[Unicode + Zawgyi]
ညကဘယ်လိုအိပ်ပျော်သွားလဲမမှတ်မိ သေချာတာကတော့ငိုရင်းနဲ့မောပြီးအိပ်ပျော်သွားခြင်းသာဖြစ်ရမည်။ အခုအိပ်ယာကနိုးလာတော့ မှောင်နေသေးသည်ကမိုးမလင်းသေးတာကိုသိစေသည်မို့ လက်ကစမ်းမိသည့်ဖုန်းနာရီဖွင့်ကြည့်တဲ့အခါ မနက်၄း၀၀ပဲရှိသေးသည့်အပြင် လက်ကတဆစ်ဆစ်ကိုက်နေတာနဲ့ Baekhyunဆက်အိပ်၍မရတော့..
အိပ်ယာကထလာကာ အိပ်မှုန်စုံဝါးနဲ့ထိုင်သည်။
"ကိုကိုကြီး!! ကိုလတ်!! ကိုလေးရေ!!"
Baekhyunတအီအီနဲ့ အော်ခေါ်နေပေမဲ့လည်းတိတ်ဆိတ်နေတဲ့အခြေအနေကသာကြိုဆိုနေခဲ့သည်။
"ကိုကိုကြီး!! ကိုလတ်!! ကိုလေးရေ!! ဟျွန်းငယ်ခေါ်နေတယ်လေ"
ဟင့်.. ဘယ်လိုတောင်အိပ်နေကြတာလဲ ငါ့အသံဒီလောက်ကျယ်တာကိုမကြားကြဘူးလား
Baekhyunကအသက်သာကြီးကြီးလာတာ တစ်ခုခုနေမကောင်းတာမျိုးဖြစ်ရလာရင် အကိုတွေအပေါ်အီတတ်သည်ကအကျင့်တစ်ခု
အခုလည်းခေါ်မရတဲ့အဆုံးစိတ်မကောင်းဖြစ်သွားတာနဲ့ဆက်ခေါ်မနေတော့ဘဲ အိပ်ယာပေါ်ကဆင်းလာကာ ဆေးသေတ္တာယူရန်အောက်ထပ်ကိုဆင်းလာခဲ့သည်။
"အိပ်ကြ.. အိပ်ကြ.. အကုန်အိပ်နေလိုက်ကြတော့"
ဆေးသေတ္တာနားထိုင်ကာ လက်ကိုဆေးပူလိမ်းပြီးပတ်တီးစည်းနေတော့ ပတ်တီးကလျော့တိလျော့ရဲဖြစ်ဖြစ်သွားရတာမို့ မရှည်ချင်တဲ့စိတ်လေးကဒေါသထွက်လာခဲ့သည်။
"ဟင့်.. ကိုကိုကြီး ကိုလတ် ကိုလေးရေ ဒီမှာလာကူပေးဦးလို့ တကယ်စိတ်တိုလာပြီ"
Baekhyunဒေါသထွက်ကာ မတိုးမကျယ်နဲ့နှုတ်ကရွတ်နေရင်းကနေ ဘေးမှာလာထိုင်တဲ့လူကို ရမ်းတော့မည်။
"ခေါ်နေတာကို ဘာလို့အခုမှလာတာလဲ..
နာနေပါတယ်ဆိုမှ ကိုကိုတို့ကလည်းအိပ်ပုတ်လိုက်တာ
တကယ်စိတ်တိုတယ်"
ဘေးကလူကပြုံးလိုက်ပြီး လက်ကပတ်တီးကိုစည်းပေးနေတော့ စိတ်ဆိုးနေပုံBaekhyunက မကြည့်ဘူးဆိုတဲ့ပုံနဲ့ လက်ကိုထိုးပေးထားကာ မျက်နှာကိုတစ်ဖက်လှည့်ထားသည်။
"ပြီးပြီ စိတ်တိုမနေနဲ့သွားပြန်အိပ်တော့"
"ဟမ်..!!!"
ဒီ ဒီအသံက ကိုကိုတို့မဟုတ်ဘူး
ဒါဆို ဒါဆို ParkChanYeol.. ParkChanYeol
"Chanyeol"
"ဘာလဲ"
အိမ်ထဲမှာကိုကိုတို့မဟုတ်ရင် နောက်ထပ်ရှိနေတဲ့သူက အချစ်ရဆုံးChanyeolဆိုတဲ့အတွေးကဦးနှောက်ဆီဒက်ခနဲ..
Baekhyunချက်ချင်းလှည့်ကြည့်လာတော့ ပြုံးနေတဲ့Chanyeolက မျက်နှာကိုတည်ပစ်လိုက်သည်။
"Chanyeolက ငါ့အသံကြောင့်နိုးလာတာလား"
ငါ့အချစ်လေး အိပ်ရေးပျက်တော့မှာပဲ မနက်လည်းDutyချိန်ရှိသေးတာကို
ငါကိုယ်က ကိုက်နေတဲ့လက်ကြောင့် မေ့ပြီးအော်လိုက်မိတာ
အခုတော့ ငါ့အချစ်လေးအစောကြီးနိုးလာရပြီ
"ဟီး.. Chanyeol တောင်းပန်တယ် ငါတောင်းပန်ပါတယ်နော်"
နိုးလာပြီးအကြီးအကျယ်အော်ခေါ်နေခဲ့တဲ့အစ်ကိုတွေကိုအားမှမနာ သူ့အချစ်လေးကိုမှတောင်းပန်နေတဲ့Baekhyunကြောင့် မနိုးလာကြတဲ့အစ်ကိုတွေအတွက်သနားစရာပင်
"အော်ကြီးဟစ်ကျယ်လုပ်မနေနဲ့ အကုန်လုံးကပင်ပန်းပြီးအိပ်နေတာ မင်းလိုတစ်နေကုန်အိမ်ထဲသက်သောင့်သက်သာနေရတဲ့ဘယ်သူမှမရှိဘူး"
"ငါသိပါတယ်.. ငါ့လက်ကနာနေတာနဲ့မေ့သွားလို့ပါ"
Chanyeol Baekhyunရဲ့ပတ်တီးတွေနဲ့လက်ကိုကြည့်ကာ သူတွန်းပစ်ခဲ့တာကိုသတိရပေမဲ့ မတောင်းပန်မိ..
အခုလည်းမျက်နှာငယ်လေးနဲ့Baekhyunပုံစံက ပြောလိုက်မိတဲ့စကားတွေအတွက်အားနာစိတ်တွေတောင်ဖြစ်လာစေခဲ့သည်။
တရွေ့ရွေ့နဲ့ပြန်တက်သွားတဲ့Baekhyunရဲ့ကျောပြင်ကိုကြည့်နေရင်း Chanyeolသက်မအရှည်ကြီးချလိုက်မိကာ လှမ်းခေါ်ဖို့လုပ်တော့ လှေကားတွေပေါ်တက်နေတဲ့Baekhyunကပြန်လှည့်ကြည့်လာခဲ့ပြီး
"Chanyeol ငါတကယ်ချစ်တာနော်.. ငါ့ကိုအဖြေပြန်ပေးဖို့စဉ်းစားထားဦး"
Chanyeolမျက်မှောင်တို့ကြုတ်သွားရကာBaekhyunကိုကြည့်နေတော့ Baekhyunကရယ်ပြနေပြီး အပေါ်ကိုတက်သွားတော့သည်။
မနက်လင်းလို့Baekhyunနိုးလာတဲ့အခါ အိမ်မှာဘယ်သူမှမရှိတာနဲ့ပဲ ငယ်ပေါင်းတွေဖြစ်တဲ့ သူငယ်ချင်းတွေကိုဖုန်းဆက်ခေါ်တော့သည်။
သူငယ်ချင်းတွေကလည်း ဘယ်အချိန်ကတည်းကစောင့်နေသည်မသိ နေ့လည်မကူးခင်မှာပဲအိမ်ကိုရောက်လာကြပြီး ကိုလေးချက်ပေးသွားတဲ့အစားအသောက်တွေကို သူအရင်ငါဆိုပြီး အချင်းချင်းကိုလုစားကြသည်။
Baekhyunကတော့ဘေးကနေ ခေါင်းတခါခါနဲ့သာသူငယ်ချင်းတွေကိုကြည့်နေလိုက်သည်။
"Hyungအပြင်လည်းမထွက်ရဘူးဆိုတော့ ဒီရက်တွေဘာလုပ်နေလဲ"
စားနေရင်းပလုပ်ပလောင်းနဲ့မေးလာတဲ့Sehunရဲ့အမေးကို Baekhyunကတစ်ခုမကျန်ပြောပြလာတဲ့အခါ စားနေတဲ့အစားအသောက်တွေကိုပင်မေ့ကာ Baekhyunကိုပါးစပ်အဟောင်းသားနဲ့သုံးယောက်သားကြည့်လာကြသည်။
"Baekhyunတကယ်ကြီး မင်းဖွင့်ပြောလိုက်တယ်.. ပြီးတော့တစ်အိမ်ထဲမှာတူတူနေကြတယ်"
Chenရဲ့တအံ့တဩအမေးကို Baekhyunကခေါင်းကိုညိပ်ပြီးအဖြေပေးသည်။
"Hyung ကျွန်တော်တို့လည်း Hyungနဲ့တူတူ Hyungရဲ့အချစ်လေးနဲ့စာသင်ချင်တယ်"
"ဟုတ်တယ် ဟုတ်တယ်"
Sehunရဲ့အပြောကိုကျန်၂ယောက်ကပါထောက်ခံတောင်းဆိုလာတဲ့အခါ Baekhyunအင်းမလုပ် အဲမလုပ်နဲ့ အဆုံးတော့လည်းလက်ခံလိုက်ရသည်။
"ဒါပေမဲ့ Chanyeolကိုမေးကြည့်ရဦးမယ်လေ သူသင်နိုင်မှဖြစ်မှာပေါ့"
သူငယ်ချင်းတွေသည်တစ်ယောက်မှမပြန်ကြသေးဘဲ ညနေအစ်ကိုတွေပြန်လာတဲ့အထိစောင့်နေပြီး Chanyeolဆီမှာ စာသင်ရဖို့ကိုအကြီးအကျယ်တောင်းဆိုနေလေသည်။
အစ်ကိုတွေကလည်းChanyeolကိုအားနာရပေမဲ့ ဒီကလေးတွေကလည်းBaekhyunလိုပဲ သူတို့အတွက်ညီငယ်လေးတွေလိုဖြစ်နေခဲ့တာမို့ ပြောပေးကြည့်မယ်ဆိုပြီးလက်ခံပေးလာသည်နှင့် အိမ်တွင်ပဲနေကာပြန်ကိုမပြန်ကြတော့..
ဘာလို့သူငယ်ချင်းတွေအခုလိုအသည်းအသန်စာတွေသင်ချင်နေသည်ကို Baekhyunကသာအသိဆုံးဖြစ်ပြီး
ငြင်းဖို့ပြောရင်Chanyeolကိုကြိုက်နေတဲ့အကြောင်းအစ်ကိုတွေကိုပြောပြလိုက်မည့် ခြိမ်းခြောက်ချက်ကBaekhyunကိုတိတ်နေစေသည်။
မင်းတို့တွေ.. မင်းတို့တွေနော်.. ငါ ငါ့အချစ်လေးဆီကအဖြေတောင်မရသေးခင်အဆုံးသတ်သွားမှာစိုးလို့ ဟင်း ဟင်း..
သည်းခံ သည်းခံ Baekhyunရေ
ဒီသူငယ်ချင်းအဆိုးအပေအတေတွေကိုသည်းခံလိုက်စမ်းပါ
"တယ် လူစုံနေပါ့လားဟေ့"
အသံနဲ့အတူဧည့်ခန်းထဲရောက်လာခဲ့တဲ့ ကိုကိုကြီးကို အကုန်လုံးကကြိုဆိုနေကြပေမဲ့ Baekhyunကအနောက်ကဝင်လာတဲ့Chanyeolကိုသာကြည့်နေခဲ့သည်။
ဒါဟာ အရမ်းချစ်ဖို့ကောင်းတဲ့ညီငယ်လေးရဲ့ကြိုဆိုမှုပေါ့..
ဘေးကနေChenက နှာခေါင်းရှုံ့လိုက်ပြီး တံတောင်နဲ့တွတ်လိုက်မှ Baekhyunအသိဝင်တော့သည်။
"ထိန်းဦး စောက်ရမ်းတွေဘူးမနေနဲ့"
Baekhyun တိုးတိုးလေးပြောလာတဲ့Chenကိုမျက်စောင်းထိုးလာတော့ ကျန်နေတဲ့၂ယောက်ကလည်းChenအပြောကိုထောက်ခံနေကြလေသည်။
"Chanyeolရေ Hyungတို့မင်းကိုပြောစရာရှိလို့"
"ဟုတ်ကဲ့Hyungပြောလေ"
KyungSooရဲ့စကားကို Chanyeolခေါင်းညိပ်လက်ခံခြင်းနဲ့အတူ လွတ်နေတဲ့နေရာမှာပါဝင်ထိုင်လိုက်ကာ မတ်တပ်ရပ်နေတဲ့သူတွေကိုကြည့်လိုက်ပြီးမှ ပြောလာမှာကိုနားထောင်နေသည်။
"ဒီကလေးတွေက ဟျွန်းငယ်ရဲ့ငယ်ငယ်ထဲကသူငယ်ချင်းတွေလေ"
KyungSooကတစ်ယောက်ချင်းဆီမိတ်ဆက်ပေးလာတော့ တစ်ယောက်နဲ့တစ်ယောက်အရိုအသေပေးဖြစ်ကြသည်။
"Hyungနာမည်ကတော့ ParkChanYeolပါ.. အို.. Hyungဘယ်ဖြစ်တော့မလဲ Baekhyunရဲ့သူငယ်ချင်းတွေဆိုတော့Baekhyunလိုပဲ.."
Baekhyunစူပုတ်နေတာကိုကြည့်ပြီး အစ်ကိုတွေကပြုံးသည်။
"Sehunလေးကတစ်နှစ်တစ်တန်းတက်လာတာ သူကတော့မင်းထက်ငယ်တယ်Chanyeolရေ"
Luhanအပြောကို Chanyeolကခေါင်းတညိပ်ညိပ်နဲ့..
"ဟွန့်.. Chanyeolက ငါ့သူငယ်ချင်းတွေကငါ့လိုတဖုတ်ဖုတ်ကျနေတယ်လို့ပြောမလို့မလား.. တွေ့ပြီလားSehunnieက တစ်နှစ်တစ်တန်းအောင်တာ"
ဒါလေးကိုစိတ်တိုနေပုံBaekhyunကြောင့် Chanyeolရယ်ချင်နေတာကိုမနည်းထိန်းရသည်။ သို့ပေမဲ့ ကျန်တဲ့သူတွေကတော့ ရယ်သံမထွက်ရုံတမယ်ပြုံးနေကြသည်။
"ဟုတ်ပါပြီ.. အခုသိပါပြီ"
Baekhyunမျက်စောင်နဲ့စိုက်ကြည့်နေတာကြောင့် KyungSooကပဲစကားကိုဆက်ရသည်။
"ဒီကလေးတွေကလည်း ဟျွန်းငယ်လိုChanyeolဆီမှာစာသင်ချင်လို့တဲ့ အဲ့တာChanyeolရဲ့ဆုံးဖြတ်ချက်ကိုသိချင်လို့.. Chanyeolသူတို့ကိုပါသင်ပေးနိုင်မလားဟင်"
"အာ..."
"Chanyeolရ... ငါတို့စာကိုကြိုးစားပါ့မယ် မင်းစကားလည်းနားထောင်မယ်လေ လုပ်ပါ လုပ်ပါ"
Taoပြောတော့Chenကပါခေါင်းညိပ်လာပြီး Sehunကလက်ခံပေးဖို့အကြည့်နဲ့တောင်းဆိုနေပေမဲ့ Baekhyunကတော့ အကုန်လုံးကိုကျောပေးကာ လက်ကိုပိုက်ထားသည်။
"ငါကလက်ခံတယ်ဆိုပေမဲ့ Baekhyunကိုကြည့်ရတာ မင်းတို့နဲ့မသင်ချင်သလိုပဲ"
သုံးယောက်သားBaekhyunကိုကြည့်လာတော့ Baekhyunကမျက်မှောင်ကြုတ်ကာChanyeolကိုကြည့်နေသည်။
ဒါသက်သက် ငါ့ကိုမကောင်းဖြစ်အောင်လို့
ဒီသူငယ်ချင်းအဆိုးအပေအတေတွေကလည်း အလိုက်ကန်းဆိုးကိုမသိဘူး
သူငယ်ချင်းသာယာနေတာကို တမင်နှောက်ယှက်ချင်လို့
ဟွန့်
မင်း လက်မခံစမ်းပါနဲ့
သူတို့က မင်းကိုစာသင်မရအောင်နှောက်ယှက်လိမ့်မယ်
လက်မခံနဲ့ လက်မခံနဲ့လို့ ငါဆုတောင်းနေတာကို
ဘာတဲ့??
အခုတော့ ငါ့ဆီကို... ဟင်း ဟင်း
"Baekhyunတကယ်ပဲ ငါတို့နဲ့မသင်ချင်ဘူးလားဟင်"
ဘေးကကြည့်ရင်တော့မျက်နှာငယ်လေးတွေနဲ့ပြောနေပေမဲ့ စိတ်ထဲကကြိမ်ဆဲခြိမ်းခြောက်နေတာကို Baekhyunလှည့်မကြည့်ဘဲတောင် ပြတ်သားစွာကြားနေရသည်။
"သင်ချင်တာပေါ့ ငါ့သူငယ်ချင်းတွေနဲ့တူတူဟာကို Chanyeolကလက်ခံပေးမယ်မလားဟင်"
Baekhyunသူငယ်ချင်းတွေကိုလည်း စိတ်ထဲအမျိုးမျိုးကြိမ်ဆဲနေကာ လုပ်ဖြစ်သွားတဲ့အမူအယာကြောင့် အကြောင်းသိသူငယ်ချင်းတွေကတော့ တခိခိနဲ့...
"ရပါတယ် ငါသင်ပေးပါမယ်"
Baekhyunထအော်ချင်ပေမဲ့လည်း ပြုံးနေပြီး သူငယ်ချင်းတွေဘက်ကိုတော့ မင်းတို့သတိထားဆိုတဲ့အကြည့်နဲ့ကြည့်သည်။
"ဒါဆိုလည်း Chanyeolကိုပေးနားလိုက်ပါဦး..ပြီးရင်လည်းဒီကလေးတွေကိုစာကသင်ရင်ညည့်နက်ဦးမှာ"
MinSeokဝင်ဖြတ်တော့မှပဲ စကားစတွေပြတ်သွားကာChanyeolကတက်သွားတော့သည်။
အဆိုးလေးရေ.. မင်းသူငယ်ချင်းတွေနဲ့ဆိုတော့ အရင်လိုနှစ်ယောက်ထဲမဟုတ်တဲ့အတွက် မင်းတော့ပြောင်းလဲသွားမှာပဲ..
လေးယောက်ဆိုတော့ ပိုပင်ပန်းရမယ်ဆိုပေမဲ့လည်း..
မင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစာပြပေးရတဲ့အခါနေရမခက်ဘဲအဆင်ပြေလောက်မှာပါ
သို့ပေမဲ့..
အဆိုးလေးက အဆိုးလေးဆိုတာကို Chanyeolမေ့ထားခဲ့လေသည်။
TBc...
[Zawgyi 👇]
ညကဘယ္လိုအိပ္ေပ်ာ္သြားလဲမမွတ္မိ ေသခ်ာတာကေတာ့ငိုရင္းနဲ႔ေမာၿပီးအိပ္ေပ်ာ္သြားျခင္းသာျဖစ္ရမည္။ အခုအိပ္ယာကႏိုးလာေတာ့ ေမွာင္ေနေသးသည္ကမိုးမလင္းေသးတာကိုသိေစသည္မို႔ လက္ကစမ္းမိသည့္ဖုန္းနာရီဖြင့္ၾကည့္တဲ့အခါ မနက္၄း၀၀ပဲရွိေသးသည့္အျပင္ လက္ကတဆစ္ဆစ္ကိုက္ေနတာနဲ႔ Baekhyunဆက္အိပ္၍မရေတာ့..
အိပ္ယာကထလာကာ အိပ္မႈန္စုံဝါးနဲ႔ထိုင္သည္။
"ကိုကိုႀကီး!! ကိုလတ္!! ကိုေလးေရ!!"
Baekhyunတအီအီနဲ႔ ေအာ္ေခၚေနေပမဲ့လည္းတိတ္ဆိတ္ေနတဲ့အေျခအေနကသာႀကိဳဆိုေနခဲ့သည္။
"ကိုကိုႀကီး!! ကိုလတ္!! ကိုေလးေရ!! ဟြၽန္းငယ္ေခၚေနတယ္ေလ"
ဟင့္.. ဘယ္လိုေတာင္အိပ္ေနၾကတာလဲ ငါ့အသံဒီေလာက္က်ယ္တာကိုမၾကားၾကဘူးလား
Baekhyunကအသက္သာႀကီးႀကီးလာတာ တစ္ခုခုေနမေကာင္းတာမ်ိဳးျဖစ္ရလာရင္ အကိုေတြအေပၚအီတတ္သည္ကအက်င့္တစ္ခု
အခုလည္းေခၚမရတဲ့အဆုံးစိတ္မေကာင္းျဖစ္သြားတာနဲ႔ဆက္ေခၚမေနေတာ့ဘဲ အိပ္ယာေပၚကဆင္းလာကာ ေဆးေသတၱာယူရန္ေအာက္ထပ္ကိုဆင္းလာခဲ့သည္။
"အိပ္ၾက.. အိပ္ၾက.. အကုန္အိပ္ေနလိုက္ၾကေတာ့"
ေဆးေသတၱာနားထိုင္ကာ လက္ကိုေဆးပူလိမ္းၿပီးပတ္တီးစည္းေနေတာ့ ပတ္တီးကေလ်ာ့တိေလ်ာ့ရဲျဖစ္ျဖစ္သြားရတာမို႔ မရွည္ခ်င္တဲ့စိတ္ေလးကေဒါသထြက္လာခဲ့သည္။
"ဟင့္.. ကိုကိုႀကီး ကိုလတ္ ကိုေလးေရ ဒီမွာလာကူေပးဦးလို႔ တကယ္စိတ္တိုလာၿပီ"
Baekhyunေဒါသထြက္ကာ မတိုးမက်ယ္နဲ႔ႏႈတ္က႐ြတ္ေနရင္းကေန ေဘးမွာလာထိုင္တဲ့လူကို ရမ္းေတာ့မည္။
"ေခၚေနတာကို ဘာလို႔အခုမွလာတာလဲ..
နာေနပါတယ္ဆိုမွ ကိုကိုတို႔ကလည္းအိပ္ပုတ္လိုက္တာ
တကယ္စိတ္တိုတယ္"
ေဘးကလူကၿပဳံးလိုက္ၿပီး လက္ကပတ္တီးကိုစည္းေပးေနေတာ့ စိတ္ဆိုးေနပုံBaekhyunက မၾကည့္ဘူးဆိုတဲ့ပုံနဲ႔ လက္ကိုထိုးေပးထားကာ မ်က္ႏွာကိုတစ္ဖက္လွည့္ထားသည္။
"ၿပီးၿပီ စိတ္တိုမေနနဲ႔သြားျပန္အိပ္ေတာ့"
"ဟမ္..!!!"
ဒီ ဒီအသံက ကိုကိုတို႔မဟုတ္ဘူး
ဒါဆို ဒါဆို ParkChanYeol.. ParkChanYeol
"Chanyeol"
"ဘာလဲ"
အိမ္ထဲမွာကိုကိုတို႔မဟုတ္ရင္ ေနာက္ထပ္ရွိေနတဲ့သူက အခ်စ္ရဆုံးChanyeolဆိုတဲ့အေတြးကဦးေႏွာက္ဆီဒက္ခနဲ..
Baekhyunခ်က္ခ်င္းလွည့္ၾကည့္လာေတာ့ ၿပဳံးေနတဲ့Chanyeolက မ်က္ႏွာကိုတည္ပစ္လိုက္သည္။
"Chanyeolက ငါ့အသံေၾကာင့္ႏိုးလာတာလား"
ငါ့အခ်စ္ေလး အိပ္ေရးပ်က္ေတာ့မွာပဲ မနက္လည္းDutyခ်ိန္ရွိေသးတာကို
ငါကိုယ္က ကိုက္ေနတဲ့လက္ေၾကာင့္ ေမ့ၿပီးေအာ္လိုက္မိတာ
အခုေတာ့ ငါ့အခ်စ္ေလးအေစာႀကီးႏိုးလာရၿပီ
"ဟီး.. Chanyeol ေတာင္းပန္တယ္ ငါေတာင္းပန္ပါတယ္ေနာ္"
ႏိုးလာၿပီးအႀကီးအက်ယ္ေအာ္ေခၚေနခဲ့တဲ့အစ္ကိုေတြကိုအားမွမနာ သူ႔အခ်စ္ေလးကိုမွေတာင္းပန္ေနတဲ့Baekhyunေၾကာင့္ မႏိုးလာၾကတဲ့အစ္ကိုေတြအတြက္သနားစရာပင္
"ေအာ္ႀကီးဟစ္က်ယ္လုပ္မေနနဲ႔ အကုန္လုံးကပင္ပန္းၿပီးအိပ္ေနတာ မင္းလိုတစ္ေနကုန္အိမ္ထဲသက္ေသာင့္သက္သာေနရတဲ့ဘယ္သူမွမရွိဘူး"
"ငါသိပါတယ္.. ငါ့လက္ကနာေနတာနဲ႔ေမ့သြားလို႔ပါ"
Chanyeol Baekhyunရဲ႕ပတ္တီးေတြနဲ႔လက္ကိုၾကည့္ကာ သူတြန္းပစ္ခဲ့တာကိုသတိရေပမဲ့ မေတာင္းပန္မိ..
အခုလည္းမ်က္ႏွာငယ္ေလးနဲ႔Baekhyunပုံစံက ေျပာလိုက္မိတဲ့စကားေတြအတြက္အားနာစိတ္ေတြေတာင္ျဖစ္လာေစခဲ့သည္။
တေ႐ြ႕ေ႐ြ႕နဲ႔ျပန္တက္သြားတဲ့Baekhyunရဲ႕ေက်ာျပင္ကိုၾကည့္ေနရင္း Chanyeolသက္မအရွည္ႀကီးခ်လိုက္မိကာ လွမ္းေခၚဖို႔လုပ္ေတာ့ ေလွကားေတြေပၚတက္ေနတဲ့Baekhyunကျပန္လွည့္ၾကည့္လာခဲ့ၿပီး
"Chanyeol ငါတကယ္ခ်စ္တာေနာ္.. ငါ့ကိုအေျဖျပန္ေပးဖို႔စဥ္းစားထားဦး"
Chanyeolမ်က္ေမွာင္တို႔ၾကဳတ္သြားရကာBaekhyunကိုၾကည့္ေနေတာ့ Baekhyunကရယ္ျပေနၿပီး အေပၚကိုတက္သြားေတာ့သည္။
မနက္လင္းလို႔Baekhyunႏိုးလာတဲ့အခါ အိမ္မွာဘယ္သူမွမရွိတာနဲ႔ပဲ ငယ္ေပါင္းေတြျဖစ္တဲ့ သူငယ္ခ်င္းေတြကိုဖုန္းဆက္ေခၚေတာ့သည္။
သူငယ္ခ်င္းေတြကလည္း ဘယ္အခ်ိန္ကတည္းကေစာင့္ေနသည္မသိ ေန႔လည္မကူးခင္မွာပဲအိမ္ကိုေရာက္လာၾကၿပီး ကိုေလးခ်က္ေပးသြားတဲ့အစားအေသာက္ေတြကို သူအရင္ငါဆိုၿပီး အခ်င္းခ်င္းကိုလုစားၾကသည္။
Baekhyunကေတာ့ေဘးကေန ေခါင္းတခါခါနဲ႔သာသူငယ္ခ်င္းေတြကိုၾကည့္ေနလိုက္သည္။
"Hyungအျပင္လည္းမထြက္ရဘူးဆိုေတာ့ ဒီရက္ေတြဘာလုပ္ေနလဲ"
စားေနရင္းပလုပ္ပေလာင္းနဲ႔ေမးလာတဲ့Sehunရဲ႕အေမးကို Baekhyunကတစ္ခုမက်န္ေျပာျပလာတဲ့အခါ စားေနတဲ့အစားအေသာက္ေတြကိုပင္ေမ့ကာ Baekhyunကိုပါးစပ္အေဟာင္းသားနဲ႔သုံးေယာက္သားၾကည့္လာၾကသည္။
"Baekhyunတကယ္ႀကီး မင္းဖြင့္ေျပာလိုက္တယ္.. ၿပီးေတာ့တစ္အိမ္ထဲမွာတူတူေနၾကတယ္"
Chenရဲ႕တအံ့တဩအေမးကို Baekhyunကေခါင္းကိုညိပ္ၿပီးအေျဖေပးသည္။
"Hyung ကြၽန္ေတာ္တို႔လည္း Hyungနဲ႔တူတူ Hyungရဲ႕အခ်စ္ေလးနဲ႔စာသင္ခ်င္တယ္"
"ဟုတ္တယ္ ဟုတ္တယ္"
Sehunရဲ႕အေျပာကိုက်န္၂ေယာက္ကပါေထာက္ခံေတာင္းဆိုလာတဲ့အခါ Baekhyunအင္းမလုပ္ အဲမလုပ္နဲ႔ အဆုံးေတာ့လည္းလက္ခံလိုက္ရသည္။
"ဒါေပမဲ့ Chanyeolကိုေမးၾကည့္ရဦးမယ္ေလ သူသင္ႏိုင္မွျဖစ္မွာေပါ့"
သူငယ္ခ်င္းေတြသည္တစ္ေယာက္မွမျပန္ၾကေသးဘဲ ညေနအစ္ကိုေတြျပန္လာတဲ့အထိေစာင့္ေနၿပီး Chanyeolဆီမွာ စာသင္ရဖို႔ကိုအႀကီးအက်ယ္ေတာင္းဆိုေနေလသည္။
အစ္ကိုေတြကလည္းChanyeolကိုအားနာရေပမဲ့ ဒီကေလးေတြကလည္းBaekhyunလိုပဲ သူတို႔အတြက္ညီငယ္ေလးေတြလိုျဖစ္ေနခဲ့တာမို႔ ေျပာေပးၾကည့္မယ္ဆိုၿပီးလက္ခံေပးလာသည္ႏွင့္ အိမ္တြင္ပဲေနကာျပန္ကိုမျပန္ၾကေတာ့..
ဘာလို႔သူငယ္ခ်င္းေတြအခုလိုအသည္းအသန္စာေတြသင္ခ်င္ေနသည္ကို Baekhyunကသာအသိဆုံးျဖစ္ၿပီး
ျငင္းဖို႔ေျပာရင္Chanyeolကိုႀကိဳက္ေနတဲ့အေၾကာင္းအစ္ကိုေတြကိုေျပာျပလိုက္မည့္ ၿခိမ္းေျခာက္ခ်က္ကBaekhyunကိုတိတ္ေနေစသည္။
မင္းတို႔ေတြ.. မင္းတို႔ေတြေနာ္.. ငါ ငါ့အခ်စ္ေလးဆီကအေျဖေတာင္မရေသးခင္အဆုံးသတ္သြားမွာစိုးလို႔ ဟင္း ဟင္း..
သည္းခံ သည္းခံ Baekhyunေရ
ဒီသူငယ္ခ်င္းအဆိုးအေပအေတေတြကိုသည္းခံလိုက္စမ္းပါ
"တယ္ လူစုံေနပါ့လားေဟ့"
အသံနဲ႔အတူဧည့္ခန္းထဲေရာက္လာခဲ့တဲ့ ကိုကိုႀကီးကို အကုန္လုံးကႀကိဳဆိုေနၾကေပမဲ့ Baekhyunကအေနာက္ကဝင္လာတဲ့Chanyeolကိုသာၾကည့္ေနခဲ့သည္။
ဒါဟာ အရမ္းခ်စ္ဖို႔ေကာင္းတဲ့ညီငယ္ေလးရဲ႕ႀကိဳဆိုမႈေပါ့..
ေဘးကေနChenက ႏွာေခါင္းရႈံ႕လိုက္ၿပီး တံေတာင္နဲ႔တြတ္လိုက္မွ Baekhyunအသိဝင္ေတာ့သည္။
"ထိန္းဦး ေစာက္ရမ္းေတြဘူးမေနနဲ႔"
Baekhyun တိုးတိုးေလးေျပာလာတဲ့Chenကိုမ်က္ေစာင္းထိုးလာေတာ့ က်န္ေနတဲ့၂ေယာက္ကလည္းChenအေျပာကိုေထာက္ခံေနၾကေလသည္။
"Chanyeolေရ Hyungတို႔မင္းကိုေျပာစရာရွိလို႔"
"ဟုတ္ကဲ့Hyungေျပာေလ"
KyungSooရဲ႕စကားကို Chanyeolေခါင္းညိပ္လက္ခံျခင္းနဲ႔အတူ လြတ္ေနတဲ့ေနရာမွာပါဝင္ထိုင္လိုက္ကာ မတ္တပ္ရပ္ေနတဲ့သူေတြကိုၾကည့္လိုက္ၿပီးမွ ေျပာလာမွာကိုနားေထာင္ေနသည္။
"ဒီကေလးေတြက ဟြၽန္းငယ္ရဲ႕ငယ္ငယ္ထဲကသူငယ္ခ်င္းေတြေလ"
KyungSooကတစ္ေယာက္ခ်င္းဆီမိတ္ဆက္ေပးလာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္အ႐ိုအေသေပးျဖစ္ၾကသည္။
"Hyungနာမည္ကေတာ့ ParkChanYeolပါ.. အို.. Hyungဘယ္ျဖစ္ေတာ့မလဲ Baekhyunရဲ႕သူငယ္ခ်င္းေတြဆိုေတာ့Baekhyunလိုပဲ.."
Baekhyunစူပုတ္ေနတာကိုၾကည့္ၿပီး အစ္ကိုေတြကၿပဳံးသည္။
"Sehunေလးကတစ္ႏွစ္တစ္တန္းတက္လာတာ သူကေတာ့မင္းထက္ငယ္တယ္Chanyeolေရ"
Luhanအေျပာကို Chanyeolကေခါင္းတညိပ္ညိပ္နဲ႔..
"ဟြန႔္.. Chanyeolက ငါ့သူငယ္ခ်င္းေတြကငါ့လိုတဖုတ္ဖုတ္က်ေနတယ္လို႔ေျပာမလို႔မလား.. ေတြ႕ၿပီလားSehunnieက တစ္ႏွစ္တစ္တန္းေအာင္တာ"
ဒါေလးကိုစိတ္တိုေနပုံBaekhyunေၾကာင့္ Chanyeolရယ္ခ်င္ေနတာကိုမနည္းထိန္းရသည္။ သို႔ေပမဲ့ က်န္တဲ့သူေတြကေတာ့ ရယ္သံမထြက္႐ုံတမယ္ၿပဳံးေနၾကသည္။
"ဟုတ္ပါၿပီ.. အခုသိပါၿပီ"
Baekhyunမ်က္ေစာင္နဲ႔စိုက္ၾကည့္ေနတာေၾကာင့္ KyungSooကပဲစကားကိုဆက္ရသည္။
"ဒီကေလးေတြကလည္း ဟြၽန္းငယ္လိုChanyeolဆီမွာစာသင္ခ်င္လို႔တဲ့ အဲ့တာChanyeolရဲ႕ဆုံးျဖတ္ခ်က္ကိုသိခ်င္လို႔.. Chanyeolသူတို႔ကိုပါသင္ေပးႏိုင္မလားဟင္"
"အာ..."
"Chanyeolရ... ငါတို႔စာကိုႀကိဳးစားပါ့မယ္ မင္းစကားလည္းနားေထာင္မယ္ေလ လုပ္ပါ လုပ္ပါ"
Taoေျပာေတာ့Chenကပါေခါင္းညိပ္လာၿပီး Sehunကလက္ခံေပးဖို႔အၾကည့္နဲ႔ေတာင္းဆိုေနေပမဲ့ Baekhyunကေတာ့ အကုန္လုံးကိုေက်ာေပးကာ လက္ကိုပိုက္ထားသည္။
"ငါကလက္ခံတယ္ဆိုေပမဲ့ Baekhyunကိုၾကည့္ရတာ မင္းတို႔နဲ႔မသင္ခ်င္သလိုပဲ"
သုံးေယာက္သားBaekhyunကိုၾကည့္လာေတာ့ Baekhyunကမ်က္ေမွာင္ၾကဳတ္ကာChanyeolကိုၾကည့္ေနသည္။
ဒါသက္သက္ ငါ့ကိုမေကာင္းျဖစ္ေအာင္လို႔
ဒီသူငယ္ခ်င္းအဆိုးအေပအေတေတြကလည္း အလိုက္ကန္းဆိုးကိုမသိဘူး
သူငယ္ခ်င္းသာယာေနတာကို တမင္ေႏွာက္ယွက္ခ်င္လို႔
ဟြန႔္
မင္း လက္မခံစမ္းပါနဲ႔
သူတို႔က မင္းကိုစာသင္မရေအာင္ေႏွာက္ယွက္လိမ့္မယ္
လက္မခံနဲ႔ လက္မခံနဲ႔လို႔ ငါဆုေတာင္းေနတာကို
ဘာတဲ့??
အခုေတာ့ ငါ့ဆီကို... ဟင္း ဟင္း
"Baekhyunတကယ္ပဲ ငါတို႔နဲ႔မသင္ခ်င္ဘူးလားဟင္"
ေဘးကၾကည့္ရင္ေတာ့မ်က္ႏွာငယ္ေလးေတြနဲ႔ေျပာေနေပမဲ့ စိတ္ထဲကႀကိမ္ဆဲၿခိမ္းေျခာက္ေနတာကို Baekhyunလွည့္မၾကည့္ဘဲေတာင္ ျပတ္သားစြာၾကားေနရသည္။
"သင္ခ်င္တာေပါ့ ငါ့သူငယ္ခ်င္းေတြနဲ႔တူတူဟာကို Chanyeolကလက္ခံေပးမယ္မလားဟင္"
Baekhyunသူငယ္ခ်င္းေတြကိုလည္း စိတ္ထဲအမ်ိဳးမ်ိဳးႀကိမ္ဆဲေနကာ လုပ္ျဖစ္သြားတဲ့အမူအယာေၾကာင့္ အေၾကာင္းသိသူငယ္ခ်င္းေတြကေတာ့ တခိခိနဲ႔...
"ရပါတယ္ ငါသင္ေပးပါမယ္"
Baekhyunထေအာ္ခ်င္ေပမဲ့လည္း ၿပဳံးေနၿပီး သူငယ္ခ်င္းေတြဘက္ကိုေတာ့ မင္းတို႔သတိထားဆိုတဲ့အၾကည့္နဲ႔ၾကည့္သည္။
"ဒါဆိုလည္း Chanyeolကိုေပးနားလိုက္ပါဦး..ၿပီးရင္လည္းဒီကေလးေတြကိုစာကသင္ရင္ညည့္နက္ဦးမွာ"
MinSeokဝင္ျဖတ္ေတာ့မွပဲ စကားစေတြျပတ္သြားကာChanyeolကတက္သြားေတာ့သည္။
အဆိုးေလးေရ.. မင္းသူငယ္ခ်င္းေတြနဲ႔ဆိုေတာ့ အရင္လိုႏွစ္ေယာက္ထဲမဟုတ္တဲ့အတြက္ မင္းေတာ့ေျပာင္းလဲသြားမွာပဲ..
ေလးေယာက္ဆိုေတာ့ ပိုပင္ပန္းရမယ္ဆိုေပမဲ့လည္း..
မင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးစာျပေပးရတဲ့အခါေနရမခက္ဘဲအဆင္ေျပေလာက္မွာပါ
သို႔ေပမဲ့..
အဆိုးေလးက အဆိုးေလးဆိုတာကို Chanyeolေမ့ထားခဲ့ေလသည္။
TBc...