Douleurs Rouges [ Completed ]

By Relia6104

264K 24.3K 689

Red is the ultimate cure for sadness โค More

Chapter 01 ( Zawgyi )
Chapter 01 ( Unicode )
Chapter 02 ( Zawgyi )
Chapter 02 ( Unicode )
Chapter 03 ( Zawgyi)
Chapter 03 ( Unicode )
Chapter 04 ( Zawgyi )
Chapter 04 ( Unicode )
Chapter 05 ( Zawgyi )
Chapter 05 ( Unicode )
Chapter 06 ( Zawgyi )
Chapter 06 ( Unicode )
Chapter 07 ( Zawgyi )
Chapter 07 ( Unicode )
Chapter 08 ( Zawgyi )
Chapter 08 ( Unicode)
Chapter 09 (Zawgyi)
Chapter 09 ( Unicode )
Chapter 10 ( Zawgyi)
Chapter 10 ( Unicode )
Chapter 11 (Zawgyi)
Chapter 11 ( Unicode )
Chapter 12 ( Zawgyi)
Chapter 12 ( Unicode )
Chapter 13 ( Zawgyi )
Chapter 13 ( Unicode )
Chapter 14 ( Zawgyi)
Chapter 14 ( Unicode )
Chapter 15 ( Zawgyi )
Chapter 15 ( Unicode )
Chapter 16 ( Zawgyi )
Chapter 17 ( Zawgyi )
Chapter 17 ( Unicode )
Chapter 18 ( Zawgyi )
Chapter 18 ( Unicode )
Chapter 19 ( Zawgyi )
Chapter 19 ( Unicode )
Chapter 20 ( Zawgyi )
Chapter 20 ( Unicode )
Chapter 21 ( Zawgyi )
Chapter 21 ( Unicode )
Chapter 22 ( Zawgyi )
Chapter 22 ( Unicode )
Chapter 23 ( Zawgyi )
Chapter 23 ( Unicode )
Chapter 24 ( Zawgyi )
Chapter 24 ( Unicode )
Chapter 25 ( Zawgyi )
Chapter 25 ( Unicode )
Chapter 26 ( Zawgyi )
Chapter 26 ( Unicode )
Final Chapter 27 (Zawgyi)
Final Chapter 27 (Unicode)
Book
Hello Again

Chapter 16 ( Unicode )

4.2K 548 12
By Relia6104

ညသန်းခေါင်ချိန်ဖြစ်တာကြောင့် ဆိတ်ငြိမ်ရပ်ကွက်ရဲ့ လူရှင်းနေတဲ့ လမ်းထဲ ဝါကျင့်ကျင့်လမ်းမီးတိုင်တွေရဲ့ အလင်းရောင်သာ ရှိနေတယ်။

ဝါကျင့်ကျင့်မီးရောင်တွေအောက်မှာ အရိပ်တစ်ခုက ပုံမှန်လေးလှမ်းလာတယ်။ ဖြေးညှင်းစွာ လေချွန်ရင်း ခြံတစ်ခြံရှေ့ရောက်တော့ ရပ်တန့်သွားတယ်။

ခြံတံခါးကို ကျော်တတ်ရင်း ခြံဝန်းထဲရောက်တယ်။ အနီရောင်နှင်းဆီတွေပွင့်နေတဲ့ ပန်းအိုးတချို့ကို တွေ့တော့ မှောင်ရိပ်ထဲက နှုတ်ခမ်းတွေပြုံးတယ်။

အထဲကလော့ချ်ထားတဲ့ အိမ်တံခါးကြောင့် နားထင်ကို လက်ညိုးနဲ့ကုတ်ရင်း ခေါင်းခါတယ်။ သူက တံခါးကို ဖျက်ဖွင့်ပြီး ဝင်ဖို့ထက် အထဲက ဖွင့်လာအောင် လုပ်ဖို့တွေးတယ်။

အဆက်မပြတ်ဘဲလ်တီးသံတွေကြောင့် နောက်ဆုံးတော့
တံခါးက ပွင့်လာခဲ့တယ်။

ဟက်ခ်.. အကြောက်အလန့်မရှိလိုက်တာ။

" ဘယ်သူ... "

အိမ်ထဲကထွက်လာတဲ့ ရှင်းက အသားရောင်ညဝတ်အိပ်ဖဲဂါဝန်ပေါ် ပဝါတစ်ထည်ခြုံပြီးထွက်လာတယ်။

စကားမဆုံးသေးခင်မှာပဲ အိမ်အတွင်းထဲကို အားပြင်းပြင်းနဲ့ အတွန်းခံလိုက်ရတော့ ရှင်းရဲ့ ခန္ဓာကိုယ်က အနောက်ကိုယိုင်သွားတယ်။

Mask တပ်ထားတာကြောင့် ဘယ်သူမှန်းသဲသဲကွဲကွဲ
မမြင်ရပေမယ့် ရှင်းက တုန်လှုပ်ခြောက်ခြားနေတယ်။

အတင်းချုပ်လာတဲ့လက်တွေကို ရုန်းရင်း ရှင်းက ကောင်လေးမျက်နှာက Mask ကို ခွာချလိုက်တယ်။

" မင်း...မင်း ဟိုကျောင်းသား...ဝမ်..ဝမ်ရိပေါ်"

ရှင်းက ဆရာဝန်ပီပီဘဲ ဉာဏ်သိပ်ကောင်းတယ်။ တစ်ကြိမ်တစ်ခါ ခဏတာ တွေ့ခဲ့တဲ့ ရိပေါ် မျက်နှာကို မှတ်မိတယ်။

ရိပေါ်ချုပ်ထားရာကနေ ရှင်းက လွတ်အောင်ရုန်းရင်း
ရိပေါ် ဝတ်ထားတဲ့ ဟူဒီအောက်က ရှပ်အင်္ကျီ ကော်လံနားကို ဆွဲတယ်။ ကျောင်းက ပြန်ပြန်ချင်း ရှင်းရဲ့ Clinic နားစောင့်နေခဲ့ပြီး အိမ်ပြန်တဲ့ရှင်းရဲ့ ကားနောက် နောက်ယောင်ခံလိုက်ခဲ့တာကြောင့် ရိပေါ်က မနက်က
အဝတ်အစား ( ကျောင်းယူနီဖောင်းပေါ် အနက်ရောင်ဟူဒီထပ်ထား ) နဲ့ပဲဖြစ်နေတယ်။

ရုန်းနေရင်းကနေ ဆေးထိုးအပ်သေးသေးလေးကို လည်ပင်းနားစိုက်သွင်းလိုက်တော့ ရှင်းက ပျော့ခွေကျသွားတယ်။
လက်တစ်ဖက်ကတော့ တင်းတင်းဆုပ်ထားတယ်။

မီးအိမ်ဖျော့ဖျော့လေးတွေသာ ထွန်းထားတဲ့ အိမ်ခန်းရဲ့
လျှောက်လှမ်းကနေတစ်ဆင့် အိပ်ခန်းထဲကို ရိပေါ်က
ရှင်းကို ကြမ်းပြင်ပေါ် တရွတ်တိုက်ဆွဲခေါ်သွားတယ်။

အိပ်ရာပေါ်ချပေးမလို့ ပြင်တုန်း ရှင်းရဲ့မျက်လုံးတွေက ပွင့်လာတယ်။

သိပ်မပြင်းတဲ့အိပ်ဆေးကို ထိုးလိုက်မိတဲ့အတွက် ရိပေါ်
နောင်တရမနေဘူး။
ရှင်းက အော်နေရင်း အတင်းရုန်းတယ်။ သန်မာတဲ့ ရိပေါ်
လက်တွေထဲက ရုန်းထွက်ဖို့က သူမအတွက် အတော်ခက်တယ်။ တင်းတင်းဆုပ်ထားတဲ့လက်က ရုန်းနေရင်း ပျေလျော့တော့ ခပ်သေးသေးအရာလေးတစ်ခုက ကြမ်းပြင်ပေါ်
လိမ့်သွားသံထွက်လာတယ်။

အသံကသေးလွန်းနေတော့ ရှင်းရဲ့ ခြောက်ခြားနေတဲ့ အော်သံတွေအောက် ပျောက်ရှသွားတယ်။ ရိပေါ်ကလည်း သတိမထားမိဘူး။

ချုပ်ထားနေရာကနေ ပိုပြီးအတင်းတွေရုန်းနေတဲ့ ရှင်းရဲ့
မဲနက်နက်ဆံပင်တွေကို ဆောင့်ဆွဲရင်း ခေါင်းကို
ဘေးက အဖြူရောင်ကြွေပြားကပ်ထားတဲ့ နံရံတွေဆီ ဆောင့်လိုက်တယ်။

အားတော့ သိပ်မသုံးလိုက်ဘူး။ လွယ်လွယ်နဲ့ သေသွားလို့မှမဖြစ်ဘဲ။

နဖူးပေါ်က သွေးတွေစီးကျရင်း မေ့မျောသွားတဲ့ ရှင်းကို
ရိပေါ်ကအိပ်ရာပေါ်တင်လိုက်တယ်။

လက်တွေကိုကြိုးနဲ့ ချည်မလို့လုပ်ရင်း ရိပေါ်က ရှင်းရဲ့ လက်ချောင်းတွေကို ကြည့်တယ်။ လက်သည်းတုံးတိလေးတွေမှာ ဘိုဆန်ဆန်ချောကလက်ရောင် ခြယ်ထားတယ်။

" ဘာလို့ အဲ့ဒီ စိတ်ပျက်စရာ အရောင်ကြီးလဲ "

" အနီရောင်လေးဆို ပိုလှမှာ "

လက်တွေချုပ်ထားဖို့ အစီအစဉ်ကို ရိပေါ်ဖျက်လိုက်တယ်။
မချုပ်ထားတော့ပဲ မလှုပ်နိုင်အောင်လုပ်မယ်ဆိုရင်ရော.....။

ခုတင်ဘေးနားက စားပွဲပေါ် တင်ထားတဲ့ ပါလာတဲ့ ကျောပိုးအိတ်ကို ရိပေါ် ဖွင့်ရင်း အထဲက ဘူးပြားပြားလေးတစ်လုကို နှိုက်ထုတ်လိုက်တယ်။
စားပွဲက ကုလားထိုင်ကိုတော့ ခုတင်ဘေးနား ဆွဲယူလိုက်တယ်။

ဘူးအပြားလေးကို ဖွင့်လိုက်တော့ သေးရာကနေ ကြီးသွားတဲ့ ဓားချွန်လေးတွေထွက်လာတယ်။

ကောက ဟိုဓားကို မဆောင်ထားသင့်ဘူးတဲ့....။
အဲ့ဒါကြောင့် ဒီလိုချစ်ဖို့ကောင်းတဲ့ဟာလေးတွေကို
ပြောင်းပြီး ဆောင်ထားရတယ်။

အသေးဆုံးဓားချွန်လေးကို ဆွဲယူပြီး ရိပေါ်က ရှင်းရဲ့
လက်တစ်ဖက်ကို ဆွဲမတယ်။

ဓားချွန်လေးက အသားနဲ့လက်သည်းထိကပ်ထားတဲ့နေရာကြား ရောက်သွားတော့ သွေးတွေက ယိုကျလာတယ်။
လက်ညိုးနေရာရဲ့ ခပ်ပျော့ပျော့ လက်သည်းခွံလေးကို အဆုံးထိ လှီးချလိုက်တော့ သွေးတွေက လျှံကျလာတယ်။

" အနီရောင်က ပိုလှတယ်...."

လက်တစ်ချောင်းချင်းစီရဲ့ လက်သည်းခွံတွေကို ရိပေါ်က
ဓားချွန်လေးနဲ့ စိတ်ရှည်ရှည်ကို ခွာနေတယ်။

ဓားချွန်လေးမှာကော ရှင်းရဲ့ လက်ချောင်းတွေမှာကော
သွေးတွေက ရဲနေတယ်။ လက်ကို မြှောက်ကိုင်ထားတာကြောင့် ရှင်းရဲ့လက်က သွေးတွေက အဖြူရောင် အိပ်ရာခင်းပေါ်ကို တစက်စက်ကျနေတယ်။

နာကျင်မှုကြောင့် လက်ချောင်းလေးတွေလှုပ်လာတာမို့
ရိပေါ်က ရှင်းရဲ့လက်ကို မြှောက်ကိုင်ထားရာက ချလိုက်တယ်။

သတိရလာရင် အော်မယ် ရုန်းမယ် ငိုမယ်။
အဲ့တော့ သူနားညီးမယ် အဆင်မပြေဘူး။
ထာဝရငြိမ်သက်သွားဖို့ တစ်ခုခုလုပ်ရမယ်။

" ဘယ်လိုလုပ်မလဲ....ကျွန်တော့မှာ ဒီဓားလေးတွေပဲ
ပါလာတာ .... "

နှုတ်ခမ်းကိုက်ရင်း ရိပေါ်က အနည်းငယ်တွေးတောတယ်။
ပြီးတော့ လက်ဖျောက်တစ်ချက်တီးတယ်။

သိပ်ကောင်းတဲ့အကြံကိုရသွားတာမို့။

ဓားချွန်လေးတွေစီထားတဲ့ထဲက အကြီးဆုံးဓားကို ဆွဲယူလိုက်တယ်။ ခုတင်ဘေး ထိုင်နေရာကထပြီး ခုတင်ခြေရင်းနားကို လျှောက်သွားတယ်။

ရှင်းရဲ့ ခြေဖဝါးဖြူဖြူနုနုနားရောက်တော့ ရိပေါ်က အသံတိတ်ပြုံးတယ်။

" ဘယ်သွေးကြောက ဖြတ်လိုက်တာနဲ့ ခဏလေး သေနိုင်လဲ....အာ...ဒီသွေးကြောထင်တယ် "

ပြောရင်းနဲ့ ရိပေါ်က လက်ထဲက ဓားချွန်နဲ့ ရှင်းရဲ့ ခြေချင်းဝတ်နားကို ခပ်နက်နက်လှီးဖြတ်လိုက်တယ်။ နောက်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းတူလုပ်ပြီးတော့
အိပ်ရာခင်းအောက်ပိုင်းက အနီရောင်ကို ကူးပြောင်းတယ်။

" အာ...ပေကုန်ပြီ ဆောရီး..အကုန်ပြီးသွားရင်
ပြန်လဲ ပေးခဲ့မယ် "

ပြောရင်းနဲ့ ရယ်တယ်။ ခုတင်ဘေးက ကုလားထိုင်ပေါ်
ပြန်ထိုင်ရင်း လေးချောင်းမြှောက် လက်ချောင်းရဲ့ လက်သည်းခွံကို ဓားချွန်နဲ့ ဆက်ခွာနေတယ်။

မိနစ်ပိုင်းလောက်ကြာတော့ ရှင်းရဲ့ လက်ချောင်းထိပ်တွေကသွေးတွေနဲ့ နီမြန်းနေတယ်။

" အခုမှ လှသွားတာ ... "

ထွက်သက်ဝင်သက်မရှိတော့ပဲ အိပ်စက်နေတဲ့ ရှင်းမျက်နှာကို ရိပေါ်ကြည့်ရင်း မျက်မှောင်ကြုတ်တယ်။

ကိုင်ထားတဲ့ ဓားချွန်နဲ့ နှုတ်ခမ်းဖူးဖူးလေးပေါ် ဖွဖွလေးဖိတယ်။

" မုန်းဖို့ကောင်းလိုက်တာ .... "

တစ်ချက်ချင်းလှီးချခံလိုက်ရတဲ့ နှုတ်ခမ်းသားတွေဆီက သွေးတွေက ရှင်းရဲ့ လည်ပင်းအထိ စီးကျတယ်။

" ခင်ဗျားက အနီရောင်တွေနဲ့ လိုက်သားပဲ ... "

ရိပေါ်က သွေးပေနေတဲ့ ဓားချွန်တွေကို အဖြူရောင် အိပ်ရာခင်းစနဲ့ သုတ်ရင်းပြောတယ်။

ဘူးပြားလေးထဲ ညီညီညာညာပြန်ထည့်ပြီး ကျောပိုးအိတ်ကို
လှမ်းယူတော့ စားပွဲခုံပေါ်က ဓာတ်ပုံမှန်ဘောင်လေးကို
သတိထားမိတယ်။ လှမ်းယူကြည့်မိတော့ ဓာတ်ပုံထဲမှာ
ရှောင်းကျန်နဲ့ ရှင်းက ဘေးချင်းယှဉ်ရပ်ရင်း ပြုံးနေကြတယ်။

ရိပေါ်က သွေတွေပေးထားတာကြောင့် ခပ်ရဲရဲဖြစ်နေတဲ့လက်နဲ့ ရှောင်းကျန့်ပုံလေးပေါ် ထိတွေ့လိုက်တယ်။

" ခင်ဗျားက... ကျွန်တော့အပိုင် "

ခပ်ကျယ်ကျယ်ရယ်သံတွေက အဲ့ဒီညမှာ ခြောက်ခြားစရာပဲ။
သန်းခေါင်ယံညရဲ့ အိပ်မက်ဆိုးနဲ့ ရှင်းက တိတ်ဆိတ်ပျောက်ကွယ်သွားရတယ်။

ရိပေါ်ကတော့ ရယ်နေတုန်းပဲ....။

.............................

ပျောက်ဆုံးသွားတဲ့အသက်ဓာတ်လေးကို
နှင်းဆီနီတွေနဲ့ဖုံးအုပ်မယ်။

ခင်ဗျားဆီရောက်ဖို့ အနီရောင်လမ်းလေး
ကျွန်တော်လျှောက်မယ်။

.............................

Continue Reading

You'll Also Like

305K 30.9K 42
BL / Fanfiction แ€แ€„แ€นแ€—แ€บแ€ฌแ€ธแ€€ แ€กแ€ปแ€–แ€ดแ€”แ€ฒแ‚”แ€กแ€™แ€Šแ€นแ€ธแ€œแ€ญแ€ฏ แ€แ€…แ€นแ€แ€ญแ€บแ€”แ€นแ€แ€Šแ€นแ€ธแ€™แ€ฝแ€ฌแ€•แ€ฒ แ€žแ€ญแ€•แ€นแ€€แ€ญแ€ฏ แ€€แ€ผแ€ฌแ€ปแ€แ€ฌแ€ธแ€ฑแ€”แ€แ€แ€นแ€แ€šแ€นแ‹ แ€™แ€„แ€นแ€ธแ€„แ€ซแ€ทแ€€แ€ญแ€ฏ แ€แ€ผแ€ฒแ€ปแ€แ€ฌแ€ธแ€”แ€ญแ€ฏแ€„แ€นแ€แ€ญแ€บแ€”แ€นแ€แ€ญแ€ฏแ€„แ€นแ€ธแ€™แ€ฝแ€ฌแ€ฑแ€แ€ฌแ€ท แ€กแ€ปแ€–แ€ดแ€ฑแ€›แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€•แ€ฒ แ€ปแ€–แ€…แ€นแ€แ€บแ€„แ€น...
36.1K 4.3K 9
แ€”แ€ฎแ€ธแ€€แ€•แ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ทแ€†แ€€แ€บแ€†แ€ถแ€›แ€ฑแ€ธแ€แ€ฝแ€ฑ แ€˜แ€ฌแ€œแ€ญแ€ฏแ€ทแ€™แ€ปแ€ฌแ€ธแ€แ€ฑแ€ธแ€€แ€ฝแ€ฌแ€žแ€ฝแ€ฌแ€ธแ€แ€ฌแ€œแ€ฒแ‹ แ€‘แ€ฌแ€ธแ€›แ€…แ€บแ€แ€ฒแ€ทแ€แ€ฌแ€€แ€ญแ€ฏ แ€แ€ถแ€แ€ฒแ€ทแ€›แ€แ€ฒแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€€แ€”แ€ฑแ€…แ€•แ€ผแ€ฎแ€ธ แ€กแ€แ€ฏแ€แ€ปแ€ญแ€”แ€บแ€‘แ€ญแ€…แ€‰แ€บแ€ธแ€…แ€ฌแ€ธแ€”แ€ฑแ€แ€ฒแ€ทแ€™แ€ฑแ€ธแ€แ€ฝแ€”แ€บแ€ธแ€แ€…แ€บแ€แ€ฏแ€–แ€ผแ€…แ€บแ€€แ€ฌ แ€•แ€ผแ€”แ€บแ€แ€ฝแ€ฑแ€ทแ€›แ€œแ€ปแ€พแ€„แ€บ แ€ก...
44.9K 6.5K 40
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...
100K 12.1K 18
แ€„แ€ซแ€ทแ€™แ€พแ€ฌแ€™แ€„แ€บแ€ธแ€žแ€ฌแ€™แ€›แ€พแ€ญแ€›แ€„แ€บ..แ‹ แ€€แ€ปแ€”แ€ทแ€บแ€€แ€ฑแ€ฌแ€™แ€พแ€ฌแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€žแ€ฌแ€™แ€›แ€พแ€ญแ€›แ€„แ€บ..แ‹ โˆ† That art isn't mine. Full credit to Original owner.