HE'S ✓

By VemberCB_Kai

151K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 5

3K 400 2
By VemberCB_Kai

[Unicode + Zawgyi]

ဆေးရုံကပြန်လာလို့ခဏနားပြီးချိန်တိုင်း Baekhyunအခန်းထဲမှာ Chanyeolကစာရှင်းပြပေးပြီးမှပဲ အိပ်ယာဆီကိုဝင်ဖြစ်သည်။
တစ်အိမ်ထဲနေသည့်အပြင်ကပ်လျက်အခန်းမို့ညည့်နက်နက်သွားရသည်ကလည်းများသည်။
စီနီယာMinSeokတို့ညီအစ်ကိုတွေရဲ့ထပ်ကာထပ်ကာအကူအညီတောင်းမှုတွေကြောင့် Chanyeolသေချာလေးပဲ Baekhyunအပေါ်ဂရုစိုက်ပေးသည်။

အမြဲလိုပြုံးရယ်နေတဲ့အဆိုးလေးက Chanyeolတစ်ခွန်းဆိုတစ်ခွန်းမို့ သင်ကြားရတဲ့အခါ အဆင်ပြေသည်လည်းဆိုရမည်ဖြစ်သည်။

သို့ပေမဲ့ အဆိုးလေးကပေးထားတဲ့နာမည်နဲ့လိုက်အောင်ကို တစ်ခါတစ်ခါကြလည်းပြော၍မရ လုပ်ချင်တာကိုသာလုပ်ပြန်သည်။

အစ်ကိုတွေကလည်း အလိုလိုက်ပြီးလုံးဝလွှတ်ထားတာမဟုတ်ဘဲ တစ်ယောက်တစ်မျိုးဆီနဲ့ ချုပ်ချယ်ကြတာတောင် အဆိုးလေးကရအောင်ဆိုးသည်ကိုလည်းသိရသည်။
စာရှင်းပြတိုင်းခေါင်းတညိပ်ညိပ်နဲ့ သေချာလိုက်နားထောင်ပြီး သေချာလိုက်မှတ်ထားတတ်တဲ့ အဆိုးလေးက ဘာလို့စာမေးပွဲတွေခဏခဏကျပြီး အခုလိုဆိုးနေရတာလဲကို သံသယဝင်ရပြန်သည်။

"မင်းကစာကိုသေချာလုပ်ရင်ရရဲ့သားနဲ့ ဘာလို့ခဏခဏကျနေရတာလဲ"

Baekhyunက ထုံးစံအတိုင်းခုံပေါ်လက်သီးဆုပ်လေးတင်ကာ မေးစေ့ကိုထိုအပေါ်တင်ထားလာပြီး မေးလာတဲ့Chanyeolကိုကြည့်နေတော့သည်။

အခုလိုကြည့်သည်မှာ စာသင်ပေးတဲ့ညတိုင်းလိုလိုဖြစ်နေကြမို့ အစကတော့မလုပ်ဖို့ပြောပေမဲ့လည်း ဘယ်လိုပြောပြောမရတဲ့အဆိုးလေးကို Chanyeolလည်းဘာမှပြောမနေတော့ဘဲသင်စရာရှိတာသာသင်ပေးသည်။
ထိုသည်ကို အဆိုးလေးကတော့ //ငါညအိပ်ရင်အိပ်မက်လှလှမက်အောင် မင်းမျက်နှာလေးကိုငါScanဖတ်နေတာ‌\\ တာဆိုပြီးကြည့်သည်တဲ့လေ..

"Chanyeolဆိုတဲ့မင်းကြောင့်ပေါ့.. မင်းကအခုလိုစာတွေရှင်းပြပေးနေတော့ ငါကသေချာလိုက်လုပ်ရတာပေါ့"

Chanyeolတစ်ချက်သာကြည့်လာပြီး လက်ထဲကစာအုပ်ကိုဆက်ဖတ်နေတော့ Baekhyunကလည်းဆက်ကြည့်နေသည်။

"ငါ မင်းကိုချစ်တယ်Chanyeol"

စာဖတ်နေရင်းကနေ ရုတ်တရက်ပြောလာတဲ့Baekhyunစကားကြောင့် Chanyeolအံ့ဩသွားရပြီးကြည့်လာတော့ Baekhyunကပြုံးပြနေသည်။

"စကားကိုလက်လွတ်စပယ်မပြောနဲ့ မပြောခင်အရင်စဉ်းစား"

Chanyeolစာအုပ်ကိုဆက်ဖတ်နေတော့ Baekhyunက လက်သီးဆုပ်လေးကိုဖယ်လိုက်ကာ ခုံပေါ်တံတောင်ထောက်လာခဲ့ပြီး လက်ဖဝါးပေါ်ပါးတခြမ်းတင်လာရင်းဆက်ကြည့်နေပြန်သည်။

"ငါတကယ်ပြောတာ မင်းကိုအများကြီးချစ်တယ် ငါမင်းပြန်ချစ်လာအောင်ကြိုးစားမှာ"

"စာမေးပွဲအောင်ဖို့ကိုသာကြိုးစားစမ်းပါ"

"ငါစာမေးပွဲအောင်ရင် မင်းကပြန်ချစ်ပေးမှာလား"

Chanyeolနှုတ်ခမ်းတစ်ဖက်တွန့်တက်သွားအောင်ပြုံးလိုက်ကာ လက်ထဲကစာအုပ်ကိုပိတ်လိုက်သည်။

"ဒီညဒီလောက်နဲ့ပဲနားရအောင်"

"Chanyeol.."

Baekhyun ထသွားတဲ့Chanyeolဆီကို ထိုင်ရာကအမြန်ထကာတိုးကပ်သွားပြီး တံခါးမဖွင့်ရသေးခင်မှာပဲ ကျောကနေဖက်ထားလိုက်သည်။

"လွှတ်စမ်းBaekhyun"

"ငါတကယ်ချစ်တာလို့..ငါ့ကိုပြန်ချစ်ပေးပါ"

Chanyeol ခါးထက်ကဖက်ထားနေတဲ့လက်တွေကိုဖြုတ်ချနေပေမဲ့ Baekhyunကတင်းနေအောင်ချုပ်ထားလေသည်။

"Chanyeol-ya..."

"ငါကမင်းအစ်ကိုမျက်နှာကြောင့် မင်းကိုစာသင်ပေးဖို့လာတာ.. ငါ့ကိုစိတ်ပျက်အောင်မလုပ်စမ်းနဲ့..
တစ်ခုပြောထားမယ်.. မင်းမှမဟုတ်ဘူး ဘယ်သူ့ကိုမှငါမချစ်နိုင်ဘူး
ဖယ်တော့! မင်းလက်တွေ"

"ဟင့်.. ငါတကယ်ချစ်တာပါဆို မလွှတ်ဘူး.. Chanyeolကပြန်ချစ်ပေးလို့"

"ByunBaekHyun! !!"

Baekhyunကမလွှတ်ပေးတဲ့အပြင် ပါးနဲ့ပါ Chanyeolကျောကိုပွတ်သက်လာတာကြောင့် Chanyeolတော်တော်လေးဒေါသထွက်သွားသည်။

"ငါကမင်းကိုအရမ်းချစ်တာကို မင်းကတော့ငါ့ကိုအော်လိုက်တာ"

Chanyeolရဲ့အော်လာသံကြောင့် Baekhyunဝမ်းနည်းသွားရပေမဲ့လည်း ကျောပြင်လေးကိုဖက်ထားရတာနဲ့ပြန်နှစ်သိမ့်လိုက်သည်။

Chanyeolကတော့ဒေါသတွေပေါက်ကွဲထွက်မလာအောင် စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားကာ အသက်ကိုဖြည်းဖြည်းရှူနေသည်။

"Baekhyun-sii မင်းကအရမ်းပြည့်စုံတဲ့လူတစ်ယောက်ပါ ဒါတွေအတွက်နဲ့အချိန်ကုန်ခံမနေဘဲ ဘဝအတွက်သွားလို့ရတဲ့နေရာအထိကိုကြိုးစားပြီးသွားစမ်းပါ"

"သွားမှာပါ.. ဒါပေမဲ့ငါမင်းကိုလည်းချစ်သွားချင်တာလေ.. ဘာလို့ငါ့ကိုပြန်မချစ်တာလဲဟင်"

Chanyeolဒေါသတွေထွက်လာပြန်ကာ အခုလိုယောက်ျားလေးတစ်ယောက်နဲ့အသားချင်ထိယှက်ပြီး မရိုးမသားနဲ့ဖက်ထားတာကိုမနှစ်မြို့..

သို့ပေမဲ့လည်း တချိန်ကလိုအပ်သမျှကူညီခဲ့ဖူးသောစီနီယာရဲ့မျက်နှာကိုထောက်ကာ အတော်လေးသည်းခံနေရသည်။

"ဒါမျိုးကိုမင်းမရှက်ဘူးလား?? မင်းကGayဆိုတာကိုကောမင်းအစ်ကိုတွေသိလား"

"ကိုကိုတို့မသိဘူး ပြီး‌တော့ ငါကChanyeolကိုပဲချစ်ဖူးတာမလို့ Chanyeolပြန်ချစ်တာပဲလိုလားတာမလို့ Gayဖြစ်ရတာလည်း မရှက်နိုင်ပါဘူး"

Baekhyunလက်တွေကခါးပေါ်မှာအညိမ်မနေ လှုပ်ရှားလာတာကြောင့် Chanyeolစိတ်ရှုပ်စွာ မျက်ခုံးတွေထိလုတော့မတတ်ကြုတ်သွားရသည်။

"မင်း! !!"

"ဟီး.. Chanyeolကိုချစ်လို့ပါဆို"

Chanyeolဒေါသမျက်ဝန်းတွေနဲ့ပြန်လှည့်လာတဲ့အခါ သွားတန်းလေးပေါ်သည်အထိရယ်ပြနေတဲ့Baekhyunကို လျော့သွားတဲ့လက်ရဲ့အခွင့်အရေးကိုယူကာ တွန်းပစ်လိုက်တာမို့ ကြမ်းပြင်ပေါ် ပစ်စလက်ခတ်လဲကျသွားတာကို မြင်လိုက်သည်ဆိုရုံ ကျောခိုင်းကာထွက်သွားတော့သည်။

လဲကျသွားတဲ့Baekhyunမှာနာသွားသည့်လက်ကိုတစ်ခါခါနဲ့ရှိနေပြီး စိတ်ပူဖို့နေနေသာသာ Chanyeolဆီဝန်ခံပြီးသွားပြီဖြစ်တဲ့ ခံစားချက်တွေအတွက် အတော်လေးပျော်နေရသည်။

နောက်ဆုံးတော့ Chanyeolကိုဖွင့်ပြောနိုင်ခဲ့ပြီ..
ငါချစ်နေတာကို Chanyeolသိသွားခဲ့ပြီ..

ဟီး... Chanyeolဆီကအဖြေလိုက်တောင်းဖို့ပဲရှိတော့တာပေါ့

Baekhyunပြုံးရယ်နေပြီး နာနေတဲ့လက်လေးကိုထောင်ကာ အောင့်သွားတဲ့တင်တစ်ခြမ်းကို ဖွဖွလေးကိုင်ပြီးအိပ်ယာပေါ်ဖြေးဖြေးချင်းထိုင်ချလိုက်သည်။

Chanyeolကရက်စက်လိုက်တာ.. ငါကသူ့ကိုအများကြီးချစ်တဲ့ဟာ သူကငါ့ကိုနာအောင်လုပ်သွားပြီး နည်းနည်းလေးတောင်လှည့်မကြည့်ဘူး

ဖြစ်ဖြစ်ချင်းသွေးပူတုန်းမို့နာတာမသိပေမဲ့ တဖြေးဖြေးပိုပိုနာနာလာတဲ့ နေရာကြောင့် Baekhyunမျက်ရည်လေးပင်ဝဲတက်လာခဲ့သည်။

ခန္ဓာကိုယ်အပြင်ကနာရတာတစ်မျိုး.. မသိမသာနဲ့နှလုံးသားကပါနာရတာတစ်မျိုးမို့ Baekhyunမျက်ရည်လေးများကျလာခဲ့တော့သည်။

ဟင့်.. ဒီထက်ပိုပြီးအများကြီးငိုချင်လိုက်တာ

Baekhyunအိပ်ယာပေါ် ဝမ်းလျားမှောက်လိုက်ကာ ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး တကယ်ကိုပင်ဝမ်းနည်းစွာငိုမိသွားခဲ့သည်။

တဖက်အခန်းကChanyeolမှာ‌တော့မအိပ်နိုင်ဘဲ ထွက်နေတဲ့ဒေါသတစ်ခုကြောင့် ပါလာတဲ့အဝတ်တွေတောင်အိပ်ထဲပြန်ထည့်ပြီးနေပြီး ကုတင်ပေါ်ထိုင်ကာ ငြိမ်နေလေသည်။

Baekhyunရဲ့ရဲတင်းမှုတွေကိုChanyeolသဘောမကျခဲ့ပေမဲ့.. ကလေးဆန်တယ်ဆိုတဲ့အသိတစ်ခုနဲ့Baekhyunရဲ့အပြုအမူတွေကို နားလည်ပေးရင်းနေပေးခဲ့သည်။

သူစိမ်းတစ်ယောက်သူ့အပေါ်ကို သူစိမ်းလို့မမြင်ဘဲ စီနီယာရဲ့ညီအစ်ကိုတွေက ဖော်ရွေလွန်းပြီး မိသားစုတွေလိုပဲသဘောကောင်းကြတာကြောင့် အားလည်းနာရသည်။

အခုလိုBaekhyunဆီကစကားမျိုးကို Chanyeolကြားရမယ်လို့မထင်..

တကယ်ကိုBaekhyunရဲ့မစဉ်းစာမဆင်ခြင် လုပ်တတ်တဲ့အမူအကျင့်က ဒေါသကိုပိုပိုထွက်စေရသည်။

ရှေ့ဆက်ပြီးဘယ်လိုစိတ်နဲ့ စာသင်ပေးရမည်ကိုChanyeolမစဉ်းစားတတ်..
Baekhyunမျက်နှာကိုမြင်သည်နှင့်ထွက်လာမည်ဒေါသစိတ်ကိုလည်းမခန့်မှန်းတတ်အောင်ကိုဖြစ်နေရသည်။

ဘာအကြောင်းကြောင့်မှန်းမသိ.. စတွေ့ကတည်းကသဘောမကျသည့်ထိုကောင်လေးက Chanyeolကိုတခြားအရာတွေထက်ပိုပြီးကိုဒေါသထွက်မြန်စေသည်။

‌လူပေါင်းစုံနဲ့ဆက်ဆံမှုပြေလည်တဲ့ဆရာဝန်တစ်ယောက်က ထိုကောင်လေးနဲ့ပတ်သက်လာရင် တကယ်ကိုတင်းမာနေမိသည်။

ထိုကောင်လေးကတကယ်ကိုထူးဆန်းစွာပဲ သူ့ဆီကိုစိတ်ဒုက္ခတွေသာပေးပေးနေသည်ဟု Chanyeolကောက်ချက်ချမိသည်။

ByunBaekHyun.. ByunBaekHyun.. မင်းက တကယ်ကိုငါ့အတွက်အနှောက်အယှက်ပါလား..

Chanyeolထုတ်ထားပြီးဖြစ်တဲ့အထုပ်ကိုပြန်ကြည့်ကာ ခြေဖြင့်ကန်လိုက်ပြီး ကုတင်ပေါ်လှဲချလိုက်သည်။

သက်ပြင်းအကြိမ်ကြိမ်ချနေကာ အိပ်ရေးမဝရင်စိတ်မကြည်တဲ့အကျင့်ကြောင့် မနက်ဆင်းရမဲ့Dutyအတွက် အိပ်ပျော်ဖို့ကိုအတော်လေးကြိုးစားရသည်။

သို့ပေမဲ့.. ရင်တုန်မှုကမပျောက်သေးဘဲ ဒေါသစိတ်ကကျန်ရှိနေဆဲမို့ မျက်လုံးတွေကြိတ်မှိတ်ပြီးမှိတ်ထားကာ အတွေးထဲ Baekhyunဆိုတဲ့အဆိုးလေးကရောက်လာခဲ့ပြီးနောက်မှာတော့ Chanyeolအိပ်ပျော်သွားခဲ့တော့သည်။

TBc...

တစ်ယောက်ကတော့ဝန်ခံပြီးပြီဟေ့ :3

[Zawgyi 👇]

ေဆး႐ုံကျပန္လာလို႔ခဏနားၿပီးခ်ိန္တိုင္း Baekhyunအခန္းထဲမွာ Chanyeolကစာရွင္းျပေပးၿပီးမွပဲ အိပ္ယာဆီကိုဝင္ျဖစ္သည္။
တစ္အိမ္ထဲေနသည့္အျပင္ကပ္လ်က္အခန္းမို႔ညည့္နက္နက္သြားရသည္ကလည္းမ်ားသည္။
စီနီယာMinSeokတို႔ညီအစ္ကိုေတြရဲ႕ထပ္ကာထပ္ကာအကူအညီေတာင္းမႈေတြေၾကာင့္ Chanyeolေသခ်ာေလးပဲ Baekhyunအေပၚဂ႐ုစိုက္ေပးသည္။

အၿမဲလိုၿပဳံးရယ္ေနတဲ့အဆိုးေလးက Chanyeolတစ္ခြန္းဆိုတစ္ခြန္းမို႔ သင္ၾကားရတဲ့အခါ အဆင္ေျပသည္လည္းဆိုရမည္ျဖစ္သည္။

သို႔ေပမဲ့ အဆိုးေလးကေပးထားတဲ့နာမည္နဲ႔လိုက္ေအာင္ကို တစ္ခါတစ္ခါၾကလည္းေျပာ၍မရ လုပ္ခ်င္တာကိုသာလုပ္ျပန္သည္။

အစ္ကိုေတြကလည္း အလိုလိုက္ၿပီးလုံးဝလႊတ္ထားတာမဟုတ္ဘဲ တစ္ေယာက္တစ္မ်ိဳးဆီနဲ႔ ခ်ဳပ္ခ်ယ္ၾကတာေတာင္ အဆိုးေလးကရေအာင္ဆိုးသည္ကိုလည္းသိရသည္။
စာရွင္းျပတိုင္းေခါင္းတညိပ္ညိပ္နဲ႔ ေသခ်ာလိုက္နားေထာင္ၿပီး ေသခ်ာလိုက္မွတ္ထားတတ္တဲ့ အဆိုးေလးက ဘာလို႔စာေမးပြဲေတြခဏခဏက်ၿပီး အခုလိုဆိုးေနရတာလဲကို သံသယဝင္ရျပန္သည္။

"မင္းကစာကိုေသခ်ာလုပ္ရင္ရရဲ႕သားနဲ႔ ဘာလို႔ခဏခဏက်ေနရတာလဲ"

Baekhyunက ထုံးစံအတိုင္းခုံေပၚလက္သီးဆုပ္ေလးတင္ကာ ေမးေစ့ကိုထိုအေပၚတင္ထားလာၿပီး ေမးလာတဲ့Chanyeolကိုၾကည့္ေနေတာ့သည္။

အခုလိုၾကည့္သည္မွာ စာသင္ေပးတဲ့ညတိုင္းလိုလိုျဖစ္ေနၾကမို႔ အစကေတာ့မလုပ္ဖို႔ေျပာေပမဲ့လည္း ဘယ္လိုေျပာေျပာမရတဲ့အဆိုးေလးကို Chanyeolလည္းဘာမွေျပာမေနေတာ့ဘဲသင္စရာရွိတာသာသင္ေပးသည္။
ထိုသည္ကို အဆိုးေလးကေတာ့ //ငါညအိပ္ရင္အိပ္မက္လွလွမက္ေအာင္ မင္းမ်က္ႏွာေလးကိုငါScanဖတ္ေနတာ‌\\ တာဆိုၿပီးၾကည့္သည္တဲ့ေလ..

"Chanyeolဆိုတဲ့မင္းေၾကာင့္ေပါ့.. မင္းကအခုလိုစာေတြရွင္းျပေပးေနေတာ့ ငါကေသခ်ာလိုက္လုပ္ရတာေပါ့"

Chanyeolတစ္ခ်က္သာၾကည့္လာၿပီး လက္ထဲကစာအုပ္ကိုဆက္ဖတ္ေနေတာ့ Baekhyunကလည္းဆက္ၾကည့္ေနသည္။

"ငါ မင္းကိုခ်စ္တယ္Chanyeol"

စာဖတ္ေနရင္းကေန ႐ုတ္တရက္ေျပာလာတဲ့Baekhyunစကားေၾကာင့္ Chanyeolအံ့ဩသြားရၿပီးၾကည့္လာေတာ့ Baekhyunကၿပဳံးျပေနသည္။

"စကားကိုလက္လြတ္စပယ္မေျပာနဲ႔ မေျပာခင္အရင္စဥ္းစား"

Chanyeolစာအုပ္ကိုဆက္ဖတ္ေနေတာ့ Baekhyunက လက္သီးဆုပ္ေလးကိုဖယ္လိုက္ကာ ခုံေပၚတံေတာင္ေထာက္လာခဲ့ၿပီး လက္ဖဝါးေပၚပါးတျခမ္းတင္လာရင္းဆက္ၾကည့္ေနျပန္သည္။

"ငါတကယ္ေျပာတာ မင္းကိုအမ်ားႀကီးခ်စ္တယ္ ငါမင္းျပန္ခ်စ္လာေအာင္ႀကိဳးစားမွာ"

"စာေမးပြဲေအာင္ဖို႔ကိုသာႀကိဳးစားစမ္းပါ"

"ငါစာေမးပြဲေအာင္ရင္ မင္းကျပန္ခ်စ္ေပးမွာလား"

Chanyeolႏႈတ္ခမ္းတစ္ဖက္တြန႔္တက္သြားေအာင္ၿပဳံးလိုက္ကာ လက္ထဲကစာအုပ္ကိုပိတ္လိုက္သည္။

"ဒီညဒီေလာက္နဲ႔ပဲနားရေအာင္"

"Chanyeol.."

Baekhyun ထသြားတဲ့Chanyeolဆီကို ထိုင္ရာကအျမန္ထကာတိုးကပ္သြားၿပီး တံခါးမဖြင့္ရေသးခင္မွာပဲ ေက်ာကေနဖက္ထားလိုက္သည္။

"လႊတ္စမ္းBaekhyun"

"ငါတကယ္ခ်စ္တာလို႔..ငါ့ကိုျပန္ခ်စ္ေပးပါ"

Chanyeol ခါးထက္ကဖက္ထားေနတဲ့လက္ေတြကိုျဖဳတ္ခ်ေနေပမဲ့ Baekhyunကတင္းေနေအာင္ခ်ဳပ္ထားေလသည္။

"Chanyeol-ya..."

"ငါကမင္းအစ္ကိုမ်က္ႏွာေၾကာင့္ မင္းကိုစာသင္ေပးဖို႔လာတာ.. ငါ့ကိုစိတ္ပ်က္ေအာင္မလုပ္စမ္းနဲ႔..
တစ္ခုေျပာထားမယ္.. မင္းမွမဟုတ္ဘူး ဘယ္သူ႔ကိုမွငါမခ်စ္ႏိုင္ဘူး
ဖယ္ေတာ့! မင္းလက္ေတြ"

"ဟင့္.. ငါတကယ္ခ်စ္တာပါဆို မလႊတ္ဘူး.. Chanyeolကျပန္ခ်စ္ေပးလို႔"

"ByunBaekHyun! !!"

Baekhyunကမလႊတ္ေပးတဲ့အျပင္ ပါးနဲ႔ပါ Chanyeolေက်ာကိုပြတ္သက္လာတာေၾကာင့္ Chanyeolေတာ္ေတာ္ေလးေဒါသထြက္သြားသည္။

"ငါကမင္းကိုအရမ္းခ်စ္တာကို မင္းကေတာ့ငါ့ကိုေအာ္လိုက္တာ"

Chanyeolရဲ႕ေအာ္လာသံေၾကာင့္ Baekhyunဝမ္းနည္းသြားရေပမဲ့လည္း ေက်ာျပင္ေလးကိုဖက္ထားရတာနဲ႔ျပန္ႏွစ္သိမ့္လိုက္သည္။

Chanyeolကေတာ့ေဒါသေတြေပါက္ကြဲထြက္မလာေအာင္ စိတ္ကိုအတတ္ႏိုင္ဆုံးထိန္းထားကာ အသက္ကိုျဖည္းျဖည္းရွဴေနသည္။

"Baekhyun-sii မင္းကအရမ္းျပည့္စုံတဲ့လူတစ္ေယာက္ပါ ဒါေတြအတြက္နဲ႔အခ်ိန္ကုန္ခံမေနဘဲ ဘဝအတြက္သြားလို႔ရတဲ့ေနရာအထိကိုႀကိဳးစားၿပီးသြားစမ္းပါ"

"သြားမွာပါ.. ဒါေပမဲ့ငါမင္းကိုလည္းခ်စ္သြားခ်င္တာေလ.. ဘာလို႔ငါ့ကိုျပန္မခ်စ္တာလဲဟင္"

Chanyeolေဒါသေတြထြက္လာျပန္ကာ အခုလိုေယာက္်ားေလးတစ္ေယာက္နဲ႔အသားခ်င္ထိယွက္ၿပီး မ႐ိုးမသားနဲ႔ဖက္ထားတာကိုမႏွစ္ၿမိဳ႕..

သို႔ေပမဲ့လည္း တခ်ိန္ကလိုအပ္သမွ်ကူညီခဲ့ဖူးေသာစီနီယာရဲ႕မ်က္ႏွာကိုေထာက္ကာ အေတာ္ေလးသည္းခံေနရသည္။

"ဒါမ်ိဳးကိုမင္းမရွက္ဘူးလား?? မင္းကGayဆိုတာကိုေကာမင္းအစ္ကိုေတြသိလား"

"ကိုကိုတို႔မသိဘူး ၿပီး‌ေတာ့ ငါကChanyeolကိုပဲခ်စ္ဖူးတာမလို႔ Chanyeolျပန္ခ်စ္တာပဲလိုလားတာမလို႔ Gayျဖစ္ရတာလည္း မရွက္ႏိုင္ပါဘူး"

Baekhyunလက္ေတြကခါးေပၚမွာအညိမ္မေန လႈပ္ရွားလာတာေၾကာင့္ Chanyeolစိတ္ရႈပ္စြာ မ်က္ခုံးေတြထိလုေတာ့မတတ္ၾကဳတ္သြားရသည္။

"မင္း! !!"

"ဟီး.. Chanyeolကိုခ်စ္လို႔ပါဆို"

Chanyeolေဒါသမ်က္ဝန္းေတြနဲ႔ျပန္လွည့္လာတဲ့အခါ သြားတန္းေလးေပၚသည္အထိရယ္ျပေနတဲ့Baekhyunကို ေလ်ာ့သြားတဲ့လက္ရဲ႕အခြင့္အေရးကိုယူကာ တြန္းပစ္လိုက္တာမို႔ ၾကမ္းျပင္ေပၚ ပစ္စလက္ခတ္လဲက်သြားတာကို ျမင္လိုက္သည္ဆို႐ုံ ေက်ာခိုင္းကာထြက္သြားေတာ့သည္။

လဲက်သြားတဲ့Baekhyunမွာနာသြားသည့္လက္ကိုတစ္ခါခါနဲ႔ရွိေနၿပီး စိတ္ပူဖို႔ေနေနသာသာ Chanyeolဆီဝန္ခံၿပီးသြားၿပီျဖစ္တဲ့ ခံစားခ်က္ေတြအတြက္ အေတာ္ေလးေပ်ာ္ေနရသည္။

ေနာက္ဆုံးေတာ့ Chanyeolကိုဖြင့္ေျပာႏိုင္ခဲ့ၿပီ..
ငါခ်စ္ေနတာကို Chanyeolသိသြားခဲ့ၿပီ..

ဟီး... Chanyeolဆီကအေျဖလိုက္ေတာင္းဖို႔ပဲရွိေတာ့တာေပါ့

Baekhyunၿပဳံးရယ္ေနၿပီး နာေနတဲ့လက္ေလးကိုေထာင္ကာ ေအာင့္သြားတဲ့တင္တစ္ျခမ္းကို ဖြဖြေလးကိုင္ၿပီးအိပ္ယာေပၚေျဖးေျဖးခ်င္းထိုင္ခ်လိုက္သည္။

Chanyeolကရက္စက္လိုက္တာ.. ငါကသူ႔ကိုအမ်ားႀကီးခ်စ္တဲ့ဟာ သူကငါ့ကိုနာေအာင္လုပ္သြားၿပီး နည္းနည္းေလးေတာင္လွည့္မၾကည့္ဘူး

ျဖစ္ျဖစ္ခ်င္းေသြးပူတုန္းမို႔နာတာမသိေပမဲ့ တေျဖးေျဖးပိုပိုနာနာလာတဲ့ ေနရာေၾကာင့္ Baekhyunမ်က္ရည္ေလးပင္ဝဲတက္လာခဲ့သည္။

ခႏၶာကိုယ္အျပင္ကနာရတာတစ္မ်ိဳး.. မသိမသာနဲ႔ႏွလုံးသားကပါနာရတာတစ္မ်ိဳးမို႔ Baekhyunမ်က္ရည္ေလးမ်ားက်လာခဲ့ေတာ့သည္။

ဟင့္.. ဒီထက္ပိုၿပီးအမ်ားႀကီးငိုခ်င္လိုက္တာ

Baekhyunအိပ္ယာေပၚ ဝမ္းလ်ားေမွာက္လိုက္ကာ ေခါင္းအုံးေပၚမ်က္ႏွာအပ္ၿပီး တကယ္ကိုပင္ဝမ္းနည္းစြာငိုမိသြားခဲ့သည္။

တဖက္အခန္းကChanyeolမွာ‌ေတာ့မအိပ္ႏိုင္ဘဲ ထြက္ေနတဲ့ေဒါသတစ္ခုေၾကာင့္ ပါလာတဲ့အဝတ္ေတြေတာင္အိပ္ထဲျပန္ထည့္ၿပီးေနၿပီး ကုတင္ေပၚထိုင္ကာ ၿငိမ္ေနေလသည္။

Baekhyunရဲ႕ရဲတင္းမႈေတြကိုChanyeolသေဘာမက်ခဲ့ေပမဲ့.. ကေလးဆန္တယ္ဆိုတဲ့အသိတစ္ခုနဲ႔Baekhyunရဲ႕အျပဳအမူေတြကို နားလည္ေပးရင္းေနေပးခဲ့သည္။

သူစိမ္းတစ္ေယာက္သူ႔အေပၚကို သူစိမ္းလို႔မျမင္ဘဲ စီနီယာရဲ႕ညီအစ္ကိုေတြက ေဖာ္ေ႐ြလြန္းၿပီး မိသားစုေတြလိုပဲသေဘာေကာင္းၾကတာေၾကာင့္ အားလည္းနာရသည္။

အခုလိုBaekhyunဆီကစကားမ်ိဳးကို Chanyeolၾကားရမယ္လို႔မထင္..

တကယ္ကိုBaekhyunရဲ႕မစဥ္းစာမဆင္ျခင္ လုပ္တတ္တဲ့အမူအက်င့္က ေဒါသကိုပိုပိုထြက္ေစရသည္။

ေရွ႕ဆက္ၿပီးဘယ္လိုစိတ္နဲ႔ စာသင္ေပးရမည္ကိုChanyeolမစဥ္းစားတတ္..
Baekhyunမ်က္ႏွာကိုျမင္သည္ႏွင့္ထြက္လာမည္ေဒါသစိတ္ကိုလည္းမခန႔္မွန္းတတ္ေအာင္ကိုျဖစ္ေနရသည္။

ဘာအေၾကာင္းေၾကာင့္မွန္းမသိ.. စေတြ႕ကတည္းကသေဘာမက်သည့္ထိုေကာင္ေလးက Chanyeolကိုတျခားအရာေတြထက္ပိုၿပီးကိုေဒါသထြက္ျမန္ေစသည္။

‌လူေပါင္းစုံနဲ႔ဆက္ဆံမႈေျပလည္တဲ့ဆရာဝန္တစ္ေယာက္က ထိုေကာင္ေလးနဲ႔ပတ္သက္လာရင္ တကယ္ကိုတင္းမာေနမိသည္။

ထိုေကာင္ေလးကတကယ္ကိုထူးဆန္းစြာပဲ သူ႔ဆီကိုစိတ္ဒုကၡေတြသာေပးေပးေနသည္ဟု Chanyeolေကာက္ခ်က္ခ်မိသည္။

ByunBaekHyun.. ByunBaekHyun.. မင္းက တကယ္ကိုငါ့အတြက္အေႏွာက္အယွက္ပါလား..

Chanyeolထုတ္ထားၿပီးျဖစ္တဲ့အထုပ္ကိုျပန္ၾကည့္ကာ ေျချဖင့္ကန္လိုက္ၿပီး ကုတင္ေပၚလွဲခ်လိုက္သည္။

သက္ျပင္းအႀကိမ္ႀကိမ္ခ်ေနကာ အိပ္ေရးမဝရင္စိတ္မၾကည္တဲ့အက်င့္ေၾကာင့္ မနက္ဆင္းရမဲ့Dutyအတြက္ အိပ္ေပ်ာ္ဖို႔ကိုအေတာ္ေလးႀကိဳးစားရသည္။

သို႔ေပမဲ့.. ရင္တုန္မႈကမေပ်ာက္ေသးဘဲ ေဒါသစိတ္ကက်န္ရွိေနဆဲမို႔ မ်က္လုံးေတြႀကိတ္မွိတ္ၿပီးမွိတ္ထားကာ အေတြးထဲ Baekhyunဆိုတဲ့အဆိုးေလးကေရာက္လာခဲ့ၿပီးေနာက္မွာေတာ့ Chanyeolအိပ္ေပ်ာ္သြားခဲ့ေတာ့သည္။

TBc...

တစ္ေယာက္ကေတာ့ဝန္ခံၿပီးၿပီေဟ့ :3

Continue Reading

You'll Also Like

10.2K 373 52
in which ex lovers and sworn enemies are trapped in a room together. [daily updates]
399K 25.7K 46
Completed / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ချင်လို့ မြို့ကနေ ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆ...
126K 3.6K 40
"𝑴𝒂𝒚𝒃𝒆 𝑰 𝒇𝒆𝒍𝒍 𝒊𝒏 𝒍𝒐𝒗𝒆 𝒘𝒊𝒕𝒉 𝒂 𝒗𝒆𝒓𝒔𝒊𝒐𝒏 𝒐𝒇 𝒉𝒊𝒎 𝒕𝒉𝒂𝒕 𝒅𝒊𝒅𝒏'𝒕 𝒆𝒙𝒊𝒔𝒕..." Sometimes the person you want the mo...
315K 9.4K 52
Read the sneak peek please the stupid thing isn't fitting here. *Major editing alert* Major spelling mistakes and grammatical mistakes are now edite...