အပိုင်း (က)
ကျောင်းပိတ်ရက် တက်နေသည့် သင်တန်းများက မနေ့က အကုန် ပြီးသွားသည်က တစ်ကြောင်း၊ သွားမည်လုပ်ထားသည့် ခရီးက မနက်ဖြန်ညမှ ဖြစ်သည်က တစ်ကြောင်း၊ ယနေ့ တစ်ရက်လုံး အားသည်မို့ Renjun အိပ်ရေးဝဝနဲ့ တစ်နေကုန် အိပ်မည်ဟု တွေးထားကာ ညက မဆော့တာ ကြာပြီဖြစ်တဲ့ ဂိမ်းကို မနက်မိုးလင်းခါနီးထိ ဆော့ပြီးမှ အိပ်ရာဝင်ခဲ့သည်။
သို့သော် မနက်စောစောစီးစီး အိမ်ရောက်လာတဲ့ ချစ်သူကြောင့် တစ်နေကုန် အိပ်မည်တွေးထားသည့် အစီအစဥ်မှာ ပျောက်ကွယ်သွားရသည်။ RenJun အိပ်ရေးမဝသေးသည့်အတွက် မျက်လုံးကမပွင့်။ ရှေ့မှာထိုင်နေတဲ့ Jaeminကိုလည်း စိတ်ကောက်ကာ မျက်မှောင်က ကြုံ့ထားမိသည်။
"အိပ်ရေးမဝသေးဘူးလား။ ညက ဘယ်ချိန်မှ အိပ်လို့လဲ Renရဲ့"
Jaemin မေးရင်း ရှေ့က အိပ်ငိုက်နေသော Renjun ရဲ့ ခေါင်းလေးကို ပုတ်လိုက်သည်။
"၄နာရီခွဲမှ"
"ဘာတွေလုပ်နေတာလဲ အဲ့ချိန်ထိကို"
"ဂိမ်းမဆော့တာ ကြာလို့ ဆော့လိုက်တာ"
"အင်း ဒါဆို Ren ပြန်အိပ်လေ မောင် စောင့်နေမယ်"
"မောင်က ဘာလို့ အစောကြီး လာတာလဲ"
"ဘာမှ ထွေထူးမဟုတ်ပါဘူး။ အရင်နေ့တွေက Ren မအားတာနဲ့ မောင်မအားတာနဲ့ တွဲတည်းက ခုချိန်ထိ ကောင်းကောင်း မdateရသေးလို့ပါ။ ကဲပါ မောင် ဟိုမှာ စာဖတ်ရင်း ထိုင်စောင့်နေမယ်။ Ren နိုးလာမှ တစ်ခုခု သွားစားကြတာပေါ့"
Jaemin စကားကြောင့် Renjun အိပ်ချင်နေသည်များ ပျောက်သွားရသည်။ တကယ်ပဲ သူနဲ့ မောင်နဲ့ စတွဲတည်းက ခုတစ်လကျော်ချိန်ထိ တစ်ခါမှ သေချာ မdateရသေးပေ။
မောင်က အလုပ်ကိစ္စတွေနဲ့ မအားလိုက်။ သူက သင်တန်းချိန်တွေနဲ့ မအားလိုက်နဲ့၊ တစ်ခါမှ သေချာမဒိတ်ဖြစ်ကြ။ အများအားဖြင့် သူ့သင်တန်းချိန်များကြောင့် မဒိတ်ရတာ ဖြစ်သည်။
Renjun ရှေ့က မောင်ကိုကြည့်လိုက်တော့ သူ့အခန်းထဲက စာရေးခုံမှာ ထိုင်ရင်း စာအုပ်စင်က စာအုပ်တစ်အုပ်ယူကာ ထိုင်ဖတ်နေသည်။
Renjun အိပ်ရာ ပေါ်ကထကာ မောင့်ဆီသွားလိုက်သည်။ Jaeminကတော့ Renjun မအိပ်ဘဲ သူ့ဆီ ထလာသည်မို့ Renjunကို မော့ကြည့်လေရဲ့။
"Ren မအိပ်ဘဲ ဘာလို့ ထလာတာလဲ"
"ဒိတ်ကြမယ်လေ"
"အိပ်ရေးမှ မဝသေးတာ ပြန်အိပ်လိုက်ပါဦး။ Renရဲ့ နိုးမှ သွားကြမယ်လေ ခုမှ ၇ခွဲရှိသေးတာကို ရပါတယ်"
Skinship သိပ်သဘောမကျတဲ့ ဒီကောင်လေးဟာ သူရင်ခွင်ထဲ တိုးဝှေ့လာသည်မို့ Jaemin ကောင်လေးရဲ့ နဖူးကို ခပ်ဖွဖွ နမ်းရင်း ပြောလိုက်သည်။
"မောင်နဲ့ ချစ်သူဖြစ်တာသာ တစ်လကျော်တာ ခုချိန်ထိ သေချာမဒိတ်ရသေးဘူးနော်။ မောင်က ဒိတ်ဖို့ ပြောပေမယ့် ငါ့သင်တန်းချိန်တွေကြောင့် မဒိတ်ခဲ့ရဘူး။ တောင်းပန်ပါတယ် မောင်ရေ"
"တောင်းပန်စရာ မလိုပါဘူး Renရဲ့။ ဒါတွေ ပြန်တွေး စိတ်မကောင်းဖြစ်ပြီး ငိုမဲ့မဲ့နဲ့ ထလာတာလား မောင့်ရဲ့Renက"
"ငိုမဲ့မဲ့ မဖြစ်ပါဘူးနော်"
"ဟုတ်လို့လား မှန်ကြည့်မလား"
"မောင်"
လက်တစ်ဆစ် ဖိုးစိတ်တိုလေးရဲ့ အသံလေးကြောင့် Jaemin ပြုံးလိုက်မိသည်။ Renjun ရဲ့ ဒီလိုအသံလေး ကြားချင်လို့ စနေရသည်မလား။ အသံမကြားရဘဲ လက်တွေပါလာခဲ့ရင်လည်း မတတ်နိုင်ဘူး။ ပါတယ်မှတ်ပြီး အရိုက်ခံလိုက်ရုံပေါ့။
"စတာပါ။ စိတ်မကောင်းမဖြစ်နဲ့။ နောက်ပိုင်း မောင်တို့ သေချာဒိတ်ကြမယ်နော်။ ခုတော့ တစ်ရေးပြန်အိပ်လိုက်။ နိုးလာမှ အပြင်သွားမယ်"
"အိပ်လိုက်လို့ ညနေမှ ပြန်နိုးရင် ဘယ်လိုလုပ်မလဲ"
"နိုးတဲ့ အချိန်မှ အပြင်သွားပါမယ်ဆို။ ညဘက်မှနိုးလည်း နိုးတဲ့အချိန် သွားမယ်။ ခုတော့ ကုတင်ပေါ် ပြန်တက် အိပ်တော့"
"အင်း မောင်ပါ တူတူအိပ်ပါလား အစောကြီးထလာတာ မအိပ်ချင်ဘူးလား"
"မောင်က အလုပ်ရှိတိုင်း ထနေရတာဆိုတော့ အသားကျသွားပြီ"
"အသားကျကျ မကျကျ တူတူအိပ်မယ် လာ"
"အင်း မောင့်ချစ်သူသဘော"
ဟုတ်တယ်လေ တော်ရုံတောင် ပခုံးဘာညာ ဖက်ခွင့်မပြုတဲ့သူက ဒီလို ခေါ်နေတာ ငြင်းစရာလား။
ရင်ခွင်ထဲသွင်း၊ ခါးလေးဖက်ပြီးပဲ အတူတူ အိပ်မှာပါ။
အပိုင်း (ခ)
"ဝှါး" Renjun အိပ်ရာက ပြန်နိုးလာတော့ သန်းဝေလိုက်သည်။ Jaeminကို သတိရ၍ ဘေးကို ကြည့်လိုက်တော့ ရှိမနေ။ သို့သော် ရေချိုးခန်းထဲက ရေသံကြားသည်မို့ ရေချိုးခန်းထဲ ရှိနေကြောင်း သိလိုက်ရသည်။
စားပွဲပေါ် တင်ထားတဲ့ နာရီကို ကြည့်လိုက်တော့ နေ့လည် နှစ်နာရီကို ညွှန်ပြနေသဖြင့် အိပ်ရာမှထကာ အိပ်ရာသိမ်းလိုက်သည်။
ရေဘူးထဲက ရေကိုသောက်နေတုန်း ရေချိုးခန်းထဲမှ Jaemin ထွက်လာသည်ကို လှမ်းကြည့်လိုက်တော့ ရေချိုးပြီးတဲ့ပုံ။
"Ren နိုးနေပြီလား"
"အင်း မောင်က ဘယ်တည်းက နိုးနေတာလဲ"
Jaemin အမေးကို ပြန်ဖြေရင်း Renjun ရေဘူးကို နေရာတကျ ပြန်ထားလိုက်သည်
"သိပ်မကြာသေးပါဘူး"
"မောင် အဝတ်အပိုပါလား မပါရင် ဗီရိုထဲမှာ မောင်ကြိုက်တာယူဝတ်လိုက်"
"ကားထဲမှာ မောင်အပိုထည့်ထားတတ်တဲ့ အဝတ်တွေပါတယ် Ren"
"အင်း ဒါဆို ပြီးရောလေ ရေချိုးတော့မယ် ပြီးမှ တစ်ခုခုသွားစားကြတာပေါ့"
"ဟုတ် အော် ဒါနဲ့ Injun hyung က သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ နေ့လည်စာ အပြင်မှာပဲ စားလိုက်တော့မယ်တဲ့"
"ဟုတ်လား အင်းအင်း"
"ရေမြန်မြန်ချိုးနော်"
"အင်း"
Renjun ပြင်ဆင်နေသည်ကို Jaemin ကုတင်ပေါ်လဲကာ ဖုန်းသုံးရင်း စောင့်လိုက်သည်။
"မောင် သွားရအောင် ဘာစားကြမလဲ"
"မောင့်ကလေးလေးက ဘာစားချင်လဲ"
"အင်း ဟော့ပေါ့လည်း စားချင်တယ် malatang လည်း စားချင်တယ် ပြီးတော့"
"ရှိသေးတယ်လား"
"အင်း 😁"
"အိုကေ သွားရင်းနဲ့မှ ဆက်ပြောနော်"
"အင်း"
Jaemin နဲ့ Renjun မုန့်စားနေတုန်း Injun ဆီမှ ဖုန်းဝင်လာခဲ့သည်
"အငယ် ပြော"
(Ge ညနေ ကျွန်တော့်သူငယ်ချင်းတစ်ယောက် မွေးနေ့ပါတီရှိလို့ ညပြန်မအိပ်ဘူးလို့)
"ညပြန်မအိပ်ဘူး?"
(ဟုတ်)
"မရပါဘူး ညဥ့်နက်ရင် နက်ပါစေ Ge လာပြန်ခေါ်မယ်"
(Ge ကလည်း ဒီတစ်ခေါက်ပဲလေနော်)
"မနက်ဖြန်ညကျရင်လည်း ခရီးသွားရမှာလေ အငယ်"
(မနက်စောစော ပြန်လာခဲ့မယ်လေ)
"ဟင်းး ပြီးရော အရက်တွေ အများကြီး မသောက်ရဘူးနော်"
(ယေး ဒါမှ Geကွ နည်းနည်းပဲ သောက်မယ်နော်)
"အင်း ကိုယ့်ကိုကိုယ် ဂရုစိုက်"
(ဟုတ် ဒါပဲနော် Ge)
"အင်း"
"Ren ဘာဖြစ်လို့လဲ"
"အငယ်လေ သူငယ်ချင်းပါတီမှာ ညအိပ်မယ်လို့ လှမ်းပြောတာ"
"အော် စိတ်ပူနေတာလား"
"အင်း"
"စိတ်မပူပါနဲ့ Injun hyungက ကိုယ့်ကိုကိုယ် ဂရုစိုက်မှာပါ"
"အင်း"
"ကျွန်တော်တို့ ညနေစာ အိမ်မှာချက်စားကြမလား"
"ဟင်"
"မနက်ဖြန်လည်း ခရီးသွားရမှာလေ။ Renလည်း ဒီနေ့ပါ လျှောက်သွားရင် ပင်ပန်းတာတွေ ဆက်သွားမှာပေါ့"
"ရပါတယ် မောင့်သဘော"
"အင်း ဒါဆို ညနေစာချက်ဖို့ ပစ္စည်းတွေ ဝယ်ပြီး အိမ်ပြန်ကြမယ်လေ"
"စျေးဝယ်ရင်းနဲ့ ခရီးသွားဖို့ လိုတာပါ ဝယ်ရမယ်"
"အင်း ရော့ ဒါစားကြည့်"
Jaemin ပန်းကန်ပြားထဲက မုန့်တစ်ခုကို ယူ၍ Renjun ကို ခွံ့ကျွေးလိုက်သည်။
"အရသာရှိတယ်ဟုတ်"
"အင်း"
အပိုင်း(ဂ)
"အိမ်ပြန်လိုက်ပါ မောင်ကလည်း အိမ်က စိတ်ပူနေမှာပေါ့"
"မပြန်ချင်ပါဘူးဆို"
"ပြန်လိုက်ပါ ဒီည မနက်ဖြန်ခရီးအတွက် အထုပ်တွေ ပြင်လိုက် မနက်စောစောမှ မောင့်ဆီ လာခဲ့လေ"
"တစ်ယောက်တည်း စိတ်မချပါဘူး"
"အရင်ကလည်း ဒီတိုက်ခန်းမှာ ငါတစ်ယောက် တည်း နေတာလေ မောင်ကလည်း"
"အဲ့ဒါ အရင်ကလေ ခုက မောင်ရှိနေပြိလေ"
"မနက်စောစောမှ လာခဲ့နော် မောင်က လိမ်မာပါတယ်"
"အင်းပါ ဟုတ်ပါပြီ ပြန်တော့မယ် မနက်အစောကြီး လာမှာနော် မနက်ကလို စိတ်မကောက်နဲ့"
"အင်း ကားကို ဂရုစိုက်မောင်း ပြန်ရောက်ရင် ဖုန်းဆက်နော် 😙"
"ဟုတ် မောင် မနက်စောစောလာခဲ့မယ်နော် တံခါးတွေ သေချာပိတ်ပြီး အိပ်တော့ 😙"
"ဘိုင့်ဘိုင်"
ခရီးသွားမည့်နေ့ ......
ခရီးသွားမည့် ကားပေါ်တွင် ပစ္စည်းများ နေရာချပြီးနောက် နေရာအသီးသီး ယူကာ ထိုင်လိုက်ကြသည်။
"ကျွန်တော် မောင်းပေးမယ်လေ hyung"
Jaemin , Mark hyung ကို ကြည့်ရင်း ပြောလိုက်သည်။
"ရပါတယ် hyung မောင်းမယ်လေ"
"ကိစ္စမရှိပါဘူး ကျွန်တော်မောင်းပေးပါ့မယ် နားတော့မှ hyung တစ်လှည့်မောင်းလေ"
"အင်း ဒါဆို သွားကြမယ်လေ"
အလယ်ခုံမှာ Renjun တို့ အမြွှာနှစ်ယောက်နဲ့ Haechan ထိုင်နေပြီး နောက်ဆုံးခုံမှာတော့ ChenJiနဲ့ Jeno ထိုင်ကြသည်။ ကားမောင်းနေတဲ့ Jaemin ဘေးမှာတော့ Mark hyung က ထိုင်နေသည်။ဂ
ခြောက်နာရီကြာ ခရီးကို ရောက်တဲ့နောက်မှာ ကြိုတင် ငှားထားတဲ့ အိမ်ကလေးဆီ အရင်သွားလိုက်ကြသည်။ လျှောက်လည်ဖို့အတွက်က မနက်ငါးနာရီလောက်သာ ရှိသေးသည်မို့ အဆင်မပြေ။
အိမ်ရောက်တော့ အခန်းအသီးသီးကို ယူကာ ပြန်ဝင်အိပ်ကြသည်။ ဒီအချိန်မှာ မနက်လျှောက်သွားရင် ဆီကုန်ခါနီး အဆင်မပြေဖြစ်မည် ဆိုတဲ့ အကြောင်းပြချက်နဲ့ Jaemin က ဆီသွားထည့်သည်ကို Renjunက အဖော်လိုက်သွားပေးလိုက်သည်။
"Ren အိပ်ရေးဝလို့လား ဘာလို့လိုက်တာလဲ နားနေတာ မဟုတ်ဘူး"
Jaemin ကားမောင်းရင်း Renjun ဆံပင်လေးကို သပ်တင်ပေးကာ ပြောလိုက်သည်။
"ဝှါး မောင်တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့"
"အိပ်နေလေ မောင် ပြန်ရောက်မှ နိုးမယ်"
"ငါ စဥ်းစားနေတာ"
"အင်း"
"ငါတို့တွဲနေတာကို ဒီမှာ ဖွင့်ပြောလိုက်ရင် ကောင်းမလားလို့"
"မောင့်ကလေးလေး အဆင်ပြေသလိုလုပ် မောင်က ကိစ္စမရှိဘူး"
"အင်း ဒါနဲ့ ဆီဆိုင်က 24hrs mini mart ထဲ ခဏဝင်မယ်"
"ဘာဝယ်ဖို့လဲ"
"ဗိုက်ဆာလို့ ခေါက်ဆွဲစားမလားလို့"
"အင်း စားမယ်လေ"
ဆီဖြည့်ပြီး ဆိုင်ထဲ ဝင်တော့ ဟိုမုန့်ဝယ် ဒီမုန့်ဝယ်နဲ့ တကယ့် အစားပုတ်လေး။ ချစ်သူမဖြစ်ခင်တုန်းက လူကြီးဆန်ပြီး တည်ငြိမ်မယ်ထင်ခဲ့တာကို Jaemin မှားကြောင်း သိလိုက်ရသည်။ အဲ မှားတယ်လည်း မဟုတ်ပါဘူး Renjunက သူ့မိသားစု နဲ့ သူ့အပေါ်သာ ဒီလိုပုံစံ ပြတာ ဖြစ်မည်နေမှာ။ တခြားသူတွေအပေါ်တော့ ဒီလိုလုပ်မည့်သူမဟုတ်။
အပိုင်း (ဃ)
မနက်မိုးလင်းတော့ ရေမိုးချိုးကြကာ လျှောက်လည်ဖို့အတွက် အုပ်စုလိုက် ထွက်လာကြသည်။ ဒီတစ်ခေါက်တော့ Mark hyung က ကားမောင်းပေးသည်။
မကြာခင် ဆိုင်တစ်ခုမှာ ရပ်လိုက်ပြီး မနက်အဆာပြေစာ ဝင်စားကြသည်။ ထို့နောက် လည်ပတ်ဖို့ စီစဥ်ထားတဲ့ နေရာများကို လျှောက်သွားကြသည်။ တစ်ပတ်မျှ နေမည့်အတွက် နေရာတိုင်းကို စိတ်တိုင်းကျ အကြာကြီး လည်ပတ်ရသည်။
မကြာမီ နေ့လည်စာ စားကြတော့ Renjun နှင့် Jaemin ကို ဗို့အားပြင်းသော မျက်ဝန်းများနှင့် ကြည့်နေကြသူများ။ ကြည့်ဆို သူတို့နှစ်ယောက်က ကွက်ပြီး ထူးဆန်းနေကြတာကို။
အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတဲ့ Jaemin ကြောင့်ရော၊ Renjun ဆိုတဲ့ တည်ငြိမ်လွန်းတဲ့ ကောင်လေးကလည်း Jaemin နဲ့ကျမှ ကလေးဆန်နေသလို ပုံစံဖြစ်နေတာကြောင့်ရောပေါ့။
Injun ကတော့ အားလုံးကိုရော သူ့အစ်ကိုကိုပါ ဂရုမစိုက်စွာ မုန့်သာ စားနေသည်။ ဟိုအတွဲကလည်း သူတို့ဘာသာ ချစ်ကြည်နူးနေကြတော့ အားလုံးကြည့်နေတာကို သတိမထားမိ။
"အဟမ်း အဟမ်း" Haechan ရဲ့ လည်ချောင်းရှင်းသံကြောင့် မော့ကြည့်လာကြသည်။
ဒီအခါမှ အကုန်လုံးက သူတို့ကို ကြည့်နေမှန်း သိသွားသောကြောင့် Renjun မျက်နှာ နီရဲလာလေသည်။ Jaemin ကတော့ ဘာမှမဖြစ်ပေမယ့် ပြုံးစိစိ။
"မင်းတို့က ဘာလို့ အဲ့လောက်ထိ ပူးကပ်နေကြတာလဲ"
တိတ်ဆိတ်နေသော အခြေအနေကို ဖြိုခွဲလိုက်သူမှာ Jeno ပင်။
"ဘာဖြစ်လို့ လို့ Hyung ထင်လဲ"
Jeno အမေးကို ပက်ခနဲ ပြန်ပြောသော Jaemin။
"ငါတို့ သေချာမသိလို့ မင်းကို မေးတာပေါ့ကွ"
Jeno မပြောခင် အရင်ဝင်ပြောသော Haechan။ ကျန်တဲ့သူတွေကတော့ ပွဲကြည့် ပရိသတ်။
"အဲ့ဒါက ဘယ်လိုပြောရမလဲ"
"ငါနဲ့ Jaemin တွဲနေကြတာ"
Renjun ဝင်ပြောလိုက်သော စကားကြောင့် Haechan နဲ့ Jeno ကတော့ ထူးဆန်းစွာ ကြည့်လေသည်။ Mark, Lele နဲ့ Jisung ကတော့ သိနေတယ်ဆိုတဲ့ အကြည့်တွေနဲ့။ ဒီလို အသီးသီး ကြည့်နေကြပေမယ့် Injun ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ မုန့်သာ ဆက်စားနေသည်။
"ဘယ်ချိန်တည်းကလဲ Renjun။ ငါနဲ့ Jeno ကိုတောင် မင်းမပြောပြပါလား"
"သိပ်တော့ မကြာသေးပါဘူး။ ငါသင်တန်းချိန်တွေနဲ့ မအားတာမို့ မပြောဖြစ်တာပါ"
"အင်း ဒါဆို ခုငါတို့ စားတဲ့ ဝိုင်းကို မင်းတို့ရှင်း"
Haechan က Renjun တို့ နှစ်ယောက်ကို ကြည့်ကာပြောလာလေသည်။ Renjun လည်း ဘေးနားက Jaemin ကို ကြည့်ရင်း
"ဘာမှမဆိုင်သလိုပဲနော် Jaem"
"ဟူတ်တယ် ဘာမှလည်းမဆိုင်ဘူး"
"ငါ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"
Jeno ပြောပြီးတာနဲ့ ထလာလိုက်သည်။ စကားဝိုင်းလေးကတော့ ခုနက အတိုင်း ဆူညံနေဆဲ။
တစ်နေကုန် လျှောက်လည်ပြီး ည၁၀နာရီကျမှ ငှားထားသော အိမ်ကို ပြန်ရောက်ကြသည်။ တစ်နေကုန် မမောမပန်း လျှောက်သွားကြသည်မို့ အိမ်ရောက်တော့ မျက်လုံးတွေက မဖွင့်ချင်တော့တဲ့အထိ ။
လူတိုင်း အသီးသီး ပင်ပန်းနေကြပေမယ့် တစ်ယောက်သောသူကတော့ ခန္ဓာထက် စိတ်က ပိုပင်ပန်းနေခဲ့ပါတယ်။
နောက်ကျသွားခဲ့ပြီ။ တကယ်ကို နောက်ကျသွားခဲ့ပြီ။ မင်းဘေးနားမှာ တစ်စုံတစ်ဦးက ရှိနေခဲ့ပြီ။ ငါအရင်အတိုင်းလေး ငေးကြည့်နေရုံကလွဲ ဘာဆိုဘာမှ မတတ်နိုင်ခဲ့။
မော့သောက်လိုက်တဲ့ ဘီယာဟာ လည်ချောင်းကနေတစ်ဆင့် ပူကနဲ ဆင်းကျသွားသည်။ ဒီအပူကရော ရင်ထဲမှာ ဖြစ်တည်နေတဲ့ အပူကို မီနိုင်မယ်တဲ့လား။
အပိုင်း (င)
တစ်ပတ်ဆိုတဲ့ အချိန်အတွင်းမှာ သူတို့တွေ နေရာအစုံ လည်ပတ်ခဲ့ရသည်။ နောက်အပတ်ဆို ကျောင်းတွေ ပြန်ဖွင့်တော့မည့်အကြောင်း တွေးမိတော့လည်း ပျော်ရမလို ငိုရမလို အား စာပြန်ကျက်ရတော့မယ်။
အခန်းတစ်ခုထဲ လွမ်းဆွတ်ဖွယ် တေးသီချင်းများက ဖုံးလွှမ်းနေသည်။ မိုးဖွဲဖွဲကြောင့် ရာသီဥတုက အုံ့ဆိုင်းနေသည်ကို ပြတင်း ပေါက်ဆီက လိုက်ကာပါ ဖုံးထားတော့ အခန်းက ပိုပြီး မှောင်နေသည်။
ထိုအခန်းလေးရဲ့ ကုတင်ပေါ်မှာ ကောင်လေးတစ်ယောက်ဟာ စိတ်ပျက်စွာ ခွေအိပ်နေတယ်။ သူအိပ်နေတဲ့ ကုတင်ဘေးနားမှာလည်း ဘီယာဘူးပေါင်းများစွာနဲ့ပေါ့။
ပါးပြင်ပေါ် ကျဆင်းလာတဲ့ မျက်ရည်တချို့ကို မသုတ်မိဘဲ လွတ်လပ်စွာ ကျဆင်းစေလိုက်သည်။ ဖုန်းထဲက သူ့ဓာတ်ပုံလေး ကြည့်ရင်း အမှတ်တရတွေကို ပြန်လွမ်းရပြန်သည်။
တစ်ဖက်သတ် ကြိတ်ချစ်နေရတဲ့ ခံစားချက်ဟာ ဆိုးရွားလိုက်တာ ... လို့ ရေရွတ်လိုက်ရင်း အနီးနား ထားထားတဲ့ ဘီယာ တစ်ဘူးကို ဖောက်ကာ သောက်လိုက်သည်။
ကျောင်းပြန်စဖွင့်ပြီး နှစ်ပတ်မြောက်ရဲ့ တစ်ရက် ...
"ငါတို့ အသစ်ဖွင့်ထားတဲ့ စားသောက်ဆိုင် သွားစားကြည့်ရအောင်"
Haechan စကားကို ကျွန်တော် သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
"မင်းရော လိုက်မယ်မလား Jeno"
"အင်း သွားမယ်လေ"
သုံးယောက်သား သဘောတူညီမှုနဲ့ စားသောက် ဆိုင်ဆီ ချီတက်ခဲ့ကြသည်။ စားသောက်ဆိုင်ရောက်တော့လည်း အရင်ကလို စကားတွေ ပြောလိုက်ကြ စားလိုက်ကြနဲ့ ပျော်ရွှင်စရာပေါ့။
"Jaeminနဲ့ရော အဆင်ပြေလား Jun"
"အင်း ပြေပါတယ် ဘာလို့လဲ"
"မေးကြည့်တာပါ"
"ဒါနဲ့ Jaemin ရော မတွေ့တာကြာပြီ"
"အလုပ်တွေ ရှိနေတော့ မအားလို့ မလာဖြစ်တာ"
"အင်း သူကြည့်ရတာ မင်းကို သည်းသည်းလှုပ် ချစ်တာ"
Haechan အပြောကြောင့် Renjun နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ဘာစကားမှတော့ ပြန်မပြောမိ။ စားသောက်ဆိုင်က ပြန်ခါနီး ဝင်လာတဲ့ ဖုန်း contact ကို ကြည့်ရင်း Renjun ပြုံးမိသည်။
"အင်း မောင် ပြော"
(ကျောင်းဆင်းပြီလား Ren)
"အင်း ဆင်းတာ ကြာပြီရယ် ခုက မုန့်ဆိုင်မှာ Jeno တို့နဲ့ မုန့်စားနေတာ"
(Ren ညနေ အားလား)
"ညနေ အင်း ၈နာရီလောက်မှ အားမယ် ဒီနေ့က သင်တန်းရှိတယ် ဘာကိစ္စရှိလို့လဲ မောင်"
(ကိစ္စရယ်တော့ မရှိပါဘူး မောင့်ကိုကိုနဲ့ မတွေ့ရလို့ လွမ်းလို့ပါ)
"မတွေ့ဖြစ်တာ တစ်ပတ်တောင် မရှိသေးတာကို"
(မသိဘူး လွမ်းတယ်)
"အင်းပါ"
( ညကျရင် သင်တန်းကို မောင် လာခဲ့မယ် )
"မောင် အားရင် လာလေ"
(ဟုတ် လာခဲ့မယ်)
"မောင်က လိမ်မာတယ်"
ရယ်ရယ်မောမော ဖုန်းပြောနေတဲ့သူ့ကို ကြည့်ရင်း မျက်ဝန်းထဲက မျက်ရည်စတစ်ချို့ ဝဲတက်လာမိသည်။ မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မငိုမိအောင် ကြိုးစားထိန်းနေရသည်။ ဒါကိုတော့ ဖုန်းပြောနေတဲ့ ကောင်လေးက သိလိမ့်မည် မဟုတ်။
လူချင်းနီးနေပါတယ် သို့သော် စိတ်က တခြားသူဆီမှာ !!!
တောက်ပတဲ့ မျက်ဝန်းလေးတွေကို တစိမ့်စိမ့် ကြည့်ရင်း ခပ်ရေးရေး ပါးချိုင့်ငယ်ကို တယုတယ ကိုင်တွယ်လို့ ချိုမြမြ နှုတ်ခမ်းပါးလေးကို နမ်းရှိုက်ခွင့် ရမည်သူဟာ ကိုယ်မဟုတ်ခဲ့ပါတကား !!!