HE'S ✓

By VemberCB_Kai

153K 15.9K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 14
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 3

3.4K 459 3
By VemberCB_Kai

[Unicode + Zawgyi]

နေ့တိုင်းဟွားလဲ့ဆေးရုံဆီရောက်ဖြစ်နေတဲ့Baekhyunက Chanyeolဘာသောက်တတ်တယ်..ဘာစားတတ်တယ် စတာတွေကိုသိနေပြီးဖြစ်သည်။

‌နံနက်တိုင်းChanyeolရဲ့ခုံပေါ်မှာ Hot Americanoတစ်ခွက်ကရောက်ရောက်နေတတ်ပြီး နေ့ခင်းထမင်းစားပြီးချိန်လောက်တွင် Iced Americanoတစ်ခွက်ကလည်းရောက်ရှိနေတတ်သည်။

နေ့လယ်စာစားဖြစ်တဲ့စားသောက်ပွဲတွေကလည်း‌ငွေရှင်းပြီးသားတွေဖြစ်နေတတ်သေးသည်ကိုသတိထားမိလာပေမဲ့ Chanyeolကအထူးတလည် ဘယ်သူဖြစ်နေမလဲကိုသိလည်းမသိချင်သလို လိုက်လည်းမမေးခဲ့ဘူး။
ထပ်ပြီးဖြစ်မလာအောင်သာ ကောင်တာကိုမှာထားလေသည်။
ဒါပေမဲ့လည်း ၂ပတ်လောက်ရှိပြီဆက်ဖြစ်နေတုန်းပါပဲ..
ဒါ့အတွက်နဲ့ JunMyeonရဲ့စနောက်ခြင်းကိုခံရပေမဲ့လည်း အာရုံထဲသိပ်မထည့်ခဲ့ဘူး

ဒီနေ့တော့ စားပြီးပြီးချင်းကိုယ့်ရဲ့နားနေရာဆီပြန်လာခဲ့တော့ အရင်လိုIced Americanoခွက်ကမရောက်သေးတော့အမြဲမသိအောင်ပဲလာလာပို့တတ်တဲ့ထိုလူကိုမိတော့မဲ့အပြုံးမျိုး Chanyeolပြုံးမိသွားသည်။

"ဟျွန်းငယ်.. ဒီမှာဘာလုပ်နေတာလဲ.. စာကြည့်တိုက်မှာရှိရမှာဟုတ်ဘူးလား"

ဒီနေ့နည်းနည်းနောက်ကျသွားတဲ့အတွက် Chanyeolကသူနားတဲ့နေရာဆီပြန်ရောက်နေတဲ့အခါ Baekhyunလက်ထဲကIced Americanoခွက်ကိုင်လျက် ဝင်ရနိုးနိုး.. ပြန်လှည့်ရနိုးနိုးဖြစ်နေသည်။
ထိုအချိန်မှာပဲ အနောက်ကနေကြားလာရတဲ့အသံကြောင့် လက်ထဲကခွက်တောင်ပြုတ်ကျတော့မတတ်.. လန့်သွားခဲ့ရသည်။

"ကိုကိုကြီး.. ဟို..ဟိုလေ"

Chanyeolလည်းအပြင်ဘက်ကအသံတွေကြောင့် ထိုင်နေရာကထွက်လာတဲ့အခါ ရဲတင်းလွန်းတဲ့ကောင်လေးနဲ့ သူ့ရဲ့စီနီယာDr.MinSeokတို့ကိုတွေ့လိုက်ရသည်။

ဒီရက်တွေမှာသူရှိတဲ့နေရာတိုင်းလိုလို..အမြဲတွေ့နေရတတ်တဲ့ထိုကောင်လေးက တွေ့မိတိုင်းလှိုက်လဲစွာပြုံးပြ‌လာပေမဲ့လည်း အမြဲလိုလိုဖြီးနေတဲ့မျက်နှာတစ်ခုကြောင့် Chanyeolကြည့်မရ..
အခုလည်း စီနီယာဖြစ်တဲ့အစ်ကို‌တစ်ယောက်ကိုနှောက်‌ယှက်နေပြန်ပြီးလားဆိုတဲ့အသိက ပို၍ပင်စိတ်ရှုပ်ရသည်။

"စီနီယာကိုသူအနှောက်အယှက်ပေးနေပြန်တာလား"

"ဟမ်"

MinSeok Chanyeolကိုကြည့်လာတော့ Chanyeolက Baekhyunကိုစိတ်ရှုပ်စွာကြည့်နေတာတွေ့ရသည်။

"ဆေးရုံမှာအခုလိုပဲအနှောက်အယှက်လိုက်ပေးတာကသူ့အကျင့်ထင်တယ်.. အခုတော့စီနီယာအလှည့်ရောက်သွားပြီပေါ့"

"Chanyeol..ညီပြောတာက သူကဆေးရုံမှာအမြဲရှိနေတယ်ဆိုတဲ့သဘောလား"

"ဟုတ်တယ်စီနီယာ..သူအမြဲလိုလိုဆေးရုံရဲ့တစ်နေရာမဟုတ်တစ်နေရာမှာရှိနေတတ်တယ်"

MinSeok Baekhyunကိုပြန်ကြည့်လာတဲ့အခါ ဇီးရွက်လောက်ရှိတဲ့မျက်နှာလေးနဲ့ မျက်လုံးလေးတွေဝိုင်းစက်နေပြီးကြည့်နေလေသည်။

"ဟျွန်းငယ် ဒါဘာသဘောလဲ"

MinSeokရဲ့အမေးက Chanyeolကိုတော်တော်လေးထူးဆန်းနေခဲ့သည်။

"စီနီယာက သူနဲ့သိနေတာလား"

တော်ပါတော့Chanyeolရာ.. ငါသေသာသေလိုက်ချင်တယ်။
ငါလိမ်ထားတာတွေကို တစ်ခုစီပြောပြနေသိလား..
ငါမင်းကိုချစ်လွန်းလို့နော်... ဟင်းးးး
အခုတော့ ငါ့ကိုမိုးကြိုးအတောင့်လိုက်ပစ်ချလိုက်သလိုပဲ

အီး.... ငါတော့ အရေခွံစုပ်ခံရတော့မယ်ထင်တယ်။

"သူကHyungရဲ့ညီအငယ်ဆုံးလေး ByunBaekHyunပဲ.. "

"အာ..."

Chanyeol.. Baekhyunကိုကြည့်တော့ မျက်နှာငယ်လေးနဲ့..
အစ်ကိုတွေကိုတော့ကြောက်ပုံရနေသည်။
ပြီးတော့ ဒေါသထွက်နေတဲ့စီနီယာပုံကြောင့် စိတ်ထဲကနေဘာကိုမှန်းမသိအားနာသွားရပြန်သည်။

"ဟျွန်းငယ် ဒီရက်တွေတစ်တောက်လျှောက်လုံးဆေးရုံမှာပဲရှိနေတာလား.. မင်းစာကြည့်တိုက်ကိုလုံးဝမသွားဘဲ ကိုကိုတို့ကိုညာနေခဲ့တာပေါ့"

"ကိုကိုကြီး"

"တော်တော်..ကိုကိုကြီး ကိုလတ်ကိုလာခေါ်ခိုင်းလိုက်မယ်.. ဒီတစ်နေ့လုံးအိမ်အပြင်လုံးဝမထွက်ဘဲအိမ်ထဲမှာနေ.. ဘယ်သူငယ်ချင်းနဲ့မှလည်း ဖုန်းပြောမနေနဲ့.. ကိုကိုတို့တွေမျက်နှာချင်းဆိုင်ဆွေးနွေးဖို့လိုနေပြီ"

Baekhyunစိတ်ရှုပ်စွာနှာခေါင်လေးရှုံ့လိုက်ပြီး လက်ကIced Americanoခွက်ကို Chanyeolလက်ထဲထည့်ပေးဖြစ်အောင်ထည့်‌ပေးလိုက်သေးသည်။

"ဒီနေ့ငါနောက်ကျသွားတယ်..ကောင်းကောင်းသောက်ပါ"

Baekhyunစိတ်ပျက်လက်ပျက်နဲ့ ဖုန်းပြောနေတဲ့ MinSeokဘေးမှာသွားရပ်နေတာကို Chanyeolလိုက်ကြည့်နေပြီး လက်ထဲကခွက်ကိုပြန်ကြည့်လာခဲ့သည်။

လက်စသက်တော့.. ဒီရက်တွေဆေးရုံမှာရှိနေခဲ့ရတဲ့အကြောင်းက ဒါတွေလုပ်ပေးဖို့လား..

မင်းကမလွယ်ကြောလေးပဲ.. ဘယ်လိုစိတ်ကူးမျိုးနဲ့ငါ့ဆီချဉ်းကပ်ဖို့ကြံစည်နေတာလဲ

Chanyeolလည်းနားနေရာဆီပြန်သွားထိုင်ပြီးမကြာလိုက်.. Baekhyunကို Luhanကလာခေါ်သွားသည်။

"ကိုလတ်..အရမ်းကြီးမဆူပါနဲ့.. ဟျွန်းငယ်ဒီနှစ်အောင်မှာပါ"

"ဟျွန်းငယ်ကအရမ်းဆိုးတာကိုး.. ဘာလို့ကိုကိုတို့ကိုလိမ်ရတာလဲ.. ကိုလေးသာသိရင်ဟျွန်းငယ်တော့သူဟင်းချက်ရင်သုံးတဲ့ဓားတွေနဲ့နုတ်နုတ်ဆင်းခံရမလားဘဲ"

Baekhyunဆူပုတ်သွား‌တာတွေ့တော့ Luhanက ရယ်လိုက်သည်။

"လုပ်ချင်တာကိုလုပ်ပြီး အခုမှကြောက်မနေသင့်ဘူးဟျွန်းငယ်"

"ဟင့်.."

Luhanလည်းဘာမှဆက်ပြောမနေတော့ဘဲ အိမ်ကိုသာမောင်းလာခဲ့သည်။

အိမ်ရောက်တော့ ချက်ချင်းအခန်းထဲပြေးဝင်သွားတဲ့Baekhyun‌ကိုခေါင်းသာခါကာ KyungSooကိုအကျိုးအကြောင်းပြောပြီးလှမ်းခေါ်လိုက်သည်။

နှစ်နာရီလောက်ကြာတဲ့အခါမှာ ‌KyungSooကရောက်လာပြီး အငယ်ဆုံးညီလေးအခန်းဆီတန်းသွားပေမဲ့လည်း အထဲကနေတံခါးကပိတ်ထားတာကြောင့် ဧည့်ခန်းမှာသာထိုင်ရင်း MinSeokပြန်အလာကိုစောင့်နေလိုက်သည်။

တစ်နေ့လုံးBaekhyunအခန်းထဲကမထွက်ဘဲ အစ်ကိုတွေစုံမဲ့အချိန်ကိုစိုးထိတ်စွာထိုင်စောင့်နေခဲ့ရသည်။

မုန့်ဖိုးဖြတ်မှာနဲ့ အိမ်ပြင်ထွက်ခွင့်ပိတ်လိုက်မှာက Baekhyunအကြောက်ဆုံးဖြစ်သည်။

တဖြေးဖြေးမှောင်လာခဲ့ပြီး.. ခြံထဲကားဝင်လာသံကြားတော့ Baekhyunကြက်သီးမွှေးညှင်းတွေပါထလာခဲ့ရသည်။

ကိုကိုကြီးပြန်ရောက်လို့ အခန်းအပြင်ထွက်လာဖို့ကိုတုံ့ဆိုင်းနေချိန်မှာပဲ အခန်းတံခါးခေါက်သံကကျယ်‌လောင်စွာထွက်လာခဲ့တော့ အခန်းထဲကနေထွက်ဖို့အားခဲရသည်။

"ဟျွန်းငယ်.. ကိုကိုကြီးပြန်‌ရောက်ပြီ ဧည့်ခန်းဆီလာခဲ့"

ကိုလတ်အသံမှန်းBaekhyunသိပေမဲ့ အခန်းထဲကထွက်မလာရဲဘဲ စိတ်ရှုပ်စွာခေါင်းကိုပြန်ကုတ်သည်။

ဒါပေမဲ့လည်း..ကုတ်ကုတ် ကုတ်ကုတ်နဲ့သာဧည့်ခန်းထဲ‌လျှောက်လာခဲ့တော့ အစ်ကိုတွေအကုန်က စိုက်ကြည့်နေလေသည်။

ကိုယ်လေးကပိုပိုပြီးကျုံ့ကျုံ့ဝင်သွားရသလို.. လုပ်ချင်တာလုပ်ပြီးမှ တော်တော်လေးကြောက်နေသည်။

"ဟျွန်းငယ်"

ကိုလေးအသံကမာနေတာကြောင့် Baekhyunဟုတ်ကဲ့တစ်လုံးပြောပြီး ခေါင်းကိုငုံ့ထားသည်။

"ဘာလို့လိမ်ရတာလဲ"

"ဟို..ဟို.."

"လှည့်ပတ်မဲ့စကားလုံးတွေလိုက်ပြောမနေနဲ့.. ကိုကိုတို့ဒေါသထွက်နေတာသိတယ်မလား"

မိဘတွေမရှိတော့တဲ့အချိန်ကစပြီး ညီအငယ်ဆုံးလေးကို အစ်ကိုတွေအားလုံးကတော်တော်လေးချစ်ရှာပြီး အလိုလည်းလိုက်လွန်းသည်။
လိုအပ်တာမှန်သမျှကိုလည်းငြင်းဆန်ခြင်းမရှိဖြည့်ဆည်းပေးသည်။

ဒါတွေကြောင့်ပဲ အငယ်ဆုံးပီပီဆိုးသည်လားမတွေးတတ်အောင်ကို.. အစ်ကိုတွေအပေါ်နိုင်စားလွန်းတာကိုလည်းအပြစ်မမြင်နိုင်ဘဲ အိမ်ထောင်ပြုဖို့လည်းမစဉ်းစားကြဘဲ ညီငယ်လေးအတွက်သာအကောင်းဆုံးဖြစ်အောင်တွေးပေးနေကြသည်။

"ဟျွန်းငယ်နောက်မလုပ်တော့ပါဘူး"

"အဲ့စကားက ဘယ်နှကြိမ်ရှိနေပြီလဲ"

ပိတ်အော်လာတဲ့Kyungsooကြောင့် Baekhyunကိုယ်လေးသေးသေးလေးဖြစ်သွားရကာ ခေါင်းကိုထောင်မလာရဲ..

"မင်းအပြစ်မင်းသိတယ်မလားဟျွန်းငယ်"

Luhanအမေးကိုခေါင်းညိပ်လာတဲ့Baekhyunကိုကြည့်ပြီးမှ MinSeokထိုင်ရာကနေထသွားကာ ရေသောက်ဖို့မီးဖိုခန်းထဲဝင်သွားသည်။

MinSeokလက်ထဲရေဘူးကိုင်ကာပြန်ထွက်လာတော့ ဧည့်ခန်းထဲရှိ‌နေတဲ့အစ်ကိုနှစ်ယောက်ကကြည့်လာကြပြီး ဘယ်လိုလုပ်မလဲကို တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပြီးစဉ်းစားနေကြသည်။

"ကိုကိုကြီးသိတဲ့ဂျူနီယာတစ်ယောက်ကိုတော့ ဟျွန်းငယ်အတွက်အကူအညီတောင်းထားတယ်"

Baekhyunခေါင်းမော့လာတဲ့အခါ ကျန်အစ်ကို၂ယောက်ကလည်းဆက်ပြောလာမှာတွေကို စိတ်ဝင်တစားနဲ့နားထောင်နေကြသည်။

"သူကကိုကိုကြီးရဲ့ဂျူနီယာဆိုပေမဲ့ အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်ပါ.. သူ့ရဲ့နားချိန်တွေမှာစာပြတတ်တယ်.. ဒါကြောင့်ဟျွန်းငယ်အတွက်အကူအညီတောင်းခဲ့တာ.. မနက်ဖြန်တော့သူ့ဆီကအဖြေကိုကြားရလိမ့်မယ်"

"ကိုကိုကြီး သူကဆရာဝန်တစ်ယောက်ဆိုတော့ ဟျွန်းငယ်အတွက်အချိန်ပေးနိုင်ပါ့မလား"

Luhanအမေးကိုမဖြေခင် MinSeokရေတစ်ငုံသောက်လိုက်သည်။

"ကိုကိုကြီးတွေးထားတာကတော့ သူတစ်ယောက်ထဲပဲနေတဲ့အတူတူ ဟျွန်းငယ်စာမေးပွဲရက်တွေမှာ သူ့ကိုကိုကိုတို့အိမ်မှာ‌ပဲခေါ်ထားလိုက်မယ်လေ.. ဟျွန်းငယ်အတွက်လည်းအဆင်ပြေတယ် ဆေးရုံသွားလဲကိုကိုနဲ့သူကတူတူဆိုတော့ သူ့အတွက်လည်းအဆင်ပြေမလားလို့"

"ကိုကိုကြီး အဲ့ဒီDr.နာမည်ကဘယ်သူလဲ"

"Dr.ParkChanYeol"

KyungSooအမေးကိုဖြေလာပေးတဲ့MinSeokရဲ့စကားနောက်မှာတော့ Baekhyunမျက်လုံးလေးတွေဝိုင်းစက်သွားကာရင်ထဲမှာထိန်းမရအောင်ပျော်မြူးသွားရသည်။

"ကိုကိုကြီး.. ဘယ်သူ ဘယ်သူလို့ပြောလိုက်တာ"

Baekhyunမျက်လုံးလေးအဝိုင်းသားနဲ့ ထပ်မေးလာတဲ့အခါ MinSeokကလည်းထပ်ဖြေပေးသည်။

အီ ယားးးး တကယ် တကယ်ကြီး.... ငါ့အချစ်လေးChanyeolနဲ့တကယ်ကြီး စာသင်ရမှာပေါ့ ..

အို့ ဟိုး ဟိုးးး
ဘယ်လိုတောင်ကံကောင်းမှုကြီးလဲကွာ..

အောင်ပြီ ဒီနှစ်တော့ကျိန်းသေအောင်ပြီကွ..

"သူလက်ခံဖို့ပဲမျှော်လင့်ရတာပေါ့.. သူ့ဘက်ကငြင်းမယ်ဆိုလည်း ဟျွန်းငယ်အတွက်သင့်တော်တာတစ်ခုခုကိုကိုလုပ်ရတော့မယ်.. ဟျွန်းငယ်အပြင်ထွက်ဖို့ပဲစိတ်ကူးမနေနဲ့တော့"

ParkChanYeolသာဖြစ်ပေး.. ParkChanYeolသာဖြစ်ပေးရင် ဟျွန်းငယ်ကခြံထဲတောင်မဆင်းတော့ဘူး..

ParkChanYeolဘေးနားမှာပဲနေမှာ..

ပြောစရာရှိတာပြောပြီးတဲ့အခါ Baekhyunခုန်ပေါက်ပြီးအခန်းဆီပြန်တက်သွားတော့ အစ်ကိုတွေက ခေါင်းတခါခါနဲ့သာကြည့်နေခဲ့ကြသည်။

"ကိုကိုကြီး Dr.ParkChanYeolကို ထပ်ပြီးပြောကြည့်ပါဦး ဟျွန်းငယ်ကြည့်ရတာပျော်နေသလိုပဲ"

Luhanအပြောကို MinSeokကခေါင်းညိပ်ပြကာ အခန်းဆီကိုသွားတော့သည်။

Baekhyunကတော့အခန်းထဲအမြန်ဝင်ကာ ကုတင်ပေါ်မှာလူးလိမ့်နေသည်။

အချစ်လေးရေ.. အူ ဝါးးး ငါ့ရဲ့အချစ်လေးရေ..

လက်ခံလိုက်ပါ.. လက်ခံလိုက်ပါ..

ငါမင်းနဲ့စာသင်ပါရစေ

ငါသေသေချာချာလိုက်လုပ်မှာပါ..

မင်းက..မင်းမျက်နှာလေးပဲငါ့ကိုကြည့်ခွင့်ပေး

Gradingတွေကို ထိပ်ဆုံးကပဲပိတ်ယူပလိုက်မယ်..

Baekhyun Chanyeolနဲ့စာသင်ရမှာမဲ့အသိက အခန်းထဲအိန္ဒြေမဆည်နိုင်အောင်ကို ပျော်မြူးနေရလေသည်။

TBc...

[Zawgyi 👇]

ေန႔တိုင္းဟြားလဲ့ေဆး႐ုံဆီေရာက္ျဖစ္ေနတဲ့Baekhyunက Chanyeolဘာေသာက္တတ္တယ္..ဘာစားတတ္တယ္ စတာေတြကိုသိေနၿပီးျဖစ္သည္။

‌နံနက္တိုင္းChanyeolရဲ႕ခုံေပၚမွာ Hot Americanoတစ္ခြက္ကေရာက္ေရာက္ေနတတ္ၿပီး ေန႔ခင္းထမင္းစားၿပီးခ်ိန္ေလာက္တြင္ Iced Americanoတစ္ခြက္ကလည္းေရာက္ရွိေနတတ္သည္။

ေန႔လယ္စာစားျဖစ္တဲ့စားေသာက္ပြဲေတြကလည္း‌ေငြရွင္းၿပီးသားေတြျဖစ္ေနတတ္ေသးသည္ကိုသတိထားမိလာေပမဲ့ Chanyeolကအထူးတလည္ ဘယ္သူျဖစ္ေနမလဲကိုသိလည္းမသိခ်င္သလို လိုက္လည္းမေမးခဲ့ဘူး။
ထပ္ၿပီးျဖစ္မလာေအာင္သာ ေကာင္တာကိုမွာထားေလသည္။
ဒါေပမဲ့လည္း ၂ပတ္ေလာက္ရွိၿပီဆက္ျဖစ္ေနတုန္းပါပဲ..
ဒါ့အတြက္နဲ႔ JunMyeonရဲ႕စေနာက္ျခင္းကိုခံရေပမဲ့လည္း အာ႐ုံထဲသိပ္မထည့္ခဲ့ဘူး

ဒီေန႔ေတာ့ စားၿပီးၿပီးခ်င္းကိုယ့္ရဲ႕နားေနရာဆီျပန္လာခဲ့ေတာ့ အရင္လိုIced Americanoခြက္ကမေရာက္ေသးေတာ့အၿမဲမသိေအာင္ပဲလာလာပို႔တတ္တဲ့ထိုလူကိုမိေတာ့မဲ့အၿပဳံးမ်ိဳး Chanyeolၿပဳံးမိသြားသည္။

"ဟြၽန္းငယ္.. ဒီမွာဘာလုပ္ေနတာလဲ.. စာၾကည့္တိုက္မွာရွိရမွာဟုတ္ဘူးလား"

ဒီေန႔နည္းနည္းေနာက္က်သြားတဲ့အတြက္ Chanyeolကသူနားတဲ့ေနရာဆီျပန္ေရာက္ေနတဲ့အခါ Baekhyunလက္ထဲကIced Americanoခြက္ကိုင္လ်က္ ဝင္ရႏိုးႏိုး.. ျပန္လွည့္ရႏိုးႏိုးျဖစ္ေနသည္။
ထိုအခ်ိန္မွာပဲ အေနာက္ကေနၾကားလာရတဲ့အသံေၾကာင့္ လက္ထဲကခြက္ေတာင္ျပဳတ္က်ေတာ့မတတ္.. လန႔္သြားခဲ့ရသည္။

"ကိုကိုႀကီး.. ဟို..ဟိုေလ"

Chanyeolလည္းအျပင္ဘက္ကအသံေတြေၾကာင့္ ထိုင္ေနရာကထြက္လာတဲ့အခါ ရဲတင္းလြန္းတဲ့ေကာင္ေလးနဲ႔ သူ႔ရဲ႕စီနီယာDr.MinSeokတို႔ကိုေတြ႕လိုက္ရသည္။

ဒီရက္ေတြမွာသူရွိတဲ့ေနရာတိုင္းလိုလို..အၿမဲေတြ႕ေနရတတ္တဲ့ထိုေကာင္ေလးက ေတြ႕မိတိုင္းလႈိက္လဲစြာၿပဳံးျပ‌လာေပမဲ့လည္း အၿမဲလိုလိုၿဖီးေနတဲ့မ်က္ႏွာတစ္ခုေၾကာင့္ Chanyeolၾကည့္မရ..
အခုလည္း စီနီယာျဖစ္တဲ့အစ္ကို‌တစ္ေယာက္ကိုေႏွာက္‌ယွက္ေနျပန္ၿပီးလားဆိုတဲ့အသိက ပို၍ပင္စိတ္ရႈပ္ရသည္။

"စီနီယာကိုသူအေႏွာက္အယွက္ေပးေနျပန္တာလား"

"ဟမ္"

MinSeok Chanyeolကိုၾကည့္လာေတာ့ Chanyeolက Baekhyunကိုစိတ္ရႈပ္စြာၾကည့္ေနတာေတြ႕ရသည္။

"ေဆး႐ုံမွာအခုလိုပဲအေႏွာက္အယွက္လိုက္ေပးတာကသူ႔အက်င့္ထင္တယ္.. အခုေတာ့စီနီယာအလွည့္ေရာက္သြားၿပီေပါ့"

"Chanyeol..ညီေျပာတာက သူကေဆး႐ုံမွာအၿမဲရွိေနတယ္ဆိုတဲ့သေဘာလား"

"ဟုတ္တယ္စီနီယာ..သူအၿမဲလိုလိုေဆး႐ုံရဲ႕တစ္ေနရာမဟုတ္တစ္ေနရာမွာရွိေနတတ္တယ္"

MinSeok Baekhyunကိုျပန္ၾကည့္လာတဲ့အခါ ဇီး႐ြက္ေလာက္ရွိတဲ့မ်က္ႏွာေလးနဲ႔ မ်က္လုံးေလးေတြဝိုင္းစက္ေနၿပီးၾကည့္ေနေလသည္။

"ဟြၽန္းငယ္ ဒါဘာသေဘာလဲ"

MinSeokရဲ႕အေမးက Chanyeolကိုေတာ္ေတာ္ေလးထူးဆန္းေနခဲ့သည္။

"စီနီယာက သူနဲ႔သိေနတာလား"

ေတာ္ပါေတာ့Chanyeolရာ.. ငါေသသာေသလိုက္ခ်င္တယ္။
ငါလိမ္ထားတာေတြကို တစ္ခုစီေျပာျပေနသိလား..
ငါမင္းကိုခ်စ္လြန္းလို႔ေနာ္... ဟင္းးးး
အခုေတာ့ ငါ့ကိုမိုးႀကိဳးအေတာင့္လိုက္ပစ္ခ်လိုက္သလိုပဲ

အီး.... ငါေတာ့ အေရခြံစုပ္ခံရေတာ့မယ္ထင္တယ္။

"သူကHyungရဲ႕ညီအငယ္ဆုံးေလး ByunBaekHyunပဲ.. "

"အာ..."

Chanyeol.. Baekhyunကိုၾကည့္ေတာ့ မ်က္ႏွာငယ္ေလးနဲ႔..
အစ္ကိုေတြကိုေတာ့ေၾကာက္ပုံရေနသည္။
ၿပီးေတာ့ ေဒါသထြက္ေနတဲ့စီနီယာပုံေၾကာင့္ စိတ္ထဲကေနဘာကိုမွန္းမသိအားနာသြားရျပန္သည္။

"ဟြၽန္းငယ္ ဒီရက္ေတြတစ္ေတာက္ေလွ်ာက္လုံးေဆး႐ုံမွာပဲရွိေနတာလား.. မင္းစာၾကည့္တိုက္ကိုလုံးဝမသြားဘဲ ကိုကိုတို႔ကိုညာေနခဲ့တာေပါ့"

"ကိုကိုႀကီး"

"ေတာ္ေတာ္..ကိုကိုႀကီး ကိုလတ္ကိုလာေခၚခိုင္းလိုက္မယ္.. ဒီတစ္ေန႔လုံးအိမ္အျပင္လုံးဝမထြက္ဘဲအိမ္ထဲမွာေန.. ဘယ္သူငယ္ခ်င္းနဲ႔မွလည္း ဖုန္းေျပာမေနနဲ႔.. ကိုကိုတို႔ေတြမ်က္ႏွာခ်င္းဆိုင္ေဆြးေႏြးဖို႔လိုေနၿပီ"

Baekhyunစိတ္ရႈပ္စြာႏွာေခါင္ေလးရႈံ႕လိုက္ၿပီး လက္ကIced Americanoခြက္ကို Chanyeolလက္ထဲထည့္ေပးျဖစ္ေအာင္ထည့္‌ေပးလိုက္ေသးသည္။

"ဒီေန႔ငါေနာက္က်သြားတယ္..ေကာင္းေကာင္းေသာက္ပါ"

Baekhyunစိတ္ပ်က္လက္ပ်က္နဲ႔ ဖုန္းေျပာေနတဲ့ MinSeokေဘးမွာသြားရပ္ေနတာကို Chanyeolလိုက္ၾကည့္ေနၿပီး လက္ထဲကခြက္ကိုျပန္ၾကည့္လာခဲ့သည္။

လက္စသက္ေတာ့.. ဒီရက္ေတြေဆး႐ုံမွာရွိေနခဲ့ရတဲ့အေၾကာင္းက ဒါေတြလုပ္ေပးဖို႔လား..

မင္းကမလြယ္ေၾကာေလးပဲ.. ဘယ္လိုစိတ္ကူးမ်ိဳးနဲ႔ငါ့ဆီခ်ဥ္းကပ္ဖို႔ႀကံစည္ေနတာလဲ

Chanyeolလည္းနားေနရာဆီျပန္သြားထိုင္ၿပီးမၾကာလိုက္.. Baekhyunကို Luhanကလာေခၚသြားသည္။

"ကိုလတ္..အရမ္းႀကီးမဆူပါနဲ႔.. ဟြၽန္းငယ္ဒီႏွစ္ေအာင္မွာပါ"

"ဟြၽန္းငယ္ကအရမ္းဆိုးတာကိုး.. ဘာလို႔ကိုကိုတို႔ကိုလိမ္ရတာလဲ.. ကိုေလးသာသိရင္ဟြၽန္းငယ္ေတာ့သူဟင္းခ်က္ရင္သုံးတဲ့ဓားေတြနဲ႔ႏုတ္ႏုတ္ဆင္းခံရမလားဘဲ"

Baekhyunဆူပုတ္သြား‌တာေတြ႕ေတာ့ Luhanက ရယ္လိုက္သည္။

"လုပ္ခ်င္တာကိုလုပ္ၿပီး အခုမွေၾကာက္မေနသင့္ဘူးဟြၽန္းငယ္"

"ဟင့္.."

Luhanလည္းဘာမွဆက္ေျပာမေနေတာ့ဘဲ အိမ္ကိုသာေမာင္းလာခဲ့သည္။

အိမ္ေရာက္ေတာ့ ခ်က္ခ်င္းအခန္းထဲေျပးဝင္သြားတဲ့Baekhyun‌ကိုေခါင္းသာခါကာ KyungSooကိုအက်ိဳးအေၾကာင္းေျပာၿပီးလွမ္းေခၚလိုက္သည္။

ႏွစ္နာရီေလာက္ၾကာတဲ့အခါမွာ ‌KyungSooကေရာက္လာၿပီး အငယ္ဆုံးညီေလးအခန္းဆီတန္းသြားေပမဲ့လည္း အထဲကေနတံခါးကပိတ္ထားတာေၾကာင့္ ဧည့္ခန္းမွာသာထိုင္ရင္း MinSeokျပန္အလာကိုေစာင့္ေနလိုက္သည္။

တစ္ေန႔လုံးBaekhyunအခန္းထဲကမထြက္ဘဲ အစ္ကိုေတြစုံမဲ့အခ်ိန္ကိုစိုးထိတ္စြာထိုင္ေစာင့္ေနခဲ့ရသည္။

မုန႔္ဖိုးျဖတ္မွာနဲ႔ အိမ္ျပင္ထြက္ခြင့္ပိတ္လိုက္မွာက Baekhyunအေၾကာက္ဆုံးျဖစ္သည္။

တေျဖးေျဖးေမွာင္လာခဲ့ၿပီး.. ၿခံထဲကားဝင္လာသံၾကားေတာ့ Baekhyunၾကက္သီးေမႊးညႇင္းေတြပါထလာခဲ့ရသည္။

ကိုကိုႀကီးျပန္ေရာက္လို႔ အခန္းအျပင္ထြက္လာဖို႔ကိုတုံ႔ဆိုင္းေနခ်ိန္မွာပဲ အခန္းတံခါးေခါက္သံကက်ယ္‌ေလာင္စြာထြက္လာခဲ့ေတာ့ အခန္းထဲကေနထြက္ဖို႔အားခဲရသည္။

"ဟြၽန္းငယ္.. ကိုကိုႀကီးျပန္‌ေရာက္ၿပီ ဧည့္ခန္းဆီလာခဲ့"

ကိုလတ္အသံမွန္းBaekhyunသိေပမဲ့ အခန္းထဲကထြက္မလာရဲဘဲ စိတ္ရႈပ္စြာေခါင္းကိုျပန္ကုတ္သည္။

ဒါေပမဲ့လည္း..ကုတ္ကုတ္ ကုတ္ကုတ္နဲ႔သာဧည့္ခန္းထဲ‌ေလွ်ာက္လာခဲ့ေတာ့ အစ္ကိုေတြအကုန္က စိုက္ၾကည့္ေနေလသည္။

ကိုယ္ေလးကပိုပိုၿပီးက်ဳံ႔က်ဳံ႔ဝင္သြားရသလို.. လုပ္ခ်င္တာလုပ္ၿပီးမွ ေတာ္ေတာ္ေလးေၾကာက္ေနသည္။

"ဟြၽန္းငယ္"

ကိုေလးအသံကမာေနတာေၾကာင့္ Baekhyunဟုတ္ကဲ့တစ္လုံးေျပာၿပီး ေခါင္းကိုငုံ႔ထားသည္။

"ဘာလို႔လိမ္ရတာလဲ"

"ဟို..ဟို.."

"လွည့္ပတ္မဲ့စကားလုံးေတြလိုက္ေျပာမေနနဲ႔.. ကိုကိုတို႔ေဒါသထြက္ေနတာသိတယ္မလား"

မိဘေတြမရွိေတာ့တဲ့အခ်ိန္ကစၿပီး ညီအငယ္ဆုံးေလးကို အစ္ကိုေတြအားလုံးကေတာ္ေတာ္ေလးခ်စ္ရွာၿပီး အလိုလည္းလိုက္လြန္းသည္။
လိုအပ္တာမွန္သမွ်ကိုလည္းျငင္းဆန္ျခင္းမရွိျဖည့္ဆည္းေပးသည္။

ဒါေတြေၾကာင့္ပဲ အငယ္ဆုံးပီပီဆိုးသည္လားမေတြးတတ္ေအာင္ကို.. အစ္ကိုေတြအေပၚႏိုင္စားလြန္းတာကိုလည္းအျပစ္မျမင္ႏိုင္ဘဲ အိမ္ေထာင္ျပဳဖို႔လည္းမစဥ္းစားၾကဘဲ ညီငယ္ေလးအတြက္သာအေကာင္းဆုံးျဖစ္ေအာင္ေတြးေပးေနၾကသည္။

"ဟြၽန္းငယ္ေနာက္မလုပ္ေတာ့ပါဘူး"

"အဲ့စကားက ဘယ္ႏွႀကိမ္ရွိေနၿပီလဲ"

ပိတ္ေအာ္လာတဲ့Kyungsooေၾကာင့္ Baekhyunကိုယ္ေလးေသးေသးေလးျဖစ္သြားရကာ ေခါင္းကိုေထာင္မလာရဲ..

"မင္းအျပစ္မင္းသိတယ္မလားဟြၽန္းငယ္"

Luhanအေမးကိုေခါင္းညိပ္လာတဲ့Baekhyunကိုၾကည့္ၿပီးမွ MinSeokထိုင္ရာကေနထသြားကာ ေရေသာက္ဖို႔မီးဖိုခန္းထဲဝင္သြားသည္။

MinSeokလက္ထဲေရဘူးကိုင္ကာျပန္ထြက္လာေတာ့ ဧည့္ခန္းထဲရွိ‌ေနတဲ့အစ္ကိုႏွစ္ေယာက္ကၾကည့္လာၾကၿပီး ဘယ္လိုလုပ္မလဲကို တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ေနၾကၿပီးစဥ္းစားေနၾကသည္။

"ကိုကိုႀကီးသိတဲ့ဂ်ဴနီယာတစ္ေယာက္ကိုေတာ့ ဟြၽန္းငယ္အတြက္အကူအညီေတာင္းထားတယ္"

Baekhyunေခါင္းေမာ့လာတဲ့အခါ က်န္အစ္ကို၂ေယာက္ကလည္းဆက္ေျပာလာမွာေတြကို စိတ္ဝင္တစားနဲ႔နားေထာင္ေနၾကသည္။

"သူကကိုကိုႀကီးရဲ႕ဂ်ဴနီယာဆိုေပမဲ့ အရမ္းေတာ္တဲ့ဆရာဝန္တစ္ေယာက္ပါ.. သူ႔ရဲ႕နားခ်ိန္ေတြမွာစာျပတတ္တယ္.. ဒါေၾကာင့္ဟြၽန္းငယ္အတြက္အကူအညီေတာင္းခဲ့တာ.. မနက္ျဖန္ေတာ့သူ႔ဆီကအေျဖကိုၾကားရလိမ့္မယ္"

"ကိုကိုႀကီး သူကဆရာဝန္တစ္ေယာက္ဆိုေတာ့ ဟြၽန္းငယ္အတြက္အခ်ိန္ေပးႏိုင္ပါ့မလား"

Luhanအေမးကိုမေျဖခင္ MinSeokေရတစ္ငုံေသာက္လိုက္သည္။

"ကိုကိုႀကီးေတြးထားတာကေတာ့ သူတစ္ေယာက္ထဲပဲေနတဲ့အတူတူ ဟြၽန္းငယ္စာေမးပြဲရက္ေတြမွာ သူ႔ကိုကိုကိုတို႔အိမ္မွာ‌ပဲေခၚထားလိုက္မယ္ေလ.. ဟြၽန္းငယ္အတြက္လည္းအဆင္ေျပတယ္ ေဆး႐ုံသြားလဲကိုကိုနဲ႔သူကတူတူဆိုေတာ့ သူ႔အတြက္လည္းအဆင္ေျပမလားလို႔"

"ကိုကိုႀကီး အဲ့ဒီDr.နာမည္ကဘယ္သူလဲ"

"Dr.ParkChanYeol"

KyungSooအေမးကိုေျဖလာေပးတဲ့MinSeokရဲ႕စကားေနာက္မွာေတာ့ Baekhyunမ်က္လုံးေလးေတြဝိုင္းစက္သြားကာရင္ထဲမွာထိန္းမရေအာင္ေပ်ာ္ျမဴးသြားရသည္။

"ကိုကိုႀကီး.. ဘယ္သူ ဘယ္သူလို႔ေျပာလိုက္တာ"

Baekhyunမ်က္လုံးေလးအဝိုင္းသားနဲ႔ ထပ္ေမးလာတဲ့အခါ MinSeokကလည္းထပ္ေျဖေပးသည္။

အီ ယားးးး တကယ္ တကယ္ႀကီး.... ငါ့အခ်စ္ေလးChanyeolနဲ႔တကယ္ႀကီး စာသင္ရမွာေပါ့ ..

အို႔ ဟိုး ဟိုးးး
ဘယ္လိုေတာင္ကံေကာင္းမႈႀကီးလဲကြာ..

ေအာင္ၿပီ ဒီႏွစ္ေတာ့က်ိန္းေသေအာင္ၿပီကြ..

"သူလက္ခံဖို႔ပဲေမွ်ာ္လင့္ရတာေပါ့.. သူ႔ဘက္ကျငင္းမယ္ဆိုလည္း ဟြၽန္းငယ္အတြက္သင့္ေတာ္တာတစ္ခုခုကိုကိုလုပ္ရေတာ့မယ္.. ဟြၽန္းငယ္အျပင္ထြက္ဖို႔ပဲစိတ္ကူးမေနနဲ႔ေတာ့"

ParkChanYeolသာျဖစ္ေပး.. ParkChanYeolသာျဖစ္ေပးရင္ ဟြၽန္းငယ္ကၿခံထဲေတာင္မဆင္းေတာ့ဘူး..

ParkChanYeolေဘးနားမွာပဲေနမွာ..

ေျပာစရာရွိတာေျပာၿပီးတဲ့အခါ Baekhyunခုန္ေပါက္ၿပီးအခန္းဆီျပန္တက္သြားေတာ့ အစ္ကိုေတြက ေခါင္းတခါခါနဲ႔သာၾကည့္ေနခဲ့ၾကသည္။

"ကိုကိုႀကီး Dr.ParkChanYeolကို ထပ္ၿပီးေျပာၾကည့္ပါဦး ဟြၽန္းငယ္ၾကည့္ရတာေပ်ာ္ေနသလိုပဲ"

Luhanအေျပာကို MinSeokကေခါင္းညိပ္ျပကာ အခန္းဆီကိုသြားေတာ့သည္။

Baekhyunကေတာ့အခန္းထဲအျမန္ဝင္ကာ ကုတင္ေပၚမွာလူးလိမ့္ေနသည္။

အခ်စ္ေလးေရ.. အူ ဝါးးး ငါ့ရဲ႕အခ်စ္ေလးေရ..

လက္ခံလိုက္ပါ.. လက္ခံလိုက္ပါ..

ငါမင္းနဲ႔စာသင္ပါရေစ

ငါေသေသခ်ာခ်ာလိုက္လုပ္မွာပါ..

မင္းက..မင္းမ်က္ႏွာေလးပဲငါ့ကိုၾကည့္ခြင့္ေပး

Gradingေတြကို ထိပ္ဆုံးကပဲပိတ္ယူပလိုက္မယ္..

Baekhyun Chanyeolနဲ႔စာသင္ရမွာမဲ့အသိက အခန္းထဲအိေျႏၵမဆည္ႏိုင္ေအာင္ကို ေပ်ာ္ျမဴးေနရေလသည္။

TBc...

Continue Reading

You'll Also Like

4.4K 225 22
Does the loveable master have a secret he's kept hidden from the ninja? Read to find out. Starts in Season 4 Cole x OC Jay x Nya Kay x Skylar Zane x...
1.8K 195 13
You're mysterious but our hearts are spoken souls.
7K 406 22
​နောက်တစ်ကြိမ်အသစ်ပြန်စရရင် ကိုယ့်ဘက်က​နေ​​ အရင်စ​ပြီးချစ်ခွင့်ပန်ပါရစေ~
10.8K 124 45
Amelia Robert a 22 year old with low-income. She finds a job company. She doesn't have family and little to no friends. She gets a call to a company...