[Unicode]
" ဟူး... အလုပ်တွေကလည်း များလိုက်တာ~ "
Baekhyun တစ်ယောက် လက်ထဲက ဖိုင်တွဲတွေအားလုံး စားပွဲပေါ်တင်လိုက်ပြီး မျက်နှာလေး မဲ့ကာ ညည်းညူလိုက်မိတယ်။
တစ်နေ့တစ်နေ့ မပြီးမစီးနိုင်သည့် အလုပ်များကြောင့် နှုတ်က မည်မျှပင် ညည်းညူမိသော်လည်း လက်အစုံကတော့ Laptop ကို တချပ်ချပ်ခေါက်ရင်း မပြီးဆုံးသေးတဲ့အလုပ်များကို လုပ်နေရပါသည်။
ကုမ္ပဏီအလုပ်ဆိုတာ ထင်သလောက်မလွယ် အထူးသဖြင့် ရာနဲ့ချီတဲ့ လူတွေကို ဦးစီးဦးဆောင်ပြုရတာ ပို၍ မလွယ်ပါ။
ကျွန်တော့ အသက် ၂၄ အထိ တစ်ခါမှ မ date ဖူးတဲ့ အကြောင်းအရင်းကို ပြပါဆိုလျှင် ဒီစာရင်းဇယားတွေကိုပဲ ပြရပါလိမ့်မည်။
Omma မဆုံးခင်ထဲက နောက်အိမ်ထောင်ပြုချင်နေတဲ့ Appa နဲ့ ကိုယ်ဝန်ရှိနေပါတယ်ဆိုပြီး မရမက တွယ်ကပ်နေခဲ့တဲ့ အမျိုးသမီး... တစ်ယောက်ထဲ ရှိတဲ့ ကျွန်တော့ကို ဂရုစိုက်ပေးဖို့ထပ် Appa နဲ့ Omma တို့ရဲ့ အိမ်ထောင်ပြသနာတွေကြားထဲကပဲ Omma ကို ဆုံးရှုံးခဲ့ရတယ်။
ကျွန်တော့အသက် ၁၅ နှစ်မှာပေါ့..
အမှန်တော့ ကျွန်တော် ဆုံးရှုံးခဲ့ရတာ Omma တစ်ယောက်ထဲ မဟုတ်ပါဘူး။ Omma က သေခွဲခွဲခဲ့သလို Appa ဆိုတဲ့သူကလည်း ရှင်ခွဲခွဲခဲ့တာပါပဲလေ။ ငါ့သားဆိုပြီး အမြဲ ထမ်းပိုးပြီး တစ်ရက်တစ်ခါ မနမ်းရရင် အိပ်မပျော်ပါဘူးဆိုတဲ့ Appa က ဟိုအမျိုးသမီး ဗိုက်ထဲက ဘာမှန်းမသိသေးတဲ့ ကလေးကို ကျွန်တော့ထပ် ပိုချစ်သွားတယ် ထင်ပါရဲ့။ ကျွန်တော့အသက် ၁၆ နှစ် ပြည့်တာနဲ့ သူ့အမျိုးသမီး၊ သူ့ကလေးငယ်နဲ့အတူ အမေရိကကို ထွက်သွားတယ်။
ပြောခဲ့တာကတော့ သားက အရွယ်ရောက်ပြီမို့ ကိုရီးယားက လုပ်ငန်းစုခွဲကို ဦးစီးပါ။ Appa က အမေရိကဘက်က လုပ်ငန်းစုကို ဦးစီးလိုက်ပါ့မယ်လို့ စကားလုံးလှလှလေး သုံးခဲ့တာပါပဲ။
တကယ်က ကျွန်တော့ကို ရပိုင်ခွင့်အနည်းငယ် ခွဲပေးခဲ့ပြီး ပစ်ထားခဲ့တာ၊ သူတို့မိသားစုက အတူတူစုပေါင်းပြီး ပျော်ပျော်ရွင်ရွင်ကြီး နေကြတာပေါ့။ ၁၆ နှစ်ထဲက ထွက်သွားတဲ့ Appa က အခု ကျွန်တော် ၂၄နှစ်အထိ တစ်ခါမှလေးမှ ပြန်လာမကြည့်ခဲ့ပါဘူး။ လုပ်ငန်းအကြောင်းလည်း မမေးမြန်းခဲ့သလို နေကောင်းလားသားလေး ဆိုတဲ့ စကားမျိုးဆို ဘယ်တုန်းက နောက်ဆုံး ကြားခဲ့ရသလဲတောင် မမှတ်မိတော့ဘူး။
အဲ့ဒီရက်တွေတုန်းကဆို ကျွန်တော့ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလို မငိုခဲ့ခဲ့တဲ့ ရက်ဆိုတာ မရှိသလောက်ပဲ။ အမေရှိရာလည်း သွားပြီး အခန်းထဲက မထွက်ပဲ နေတဲ့အထိ ရက်ပေါင်းများစွာကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရတယ်။
ကုမ္ပဏီလုပ်ငန်းဆိုတာလည်း လုပ်ခါစမို့ ဘာမှ သေချာမကိုင်တွယ်တတ်၊ အသက်က ငယ်နဲ့ တစ်လောကလုံးကို အရှုံးပေးပြီး ထွက်ပြေးသွားချင်တဲ့အထိ စိတ်ဓာတ်ကြခဲ့ရတာ။
ဒါပေမယ့် တစ်ည Omma ကို အိမ်မက်မက်တယ်။ Omm က ကျွန်တော့ရဲ့ ပျောက်ဆုံးနေတဲ့ ရဲရင့်မှုတွေကို ရှာဖွေပေးပြီး အမြဲတမ်းကြိုးစားဖို့ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်တဲ့သူဖစ်ဖို့ ခွန်အားတွေ အများကြီး ပေးခဲ့တယ်။
ကံကောင်းချင်တော့ ကျွန်တော့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန် သူငယ်ချင်းလေး တစ်ယောက်လဲ ရှိတယ်။ သူ့နာမည်က Kim Jongdae တဲ့..။
Jongdae က ကျွန်တော့ထပ် လပိုင်းလောက်လေးပဲ ကြီးပေမယ့် အများကြီးတော်တယ်။ ကျွန်တော့ကို အမြဲတမ်းအားပေးပြီး ကူညီပေးခဲ့တယ်။ ကျောင်းတက်ရင်း ကုမ္ပဏီတစ်ခုမှာ အချိန်ပိုင်း စာရင်းကိုင် ဝင်လုပ်နေတဲ့ Jongdae က ကျောင်းလည်းပြီးရော secretary တန်းဖြစ်တယ်လေ။ သူ့ကို လစာများများပေးပြီး ကျွန်တော့အနားခေါ်လိုက်တယ်။
ဘာမှ မသိမတတ်တာမျိုး ဟန်မပြပဲ ငယ်ပေမယ့် အရည်အချင်းရှိတယ်ဆိုတာ လူတိုင်းသိအောင် အကုန်လုံးကို လက်ညှိုးထိုး ခိုင်းနိုင်တဲ့ အထိ ကျွန်တော်အများကြီး လေ့လာသင်ယူခဲ့တယ်။ အခုဆိုရင် စီးပွားရေးလောကမှာ မသိတဲ့သူမရှိသလောက် ကျွမ်းကျင်အောင်မြင်တဲ့ Byun Baekhyun ဖြစ်နေပြီလေ..။
" Ring•• Ring•• "
တစ်ယောက်ထဲ အတွေးများနေတုန်း Vibrating အသံနဲ့ အဝင် call တစ်ခုကြောင့် Baekhyun အတွေးတွေ လေထဲလွင့်သွားရတယ်။
" အင်း.. Dae ပြော.. "
" ဒီည ၈နာရီ Dinner သွားဖို့ ရှိတယ်နော်.. မင်းမေ့နေဦးမှာသိလို့ လှမ်းပြောတာ.. "
" အင်း.. ငါ လချုပ်စာရင်းတွေ စစ်နေလို့.. "
" မြန်မြန် အပြီးသတ်ပြီး ပြင်တော့ Baekhyun na.. မိနစ် ၂၀နေရင် ငါရောက်မယ်.. "
" အေးအေး.. "
Jongdae မှာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းလည်းဖြစ် အလုပ်လက်တွဲဖော်လည်း ဖြစ်သလို တစ်နည်းအားဖြင့် ၂ယောက်မရှိတဲ့ ကျွန်တော့ရဲ့ မိသားစုဝင်လည်းဖြစ်တယ်.. နောက်တစ်မျိုးကတော့ personal driver ပေါ့လေ.. ။ keke~
Baekhyun သူ့အတွေးသူ ပြုံးလိုက်ပြီး လုပ်လက်စကို အမြန်အပြီးသတ်ကာ Dinner သွားဖို့ ပြင်ဆင်ရတော့တယ်။
အမှန်တော့ ကျွန်တော် ဒီပွဲကို မသွားချင်ပါ။ ပွဲကိုထပ် တစ်နေကုန် ပင်ပန်းနေတာကြောင့် အိမ်မှာ နားချင်နေသည်ဆိုလျှင် ပိုမှန်မည်။ သို့ပေမယ့် Healing Company က CEO ရဲ့ သားဖြစ်သူက နိုင်ငံခြားက ပြန်လာပြီး ကုမ္ပဏီကို ဦးစီးတော့မှာဖြစ်လို့ အတည်တစ်လင်း ထုတ်မပြခင် ရင်းနှီးသူတွေကို ဖိတ်ပြီး မိတ်ဆက်ပေးမှာ ဖြစ်တာကြောင့် Dinner ပွဲစီစဥ်ထားတာဖြစ်သည်။ ထို့ကြောင့် ကျွန်တော့အနေနဲ့က Healing Company ဆိုတာ နှစ်အိမ့်တစ်အိမ်လို ဖြစ်နေတော့ မသွားလို့ ဘယ်လိုမှ မရတော့ဘူးလေ။
" ဟူး..... "
နောက်ဆုံး ကုတ်အကျီ အဖြူလေးကို ထပ်ဝတ်ပြီးနောက်.. မှန်တင်ခုံပေါ်က မျက်မှန်လေးကို ယူပြီး Dinner ပွဲအတွက် ပြင်ဆင်ခြင်းကို အဆုံးသတ်လို့ အောက်ထပ်ကို ဆင်းလာပြီး ဧည့်ခန်းထဲမှာပဲ Jongdae အလာကို စောင့်နေလိုက်တယ်။
သိပ်မကြာလိုက်ပါ။ အချိန်တိကျတဲ့ ကျွန်တော့ အတွင်းရေးမှူးက သူပြောထားတဲ့အချိန်အတိုင်း ရောက်လာပါတော့တယ်။
" Dae တခုခုသောက်ဦးမလား.. "
အလုပ်ချိန်မဟုတ်တာကြောင့် ပုံမှန်ဆက်ဆံရေးအတိုင်း နေကြတဲ့အခါ လုပ်ငန်းခွင်ထပ် ပိုပြီး သက်တောင့်သက်သာ ရှိတယ်မဟုတ်လား။ Jongdae က လက်ခါပြပြီး ကျွန်တော့ရှေ့မှာ ဝင်ထိုင်တယ်။
" ခဏနေ သွားရမယ်နော် Baekhyun na.. နောက်ကျလို့မကောင်းဘူး.. "
" အင်းပါ.. Jongdae ရာ.. ငါသိပါတယ်.. "
Jomgdae က သူ့ရှေ့က ဖြူစုတ်စုတ်နဲ့ လူကြီးဆိုက်ဖမ်းနေတဲ့ Baekhyun ကြောင့် ပြုံးနေမိတယ်။ Baekhyun က တကယ်သန်မာပါတယ်။ အခက်အခဲတွေကြားက အများကြီး ကြိုးစားရှာတဲ့ ကောင်လေးပါ။
" မင်း ဝတ်စုံက မိုက်တယ်နော်.. "
အဖြူရောင် ရှပ်လေးကိုမှ အဖြူရောင်ကုတ်နဲ့ အဖြူရောင် စတိုင်ဘောင်းဘီကို တွဲဝတ်ထားသည်မို့ တစ်ကိုယ်လုံးဖြူစွတ်နေပြီး မျက်မှန်လေး ပင့်ကာပင့်ကာနဲ့ ရီပြနေတော့ ကုမ္ပဏီပိုင်ရှင်ကြီးနဲ့ တူတဲ့နေရာဆိုလို့ တစ်နေရာမှ မရှိတော့..။
" ကဲ.. သွားကြစို့! "
ကျွန်တော့ကိုကြည့်လို့ အကဲဖြတ်နေဦးမယ့် secretary ကြီးနှင့် ဆက်မထိုင်လိုတာကြောင့် သူ့လက်မောင်းကို ဖြတ်ခနဲရိုက်ပြီး ကားဆီကို ဦးတည်လိုက်တယ်။
ပြန်လာရင်တော့ မပြီးသေးတဲ့ စာရင်းတွေ ဆက်လုပ်ရဦးမှာပဲ.. မျက်မှန်လည်း Laptop ကို သိပ်ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး.. ဒီဂရီထပ်တိုးရဦးတော့မယ်..။
..........................YOURS...........................
" Annyeonghasayo.. CEO Byun.. "
" Annyeong CEO Park.. ကျွန်တော်နောက်ကျသွားသေးလား.. "
" မကျပါဘူးဗျာ.. အချိန်ကိုက်ပါပဲ.. ကြွပါဗျ.. "
CEO Park တစ်ယောက်ကတော့ အမှန်တကယ် သဘောကောင်းတဲ့သူပါ.. အသက်အရွယ်ကြီးတာကြောင့်လည်း ပါမည်ထင်သည်.. စီးပွားရေးမှာ လက်တွဲရတာလည်း အဆင်ပြေသလောက် လူမှူဆက်ဆံရေးလည်း ပြောစရာမရှိ.. သူ့သားဆိုသူလည်း CEO Park လိုပဲ အဆင်ပြေတဲ့သူ ဖြစ်ရင်ကောင်းမယ်လို့ တွေးမိတယ်။
တဖြေးဖြေး ဖိတ်ကြားထားသူတွေလည်း များလာတော့ အချိန်စဖို့လည်း နီးလာတယ်။ ကျွန်တော်ကတော့ ထိုလူတွေထဲက ဘယ်သူက CEO အသစ်လဲဆိုတာ ခန့်မှန်းရင်း စပ်စုနေလိုက်တယ်။
" ဦး.. ကျွန်တော် ဒီမှာ ထိုင်လို့ရမလား.. "
" ရတယ်လေ သားသား.. ထိုင်.. "
ချစ်ဖို့ကောင်းတဲ့ ကလေးလေးက ဘယ်သူ့သားသမီးများလဲ.. ကျွန်တော့ဘေးမှာ ထိုင်ဖို့ ခွင့်တောင်းပြီး ပါးချိုင့်လေးပေါ်အောင် ပြုံးပြလို့ လူကြီးလေးလို နေနေတော့တယ်။
ကျွန်တော်သူ့အရွယ်လေးလောက်တုန်းက ဆော့ကောင်းတုန်းဟာ သူက လူကြီးလေးလို လုပ်နေလေတော့ အသည်းယားယားနဲ့ ပါးလေးကို ကိုက်ဆွဲလိုက်ရရင်ဖြင့်..
" ကဲ.. လူကြီးမင်းများအားလုံး မဂ်လာပါဗျ.. "
ဘေးက ကလေးကို အသည်းယားလို့ ကောင်းနေတုန်း CEO Park က အသံပြုလာသည်မို့ အဓိက အကြောင်းအရင်းကိုပဲ အာရုံစိုက်ထားလိုက်တော့တယ်။
" ကျွန်တော်ကတော့ CEO Park Joongki ပါ.. ဒီနေ့ကတော့ အားလုံးသိတဲ့အတိုင်း ကျွန်တော့သားက UK က ပြန်လာပြီမို့ သူ့ကို Company လွှဲပေးတော့မှာ ဖြစ်တဲ့အကြောင်း ရင်းနှီးသူ အားလုံးကို အသိပေးတာပဲ ဖြစ်ပါတယ်။ "
CEO Park က သူ့ဘေးနားက ကျွန်တော့ထက်အနည်းငယ်လောက် အသက်ကြီးပုံရတဲ့ သူကို ပုခုံးဖက်လို့ မိတ်ဆက်ပေးနေတယ်။ ဆံပင်အနက်ရောက်ကို လှန်တင်ထားပြီး အနောက်တိုင်းဝတ်စုံအနက်နဲ့ ခန့်ညားနေမှုကို ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်ကြီးတစ်ဖက်က အားဖြည့်ပေးလေတော့ တော်တော်တော့ ချောသားပဲ ဟု သတ်မှတ်မိသည်။ ဖော်ဖော်ရွေရွေလည်းရှိမယ့်ပုံပဲမို့ စိတ်ထဲတော့ သဘောကျမိတယ်။
" ဒါကတော့ ကျွန်တော့ရဲ့သား Park Yixing ပါ.. "
" ဟုတ်ကဲ့ Park Yixing ပါဗျ.. ရှေ့လျောက် အများကြီး ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်.. "
Park Yixing ဆိုသူက အားလုံးကို ဖော်ဖော်ရွေရွေလိုက်နှုတ်ဆက်ပြီး စီးပွားရေးအရရော လူမှုရေးအရပါ အဆင်ပြေအောင် ပြောရရင် First impression ကောင်းအောင် ကြိုးစားနေသည်ဟု ပြောရမည်။
" CEO Park Yixing shi က လူလွတ်လားဟင်.. "
ကျွန်တော့နည်းတူ ပါတနာအားလုံးကလည်း သဘောတကျရှိနေစဥ် အမျိုးသမီးကြီးတစ်ဦးရဲ့ အားလုံးကို လွှမ်းခြုံသွားစေတဲ့ အမေးကြောင့် Park Yixing က အသံထွက်အောင် ရယ်တော့တယ်။ ရုပ်ချော ဥစ္စာပေါဆိုတော့ သားမက်ဖမ်းချင်နေပြီ မဟုတ်ပါလား။
" စိတ်မကောင်းစရာပဲ.. ကျွန်တော် လက်ထပ်ပြီးပြီဗျ.. "
ထိုအမျိုးသမီးက မျက်နှာမဲ့သွားတော့ Park Yixing က အရယ်တစ်ဝက်နဲ့ ထပ်ပြောတယ်။
" ဒါက ကျွန်တော့အမျိုးသမီး Park Jun Myeon ပါ.. ဟိုက ကလေးက ကျွန်တော့ရဲ့ တစ်ဦးတည်းသော သားလေးပါ.. Park Chanyeol တဲ့.. "
Park Yixing လက်ညွှန်ပြရာအတိုင်း လိုက်ကြည့်မိတော့ အပြုံးတပွင့်နဲ့ ကျွန်တော့မျက်နှာချင်းဆိုင်မှာ ထိုင်နေတာက Park ကတော်ဖြစ်ပြီး ကျွန်တော့ဘေးက လူခန့်လေးက Park ပေါက်စလေးပေါ့လေ..။
သူက ဘာလို့ သူ့အမေနားမထိုင်ပဲ ကျွန်တော့ဘေး လာထိုင်နေတာလဲ.. ကျွန်တော့အထင်တော့ ဒီတိုင်းပဲ ကြုံရာထိုင်လိုက်တာများလား..
"...?"
ကျွန်တော်သူ့ကို ကြည့်နေတာ သိလို့လားမသိ.. ဆတ်ခနဲမော့ကြည့်လာတဲ့ကလေးကြောင့် ချက်ချင်းမျက်နှာလွှဲလိုက်မိတယ်။ ဘာမှန်းမသိပေမယ့် ဒီတိုင်းပဲ လန့်သွားမိခြင်းသာ..
Dinner ပွဲပြီးတော့ အသီးသီးနှုတ်ဆက်ပြီး ထပြန်သွားကြသည်။ ကျွန်တော်လည်း ပြန်သင့်ပြီ ထင်တာမို့ Jongdae ကို ပြောပြီး CEO Park ကို နှုတ်ဆက်ဖို့ သွားလိုက်တယ်။
" CEO Park.. ကျွန်တော်ပြန်.. "
အပေါက်ဝနားမှာ CEO နဲ့ နှုတ်ဆက်နေတုန်း ရုတ်တရက် CEO ဘေးကို ရောက်လာတဲ့ ကောင်ငယ်လေးကြောင့် ဘာရယ်မသိ ပြောလက်စ စကားက ရပ်တန့်သွားတယ်။
" ဒါလေးက မြေးလေးလေ.. ၉ နှစ် ရှိပြီ.. ကိုရီးယားမှာ မွေးပြီးပြီးချင်း UK မှာ သွားနေတာတောင် သွေးကမပျောက်တော့ အတင်းပြန်လာချင်နေတာ.. အခုတော့ အခွင့်သင့်သွားပြီလေ.. "
ကျွန်တော် ကလေးကို ငုံ့ကြည့်မိတာမို့ CEO Park တို့ ထုံးစံအတိုင်း ရေပက်မဝင်တွေ ရှင်းပြနေတော့တယ်။ ပုံမှန်ဆို ကျွန်တော်လည်း ရယ်ရယ်မောမော ဝင်ပါမိမှာပေမယ့် အခုအခြေအနေအရ အထူးသဖြင့် ထိုကလေးရဲ့ အကြည့်တွေအရ နေရတာ တစ်မျိုးကြီး ဖြစ်နေသည်မို့.. ဒီက အမြန်ပြန်ချင်တာပဲ တွေးနေမိတော့တယ်။
" ဟုတ်ကဲ့ CEO Park.. ကလေးက ထွားတယ်နော်.. ချစ်စရာလေး.. Annyeong သားသား.. ဦးက.. "
" Byun Baekhyun မလား.. ကျွန်တော်သိပြီးပြီ.. "
မျက်လုံးပြူးပြူးလေးတွေနဲ့ ကြည့်ရင်း သူ့အဖေတူ ပါးချိုင့်လေး ခွက်နေအောင်ပြုံးလို့ ကျွန်တော့နာမည်ကို သဘောတကျ ရေရွတ်နေတဲ့ ကလေး..
" Aw..! အင်း.. ဒါဆို CEO Park ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်နော်.. "
" ဟုတ်ကဲ့ဗျ.. "
ဘေးက Jongdae လက်ကိုဆွဲရင်း ကျွန်တော် ခပ်သွက်သွက် လျောက်လာခဲ့တယ်။
" Boss အဆင်ပြေလား.. "
" ရတယ်.. ဘာမှမဖြစ်ဘူး.. "
လူကတော့ ဘာမှမဖြစ်.. စိတ်ကလားဆိုတော့လည်း မဟုတ်.. တစ်ခုခုတော့ တစ်ခုခုပေမယ့် အဲ့ဒါကို ကျွန်တော်မသိပါ~
" Boss.. "
" ဟင်.. ဟေ.. အေး.. Dae ပြော.. "
" ကားပေါ်တက်လို့ရပါပြီ Boss.. "
" ဘယ်သူမှ မရှိပါဘူးကွာ.. လွတ်လွတ်လပ်လပ်ပြောပါ.. "
" လုပ်ငန်းခွင်နေရာပါ Boss.. ကားပေါ်တက်ပါ.. "
Jomgdae အကြောင်း သိနေသည်မို့ ဘာမှထပ်ပြောမနေတော့ပဲ.. ကားပေါ်တက်လိုက်ပေမယ့် ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးကြောင့် ဘဝင်မကျဖြစ်နေတာက ပျောက်မသွားပါ..
အင်းးးးး ထားလိုက်ပါတော့လေ~
ဒါက ကလေးလေးတစ်ယောက်ပဲဟာ..
နောက်လည်း ထပ်တွေ့စရာမရှိတော့ပါဘူး~
>>>>>>>>>>>TBC
ဘယ်လိုနေလဲဗျာ.. ?
ဒါလေးက New Fic ဆိုသလို warning များတဲ့ အပိုင်းလေးတွေလည်း ရှိလာမှာပါနော် 🔥
ဆိုတော့ အခုထဲက သတိပေးထားပါရစေ.. မကြိုက်ရင် မဖတ်တာကောင်းပါတယ်နော် ❤
Fic အဟောင်းလေးတွေလည်း ရေးမှာပါ တစ်လှည့်စီပေါ့ :XD
Thz for reading ပါဗျာ ❤❤❤
=========================
[Zawgyi]
" ဟူး... အလုပ္ေတြကလည္း မ်ားလိုက္တာ~ "
Baekhyun တစ္ေယာက္ လက္ထဲက ဖိုင္တြဲေတြအားလုံး စားပြဲေပၚတင္လိုက္ၿပီး မ်က္ႏွာေလး မဲ့ကာ ညည္းညဴလိုက္မိတယ္။
တစ္ေန႔တစ္ေန႔ မၿပီးမစီးႏိုင္သည့္ အလုပ္မ်ားေၾကာင့္ ႏႈတ္က မည္မွ်ပင္ ညည္းညဴမိေသာ္လည္း လက္အစုံကေတာ့ Laptop ကို တခ်ပ္ခ်ပ္ေခါက္ရင္း မၿပီးဆုံးေသးတဲ့အလုပ္မ်ားကို လုပ္ေနရပါသည္။
ကုမၸဏီအလုပ္ဆိုတာ ထင္သေလာက္မလြယ္ အထူးသျဖင့္ ရာနဲ႔ခ်ီတဲ့ လူေတြကို ဦးစီးဦးေဆာင္ျပဳရတာ ပို၍ မလြယ္ပါ။
ကြၽန္ေတာ့ အသက္ ၂၄ အထိ တစ္ခါမွ မ date ဖူးတဲ့ အေၾကာင္းအရင္းကို ျပပါဆိုလွ်င္ ဒီစာရင္းဇယားေတြကိုပဲ ျပရပါလိမ့္မည္။
Omma မဆုံးခင္ထဲက ေနာက္အိမ္ေထာင္ျပဳခ်င္ေနတဲ့ Appa နဲ႔ ကိုယ္ဝန္႐ွိေနပါတယ္ဆိုၿပီး မရမက တြယ္ကပ္ေနခဲ့တဲ့ အမ်ိဳးသမီး... တစ္ေယာက္ထဲ ႐ွိတဲ့ ကြၽန္ေတာ့ကို ဂ႐ုစိုက္ေပးဖို႔ထပ္ Appa နဲ႔ Omma တို႔ရဲ႕ အိမ္ေထာင္ျပသနာေတြၾကားထဲကပဲ Omma ကို ဆုံး႐ႈံးခဲ့ရတယ္။
ကြၽန္ေတာ့အသက္ ၁၅ ႏွစ္မွာေပါ့..
အမွန္ေတာ့ ကြၽန္ေတာ္ ဆုံး႐ႈံးခဲ့ရတာ Omma တစ္ေယာက္ထဲ မဟုတ္ပါဘူး။ Omma က ေသခြဲခြဲခဲ့သလို Appa ဆိုတဲ့သူကလည္း ႐ွင္ခြဲခြဲခဲ့တာပါပဲေလ။ ငါ့သားဆိုၿပီး အၿမဲ ထမ္းပိုးၿပီး တစ္ရက္တစ္ခါ မနမ္းရရင္ အိပ္မေပ်ာ္ပါဘူးဆိုတဲ့ Appa က ဟိုအမ်ိဳးသမီး ဗိုက္ထဲက ဘာမွန္းမသိေသးတဲ့ ကေလးကို ကြၽန္ေတာ့ထပ္ ပိုခ်စ္သြားတယ္ ထင္ပါရဲ႕။ ကြၽန္ေတာ့အသက္ ၁၆ ႏွစ္ ျပည့္တာနဲ႔ သူ႕အမ်ိဳးသမီး၊ သူ႕ကေလးငယ္နဲ႔အတူ အေမရိကကို ထြက္သြားတယ္။
ေျပာခဲ့တာကေတာ့ သားက အ႐ြယ္ေရာက္ၿပီမို႔ ကိုရီးယားက လုပ္ငန္းစုခြဲကို ဦးစီးပါ။ Appa က အေမရိကဘက္က လုပ္ငန္းစုကို ဦးစီးလိုက္ပါ့မယ္လို႔ စကားလုံးလွလွေလး သုံးခဲ့တာပါပဲ။
တကယ္က ကြၽန္ေတာ့ကို ရပိုင္ခြင့္အနည္းငယ္ ခြဲေပးခဲ့ၿပီး ပစ္ထားခဲ့တာ၊ သူတို႔မိသားစုက အတူတူစုေပါင္းၿပီး ေပ်ာ္ေပ်ာ္႐ြင္႐ြင္ႀကီး ေနၾကတာေပါ့။ ၁၆ ႏွစ္ထဲက ထြက္သြားတဲ့ Appa က အခု ကြၽန္ေတာ္ ၂၄ႏွစ္အထိ တစ္ခါမွေလးမွ ျပန္လာမၾကည့္ခဲ့ပါဘူး။ လုပ္ငန္းအေၾကာင္းလည္း မေမးျမန္းခဲ့သလို ေနေကာင္းလားသားေလး ဆိုတဲ့ စကားမ်ိဳးဆို ဘယ္တုန္းက ေနာက္ဆုံး ၾကားခဲ့ရသလဲေတာင္ မမွတ္မိေတာ့ဘူး။
အဲ့ဒီရက္ေတြတုန္းကဆို ကြၽန္ေတာ့ကမ႓ာတစ္ခုလုံး ေမွာင္မိုက္သြားသလို မငိုခဲ့ခဲ့တဲ့ ရက္ဆိုတာ မ႐ွိသေလာက္ပဲ။ အေမ႐ွိရာလည္း သြားၿပီး အခန္းထဲက မထြက္ပဲ ေနတဲ့အထိ ရက္ေပါင္းမ်ားစြာကို အထီးက်န္စြာ ျဖတ္သန္းခဲ့ရတယ္။
ကုမၸဏီလုပ္ငန္းဆိုတာလည္း လုပ္ခါစမို႔ ဘာမွ ေသခ်ာမကိုင္တြယ္တတ္၊ အသက္က ငယ္နဲ႔ တစ္ေလာကလုံးကို အ႐ႈံးေပးၿပီး ထြက္ေျပးသြားခ်င္တဲ့အထိ စိတ္ဓာတ္ၾကခဲ့ရတာ။
ဒါေပမယ့္ တစ္ည Omma ကို အိမ္မက္မက္တယ္။ Omm က ကြၽန္ေတာ့ရဲ႕ ေပ်ာက္ဆုံးေနတဲ့ ရဲရင့္မႈေတြကို ႐ွာေဖြေပးၿပီး အၿမဲတမ္းႀကိဳးစားဖို႔ ကိုယ့္ကိုကိုယ္ရပ္တည္ႏိုင္တဲ့သူဖစ္ဖို႔ ခြန္အားေတြ အမ်ားႀကီး ေပးခဲ့တယ္။
ကံေကာင္းခ်င္ေတာ့ ကြၽန္ေတာ့မွာ တန္ဖိုးမျဖတ္ႏိုင္တဲ့ အဖိုးတန္ သူငယ္ခ်င္းေလး တစ္ေယာက္လဲ ႐ွိတယ္။ သူ႕နာမည္က Kim Jongdae တဲ့..။
Jongdae က ကြၽန္ေတာ့ထပ္ လပိုင္းေလာက္ေလးပဲ ႀကီးေပမယ့္ အမ်ားႀကီးေတာ္တယ္။ ကြၽန္ေတာ့ကို အၿမဲတမ္းအားေပးၿပီး ကူညီေပးခဲ့တယ္။ ေက်ာင္းတက္ရင္း ကုမၸဏီတစ္ခုမွာ အခ်ိန္ပိုင္း စာရင္းကိုင္ ဝင္လုပ္ေနတဲ့ Jongdae က ေက်ာင္းလည္းၿပီးေရာ secretary တန္းျဖစ္တယ္ေလ။ သူ႕ကို လစာမ်ားမ်ားေပးၿပီး ကြၽန္ေတာ့အနားေခၚလိုက္တယ္။
ဘာမွ မသိမတတ္တာမ်ိဳး ဟန္မျပပဲ ငယ္ေပမယ့္ အရည္အခ်င္း႐ွိတယ္ဆိုတာ လူတိုင္းသိေအာင္ အကုန္လုံးကို လက္ညိႇဳးထိုး ခိုင္းႏိုင္တဲ့ အထိ ကြၽန္ေတာ္အမ်ားႀကီး ေလ့လာသင္ယူခဲ့တယ္။ အခုဆိုရင္ စီးပြားေရးေလာကမွာ မသိတဲ့သူမ႐ွိသေလာက္ ကြၽမ္းက်င္ေအာင္ျမင္တဲ့ Byun Baekhyun ျဖစ္ေနၿပီေလ..။
" Ring•• Ring•• "
တစ္ေယာက္ထဲ အေတြးမ်ားေနတုန္း Vibrating အသံနဲ႔ အဝင္ call တစ္ခုေၾကာင့္ Baekhyun အေတြးေတြ ေလထဲလြင့္သြားရတယ္။
" အင္း.. Dae ေျပာ.. "
" ဒီည ၈နာရီ Dinner သြားဖို႔ ႐ွိတယ္ေနာ္.. မင္းေမ့ေနဦးမွာသိလို႔ လွမ္းေျပာတာ.. "
" အင္း.. ငါ လခ်ဳပ္စာရင္းေတြ စစ္ေနလို႔.. "
" ျမန္ျမန္ အၿပီးသတ္ၿပီး ျပင္ေတာ့ Baekhyun na.. မိနစ္ ၂၀ေနရင္ ငါေရာက္မယ္.. "
" ေအးေအး.. "
Jongdae မွာ ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းလည္းျဖစ္ အလုပ္လက္တြဲေဖာ္လည္း ျဖစ္သလို တစ္နည္းအားျဖင့္ ၂ေယာက္မ႐ွိတဲ့ ကြၽန္ေတာ့ရဲ႕ မိသားစုဝင္လည္းျဖစ္တယ္.. ေနာက္တစ္မ်ိဳးကေတာ့ personal driver ေပါ့ေလ.. ။ keke~
Baekhyun သူ႕အေတြးသူ ျပဳံးလိုက္ၿပီး လုပ္လက္စကို အျမန္အၿပီးသတ္ကာ Dinner သြားဖို႔ ျပင္ဆင္ရေတာ့တယ္။
အမွန္ေတာ့ ကြၽန္ေတာ္ ဒီပြဲကို မသြားခ်င္ပါ။ ပြဲကိုထပ္ တစ္ေနကုန္ ပင္ပန္းေနတာေၾကာင့္ အိမ္မွာ နားခ်င္ေနသည္ဆိုလွ်င္ ပိုမွန္မည္။ သို႔ေပမယ့္ Healing Company က CEO ရဲ႕ သားျဖစ္သူက ႏိုင္ငံျခားက ျပန္လာၿပီး ကုမၸဏီကို ဦးစီးေတာ့မွာျဖစ္လို႔ အတည္တစ္လင္း ထုတ္မျပခင္ ရင္းႏွီးသူေတြကို ဖိတ္ၿပီး မိတ္ဆက္ေပးမွာ ျဖစ္တာေၾကာင့္ Dinner ပြဲစီစဥ္ထားတာျဖစ္သည္။ ထို႔ေၾကာင့္ ကြၽန္ေတာ့အေနနဲ႔က Healing Company ဆိုတာ ႏွစ္အိမ့္တစ္အိမ္လို ျဖစ္ေနေတာ့ မသြားလို႔ ဘယ္လိုမွ မရေတာ့ဘူးေလ။
" ဟူး..... "
ေနာက္ဆုံး ကုတ္အက်ီ အျဖဴေလးကို ထပ္ဝတ္ၿပီးေနာက္.. မွန္တင္ခုံေပၚက မ်က္မွန္ေလးကို ယူၿပီး Dinner ပြဲအတြက္ ျပင္ဆင္ျခင္းကို အဆုံးသတ္လို႔ ေအာက္ထပ္ကို ဆင္းလာၿပီး ဧည့္ခန္းထဲမွာပဲ Jongdae အလာကို ေစာင့္ေနလိုက္တယ္။
သိပ္မၾကာလိုက္ပါ။ အခ်ိန္တိက်တဲ့ ကြၽန္ေတာ့ အတြင္းေရးမႉးက သူေျပာထားတဲ့အခ်ိန္အတိုင္း ေရာက္လာပါေတာ့တယ္။
" Dae တခုခုေသာက္ဦးမလား.. "
အလုပ္ခ်ိန္မဟုတ္တာေၾကာင့္ ပုံမွန္ဆက္ဆံေရးအတိုင္း ေနၾကတဲ့အခါ လုပ္ငန္းခြင္ထပ္ ပိုၿပီး သက္ေတာင့္သက္သာ ႐ွိတယ္မဟုတ္လား။ Jongdae က လက္ခါျပၿပီး ကြၽန္ေတာ့ေ႐ွ႕မွာ ဝင္ထိုင္တယ္။
" ခဏေန သြားရမယ္ေနာ္ Baekhyun na.. ေနာက္က်လို႔မေကာင္းဘူး.. "
" အင္းပါ.. Jongdae ရာ.. ငါသိပါတယ္.. "
Jomgdae က သူ႕ေ႐ွ႕က ျဖဴစုတ္စုတ္နဲ႔ လူႀကီးဆိုက္ဖမ္းေနတဲ့ Baekhyun ေၾကာင့္ ျပဳံးေနမိတယ္။ Baekhyun က တကယ္သန္မာပါတယ္။ အခက္အခဲေတြၾကားက အမ်ားႀကီး ႀကိဳးစား႐ွာတဲ့ ေကာင္ေလးပါ။
" မင္း ဝတ္စုံက မိုက္တယ္ေနာ္.. "
အျဖဴေရာင္ ႐ွပ္ေလးကိုမွ အျဖဴေရာင္ကုတ္နဲ႔ အျဖဴေရာင္ စတိုင္ေဘာင္းဘီကို တြဲဝတ္ထားသည္မို႔ တစ္ကိုယ္လုံးျဖဴစြတ္ေနၿပီး မ်က္မွန္ေလး ပင့္ကာပင့္ကာနဲ႔ ရီျပေနေတာ့ ကုမၸဏီပိုင္႐ွင္ႀကီးနဲ႔ တူတဲ့ေနရာဆိုလို႔ တစ္ေနရာမွ မ႐ွိေတာ့..။
" ကဲ.. သြားၾကစို႔! "
ကြၽန္ေတာ့ကိုၾကည့္လို႔ အကဲျဖတ္ေနဦးမယ့္ secretary ႀကီးႏွင့္ ဆက္မထိုင္လိုတာေၾကာင့္ သူ႕လက္ေမာင္းကို ျဖတ္ခနဲ႐ိုက္ၿပီး ကားဆီကို ဦးတည္လိုက္တယ္။
ျပန္လာရင္ေတာ့ မၿပီးေသးတဲ့ စာရင္းေတြ ဆက္လုပ္ရဦးမွာပဲ.. မ်က္မွန္လည္း Laptop ကို သိပ္႐ွင္း႐ွင္းလင္းလင္း မျမင္ရေတာ့ဘူး.. ဒီဂရီထပ္တိုးရဦးေတာ့မယ္..။
..........................YOURS...........................
" Annyeonghasayo.. CEO Byun.. "
" Annyeong CEO Park.. ကြၽန္ေတာ္ေနာက္က်သြားေသးလား.. "
" မက်ပါဘူးဗ်ာ.. အခ်ိန္ကိုက္ပါပဲ.. ႂကြပါဗ်.. "
CEO Park တစ္ေယာက္ကေတာ့ အမွန္တကယ္ သေဘာေကာင္းတဲ့သူပါ.. အသက္အ႐ြယ္ႀကီးတာေၾကာင့္လည္း ပါမည္ထင္သည္.. စီးပြားေရးမွာ လက္တြဲရတာလည္း အဆင္ေျပသေလာက္ လူမႉဆက္ဆံေရးလည္း ေျပာစရာမ႐ွိ.. သူ႕သားဆိုသူလည္း CEO Park လိုပဲ အဆင္ေျပတဲ့သူ ျဖစ္ရင္ေကာင္းမယ္လို႔ ေတြးမိတယ္။
တေျဖးေျဖး ဖိတ္ၾကားထားသူေတြလည္း မ်ားလာေတာ့ အခ်ိန္စဖို႔လည္း နီးလာတယ္။ ကြၽန္ေတာ္ကေတာ့ ထိုလူေတြထဲက ဘယ္သူက CEO အသစ္လဲဆိုတာ ခန္႔မွန္းရင္း စပ္စုေနလိုက္တယ္။
" ဦး.. ကြၽန္ေတာ္ ဒီမွာ ထိုင္လို႔ရမလား.. "
" ရတယ္ေလ သားသား.. ထိုင္.. "
ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးက ဘယ္သူ႕သားသမီးမ်ားလဲ.. ကြၽန္ေတာ့ေဘးမွာ ထိုင္ဖို႔ ခြင့္ေတာင္းၿပီး ပါးခ်ိဳင့္ေလးေပၚေအာင္ ျပဳံးျပလို႔ လူႀကီးေလးလို ေနေနေတာ့တယ္။
ကြၽန္ေတာ္သူ႕အ႐ြယ္ေလးေလာက္တုန္းက ေဆာ့ေကာင္းတုန္းဟာ သူက လူႀကီးေလးလို လုပ္ေနေလေတာ့ အသည္းယားယားနဲ႔ ပါးေလးကို ကိုက္ဆြဲလိုက္ရရင္ျဖင့္..
" ကဲ.. လူႀကီးမင္းမ်ားအားလုံး မဂ္လာပါဗ်.. "
ေဘးက ကေလးကို အသည္းယားလို႔ ေကာင္းေနတုန္း CEO Park က အသံျပဳလာသည္မို႔ အဓိက အေၾကာင္းအရင္းကိုပဲ အာ႐ုံစိုက္ထားလိုက္ေတာ့တယ္။
" ကြၽန္ေတာ္ကေတာ့ CEO Park Joongki ပါ.. ဒီေန႔ကေတာ့ အားလုံးသိတဲ့အတိုင္း ကြၽန္ေတာ့သားက UK က ျပန္လာၿပီမို႔ သူ႕ကို Company လႊဲေပးေတာ့မွာ ျဖစ္တဲ့အေၾကာင္း ရင္းႏွီးသူ အားလုံးကို အသိေပးတာပဲ ျဖစ္ပါတယ္။ "
CEO Park က သူ႕ေဘးနားက ကြၽန္ေတာ့ထက္အနည္းငယ္ေလာက္ အသက္ႀကီးပုံရတဲ့ သူကို ပုခုံးဖက္လို႔ မိတ္ဆက္ေပးေနတယ္။ ဆံပင္အနက္ေရာက္ကို လွန္တင္ထားၿပီး အေနာက္တိုင္းဝတ္စုံအနက္နဲ႔ ခန္႔ညားေနမႈကို ျပဳံးလိုက္တိုင္းေပၚလာတဲ့ ပါးခ်ိဳင့္ႀကီးတစ္ဖက္က အားျဖည့္ေပးေလေတာ့ ေတာ္ေတာ္ေတာ့ ေခ်ာသားပဲ ဟု သတ္မွတ္မိသည္။ ေဖာ္ေဖာ္ေ႐ြေ႐ြလည္း႐ွိမယ့္ပုံပဲမို႔ စိတ္ထဲေတာ့ သေဘာက်မိတယ္။
" ဒါကေတာ့ ကြၽန္ေတာ့ရဲ႕သား Park Yixing ပါ.. "
" ဟုတ္ကဲ့ Park Yixing ပါဗ်.. ေ႐ွ႕ေလ်ာက္ အမ်ားႀကီး ကူညီေပးဖို႔ ေမတၱာရပ္ခံပါတယ္.. "
Park Yixing ဆိုသူက အားလုံးကို ေဖာ္ေဖာ္ေ႐ြေ႐ြလိုက္ႏႈတ္ဆက္ၿပီး စီးပြားေရးအရေရာ လူမႈေရးအရပါ အဆင္ေျပေအာင္ ေျပာရရင္ First impression ေကာင္းေအာင္ ႀကိဳးစားေနသည္ဟု ေျပာရမည္။
" CEO Park Yixing shi က လူလြတ္လားဟင္.. "
ကြၽန္ေတာ့နည္းတူ ပါတနာအားလုံးကလည္း သေဘာတက်႐ွိေနစဥ္ အမ်ိဳးသမီးႀကီးတစ္ဦးရဲ႕ အားလုံးကို လႊမ္းျခဳံသြားေစတဲ့ အေမးေၾကာင့္ Park Yixing က အသံထြက္ေအာင္ ရယ္ေတာ့တယ္။ ႐ုပ္ေခ်ာ ဥစၥာေပါဆိုေတာ့ သားမက္ဖမ္းခ်င္ေနၿပီ မဟုတ္ပါလား။
" စိတ္မေကာင္းစရာပဲ.. ကြၽန္ေတာ္ လက္ထပ္ၿပီးၿပီဗ်.. "
ထိုအမ်ိဳးသမီးက မ်က္ႏွာမဲ့သြားေတာ့ Park Yixing က အရယ္တစ္ဝက္နဲ႔ ထပ္ေျပာတယ္။
" ဒါက ကြၽန္ေတာ့အမ်ိဳးသမီး Park Jun Myeon ပါ.. ဟိုက ကေလးက ကြၽန္ေတာ့ရဲ႕ တစ္ဦးတည္းေသာ သားေလးပါ.. Park Chanyeol တဲ့.. "
Park Yixing လက္ၫႊန္ျပရာအတိုင္း လိုက္ၾကည့္မိေတာ့ အျပဳံးတပြင့္နဲ႔ ကြၽန္ေတာ့မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတာက Park ကေတာ္ျဖစ္ၿပီး ကြၽန္ေတာ့ေဘးက လူခန္႔ေလးက Park ေပါက္စေလးေပါ့ေလ..။
သူက ဘာလို႔ သူ႕အေမနားမထိုင္ပဲ ကြၽန္ေတာ့ေဘး လာထိုင္ေနတာလဲ.. ကြၽန္ေတာ့အထင္ေတာ့ ဒီတိုင္းပဲ ၾကဳံရာထိုင္လိုက္တာမ်ားလား..
"...?"
ကြၽန္ေတာ္သူ႕ကို ၾကည့္ေနတာ သိလို႔လားမသိ.. ဆတ္ခနဲေမာ့ၾကည့္လာတဲ့ကေလးေၾကာင့္ ခ်က္ခ်င္းမ်က္ႏွာလႊဲလိုက္မိတယ္။ ဘာမွန္းမသိေပမယ့္ ဒီတိုင္းပဲ လန္႔သြားမိျခင္းသာ..
Dinner ပြဲၿပီးေတာ့ အသီးသီးႏႈတ္ဆက္ၿပီး ထျပန္သြားၾကသည္။ ကြၽန္ေတာ္လည္း ျပန္သင့္ၿပီ ထင္တာမို႔ Jongdae ကို ေျပာၿပီး CEO Park ကို ႏႈတ္ဆက္ဖို႔ သြားလိုက္တယ္။
" CEO Park.. ကြၽန္ေတာ္ျပန္.. "
အေပါက္ဝနားမွာ CEO နဲ႔ ႏႈတ္ဆက္ေနတုန္း ႐ုတ္တရက္ CEO ေဘးကို ေရာက္လာတဲ့ ေကာင္ငယ္ေလးေၾကာင့္ ဘာရယ္မသိ ေျပာလက္စ စကားက ရပ္တန္႔သြားတယ္။
" ဒါေလးက ေျမးေလးေလ.. ၉ ႏွစ္ ႐ွိၿပီ.. ကိုရီးယားမွာ ေမြးၿပီးၿပီးခ်င္း UK မွာ သြားေနတာေတာင္ ေသြးကမေပ်ာက္ေတာ့ အတင္းျပန္လာခ်င္ေနတာ.. အခုေတာ့ အခြင့္သင့္သြားၿပီေလ.. "
ကြၽန္ေတာ္ ကေလးကို ငုံ႔ၾကည့္မိတာမို႔ CEO Park တို႔ ထုံးစံအတိုင္း ေရပက္မဝင္ေတြ ႐ွင္းျပေနေတာ့တယ္။ ပုံမွန္ဆို ကြၽန္ေတာ္လည္း ရယ္ရယ္ေမာေမာ ဝင္ပါမိမွာေပမယ့္ အခုအေျခအေနအရ အထူးသျဖင့္ ထိုကေလးရဲ႕ အၾကည့္ေတြအရ ေနရတာ တစ္မ်ိဳးႀကီး ျဖစ္ေနသည္မို႔.. ဒီက အျမန္ျပန္ခ်င္တာပဲ ေတြးေနမိေတာ့တယ္။
" ဟုတ္ကဲ့ CEO Park.. ကေလးက ထြားတယ္ေနာ္.. ခ်စ္စရာေလး.. Annyeong သားသား.. ဦးက.. "
" Byun Baekhyun မလား.. ကြၽန္ေတာ္သိၿပီးၿပီ.. "
မ်က္လုံးျပဴးျပဴးေလးေတြနဲ႔ ၾကည့္ရင္း သူ႕အေဖတူ ပါးခ်ိဳင့္ေလး ခြက္ေနေအာင္ျပဳံးလို႔ ကြၽန္ေတာ့နာမည္ကို သေဘာတက် ေရ႐ြတ္ေနတဲ့ ကေလး..
" Aw..! အင္း.. ဒါဆို CEO Park ကြၽန္ေတာ္တို႔ ျပန္လိုက္ပါဦးမယ္ေနာ္.. "
" ဟုတ္ကဲ့ဗ်.. "
ေဘးက Jongdae လက္ကိုဆြဲရင္း ကြၽန္ေတာ္ ခပ္သြက္သြက္ ေလ်ာက္လာခဲ့တယ္။
" Boss အဆင္ေျပလား.. "
" ရတယ္.. ဘာမွမျဖစ္ဘူး.. "
လူကေတာ့ ဘာမွမျဖစ္.. စိတ္ကလားဆိုေတာ့လည္း မဟုတ္.. တစ္ခုခုေတာ့ တစ္ခုခုေပမယ့္ အဲ့ဒါကို ကြၽန္ေတာ္မသိပါ~
" Boss.. "
" ဟင္.. ေဟ.. ေအး.. Dae ေျပာ.. "
" ကားေပၚတက္လို႔ရပါၿပီ Boss.. "
" ဘယ္သူမွ မ႐ွိပါဘူးကြာ.. လြတ္လြတ္လပ္လပ္ေျပာပါ.. "
" လုပ္ငန္းခြင္ေနရာပါ Boss.. ကားေပၚတက္ပါ.. "
Jomgdae အေၾကာင္း သိေနသည္မို႔ ဘာမွထပ္ေျပာမေနေတာ့ပဲ.. ကားေပၚတက္လိုက္ေပမယ့္ ထူးဆန္းတဲ့ ခံစားခ်က္တစ္မ်ိဳးေၾကာင့္ ဘဝင္မက်ျဖစ္ေနတာက ေပ်ာက္မသြားပါ..
အင္းးးးး ထားလိုက္ပါေတာ့ေလ~
ဒါက ကေလးေလးတစ္ေယာက္ပဲဟာ..
ေနာက္လည္း ထပ္ေတြ႕စရာမ႐ွိေတာ့ပါဘူး~
>>>>>>>>>>>TBC
ဘယ္လိုေနလဲဗ်ာ.. ?
ဒါေလးက New Fic ဆိုသလို warning မ်ားတဲ့ အပိုင္းေလးေတြလည္း ႐ွိလာမွာပါေနာ္ 🔥
ဆိုေတာ့ အခုထဲက သတိေပးထားပါရေစ.. မႀကိဳက္ရင္ မဖတ္တာေကာင္းပါတယ္ေနာ္ ❤
Fic အေဟာင္းေလးေတြလည္း ေရးမွာပါ တစ္လွည့္စီေပါ့ :XD
Thz for reading ပါဗ်ာ ❤❤❤