အမှတ်မထင်ဖူးစားရှင် (Complete)

By user24694613

157K 10K 432

Xiao Zhan ❤️💚 Wang Yibo More

Part 1(Uni&Zaw)
Part 2(Uni&Zaw)
Part 3(Uni&Zaw)
Part 4(Uni&Zaw)
Part 5 (Uni&Zaw)
Part 6(Uni&Zaw)
Part 7(Uni&Zaw)
Part 8 (Uni&Zaw)
Part 9 (Uni&Zaw)
Part 10 (Uni&Zaw)
Part 11 (Uni&Zaw)
Part 12(Uni&Zaw)
စျေးဗန်းခင်းချင်လို့ပါရှင့်
Part 13 (Uni&Zaw)
Part 14 (Uni&Zaw)
စျေးဗန်း😁😁😁
Part 15(Uni&Zaw)
Part 16 (Uni&Zaw)
Part 18 (Uni&Zaw)
Part 19(Uni&Zaw)
Part 20(Uni&Zaw)
Part 21(Uni&Zaw)
Part 22 (Uni&Zaw)
Part 23 (Uni&Zaw)
Part 24(Unii&Zaw)
Part 25(Uni&Zaw)
Part 26 (Uni&Zaw)
Part 27(Uni&Zaw)
Part 28(Uni&Zaw)
Part 29 (Uni&Zaw)
Part 30 (Uni & Zaw)

Part 17 (Uni&Zaw)

3.7K 263 0
By user24694613

Part 17 (Unicode)

ရှောင်းကျန့်လဲဝမ်လေးသူ့ဆီ ရောက်နေတာတစ်ပတ်ပင်ပြည့်ပြီဖြစ်သောကြောင့် ဝမ်လေးအိမ်သို့လိုက်ပို့ရန်ပြင်လေသည်

''ဝမ်လေးပြီးပြီလား သွားရအောင်လေ´´

''ဟုတ်ကော ပြီးပြီ ´´

''ဒယ်ဒီနဲ့ပါးပါးသားလဲလိုက်ချင်တယ်´´

''နောက်မှ ခေါ်မယ်သား´´

''နောက်တစ်ခေါက် ကျရင်ခေါ်မယ်နော်ဖန်ရှင်း´´

''ဟုတ်ကဲ့ပါ ဒယ်ဒီနဲ့ပါးပါး ´´

ဒီလိုနဲ့ရှောင်းကျန့်နဲ့ဝမ်လေးအဖွားအိမ်သို့ရောက်လာလေသည် ဝမ်လေးတစ်လမ်းလုံးကားပေါ်မှာ အဆင်ပြေစေဖို့ဆုတောင်းနေသည်ကိုမြင်ရသည်မှာ အသဲယားစရာအတိပင် လက်လေးနှစ်ဖက်ယှက်ပြီး မျက်လုံးလေးစုံမှိတ် စိုစိုအိအိနှုတ်ခမ်းလေးကတစ်ချက်တစ်ချက် စုချွန်လာပုံမှာ စိတ်ကိုမနည်း ထိန်းထားရလေသည်

''စိတ်မပူပါနဲ့ ဒီတစ်ခါ ကော ဘယ်မှထွက်မသွားတော့ဘူးကတိပေးတယ် ဝမ်လေးဘေးနားမှာပဲတစ်သက်လုံး  တောက်တဲ့လိုကပ်နေမှာ စိတ်ချနေနော်´´

''စိတ်မပူပါနဲ့ ကောတို့အကောင်းဆုံးကြိုးစားရင်ဆိုင်ပြီး အတူတူ ဖြတ်ကျော်ကြမယ်´´

''ဟုတ်ကဲ့ ကော ဝမ်လေးကစိတ်ပူလို့ပါ ကောနဲ့မဝေးချင်ဘူး´´

''စိတ်ချပါ ဘယ်တော့မှမဝေးစေရဘူးနော်´´

''ဟုတ်ကဲ့ကော ´´

''ရှေ့ကခြံဆိုရောက်ပြီကော ဟွန်းတီးလိုက်´´

''အင်းအင်း´´

တီတီ

ရှောင်းကျန့်လဲဝမ်လေးပြောတာနဲ့ ကားကိုဟွန်းတီးလိုက်တော့ ခြံတံခါးလာဖွင့်ပေးတာနဲ့တစ်ခါတည်းဝင်လာရင်းကခြံထဲမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်သည် အတော်ကျယ်တဲ့ခြံ ချမ်းသာတဲ့သူတွေနေတဲ့နေရာလို့ ပြောစရာမလိုအောင်ပင် အပြင်အဆင်ကခန့်ထည်လှသည် ပေါ်တီအောက်ကားရပ်လိုက်ပြီး အိမ်ကြည့်လိုက်တော့ ဝါးးးးးး အိမ်လား နန်းတော်လား လို့ပင်ထင်ယောင်ထင်မှားဖြစ်မိသည် ဝမ်လေးဒီလောက်ချမ်းသာမှန်းသူမသိပေ မသိဆိုတာထက်ဝမ်လေးပိုင်ဆိုင်မှုကို စိတ်မဝင်စားတာဆိုတာပိုမှန်မည် ဒီလိုချမ်းသာပြီးလိုလေးသေးမရှိ လက်ညှိုးညွှန်ရာ ရှေ့မှောက်အရောက်ပို့နိုင်လို့လဲ သူနဲ့စတွေ့တုန်းကဝမ်လေး ပိုက်ဆံကိုမသိခြင်းဖြစ်လိမ့်မည်ဟု တွေးမိလေသည်

''သြော် ရောက်လာကြပြီလား ဝင်ခဲ့လေ´´

''ဟုတ်ကဲ့ ဖွား ပြန်ရောက်ပါပြီ´´

''ကောကိုပါခေါ်လာတယ်ဖွား´´

''ကောလာဝင်ခဲ့လေ´´

''အင်းအင်း´´

ဝမ်လေးအဖွားပါးစပ်ကနေဝင်လာခဲ့ခေါ်ပြီးသူကရှေ့ကနေဦးဆောင်ပြီးသွားလေသည် ဧည့်ခန်းထဲကဆိုဖာပေါ်မှာမိန့်မိန့်ကြီးထိန်ပြီးစောင့်နေလေသည် မျက်လုံးကတစ်ခုခုကိုပြောချင်နေတာကိုလဲ ရှောင်းကျန့်ရိပ်မိသည် ရှောင်းကျန့်တို့အနားမရောက်သေးလို့ထိုင်စောင့်နေပုံပင် ရှောင်းကျန့်လဲ သူ့ကိုနှုတ်ကဖွင့်ပြောစရာမလိုအောင်လူကဲခတ်တဖက်ကျွမ်းနေပြီဖြစ်သည်

''ဖွား  ဝမ်လေး ´´ဆိုပြီးမြေးဖွားနှစ်ယောက်ပြိုင်တူပြောမိကြသည်

''အဖွားပြောစရာရှိတယ်´´

''ဝမ်လေးလဲတောင်းဆိုစရာရှိတယ်´´

''ဖွားအရင်ပြောမယ် အခုဝမ်လေးတောင်းဆိုမယ့်အရာက ဝမ်လေးတို့ကအတူပြန်လာတာဆိုတော့ ဖွားကိုသဘောတူပေးဖို့ပဲပြောမှာမလား´´

''သဘောမတူနိုင်ဘူး မြေးလေး´´

''အခုမြေးစေ့စပ်ပွဲပျက်တာရယ် မြေးလေး စေ့စပ်ပွဲခန်းမကနေ ယောကျ်ားလေးတစ်ယောက်နဲ့လက်ဆွဲပြီးအတူထွက်သွားတာကို ကုမ္မဏီ ရဲ့တချို့လူတွေကမြင်သွားတယ် အခုကုမ္မဏီ ရှယ်ယာစျေးတွေထိုးကျနေတယ် ဒီလိုမဖြစ်ခင် မြေးလျှို့ဝှက်ပြီး လုပ်ထားတဲ့ပရော့ဂျက်လဲ အခိုးခံလိုက်ရတယ် ဒီတပတ်အတွင်းမှာ ကုမ္မဏီမှာ ရှုပ်ထွေးနေတယ် ´´

''မြေးကိုအကြောင်းမကြားတာကဖွားမြေးလေးစေ့စပ်ပွဲကိစ္စကြောင့် စိတ်ပင်ပန်းနေမယ်ထင်လို့ လက်ထပ်ပွဲကတော့မဖြစ်နိုင်ဘူး ဖွားတို့မျိုးဆက်အတွက်လဲထည့်စဥ်းစားရမယ်´´

''ဟင့်အင်း မစဥ်းစားနိုင်ဘူး ဖွား မြေးက ကောမရှိရင်မဖြစ်ဘူး´´

''ဖွားသဘောတူပေးပါ ´´

''ဖွားသဘောတူပေးပါ သားကုမ္မဏီကိုအဆင်ပြေအောက်ပြန်လုပ်ပေးမယ်´´

ဝမ်လေးနဲ့အဖွား စကားအခြေအတင်ပြောနေတာကိုနားထောင်နေရင်းကနေရှောင်းကျန့် ဆိုဖာပေါ်ကနေဆင်းပြီး ဖွားရှေ့ဒူးထောက်ထိုင်ချလိုက်ပြီး

''အဖွား ကျွန်တော်နဲ့ဝမ်လေးကိုသဘောတူပေးပါ´´

''ဖွားသာသဘောတူပေးမယ်ဆို ကျွန်တော်ဘာပဲလုပ်ပေးရပေးရပါဖွား´´

''ကျွန်တော်ဝမ်လေးနဲ့မခွဲနိုင်ဘူး ဒီတစ်ခေါက်ဝေးရင် သေရပါလိမ့်မယ်´´

ကောာ ဆိုပြီးဝမ်လေးလဲရှောင်းကျန့်နှင့်အတူ ဒူးထောက်ပြီး

''ဟုတ်တယ်ဖွား ကောတင်မဟုတ်ဘူး ဒီတစ်ခါဝေးရင် ​သားပါသေမှာ´´

''သဘောတူပေးပါ ဖွားရယ်နော်´´

''ဝမ်နင်တို့လာကြစမ်း မြေးကိုအခန်းထဲပို့ပေးလိုက်´´

ဆိုပြီး ဝမ်နင်တို့သက်တော်စောင့်လေးယောက်ဝမ်လေးကို ဆွဲခေါ်သွားကြသည်

''ဖွားးးးးသားကိုအဲ့လိုမလုပ်နဲ့ သားကောနဲ့မခွဲနိုင်ဘူးလို့ မရဘူးနော်ဖွားဒီတစ်ခါခွဲလို့မရဘူး ဖွားးးးးး´´

''လွှတ်လို့ လွှတ် ဝမ်နင် ပြောနေတာမကြားဘူးလား´´

''ခွင့်လွှတ်ပါ ဖွားအမိန့်ကြောင့်ပါ သခင်လေး´´

''ဖွားးးးးးးးး´´

''ဝမ်လေးစိတ်မပူပဲလိုက်သွားလိုက်ပါ ဘယ်လိုပဲဖြစ်ဖြစ်ကောဆက်ကြိုးစားမှာမို့စိတ်မပူပဲ ဝမ်လေးသာနေကောင်းအောက်နေပါ လိုက်သွားနော် ဆိုပြီး ´´

အော်ပြောလိုက်သည်

''ရှောင်းကျန့်မင်း ပါရဂူဆရာဝန်တစ်ယောက်ဆိုတော့အဖွားမနှင်ချင်ဘူး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ထွက်သွားပေးပါ´´

''ဟုတ်ကဲ့ ဖွား ကျွန်တော်အခုတော့သွားလိုက်ပါဦးမယ် ကျွန်တော် အရှုံးပေးတာမဟုတ်ဘူးနော် ဝမ်လေးနဲ့အတူနေရဖို့ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်ဆက်ကြိုးစားဦးမှာ အခုက အဖွားစိတ်ရှုပ်နေတယ်ထင်လို့ ပြန်မှာပါ´´

''နောက်နေ့ဆက်လာခဲ့ပါဦးမယ်´´

အဖွားသည်ဘာမှပြန်မပြောပေ

.............................................................................................

ဒီလိုနဲ့ရှောင်းကျန့်ဘယ်လောက်ကြိုးစားကြိုးစားဖွားကခြံတံခါးတောင်မဖွင့်ပေးပေ

အခန်းထဲကဝမ်လေးကလဲ အစာငတ်ခံဆန္ဒပြ ပြီးနေလေသည် ခြံထဲလဲမဆင်းသလို မည်သူ့မှ လဲစကားမပြောပေ

ဝမ်နင်မှာ သခင်လေးကိုကြည့်ပြီးသနားနေမိသည် ချစ်မယ်မှမကြံသေးထပ်ဝေးရသူချစ်သူနှစ်ဦးကိုကြည့်ပြီးစိတ်မကောင်းပေ သို့ပေမယ့်သူဘာမှမတတ်နိုင်ပေ ဖွားကြီးက ကုမ္မဏီသွားရင် သူ့ခေါ်သွားသည် ဝမ်လေးကိုစောင့်သည်နေရာမှာတခြားသူကိုအစားထိုးသည် သူ့ကိုဆိုဝမ်လေးနိုင်ပြီး သူကလဲသူ့ညီငယ်လေးလို ဖွားဖွားကြီးမသိအောင် အလိုလိုက်သည် ဒါကိုဖွားဖွားကြီးရိပ်မိလို့အခုလိုစီစဥ်ခြင်းဖြစ်သည်

ဒီနေ့ဝမ်နင်ဖွားဖွားကြီးအား ကားဘေးနားရပ်စောင့်နေစဥ်မှာပဲ ရှောင်းကျန့်ကောရောက်လာပြီး ဝမ်လေးကိုဖုန်းပေးပေးရန်သူ့ကိုအကူအညီတောင်းပြီးလက်ထဲဖုန်းထည့်၍​ထားသွားလေသည်

ဝမ်နင်လဲဖွားဖွားကြီးမလာခင် ဖုန်းအားအရင်သိမ်းလိုက်လေသည် ထို့နောက် အိမ်ပြန်ရောက်သောအခါ ဝမ်နင်မှာဖွားဖွားကြီးအလစ်ကိုစောင့်နေရသည် ဖွားဖွားကြီး ဘုရားခန်းထဲဝင်သွားတာနဲ့တစ်ပြိုင်နက် သူသခင်လေးအခန်းတံခါးခေါက်လိုက်သည်

''ဒေါက် ဒေါက်´´

''ဘယ်သူလဲ ဘာမှလာမကျွေးနဲ့မစားဘူး မသောက်ဘူး အခန်းထဲလဲ မဝင်လာခဲ့နဲ့နော်´´

''သခင်လေး ကျွန်တော်ဝမ်နင်ပါ တံခါးလေးမြန်မြန်လာဖွင်းပေးပါ´´

ဆိုပြီးတိုးတိုးပြောလေသည်

ဝမ်လေးလဲဝမ်နင်ဆိုတာနဲ့ကုတင်ပေါ်ကထလာလိုက်သည် တခြားသူဆိုမဖွင့်ပေးချင်ပေမယ့် ဝမ်နင်ကတော့သူ့ကိုအလိုလိုက်တတ်သူမို့ ထဖွင့်ပေးခြင်းဖြစ်သည်

''ဘာလဲ အခုမှလာပြီး မခေါ်နဲ့ အစ်ကိုဝမ်နင်ကိုလဲဝမ်လေးစိတ်ဆိုးတယ် ´´

''အင်းပါကွာ စိတ်ဆိုးလဲနောက်မှဆိုး အခုတော့ဒါလေးမြန်မြန်ယူ ´´

''ဘာလဲ ဘာကြီးလဲ ´´

''ရှောင်းကျန့်ကောပေးခိုင်းတာ ဖုန်းတဲ့ ရော့အမြန်ယူ ဖွားဖွားကြီးမလာခင် ကျွန်တော်အောက်ထပ်ပြန်ဆင်းရမှာ´´

''ဟုတ်ဟုတ် ကျေးဇူးအများကြီးတင်ပါတယ် ဝမ်လေးစိတ်မဆိုးတော့ဘူးနော်´´

''အင်းအင်း ဝမ်နင်နောက်မှလာခဲ့မယ်´´

''ဟုတ်ကဲ့အစ်ကိုဝမ်နင်´´

ဝမ်လေးလဲသူ့လက်ထဲဖုန်းရောက်လာတာနှင့် တံခါးလော့တန်းချလိုက်ပြီး ဖုန်းဖွင့်ပြီး ကောနံပါတ်သို့ခေါ်လိုက်လေသည် တဖက်ဖုန်းဝင်သွားတာနဲ့ ကောဘက်မှ ဟဲလိုလုပ်ယုံပင်ရှိသေး သူ့ဘက်ကနေပြီး သူဘယ်လောက်လွမ်းနေကြောင်းသတိရနေကြောင်း အတူနေရဖို့ အစာငတ်ခံဆန္ဒပြကြောင်းကိုမနားတမ်း ပြောမိလေသည်

''ဟားးးးးးဝမ်လေးကကောကို အရမ်းလွမ်းနေတာပဲ´´

''အင်း ဟုတ်တယ်လေ ကောကမလွမ်းဘူးလား´´

''လွမ်းတာပေါ့ကွာ လွမ်းလွန်းလို့ အသံလေးကြားရကြားရဆိုပြီးကောအတင့်ရဲပြီး ဝမ်နင်ဆီကိုဖုန်းမရမကအတင်းထိုးပေးခဲ့တာ ဝမ်လေးဆီဖုန်းပြန်ရောက်မယ်ဆိုတာကောသိတယ်လေ´´

''ဟုတ်ပါပြီ ´´

''အရမ်းလွမ်းနေပြီကော´´

''ကောလဲအတူတူပါပဲ ဝမ်လေးရယ်´´

''ဟုတ်ကဲ့ကော အမြန်ပင်အဆင်ပြေစေချင်လှပြီ အင်းမကြာခင်ပေါ့ ဝမ်လေးကုမ္မဏီကော ပြန်အဆင်ပြေပြီလား´´

''သိဘူး ဝမ်လေးမှအခန်းထဲကမထွက်တာ´´

''ဟာာအဲ့လိုမလုပ်ရဘူးလေ ဝမ်လေးကအဖွားကိုကူညီပေးမှ ကောတို့အတူတူနေဖို့ကို ပိုလောလို့ရတာပေါ့ မဟုတ်ဘူးလား´´

''ဟုတ်ကဲ့ကော´´

ဒီလိုနဲ့ထွေရာလေးပါး​ဖုန်းပြောရင်းအလွမ်းသည်နေကြသည်

Part 17 (Zawgyi)



''ဟုတ်ကော ပြီးပြီ ´´


''နောက်မှ ခေါ်မယ်သား´´








''ဟုတ်ကဲ့ကော ´´


''အင်းအင်း´´

တီတီ





''ကောလာဝင်ခဲ့လေ´´

''အင်းအင်း´´



''အဖွားပြောစရာရှိတယ်´´




''အခုမြေးစေ့စပ်ပွဲပျက်တာရယ် မြေးလေး စေ့စပ်ပွဲခန်းမကနေ ယောက်ျားလေးတစ်ယောက်နဲ့လက်ဆွဲပြီးအတူထွက်သွားတာကို ကုမ္မဏီ ရဲ့တချို့လူတွေကမြင်သွားတယ် အခုကုမ္မဏီ ရှယ်ယာဈေးတွေထိုးကျနေတယ် ဒီလိုမဖြစ်ခင် မြေးလျှို့ဝှက်ပြီး လုပ်ထားတဲ့ပရော့ဂျက်လဲ အခိုးခံလိုက်ရတယ် ဒီတပတ်အတွင်းမှာ ကုမ္မဏီမှာ ရှုပ်ထွေးနေတယ် ´´



''ဖွားသဘောတူပေးပါ ´´














''ဖွားးးးးးးးး´´


အော်ပြောလိုက်သည်





.............................................................................................






''ဒေါက် ဒေါက်´´







''ဘာလဲ ဘာကြီးလဲ ´´




''ဟုတ်ကဲ့အစ်ကိုဝမ်နင်´´





''ဟုတ်ပါပြီ ´´

''အရမ်းလွမ်းနေပြီကော´´





''ဟုတ်ကဲ့ကော´´


Continue Reading

You'll Also Like

589K 36.8K 73
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
622K 59.3K 36
Taekook 💜 ( Own Creation )
16.9K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
492K 66.9K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...