Chapter 13 ( Unicode )

4.5K 582 13
                                    

၀တ်ထားတဲ့ တီရှပ်က လက်တိုဖြစ်တာကြောင့် မြင်သာနေတဲ့ လက်ကောက်ဝတ်က ဒဏ်ရာတွေကို ရိပေါ်က ဖုံးကွယ်ဖို့ ကြိုးစားမနေဘူး။ ပုစ္ဆာတစ်ပုဒ်ကို မှင်နီရောင် ဘောပင်နဲ့ ချတွက်နေတယ်။ ရှောင်ကျန့်က ရိပေါ်ရဲ့ စာအုပ်နောက်ကျောက အက်စ်ဆေးတစ်ပုဒ်ကို ဖတ်နေတယ်။

တစ်ပုဒ်လုံးအနီရောင်နှင့်ရေးထားတဲ့ လက်ရေးချွန်ချွန်လေးတွေက မလှပေမယ့် ရှင်းရှင်းလင်းလင်းရှိနေတယ်။
အက်စ်ဆေးရဲ့ခေါင်းစဉ်က မထူးဆန်းပေမယ့် ရေးထားတဲ့
အကြောင်းကတော့ စိတ်ဝင်စားစရာကောင်းတာမို့
ရှောင်ကျန့်ဖတ်မိတယ်။

" ရိပေါ်က ဘာလို့ စေတန်ကို အားကျရတာလဲ "

တွက်လက်စပုစ္ဆာကိုရပ်ပြီး ရှောင်ကျန့်ကို ကြည့်ရင်း ရိပေါ်
တယ်။ အမေးအမြန်းထူတဲ့လူတွေကို ရိပေါ်မုန်းတယ်။
ရှောင်ကျန့်ကတော့ ချွင်းချက်ဖြစ်တယ်။

" သေစေချင်တဲ့လူတွေကို အပင်ပန်းခံသတ်နေစရာမလိုဘူးလေ .... "

" ဟင်.."

ပြူးကြောင်ကြောင်လေးဖြစ်သွားတဲ့ ရှောင်ကျန့်ကို ကြည့်ပြီး
ရိပေါ်ပြုံးတယ်။

ခင်ဗျားက တကယ့်အူယားစရာလေး....

" ရိပေါ်မှာ သေစေချင်တဲ့ လူများ ရှိလို့လား "

ရိပေါ်နဲ့ ပိုပြီးရင်းနှီးလေ ရိပေါ်က ဘယ်သူနဲ့မှမတူတဲ့
အထူးအဆန်းလေးဖြစ်ကြောင်း ရှောင်ကျန့်သိရလေဘဲ။
အခုလည်း The Person I Admire Most ခေါင်းစဉ်အောက်မှာ Satan အကြောင်းကို
စေ့စေ့စပ်စပ်ရေးထားတဲ့ ရိပေါ်က တကယ့် အထူးအဆန်းကောင်လေးလို့ တွေးတယ်။

" ခုနက မိန်းကလေး..."

အတွေးတွေကိုရပ်ပြီး စကားသံလာတဲ့ရိပေါ်ဘက်ကို လှည့်ပြီး နားမလည်သလို ကြည့်ပြန်တယ်။ တိတ်ဆိတ်ပြတ်တောင်းသွားတဲ့စကားနောက် အသက်ရှူသံနှစ်ခုသာ ကြားနေတဲ့လေထုထဲ တစ်ခဏအကြာမှ ရိပေါ်ရဲ့ စကားသံက
ပြန်ထွက်လာတယ်။

" သူက ကောရဲ့ ကောင်မလေးလား..."

ရိပေါ်အမေးကြောင့် ရှောင်ကျန့်က ရေးတေးတေးလေးပဲပေါ်တဲ့ ပါးချိုင့်လေးတွေနဲ့ ပြုံးတယ်။ ဒီမေးခွန်းက နည်းနည်းတော့ ဖြေရခက်တယ်။

Douleurs Rouges  [ Completed ]Where stories live. Discover now