Love Me Like The Way [Complet...

By call_me_Tylor

926K 85.1K 2.9K

Do you love me like the way I love you baby ? More

Love Me Like The Way
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Final
Wedding Day
100K 🎉🎉🎉
Extra-Marriage Life (1)
Extra-Marriage Life (2)
Extra-Marriage Life (3)
Extra-Marriage Life (4)
Extra-Marriage Life (5)
Extra-Marriage Life (6)
Extra-Marriage Life (7)
Extra-Marriage Life (8)
Extra-Marriage Life (9)
Extra-Marriage Life (10)
Extra-Marriage Life (11)
Extra-Marriage Life (12)
Extra-Marriage Life (Final)
အစ္ကိုေကာင္းျမတ္ဟိန္းနဲ႔ အီယြန္းေလး / အစ်ကိုကောင်းမြတ်ဟိန်းနဲ့ အီယွန်းလေး

Part 6

20.9K 2.3K 65
By call_me_Tylor

[Zawgyi]

ေရႊတိဂံုေစတီအႏွံ႔ကိုလွၫ့္ပတ္ၿပီး စစ္မင္းက သမိုင္းေၾကာင္းေတြရွင္းျပလိုက္၊ Daniel ကလည္း ေသခ်ာနားေထာင္လိုက္၊ သိခ်င္သၫ့္အေၾကာင္းအရာေတြ ျပန္ေမးလိုက္ႏွင့္ အခ်ိန္အေတာ္ၾကာသြားတာေၾကာင့္ ေန့လည္ထမင္းစားခ်ိန္ကို ေရာက္ေနၿပီျဖစ္သည္။

" အို႔ ... ေန့လည္စာစားခ်ိန္ေရာက္ေနၿပီပဲ "

" ခင္ဗ်ာ ... အဲ့တာဆို ေန့လည္စာစားေတာ့ မလားဗ် "

လက္ေကာက္ဝတ္က နာရီကိုငံု႔ၾကၫ့္ရင္း ေျပာလာသၫ့္ စကားေၾကာင့္ စစ္မင္းလည္း ကိုယ့္လက္ကနာရီကိုယ္ ငံု႔ၾကၫ့္လိုက္သည္။ ဆယ့္တစ္နာရီေလးဆယ့္နားမိနစ္ကို ျပေနသၫ့္အခ်ိန္ေၾကာင့္ အမွန္တကယ္ ေန့လညိစာစားခ်ိန္ပင္ ေရာက္ေနၿပီျဖစ္သည္။

" အင္း ... ခဏေလာက္ ဟိုနားမွာ ထိုင္နားၾက‌တာေပါ့ "

" ဟုတ္ကဲ့ ... "

ေစတီေတာ္၏ေျခရင္းေထာင့္တစ္ခုက ဇရပ္ေလးေပၚမွာ ႏွစ္ေယာက္သား ဝင္နားေနၾကရင္း ေရႊတိဂံုေစတီေတာ္ႀကီး၏ စိန္ဖူးေတာ္က ဆည္းလည္းသံေလးေတြကို စကားမေျပာျဖစ္ၾကပဲၿငိမ္ၿပီး နားေထာင္ေနမိၾကသည္။

" အဲ့ထိပ္က ေခါင္းေလာင္းေသးေသးေလးေတြရဲ့အသံက နားေထာင္လို႔ေကာင္းတယ္ေနာ္ ... ကိုယ္ဒီလိုေအးေအးေလးနဲ႔ နားေထာင္လို႔ေကာင္းတဲ့ အသံေလးေတြကို အခုမွၾကားဖူးတာ "

" အင္း . အဲ့တာေလးေတြကို ဆည္းလည္းေလးေတြလို႔ ေခၚတယ္ Daniel ... အသံတိုးေဖ်ာ့ေဖ်ာ့ေလးေတြနဲ႔ ေအးခ်မ္းၿပီး နားေထာင္ရတာစိတ္ခ်မ္းသာေစလို႔ ... ၿပီးေတာ့ မိဘေတြက သူတို႔ရဲ့သားသမီးေလးေတြကို ဒီဆည္းလည္းေလးေတြနဲ႔ တင္စားေလ့ရိွတယ္ ... အိမ့္ဆည္းလည္းတဲ့ ... အိမ္ရဲ့ဆည္းလည္းေလးေတြေပါ့ "

" သားသမီးေတြက ေအးခ်မ္းလို႔လား "

" မိဘေတြအတြက္ေတာ့ သားသမီးေတြက စိတ္ခ်မ္းသာေစတယ္ေလ ... ပင္ပန္းလာတိုင္း သားသမီးေတြရဲ့ အသံဆာဆာေလးေတြ စကားေျပာသံေလးေတြၾကားရင္ မိဘဆိုတာမ်ိဳးက ပင္ပန္းတာေတြေပ်ာက္ၿပီး ေအးခ်မ္းသြားရတာေပါ့ "

ေလသံေအးေအးႏွင့္ ရွင္းျပေနသၫ့္ အေသးေလးရဲ့စကားကို Daniel ေသခ်ာနားေထာင္မိသည္။ အေသးေလးေျပာသၫ့္ ဆည္းလည္းေလးေတြရဲ့အသံကို သိပ္သေဘာက်တာေၾကာင့္ စကားဆက္မေျပာေတာ့ပဲ မ်က္လံုးေလးမိွတ္ထားကာ နားစိုက္ေထာင္ေနလိုက္သည္။

အလြန႔္အလြန္ကိုမွ ေအးခ်မ္းလြန္းပါသည္။

ရွင္းျပတာေတြကို ေသခ်ာနားေထာင္ၿပီး ၿငိမ္သြားသၫ့္ Daniel ကို ေဘးကေနထိုင္ၿပီး စစ္မင္း ၾကၫ့္ေနမိသည္။ မ်က္လံုးေလးမိွတ္ကာ ၿပံဳးၿပီးၿငိမ္ၿငိမ္သက္သက္ေလး နားေထာင္ေနပံုေထာက္လ်ွင္ ဆည္းလည္းသံေလးေတြကို အေတာ္ကိုသေဘာက်ေနပံုရသည္။

ၾကၫ့္ေနရင္း သတိထားမိလိုက္တာက ၿပံဳးလိုက္တိုင္းေပၚလာသၫ့္ မ်က္ႏွာရူးေကာင္ရဲ့ ဘယ္ဘက္ပါးက ပါးခ်ိဳင့္ခြက္ခြက္ေလးျဖစ္သည္။ အရင္ကေရာ ေပၚလားမေပၚလားမသိေပမယ့္ မ်က္ႏွာရူးေကာင္ကိုေတြ့ရင္ အျမင္ကပ္ေနရတာနဲ႔တင္ စစ္မင္းမွာ သတိမထားမိ။ အခုေတာ့ စစ္မင္းက Daniel ရဲ့ ဘယ္ဘက္မွာထိုင္ေနတာေၾကာင့္ ဘယ္ဘက္ပါးထက္ေအာင္ ထင္းေနသၫ့္ ပါးခ်ိဳင့္ခြက္ကေလးကို ျမင္ရသည္။

" ဗိုက္ဆာေနၿပီလား baby ... ကိုယ္ေတာ့ဗိုက္ဆာေနၿပီ ျပန္ၾကမလား ... ကိုယ္က ျမန္မာထမင္းဟင္း စားခ်င္တာ "

" အာ ... ဘယ္လိုဟင္းလ်ာမ်ိဳး စားခ်င္တယ္ဆိုတာမ်ိဳးေရာ စဉ္းစားထားေသးလား "

" ဟင့္အင္း ... အဲ့လိုေတာ့ မရိွပါဘူး baby ... ကိုယ္က ဘာျဖစ္ျဖစ္ စားၾကၫ့္ခ်င္တယ္ "

" ဟုတ္ကဲ့ ... ကြၽန္ေတာ္လိုက္ပို႔ေပးပါ့မယ္ ... သြားၾကတာေပါ့ "

မ်က္ႏွာရူးေကာင္ရဲ့ အေခၚအေဝၚႏွင့္ပတ္သတ္ၿပီး စစ္မင္း ဘာဆိုဘာမွကို မေျပာခ်င္ေတာ့ေပ။ ေျပာလ်ွင္ပိုၿပီးရြဲ႔တယ္ဆိုတာ ႀကံဳထားဖူးၿပီးသားမလို႔ တစ္ခါခံရဖူးတာနဲ႔တင္ မွတ္ေနၿပီျဖစ္သည္။ အခ်ိန္တန္ရင္ကိစၥျပတ္ၿပီး ေနာက္လည္းမေတြ့ရေတာ့မၫ့္ အတူတူ baby အေခၚခံရလည္း အသားပဲ့ပါသြားတာ မဟုတ္တာေၾကာင့္ ေခၚခ်င္သလိုသာေခၚ ဘာမွမေျပာပဲ လႊတ္ထားလိုက္ေတာ့သည္။

" ဟိုဘက္က သြားရေအာင္ baby ... ေလွကားကေန "

" ေအာ္ ... ဟုတ္ "

ေန့လည္စာသြားစားၾကဖို႔ ေစတီေတာ္ရင္ျပင္ဆီကေန ေအာက္ကိုဆင္းဖို႔လုပ္ၾကေတာ့ ကိုယ္ေတာ္ေလးက ေလွကားကေနဆင္းခ်င္တယ္ ဆိုတာေၾကာင့္ စစ္မင္းေရာ Daniel ပါ ေလွကားကေန ေအးေဆးဆင္းခဲ့ၾကသည္။

" လက္ရာေတြကို သေဘာက်လိုက္တာ "

တစ္ေယာက္တည္း ေရရြတ္သလိုေျပာေနသၫ့္ Daniel က ေလွကားေစာင္းတန္းေတြမွာ ထြင္းထုထားသၫ့္ ကႏုတ္ပန္းေတြႏွင့္ ရုပ္ႂကြေတြကို သေဘာက်ေနပံုရသည္။ ေလွကားထစ္ေတြေပၚကေန ေျဖးေျဖးနင္းေလ်ွာက္ရင္း စိတ္ဝင္တစားလိုက္ၾကၫ့္ေနသည္မွာ အသစ္အဆန္းေတြ တစ္ခုၿပီးတစ္ခုႀကံဳေနရသၫ့္ ကေလးငယ္ေလးသဖြယ္။ အရပ္ႀကီးကကလန႔္ကလားႏွင့္ ေခ်ာေမာခန႔္ညားသၫ့္ ကျပားအမ်ိဳးသားတစ္ေယာက္ျဖစ္တာေၾကာင့္ ျဖတ္သြားျဖတ္လာမိန္းကေလးတိုင္းလိုလိုက ေစာင္းငဲ့ၾကၫ့္သြားၾကသည္။

" Baby ကားေမာင္းေပးလို႔ရလား ... ကိုယ္ ကားေပၚကေန ေလ်ွာက္ၾကၫ့္ခ်င္လို႔ "

" ရပါတယ္ ဒါေပမယ့္ ... "

ကားရပ္ထားခဲ့သၫ့္ ေနရာကိုေရာက္ေတာ့ Daniel က စစ္မင္းလက္ထဲကို ကားေသာ့ထၫ့္ေပးလာသည္။ မေမာင္းခ်င္တာေတာ့ မဟုတ္ေပမယ့္ ေမာင္းရမယ့္ကားက တန္ဖိုးႀကီးကား ျဖစ္ေနတာေၾကာင့္ တစ္ခုခုဆို တာဝန္ႀကီးလွတာမလို႔ ေမာင္းရမွာကို လက္တြန႔္လွသည္။

" ဘာမွမျဖစ္ဘူး ... စိတ္ပူေနတာမလား ... ေရာ့ပါ သြားမယ္ ... ကိုယ္ဗိုက္ဆာေနၿပီ "

" အာ ... ဟုတ္ကဲ့ဗ် "

စစ္မင္းကသာ စိုးရိမ္ေနေပမယ့္ Daniel ကေတာ့ အဆင္ေျပသည္ဆိုကာ စိတိခ်လက္ခ်နဲ႔ လက္ထဲကို ကားေသာ့ထၫ့္ေပးသြားသည္။ ကိုယ္တိုင္ကလည္း ကားရဲ့ passenger seat မွာ ဝင္ထိုင္လို႔ seat belt ေတာင္ ပတ္ၿပီးေနကာ အဆင္သင့္ျဖစ္ေနသည္။

သူတစ္ေယာက္တည္းကို လုပ္ခ်င္သလို လုပ္ေနေတာ့တာပဲ။

စစ္မင္းလည္း ယာဉ္ေမာင္းလိုင္စင္ရိွေနတာေၾကာင့္ ဘာမွမျဖစ္ဘူးလို႔သာ ေျဖေတြးလိုက္ၿပီး ကားေပၚတက္ကာ အဆင္ေျပေလာက္မၫ့္ ျမန္မာထမင္းဆိုင္တစ္ဆိုင္ကိုပဲ ေမာင္းလိုက္ေတာ့သည္။ ထမင္းဆိုင္ကို သြားေနသၫ့္လမ္းတစ္ေလ်ွာက္မွာလည္း Daniel က ကားမွန္ကို တစ္ဝက္ေအာက္ခ်ကာ အျပင္ဘက္ကိုေငးသည္။

Daniel အတြက္ အဆင္ေျပျပေျဖစ္ေလာက္မၫ့္ ျမန္မာထမင္းဆိုင္တစ္ဆိုင္ကိုေရာက္ေတာ့ ကားပါကင္ထိုးၿပီးသည္ႏွင့္ ႏွစ္ေယာက္သား ဆိုင္ထဲကိုဝင္ခဲ့ေတာ့သည္။ ေန့လည္စာစားခ်ိန္ျဖစ္တာေၾကာင့္ ဆိုင္ထဲမွာလူစည္သင့္သေလာက္ေတာ့ စည္ေနေပမယ့္ ထိုင္စရာေနရာေတြကေတာ့ ရိွေနေသးတာမလို႔ ေတာ္ေသးသည္ေျပာရမည္။ ေထာင့္က်က်ဝိုင္းတစ္ခုကိုေရြးၿပီး စစ္မင္းက ေရ႔ွကေန ဦးေဆာင္ၿပီးထိုင္လိုက္ေတာ့ Daniel ကလည္း မ်က္ႏွာခ်င္းဆိုင္က ထိုင္ခံုမွာဝင္ထိုင္သည္။

" Daniel စားခ်င္ေနတဲ့ဟင္း ရိွလားမသိဘူး ... မရိွရင္ ကြၽန္ေတာ္ပဲအဆင္ေျပမယ့္ဟာ ေရြးမွာလိုက္ပါ့မယ္ "

" အိုေက ... ကိုယ့္ baby သေဘာ "

စိတ္ေလ်ာ့ထားေပမယ့္ Daniel ရဲ့ baby လို႔ ေခၚလိုက္သၫ့္အသံက စစ္မင္းနားထဲ ကန႔္လန႔္ႀကီးဝင္ဝင္လာသည္။ ေျပာေနလည္းရမွာ မဟုတ္တာေၾကာင့္ ေျပာမေနေတာ့ပဲ စားပြဲထိုးေလးတစ္ေယာက္ကို လွမ္းေခၚၿပီး ထမင္းႏွစ္ပြဲကို ဝက္သားပုန္းရည္ႀကီးဟင္းႏွင့္ မွာလိုက္သည္။ အအီေျပေအာင္ သရက္ခ်ဉ္သုပ္ရယ္ ဘူးသီးအခ်ဉ္ဟင္းရယ္ကို မပါမျဖစ္မွာရေသးသည္။ အစပ္ေတာ့ စစ္မင္းမမွာေပးရဲေတာ့ပါ။ လက္သည္းခြံစာေလာက္ေတာင္မရိွသၫ့္ ငရုတ္သီးမႈန႔္ကို မုန႔္ဟင္းခါးထဲထၫ့္စားၿပီး နီရဲကမ႓ာပ်က္ေနသၫ့္ Daniel ေၾကာင့္ သင္ခန္းစာရကာ ငပိေထာင္းႏွင့္ ငပိရည္က်ိဳေတြပင္ မမွာလိုက္ရ။

" ကိုယ့္ baby ကို ေျပာမလို႔ ... မေန့ညကေလ ျမန္မာႏိုင္ငံကိုေရာက္ရင္ သြားသင့္တဲ့ေနရာေလးေတြ ထပ္ရွာၾကၫ့္ေတာ့ ျပင္ဦးလြင္ဘက္မွာ ကိုယ္သြားခ်င္တဲ့ ေနရာေတြေတြ့ထားတယ္ "

" ဟုတ္ ဆက္ေျပာပါ "

မွာထားသၫ့္ ထမင္းဟင္းေတြေရာက္မလာေသးခင္ ထိုင္ေစာင့္ေနတုန္း Daniel က သူသြားခ်င္သၫ့္ ခရီးစဉ္အေၾကာင္း ေျပာလာတာမလို႔ စစ္မင္းၿငိမ္ၿပီး နားေထာင္ေနလိုက္သည္။ ျပင္ဦးလြင္ဆိုတာက ရန္ကုန္ထက္စာရင္ ရာသီဥတုကအစ ေအးခ်မ္းသၫ့္ေနရာျဖစ္တာေၾကာင့္ စစ္မင္းလည္း သေဘာက်သၫ့္ ေတာင္ေပၚစခန္းၿမိဳ႔ေလး ျဖစ္သည္။

" အင္း ကိုယ္ဂူဂဲလ္မွာ ေတြ့ထားတာကြာ ဂုတ္ထိပ္ဆိုလား ... အဲ့တာရယ္ ... ဒါ့ေတာ္ခ်ိဳက္ ... အင္း ဒါ့ေတာ္ခ်ိဳက္ "

" ဓာတ္ေတာ္ခ်ိဳင့္ကို ေျပာတာမလား "

ဓာတ္ေတာ္ခ်ိဳင့္ကို မေျပာတတ္လို႔ လ်ွာလိပ္ေနသၫ့္ Daniel ကို ၾကၫ့္ရင္း စစ္မင္း ၿပံဳးလိုက္မိသည္။ ဘယ္လိုပဲ ျမန္မာေသြးပါတယ္ဆိုဆို ငယ္စဉ္ကတည္းက ႏိုင္ငံရပ္ျခားမွာ ေနခဲ့သူျဖစ္တာေၾကာင့္ ေတာ္ရံုစာလံုးကလြဲလို႔ က်န္တာက Daniel အတြက္ ခက္ခဲေနပံုရသည္။ ေတြ့ကတည္းက မ်က္ႏွာရူးတစ္ေယာက္လို စေနာက္မေနရင္ စစ္မင္း Daniel ကို တကယ္ခင္မိမွာ ျဖစ္သည္။

" ဟုတ္တယ္ ဟုတ္တယ္ ... ဓာတ္ေတာ္ခ်ိဳင့္ ... အဲ့တာေလ သူကေတာလမ္းကေနျဖတ္ၿပီး ေရတံခြန္ကို ၾကၫ့္လို႔ရတယ္ေျပာတယ္ ... ကိုယ္သြားခ်င္လို႔ "

" ဟုတ္ပါၿပီ ... ကြၽန္ေတာ္စီစဉ္ေပးပါ့မယ္ ... ဂုတ္ထိပ္ကေရာ ရထားစီးခ်င္တာလား "

" အာ ... ရထားစီးၿပီးဘာလုပ္ရမွာလဲ ... Munich မွာလည္း အဲ့လိုတံတားေပၚက ရထားလမ္းေတြေပၚမွာ ရထားစီးဖူးေနတာ ... ကိုယ္သြားခ်င္တာက အဲ့ေအာက္ကို "

" ဟမ္ ဟမ္ ... ဘာေျပာတာ "

Daniel ရဲ့ အေျပာေၾကာင့္ စစ္မင္းမွာ မ်က္လံုးျပဴးၿပီး ဘုရားပင္တမိသြားရသည္။

Danielေကာင္းဆိုတဲ့ လူကေလ စစ္မင္းကို သတ္ဖို႔ေတာ့ ေတြးထားတာ မဟုတ္ဘူးမလား။ ေရာက္ကတည္းက ရင္တုန္ပန္းတုန္ျဖစ္ေအာင္လုပ္ေနတာ တစ္မ်ိဳးၿပီးတစ္မ်ိဳး။ ဘယ္ဘဝက အၿငိဳးအေတးေတြမ်ား ရိွေနလို႔လဲ။

ဂုတ္ထိပ္ဘက္က နယ္ေျမမေအးခ်မ္းရသၫ့္အထဲ ဆရာသမား‌ေလးက ဂုတ္ထိပ္ေအာက္ကိုမွ သြားခ်င္ေနသည္။

" ကိုယ္ ဂူဂဲလ္မွာ blogger တစ္ေယာက္နဲ႔ သူ႔သူငယ္ခ်င္းေတြ ဂုတ္ထိပ္တံတားေအာက္ကို သြားတာေတြ့လိုက္လို႔ ကိုယ္လဲသြားခ်င္လာလို႔ေလ ... လမ္းၾကမ္းတာသိေပမယ့္ ဒါမ်ိဳးက သြားသင့္တယ္မလား ... ခုနက baby ေျပာတဲ့ ဓာတ္ေတာ္ခ်ိဳင့္ကို သြားၿပီးၿပီးခ်င္း ခ်က္ခ်င္းႀကီးေတာ့ အဲ့ကိုမသြားပါဘူး ... ပင္ပန္းတယ္ေလ "

ပင္ပန္းတယ္ဆိုတာ ဆရာသမားေလးက သိတယ္ဆိုတာႏွင့္ပင္ စစ္မင္းမွာ ခ်က္ခ်င္းကို ထိုင္ရိွခိုးၿပီး ေက်းဇူးတင္ခ်င္စိတ္ေပါက္ရသည္။

ဂုတ္ထိပ္တံတားေအာက္ကို မဆိုးထားနဲ႔ဦး ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ကိုပင္ ေသေလာက္ေအာင္ အဆင္းအတက္လုပ္ရမွာျဖစ္တာေၾကာင့္ ဓာတ္ေတာ္ခ်ိဳင့္သြားၿပီး ဂုတ္ထိပ္တံတားေအာက္သာ ဆက္သြားလို႔ကေတာ့ လမ္းမွာတင္ စစ္မင္းအသက္ထြက္ေလာက္သည္။

သို႔ေမယ့္ Daniel ရဲ့ ပံုစံကို ၾကၫ့္မိေတာ့လည္း တက္တက္ႂကြၾကြႏွင့္ စူးစမ္းခ်င္စိတ္ရိွေနသၫ့္ ပီဘိကေလးသဖြယ္။ ၾကၫ့္ရတာေတာ့ အေနာက္ႏိုင္ငံမွာ ႀကီးျပင္းလာခဲ့သၫ့္ ကေလးျဖစ္တာေၾကာင့္ စြန႔္စားလိုစိတ္က အျပၫ့္ရိွေနပံုရသည္။

တတ္ေတာ့မတတ္ႏိုင္ ...

စစ္မင္းကိုယ္တိုင္ တာဝန္ယူထားၿပီးတာေၾကာင့္ လက္ခံရမည္။ Daniel ကိုယ္တိုင္ကလည္း ခရီးအစီအစဉ္ကို ေသခ်ာေျပာထားၿပီးသားျဖစ္တာေၾကာင့္ စစ္မင္းဘက္က မလုပ္ႏိုင္စရာအေၾကာင္းေတာ့မရိွ။

" အဲ့တာဆို ျပင္ဦးလြင္ပဲလား ... ဘယ္ကိုသြားဖို႔ စီစဉ္ထားေသးလဲ မသိဘူး "

" အင္းေလးေလ ... ေတာင္ႀကီးဘက္က အင္းေလးေရာ ... ျပင္ဦးလြင္ကျပန္တာနဲ႔ တန္းသြားခ်င္တာ "

အင္းေလးဘက္ကေတာ့ မဆိုးဘူးဟုသာ စစ္မင္းေတြးလိုက္ေတာ့သည္။ ျပင္ဦးလြင္ဘက္က Daniel သြားခ်င္ေနသၫ့္ ေနရာႏွစ္ခုက ပင္ပန္းေပမယ့္ အင္းေလးကေတာ့ ျပင္ဦးလြင္ထက္စာရင္ ပိုၿပီးသက္ေတာင့္သက္သာရိွမယ့္ ခရီးစဉ္မ်ိဳးျဖစ္သည္။

" အိုေက ၿပီးေတာ့ ... ျပင္ဦးလြင္ကိုသြားတာက ဟုတ္တယ္ ... ကားကေတာ့ Daniel ေမာင္းလို႔လည္းမျဖစ္သလို ကြၽန္ေတာ္ေမာင္းလို႔လည္းမျဖစ္ဘူး ... ဘာလို႔လည္းဆိုေတာ့ ေျမျပန႔္မွာမသိသာေပမယ့္ ေတာင္တက္ေတာင္ဆင္းလမ္းေတြနဲ႔ေတာ့ အႏၲရာယ္မ်ားလို႔ပါ "

" ကိုယ္လည္းအဲ့တာေျပာမလို႔ပါ ... ေတာင္တက္ေတာင္ဆင္းထက္ ခရီးကေဝးတယ္လားလို႔ ... စိတ္မပူပါနဲ႔ ... ကိုယ့္ဒယ္ဒီကို ဒရိုင္ဘာစီစဉ္ေပးဖို႔ ေျပာလိုက္မယ္ ... ကိုယ့္ဒရိုင္ဘာပဲဆိုေတာ့ ဘာမွစိတ္ပူစရာမလိုပါဘူး "

" ေတာင္ေပၚျဖစ္ျဖစ္ ေျမျပန႔္ျဖစ္ျဖစ္ ကြၽမ္းက်င္ဖို႔ေတာ့ လိုတယ္ေလ ... ေျမျပန႔္ကိုကြၽမ္းက်င္ေပမယ့္ ေတာ္ေပၚ အတက္အဆင္းလမ္းေတြနဲ႔ဆို မကြၽမ္းက်င္လို႔မျဖစ္ဘူး "

" အဲ့အတြက္ပါ ကိုယ့္ဒယ္ဒီကို ေသခ်ာေျပာထားလိုက္ပါ့မယ္ "

Daniel ေျပာသၫ့္ အႀကံကို စစ္မင္းေထာက္ခံလိုက္သည္။ အနည္းဆံုးေတာ့ ဆရာသမားက တည္တည္ၿငိမ္ၿငိမ္ႏွင့္ အကုန္လံုးကို စဉ္းစားထားထားပံုရသည္။ မ်က္ႏွာရူးေကာင္က မ်က္ႏွာရူးေပမယ့္ အကြက္ေစ့ေစ့ ေတြးတတ္ပံုကိုေတာ့ ခ်ီးက်ူးရမည္။ သူလိုခ်င္တာ သူျဖစ္ခ်င္တာကို မျဖစ္ႏိုင္တာဆို ဇြတ္အတင္းမလုပ္ပဲ ျဖစ္ႏိုင္မၫ့္နည္းလမ္းကို ေသခ်ာခ်င့္ခ်ိန္တတ္သည္။

" ၿပီးေတာ့ေလ Daniel ... ဘယ္ေန့ေလာက္ သြားမလဲ ... ကြၽန္ေတာ္လည္း agency ကို ေျပာၿပီးေတာ့ စီစဉ္သင့္တာ စီစဉ္ရမွာမလို႔ပါ "

" မနက္ျဖန္ေတာ့ မသြားေသးဘူးေလ ... ရုတ္တရက္ႀကီးဆိုေတာ့ baby ျပင္ဆင္ခ်ိန္မရပဲေနမယ္ ... မနက္ျဖန္ၿပီးေတာ့ ေနာက္တစ္ရက္ေလ အဲ့တာ အဲ့တာ the day after tomorrow ~ "

သန္ဘက္ခါလို႔ ေျပာခ်င္တာကိုမေျပာတတ္လို႔ ျမန္မာလိုေရာ အဂၤလိပ္လိုပါ ေျပာေနသၫ့္ Daniel က သူေျပာတာ နားမလည္မွာ စိုးရိမ္ေနပံုရသည္။

" Daniel ေရာ ၾကားထဲ ဘာစီစဉ္စရာရိွေသးလဲ ... ကြၽန္ေတာ္ကဘယ္အခ်ိန္ျဖစ္ျဖစ္ အဆင္ေျပပါတယ္ "

" မနက္ျဖန္ၿပီးေတာ့ ေနာက္တစ္ရက္လို႔သာေျပာေနတာ ... ခ်က္ခ်င္းႀကီးခရီးေဝးထြက္ရင္ ဒယ္ဒီက စိတ္မေကာင္းျဖစ္မလားမသိဘူး ... မနက္ျဖန္က weekend မလား baby ... ဒီ weekend ၿပီးေတာ့ ေနာက္ရက္ေလာက္ဆိုရင္ေရာ ... ကိုယ့္ဒယ္ဒီကို ခဏအေဖာ္ျပဳေပးလိုက္ဦးမယ္ "

" ေကာင္းပါၿပီ ... ကြၽန္ေတာ္က အဆင္သင့္လုပ္ထားမွာမလို႔ အဆင္ေျပမယ့္ရက္ကို ေမးလ္ပို႔ၿပီးဆက္သြယ္ေပးပါ ... အခုလက္ရိွမွာ ကြၽန္ေတာ္က Daniel တစ္ေယာက္တည္းကိုပဲ တာဝန္ယူထားတာမလို႔ ကြၽန္ေတာ္ကဒီကာလအတြင္း ဘယ္အခ်ိန္ျဖစ္ျဖစ္ အဆင္ေျပပါတယ္ "

" ဒီၾကားထဲမသြားခင္ ေျပာခ်င္တာရိွရင္လည္း ကိုယ္ဆက္သြယ္ပါ့မယ္ "

စစ္မင္းဘက္က ဘာမွဆက္မေျပာေတာ့ပဲ ၾကည္ၾကည္သာသာႏွင့္ ေခါင္းညိတ္လိုက္သည္။ ခရီးစဉ္အၾကာင္းကို Daniel နဲ႔ စစ္မင္း အေသးစိတ္ တိုင္ပင္ေနၾကရင္း မွာထားသၫ့္ ထမင္းဟင္းေတြ ေရာက္လာသည္။ စစ္မင္းက ဝက္သားပုန္းရည္ႀကီးမွာထားတာမလို႔ Daniel က ဟင္းကို မျမင္ဖူးသလို ထမင္းပန္းကန္ထဲက ဇြန္းကိုကိုင္ရင္း စိုက္ၾကၫ့္ေနသည္။

" ဘာဟင္းႀကီးလဲဟင္ baby ... မဲမဲႀကီးနဲ႔ ... ခါးလားဟင္ "

" မဟုတ္ဘူးေလ ... ဝက္သားပုန္းရည္ႀကီးဟင္းလို႔ ေခၚတယ္ ... စားၾကၫ့္ "

ေျပာေျပာဆိုဆိုႏွင့္ စစ္မင္းက Daniel ရဲ့ ပန္းကန္ထဲကို ဝက္သားပုန္းရည္ႀကီးေတြ ခပ္ထၫ့္ေပးသည္။ Daniel က ပန္းကန္ထဲေရာက္လာလို႔ ျမည္းစမ္းၾကၫ့္သၫ့္ႏွယ္ ခပ္တြန႔္တြန႔္ခပ္စားရွာသည္။

" အြန္းးး စားလို႔ေကာင္းတယ္ ... ခ်ိဳခ်ိဳေလး "

" အင္း Daniel ... အခ်ဉ္ဟင္းလဲေသာက္ ဘူးသီးခ်ဉ္ရည္ "

" အသားထဲမွာလည္း အဲ့အရသာပဲေနာ္ ... ကိုယ္သေဘာက်တယ္ "

" ပုန္းရည္ႀကီးအႏွစ္က အသားထဲပါ စိမ့္ဝင္ေနလို႔ "

စစ္မင္းကိုေတာင္ ျပန္မေျဖႏိုင္ေတာ့ပဲ အရသာေတြ့သြားသၫ့္ႏွယ္ ထမင္းကိုသာ တၿမံဳ႔ၿမံဳ႔ႏွင့္ဝါးရင္း Daniel က ငံု႔စားေတာ့သည္။ အစာဝါးေနတာေၾကာင့္ ဘယ္ဘက္ပါးက ပါးခ်ိဳင့္ငယ္ေလးကလဲ တစ္ခ်က္တစ္ခ်က္ ခြက္ဝင္သြားေသးသည္။

စားလို႔ေသာက္လို႔ၿပီးၾကေတာ့ စားပြဲထိုးေလးကို လွမ္းေခၚၿပီး ပိုက္ဆံရွင္းၾကသည္။ စစ္မင္းက အေနအထား သင့္ေတာ္သၫ့္ဆိုင္ကို ေရြးထားတာေၾကာင့္ ေဈးအရမ္းမႀကီး။ Daniel ကေတာ့ စားပြဲထိုးေလးကို tip ထၫ့္ေပးေနေသးသည္။ စားပြဲထိုးေလးကို tip ေပးလိုက္တာေၾကာင့္ စိုက္ၾကၫ့္ေနတဲ့ စစ္မင္းကို Daniel က ျမင္သြားပံုေပၚသည္။

" Baby တို႔ဆီမွာ ဘယ္လိုလဲေတာ့မသိဘူး ... ကိုယ္တို႔ဆီမွာ ဒီလို tip ေလးေတြ ေပးတယ္ ... ဘယ္ဟာေနေန သူတို႔ဝန္ေဆာင္ခေလ ... စားၿပီးတဲ့အတိုင္း ေငြရွင္းေပမယ့္ waiter ေတြလည္း service ေပးရတာပဲေလ ... ၿပီးေတာ့ packing ထိုးရင္ပဲျဖစ္ျဖစ္ packing ေစာင့္ကိုလဲ ဒီလိုပဲ tip ေလးေတြေပးတယ္ မ်ိဳးစံုပဲ "

" အင္း ... ဒီမွာေတာ့ရိွၾကေပမယ့္ လူတိုင္းေတာ့မဟုတ္ဘူး ... အနည္းစုေပါ့ "

စစ္မင္းေျပာသၫ့္စကားကို Daniel က ေခါင္းတညိတ္ညိတ္ႏွင့္ ေသခ်ာနားေထာင္သည္။ စစ္မင္းအတြက္က Daniel ႏွင့္ သိတာမၾကာေသးေပမယ့္ ျဖည္းျဖည္းခ်င္းစီေတာ့ Daniel အေၾကာင္းသိလာရသည္။ မ်က္ႏွာရူးေပမယ့္ စိတ္ရင္းေတာ့ေကာင္းရွာသည္။

Daniel ကေတာ့ စီစဉ္ထားသၫ့္ ခရီးအတြက္ တကယ္ကိုစိတ္လႈပ္ရွားေနသည္။ ခရီးထက္ အေသးေလးႏွင့္ ႏွစ္ေယာက္တူတူသြားရမည္ ဆိုသၫ့္စိတ္ကပိုသည္။ အေသးေလးက သူ႔ကိုအျမင္ကပ္ေနမယ္ဆိုတာသိေပမယ့္ Daniel ကေတာ့ အေသးေလးကိုအူယားၿပီး အၿမဲလိုလိုစခ်င္ေနတာကေတာ့ ဘာျဖစ္လို႔မွန္းမသိ။

သို႔ေပမယ့္ အေသးေလးနဲ႔ အရမ္းခင္ခ်င္ပါသည္။ ဒါကေတာ့ Daniel ရဲ့ အစစ္အမွန္စိတ္ရင္း ...

__________

To be continue ...

18th May,2020(Mon)
call_me_Tylor


[Unicode]

ရွှေတိဂုံစေတီအနှံ့ကိုလှည့်ပတ်ပြီး စစ်မင်းက သမိုင်းကြောင်းတွေရှင်းပြလိုက်၊ Daniel ကလည်း သေချာနားထောင်လိုက်၊ သိချင်သည့်အကြောင်းအရာတွေ ပြန်မေးလိုက်နှင့် အချိန်အတော်ကြာသွားတာကြောင့် နေ့လည်ထမင်းစားချိန်ကို ရောက်နေပြီဖြစ်သည်။

" အို့ ... နေ့လည်စာစားချိန်ရောက်နေပြီပဲ "

" ခင်ဗျာ ... အဲ့တာဆို နေ့လည်စာစားတော့ မလားဗျ "

လက်ကောက်ဝတ်က နာရီကိုငုံ့ကြည့်ရင်း ပြောလာသည့် စကားကြောင့် စစ်မင်းလည်း ကိုယ့်လက်ကနာရီကိုယ် ငုံ့ကြည့်လိုက်သည်။ ဆယ့်တစ်နာရီလေးဆယ့်နားမိနစ်ကို ပြနေသည့်အချိန်ကြောင့် အမှန်တကယ် နေ့လညိစာစားချိန်ပင် ရောက်နေပြီဖြစ်သည်။

" အင်း ... ခဏလောက် ဟိုနားမှာ ထိုင်နားကြ‌တာပေါ့ "

" ဟုတ်ကဲ့ ... "

စေတီတော်၏ခြေရင်းထောင့်တစ်ခုက ဇရပ်လေးပေါ်မှာ နှစ်ယောက်သား ဝင်နားနေကြရင်း ရွှေတိဂုံစေတီတော်ကြီး၏ စိန်ဖူးတော်က ဆည်းလည်းသံလေးတွေကို စကားမပြောဖြစ်ကြပဲငြိမ်ပြီး နားထောင်နေမိကြသည်။

" အဲ့ထိပ်က ခေါင်းလောင်းသေးသေးလေးတွေရဲ့အသံက နားထောင်လို့ကောင်းတယ်နော် ... ကိုယ်ဒီလိုအေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ အသံလေးတွေကို အခုမှကြားဖူးတာ "

" အင်း . အဲ့တာလေးတွေကို ဆည်းလည်းလေးတွေလို့ ခေါ်တယ် Daniel ... အသံတိုးဖျော့ဖျော့လေးတွေနဲ့ အေးချမ်းပြီး နားထောင်ရတာစိတ်ချမ်းသာစေလို့ ... ပြီးတော့ မိဘတွေက သူတို့ရဲ့သားသမီးလေးတွေကို ဒီဆည်းလည်းလေးတွေနဲ့ တင်စားလေ့ရှိတယ် ... အိမ့်ဆည်းလည်းတဲ့ ... အိမ်ရဲ့ဆည်းလည်းလေးတွေပေါ့ "

" သားသမီးတွေက အေးချမ်းလို့လား "

" မိဘတွေအတွက်တော့ သားသမီးတွေက စိတ်ချမ်းသာစေတယ်လေ ... ပင်ပန်းလာတိုင်း သားသမီးတွေရဲ့ အသံဆာဆာလေးတွေ စကားပြောသံလေးတွေကြားရင် မိဘဆိုတာမျိုးက ပင်ပန်းတာတွေပျောက်ပြီး အေးချမ်းသွားရတာပေါ့ "

လေသံအေးအေးနှင့် ရှင်းပြနေသည့် အသေးလေးရဲ့စကားကို Daniel သေချာနားထောင်မိသည်။ အသေးလေးပြောသည့် ဆည်းလည်းလေးတွေရဲ့အသံကို သိပ်သဘောကျတာကြောင့် စကားဆက်မပြောတော့ပဲ မျက်လုံးလေးမှိတ်ထားကာ နားစိုက်ထောင်နေလိုက်သည်။

အလွန့်အလွန်ကိုမှ အေးချမ်းလွန်းပါသည်။

ရှင်းပြတာတွေကို သေချာနားထောင်ပြီး ငြိမ်သွားသည့် Daniel ကို ဘေးကနေထိုင်ပြီး စစ်မင်း ကြည့်နေမိသည်။ မျက်လုံးလေးမှိတ်ကာ ပြုံးပြီးငြိမ်ငြိမ်သက်သက်လေး နားထောင်နေပုံထောက်လျှင် ဆည်းလည်းသံလေးတွေကို အတော်ကိုသဘောကျနေပုံရသည်။

ကြည့်နေရင်း သတိထားမိလိုက်တာက ပြုံးလိုက်တိုင်းပေါ်လာသည့် မျက်နှာရူးကောင်ရဲ့ ဘယ်ဘက်ပါးက ပါးချိုင့်ခွက်ခွက်လေးဖြစ်သည်။ အရင်ကရော ပေါ်လားမပေါ်လားမသိပေမယ့် မျက်နှာရူးကောင်ကိုတွေ့ရင် အမြင်ကပ်နေရတာနဲ့တင် စစ်မင်းမှာ သတိမထားမိ။ အခုတော့ စစ်မင်းက Daniel ရဲ့ ဘယ်ဘက်မှာထိုင်နေတာကြောင့် ဘယ်ဘက်ပါးထက်အောင် ထင်းနေသည့် ပါးချိုင့်ခွက်ကလေးကို မြင်ရသည်။

" ဗိုက်ဆာနေပြီလား baby ... ကိုယ်တော့ဗိုက်ဆာနေပြီ ပြန်ကြမလား ... ကိုယ်က မြန်မာထမင်းဟင်း စားချင်တာ "

" အာ ... ဘယ်လိုဟင်းလျာမျိုး စားချင်တယ်ဆိုတာမျိုးရော စဉ်းစားထားသေးလား "

" ဟင့်အင်း ... အဲ့လိုတော့ မရှိပါဘူး baby ... ကိုယ်က ဘာဖြစ်ဖြစ် စားကြည့်ချင်တယ် "

" ဟုတ်ကဲ့ ... ကျွန်တော်လိုက်ပို့ပေးပါ့မယ် ... သွားကြတာပေါ့ "

မျက်နှာရူးကောင်ရဲ့ အခေါ်အဝေါ်နှင့်ပတ်သတ်ပြီး စစ်မင်း ဘာဆိုဘာမှကို မပြောချင်တော့ပေ။ ပြောလျှင်ပိုပြီးရွဲ့တယ်ဆိုတာ ကြုံထားဖူးပြီးသားမလို့ တစ်ခါခံရဖူးတာနဲ့တင် မှတ်နေပြီဖြစ်သည်။ အချိန်တန်ရင်ကိစ္စပြတ်ပြီး နောက်လည်းမတွေ့ရတော့မည့် အတူတူ baby အခေါ်ခံရလည်း အသားပဲ့ပါသွားတာ မဟုတ်တာကြောင့် ခေါ်ချင်သလိုသာခေါ် ဘာမှမပြောပဲ လွှတ်ထားလိုက်တော့သည်။

" ဟိုဘက်က သွားရအောင် baby ... လှေကားကနေ "

" အော် ... ဟုတ် "

နေ့လည်စာသွားစားကြဖို့ စေတီတော်ရင်ပြင်ဆီကနေ အောက်ကိုဆင်းဖို့လုပ်ကြတော့ ကိုယ်တော်လေးက လှေကားကနေဆင်းချင်တယ် ဆိုတာကြောင့် စစ်မင်းရော Daniel ပါ လှေကားကနေ အေးဆေးဆင်းခဲ့ကြသည်။

" လက်ရာတွေကို သဘောကျလိုက်တာ "

တစ်ယောက်တည်း ရေရွတ်သလိုပြောနေသည့် Daniel က လှေကားစောင်းတန်းတွေမှာ ထွင်းထုထားသည့် ကနုတ်ပန်းတွေနှင့် ရုပ်ကြွတွေကို သဘောကျနေပုံရသည်။ လှေကားထစ်တွေပေါ်ကနေ ဖြေးဖြေးနင်းလျှောက်ရင်း စိတ်ဝင်တစားလိုက်ကြည့်နေသည်မှာ အသစ်အဆန်းတွေ တစ်ခုပြီးတစ်ခုကြုံနေရသည့် ကလေးငယ်လေးသဖွယ်။ အရပ်ကြီးကကလန့်ကလားနှင့် ချောမောခန့်ညားသည့် ကပြားအမျိုးသားတစ်ယောက်ဖြစ်တာကြောင့် ဖြတ်သွားဖြတ်လာမိန်းကလေးတိုင်းလိုလိုက စောင်းငဲ့ကြည့်သွားကြသည်။

" Baby ကားမောင်းပေးလို့ရလား ... ကိုယ် ကားပေါ်ကနေ လျှောက်ကြည့်ချင်လို့ "

" ရပါတယ် ဒါပေမယ့် ... "

ကားရပ်ထားခဲ့သည့် နေရာကိုရောက်တော့ Daniel က စစ်မင်းလက်ထဲကို ကားသော့ထည့်ပေးလာသည်။ မမောင်းချင်တာတော့ မဟုတ်ပေမယ့် မောင်းရမယ့်ကားက တန်ဖိုးကြီးကား ဖြစ်နေတာကြောင့် တစ်ခုခုဆို တာဝန်ကြီးလှတာမလို့ မောင်းရမှာကို လက်တွန့်လှသည်။

" ဘာမှမဖြစ်ဘူး ... စိတ်ပူနေတာမလား ... ရော့ပါ သွားမယ် ... ကိုယ်ဗိုက်ဆာနေပြီ "

" အာ ... ဟုတ်ကဲ့ဗျ "

စစ်မင်းကသာ စိုးရိမ်နေပေမယ့် Daniel ကတော့ အဆင်ပြေသည်ဆိုကာ စိတိချလက်ချနဲ့ လက်ထဲကို ကားသော့ထည့်ပေးသွားသည်။ ကိုယ်တိုင်ကလည်း ကားရဲ့ passenger seat မှာ ဝင်ထိုင်လို့ seat belt တောင် ပတ်ပြီးနေကာ အဆင်သင့်ဖြစ်နေသည်။

သူတစ်ယောက်တည်းကို လုပ်ချင်သလို လုပ်နေတော့တာပဲ။

စစ်မင်းလည်း ယာဉ်မောင်းလိုင်စင်ရှိနေတာကြောင့် ဘာမှမဖြစ်ဘူးလို့သာ ဖြေတွေးလိုက်ပြီး ကားပေါ်တက်ကာ အဆင်ပြေလောက်မည့် မြန်မာထမင်းဆိုင်တစ်ဆိုင်ကိုပဲ မောင်းလိုက်တော့သည်။ ထမင်းဆိုင်ကို သွားနေသည့်လမ်းတစ်လျှောက်မှာလည်း Daniel က ကားမှန်ကို တစ်ဝက်အောက်ချကာ အပြင်ဘက်ကိုငေးသည်။

Daniel အတွက် အဆင်ပြေပြေဖြစ်လောက်မည့် မြန်မာထမင်းဆိုင်တစ်ဆိုင်ကိုရောက်တော့ ကားပါကင်ထိုးပြီးသည်နှင့် နှစ်ယောက်သား ဆိုင်ထဲကိုဝင်ခဲ့တော့သည်။ နေ့လည်စာစားချိန်ဖြစ်တာကြောင့် ဆိုင်ထဲမှာလူစည်သင့်သလောက်တော့ စည်နေပေမယ့် ထိုင်စရာနေရာတွေကတော့ ရှိနေသေးတာမလို့ တော်သေးသည်ပြောရမည်။ ထောင့်ကျကျဝိုင်းတစ်ခုကိုရွေးပြီး စစ်မင်းက ရှေ့ကနေ ဦးဆောင်ပြီးထိုင်လိုက်တော့ Daniel ကလည်း မျက်နှာချင်းဆိုင်က ထိုင်ခုံမှာဝင်ထိုင်သည်။

" Daniel စားချင်နေတဲ့ဟင်း ရှိလားမသိဘူး ... မရှိရင် ကျွန်တော်ပဲအဆင်ပြေမယ့်ဟာ ရွေးမှာလိုက်ပါ့မယ် "

" အိုကေ ... ကိုယ့် baby သဘော "

စိတ်လျော့ထားပေမယ့် Daniel ရဲ့ baby လို့ ခေါ်လိုက်သည့်အသံက စစ်မင်းနားထဲ ကန့်လန့်ကြီးဝင်ဝင်လာသည်။ ပြောနေလည်းရမှာ မဟုတ်တာကြောင့် ပြောမနေတော့ပဲ စားပွဲထိုးလေးတစ်ယောက်ကို လှမ်းခေါ်ပြီး ထမင်းနှစ်ပွဲကို ဝက်သားပုန်းရည်ကြီးဟင်းနှင့် မှာလိုက်သည်။ အအီပြေအောင် သရက်ချဉ်သုပ်ရယ် ဘူးသီးအချဉ်ဟင်းရယ်ကို မပါမဖြစ်မှာရသေးသည်။ အစပ်တော့ စစ်မင်းမမှာပေးရဲတော့ပါ။ လက်သည်းခွံစာလောက်တောင်မရှိသည့် ငရုတ်သီးမှုန့်ကို မုန့်ဟင်းခါးထဲထည့်စားပြီး နီရဲကမ္ဘာပျက်နေသည့် Daniel ကြောင့် သင်ခန်းစာရကာ ငပိထောင်းနှင့် ငပိရည်ကျိုတွေပင် မမှာလိုက်ရ။

" ကိုယ့် baby ကို ပြောမလို့ ... မနေ့ညကလေ မြန်မာနိုင်ငံကိုရောက်ရင် သွားသင့်တဲ့နေရာလေးတွေ ထပ်ရှာကြည့်တော့ ပြင်ဦးလွင်ဘက်မှာ ကိုယ်သွားချင်တဲ့ နေရာတွေတွေ့ထားတယ် "

" ဟုတ် ဆက်ပြောပါ "

မှာထားသည့် ထမင်းဟင်းတွေရောက်မလာသေးခင် ထိုင်စောင့်နေတုန်း Daniel က သူသွားချင်သည့် ခရီးစဉ်အကြောင်း ပြောလာတာမလို့ စစ်မင်းငြိမ်ပြီး နားထောင်နေလိုက်သည်။ ပြင်ဦးလွင်ဆိုတာက ရန်ကုန်ထက်စာရင် ရာသီဥတုကအစ အေးချမ်းသည့်နေရာဖြစ်တာကြောင့် စစ်မင်းလည်း သဘောကျသည့် တောင်ပေါ်စခန်းမြို့လေး ဖြစ်သည်။

" အင်း ကိုယ်ဂူဂဲလ်မှာ တွေ့ထားတာကွာ ဂုတ်ထိပ်ဆိုလား ... အဲ့တာရယ် ... ဒါ့တော်ချိုက် ... အင်း ဒါ့တော်ချိုက် "

" ဓာတ်တော်ချိုင့်ကို ပြောတာမလား "

ဓာတ်တော်ချိုင့်ကို မပြောတတ်လို့ လျှာလိပ်နေသည့် Daniel ကို ကြည့်ရင်း စစ်မင်း ပြုံးလိုက်မိသည်။ ဘယ်လိုပဲ မြန်မာသွေးပါတယ်ဆိုဆို ငယ်စဉ်ကတည်းက နိုင်ငံရပ်ခြားမှာ နေခဲ့သူဖြစ်တာကြောင့် တော်ရုံစာလုံးကလွဲလို့ ကျန်တာက Daniel အတွက် ခက်ခဲနေပုံရသည်။ တွေ့ကတည်းက မျက်နှာရူးတစ်ယောက်လို စနောက်မနေရင် စစ်မင်း Daniel ကို တကယ်ခင်မိမှာ ဖြစ်သည်။

" ဟုတ်တယ် ဟုတ်တယ် ... ဓာတ်တော်ချိုင့် ... အဲ့တာလေ သူကတောလမ်းကနေဖြတ်ပြီး ရေတံခွန်ကို ကြည့်လို့ရတယ်ပြောတယ် ... ကိုယ်သွားချင်လို့ "

" ဟုတ်ပါပြီ ... ကျွန်တော်စီစဉ်ပေးပါ့မယ် ... ဂုတ်ထိပ်ကရော ရထားစီးချင်တာလား "

" အာ ... ရထားစီးပြီးဘာလုပ်ရမှာလဲ ... Munich မှာလည်း အဲ့လိုတံတားပေါ်က ရထားလမ်းတွေပေါ်မှာ ရထားစီးဖူးနေတာ ... ကိုယ်သွားချင်တာက အဲ့အောက်ကို "

" ဟမ် ဟမ် ... ဘာပြောတာ "

Daniel ရဲ့ အပြောကြောင့် စစ်မင်းမှာ မျက်လုံးပြူးပြီး ဘုရားပင်တမိသွားရသည်။

Danielကောင်းဆိုတဲ့ လူကလေ စစ်မင်းကို သတ်ဖို့တော့ တွေးထားတာ မဟုတ်ဘူးမလား။ ရောက်ကတည်းက ရင်တုန်ပန်းတုန်ဖြစ်အောင်လုပ်နေတာ တစ်မျိုးပြီးတစ်မျိုး။ ဘယ်ဘဝက အငြိုးအတေးတွေများ ရှိနေလို့လဲ။

ဂုတ်ထိပ်ဘက်က နယ်မြေမအေးချမ်းရသည့်အထဲ ဆရာသမား‌လေးက ဂုတ်ထိပ်အောက်ကိုမှ သွားချင်နေသည်။

" ကိုယ် ဂူဂဲလ်မှာ blogger တစ်ယောက်နဲ့ သူ့သူငယ်ချင်းတွေ ဂုတ်ထိပ်တံတားအောက်ကို သွားတာတွေ့လိုက်လို့ ကိုယ်လဲသွားချင်လာလို့လေ ... လမ်းကြမ်းတာသိပေမယ့် ဒါမျိုးက သွားသင့်တယ်မလား ... ခုနက baby ပြောတဲ့ ဓာတ်တော်ချိုင့်ကို သွားပြီးပြီးချင်း ချက်ချင်းကြီးတော့ အဲ့ကိုမသွားပါဘူး ... ပင်ပန်းတယ်လေ "

ပင်ပန်းတယ်ဆိုတာ ဆရာသမားလေးက သိတယ်ဆိုတာနှင့်ပင် စစ်မင်းမှာ ချက်ချင်းကို ထိုင်ရှိခိုးပြီး ကျေးဇူးတင်ချင်စိတ်ပေါက်ရသည်။

ဂုတ်ထိပ်တံတားအောက်ကို မဆိုးထားနဲ့ဦး ဓာတ်တော်ချိုင့်ရေတံခွန်ကိုပင် သေလောက်အောင် အဆင်းအတက်လုပ်ရမှာဖြစ်တာကြောင့် ဓာတ်တော်ချိုင့်သွားပြီး ဂုတ်ထိပ်တံတားအောက်သာ ဆက်သွားလို့ကတော့ လမ်းမှာတင် စစ်မင်းအသက်ထွက်လောက်သည်။

သို့မေယ့် Daniel ရဲ့ ပုံစံကို ကြည့်မိတော့လည်း တက်တက်ကြွကြွနှင့် စူးစမ်းချင်စိတ်ရှိနေသည့် ပီဘိကလေးသဖွယ်။ ကြည့်ရတာတော့ အနောက်နိုင်ငံမှာ ကြီးပြင်းလာခဲ့သည့် ကလေးဖြစ်တာကြောင့် စွန့်စားလိုစိတ်က အပြည့်ရှိနေပုံရသည်။

တတ်တော့မတတ်နိုင် ...

စစ်မင်းကိုယ်တိုင် တာဝန်ယူထားပြီးတာကြောင့် လက်ခံရမည်။ Daniel ကိုယ်တိုင်ကလည်း ခရီးအစီအစဉ်ကို သေချာပြောထားပြီးသားဖြစ်တာကြောင့် စစ်မင်းဘက်က မလုပ်နိုင်စရာအကြောင်းတော့မရှိ။

" အဲ့တာဆို ပြင်ဦးလွင်ပဲလား ... ဘယ်ကိုသွားဖို့ စီစဉ်ထားသေးလဲ မသိဘူး "

" အင်းလေးလေ ... တောင်ကြီးဘက်က အင်းလေးရော ... ပြင်ဦးလွင်ကပြန်တာနဲ့ တန်းသွားချင်တာ "

အင်းလေးဘက်ကတော့ မဆိုးဘူးဟုသာ စစ်မင်းတွေးလိုက်တော့သည်။ ပြင်ဦးလွင်ဘက်က Daniel သွားချင်နေသည့် နေရာနှစ်ခုက ပင်ပန်းပေမယ့် အင်းလေးကတော့ ပြင်ဦးလွင်ထက်စာရင် ပိုပြီးသက်တောင့်သက်သာရှိမယ့် ခရီးစဉ်မျိုးဖြစ်သည်။

" အိုကေ ပြီးတော့ ... ပြင်ဦးလွင်ကိုသွားတာက ဟုတ်တယ် ... ကားကတော့ Daniel မောင်းလို့လည်းမဖြစ်သလို ကျွန်တော်မောင်းလို့လည်းမဖြစ်ဘူး ... ဘာလို့လည်းဆိုတော့ မြေပြန့်မှာမသိသာပေမယ့် တောင်တက်တောင်ဆင်းလမ်းတွေနဲ့တော့ အန္တရာယ်များလို့ပါ "

" ကိုယ်လည်းအဲ့တာပြောမလို့ပါ ... တောင်တက်တောင်ဆင်းထက် ခရီးကဝေးတယ်လားလို့ ... စိတ်မပူပါနဲ့ ... ကိုယ့်ဒယ်ဒီကို ဒရိုင်ဘာစီစဉ်ပေးဖို့ ပြောလိုက်မယ် ... ကိုယ့်ဒရိုင်ဘာပဲဆိုတော့ ဘာမှစိတ်ပူစရာမလိုပါဘူး "

" တောင်ပေါ်ဖြစ်ဖြစ် မြေပြန့်ဖြစ်ဖြစ် ကျွမ်းကျင်ဖို့တော့ လိုတယ်လေ ... မြေပြန့်ကိုကျွမ်းကျင်ပေမယ့် တော်ပေါ် အတက်အဆင်းလမ်းတွေနဲ့ဆို မကျွမ်းကျင်လို့မဖြစ်ဘူး "

" အဲ့အတွက်ပါ ကိုယ့်ဒယ်ဒီကို သေချာပြောထားလိုက်ပါ့မယ် "

Daniel ပြောသည့် အကြံကို စစ်မင်းထောက်ခံလိုက်သည်။ အနည်းဆုံးတော့ ဆရာသမားက တည်တည်ငြိမ်ငြိမ်နှင့် အကုန်လုံးကို စဉ်းစားထားထားပုံရသည်။ မျက်နှာရူးကောင်က မျက်နှာရူးပေမယ့် အကွက်စေ့စေ့ တွေးတတ်ပုံကိုတော့ ချီးကျူးရမည်။ သူလိုချင်တာ သူဖြစ်ချင်တာကို မဖြစ်နိုင်တာဆို ဇွတ်အတင်းမလုပ်ပဲ ဖြစ်နိုင်မည့်နည်းလမ်းကို သေချာချင့်ချိန်တတ်သည်။

" ပြီးတော့လေ Daniel ... ဘယ်နေ့လောက် သွားမလဲ ... ကျွန်တော်လည်း agency ကို ပြောပြီးတော့ စီစဉ်သင့်တာ စီစဉ်ရမှာမလို့ပါ "

" မနက်ဖြန်တော့ မသွားသေးဘူးလေ ... ရုတ်တရက်ကြီးဆိုတော့ baby ပြင်ဆင်ချိန်မရပဲနေမယ် ... မနက်ဖြန်ပြီးတော့ နောက်တစ်ရက်လေ အဲ့တာ အဲ့တာ the day after tomorrow ~ "

သန်ဘက်ခါလို့ ပြောချင်တာကိုမပြောတတ်လို့ မြန်မာလိုရော အင်္ဂလိပ်လိုပါ ပြောနေသည့် Daniel က သူပြောတာ နားမလည်မှာ စိုးရိမ်နေပုံရသည်။

" Daniel ရော ကြားထဲ ဘာစီစဉ်စရာရှိသေးလဲ ... ကျွန်တော်ကဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ် "

" မနက်ဖြန်ပြီးတော့ နောက်တစ်ရက်လို့သာပြောနေတာ ... ချက်ချင်းကြီးခရီးဝေးထွက်ရင် ဒယ်ဒီက စိတ်မကောင်းဖြစ်မလားမသိဘူး ... မနက်ဖြန်က weekend မလား baby ... ဒီ weekend ပြီးတော့ နောက်ရက်လောက်ဆိုရင်ရော ... ကိုယ့်ဒယ်ဒီကို ခဏအဖော်ပြုပေးလိုက်ဦးမယ် "

" ကောင်းပါပြီ ... ကျွန်တော်က အဆင်သင့်လုပ်ထားမှာမလို့ အဆင်ပြေမယ့်ရက်ကို မေးလ်ပို့ပြီးဆက်သွယ်ပေးပါ ... အခုလက်ရှိမှာ ကျွန်တော်က Daniel တစ်ယောက်တည်းကိုပဲ တာဝန်ယူထားတာမလို့ ကျွန်တော်ကဒီကာလအတွင်း ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ် "

" ဒီကြားထဲမသွားခင် ပြောချင်တာရှိရင်လည်း ကိုယ်ဆက်သွယ်ပါ့မယ် "

စစ်မင်းဘက်က ဘာမှဆက်မပြောတော့ပဲ ကြည်ကြည်သာသာနှင့် ခေါင်းညိတ်လိုက်သည်။ ခရီးစဉ်အကြာင်းကို Daniel နဲ့ စစ်မင်း အသေးစိတ် တိုင်ပင်နေကြရင်း မှာထားသည့် ထမင်းဟင်းတွေ ရောက်လာသည်။ စစ်မင်းက ဝက်သားပုန်းရည်ကြီးမှာထားတာမလို့ Daniel က ဟင်းကို မမြင်ဖူးသလို ထမင်းပန်းကန်ထဲက ဇွန်းကိုကိုင်ရင်း စိုက်ကြည့်နေသည်။

" ဘာဟင်းကြီးလဲဟင် baby ... မဲမဲကြီးနဲ့ ... ခါးလားဟင် "

" မဟုတ်ဘူးလေ ... ဝက်သားပုန်းရည်ကြီးဟင်းလို့ ခေါ်တယ် ... စားကြည့် "

ပြောပြောဆိုဆိုနှင့် စစ်မင်းက Daniel ရဲ့ ပန်းကန်ထဲကို ဝက်သားပုန်းရည်ကြီးတွေ ခပ်ထည့်ပေးသည်။ Daniel က ပန်းကန်ထဲရောက်လာလို့ မြည်းစမ်းကြည့်သည့်နှယ် ခပ်တွန့်တွန့်ခပ်စားရှာသည်။

" အွန်းးး စားလို့ကောင်းတယ် ... ချိုချိုလေး "

" အင်း Daniel ... အချဉ်ဟင်းလဲသောက် ဘူးသီးချဉ်ရည် "

" အသားထဲမှာလည်း အဲ့အရသာပဲနော် ... ကိုယ်သဘောကျတယ် "

" ပုန်းရည်ကြီးအနှစ်က အသားထဲပါ စိမ့်ဝင်နေလို့ "

စစ်မင်းကိုတောင် ပြန်မဖြေနိုင်တော့ပဲ အရသာတွေ့သွားသည့်နှယ် ထမင်းကိုသာ တမြုံ့မြုံ့နှင့်ဝါးရင်း Daniel က ငုံ့စားတော့သည်။ အစာဝါးနေတာကြောင့် ဘယ်ဘက်ပါးက ပါးချိုင့်ငယ်လေးကလဲ တစ်ချက်တစ်ချက် ခွက်ဝင်သွားသေးသည်။

စားလို့သောက်လို့ပြီးကြတော့ စားပွဲထိုးလေးကို လှမ်းခေါ်ပြီး ပိုက်ဆံရှင်းကြသည်။ စစ်မင်းက အနေအထား သင့်တော်သည့်ဆိုင်ကို ရွေးထားတာကြောင့် ဈေးအရမ်းမကြီး။ Daniel ကတော့ စားပွဲထိုးလေးကို tip ထည့်ပေးနေသေးသည်။ စားပွဲထိုးလေးကို tip ပေးလိုက်တာကြောင့် စိုက်ကြည့်နေတဲ့ စစ်မင်းကို Daniel က မြင်သွားပုံပေါ်သည်။

" Baby တို့ဆီမှာ ဘယ်လိုလဲတော့မသိဘူး ... ကိုယ်တို့ဆီမှာ ဒီလို tip လေးတွေ ပေးတယ် ... ဘယ်ဟာနေနေ သူတို့ဝန်ဆောင်ခလေ ... စားပြီးတဲ့အတိုင်း ငွေရှင်းပေမယ့် waiter တွေလည်း service ပေးရတာပဲလေ ... ပြီးတော့ packing ထိုးရင်ပဲဖြစ်ဖြစ် packing စောင့်ကိုလဲ ဒီလိုပဲ tip လေးတွေပေးတယ် မျိုးစုံပဲ "

" အင်း ... ဒီမှာတော့ရှိကြပေမယ့် လူတိုင်းတော့မဟုတ်ဘူး ... အနည်းစုပေါ့ "

စစ်မင်းပြောသည့်စကားကို Daniel က ခေါင်းတညိတ်ညိတ်နှင့် သေချာနားထောင်သည်။ စစ်မင်းအတွက်က Daniel နှင့် သိတာမကြာသေးပေမယ့် ဖြည်းဖြည်းချင်းစီတော့ Daniel အကြောင်းသိလာရသည်။ မျက်နှာရူးပေမယ့် စိတ်ရင်းတော့ကောင်းရှာသည်။

Daniel ကတော့ စီစဉ်ထားသည့် ခရီးအတွက် တကယ်ကိုစိတ်လှုပ်ရှားနေသည်။ ခရီးထက် အသေးလေးနှင့် နှစ်ယောက်တူတူသွားရမည် ဆိုသည့်စိတ်ကပိုသည်။ အသေးလေးက သူ့ကိုအမြင်ကပ်နေမယ်ဆိုတာသိပေမယ့် Daniel ကတော့ အသေးလေးကိုအူယားပြီး အမြဲလိုလိုစချင်နေတာကတော့ ဘာဖြစ်လို့မှန်းမသိ။

သို့ပေမယ့် အသေးလေးနဲ့ အရမ်းခင်ချင်ပါသည်။ ဒါကတော့ Daniel ရဲ့ အစစ်အမှန်စိတ်ရင်း ...

__________

To be continue ...

18th May,2020(Mon)
call_me_Tylor

Continue Reading

You'll Also Like

2.6M 183K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
3.7K 444 5
ေကာင္ေလးႏွစ္ေယာက္အေၾကာင္းက ဒီလိုစတယ္..... ကောင်လေးနှစ်ယောက်အကြောင်းက ဒီလိုစတယ်.....
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
760K 17.9K 41
In which the Asgardian Princess falls head over heels for the Star Spangled Man with a Plan. COMPELTE