အပိုင်း (က)
"Renjun ဆိုသည်မှာလည်း လူကြီးဆန်မလိုလိုနဲ့ သူ့ဘဲရှေ့မှာကျ ကလေးဆန်နေလိုက်တာ"
"ဘာဖြစ်လို့လဲ Haechan"
"Jaemin ig story တင်ထားတာ ကြည့်ကြည့်ပါလား"
"အင်း"
Haechan စကားကို reply ပြန်ပြီးနောက် Jeno Ig ထဲဝင်ကာ Jaeminရဲ့ Ig story ကို ကြည့်လိုက်သည်။
Jaemin တင်ထားတဲ့ဗီဒီယိုလေးကို ကြည့်ရင်း ဒီကောင်လေးကို ပိုင်ဆိုင်လိုစိတ်က တဖွားဖွား။ ဒါပေမယ့် သူကို ပိုင်ဆိုင်သူက ရှိနှငိ်နေပြီပဲ ဆိုတဲ့ အသိက တစ်ပြိုင်နက် ဝင်လာတော့ ဝမ်းနည်းစိတ်က တိုးပြန်ရော။
*တကယ်ပဲ ချစ်လိုက်ကြတာ* တီးတိုးရေရွတ်လိုက်တယ် ထင်ပေမယ့် Haechanက ကြားသွားတယ် ထင်ပါရဲ့။
"မင်း အားကျနေ ဟမ် Jeno မင်း ငိုနေတာလား"
"ဟာ ငါ မငိုပါဘူး"
"ဒါဆို ဘာလို့ မျက်ရည်တွေ ကျနေတာလဲ"
"မကျပါဘူးကွာ"
"မင်း Renjun ကို သဘောကျနေတယ်မလား"
"အာ မဟုတ်ပါဘူး"
"မလိမ်ပါနဲ့ Jeno ရယ် ငါသိပါတယ်"
Jeno ခပ်ငွေ့ငွေ့ သက်ပြင်းကိုချရင်း ခေါင်းငြိမ့်ပြလိုက်သည်။
"ငါသဘောကျပေမယ့် ငါနောက်ကျသွားပြီလေ။ ငါ့ရဲ့ တုံ့ဆိုင်းမှုက တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်စေခဲ့ပြီလေ။"
"တုံ့ဆိုင်းမှု ???"
Jeno အပြောကို နားမလည်၍ သူ့ပြောတဲ့ စကားလုံးကို သံယောင်လိုက် လိုက်သည်။
"ငါ ဖွင့်မပြောခဲ့တာက ငါ့ရဲ့ တုံ့ဆိုင်းမှုပေါ့ Haechan"
"အင်း ဒါ ခဏထားပါဦး။ အကယ်၍ မင်းဖွင့်ပြောခွင့်ရမယ်ဆိုရင်ရော Renjunက မင်းကို လက်ခံမယ် ထင်လို့လား"
"မင်း ဘာကိုပြောချင်တာလဲ"
"ငါတောင် ရိပ်မိနေတာကို Renjun လို လူက မင်း သဘောကျနေတာကို မရိပ်မိဘဲ နေမလား Jeno"
"ဒါဆို သူသိနေတယ်လို့ မင်းပြောချင်တာလား"
"အင်း"
သိနေရဲ့သားနဲ့ကို။ ဒါဆို ဘာလဲ။ ငါ့ခံစားချက်တွေ ငါ့အချစ်တွေက သူ့အတွက် ပေါ့ပျက်နေတာလား လို့ Jeno တွေးရင်း ခပ်ထေ့ထေ့ ပြန်ပြောလိုက်သည်။
"သိနေရဲ့သားနဲ့ကို ဟက်"
"သူက မင်းကို ချစ်သူအဖြစ် လက်မခံနိုင်သလို သူငယ်ချင်းအဖြစ်ကနေလည်း အဆုံးရှုံးမခံနိုင်လို့ပါ"
"အော် သူ မင်းကို ပြောပြထားတာလား"
ခပ်ရွဲ့ရွဲ့ ပြောနေတဲ့ Jeno ကြောင့် Haechan သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
"တမင် ပြောပြထားတာလည်း မဟုတ်ပါဘူး။ စကားဆက်ရင်း ပြောပြဖူးတာ"
"အင်းပါ"
"မင်းခံစားရမှာ နားလည်တယ် Jeno။ ဒါပေမယ့် Renjun က သူ့မြတ်နိုးတဲ့သူတွေကို အဆုံးရှုံးမခံနိုင်တဲ့သူဆိုတာ မင်းသိမှာပါ။ ပြီးတော့ friendship ကို တန်ဖိုးထားလွန်းတဲ့သူ အကယ်၍ မင်းနဲ့သူ ရည်းစားဖြစ်သွားပြီထား။ အမြဲချစ်ပေး နားလည်ပေးကြရင် ကောင်းပါရဲ့။ သည်းမခံနိုင်ကြတဲ့ အဆုံးမှာ လမ်းခွဲကြမယ် ထားပါတော့။ အဲ့ကျရင် သူငယ်ချင်းဆိုတာချည်းလဲ မရှိတော့ဘူး။ လုံးဝကို သူစိမ်းတွေ ပြန်ဖြစ်သွားကြတော့မှာ။ သူက အဲ့လိုမဖြစ်ချင်တဲ့သူ"
"ငါ နားလည်ပြီ Haechan။ ငါက သူငယ်ချင်းမို့ ထားပါတော့ ဒါဆို Jaeminကရော"
"ဒါတော့ ငါလည်း သေချာမသိဘူး Jeno။ သူငါ့ကို ဒီလိုတွေ ပြောပြတုန်းက Jaemin နဲ့ မတွေ့သေးဘူး ထင်တယ်။"
"အင်း"
"ဒါပေမယ့် ငါသိတာ တစ်ခုတော့ ရှိတယ်"
"ဘာများလဲ Haechan"
"သူတို့ တွဲတဲ့အကြောင်း ဖွင့်ပြောတဲ့နေ့ကစ ခရီးတစ်လျှောက်လုံး မင်းမျက်နှာမလန်းလို့ သူမင်းကို စိတ်ပူနေတယ်"
"စိတ် ပူ နေ တယ်"
တစ်ကိုယ်တည်း ကြားရုံ ခပ်ဖွဖွ ရေရွတ်လို့ အအေးကို မော့သောက်လိုက်တယ်။ အအေးရဲ့ အအေးဓာတ်က ရင်ထဲက အပူတွေကို အေးချမ်းမှုလည်း မပေးနိုင်ပါဘူး။ ဒါနဲ့ သူက ငါ့အတွက် ဘာကို စိတ်ပူရတာလဲ ??
အပိုင်း (ခ)
ကျောင်းပိတ်ရက်မို့ ဒိတ်ရမလား မှတ်ပါတယ်။ သင်တန်းချိန်တွေနဲ့ အချိန်ပြည့်ပြီး ဒိတ်လို့ မရနိုင်တဲ့ ချစ်သူကြောင့် Jaemin စိတ်ဆိုးချင်လာသည်။
ခုလည်း ကြည့် ဒီတစ်ပတ်ဆို သင်တန်းတစ်ခုက ပြီးသွားပြန်တာမို့၊ နောက်အပတ်ကစပြီး အေးဆေး ဒိတ်ရတော့မလား မှတ်တယ် သင်တန်း အသစ် ဘာတက်ရင် ကောင်းမလဲ ဆိုပြီး သူ့ပါ အကြံဉာဏ် လာတောင်းနေလေရဲ့။
စိတ်ထဲကအတိုင်းသာဆို ကျွန်တော့်ဆီမှာသာ ရည်းစားတွဲနည်း၊ အချိန်ပေးနည်း၊ ဂရုစိုက်နည်း သင်တန်း တက်ပါလားလို့ တစ်ကိုယ်လုံးကို ချုပ်ပြီး တဖွဖွ နမ်းရင်း ပြောလိုက်ချင်တယ်။
အချိန် နည်းနည်းပါးပါး ရတာ နားမယ် မရှိဘူး။ သင်တန်းသွားပြေးတက်လိုက် online class တွေတက်လိုက်။ ဒါတောင် တခါ တခါ online ကနေ part time job လုပ်လိုက်သေး။ ချစ်သူကိုကျ အချိန်လေး ပေးမယ်မရှိ ဝွန်း လူဆိုးကြီး။ စိတ်ဆိုးတယ် ဒါပဲ။
"Jaem Jaemလို့ အဲ ဘာဖြစ်သွားတာလဲ မောင် ရေ မောင် မောင် လို့"
စကားပြောနေရင်း ငြိမ်သွားတဲ့ Jaemin ကို Renjun ကြည့်ရင်း သူပြောတာ မကြားဘူးလား အထင်နဲ့ ပြန်ပြောရန် ပြင်လေသည်။
"ဘာလဲ"
ဆူအောင့်အောင့် သူ့စကားကြောင့် Renjun ထူးဆန်းသွားသည်။ စကားပြောနေရင်း မောင် ဘာထဖြစ်ပါလိမ့်ပေါ့ !
"ဘာလို့ အဲ့လို ထူးရတာလဲ ဒီမှာ မောင့်ကို ငါမေးနေတာ မကြားလိုက်လို့လား"
"ကြားပါ့ မဖြေချင်လို့ကို မဖြေတာ"
"ဘာလို့လဲ မောင်ရ"
"ဘာမှမဖြစ်ဘူး"
"ဘာမှမဖြစ်ဘဲ မောင် ဒီလို မဖြေပါဘူး"
"တကယ်ကို မောင် ဘာဖြစ်နေမှန်း မသိတာလား Ren"
"မောင်ပြောပြမှ Ren သိမှပေါ့ မောင်ကလည်း"
ခပ်ချွဲချွဲ ပြန်ဖြေတဲ့ အပြောအောက်မှာ Na Jaemin ရဲ့ စိတ်ဆိုးမှုတွေဟာ ကြက်ပျောက် ငှက်ပျောက်။
တကယ်ကို တတ်နိုင်တဲ့ ချစ်သူပါပဲလေ။ ကိုယ်ပဲကောက် ကိုယ်ပဲစိတ်ဆိုးပြေ တစ်ယောက် တည်း အလုပ်တွေ ရှုပ်နေရတာ သူကတော့ ကိုယ် ဘာဖြစ်မှန်းတောင် မသိ။
အဲ့တာထက် ဆိုးတဲ့တစ်ခုကတော့ ဘာရယ်မဟုတ်ပဲ လေသံလေးနှိမ့်ပြီး ခပ်ချွဲချွဲလေး ပြန်ဖြေတဲ့ သူ့အဖြေအောက်မှာ လွယ်လင့်တကူနဲ့ ကျရှုံးသွားတဲ့ ကျွန်တော်သာ ဆိုးခဲ့တာပါ။
"ထားလိုက်ပါတော့ Ren ရယ် ဒါနဲ့ သင်တန်းချိန် နီးပြီမလား သွားတော့လေ"
"ဟုတ်သားပဲ မေ့နေတာ သွားတော့မယ်နော် မောင်"
"အင်း ဒါနဲ့ မောင် ဘယ်ချိန် လာကြိုရမှာလဲ"
"၄နာရီ ပြီးမှာ မောင် အားလို့လား"
"အားတယ် အဲ့အချိန် မောင် လာကြိုမယ်"
"ဟုတ် သင်တန်းဆင်းရင် ဖုန်းဆက်လိုက်မယ်နော် တာ့တာ"
"အင်း တာတာ့"
သူ့ပါးပေါ် အနမ်းတစ်ပွင့် ခြွေပြီး ကားပေါ်က ဆင်းကာ သင်တန်းကို သွားတဲ့ကောင်လေးရဲ့ ပုံစံက အခုလေးတင် သူ့ရှေ့မှာ ကလေးဆန်ဆန်နဲ့ ချွဲနေတဲ့ ပုံစံ လို့ ထင်လား ?
Jaemin ခေါင်းတစ်ချက်ခါရင်း အတွေးကို ရုတ်သိမ်းလိုက်သည်။ Renက တကယ့်ကို အသည်းယားစရာ ကောင်းတဲ့ သူလေးလို့လည်း ထပ်မံ မှတ်ချက်ချမိပြန်သည် !
သင်တန်းပြန်ကြိုရမည့်အချိန်က အိမ်ပြန်ပြီး ပြန်လာရမည့်အချိန်လောကိတောင် မကြာသည်မို့ Jaemin သင်တန်းနားက ကော်ဖီဆိုင်တစ်ခုမှာသာ ကော်ဖီသောက်ရင်း Renjun သင်တန်း ဆင်းချိန်ကို စောင့်နေလိုက်သည်။
စောင့်နေရတာ ပျင်းသည်မို့ ဖုန်းထဲက ချစ်သူ့ ဓာတ်ပုံလေးတွေ ကြည့်ရင်း ကြည်နူးနေလိုက်သည်။ ဟုတ်တယ်လေ ဂိမ်းဆော့ပါပြီတဲ့ နိုင်ရင် တစ်မျိုး၊ မနိုင်ပဲ ရှုံးရင် စိတ်တိုရဦးမှာ ဟော ခုလို ချစ်သူပုံလေးတွေ ကြည့်နေလိုက်တော့ မျက်လုံးအေးတဲ့အပြင် နှလုံးရော စိတ်ရော ချမ်းသာမှုတွေ ပြည့်ဝနေရော။
အပိုင်း (ဂ)
거리 위 텅 빈 듯한 이 느낌 (Ridin' and rollin', oh babe) 🎶🎶🎶
"အင်း Ren သင်တန်း ဆင်းပြီလား"
(ဆင်းပြီ မောင်က ဘယ်မှာလဲ)
"Paradise ကော်ဖီဆိုင်မှာ"
(ဒါဆို အဲ့ကပဲ မောင် စောင့်တော့ ဒီကို မလာနဲ့တော့)
"အင်း ဟုတ်ပါပြီ"
(ဒါဆို ဖုန်းချလိုက်ပြီနော်)
မကြာခင် ဆိုင်ထဲကို ဝင်လာတဲ့ Renjun ကို Jaemin သူထိုင်နေသည့် နေရာမှ လက်လှမ်းပြလိုက်သည်
"Ren မောင် ဒီမှာ"
"မောင် ငါ သင်တန်း တစ်ချိန်လုံး ထိုင်စောင့်နေတာလား"
"အင်း ပြန်ပြီး ပြန်လာရမှာနဲ့ အချိန် သိပ်မကွာဘူးဆိုပြီး ထိုင်စောင့်နေလိုက်တာ ဘာသောက်ဦးမလဲ မောင် သွားမှာပေးမယ်"
"ကော်ဖီအေးပဲ သောက်မယ် ကိတ်မုန့်တစ်ခုလောက်ပါ ဝယ်ခဲ့ပေးနော်"
"အင်းပါ ဝယ်ခဲ့ပေးမယ်"
Jaemin မုန့်မှာပြီးနောက် ထိုင်ခုံရှိရာ ပြန်လာထိုင်လိုက်ရင်း ရှေ့က Renjun ဆံပင်လေးကို သပ်တင်ပေးလိုက်သည်။ ချွေးတွေလည်း စီးကျနေတာမို့ တစ်ရှူးယူပြီး သုတ်ပေးလိုက်သည်။
"မောင် ပြီးရင် သွားစရာရှိလို့ လိုက်ပို့ပေးဦး"
"အင်းပါ လိုက်ပို့ပေးမယ် ဒါနဲ့ သင်တန်း ရှိသေးတယ် မဟုတ်ဘူးလား"
"ရှိတယ်လေ"
"သင်တန်းဖျက်ပြီး သွားမှာပေါ့"
"ဆိုပါတော့"
"ဘာလို့ သင်တန်းတွေ ဆက်တိုက် တက်နေရတာလဲ မပင်ပန်းဘူးလား"
"နည်းနည်းတော့ ပင်ပန်းတာပေါ့ ဒါပေမယ့်လည်း နောက်ပိုင်း ပိုက်ဆံအများကြီး ရှာလို့ရအောင် ဝမ်းစာဖြည့်နေတာပါ"
"အဲ့လောက်ထိ အပင်ပန်းခံ မတက်နေပါနဲ့ တရုတ်သူဌေးလေးရယ်။ သူဌေးလေး ဖေဖေ မေမေ အမွေတွေနဲ့တင် သူဌေးလေးတို့ ညီအစ်ကိုနှစ်ယောက် အေးဆေး နေနိုင်ပါတယ်။ ပြီးတော့ သူဌေးလေးမှာလည်း ရှာဖွေကျွေးမွေးနိုင်တဲ့ ကျွန်တော်မျိုးရှိတာကို"
"ချစ်ဖို့ကောင်းလိုက်တာ မောင်က"
Jaemin ပြုံးပြလိုက်ပြီး လာချပေးတဲ့ အအေးကို Renရှေ့ ချပေးလိုက်ပြီး မုန့်ကိုတော့ ဇွန်းနဲ့ ဖဲ့ရင်း ခွံ့ကျွေးလိုက်သည်။
ကိတ်မုန့်တစ်ခုလုံးရော အအေးရော ကုန်တော့ မုန့်ဆိုင်မှ ထွက်ကာ တရုတ်သူဌေးလေး အလိုကျ သူ သွားမည့်နေရာကို လိုက်ပို့ပေးရပြန်သည်။
"Injun လား"
(အင်း Ge ပြော)
"သင်တန်း ပြီးပြီလား"
(ပြီးပြီ ခုအိမ်ပြန်နေတဲ့လမ်းမှာ Ge ရော)
"ပြီးပြီ ညနေ ဘာစားချင်လဲလို့ လှမ်းမေးတာ"
(ချက်ကျွေးမို့လား ?)
"ဒါပေါ့"
(Hot pot စားကြမယ်လေ Ge လက်ရာ မစားရတာ ကြာပြီ)
"အင်း ဒါဆို Hot pot ချက်ဖို့ ဝယ်ခဲ့မယ်"
(Jaemin ကိုရော ခေါ်ထားလား မခေါ်ရသေးရင် ကျွန်တော် ဖုန်းဆက်လိုက်ရမလား)
"သူ ခု Ge နဲ့ တူတူရှိနေတယ်"
(သူ အလုပ်မရှိဘူးလား Ge နားပဲ တစ်ချိန်လုံး ကပ်နေတာလား)
"ဒီနေ့မှ သူအားတာပါ"
(သူ့ယောကျ်ားနဲ့ အိမ်မှာကြည်နူးမှာကို သူများကို အားနာလို့ ခေါ်တာလား)
"မဟုတ်ပါဘူး ငယ်ကလည်း"
(ကဲပါ ကျွန်တော် ဖုန်းချလိုက်တော့မယ်)
"အင်း ကားကို ဂရုစိုက်မောင်းနော်"
(ဟုတ်)
"Injun hyung လား"
"အင်း ဟုတ်တယ်"
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး ဒါနဲ့ မောင် တစ်ခုခုစားချင်တာ ရှိလား"
"ဘာလဲ မောင် စားချင်ရင် ချက်ကျွေးမှာ မို့လို့လား Ren က"
"ဒါပေါ့"
"သွားစရာရှိတယ်ဆို မအားပဲနဲ့"
"အင်း သွားစရာရှိတယ်ဆိုတာက စျေး ကို။ မအားဘူးဆိုတာက မောင် နဲ့ Injunကို တစ်ခုခု ချက်ကျွေးချင်လို့ မအားတာ"
"သင်တန်းတောင် ဖျက်ပြီး ချက်ကျွေးမှာပေါ့ အား အချစ်တိုးအောင် လုပ်နေတာများလား"
"ဟုတ်လောက်မယ် ထင်တယ်"
"မောင် စိတ်မထိန်းနိုင်ရင် ဆွဲနမ်းမှာနော် Ren"
"မောင် နော်"
အပိုင်း (ဃ)
Renjun ရယ်၊ Jaemin ရယ်၊ Injun ရယ် သုံးယောက်သား ညစာချက်စားကြသည် ဆိုပေမယ့် Injun ဘာမှ ဝိုင်းကူလုပ်စရာမလို။ Jaemin က Renjun ချက်သည်ကို ဝိုင်းကူနေသည်မို့ သူက ဘေးနားက ထိုင်မြည်းရုံသာ။
သူတို့ သုံးယောက် စားပြီးသောက်ပြီးတော့ ညကိုးနာရီ ထိုးပြီ။ Injun ချက်ပြုတ်ပေးထားတဲ့ အစ်ကိုအတွဲကို နားခိုင်းလိုက်ပြီး ပန်းကန်တွေကို သူဆေးလိုက်သည်။ သူအစ်ကိုအတွဲကတော့ အိပ်ခန်းထဲကို ဝင်သွားလေပြီ။
"မောင် အူကြူးလေး လက်ရာက စားကောင်းလိုက်တာ"
Jaemin အခန်းတံခါးကို ပိတ်လိုက်ရင်း ချစ်ရသူကို ချီးကျူးလိုက်သည်။
"မြှောက်ပြောနေပြန်ပြီ မောင်က"
"တကယ် ပြောတာပါ အူကြူးလေးရဲ့"
Renjun ကုတင်ခြေရင်းနားမှာ ချိတ်ထားတဲ့ ဂစ်တာကို ယူလိုက်ရင်း ကုတင်ပေါ် ထိုင်လိုက်သည် မောင်ကလည်း သူ့ဘေးနား ဝင်ထိုင်သည်။
"မောင် ဂစ်တာ တီးတတ်လား"
"နည်းနည်းတော့ တီးတတ်တယ် Renက သီချင်း အသစ်တွေ ရေးထားသေးတာလား"
စားပွဲပေါ်က သူသီချင်းရေးတဲ့ စာအုပ်ကို လှန်ကြည့်ရင်း မေးလေသည်
"အင်း မပြီးသေးပါဘူး ရေးနေတုန်း"
"အင်း ဒါနဲ့ မောင်တို့ Fresher welcome က ဆိုတဲ့ သီချင်းလေးကို မောင် အရမ်းကြိုက်တယ်"
"Puzzle piece လား?"
"အင်း ဟုတ်တယ်"
"ဆိုပြရမလား"
"မောင် ဆိုပြချင်ရင်ပေါ့"
Renjun ဆိုပြနေသည်ကို ပုခုံးမှီကာ Jaemin နားထောင်လိုက်သည် သီချင်းဆုံးတော့ Renjun လက်ကို ဆွဲကိုင်ပြီး မေးလိုက်သည်
"မောင်က မင်းရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းအစလေးများလား Ren?"
ကျွန်တော် မေးလိုက်တော့ Ren က ခေါင်းငြိမ့်ပြသည် ပြုံးနေတဲ့ Renရဲ့ နှုတ်ခမ်းပါးအစုံကို ကျွန်တော့်နှုတ်ခမ်းနဲ့ ထပ်တူကျစေလိုက်သည်
ချိုမြိန်လိုက်တာ !!!
မိနစ်ပိုင်းမျှ ထိတွေ့လိုက်ရပေမယ့် ထပ်ခါ ထပ်ခါ ထိတွေ့ချင်မိသည်။ မောင့်အူကြူးရဲ့ နှုတ်ခမ်းက မောင့်အတွက် မူးယစ်ဆေး တစ်မျိုးပဲ။
Renjun ရှက်နေကြောင်း ထုတ်မပြောပေမယ့် နီရဲနေတဲ့ မျက်နှာလေးကတော့ ရှက်နေကြောင်း သက်သေပြနေလေရဲ့။
"အူကြူး"
"ဟင်"
ရှက်နေတဲ့ ကောင်လေးကို အရှက်ပြေအောင် Jaemin စကားပြောလိုက်သည်။
"ခရီးသွားတုန်းက မောင် Edit လုပ်ဖို့ ကျန်နေသေးတဲ့ ပုံတွေ ရနေပြီ"
"ဟုတ်လား ပြကြည့်ကြည့်"
"ဒီမှာ ကြည့် ကြည့် သဘောကျလား"
"အင်း သဘောကျတယ် ။ဒီလိုကျတော့ photographer ကို ချစ်သူတော်ထားရတာ ကောင်းလိုက်တာ"
"ဒါပေါ့ ပဲများတတ်တဲ့ ကောင်လေးနဲ့ ဓာတ်ပုံရိုက်တော်တဲ့ ကောင်လေး ဘယ်လောက် လိုက်ဖက်လိုက်သလဲ"
"ဟုတ်တယ်နော်"
တစ်ဖက်ခန်းထဲမှာတော့ ချစ်ကြည်နူး တစ်တီ တူးနေတဲ့ အတွဲတစ်တွဲ ရှိသလို နောက်ထပ် တစ်ခန်းမှာတော့ နားကြပ်တပ် သီချင်းဖွင့်လို့ ပုံဆွဲနေတဲ့ ကောင်လေး တစ်ယောက် ရှိနေလေရဲ့။
အပိုင်း (င)
အရင်က အချစ်သီချင်း မြူမြူးလေးတွေ ဆိုညည်းတတ်တဲ့ ဂစ်တာလေးဟာ ခုတော့ တီးခတ်သူ စိတ်တိုင်းကျ အဆွေးသီချင်းတွေကို သီဆိုနေရတယ်။
တစ်ခါမှ မစမ်းသပ်ခဲ့ဖူးတဲ့ ဆေးလိပ်ကို ရှိုက်ဖွာရင်း သူ့ရဲ့ အရသာကို သိရှိခဲ့ရတယ်။ ဘီယာရဲ့ အခါးဟာလည်း အခုတော့ ချိုမြိန်နေခဲ့တယ်။
Jeno အဝတ်အစားလဲလိုက်ရင်း အပြင်သွားဖို့ ပြင်လိုက်သည်။ စားပွဲပေါ်က ဆိုင်ကယ်သော့ကို ဆွဲယူကာ "Mad City" club ဆီကို ဦးတည် မောင်းနှင်လိုက်သည်။
မီးရောင်စုံ တလက်လက် တောက်ပနေတဲ့ အခန်းအတွင်းမှာ စိတ်လွတ်လက်လွတ် ကနေတဲ့ လူတွေရယ်၊ သောက်စားနေတဲ့သူတွေရယ် အစရှိသဖြင့် စုံလင်လှသည်။ ထောင့်ကျတဲ့ စားပွဲဝိုင်းမှာ Jeno ဝင်ထိုင်လိုက်ရင်း ခပ်ပြင်းပြင်း အရက်တစ်ချို့ကို သောက်လိုက်သည်။
အရက်ကို အမူးသောက်ပြီး အမူးပြေတဲ့အချိန်မှာ မင်းကိုလွမ်းကြောင်း ချစ်ကြောင်းတွေပါ ပျောက်ကွယ် ပြေပျောက်သွားရင် ဘယ် လောက် ကောင်းမလဲ ???
"Jeno ???"
"ဘယ်သူလဲ အော် မင်းကို"
"မင်း တစ်ယောက်တည်းလား"
"အင်း မင်းကရော"
"တစ်ယောက်တည်းပဲလေ"
"ထိုင်လေ"
"ထိုင်လို့ရတယ်ပေါ့"
"ရတယ် ထိုင်"
"အင်း ဒါနဲ့ စိတ်ညစ်စရာ ကိစ္စရှိလို့လား"
"ဟက် ဘာဖြစ်လို့လဲ"
"ဝမ်းနည်းပြီး စိတ်ရှုပ်နေတဲ့ပုံပေါ်လို့ပါ"
"မင်းလည်း အကဲခတ်တော်တာပဲ"
"ဆိုပါတော့"
"မင်းက ဒီကို ဘာလာလုပ်တာလဲ"
"ဒီတိုင်း လွင့်ချင်ရုံပါ"
"အော် ထည့်သောက်လေ"
"မင်း တိုက်မှာမို့လို့လား"
"အင်း တိုက်မယ်"
"Oh man Cheer !!!"
"Cheer"
သူဟာ မင်း မဟုတ်မှန်း သိပေမယ့် ငါ့စိတ်ငါ ထိန်းချုပ်မရနိုင်ခဲ့ဘူး။ ဟင့်အင်း အမှန်က မထိန်းချုပ်ခဲ့တာ၊ ထိတွေ့မှုတွေကို မလွန်ဆန်ချင်လောက်အောင် သဘောကျပြီး နစ်မွန်းသွားလို့ စိတ်ကို လွတ်လပ်ခွင့်ပေးလိုက်တာ။
ကျွန်တော်လည်း လူသားတစ်ယောက်ပါ။ ချစ်တတ် နာကျင်တတ်တဲ့ နှလုံးသား ရှိပါတယ်။ လူတစ်ယောက်ကို အစားထိုးဖို့အတွက် ကျွန်တော့်နှလုံးသားနဲ့ ကျွန်တော့်အရာရာတိုင်းကို အသုံးမချဖို့ လေးစားစွာ မေတ္တာရပ်ခံပါရစေ။
လူငယ် သဘာဝ စိတ်ကို မထိန်းချုပ်နိုင်ဘဲ မှားယွင်းခဲ့တာ နားလည်တာမို့လို့ စိတ်ထဲ နောင်တတစ်ခုလို မတွေးဘဲ သင်ခန်းစာယူပြီး ရှေ့ဆက်လျှောက်ပါ ဒါပေမယ့် တစ်ခုတော့ တောင်းဆိုပါရစေ ဒီအမှားကို တစ်ကြိမ်သာ မှားယွင်းပါစေ။