ရာရေအာင္ စမ္းသပ္ၾကည့္ခဲ့၏ ။ တစ္ဖန္ ၊ ခ်န္းစန္းကြမ္က သူ ့ညွိဳ ့သက်ည္းကုိ ဓားနွင့္ပစ္ေပါက္လုိက္ခ်ိန္တြင္လည္း ဟုိးအသားထဲထိ စုိက္၀င္မသြားခဲ့ေသာ္လည္း မဆုိစေလာက္ေလးသာ ေသြးထြက္လာခဲ့၏ ။

ခႏၶာကုိယ္အေၿခအေနအၿပင္ သူ၏စိတ္ပုိင္းဆုိင္ရာလည္း တုိးတက္လာခဲ့၏။

တန္မုိသည္ ေက်ာင္းသားဘ၀တုန္းက မည္သည့္ေကာင္းက်ိဳးမွ မလုပ္ခဲ့ဖူးသလို မည္သည့္မေကာင္းမႈမ်ိဳးမွလည္း မလုပ္ခဲ့ဖူး ။ သူသည္ သူခုိးလူမိုက္အားေပးမဟုတ္သလို စာေမးပြဲတြင္လည္း တစ္ခါမွ ခိုးမခ်ခဲ့ဖူး ။

ထိုခ်န္းစန္းကြမ္ကိစၥမွာ သူ ပထမဦးဆံုး သတ္ၿဖတ္ၿခင္းအမႈ က်ဴးလြန္ခဲ့သည့္ အၾကိမ္ပင္ ။ သူ ့ကုိယ္သူ ကာကြယ္တာဟုပဲဆုိဆုိ၊ မေတာ္တဆဟုပဲ ဆုိဆို ခ်န္းစန္းကြမ္ကို သူ သတ္ထားၿပီးသြားေလၿပီ ။

အထိတ္တလန္ ့ၿဖစ္သြားတာ၊ ကူကယ္ရာမဲ့မိသြားတာကလြဲၿပီး တခနအတြင္း တည္ၿငိမ္လာခဲ့ကာ ေနာက္ထပ္ဘာဆက္လုပ္ရမည္ကုိ ေအးေအးေဆးေဆးစဥ္းစားလာနုိင္ခဲ့၏ ။

သူ ေသြးေအးလာၿခင္းမွာ
သူ ့ခႏၶာကုိယ္ ဇီ၀ကမၼ အေၿပာင္းအလဲ ေၾကာင့္ေပလား၊
သုိ ့တည္းမဟုတ္ သူကုိယ္တုိင္ကုိက ေၿပာင္းလဲလာၿခင္း ေပလား ။

တန္မုိသည္ ထိုထုိင္ခံုေပၚက စာအုပ္ကို ၾကည့္လုိက္ၿပီး၊
ထုိ ့ေနာက္ အေရွ့ဘက္ကို အာရံုၿပန္ပုိ ့လုိက္ကာ ကားဆက္ေမာင္းလုိက္သည္ ။

လမ္းရွင္းေနရေသာေၾကာင့္ အခ်ိန္တစ္နာရီေလာက္ ဆန့္သြား၏ ။ ၿဖဴလဲ့ေနသည့္မုိးသားေအာက္တြင္ တန္မုိသည္ ရွန္ဟုိင္းၿမိဳ ့ထဲကုိ ၀င္လာခဲ့ေလၿပီ ။
တုိးဂိတ္မွ နွစ္ ကီလုိမီတာအလုိတြင္၊ အေ၀းေၿပးလမ္းမၾကီးေပၚ ပိတ္ဆုိ ့ေနၾကသည့္ ၊ တစ္စီးေပၚတစ္စီး ဖင္ခ်င္းတုိက္ထပ္ေနၾကသည့္ ကားခုနစ္စီးကုိ သူ ေတြ ့လုိက္ရသည္ ။

သုိ ့နွင့္ တန္မုိ ကားေပၚက ဆင္းလုိက္ၿပီး ထုိကားတစ္စီးကို ထိၾကည့္လုိက္သည္ ။

ကြ်ီ

ကားဘီးေတြ ေၿမၾကီးေပၚ ဒလိမ့္ဒလိမ့္ၿဖင့္ ဘုန္းခနဲ အံုးခနဲ ၿပဳတ္က်လိမ့္ထြက္ကုန္ၾကေလၿပီ ။
ကားခုနစ္စီးမွာ လံုး၀ကုိ တုိက္မိသြားၾကကုန္၏ ။ ကားအေရွ့ေခါင္းေတြမွာ ေၾကမြသြားၿပီး
အလယ္မွာ ခ်ိဳင့္၀င္ကုန္သည္ ။
တန္မုိသည္ အေနာက္ကကားေတြကုိ အေရွ့သုိ ့ ပုိ ့ကာ လမ္းရွင္းလုိက္သည္ ။ သူ၏အားတစ္၀က္က်ိဳးလာလုနီးနီးတြင္ အေရွ ့ဆံုးတြင္ ပိတ္ေနသည့္္ ကားဆီသုိ ့ ေရာက္သြားေလၿပီ ။

“ဇိမ္ခံကားပါလား”

တန္မုိက တေသာေသာရယ္လုိက္မိသည္ ။

ပထမဆံုးကားသည္ မစာရက္တီ ၿပိဳင္ကားၿဖစ္၏ ။ သူ၏ရဲရဲေတာက္ေနသည့္ကုိယ္ထည္မွာ ေၾကမြေအာင္ အတုိက္ခံထားရသည္ ။
တာယာမ်ားသည္ ခြင္ေနၿပီး လွိမ့္၍ပင္ မရေတာ့ ။

တန္မိုက အားကုတ္အားခဲ ထုိကားကို မရမကတြန္းေနခုိက္ ေဆာင္းရာသီေလညင္းက တသုန္သုန္တုိက္ခတ္လာသည္ ။ သုိ ့နွင့္ သူ ့ကားကုိ ဖြင့္လုိက္မည္အၿပဳ၊ ရုတ္တရက္ ရပ္မိသြား၏ ။ 

“ဘယ္သူလဲ”

ေလတုိက္သံသဲ့သဲ့သာ ၿပန္ၾကားရသည္ ။

တန္မိုက တံခါးကုိ မဖြင့္ၾကည့္ဘဲ လက္ထဲတြင္ လက္ေကာက္၀တ္ေပၚက မီးၿခစ္ပုံတက္တူးကို လက္နွင့္ဖိထားလုိက္ရင္း ကားနားမွာ ရပ္ေနသည္ ။
ထုိ ့ေနာက္ တဖန္ ေအးစက္စြာ ေမးလုိက္ၿပန္သည္ ။

“ဘယ္သူလဲ”

ၿပန္ေၿဖလာၿခင္း မရွိသည္သာ ။

တန္မိုသည္ စိတ္ေအးေအးထားၿပီး မစာရက္တီကားဆီသုိ ့ ေရွ့တက္လုိက္သည္ ။
သူ ့ေၿခသံမွာ ဖြဖြေလး ၿဖစ္ေသာ္လည္း
ကုိုယ္မွာမူ သတိၾကီးၾကီးၿဖင့္ ၿဖစ္လာနုိင္သမ်ွ အႏၱရာယ္အားလံုးအေပၚ မ်က္ေၿခမၿပတ္ေစရ ။ ထုိ့ေနာက္ မစာရက္တီကား၏ ပ်က္စီးေနၿပီၿဖစ္သည့္ ကုိယ္ထည္ေပၚ လက္တင္ၿပီး ဆဲြဖြင့္ၾကည့္မည္ လုပ္လုိက္၏ ။ ထိုအခုိက္၊ တဆတ္ဆတ္ တုန္ခုိက္ေနသည့္ အသံတစ္သံကို ၾကားလုိက္ရသည္ ။

“မလုပ္န့ဲ…က်ြန္ေတာ္…က်ြန္ေတာ္ ထြက္လာမယ္ ။ က်ြန္ေတာ့္ဘာသာ ထြက္လာမယ္ ။ က်ြန္ေတာ္ ေၿပာတာက က်ြန္ေတ္ာ ဘာအႏၱရာယ္မွ မေပးဘူး”

မစာရက္တီ ကားအေနာက္ကေန ထြက္လာသည့္ ထိုလူငယ္ေလးကုိ တန္မိုက ေမာ့ၾကည့္လုိက္သည္ ။

ထိုလူငယ္ေလးမွာ အရပ္ ၁၈၀ စင္တီမီတာ၊ နက္ရိႈင္းသည့္ဆံပင္၊ အၿဖဴေရာင္ ရွပ္အက်ၤီ အပါးေလးနွင့္ ဂ်င္းေဘာင္းဘီကို ၀တ္ဆင္ထား၏ ။ သူ ့အ၀တ္အစားတုိ ့မွာ စုတ္ၿပတ္သတ္ကာ ေသြးအလိမ္းလိမ္း ။
သူ ့တစ္ကုိယ္လံုးတြင္ ဒဏ္ရာဗရပြ ။
သို ့ေသာ္ ေသြးတစက္စက္ ထြက္ေနၿခင္းေတာ့ မရွိပါေခ် ။

ေအးစိမ့္ေနသည့္ ေလေၾကာင့္ ထုိသူ၏ ႏႈတ္ခမ္းတုိ ့မွာ ၿပာလဲ့ေနၿပီး မုိးေပၚေၿမွာက္ထားသည့္ သူ ့လက္တုိ ့မွာ တဆတ္ဆတ္ တုန္ရီေနသည္ ။ ကားထဲကေန ထြက္လာၿပီး တန္မိုအား ေၾကာက္လန္ ့စြာ ၾကည့္ေနသည္ ။

“က်ြန္ေတာ္က ဒီကားပုိင္ရွင္ပါ ။ က်ြန္ေတာ့္မွာ ဘာမေကာင္းတဲ့အၾကံမွ မရွိပါဘူး ။ က်ြန္ေတ္ာ ခင္ဗ်ားကို ေစာေစာကတည္းက ၿမင္ေနတာပါ ။ တကယ္လုိ ့သာ က်ြန္ေတာ္ ခင္ဗ်ားကို ရန္ၿပဳခ်င္တယ္ဆုိရင္ ခင္ဗ်ား ကားေတြ ေရႊ ့ေနကတည္းက လုပ္ၿပီးေနေရာေပါ့”

တန္မုိက တခနေလာက္ သူ ့ကုိ ၾကည့္ေနၿပီးမွ ေမးၾကည့္လုိက္သည္ ။

“ငါ ကားေတြ ဖယ္ေနတုန္းက ဘာလို ့ မင္းကို
မေတြ ့ခဲ့တာလဲ”

လူငယ္ေလးက ေၿပာသည္ ။
“က်ြန္ေတာ္က တာလမ္းမၾကီးရဲ့ ေအာက္မွာ ပုန္းေနတာဗ် ။ ဒီမွာက အရမ္းေအးလြန္းတယ္ ။ ဟုိမွာက ၿမက္ေတြနဲ ့ဆုိ ေတာ့ နဲနဲေႏြးတယ္ေလ ။ က်ြန္ေတာ္က မေန ့မနက္တုန္းက နန္က်င္းကေန ရွန္ဟုိင္းကုိ ၿပန္လာတာ ။ ရွန္ဟုိင္းၿမိဳ ့ထဲ ၀င္ရံုပဲရွိေသးတယ္ ။ အေနာက္မွာရွိေနတဲ့ကားက က်ြန္ေတာ့္ကုိ ၀င္က်ံဳးေတာ့ တာပဲ ။ က်ြန္ေတာ္ နုိးလာေတာ့ ကားတံခါးကေန အၿပင္ကုိ လြင့္က်ထားတယ္ ။ ဒါေပမယ့္ က်ြန္ေတာ္ မေသသြားဘူး ။ အဲ့ေနာက္ေတာ့ က်ြန္ေတာ္ သိလာရတာက”

သူ၏မ်က္နွာထက္တြင္ ေၾကာက္လန္ ့ေနသည့္ အရိပ္အေယာင္ ေပၚထြက္ေနသည္ ။

“အဲ့ဒီထပ္ေနတဲ့ကားေတြထဲမွာ လူတစ္ေယာက္မွ ရွိမေနဘူး ။ ေသြးတစ္စက္ေတာင္မွ မက်န္ေနဘူး”

တန္မုိသည္ သတိကုိ လံုး၀မေလ်ွာ့ခ်ပစ္ဘဲ သူ ့ကို ၾကည့္ေနသည္ ။

“သူတို ့ ေပ်ာက္သြားၾကတာ ။ ကားအက္စီးဒင့္ၿဖစ္ေနတုန္း မင္း သတိလစ္ေနတာေၾကာင့္ အနက္ေရာင္ေမွ်ာ္စင္ၾကီးရဲ့ ဂိမ္းစၿပီလုိ ့ ေၾကညာတာကို မၾကားလုိက္တာေနမယ္ ။ အခုဆို ဒီကမာ႓ေပၚမွာ က်န္ေနခဲ့တဲ့သူက သန္း ၅၀၀ ေလာက္ပဲ ရွိေတာ့တယ္ ။ တၿခားသူေတြကေတာ့….”

တန္မုိက ထုိထပ္ေနသည့္ကားတုိ ့ကို လက္ညွိဳးထုိးၿပလုိက္ၿပီး….
“သူတုိ ့ ေပ်ာက္သြားၾကၿပီ”

လူငယ္ေလးသည္ ေၾကာက္လန္ ့သြားၿပီး မ်က္လံုးတုိ ့ၿပဴးက်ယ္လာကာ ေတာင့္ေတာင့္ၾကီး ၿဖစ္သြားေတာ့သည္ ။ သူ ့အေရွ့က ထုိကားမ်ားကုိ ၾကည့္လုိက္ၿပီး တန္မိုဘက္သုိ ့ ၿပန္ၾကည့္ကာ ေလသံေလးၿဖင့္ ေၿပာလာ ေတာ့သည္ ။

“က်ြန္ေတာ့္မိသားစုက ရွန္ဟုိင္းမွာ ။ ခင္ဗ်ား ရွန္ဟုိင္းကုိ သြားမလို ့လား၊ ဒါဆုိ…က်ြန္ေတာ့္ကို…က်ြန္ေတာ့္ကုိ ေခၚသြားေပးပါလား ။ အဲ့ဒီကားေတြကုိေတာင္ ေရႊ ့နုိင္တယ္ ဆုိေတာ့ ခင္ဗ်ားက အားအရမ္းသန္လို ့ပဲ ။ ခင္ဗ်ား က်ြန္ေတာ့္ကို ေခၚသြားေပးမယ္ဆုိရင္ ဘယ္ေလာက္ၿဖစ္ၿဖစ္ က်ြန္ေတာ္ ေပးပါမယ္”

တန္မိုသည္ ထုိစကားတုိ ့ကို ၾကားလုိက္ၿပီး ႏူးညံ့စြာ ၿပံဳးမိသြား၏ ။

လူငယ္ေလးမွာ ဇေ၀ဇ၀ါ ၿဖစ္သြားေလသည္ ။

တန္မိုက ၿပန္ေၿပာလုိက္သည္ ။

“ငါ ရွန္ဟုိင္းကို သြားမလို ့။ မင္းကုိ ေခၚသြားေပးရလဲ ၿပသနာမရွိပါဘူး ။ ဒါေပမယ့္ ဒီလုိအခ်ိန္္မွာ အဲ့ဒီပုိက္ဆံက အသံုး၀င္ဦးမယ္လို ့ ထင္လား”

လူငယ္ေလးမွာ အံ့ၿသတုန္လႈပ္သြားၿပီး သူ ့မ်က္နွာမွာ တၿဖည္းၿဖည္းခ်င္း  ၿဖဴေလ်ာ္လာေလသည္ ။
အခုမွ ဒီကမ႓ာၾကီးသည္ ဘယ္လုိကမ႓ာၾကီး ၿဖစ္ေနၿပီမွန္း
သူ နားလည္သေဘာေပါက္သြားဟန္ တူသည္ ။

တန္မုိက ကားထဲသုိ ့၀င္လုိက္ၿပီး ထုိလူငယ္ေလးကလည္း ေမာင္းသူေဘးက ေနရာကုိ ၀င္ထုိင္လုိက္သည္ ။ တန္မိုသည္ ထုိထုိင္ခံုေပၚက စာအုပ္ကုိ အသာမလုိက္ၿပီး သူ ့ေဘးတြင္ တုိးတုိးတိတ္တိတ္ ထားလုိက္သည္ ။ သုိ ့ေသာ္ ထုိစာအုပ္မွာ တၿဖည္းၿဖည္းခ်င္းပင္ ေပ်ာက္ကြယ္သြားေလၿပီ ။
တန္မို နည္းနည္းေတာ့ အံ့ၿသသြားမိ၏ ။ သို ့ေသာ္ ၿမန္ၿမန္ဆန္ဆန္ပင္ တည္ၿငိမ္သြားပါ၏ ။ ထုိ ့ေနာက္တြင္ ထုိလူငယ္ေလးကုိ ေခၚကာ ရွန္ဟုိင္းဆီသုိ ့ ေမာင္းသြားေတာ့ေလၿပီ ။

……………………………………………………

အခန္း ၂

“က်ြန္ေတာ့္နာမည္က လီ၀မ္”

လူငယ္ေလးက တန္မို သူ ့ကို ငွားေပးထားသည့္ ကုတ္အက်ီၤကုိ ၿခံဳထားၿပီး ခုိက္ခုိက္တုန္စြာၿဖင့္ ေၿပာလာသည္ ။

“ေက်းဇူးပါ ။ က်ြန္ေတာ္ သတိၿပန္လည္လာခဲ့တာ နွစ္နာရီေလာက္ေတာ့ ရွိၿပီ ။ အဲ့တုန္းက က်ြန္ေတာ္ တုိးဂိတ္ကုိ အေၿပးသြားလုိက္ေသးတယ္၊ ဒါေပမယ့္ ဘယ္သူမွ မရွိၾကဘူး ။ က်ြန္ေတာ္လည္း ဘာလုပ္ရမွန္း မသိေတာ့တာနဲ ့ ကားဆီပဲ ၿပန္လာခ့ဲ လုိက္ေတာ့တယ္ ။ အဲ့ဒီေနာက္ေတာ့ သိပ္မၾကာပါဘူး၊ က်ြန္ေတာ္ ခင္ဗ်ားကုိ ေတြ ့တာပဲ ။ ခင္ဗ်ားက တကယ့္ကုိ အားသန္တာပဲဗ်ာ ။ က်ြန္ေတာ့္ရဲ့ၿခံဳထည္က ကားထဲမွာဆုိေပမယ့္လုိ ့ ကားက ဖြင့္မရေလာက္ ေအာင္ ပ်က္စီးေနၿပီဗ်။ က်ြန္ေတာ္ အဲ့ဒါကုိ ထုတ္လည္းမယူနုိင္၊ အၿပင္မွာ ေနေနရင္လည္း ေအးခဲၿပီး ေသသြားနုိင္တယ္”

“ငါ့နာမည္က တန္မို”

ထို ့ေနာက္တြင္ သူက ေမးၾကည့္ေလသည္ ။

“မင္းမွာ ခြန္အားအမ်ားၾကီးမရွိဘူးလား”

လီ၀မ္က ေခါင္းယမ္းလာသည္ ။

“သိပ္အမ်ားၾကီး မရွိဘူး ။ က်ြန္ေတာ္ အဲ့ဒီကားေတြကို
မေရႊ ့နုိင္ဘူး၊ က်ြန္ေတာ့္ၿခံဳထည္ကုိလည္း အၿပင္ကုိ မထုတ္နုိင္ဘူး”

“ဒါေပမယ့္ မင္း မေသဘူးေလ”

လီ၀မ္က တန္မုိကုိ ေၾကာင္အမ္းစြာ စုိက္ၾကည့္ေနသည္ ။

တန္မုိက လက္တစ္ဖက္တည္းၿဖင့္ ကားေမာင္းရင္း
သူ ့ကို ေၿပာၿပေနသည္ ။

“ဒီေလာက္ ကားအက္စီးဒင့္ၾကီး ၿဖစ္ထားတာ၊ မင္းေၿခေရာလက္ေရာ က်ိဳးမသြားဘူးေလ ။
မင္း စဥ္းစားၾကည့္…မထူးဆန္းေနဘူးလား”

လီ၀မ္ ပါးစပ္ေဟာင္းေလာင္း ၿဖစ္သြား၏ ။

ထုိ ့ေနာက္တြင္ လီ၀မ္သည္ ေခါင္းကို ငံု ့သြားေလ ေသာေၾကာင့္ တန္မိုက ဘာမွထပ္ၿပီးမေၿပာေတာ့ ။ သုိ ့ေသာ္ လီ၀မ္ ဘာေတြးေနသည္ကုိမူ သူ ့မ်က္နွာကတဆင့္ ၿမင္ေနရေလသည္ ။ လီ၀မ္သည္ သူ ့ကုိယ္တြင္းက ဘာေတြေၿပာင္းလဲသြားသလဲနွင့္ ဘယ္လုိအသက္ရွင္လာနုိင္ခဲ့တာလဲကို စဥ္းစားေနသည္မွန္း တစ္ခ်က္ၾကည့္လုိက္ရံုနွင့္ သိနုိုင္ေလသည္ ။

တန္မုိသည္ ကားကိုသာ ေပါ့ေပါ့ပါးပါး ေမာင္းေနဟန္ ေပၚေနေသာ္လည္း သူ ့စိတ္အာရံုကေတာ့ တစ္ခ်ိန္လံုး လီ၀မ္၏ ကုိယ္ေပၚတြင္သာ ။

ဒီလုိကာလမ်ိဳးတြင္ တစ္ေယာက္တည္းေနၿခင္းက အလံုၿခံဳဆံုး ၿဖစ္ေကာင္း ၿဖစ္လိမ့္မည္ ။ သို ့ေသာ္ အေဖာ္တစ္ေယာက္ေလာက္ ရွိေနၿခင္းကလည္း ေကာင္းသည့္အရာ တစ္ခုပင္ ။ လီ၀မ္သည္ သူ ့လုိမ်ိဳး အနက္ေရာင္ေမ်ွာ္စင္ဂိမ္းထဲ ပါ၀င္ခဲ့ရၿပီး အနုိင္ရလာခဲ့ၿခင္း ၿဖစ္နုိင္သည္ ။ ဒီလုိလူစားမ်ိဳးကို သူ ခပ္ေပါ့ေပါ့ မေတြးထားသင့္ပါေခ် ။ သို ့ေသာ္ သူ ေလ့လာၾကည့္ရသေလာက္ လီ၀မ္သည္ ခပ္တံုးတံုးခပ္အအ သူေဌးသား တစ္ေယာက္နွင့္သာ တူေနၿပီး သူ ့ကို အႏၱရာယ္ေပးလာမည့္သူ မဟုတ္ေလာက္ပါေခ် ။

ဒီလုိတံုးအအ လူတစ္ေယာက္ကို အေ၀းေၿပးလမ္းမေပၚတြင္
တစ္ ေယာက္ထဲထားခဲ့ၿခင္းက…အင္း…သူ ေသသြားလိမ့္ ေပမည္ ။

လီ၀မ္က ေၿပာလာသည္ ။
“က်ြန္ေတာ္ သတိေမ့ေနတုန္းက အနက္ေရာင္ေမွ်ာ္စင္က ဘာေၾကညာသြားခဲ့လဲ က်ြန္ေတ္ာ့ကို ေၿပာၿပပါ လား”

တန္မုိက အနက္ေရာင္ေမွ်ာ္စင္ကိစၥကို အက်ဥ္းခ်ံဳးကာ ရွင္းၿပေပးလုိက္၏ ။

“ဒါဆုိ ရွန္ဟုိင္းကုိ သြားတာက လူသြားရွာဖို ့ေပါ့ ။
က်ြန္ေတ္ာက ရွန္ဟုိင္းကုိ က်ြမ္းတယ္။ ခင္ဗ်ား အကူအညီလုိလား” ဟု လီ၀မ္က ေမးလာသည္ ။

တန္မိုသည္လည္း ရွန္ဟုိင္းကုိ အၾကိမ္ေတာ္ေတာ္မ်ားမ်ား ေရာက္ဖူးပါ၏ ။ သုိ ့ေသာ္ သူသည္ ရွန္ဟုိင္းၿမိဳ ့သား ဟုတ္မေနေသာေၾကာင့္ လူရွာဖုိ ့ရာမွာ အခက္ေတြ ့လိမ့္ေပ မည္ ။

သူ ေၿပာလုိက္သည္ ။ 

“ေၿမာက္ဘက္ပုိင္းကုိ ေက်ာင္းသားတစ္ေယာက္ သြားရွာမလို ့။ ငါ သိတာဆုိလုိ ့ သူ ့နာမည္ပဲ ရွိတယ္ ။ အဲ့ဒါေၾကာင့္ ေက်ာင္းကို အရင္သြားၿပီးမွ သူ ့အေၾကာင္းကုိ စံုစမ္းရမွာ ။ ေက်ာင္းမွာ မရွိေနရင္ေတာ့ သူ ့အိမ္ကုိ လုိက္ရွာရမွာေပါ့”

သူမသည္ ထုိေနရာတြင္ မရွိေနလွ်င္ေတာ့ သူ ဘာမွတတ္နုိင္လိမ့္မည္ မဟုတ္ ။ ဤသည္မွာ သူ ဂ်င္းေကာင္အတြက္ လုပ္ေပးနုိင္သည့္ တစ္ခုတည္းေသာ အရာပင္ ။

တန္မုိသည္ သူငယ္ခ်င္းတစ္ေယာက္ကုိ သြားရွာမည့္ အေၾကာင္းကုိေတာ့ ထုတ္မေၿပာပါေခ် ။ လူတုိင္းတြင္
လ်ိဳ ့၀ွက္ခ်က္ကုိယ္စီ ရွိၾကသည္ မဟုတ္ပါလား ။ ေၿပာခ်င္တုိင္း အကုန္စြတ္ေၿပာၿပေန၍ မၿဖစ္ ။ သူ ့အေနၿဖင့္ လီ၀မ္ နွင့္ အတြင္းသိအစင္းသိ မၿဖစ္လုိေသးပါေခ် ။

လီ၀မ္က ေမးလာသည္ ။

“ၿမိဳ ့ေၿမာက္ဘက္လား ။ အဲ့ဒါက က်င္အန္းခရုိင္ပဲ ။ က်ြႏ္ေတာ့္အိမ္လည္း အဲ့ဒီမွာပဲ၊ အထက္တန္းေက်ာင္းကုိ အဲ့မွာ တက္ခဲ့တာ ။ က်ြန္ေတာ္ ခင္ဗ်ားနဲ ့ လုိက္ခဲ့ေပးမယ္”

တန္မုိသည္ သတိၾကီးစြာၿဖင့္ လီ၀မ္ကုိ ၾကည့္လုိက္မိ၏ ။

ထုိသူသည္ တံုးပဲတံုးအေနၿခင္းေပလား၊ သို ့တည္းမဟုတ္ ပါးနပ္လြန္းေနၿခင္းေပလား ။
သူ ဘာေတြးေနသည္ကုိပင္ တန္မို မွန္းၾကည့္လို ့မရေတာ့ ။

သုိ ့နွင့္ ပုံမွန္က်သည္ဟု တန္မို ေတြးလုိက္ပါ၏ ။

လီ၀မ္သည္ ကုတ္အက်ီၤကို ၀တ္ထားၿပီး အေႏြးဓာတ္ရလာသည္နွင့္ ႏႈတ္သြက္လ်ွာသြက္လာေတာ့သည္ ။

“ဒီအေ၀းေၿပးလမ္းမၾကီးအတုိင္း က်ြန္ေတာ္တုိ ့ေတြ စုန္ဆင္းသြားၿပီးေတာ့ ၿမိဳ့ကုိ ၿဖတ္သြားၾကမယ္ ။ ၿမိဳ့ထဲေရာက္ရင္ က်ြန္ေတာ္ ခင္ဗ်ားကုိ ကူညီေပးလုိ့  ရၿပီ ။ အဲ့ဒီကေလးက ဘယ္အတန္းကလဲ သိလား ။
အတန္းသိလုိ ့ရိွရင္ ရွာရတာ ပိုလြယ္တယ္”

“နာမည္ပဲ သိတာ..ဟုတ္သားပဲ…ပထမတန္း”

လီ၀မ္က ေခါင္းညိတ္လုိက္သည္ ။

“ဒါဆုိ ရွာရလြယ္သြားၿပီ”

လီ၀မ္သည္ တခနေလာက္ တြန္ ့ဆုတ္ေနၿပီးေနာက္ ေမးလာသည္ ။ 

“ဒါနဲ ့ေလ…တန္မို…အနက္ေရာင္ေမွ်ာ္စင္ၾကီး ဘာၿဖစ္သြားလဲ သိလား ။ ဘာလို ့ လူတစ္ခ်ိဳ ့ကက်ေတာ့ ေပ်ာက္ကြယ္သြားၿပီး လူတစ္ခ်ိဳ ့က မေပ်ာက္ကြယ္သြား တာလဲ”

သူ စကားေတြအမ်ားၾကီး ေလ်ွာက္ေၿပာေနၿခင္းမွာ ထုိသည္ကို သိလုိေသာေၾကာင့္ပင္ ။

ထုိစဥ္က လီ၀မ္သည္ ကားအက္စီးဒင့္ေၾကာင့္ သတိလစ္ေနခဲ့သၿဖင့္ ဘာကုိမွ မသိလုိက္၊ မၾကားလုိက္ရေပ ။ ထုိသည္ကုိ သိလုိၿခင္းေၾကာင့္ သူသည္ တန္မုိကုိ ကူညီေပးမည္ လုပ္ၿခင္းပင္ ။ တစ္ဖက္တြင္လည္း
သူ ့ကို ရွန္ဟုိင္းကုိ ေခၚလာေပးသည့္ အတြက္
သူ တန္မိုကုိ ေက်းဇူးတင္မိပါ၏ ။ တန္မုိေၾကာင့္သာ လက္ရွိၿဖစ္ပ်က္ေနသည့္ အေၾကာင္းၿခင္းရာတုိ ့ကို
သူ သိခြင့္ရခဲ့ၿခင္းပင္ ။

သုိ ့ေသာ္ ၊ သူသည္ ထုိအနက္ေရာင္ေမွ်ာ္စင္ ဂိမ္းထဲတြင္ မပါ၀င္ခဲ့ရၿခင္း အေပၚတြင္ ေမးခြန္းထုတ္ေနမိ၏ ။

တန္မိုက မဆုိစေလာက္ေလး မ်က္ေမွာင္ၾကဳတ္လာသည္ ။

လူေတြက ဂိမ္းမကစားဘဲ အသက္ရွင္နုိင္တာ မ်ားလား ။

သူ၏ႏႈတ္ခမ္းကုိ လွ်ာနွင့္သပ္လုိက္ၿပီး လီ၀မ္ေမးသည့္ ေမးခြန္းကုိ စဥ္းစားၾကည့္ေနလုိက္သည္ ။ တခနအၾကာ၊
သူ ေၿပာၿပေတာ့မည္အလုပ္ ။ က်ယ္ေလာင္ၿပီး ေပ်ာ္ရႊင္ၿမဴးတူးေနသည့္ သီခ်င္းသံသည္ ရွန္ဟုိင္းၿမိဳ ့တစ္ခြင္ ညံလာေတာ့ေလသည္ ။

“ေက်းဇူးတင္ပါတယ္ရွင္..ေက်းဇူးတင္ပါတယ္ရွင္…ေက်းဇူးတင္ပါတယ္ရွင္ ။

မင္းကို ေက်းဇူးတင္ေနမွာပါ ။

ငါတုိ ့အားလံုး ေက်းဇူးတင္ေနမွာပါ ။

ဒီေန ့လုိ ေန ့ထူးေန ့ၿမတ္ေလးမွာ၀ယ္”

စူးရွက်ယ္ေလာင္သည့္ မိန္းကေလးသံ ေပၚထြက္လာၿပီးသည့္ ေနာက္တြင္ ကေလးသံ ေပၚထြက္လာသည္ ။ သာယာနာေပ်ာ္ဖြယ္ေကာင္းၿပီး တက္ၾကြဖ်တ္လတ္ေနသည့္ ေတးသံမွာ သုသာန္တစၿပင္လုိ ေၿခာက္ကပ္ေနသည့္
ၿမိဳ ့နွင့္ပင္ မလုိက္ဖက္ေသာ္လည္း
သူတုိ့ကား သီခ်င္းဆက္ဆုိေနေလသည္ ။ လီ၀မ္သည္ အေၾကာက္ေၾကာက္အလန္ ့လန္ ့ၿဖင့္ ေခါင္းေပၚ လက္တင္မိသြားသလုိ တန္မုိသည္လည္း ၀ုန္းခနဲ ဘရိတ္ကို ဆြဲအုပ္ပစ္လုိက္မိသြား၏ ။ ထုိရွန္ဟုိင္းၿမိဳ ့လယ္ေပၚ အုပ္မိုးေနသည့္ ထုိအနက္ေရာင္ေမ်ွာ္စင္ၾကီးကုိ
သူတုိ ့ၾကည့္လုိက္မိၾကသည္ ။

‘ေက်းဇူးတင္ပါတယ္’ သီခ်င္း ၿပီးသြားသည့္ေနာက္တြင္ အနက္ေရာင္ေမွ်ာ္စင္ၾကီးေပၚက လင္းထိန္၀င္းပကာ ၿပိဳးၿပက္ေနသည့္ အလင္းေရာင္တန္းတုိ ့ ေပ်ာက္ကြယ္သြားေလ၏ ။ တန္မိုသည္ အသက္ကို ေအာင့္ထားမိၿပီး ထုိအနက္ေရာင္ေမွ်ာ္စင္ၾကီးကို စူးစူးစုိက္စုိက္ ၾကည့္ေနမိ၏ ။ 

ထုိ ့ေနာက္ သူ ၾကားလုိက္ရေလၿပီ —
“တင္း ေတာင္ ! တရုတ္ၿပည္ခရုိင္ ၁၊ ခိုး၀င္သူ ဖူ ့၀မ္သို ့က ေမွ်ာ္စင္ၾကီးရဲ့ ပထမထပ္ကုိ ေအာင္ေအာင္ၿမင္ၿမင္ ဖြင့္ၿပီးသြားပါၿပီ ။ သံုးမိနစ္ၾကာၿပီးတဲ့ ေနာက္မွာ တရုတ္ခရိုင္ေတြထဲမွာ ရွိေနတဲ့ကစားသမားေတြ အားလံုးက ေမွ်ာ္စင္ၾကီးကုိ စတင္တုိက္ခုိက္ၾကပါ”

“တင္း ေတာင္ ! တရုတ္ၿပည္ ခရိုင္ ၁၊ ခုိး၀င္သူ ဖူ ့၀မ္သုိ ့က ေမွ်ာ္စင္ၾကီးရဲ့ ပထမထပ္ကုိ…”

“တင္း ေတာင္ ! တရုတ္ၿပည္ ခရိုင္ ၁၊ ခုိး၀င္သူ ဖူ ့၀မ္သုိ ့က ေမွ်ာ္စင္ၾကီးရဲ့….”

အနက္ေရာင္ေမွ်ာ္စင္ၾကီးက သံုးၾကိမ္တုိင္တုိင္ ေၾကညာေပးေနသည္ ။

‘ေမွ်ာ္စင္ၾကီးကို စတင္တုိက္ခုိက္ၾကပါ’ ဆုိသည့္စကားသည္ နားထဲ ပ်ံ ့လြင့္လာသည့္ ခ်က္ခ်င္းပင္ တန္မို၏ မ်က္လံုးတို ့ ၿပဴးက်ယ္သြားေတာ့ၿပီး သူ ့၏အၿမင္ေတြ အေမွာင္က်သြား ကာ သူ၏တစ္ကိုယ္လံုး ၿပိဳလဲသြားေတာ့၏ ။ 
________________________________________
စာေရးဆရာ -

အနက္ေရာင္ေမွ်ာ္စင္ - ေက်းဇူးပါ ဖူ ့၀မ္သို ့ ~o(*≧▽≦)ツ

သၾကား သၾကား -  ဘယ္သူက ဖူ ့၀မ္သို ့လဲကြ ။
ငါ သူ ့ကို နုတ္နုတ္စဥ္းပစ္ခ်င္တယ္ (╬ ̄皿 ̄)凸!!!

ဖူ ့၀မ္သို ့ -  #ငါ့မိန္းမက ငါ့ကို နုတ္နုတ္စဥ္းပစ္ခ်င္ေနၿပီတဲ့ ။ ငါ ဘာလုပ္ရမလဲ #

………………………………………………………
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

........

Unicode

အခန်း ၁

စူကျိုးမှသည် ရှန်ဟိုင်းသို့ ကားလမ်းတစ်လျှောက်လုံး ကားများဖြင့် လမ်းပိတ်နေသည် ။
တန်မိုသည် လမ်းကို ပိတ်ဆီးထားသည့် ကားနှစ်စီးကို အရင် တွန်းထုတ်ပစ်လိုက်ပြီး ကားကို အရှိန်တင်မောင်းသွားတော့ သည် ။

သူသည် ထိုကားများကို သူတစ်ယောက်တည်း တွန်းဖယ်ပစ်ခဲ့ခြင်းတည်း ။

အနက်ရောင်မျှော်စင်ကြီးကိစ္စပြီးသွားသည့်နောက်တွင် သူ၏စိတ်စွမ်းအင်နှင့် ကိုယ်ကာယသက်လုံမှာ အလွန်အမင်းတိုးတက်လာကြောင်း တန်လုံ သိရှိ လာခဲ့၏ ။

သူ၏ကိုယ်ကာယပိုင်းဆိုပါက၊
သူ့ခွန်အားများ တိုးလာခဲ့သည်၊
ဉာဏအမြင်များ တိုးတက်လာသည်၊
နေပြန်ကောင်းလာသည့် စွမ်းရည် တိုးတက်လာသည် ။
သူ့အသားအရည်မှာ သံမဏိလို မာကျောလာသည် ။

ချန်းစန်းကွမ်သည် တန်မိုကို အင်္ကျီယူဖို့ ခွင့်ပြုပေးခဲ့စဉ်က တန်မိုသည် သူ့အသားအရည် ဘယ်လောက်ထိမာလဲကို တမင်စမ်းသပ်ခဲ့၏ ။ လက်ဖမိုးသည် လူ့ခန္ဓာကိုယ်တွင် အနူးညံ့ဆုံးအပိုင်းထဲက တစ်ခုဖြစ်သည် ။ ကားနောက်ဖုံးသည် ဘုန်းခနဲပြုတ်ကျလာချိန်တွင် သူသည် လက်ဖမိုးကို တမင် ဒဏ်ရာရအောင် စမ်းသပ်ကြည့်ခဲ့၏ ။ တစ်ဖန် ၊ ချန်းစန်းကွမ်က သူ့ညှို့သကျည်းကို ဓားနှင့်ပစ်ပေါက်လိုက်ချိန်တွင်လည်း ဟိုးအသားထဲထိ စိုက်ဝင်မသွားခဲ့သော်လည်း မဆိုစလောက်လေးသာ သွေးထွက်လာခဲ့၏ ။

ခန္ဓာကိုယ်အခြေအနေအပြင် သူ၏စိတ်ပိုင်းဆိုင်ရာလည်း တိုးတက်လာခဲ့၏။

တန်မိုသည် ကျောင်းသားဘဝတုန်းက မည်သည့်ကောင်းကျိုးမှ မလုပ်ခဲ့ဖူးသလို မည်သည့်မကောင်းမှုမျိုးမှလည်း မလုပ်ခဲ့ဖူး ။ သူသည် သူခိုးလူမိုက်အားပေးမဟုတ်သလို စာမေးပွဲတွင်လည်း တစ်ခါမှ ခိုးမချခဲ့ဖူး ။

ထိုချန်းစန်းကွမ်ကိစ္စမှာ သူ ပထမဦးဆုံး သတ်ဖြတ်ခြင်းအမှု ကျူးလွန်ခဲ့သည့် အကြိမ်ပင် ။ သူ့ကိုယ်သူ ကာကွယ်တာဟုပဲဆိုဆို၊ မတော်တဆဟုပဲ ဆိုဆို ချန်းစန်းကွမ်ကို သူ သတ်ထားပြီးသွားလေပြီ ။

အထိတ်တလန့်ဖြစ်သွားတာ၊ ကူကယ်ရာမဲ့မိသွားတာကလွဲပြီး တခနအတွင်း တည်ငြိမ်လာခဲ့ကာ နောက်ထပ်ဘာဆက်လုပ်ရမည်ကို အေးအေးဆေးဆေးစဉ်းစားလာနိုင်ခဲ့၏ ။

သူ သွေးအေးလာခြင်းမှာ
သူ့ခန္ဓာကိုယ် ဇီဝကမ္မ အပြောင်းအလဲ ကြောင့်ပေလား၊
သို့တည်းမဟုတ် သူကိုယ်တိုင်ကိုက ပြောင်းလဲလာခြင်း ပေလား ။

တန်မိုသည် ထိုထိုင်ခုံပေါ်က စာအုပ်ကို ကြည့်လိုက်ပြီး၊
ထို့နောက် အရှေ့ဘက်ကို အာရုံပြန်ပို့လိုက်ကာ ကားဆက်မောင်းလိုက်သည် ။

လမ်းရှင်းနေရသောကြောင့် အချိန်တစ်နာရီလောက် ဆန့်သွား၏ ။ ဖြူလဲ့နေသည့်မိုးသားအောက်တွင် တန်မိုသည် ရှန်ဟိုင်းမြို့ထဲကို ဝင်လာခဲ့လေပြီ ။
တိုးဂိတ်မှ နှစ် ကီလိုမီတာအလိုတွင်၊ အဝေးပြေးလမ်းမကြီးပေါ် ပိတ်ဆို့နေကြသည့် ၊ တစ်စီးပေါ်တစ်စီး ဖင်ချင်းတိုက်ထပ်နေကြသည့် ကားခုနစ်စီးကို သူ တွေ့လိုက်ရသည် ။

သို့နှင့် တန်မို ကားပေါ်က ဆင်းလိုက်ပြီး ထိုကားတစ်စီးကို ထိကြည့်လိုက်သည် ။

ကျွီ

ကားဘီးတွေ မြေကြီးပေါ် ဒလိမ့်ဒလိမ့်ဖြင့် ဘုန်းခနဲ အုံးခနဲ ပြုတ်ကျလိမ့်ထွက်ကုန်ကြလေပြီ ။
ကားခုနစ်စီးမှာ လုံးဝကို တိုက်မိသွားကြကုန်၏ ။ ကားအရှေ့ခေါင်းတွေမှာ ကြေမွသွားပြီး
အလယ်မှာ ချိုင့်ဝင်ကုန်သည် ။
တန်မိုသည် အနောက်ကကားတွေကို အရှေ့သို့ ပို့ကာ လမ်းရှင်းလိုက်သည် ။ သူ၏အားတစ်ဝက်ကျိုးလာလုနီးနီးတွင် အရှေ့ဆုံးတွင် ပိတ်နေသည့် ကားဆီသို့ ရောက်သွားလေပြီ ။

“ဇိမ်ခံကားပါလား”

တန်မိုက တသောသောရယ်လိုက်မိသည် ။

ပထမဆုံးကားသည် မစာရက်တီ ပြိုင်ကားဖြစ်၏ ။ သူ၏ရဲရဲတောက်နေသည့်ကိုယ်ထည်မှာ ကြေမွအောင် အတိုက်ခံထားရသည် ။
တာယာများသည် ခွင်နေပြီး လှိမ့်၍ပင် မရတော့ ။

တန်မိုက အားကုတ်အားခဲ ထိုကားကို မရမကတွန်းနေခိုက် ဆောင်းရာသီလေညင်းက တသုန်သုန်တိုက်ခတ်လာသည် ။ သို့နှင့် သူ့ကားကို ဖွင့်လိုက်မည်အပြု၊ ရုတ်တရက် ရပ်မိသွား၏ ။ 

“ဘယ်သူလဲ”

လေတိုက်သံသဲ့သဲ့သာ ပြန်ကြားရသည် ။

တန်မိုက တံခါးကို မဖွင့်ကြည့်ဘဲ လက်ထဲတွင် လက်ကောက်ဝတ်ပေါ်က မီးခြစ်ပုံတက်တူးကို လက်နှင့်ဖိထားလိုက်ရင်း ကားနားမှာ ရပ်နေသည် ။
ထို့နောက် တဖန် အေးစက်စွာ မေးလိုက်ပြန်သည် ။

“ဘယ်သူလဲ”

ပြန်ဖြေလာခြင်း မရှိသည်သာ ။

တန်မိုသည် စိတ်အေးအေးထားပြီး မစာရက်တီကားဆီသို့ ရှေ့တက်လိုက်သည် ။
သူ့ခြေသံမှာ ဖွဖွလေး ဖြစ်သော်လည်း
ကိုယ်မှာမူ သတိကြီးကြီးဖြင့် ဖြစ်လာနိုင်သမျှ အန္တရာယ်အားလုံးအပေါ် မျက်ခြေမပြတ်စေရ ။ ထို့နောက် မစာရက်တီကား၏ ပျက်စီးနေပြီဖြစ်သည့် ကိုယ်ထည်ပေါ် လက်တင်ပြီး ဆွဲဖွင့်ကြည့်မည် လုပ်လိုက်၏ ။ ထိုအခိုက်၊ တဆတ်ဆတ် တုန်ခိုက်နေသည့် အသံတစ်သံကို ကြားလိုက်ရသည် ။

“မလုပ်နဲ့…ကျွန်တော်…ကျွန်တော် ထွက်လာမယ် ။ ကျွန်တော့်ဘာသာ ထွက်လာမယ် ။ ကျွန်တော် ပြောတာက ကျွန်တေ်ာ ဘာအန္တရာယ်မှ မပေးဘူး”

မစာရက်တီ ကားအနောက်ကနေ ထွက်လာသည့် ထိုလူငယ်လေးကို တန်မိုက မော့ကြည့်လိုက်သည် ။

ထိုလူငယ်လေးမှာ အရပ် ၁၈၀ စင်တီမီတာ၊ နက်ရှိုင်းသည့်ဆံပင်၊ အဖြူရောင် ရှပ်အင်္ကျီ အပါးလေးနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထား၏ ။ သူ့အဝတ်အစားတို့မှာ စုတ်ပြတ်သတ်ကာ သွေးအလိမ်းလိမ်း ။
သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဗရပွ ။
သို့သော် သွေးတစက်စက် ထွက်နေခြင်းတော့ မရှိပါချေ ။

အေးစိမ့်နေသည့် လေကြောင့် ထိုသူ၏ နှုတ်ခမ်းတို့မှာ ပြာလဲ့နေပြီး မိုးပေါ်မြှောက်ထားသည့် သူ့လက်တို့မှာ တဆတ်ဆတ် တုန်ရီနေသည် ။ ကားထဲကနေ ထွက်လာပြီး တန်မိုအား ကြောက်လန့်စွာ ကြည့်နေသည် ။

“ကျွန်တော်က ဒီကားပိုင်ရှင်ပါ ။ ကျွန်တော့်မှာ ဘာမကောင်းတဲ့အကြံမှ မရှိပါဘူး ။ ကျွန်တေ်ာ ခင်ဗျားကို စောစောကတည်းက မြင်နေတာပါ ။ တကယ်လို့သာ ကျွန်တော် ခင်ဗျားကို ရန်ပြုချင်တယ်ဆိုရင် ခင်ဗျား ကားတွေ ရွှေ့နေကတည်းက လုပ်ပြီးနေရောပေါ့”

တန်မိုက တခနလောက် သူ့ကို ကြည့်နေပြီးမှ မေးကြည့်လိုက်သည် ။

“ငါ ကားတွေ ဖယ်နေတုန်းက ဘာလို့ မင်းကို
မတွေ့ခဲ့တာလဲ”

လူငယ်လေးက ပြောသည် ။
“ကျွန်တော်က တာလမ်းမကြီးရဲ့ အောက်မှာ ပုန်းနေတာဗျ ။ ဒီမှာက အရမ်းအေးလွန်းတယ် ။ ဟိုမှာက မြက်တွေနဲ့ဆို တော့ နဲနဲနွေးတယ်လေ ။ ကျွန်တော်က မနေ့မနက်တုန်းက နန်ကျင်းကနေ ရှန်ဟိုင်းကို ပြန်လာတာ ။ ရှန်ဟိုင်းမြို့ထဲ ဝင်ရုံပဲရှိသေးတယ် ။ အနောက်မှာရှိနေတဲ့ကားက ကျွန်တော့်ကို ဝင်ကျုံးတော့ တာပဲ ။ ကျွန်တော် နိုးလာတော့ ကားတံခါးကနေ အပြင်ကို လွင့်ကျထားတယ် ။ ဒါပေမယ့် ကျွန်တော် မသေသွားဘူး ။ အဲ့နောက်တော့ ကျွန်တော် သိလာရတာက”

သူ၏မျက်နှာထက်တွင် ကြောက်လန့်နေသည့် အရိပ်အယောင် ပေါ်ထွက်နေသည် ။

“အဲ့ဒီထပ်နေတဲ့ကားတွေထဲမှာ လူတစ်ယောက်မှ ရှိမနေဘူး ။ သွေးတစ်စက်တောင်မှ မကျန်နေဘူး”

တန်မိုသည် သတိကို လုံးဝမလျှော့ချပစ်ဘဲ သူ့ကို ကြည့်နေသည် ။

“သူတို့ ပျောက်သွားကြတာ ။ ကားအက်စီးဒင့်ဖြစ်နေတုန်း မင်း သတိလစ်နေတာကြောင့် အနက်ရောင်မျှော်စင်ကြီးရဲ့ ဂိမ်းစပြီလို့ ကြေညာတာကို မကြားလိုက်တာနေမယ် ။ အခုဆို ဒီကမ္ဘာပေါ်မှာ ကျန်နေခဲ့တဲ့သူက သန်း ၅၀၀ လောက်ပဲ ရှိတော့တယ် ။ တခြားသူတွေကတော့….”

တန်မိုက ထိုထပ်နေသည့်ကားတို့ကို လက်ညှိုးထိုးပြလိုက်ပြီး….
“သူတို့ ပျောက်သွားကြပြီ”

လူငယ်လေးသည် ကြောက်လန့်သွားပြီး မျက်လုံးတို့ပြူးကျယ်လာကာ တောင့်တောင့်ကြီး ဖြစ်သွားတော့သည် ။ သူ့အရှေ့က ထိုကားများကို ကြည့်လိုက်ပြီး တန်မိုဘက်သို့ ပြန်ကြည့်ကာ လေသံလေးဖြင့် ပြောလာ တော့သည် ။

“ကျွန်တော့်မိသားစုက ရှန်ဟိုင်းမှာ ။ ခင်ဗျား ရှန်ဟိုင်းကို သွားမလို့လား၊ ဒါဆို…ကျွန်တော့်ကို…ကျွန်တော့်ကို ခေါ်သွားပေးပါလား ။ အဲ့ဒီကားတွေကိုတောင် ရွှေ့နိုင်တယ် ဆိုတော့ ခင်ဗျားက အားအရမ်းသန်လို့ပဲ ။ ခင်ဗျား ကျွန်တော့်ကို ခေါ်သွားပေးမယ်ဆိုရင် ဘယ်လောက်ဖြစ်ဖြစ် ကျွန်တော် ပေးပါမယ်”

တန်မိုသည် ထိုစကားတို့ကို ကြားလိုက်ပြီး နူးညံ့စွာ ပြုံးမိသွား၏ ။

လူငယ်လေးမှာ ဇဝေဇဝါ ဖြစ်သွားလေသည် ။

တန်မိုက ပြန်ပြောလိုက်သည် ။

“ငါ ရှန်ဟိုင်းကို သွားမလို့။ မင်းကို ခေါ်သွားပေးရလဲ ပြသနာမရှိပါဘူး ။ ဒါပေမယ့် ဒီလိုအချိန်မှာ အဲ့ဒီပိုက်ဆံက အသုံးဝင်ဦးမယ်လို့ ထင်လား”

လူငယ်လေးမှာ အံ့သြတုန်လှုပ်သွားပြီး သူ့မျက်နှာမှာ တဖြည်းဖြည်းချင်း  ဖြူလျော်လာလေသည် ။
အခုမှ ဒီကမ္ဘာကြီးသည် ဘယ်လိုကမ္ဘာကြီး ဖြစ်နေပြီမှန်း
သူ နားလည်သဘောပေါက်သွားဟန် တူသည် ။

တန်မိုက ကားထဲသို့ဝင်လိုက်ပြီး ထိုလူငယ်လေးကလည်း မောင်းသူဘေးက နေရာကို ဝင်ထိုင်လိုက်သည် ။ တန်မိုသည် ထိုထိုင်ခုံပေါ်က စာအုပ်ကို အသာမလိုက်ပြီး သူ့ဘေးတွင် တိုးတိုးတိတ်တိတ် ထားလိုက်သည် ။ သို့သော် ထိုစာအုပ်မှာ တဖြည်းဖြည်းချင်းပင် ပျောက်ကွယ်သွားလေပြီ ။
တန်မို နည်းနည်းတော့ အံ့သြသွားမိ၏ ။ သို့သော် မြန်မြန်ဆန်ဆန်ပင် တည်ငြိမ်သွားပါ၏ ။ ထို့နောက်တွင် ထိုလူငယ်လေးကို ခေါ်ကာ ရှန်ဟိုင်းဆီသို့ မောင်းသွားတော့လေပြီ ။

……………………………………………………

အခန်း ၂

“ကျွန်တော့်နာမည်က လီဝမ်”

လူငယ်လေးက တန်မို သူ့ကို ငှားပေးထားသည့် ကုတ်အကျီၤကို ခြုံထားပြီး ခိုက်ခိုက်တုန်စွာဖြင့် ပြောလာသည် ။

“ကျေးဇူးပါ ။ ကျွန်တော် သတိပြန်လည်လာခဲ့တာ နှစ်နာရီလောက်တော့ ရှိပြီ ။ အဲ့တုန်းက ကျွန်တော် တိုးဂိတ်ကို အပြေးသွားလိုက်သေးတယ်၊ ဒါပေမယ့် ဘယ်သူမှ မရှိကြဘူး ။ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့တာနဲ့ ကားဆီပဲ ပြန်လာခဲ့ လိုက်တော့တယ် ။ အဲ့ဒီနောက်တော့ သိပ်မကြာပါဘူး၊ ကျွန်တော် ခင်ဗျားကို တွေ့တာပဲ ။ ခင်ဗျားက တကယ့်ကို အားသန်တာပဲဗျာ ။ ကျွန်တော့်ရဲ့ခြုံထည်က ကားထဲမှာဆိုပေမယ့်လို့ ကားက ဖွင့်မရလောက် အောင် ပျက်စီးနေပြီဗျ။ ကျွန်တော် အဲ့ဒါကို ထုတ်လည်းမယူနိုင်၊ အပြင်မှာ နေနေရင်လည်း အေးခဲပြီး သေသွားနိုင်တယ်”

“ငါ့နာမည်က တန်မို”

ထို့နောက်တွင် သူက မေးကြည့်လေသည် ။

“မင်းမှာ ခွန်အားအများကြီးမရှိဘူးလား”

လီဝမ်က ခေါင်းယမ်းလာသည် ။

“သိပ်အများကြီး မရှိဘူး ။ ကျွန်တော် အဲ့ဒီကားတွေကို
မရွှေ့နိုင်ဘူး၊ ကျွန်တော့်ခြုံထည်ကိုလည်း အပြင်ကို မထုတ်နိုင်ဘူး”

“ဒါပေမယ့် မင်း မသေဘူးလေ”

လီဝမ်က တန်မိုကို ကြောင်အမ်းစွာ စိုက်ကြည့်နေသည် ။

တန်မိုက လက်တစ်ဖက်တည်းဖြင့် ကားမောင်းရင်း
သူ့ကို ပြောပြနေသည် ။

“ဒီလောက် ကားအက်စီးဒင့်ကြီး ဖြစ်ထားတာ၊ မင်းခြေရောလက်ရော ကျိုးမသွားဘူးလေ ။
မင်း စဉ်းစားကြည့်…မထူးဆန်းနေဘူးလား”

လီဝမ် ပါးစပ်ဟောင်းလောင်း ဖြစ်သွား၏ ။

ထို့နောက်တွင် လီဝမ်သည် ခေါင်းကို ငုံ့သွားလေ သောကြောင့် တန်မိုက ဘာမှထပ်ပြီးမပြောတော့ ။ သို့သော် လီဝမ် ဘာတွေးနေသည်ကိုမူ သူ့မျက်နှာကတဆင့် မြင်နေရလေသည် ။ လီဝမ်သည် သူ့ကိုယ်တွင်းက ဘာတွေပြောင်းလဲသွားသလဲနှင့် ဘယ်လိုအသက်ရှင်လာနိုင်ခဲ့တာလဲကို စဉ်းစားနေသည်မှန်း တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်လေသည် ။

တန်မိုသည် ကားကိုသာ ပေါ့ပေါ့ပါးပါး မောင်းနေဟန် ပေါ်နေသော်လည်း သူ့စိတ်အာရုံကတော့ တစ်ချိန်လုံး လီဝမ်၏ ကိုယ်ပေါ်တွင်သာ ။

ဒီလိုကာလမျိုးတွင် တစ်ယောက်တည်းနေခြင်းက အလုံခြုံဆုံး ဖြစ်ကောင်း ဖြစ်လိမ့်မည် ။ သို့သော် အဖော်တစ်ယောက်လောက် ရှိနေခြင်းကလည်း ကောင်းသည့်အရာ တစ်ခုပင် ။ လီဝမ်သည် သူ့လိုမျိုး အနက်ရောင်မျှော်စင်ဂိမ်းထဲ ပါဝင်ခဲ့ရပြီး အနိုင်ရလာခဲ့ခြင်း ဖြစ်နိုင်သည် ။ ဒီလိုလူစားမျိုးကို သူ ခပ်ပေါ့ပေါ့ မတွေးထားသင့်ပါချေ ။ သို့သော် သူ လေ့လာကြည့်ရသလောက် လီဝမ်သည် ခပ်တုံးတုံးခပ်အအ သူဌေးသား တစ်ယောက်နှင့်သာ တူနေပြီး သူ့ကို အန္တရာယ်ပေးလာမည့်သူ မဟုတ်လောက်ပါချေ ။

ဒီလိုတုံးအအ လူတစ်ယောက်ကို အဝေးပြေးလမ်းမပေါ်တွင်
တစ် ယောက်ထဲထားခဲ့ခြင်းက…အင်း…သူ သေသွားလိမ့် ပေမည် ။

လီဝမ်က ပြောလာသည် ။
“ကျွန်တော် သတိမေ့နေတုန်းက အနက်ရောင်မျှော်စင်က ဘာကြေညာသွားခဲ့လဲ ကျွန်တေ်ာ့ကို ပြောပြပါ လား”

တန်မိုက အနက်ရောင်မျှော်စင်ကိစ္စကို အကျဉ်းချုံးကာ ရှင်းပြပေးလိုက်၏ ။

“ဒါဆို ရှန်ဟိုင်းကို သွားတာက လူသွားရှာဖို့ပေါ့ ။
ကျွန်တေ်ာက ရှန်ဟိုင်းကို ကျွမ်းတယ်။ ခင်ဗျား အကူအညီလိုလား” ဟု လီဝမ်က မေးလာသည် ။

တန်မိုသည်လည်း ရှန်ဟိုင်းကို အကြိမ်တော်တော်များများ ရောက်ဖူးပါ၏ ။ သို့သော် သူသည် ရှန်ဟိုင်းမြို့သား ဟုတ်မနေသောကြောင့် လူရှာဖို့ရာမှာ အခက်တွေ့လိမ့်ပေ မည် ။

သူ ပြောလိုက်သည် ။ 

“မြောက်ဘက်ပိုင်းကို ကျောင်းသားတစ်ယောက် သွားရှာမလို့။ ငါ သိတာဆိုလို့ သူ့နာမည်ပဲ ရှိတယ် ။ အဲ့ဒါကြောင့် ကျောင်းကို အရင်သွားပြီးမှ သူ့အကြောင်းကို စုံစမ်းရမှာ ။ ကျောင်းမှာ မရှိနေရင်တော့ သူ့အိမ်ကို လိုက်ရှာရမှာပေါ့”

သူမသည် ထိုနေရာတွင် မရှိနေလျှင်တော့ သူ ဘာမှတတ်နိုင်လိမ့်မည် မဟုတ် ။ ဤသည်မှာ သူ ဂျင်းကောင်အတွက် လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာပင် ။

တန်မိုသည် သူငယ်ချင်းတစ်ယောက်ကို သွားရှာမည့် အကြောင်းကိုတော့ ထုတ်မပြောပါချေ ။ လူတိုင်းတွင်
လျို့ဝှက်ချက်ကိုယ်စီ ရှိကြသည် မဟုတ်ပါလား ။ ပြောချင်တိုင်း အကုန်စွတ်ပြောပြနေ၍ မဖြစ် ။ သူ့အနေဖြင့် လီဝမ် နှင့် အတွင်းသိအစင်းသိ မဖြစ်လိုသေးပါချေ ။

လီဝမ်က မေးလာသည် ။

“မြို့မြောက်ဘက်လား ။ အဲ့ဒါက ကျင်အန်းခရိုင်ပဲ ။ ကျွန်တော့်အိမ်လည်း အဲ့ဒီမှာပဲ၊ အထက်တန်းကျောင်းကို အဲ့မှာ တက်ခဲ့တာ ။ ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့ပေးမယ်”

တန်မိုသည် သတိကြီးစွာဖြင့် လီဝမ်ကို ကြည့်လိုက်မိ၏ ။

ထိုသူသည် တုံးပဲတုံးအနေခြင်းပေလား၊ သို့တည်းမဟုတ် ပါးနပ်လွန်းနေခြင်းပေလား ။
သူ ဘာတွေးနေသည်ကိုပင် တန်မို မှန်းကြည့်လို့မရတော့ ။

သို့နှင့် ပုံမှန်ကျသည်ဟု တန်မို တွေးလိုက်ပါ၏ ။

လီဝမ်သည် ကုတ်အကျီၤကို ဝတ်ထားပြီး အနွေးဓာတ်ရလာသည်နှင့် နှုတ်သွက်လျှာသွက်လာတော့သည် ။

“ဒီအဝေးပြေးလမ်းမကြီးအတိုင်း ကျွန်တော်တို့တွေ စုန်ဆင်းသွားပြီးတော့ မြို့ကို ဖြတ်သွားကြမယ် ။ မြို့ထဲရောက်ရင် ကျွန်တော် ခင်ဗျားကို ကူညီပေးလို့  ရပြီ ။ အဲ့ဒီကလေးက ဘယ်အတန်းကလဲ သိလား ။
အတန်းသိလို့ရှိရင် ရှာရတာ ပိုလွယ်တယ်”

“နာမည်ပဲ သိတာ..ဟုတ်သားပဲ…ပထမတန်း”

လီဝမ်က ခေါင်းညိတ်လိုက်သည် ။

“ဒါဆို ရှာရလွယ်သွားပြီ”

လီဝမ်သည် တခနလောက် တွန့်ဆုတ်နေပြီးနောက် မေးလာသည် ။ 

“ဒါနဲ့လေ…တန်မို…အနက်ရောင်မျှော်စင်ကြီး ဘာဖြစ်သွားလဲ သိလား ။ ဘာလို့ လူတစ်ချို့ကကျတော့ ပျောက်ကွယ်သွားပြီး လူတစ်ချို့က မပျောက်ကွယ်သွား တာလဲ”

သူ စကားတွေအများကြီး လျှောက်ပြောနေခြင်းမှာ ထိုသည်ကို သိလိုသောကြောင့်ပင် ။

ထိုစဉ်က လီဝမ်သည် ကားအက်စီးဒင့်ကြောင့် သတိလစ်နေခဲ့သဖြင့် ဘာကိုမှ မသိလိုက်၊ မကြားလိုက်ရပေ ။ ထိုသည်ကို သိလိုခြင်းကြောင့် သူသည် တန်မိုကို ကူညီပေးမည် လုပ်ခြင်းပင် ။ တစ်ဖက်တွင်လည်း
သူ့ကို ရှန်ဟိုင်းကို ခေါ်လာပေးသည့် အတွက်
သူ တန်မိုကို ကျေးဇူးတင်မိပါ၏ ။ တန်မိုကြောင့်သာ လက်ရှိဖြစ်ပျက်နေသည့် အကြောင်းခြင်းရာတို့ကို
သူ သိခွင့်ရခဲ့ခြင်းပင် ။

သို့သော် ၊ သူသည် ထိုအနက်ရောင်မျှော်စင် ဂိမ်းထဲတွင် မပါဝင်ခဲ့ရခြင်း အပေါ်တွင် မေးခွန်းထုတ်နေမိ၏ ။

တန်မိုက မဆိုစလောက်လေး မျက်မှောင်ကြုတ်လာသည် ။

လူတွေက ဂိမ်းမကစားဘဲ အသက်ရှင်နိုင်တာ များလား ။

သူ၏နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီး လီဝမ်မေးသည့် မေးခွန်းကို စဉ်းစားကြည့်နေလိုက်သည် ။ တခနအကြာ၊
သူ ပြောပြတော့မည်အလုပ် ။ ကျယ်လောင်ပြီး ပျော်ရွှင်မြူးတူးနေသည့် သီချင်းသံသည် ရှန်ဟိုင်းမြို့တစ်ခွင် ညံလာတော့လေသည် ။

“ကျေးဇူးတင်ပါတယ်ရှင်..ကျေးဇူးတင်ပါတယ်ရှင်…ကျေးဇူးတင်ပါတယ်ရှင် ။

မင်းကို ကျေးဇူးတင်နေမှာပါ ။

ငါတို့အားလုံး ကျေးဇူးတင်နေမှာပါ ။

ဒီနေ့လို နေ့ထူးနေ့မြတ်လေးမှာဝယ်”

စူးရှကျယ်လောင်သည့် မိန်းကလေးသံ ပေါ်ထွက်လာပြီးသည့် နောက်တွင် ကလေးသံ ပေါ်ထွက်လာသည် ။ သာယာနာပျော်ဖွယ်ကောင်းပြီး တက်ကြွဖျတ်လတ်နေသည့် တေးသံမှာ သုသာန်တစပြင်လို ခြောက်ကပ်နေသည့်
မြို့နှင့်ပင် မလိုက်ဖက်သော်လည်း
သူတို့ကား သီချင်းဆက်ဆိုနေလေသည် ။ လီဝမ်သည် အကြောက်ကြောက်အလန့်လန့်ဖြင့် ခေါင်းပေါ် လက်တင်မိသွားသလို တန်မိုသည်လည်း ဝုန်းခနဲ ဘရိတ်ကို ဆွဲအုပ်ပစ်လိုက်မိသွား၏ ။ ထိုရှန်ဟိုင်းမြို့လယ်ပေါ် အုပ်မိုးနေသည့် ထိုအနက်ရောင်မျှော်စင်ကြီးကို
သူတို့ကြည့်လိုက်မိကြသည် ။

‘ကျေးဇူးတင်ပါတယ်’ သီချင်း ပြီးသွားသည့်နောက်တွင် အနက်ရောင်မျှော်စင်ကြီးပေါ်က လင်းထိန်ဝင်းပကာ ပြိုးပြက်နေသည့် အလင်းရောင်တန်းတို့ ပျောက်ကွယ်သွားလေ၏ ။ တန်မိုသည် အသက်ကို အောင့်ထားမိပြီး ထိုအနက်ရောင်မျှော်စင်ကြီးကို စူးစူးစိုက်စိုက် ကြည့်နေမိ၏ ။ 

ထို့နောက် သူ ကြားလိုက်ရလေပြီ —
“တင်း တောင် ! တရုတ်ပြည်ခရိုင် ၁၊ ခိုးဝင်သူ ဖူ့ဝမ်သို့က မျှော်စင်ကြီးရဲ့ ပထမထပ်ကို အောင်အောင်မြင်မြင် ဖွင့်ပြီးသွားပါပြီ ။ သုံးမိနစ်ကြာပြီးတဲ့ နောက်မှာ တရုတ်ခရိုင်တွေထဲမှာ ရှိနေတဲ့ကစားသမားတွေ အားလုံးက မျှော်စင်ကြီးကို စတင်တိုက်ခိုက်ကြပါ”

“တင်း တောင် ! တရုတ်ပြည် ခရိုင် ၁၊ ခိုးဝင်သူ ဖူ့ဝမ်သို့က မျှော်စင်ကြီးရဲ့ ပထမထပ်ကို…”

“တင်း တောင် ! တရုတ်ပြည် ခရိုင် ၁၊ ခိုးဝင်သူ ဖူ့ဝမ်သို့က မျှော်စင်ကြီးရဲ့….”

အနက်ရောင်မျှော်စင်ကြီးက သုံးကြိမ်တိုင်တိုင် ကြေညာပေးနေသည် ။

‘မျှော်စင်ကြီးကို စတင်တိုက်ခိုက်ကြပါ’ ဆိုသည့်စကားသည် နားထဲ ပျံ့လွင့်လာသည့် ချက်ချင်းပင် တန်မို၏ မျက်လုံးတို့ ပြူးကျယ်သွားတော့ပြီး သူ့၏အမြင်တွေ အမှောင်ကျသွား ကာ သူ၏တစ်ကိုယ်လုံး ပြိုလဲသွားတော့၏ ။ 
________________________________________
စာရေးဆရာ -

အနက်ရောင်မျှော်စင် - ကျေးဇူးပါ ဖူ့ဝမ်သို့ ~o(*≧▽≦)ツ

သကြား သကြား -  ဘယ်သူက ဖူ့ဝမ်သို့လဲကွ ။
ငါ သူ့ကို နုတ်နုတ်စဉ်းပစ်ချင်တယ် (╬ ̄皿 ̄)凸!!!

ဖူ့ဝမ်သို့ -  #ငါ့မိန်းမက ငါ့ကို နုတ်နုတ်စဉ်းပစ်ချင်နေပြီတဲ့ ။ ငါ ဘာလုပ်ရမလဲ #

………………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Продолжить чтение

Вам также понравится

141K 26.2K 102
English Name After the little crybaby enters the nightmare cycle Author(s) 菊长大人 Status in COO 127 chapters Associated Names Sau Khi Túi Khóc Nhỏ Tiế...
3.2K 673 41
{ongoing - بەردەوامە}~ . . . ژانەر: تاوانکاری - کۆمیدی - ترسناک - ئاڵۆز - توندئاژۆ - ئەکشن کورتە: پارک سۆنگوا قوتابییەکی دەرچووی ئامادەییە و بۆ خوێند...
Krew w śniegu L0tt3char

Детектив / Триллер

14 0 1
Charlie Redclaw, doświadczona detektywka z 12-letnim stażem, dostaje kolejną sprawę w tajemniczym miasteczku Coldcry, gdzie dzieją się niepokojące i...
13.9K 2K 32
Type: Webnovel(CN) Alternate Title:穿越十个世界后我跑路失败了 Author:啾咪啾咪兔 Genre:Comedy, Fantasy, Romance, Yaoi, Mystery,Tragedy All Credit to original author and...