19

7.2K 749 26
                                    

တော်တော်ကိုထူးဆန်းနေတယ်။အိမ်ကခိုးထွက်လာရပေမယ့် ဘာအခက်အခဲမှ မရှိ !အရမ်းကြီးလွယ်ကူနေသလိုပဲ။
အာရီး ဖွက်ထားပေးတယ်ဆိုသောကားကနှစ်အိမ်ကျော်မှာရပ်ထားတယ်။ကြောက်လန့်စိတ်နဲ့လက်တွေတုန်နေပေမယ့် အသက်ကိုခပ်ပြင်းပြင်းမှုတ်ထုတ်ပြီး
သော့ကိုဖွင့် ကားကိုမိုင်ကုန်မောင်းလိုက်တော့တယ်။
သူ လန်ကျန့်နဲ့ တွေ့ချင်နေပြီ။

မြို့အဝင်လမ်းကိုမရောက်ခင်မှာပဲ မိုးဖွဲလေးတွေကျလာတယ်။
ဒုက္ခပါပဲ! လန်ကျန့်က မိုးရာသီကိုမကြိုက်သလို စိုစိုစွက်စွက်ဖြစ်တဲ့ခံစားမှုကိုလဲမနှစ်သက်ဘူး။
မိုးကလဲ တဖြေးဖြေးနဲ့ သည်းလာတယ်။
အရှိန်ပြင်းစွာ ကျနေတဲ့မိုးရေစက်တွေကြားက ရှေ့ကိုအာရုံစူးစိုက်ကြည့်ရပြီးကားကိုခက်ခက်ခဲခဲနဲ့မောင်းခဲ့ရတယ်။

ရှေ့မှာလှမ်းမြင်နေရတာက သူတို့ ချိန်းဆိုထားတဲ့နေရာလေး။
ရင်ဘက်ကတဒိတ်ဒိတ်နဲ့ ခုန်လာပြန်ပြီ။
သူစိတ်လှုပ်ရှားနေတယ်။ပြီးတော့ရင်လည်းခုန်နေတယ်။
ဒီတစ်နေ့ပြီးရင် သူနဲ့လန်ကျန့်က အခက်အခဲတွေကိုနှစ်ယောက်အတူရင်ဆိုင်ဖြေရှင်းရတော့မယ်။အိမ်ထောင်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်သွားရင် လန်ကျန့်ကသူ့ကိုအရင်ကထက်ပိုချစ်ပေးမှာပါ။

ကားထဲကနေ တရုတ်စကားပင်ကြီးရှိတဲ့ ခြံကြီးကိုလှမ်းကြည့်လိုက်တယ်။
အခြေအနေတွေပြန်တည်ငြိမ်သွားရင် ဒီခြံကြီးကိုဝယ်မယ်။
မြတ်နိုးခြင်းလို့အဓိပ္ပါယ်ရတဲ့ ပန်းတွေကိုတစ်ခြံလုံးအပြည့်စိုက်မယ်။ပြီးရင် လန်ကျန့်ပေါင်ပေါ် ခေါင်းအုံးအိပ်ပြီး ကောင်းကင်ပြာပြာကြီးကိုငေးကြည့်မယ်။

အပြင်မှာ မိုးတွေရွာနေတာမို့ကားထဲကနေ ထိုင်စောင့်နေတဲ့ရှောင်းကျန့် ခြေထောက်တွေကျင်လာတော့မှ အိပ်ငိုက်နေရာက သတိပြန်ဝင်တော့တယ်။
နာရီကိုကြည့်တော့ ၈:၃၀မိနစ်ရှိနေပြီ။
သူ ဒီနေရာကိုရောက်နေတာ ၃နာရီကျော်သွားပြီ။ဘာလို့လန်ကျန့်ကမလာသေးတာလဲ။ဖုန်းဆက်တော့လည်းဆက်သွယ်မူဧရိယာပြင်ပလို့ပဲပြောနေတယ်။

စောင့်နေတဲ့နေရာခြင်း လွဲနေတာလားမသိဘူးဆိုပြီးတွေးမိတော့ ကားပေါ်က ဆင်းပြီးလန်ကျန့်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။
မိုးရေကျတာကလဲ ပိုပြီးများလာသလိုပဲ။
ခေါင်းကနေတဆင့် စီးလာတဲ့မိုးရေတွေက သူ့တကိုယ်လုံးကိုရွှဲစိုနေပြီ။

EGOISM Where stories live. Discover now