"လန္က်န္႔ ငါ မင္းကို ေျပာစရာ႐ွိတယ္"
လက္မေလးႏွစ္ဖက္ကိုပြတ္တိုက္လို႔ မ်က္ဝန္းေတြကဂဏွာမၿငိမ္၊သူ႔ကိုလဲမ်က္လံုးျခင္းဆံုေအာင္မၾကည့္တဲ့ ရင္းဆီမွာေျပာဖို႔ခက္ေနတဲ့ ဘယ္လိုအခက္အခဲေတြမ်ား႐ွိေနပါ့လိမ့္။
ဖတ္လက္စစာအုပ္ကိုေဘးမွာခ်လိုက္ၿပီး လက္ႏွစ္ဖက္ကိုကမ္းလိုက္ေတာ့ ရင္းကအလိုက္သိသိရင္ခြင္ထဲဝင္လာကာသူ႔ခါးကိုေထြးဖက္ထားတယ္။
"ရင္း မွာ ဘာအခက္အခဲေတြ႐ွိေနလို႔လဲ၊ကိုယ့္ကိုေျပာျပေလ"
"လန္က်န္႔. ငါ့ကိုမဆူရဘူးေနာ္..ငါ.."
ေျပာမယ့္စကားကိုရပ္လိုက္ၿပီးစိုးရိမ္တႀကီးၾကည့္ေနတဲ့မ်က္ဝန္းေတြေၾကာင့္ရင္ဘက္တစ္ခုလံုးပူေလာင္လာတယ္။
ရင္းက သူ႔ကိုစိတ္ဆိုးေစမယ့္ အဘယ္သို႔ေသာအလုပ္ေတြကိုလုပ္ထားပါ့လိမ့္။စိုးရိမ္စိတ္ကရင္ဘက္ထဲျပည့္ျပည့္က်ပ္က်ပ္နဲ႔တိုးဝင္လာေပမယ့္ ရင္းကို ေတာ့ စိုးရိမ္ထိတိလန္႔မသြားေစခ်င္ဘူး။
ေခါင္းကိုေျဖးေျဖးၿငိမ့္ျပလိုက္ၿပီး
"အင္းပါ ငါမဆူဘူး ေျပာ ဘာေျပာမလို႔လဲ"
ရင္း စိတ္လႈပ္႐ွားေနရင္ သူ႔မ်က္ဝန္းေလးေတြက ၾကယ္ေလးေတြလိုေရာင္စဥ္ေလးေတြလင္းေနတာ။
"ငါ ကေလ...တကယ္ေတာ့ေလ...မင္းထင္ေနသလို က်န္းအိမ္ေတာ္ကမိသားစုဝင္မဟုတ္ဘူး၊ငါက.."
စကားကိုဆက္မေျပာဘဲ ေၾကာက္ေနသလိုအမူအရာေလးနဲ႔ရင္းက သူႏွစ္သက္တဲ့အျပံဳးေလးကို ျပံဳးျပလိုက္ေသးတယ္။
ရင္းကို စိတ္အေႏွာက္ယွက္ျဖစ္ေအာင္မလုပ္ခ်င္တာမို႔ သူသိထားတဲ့အမွန္တရားေတြကို ရင္းသိေအာင္သာေျပာဖို႔ေတြးလိုက္ေတာ့တယ္။
"ရင္းက ေ႐ွာင္းအိမ္ေတာ္က သခင္ေလးေ႐ွာင္းက်န္႔လို႔ဝန္ခံမလို႔မွတ္လား၊၅ႏွစ္ေက်ာ္၆ႏွစ္ေလာက္ထိငါ့အနားမွာဒီတိုင္းေနလာၿပီးခုမွဘာလို႔ ေျပာျပခ်င္ေနရတုန္း ရင္းရဲ႕"
အျကီးအက်ယ္ကိုအံျသေနတဲ့ေကာင္ေလးရဲ့ႏွာေခါင္းခြၽန္ခြၽန္ေလးကိုမနာေအာင္ဆြဲဖ်စ္ၿပီးေမးလိုက္ေတာ့
"ငါ..ငါ့ပါးပါးက ငါတို႔အေၾကာင္းကိုသိသြားၿပီ၊အဲ့ဒါ မင္းမိဘေတြလက္ခံမွ သေဘာတူမယ္တဲ့၊အဲ့ဒါေၾကာင့္ငါကေျပာတာ၊
ဒါနဲ႔ မင္းက ငါ ေ႐ွာင္းက်န္႔ဆိုတာကိုဘယ္အခ်ိန္ထဲကသိေနတာလဲ "
အရမ္းကိုသိခ်င္ေနတဲ့ေကာင္ေလးက သူ႔အက်ႌစကိုဆြဲၿပီး အေျဖမခ်င္းေမးေနေတာ့တာပဲ။
"ဘယ္အခ်ိန္ထဲကသိလဲဆိုတာကအေရးႀကီးလို့္လားကြာ"
"ႀကီးတယ္၊ငါ ကေ႐ွာင္းအိမ္ေတာ္ကမွန္းသိသိႀကီးနဲ႔မင္းငါ့အနားမွာေနတာထူးဆန္းတယ္၊ၿပီးေတာ့ငါကမင္းကိုလိမ္ထားတာေလမင္းစိတ္မဆိုးဘူးလား"
ဟိုးအေဝးႀကီးေတြေလ်ွာက္ေတြးေနတဲ့ ေကာင္ေလးရဲ႕ေခါင္းကိုမနာေအာင္ထုလိုက္ၿပီး
"Hunza ကငါ့ေမြးရပ္ေျမေလ၊ ဘယ္ေနရာမွာဘယ္လိုလူေတြေနတယ္ဆိုတာကိုေတာ့ ငါေကာင္းေကာင္းသိတာေပါ့"
"ဒါဆို ငါနဲ႔စသိကတည္းကသိေနတာလား"
လန္က်န္႔ကေခါင္းၿငိမ့္ျပလိုက္ေတာ့ ေ႐ွာင္းက်န္႔က ေဒါသထြက္ၿပီးေပါက္ကြဲပါေလေရာ!!
ေထြးပိုက္ထားတဲ့ရင္ခြင္ထဲကအတင္း႐ုန္းၿပီး လန္႔က်န္႔ကိုမ်က္ႏွာခ်င္းဆိုင္ၾကည့္ကာရင္ဘက္ကိုတဘုန္းဘုန္းနဲ႔ထု႐ိုက္ေနေတာ့တယ္။
"ဘာျဖစ္လို႔ ငါ့ကို ရင္းလို႔ပဲေခၚတာလဲ၊ငါ့မွာငါ့ျဖစ္တည္မႈကိုမင္းသိသြားရင္ငါ့ကိုေမာင္းထုတ္မွာဆိုးလို႔ ဖံုးလိုက္ကြယ္လိုက္ရတာ၊ေန႔စဥ္ရက္ဆက္မင္းမ်ားသိသြားရင္ဆိုတဲ့စိတ္နဲ႔ စိုးရိမ္ထိတ္လန္႔ေနခဲ့ရတာ၊လူဆိုးေကာင္ မင္းကေတာ့ငါ့ပါးစပ္႐ွိသမ်ွေျပာျပခဲ့တဲ့ငါ့မိဘအေၾကာင္းလုပ္ၾကံဇာတ္ေတြနားေထာင္ၿပီးငါ့ကိုဟားေနမွာေပါ့၊
ေတာ္ၿပီ မင္းကို ငါ စိတ္ဆိုးတယ္၊ငါ့ကိုစကားလာမေျပာနဲ႔"
မ်က္ရည္ေတြ တာက်ိဳးသလိုငိုေနတဲ့ေကာင္ေလးရဲ႕စြပ္စြဲခ်က္ေတြကိုေျဖ႐ွင္းဖို႔လန္က်န္႔က ေ႐ွ႕တစ္လွမ္းတိုးေတာ့ ေ႐ွာင္းက်န္႔ကေနာက္တစ္လွမ္းဆုတ္တယ္။
အခုခ်ိန္မွာလိမ္ခဲ့တဲ့သူကအမွားလား၊လိမ္ေနတာကိုမသိခ်င္ေယာင္ေဆာင္ေပးခဲ့တဲ့သူအမွားလား ေဝခြဲမရေတာ့၊
ရင္းက တခါတခါ ကေလးအရမ္းဆန္ပါတယ္။
"ငါအတြက္ ေ႐ွာင္းအိမ္ေတာ္ကသခင္ေလး ေ႐ွာင္းက်န္႔ထက္ ရင္းဆိုတဲ့ ေဟာ့ဒီကေပတလူးေလးကိုပိုတြယ္တာတယ္။ဒါေၾကာင့္ ငါ့အတြက္သီးသန္႔ျဖစ္တည္ေပးတဲ့ ရင္း ဆိုတဲ့ ငါ့တစ္ဦးပိုင္နာမ္ေလးကို ပိုတန္ဖိုးထားလို႔ ေ႐ွာင္းက်န္႔ဆိုတဲ့ရင္းရဲ႕နာမည္ကို ေမ့ထားေပးႏိုင္တယ္"
ရင္ဘက္ျခင္း နီးတဲ့သူေတြအတြက္ စကားလံုးေတြအမ်ားႀကီးမလိုဘူး။
တစ္ေယာက္ရင္ထဲကခံစားမူစကားလံုးေတြကို တစ္ေယာက္က နားနဲ႔နားမေထာင္ဘဲ ႏွလံုးသားနဲ႔ နားေထာင္ႏိုင္ပါတယ္။
......
"ရင္း မေၾကာက္နဲ႔ေနာ္ ငါ ႐ွိတယ္"
လက္ဖ်ားေလးေတြေအးစက္ေနတဲ့ရင္းရဲ႕လက္ကို ကိုင္ၿပီးႏွစ္သိမ့္လိုက္ေတာ့ ရင္းကသူအဆင္ေျပပါတယ္ဆိုၿပီးေခါင္းၿငိမ့္ျပတယ္။
ဧည္ခန္းမွာအလွျပထားတဲ့ ေ႐ွးေဟာင္းနာရီ ဆီက ခ်ိန္သီးသံတစ္ေဂ်ာက္ေဂ်ာက္က တိတ္ဆိတ္ေနတဲ့အခန္းကို အသက္ဝင္ေစတယ္။
ေစာင့္ဆိုင္းခ်ိန္ မိနစ္ႏွစ္ဆယ္ခန္႔ၾကာၿပီးခ်ိန္မွာေတာ့ ေလွကားေပၚကတစ္လွမ္းခ်င္းဆီ ဆင္းလာတဲ့ေဒါက္ဖိနပ္သံ ကိုၾကားလိုက္တယ္။
ေ႐ွာင္းက်န္႔ လွမ္းၾကည့္လိုက္ေတာ့သိပ္ကိုလွပတဲ့အမ်ိဳးသမီးတစ္ဦး၊
ထည္ဝါမႈမာန္ေတြနဲ႔ျပည့္နက္ေနတဲ့ ထိုအမ်ိဳးသမီးႀကီးဆီက အၾကည့္စူးစူးကို ရ႐ွိလိုက္တဲ့ေ႐ွာင္းက်န္႔ကေတာ့ ကိုယ္ေလးေလးကထိုင္ေနတဲ့ဆိုဖာထဲ က်ံဳ႕ဝင္သြားသလို သိမ္ငယ္စိတ္ကိုခံစားလိုက္ရေစတယ္။
"မယ္မယ္..."
"ဟန္ကြမ္းကြၽင္း မင္း မေျပာနဲ႔၊ မယ္မယ္ေျပာမယ္"
လန္က်န္႔ရဲ႕ အိမ္ေတာ္နာမည္ဘြဲ႔က ဟန္ကြမ္းကြၽင္းျဖစ္ေၾကာင္းခုမွသိသြားတဲ့ေ႐ွာင္းက်န္႔က ေၾကာင္ေတာင္ေတာင္ေလးလန္႔က်န္႔ကိုၾကည့္႐ွာတယ္။
"မင္းနာမည္က ေဝ့ရင္း ၊ က်န္းအိမ္ေတာ္ကေမြးစားထားတဲ့ ဒုတိယေျမာက္သားေပါ့"
"ဟုတ္..ဟုတ္ပါတယ္၊ ဒါေပမယ့္..ကြၽန္ေတာ္က "
"ရင္းက ေ႐ွာင္းအိမ္ေတာ္ရဲ႕တစ္ဦးတည္းေသာအေမြဆက္ခံသူပါမယ္မယ္"
လန္႔က်န္႔ ဝင္ေျပာေပးတာကို မႀကိဳက္သလိုမ်က္ေမွာင္က်ံဳ႕ျပတဲ့ ထိုအမ်ိဳးသမီးက လန္က်န္႔ရဲ႕ေမေမပါတဲ့၊
ေ႐ွာင္းက်န္႔ ဒူးေတြတုန္ေနၿပီ။
"ေျသာ္...ဒါဆို မင္းက ေ႐ွာင္းစစ္ဟန္ရဲ႕သားေပါ့၊ ၾကံဳမွ ၾကံဳတတ္ပါေပတယ္..."
လန္က်န္႔ရဲ႕ေမေမက ခပ္တိုးတိုးေလးရယ္ေနေပမယ့္
အဲ့ဒီရယ္သံေတြဆီက မေကာင္းတဲ့အေငြ႕အသက္ေတြကိုရေနတယ္။
လန္က်န္႔က ဝင္ေျပာဖို႔ျပင္လိုက္ေပမယ့္ လန္က်န္႔ေမေမရဲ႕အၾကည့္တစ္ခ်က္ေၾကာင့္ ဖြင့္ဟေတာ့မယ့္ႏႈတ္ဖ်ားေတြက တံခါးျပန္ပိတ္သြားတယ္။
အခုအခ်ိန္ ေ႐ွာင္းက်န္႔မွာ အားကိုးစရာလူမ႐ွိေတာ့ဘူး။
သူ႔အားသူကိုးၿပီး လန္က်န္႔ရဲ႕ေမေမကို ရင္ဆိုင္ၿပီး သူ႔ကိုလန္က်န္႔နဲ႔သေဘာတူဖို႔ ႀကိဳးစားရေတာ့မယ္။
"ကြၽန္ေတာ္ လန္က်န္႔ကိုခ်စ္တယ္။ သူကိုအရမ္းခ်စ္တာမို႔ စြန္လႊတ္လိုက္ဖို႔၊ေမ့ျပစ္ဖို႔ကြၽန္ေတာ္ဘယ္ေတာ့မွေတြးမွာမဟုတ္ဘူး။အန္တီတို႔ရဲ႕လူႀကီးခ်င္း ျဖစ္ဖူးတဲ့ကိစၥေတြထဲ ကြၽန္ေတာ္တို႔ႏွလံုးသားေတြကိုဆြဲထည့္ဖို႔မေတြးပါနဲ႔၊ကြၽန္ေတာ္လန္က်န္႔ကိုရေအာင္ယူမွာ"
ေျပာခ်င္တဲ့စကားလံုးေတြကို မ်က္စိစံုမွိတ္ေၾကာက္ကန္ ကန္ကာ ေျပာခ်လိုက္ေတာ့ မထင္မွတ္ထားလို႔နဲတူတယ္။လန္က်န္႔ေရာ သူ႔ေမေမေရာခဏတာ ဆြံအသြားတယ္။
"အခ်စ္သူရဲေကာင္းေလးပဲ၊မင္းရဲ႕အခ်စ္ကိုအသိအမွတ္ျပဳေပးႏိုင္ပါတယ္။ ဒါေပမယ့္ မင္းနဲ႔ ငါ့သားကိုေတာ့ ငါသေဘာမတူႏိုင္ဘူး"
"မယ္မယ္!!"
လန္က်န္႔က ထေအာ္ေတာ့
"မင္း ဘာမွဝင္မေျပာနဲ႔၊ ပါးစပ္ပိတ္ၿပီးေနေန၊
ဒီမွာ ေကာင္ေလး၊ မင္းနဲ႔ငါ့သားကိုသေဘာမတူႏိုင္ဘူးဆိုတာ မင္းအေဖနဲ႔ငါတို႔ၾကားကရန္ညိဳးေတြေၾကာင့္မဟုတ္ဘူး။
မင္းနဲ႔သေဘာမတူႏိုင္တဲ့အေၾကာင္းျပခ်က္က သက္သက္႐ွိတယ္"
ေ႐ွာင္းက်န္႔က ၿပိဳက်ေတာ့မယ့္မ်က္ရည္ေတြကို လက္သီးဆုပ္ၿပီး တင္းခံထားတယ္။
သူ ထိုအမ်ိဳးသမီးေ႐ွ႕မွာ မ်က္ရည္မက်ခ်င္ဘူး။
"ဘာလို႔လဲ၊ ဘာလို႔ကြၽန္ေတာ္နဲ႔သေဘာမတူတာလဲ"
လန္က်န္႔ရဲ႕ေမေမက ဆိုဖာေပၚ လွလွပပေလးထိုင္ခ်လိုက္ၿပီး
"မင္း တကယ္ေရာၾကားခ်င္ရဲ႕လား"
ေ႐ွာင္းက်န္႔က အံႀကိတ္လိုက္ၿပီး
"ကြၽန္ေတာ္နဲ႔လန္က်န္႔ကိုသေဘာမတူႏိုင္တဲ့အေၾကာင္းျပခ်က္ကိုေျပာျပပါ၊ကြၽန္ေတာ္သိခ်င္တယ္"
"ဟုတ္ၿပီ။ ဒါနဲ႔ မင္းရဲ႕ ယံုၾကည္သက္ဝင္ကိုးကြယ္မႈက ဘယ္ဘာသာမွာျမဳပ္ႏွံထားတာလဲ၊ ငါသိရသေလာက္ ေ႐ွာင္းစစ္ဟန္ရဲ႕တရားဝင္မိန္းမက ဘာသာျခားႏိုင္ငံျခားသူတစ္ေယာက္ဆို၊မင္းကေရာ..."
ေ႐ွာင္းက်န္႔ လန္ယီရြမ္းရဲ႕ စကားေတြရဲ႕အဓိပၸါယ္ကို ေသခ်ာနားလည္လိုက္ပါၿပီ!!
ႏႈတ္ခမ္းတစ္ဖက္အေပၚတတ္သြားၿပီးျပံဳးလိုက္တဲ့ေ႐ွာင္းက်န္႔ရဲ႕အျပံဳးကို လန္က်န္႔ကေတာ့ တစ္သက္မွာဒီတခါသာေတြ႔ဖူးခဲ့တယ္။
"ကြၽန္ေတာ္က ပါးပါးနဲ႔ဘံုေက်ာင္းလိုက္ဖူးသလိုမားမားနဲ႔လဲဘုရားေက်ာင္းတက္ပါတယ္။ကြၽန္ေတာ္ပါးပါးနဲ႔မားမားက ကိုးကြယ္ဆည္းကပ္မႈေတြမတူေပမယ့္ ကြၽန္ေတာ္ကိုေတာ့သူတို႔ကိုးကြယ္တဲ့ တရားဓမၼေတြဆီကေကာင္းတဲ့အခ်က္တြကိုသာလမ္းၫႊန္ၿပီးဆံုးမသြန္သင္ေပးပါတယ္၊ ကြၽန္ေတာ္ရဲ႕ ကိုးကြယ္မႈနဲ႔ ကြၽန္ေတာ္ရဲ႕အခ်စ္ေရးရာက ဘယ္ေနရာမွာမွ ဆက္ႏြယ္မႈမ႐ွိဘူးလားလို႔"
ေ႐ွာင္းက်န္႔ရဲ႕စကားေတြကိုနားေထာင္ၿပီး လီယီရႊမ္းက သေဘာက်သြားတယ္။ေ႐ွာင္းက်န္႔သာေ႐ွာင္းစစ္ဟန္ရဲ႕သားမဟုတိခဲ့ဖူးဆိုရင္ ဒီအခ်ိန္မွာသူ သေဘာတူရင္တူခဲ့မိမွာ။အခုေတာ...
"လူတစ္ေယာက္နဲ႔တစ္ေယာက္ ကိုးကြယ္မႈ၊အဆံုးအမတရားေတာ္ေတြမတူတဲ့အခါ အေတြးအေခၚေတြကလဲထပ္တူက်မွာမဟုတ္ဘူး။
ခ်စ္ေနတုန္းေတာ့မသိသာေပမယ့္..အခ်ိန္ၾကာလာတဲ့အခါ အေတြးအေခၚ၊ယဥ္ေက်းမႈ၊ ဘာသာတရားအဆံုးအမ၊စတဲ့မတူညီမႈေတြကအိမ္ေထာင္ေရးကို ထိခိုက္ပြန္းပဲ့ေစတယ္။ဥပမာ..မင္းပါးပါးနဲ႔ မင္းမားမားလို႔ေပါ့"
"ဟုတ္ကဲ့၊ဘာသာတရားအဆံုးအမထပ္တူမက်ေပမယ့္ ႐ိုးေျမက်ေပါင္းသင္းေနထိုင္သြားတဲ့စံုတြဲေတြလဲအမ်ားႀကီးပါပဲ။ အေၾကာင္းျပခ်က္ကိုမ႐ွိ႐ွိရာ႐ွာေနတာလို႔ျမင္တာေၾကာင့္ ကြၽန္ေတာ္ဒီထက္ပိုၿပီး႐ွင္းမျပေတာ့ဘူး။ကြၽန္ေတာ္ဆက္ေျပာေနလဲ လန္က်န္႔နဲ႔သေဘာမတူတဲ့အန္တီဆီမွာ. အျခားေသာအေၾကာင္းျပခ်က္ေတြက႐ွိေနအံုးမွာပဲေလ၊ဆိုေတာ့ ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါအံုး"
ေ႐ွာင္းက်န္႔ရဲ႕သည္းခံႏိုင္စြမ္းေတြက ဒီေနရာမွာတင္ကုန္ဆံုးသြားၿပီ။
သူလွည့္ျပန္ဖို႔ ဆံုးျဖတ္ခဲ့ေပမယ့္ လန္က်န္႔ကိုေတာ့ထားခဲ့မွာမဟုတ္ဘူး။
ေက်ာခိုင္းထားေပမယ့္ လန္က်န္႔ ဘာျဖစ္ေနမလဲသူသိပါတယ္။
လန္က်န္႔က အတူလိုက္လာဖို႔ျပင္ေနတာမို႔ လန္ယီြရႊမ္းက လန္က်န္႔ကိုစကားလံုးေတြနဲ႔ထိုးနက္ေနျပန္တယ္။
လန္က်န္႔က သူေနာက္ကို လိုက္မလာေတာ့ေပမယ့္ သူကေတာ့လန္က်န္႔ကိုေခၚၿပီး အေဝးဆံုးကို ထြက္ေျပးခ်င္ေနမိၿပီ။
............
Hunza ကို ရည္ရြယ္ခ်က္႐ွိ႐ွိနဲ႔ ျပန္လာတဲ့ ေ႐ွာင္းက်န္႔က သူ႔ေတြးထားတဲ့ လုပ္ေဆာင္ခ်က္ေတြကိုအေကာင္အထည္ေဖာ္ဖို႔ အစီအစဥ္ခ်ေနၿပီ။
ဒီေလာကႀကီးမွာသူယံုၾကည္ရတဲ့သူဆိုလို႔ က်န္းခ်န္ရယ္ အားရီတို႔လင္မယားရယ္ပဲ႐ွိတယ္။
က်န္းခ်န္ကေတာ့ ဒီကိစၥနဲ႔ ပက္သက္ၿပီး သူ႔ကိုကူညီမွာမဟုတ္ဘူး။
အားရီတို႔လင္မယားႏွစ္ေယာက္ကသာသူရဲ႕ေနာက္ဆံုးေမ်ာ္လင့္ခ်က္ေကာက္႐ိုးမ်ွင္ေလး။
"အားရီ ကြၽန္ေတာ့္ကို ဒီစာေလးကို လန္အိမ္ေတာ္က အစ္ကို႐ွီးခ်န္ဆီပို႔ေပးပါ"
တစ္ခ်က္လြတ္အမိန္႔နဲ႔တိုက္ပိတ္ခံထားရတဲ့လန္က်န္႔ကို ေခၚထုတ္ဖို႔ သူ႔တို႔ခ်စ္ျခင္းအေပၚ ဂ႐ုဏာထားလြန္းတဲ့အစ္ကို႐ွီးခ်န္ရဲ႕အကူအညီကိုယူုမွရမယ္။
ဒီလ ၅ရက္ေန့က်ရင္ ၿမိဳ႕အဝင္လမ္းက ျခံႀကီးဆီမွာ သူ႔ကိုေစာင့္ေနေပးဖို႔ ေရးထားတဲ့စာကို အားရီကိုေပးလိုက္တယ္။
"အားရီ ကြၽန္ေတာ့္ကို ကူညီေပးပါေနာ္၊ ကြၽန္ေတာ့္ကိုသနားတယ္ဆိုရင္ ဒီစာေလးကို အစ္ကို႐ွီးခ်န္လက္ထဲ ေရာက္ေအာင္ပို႔ေပးပါေနာ္"
၃ရက္တိုင္တိုင္အစားေရစာအျဖတ္ခံၿပီး ဒုကၡခံလိုက္တာက အားရီရဲ႕ေၾကာက္တတ္တဲ့စိတ္ကိုအႏိုင္ယူလိုက္ပံုရတယ္။
ေခါင္းၿငိမ့္ျပၿပီးသူကူညီေပးမယ္လို႔ ေျပာကာစာေလးကိုယူသြားၿပီ။
ေ႐ွာင္းက်န္႔စီစဥ္ထားသမ်ွ အကြက္ေစ့ ေအာင္ျမင္ေနတာမို႔ အေပ်ာ္ႀကီးေပ်ာ္ေနေတာ့တယ္။ေနာက္မၾကာခင္မွာ သူခ်စ္တဲ့လန္က်န္႔နဲ႔အတူတူ အတၱေတြ ျပည့္နက္ေနတဲ့ ဒီအိမ္ေတာ္ေတြထဲက ထြက္ေျပးၾကမယ္။
ဘဝတစ္ခုကိုႏွစ္ေယာက္အတူတူ တည္ေထာင္ၿပီးသာယာတဲ့ မိသားစုေလးကိုဖန္တီးမယ္။
ေလထဲတိုက္ေဆာက္ေနတဲ့စိတ္ကူးယဥ္မႈေတြနဲ႔ ေ႐ွာင္းက်န္႔မ်က္ႏွာေလးက အေပ်ာ္ေတြေၾကာင့္ ဝင္းပရြင္းလန္းေနေတာ့တယ္။
#MalEaint
"လန်ကျန့် ငါ မင်းကို ပြောစရာရှိတယ်"
လက်မလေးနှစ်ဖက်ကိုပွတ်တိုက်လို့ မျက်ဝန်းတွေကဂဏှာမငြိမ်၊သူ့ကိုလဲမျက်လုံးခြင်းဆုံအောင်မကြည့်တဲ့ ရင်းဆီမှာပြောဖို့ခက်နေတဲ့ ဘယ်လိုအခက်အခဲတွေများရှိနေပါ့လိမ့်။
ဖတ်လက်စစာအုပ်ကိုဘေးမှာချလိုက်ပြီး လက်နှစ်ဖက်ကိုကမ်းလိုက်တော့ ရင်းကအလိုက်သိသိရင်ခွင်ထဲဝင်လာကာသူ့ခါးကိုထွေးဖက်ထားတယ်။
"ရင်း မှာ ဘာအခက်အခဲတွေရှိနေလို့လဲ၊ကိုယ့်ကိုပြောပြလေ"
"လန်ကျန့်. ငါ့ကိုမဆူရဘူးနော်..ငါ.."
ပြောမယ့်စကားကိုရပ်လိုက်ပြီးစိုးရိမ်တကြီးကြည့်နေတဲ့မျက်ဝန်းတွေကြောင့်ရင်ဘက်တစ်ခုလုံးပူလောင်လာတယ်။
ရင်းက သူ့ကိုစိတ်ဆိုးစေမယ့် အဘယ်သို့သောအလုပ်တွေကိုလုပ်ထားပါ့လိမ့်။စိုးရိမ်စိတ်ကရင်ဘက်ထဲပြည့်ပြည့်ကျပ်ကျပ်နဲ့တိုးဝင်လာပေမယ့် ရင်းကို တော့ စိုးရိမ်ထိတိလန့်မသွားစေချင်ဘူး။
ခေါင်းကိုဖြေးဖြေးငြိမ့်ပြလိုက်ပြီး
"အင်းပါ ငါမဆူဘူး ပြော ဘာပြောမလို့လဲ"
ရင်း စိတ်လှုပ်ရှားနေရင် သူ့မျက်ဝန်းလေးတွေက ကြယ်လေးတွေလိုရောင်စဉ်လေးတွေလင်းနေတာ။
"ငါ ကလေ...တကယ်တော့လေ...မင်းထင်နေသလို ကျန်းအိမ်တော်ကမိသားစုဝင်မဟုတ်ဘူး၊ငါက.."
စကားကိုဆက်မပြောဘဲ ကြောက်နေသလိုအမူအရာလေးနဲ့ရင်းက သူနှစ်သက်တဲ့အပြုံးလေးကို ပြုံးပြလိုက်သေးတယ်။
ရင်းကို စိတ်အနှောက်ယှက်ဖြစ်အောင်မလုပ်ချင်တာမို့ သူသိထားတဲ့အမှန်တရားတွေကို ရင်းသိအောင်သာပြောဖို့တွေးလိုက်တော့တယ်။
"ရင်းက ရှောင်းအိမ်တော်က သခင်လေးရှောင်းကျန့်လို့ဝန်ခံမလို့မှတ်လား၊၅နှစ်ကျော်၆နှစ်လောက်ထိငါ့အနားမှာဒီတိုင်းနေလာပြီးခုမှဘာလို့ ပြောပြချင်နေရတုန်း ရင်းရဲ့"
အကြီးအကျယ်ကိုအံသြနေတဲ့ကောင်လေးရဲ့နှာခေါင်းချွန်ချွန်လေးကိုမနာအောင်ဆွဲဖျစ်ပြီးမေးလိုက်တော့
"ငါ..ငါ့ပါးပါးက ငါတို့အကြောင်းကိုသိသွားပြီ၊အဲ့ဒါ မင်းမိဘတွေလက်ခံမှ သဘောတူမယ်တဲ့၊အဲ့ဒါကြောင့်ငါကပြောတာ၊
ဒါနဲ့ မင်းက ငါ ရှောင်းကျန့်ဆိုတာကိုဘယ်အချိန်ထဲကသိနေတာလဲ "
အရမ်းကိုသိချင်နေတဲ့ကောင်လေးက သူ့အင်္ကျီစကိုဆွဲပြီး အဖြေမချင်းမေးနေတော့တာပဲ။
"ဘယ်အချိန်ထဲကသိလဲဆိုတာကအရေးကြီးလို့်လားကွာ"
"ကြီးတယ်၊ငါ ကရှောင်းအိမ်တော်ကမှန်းသိသိကြီးနဲ့မင်းငါ့အနားမှာနေတာထူးဆန်းတယ်၊ပြီးတော့ငါကမင်းကိုလိမ်ထားတာလေမင်းစိတ်မဆိုးဘူးလား"
ဟိုးအဝေးကြီးတွေလျှောက်တွေးနေတဲ့ ကောင်လေးရဲ့ခေါင်းကိုမနာအောင်ထုလိုက်ပြီး
"Hunza ကငါ့မွေးရပ်မြေလေ၊ ဘယ်နေရာမှာဘယ်လိုလူတွေနေတယ်ဆိုတာကိုတော့ ငါကောင်းကောင်းသိတာပေါ့"
"ဒါဆို ငါနဲ့စသိကတည်းကသိနေတာလား"
လန်ကျန့်ကခေါင်းငြိမ့်ပြလိုက်တော့ ရှောင်းကျန့်က ဒေါသထွက်ပြီးပေါက်ကွဲပါလေရော!!
ထွေးပိုက်ထားတဲ့ရင်ခွင်ထဲကအတင်းရုန်းပြီး လန့်ကျန့်ကိုမျက်နှာချင်းဆိုင်ကြည့်ကာရင်ဘက်ကိုတဘုန်းဘုန်းနဲ့ထုရိုက်နေတော့တယ်။
"ဘာဖြစ်လို့ ငါ့ကို ရင်းလို့ပဲခေါ်တာလဲ၊ငါ့မှာငါ့ဖြစ်တည်မှုကိုမင်းသိသွားရင်ငါ့ကိုမောင်းထုတ်မှာဆိုးလို့ ဖုံးလိုက်ကွယ်လိုက်ရတာ၊နေ့စဉ်ရက်ဆက်မင်းများသိသွားရင်ဆိုတဲ့စိတ်နဲ့ စိုးရိမ်ထိတ်လန့်နေခဲ့ရတာ၊လူဆိုးကောင် မင်းကတော့ငါ့ပါးစပ်ရှိသမျှပြောပြခဲ့တဲ့ငါ့မိဘအကြောင်းလုပ်ကြံဇာတ်တွေနားထောင်ပြီးငါ့ကိုဟားနေမှာပေါ့၊
တော်ပြီ မင်းကို ငါ စိတ်ဆိုးတယ်၊ငါ့ကိုစကားလာမပြောနဲ့"
မျက်ရည်တွေ တာကျိုးသလိုငိုနေတဲ့ကောင်လေးရဲ့စွပ်စွဲချက်တွေကိုဖြေရှင်းဖို့လန်ကျန့်က ရှေ့တစ်လှမ်းတိုးတော့ ရှောင်းကျန့်ကနောက်တစ်လှမ်းဆုတ်တယ်။
အခုချိန်မှာလိမ်ခဲ့တဲ့သူကအမှားလား၊လိမ်နေတာကိုမသိချင်ယောင်ဆောင်ပေးခဲ့တဲ့သူအမှားလား ဝေခွဲမရတော့၊
ရင်းက တခါတခါ ကလေးအရမ်းဆန်ပါတယ်။
"ငါအတွက် ရှောင်းအိမ်တော်ကသခင်လေး ရှောင်းကျန့်ထက် ရင်းဆိုတဲ့ ဟော့ဒီကပေတလူးလေးကိုပိုတွယ်တာတယ်။ဒါကြောင့် ငါ့အတွက်သီးသန့်ဖြစ်တည်ပေးတဲ့ ရင်း ဆိုတဲ့ ငါ့တစ်ဦးပိုင်နာမ်လေးကို ပိုတန်ဖိုးထားလို့ ရှောင်းကျန့်ဆိုတဲ့ရင်းရဲ့နာမည်ကို မေ့ထားပေးနိုင်တယ်"
ရင်ဘက်ခြင်း နီးတဲ့သူတွေအတွက် စကားလုံးတွေအများကြီးမလိုဘူး။
တစ်ယောက်ရင်ထဲကခံစားမူစကားလုံးတွေကို တစ်ယောက်က နားနဲ့နားမထောင်ဘဲ နှလုံးသားနဲ့ နားထောင်နိုင်ပါတယ်။
......
"ရင်း မကြောက်နဲ့နော် ငါ ရှိတယ်"
လက်ဖျားလေးတွေအေးစက်နေတဲ့ရင်းရဲ့လက်ကို ကိုင်ပြီးနှစ်သိမ့်လိုက်တော့ ရင်းကသူအဆင်ပြေပါတယ်ဆိုပြီးခေါင်းငြိမ့်ပြတယ်။
ဧည်ခန်းမှာအလှပြထားတဲ့ ရှေးဟောင်းနာရီ ဆီက ချိန်သီးသံတစ်ဂျောက်ဂျောက်က တိတ်ဆိတ်နေတဲ့အခန်းကို အသက်ဝင်စေတယ်။
စောင့်ဆိုင်းချိန် မိနစ်နှစ်ဆယ်ခန့်ကြာပြီးချိန်မှာတော့ လှေကားပေါ်ကတစ်လှမ်းချင်းဆီ ဆင်းလာတဲ့ဒေါက်ဖိနပ်သံ ကိုကြားလိုက်တယ်။
ရှောင်းကျန့် လှမ်းကြည့်လိုက်တော့သိပ်ကိုလှပတဲ့အမျိုးသမီးတစ်ဦး၊
ထည်ဝါမှုမာန်တွေနဲ့ပြည့်နက်နေတဲ့ ထိုအမျိုးသမီးကြီးဆီက အကြည့်စူးစူးကို ရရှိလိုက်တဲ့ရှောင်းကျန့်ကတော့ ကိုယ်လေးလေးကထိုင်နေတဲ့ဆိုဖာထဲ ကျုံ့ဝင်သွားသလို သိမ်ငယ်စိတ်ကိုခံစားလိုက်ရစေတယ်။
"မယ်မယ်..."
"ဟန်ကွမ်းကျွင်း မင်း မပြောနဲ့၊ မယ်မယ်ပြောမယ်"
လန်ကျန့်ရဲ့ အိမ်တော်နာမည်ဘွဲ့က ဟန်ကွမ်းကျွင်းဖြစ်ကြောင်းခုမှသိသွားတဲ့ရှောင်းကျန့်က ကြောင်တောင်တောင်လေးလန့်ကျန့်ကိုကြည့်ရှာတယ်။
"မင်းနာမည်က ဝေ့ရင်း ၊ ကျန်းအိမ်တော်ကမွေးစားထားတဲ့ ဒုတိယမြောက်သားပေါ့"
"ဟုတ်..ဟုတ်ပါတယ်၊ ဒါပေမယ့်..ကျွန်တော်က "
"ရင်းက ရှောင်းအိမ်တော်ရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူပါမယ်မယ်"
လန့်ကျန့် ဝင်ပြောပေးတာကို မကြိုက်သလိုမျက်မှောင်ကျုံ့ပြတဲ့ ထိုအမျိုးသမီးက လန်ကျန့်ရဲ့မေမေပါတဲ့၊
ရှောင်းကျန့် ဒူးတွေတုန်နေပြီ။
"သြော်...ဒါဆို မင်းက ရှောင်းစစ်ဟန်ရဲ့သားပေါ့၊ ကြုံမှ ကြုံတတ်ပါပေတယ်..."
လန်ကျန့်ရဲ့မေမေက ခပ်တိုးတိုးလေးရယ်နေပေမယ့်
အဲ့ဒီရယ်သံတွေဆီက မကောင်းတဲ့အငွေ့အသက်တွေကိုရနေတယ်။
လန်ကျန့်က ဝင်ပြောဖို့ပြင်လိုက်ပေမယ့် လန်ကျန့်မေမေရဲ့အကြည့်တစ်ချက်ကြောင့် ဖွင့်ဟတော့မယ့်နှုတ်ဖျားတွေက တံခါးပြန်ပိတ်သွားတယ်။
အခုအချိန် ရှောင်းကျန့်မှာ အားကိုးစရာလူမရှိတော့ဘူး။
သူ့အားသူကိုးပြီး လန်ကျန့်ရဲ့မေမေကို ရင်ဆိုင်ပြီး သူ့ကိုလန်ကျန့်နဲ့သဘောတူဖို့ ကြိုးစားရတော့မယ်။
"ကျွန်တော် လန်ကျန့်ကိုချစ်တယ်။ သူကိုအရမ်းချစ်တာမို့ စွန်လွှတ်လိုက်ဖို့၊မေ့ပြစ်ဖို့ကျွန်တော်ဘယ်တော့မှတွေးမှာမဟုတ်ဘူး။အန်တီတို့ရဲ့လူကြီးချင်း ဖြစ်ဖူးတဲ့ကိစ္စတွေထဲ ကျွန်တော်တို့နှလုံးသားတွေကိုဆွဲထည့်ဖို့မတွေးပါနဲ့၊ကျွန်တော်လန်ကျန့်ကိုရအောင်ယူမှာ"
ပြောချင်တဲ့စကားလုံးတွေကို မျက်စိစုံမှိတ်ကြောက်ကန် ကန်ကာ ပြောချလိုက်တော့ မထင်မှတ်ထားလို့နဲတူတယ်။လန်ကျန့်ရော သူ့မေမေရောခဏတာ ဆွံအသွားတယ်။
"အချစ်သူရဲကောင်းလေးပဲ၊မင်းရဲ့အချစ်ကိုအသိအမှတ်ပြုပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းနဲ့ ငါ့သားကိုတော့ ငါသဘောမတူနိုင်ဘူး"
"မယ်မယ်!!"
လန်ကျန့်က ထအော်တော့
"မင်း ဘာမှဝင်မပြောနဲ့၊ ပါးစပ်ပိတ်ပြီးနေနေ၊
ဒီမှာ ကောင်လေး၊ မင်းနဲ့ငါ့သားကိုသဘောမတူနိုင်ဘူးဆိုတာ မင်းအဖေနဲ့ငါတို့ကြားကရန်ညိုးတွေကြောင့်မဟုတ်ဘူး။
မင်းနဲ့သဘောမတူနိုင်တဲ့အကြောင်းပြချက်က သက်သက်ရှိတယ်"
ရှောင်းကျန့်က ပြိုကျတော့မယ့်မျက်ရည်တွေကို လက်သီးဆုပ်ပြီး တင်းခံထားတယ်။
သူ ထိုအမျိုးသမီးရှေ့မှာ မျက်ရည်မကျချင်ဘူး။
"ဘာလို့လဲ၊ ဘာလို့ကျွန်တော်နဲ့သဘောမတူတာလဲ"
လန်ကျန့်ရဲ့မေမေက ဆိုဖာပေါ် လှလှပပလေးထိုင်ချလိုက်ပြီး
"မင်း တကယ်ရောကြားချင်ရဲ့လား"
ရှောင်းကျန့်က အံကြိတ်လိုက်ပြီး
"ကျွန်တော်နဲ့လန်ကျန့်ကိုသဘောမတူနိုင်တဲ့အကြောင်းပြချက်ကိုပြောပြပါ၊ကျွန်တော်သိချင်တယ်"
"ဟုတ်ပြီ။ ဒါနဲ့ မင်းရဲ့ ယုံကြည်သက်ဝင်ကိုးကွယ်မှုက ဘယ်ဘာသာမှာမြုပ်နှံထားတာလဲ၊ ငါသိရသလောက် ရှောင်းစစ်ဟန်ရဲ့တရားဝင်မိန်းမက ဘာသာခြားနိုင်ငံခြားသူတစ်ယောက်ဆို၊မင်းကရော..."
ရှောင်းကျန့် လန်ယီရွမ်းရဲ့ စကားတွေရဲ့အဓိပ္ပါယ်ကို သေချာနားလည်လိုက်ပါပြီ!!
နှုတ်ခမ်းတစ်ဖက်အပေါ်တတ်သွားပြီးပြုံးလိုက်တဲ့ရှောင်းကျန့်ရဲ့အပြုံးကို လန်ကျန့်ကတော့ တစ်သက်မှာဒီတခါသာတွေ့ဖူးခဲ့တယ်။
"ကျွန်တော်က ပါးပါးနဲ့ဘုံကျောင်းလိုက်ဖူးသလိုမားမားနဲ့လဲဘုရားကျောင်းတက်ပါတယ်။ကျွန်တော်ပါးပါးနဲ့မားမားက ကိုးကွယ်ဆည်းကပ်မှုတွေမတူပေမယ့် ကျွန်တော်ကိုတော့သူတို့ကိုးကွယ်တဲ့ တရားဓမ္မတွေဆီကကောင်းတဲ့အချက်တွကိုသာလမ်းညွှန်ပြီးဆုံးမသွန်သင်ပေးပါတယ်၊ ကျွန်တော်ရဲ့ ကိုးကွယ်မှုနဲ့ ကျွန်တော်ရဲ့အချစ်ရေးရာက ဘယ်နေရာမှာမှ ဆက်နွယ်မှုမရှိဘူးလားလို့"
ရှောင်းကျန့်ရဲ့စကားတွေကိုနားထောင်ပြီး လီယီရွှမ်းက သဘောကျသွားတယ်။ရှောင်းကျန့်သာရှောင်းစစ်ဟန်ရဲ့သားမဟုတိခဲ့ဖူးဆိုရင် ဒီအချိန်မှာသူ သဘောတူရင်တူခဲ့မိမှာ။အခုတော...
"လူတစ်ယောက်နဲ့တစ်ယောက် ကိုးကွယ်မှု၊အဆုံးအမတရားတော်တွေမတူတဲ့အခါ အတွေးအခေါ်တွေကလဲထပ်တူကျမှာမဟုတ်ဘူး။
ချစ်နေတုန်းတော့မသိသာပေမယ့်..အချိန်ကြာလာတဲ့အခါ အတွေးအခေါ်၊ယဉ်ကျေးမှု၊ ဘာသာတရားအဆုံးအမ၊စတဲ့မတူညီမှုတွေကအိမ်ထောင်ရေးကို ထိခိုက်ပွန်းပဲ့စေတယ်။ဥပမာ..မင်းပါးပါးနဲ့ မင်းမားမားလို့ပေါ့"
"ဟုတ်ကဲ့၊ဘာသာတရားအဆုံးအမထပ်တူမကျပေမယ့် ရိုးမြေကျပေါင်းသင်းနေထိုင်သွားတဲ့စုံတွဲတွေလဲအများကြီးပါပဲ။ အကြောင်းပြချက်ကိုမရှိရှိရာရှာနေတာလို့မြင်တာကြောင့် ကျွန်တော်ဒီထက်ပိုပြီးရှင်းမပြတော့ဘူး။ကျွန်တော်ဆက်ပြောနေလဲ လန်ကျန့်နဲ့သဘောမတူတဲ့အန်တီဆီမှာ. အခြားသောအကြောင်းပြချက်တွေကရှိနေအုံးမှာပဲလေ၊ဆိုတော့ ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"
ရှောင်းကျန့်ရဲ့သည်းခံနိုင်စွမ်းတွေက ဒီနေရာမှာတင်ကုန်ဆုံးသွားပြီ။
သူလှည့်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လန်ကျန့်ကိုတော့ထားခဲ့မှာမဟုတ်ဘူး။
ကျောခိုင်းထားပေမယ့် လန်ကျန့် ဘာဖြစ်နေမလဲသူသိပါတယ်။
လန်ကျန့်က အတူလိုက်လာဖို့ပြင်နေတာမို့ လန်ယွီရွှမ်းက လန်ကျန့်ကိုစကားလုံးတွေနဲ့ထိုးနက်နေပြန်တယ်။
လန်ကျန့်က သူနောက်ကို လိုက်မလာတော့ပေမယ့် သူကတော့လန်ကျန့်ကိုခေါ်ပြီး အဝေးဆုံးကို ထွက်ပြေးချင်နေမိပြီ။
............
Hunza ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်လာတဲ့ ရှောင်းကျန့်က သူ့တွေးထားတဲ့ လုပ်ဆောင်ချက်တွေကိုအကောင်အထည်ဖော်ဖို့ အစီအစဉ်ချနေပြီ။
ဒီလောကကြီးမှာသူယုံကြည်ရတဲ့သူဆိုလို့ ကျန်းချန်ရယ် အားရီတို့လင်မယားရယ်ပဲရှိတယ်။
ကျန်းချန်ကတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး သူ့ကိုကူညီမှာမဟုတ်ဘူး။
အားရီတို့လင်မယားနှစ်ယောက်ကသာသူရဲ့နောက်ဆုံးမျော်လင့်ချက်ကောက်ရိုးမျှင်လေး။
"အားရီ ကျွန်တော့်ကို ဒီစာလေးကို လန်အိမ်တော်က အစ်ကိုရှီးချန်ဆီပို့ပေးပါ"
တစ်ချက်လွတ်အမိန့်နဲ့တိုက်ပိတ်ခံထားရတဲ့လန်ကျန့်ကို ခေါ်ထုတ်ဖို့ သူ့တို့ချစ်ခြင်းအပေါ် ဂရုဏာထားလွန်းတဲ့အစ်ကိုရှီးချန်ရဲ့အကူအညီကိုယူုမှရမယ်။
ဒီလ ၅ရက်နေ့ကျရင် မြို့အဝင်လမ်းက ခြံကြီးဆီမှာ သူ့ကိုစောင့်နေပေးဖို့ ရေးထားတဲ့စာကို အားရီကိုပေးလိုက်တယ်။
"အားရီ ကျွန်တော့်ကို ကူညီပေးပါနော်၊ ကျွန်တော့်ကိုသနားတယ်ဆိုရင် ဒီစာလေးကို အစ်ကိုရှီးချန်လက်ထဲ ရောက်အောင်ပို့ပေးပါနော်"
၃ရက်တိုင်တိုင်အစားရေစာအဖြတ်ခံပြီး ဒုက္ခခံလိုက်တာက အားရီရဲ့ကြောက်တတ်တဲ့စိတ်ကိုအနိုင်ယူလိုက်ပုံရတယ်။
ခေါင်းငြိမ့်ပြပြီးသူကူညီပေးမယ်လို့ ပြောကာစာလေးကိုယူသွားပြီ။
ရှောင်းကျန့်စီစဉ်ထားသမျှ အကွက်စေ့ အောင်မြင်နေတာမို့ အပျော်ကြီးပျော်နေတော့တယ်။နောက်မကြာခင်မှာ သူချစ်တဲ့လန်ကျန့်နဲ့အတူတူ အတ္တတွေ ပြည့်နက်နေတဲ့ ဒီအိမ်တော်တွေထဲက ထွက်ပြေးကြမယ်။
ဘဝတစ်ခုကိုနှစ်ယောက်အတူတူ တည်ထောင်ပြီးသာယာတဲ့ မိသားစုလေးကိုဖန်တီးမယ်။
လေထဲတိုက်ဆောက်နေတဲ့စိတ်ကူးယဉ်မှုတွေနဲ့ ရှောင်းကျန့်မျက်နှာလေးက အပျော်တွေကြောင့် ဝင်းပရွင်းလန်းနေတော့တယ်။
#MalEaint