မေးရင်ပြန်ဖြေ လိုအပ်ရင်ခေါင်းညိတ်ခေါင်းခါလုပ်ရုံထက်ပိုပြီး
ထမင်းစားရင်းစကားမပြောတတ်သည့် ဦးသည်
ခုလည်း ထမင်းစားခြင်းမှာ စိတ်နှစ်လျက် hannie ဆီသို့
ယောင်ယမ်းပြီးတော့တောင် လှမ်းကြည့်မလာခဲ့ပါ..။
မနေ့ကကိစ္စကို ဦးစိတ်ထဲဘယ်လိုမှမနေဘူးလား..။
အတွေးနှင့်အတူ ထပ်ခိုးကြည့်မိတော့ ထမင်းကိုသေသေ
သပ်သပ်ဝါးနေသည့် နှုတ်ခမ်းတွေဆီမထင်မှတ်ဘဲ
အကြည့်ရောက်၏
ဒါ မနေ့က ငါနမ်းခဲ့တဲ့နှုတ်ခမ်းလား...။
ဒိတ်ခနဲရင်ခုန်သွားသည့်နောက် ဖွေးလင်းနေသည့်မီးရောင်
အောက်မှာ သန့်ပြန့်ချောမောနေသည့်ဦးမျက်နှာအား
သတိလက်လွတ်ငေးကြည့်မိသည်။
ခပ်တိုတိုဆံပင်တို့ နယ်ကျူးနေသည့်နားထင်နှင့် လေးထောင့်ဆန်ဆန်နဖူး တိုစိပ်စိပ်မျက်တောင်တို့ ဝန်းရံထား
သည့် စူးရှသောမျက်လုံးများမှ နှာတံစင်းစင်း။
ပြီးတော့ အထူအပါးညီပြီး ပီရိသေသပ်သည့်နှုတ်ခမ်းတစ်စုံ..။
"hannie..."
"ဟင်.."
ကိုကို့ခေါ်သံကြောင့် hannie သတိဝင်လာ၏
"hannie..ဖေဖေ hannie ကိုတစ်ခုခုဆူထားလို့လား"
ဇွန်းခပ်ရင်းကိုင်ထားသည့် Sehun ၏လက်တွေတုံ့ဆိုင်း
သွား၏တစ်ချိန်လုံး သူ့ကိုကြည့်နေမှန်းသိလျက်နှင့် မျက်လုံး
ချင်းမဆုံအောင် ကြိုးစားနေခဲ့သမျှ hannie ထံအကြည့်က
ထိန်းမရသိမ်းမရ ရွေ့လျားသွားသည်။
hannie ကအောက်နှုတ်ခမ်းလေးဖိကိုက်ထားလျက်
Junhan ကိုလှည့်ကြည့်ပြီး ယောင်နနလေးခေါင်းခါ၏
ထိုအခါကြမှ ဟူးခနဲသက်ပြင်းချရင်း ရေခွက်ကိုလှမ်းယူ
သောက်မိသည်။
မလွယ်ပါလား...၊
တကယ်ဆို မနေ့ကကိစ္စက သူ့ခေါင်းထဲမှာမရှိတော့ပါ
မိသားစုနှစ်စုညစာစားမယ်ဆိုပြီး စားဖြစ်ခါမှ hannie က
သူ့ကိုတကြည့်ကြည့်လုပ်လာသည်။ကြည့်ရုံပဲမဟုတ်
အပြစ်တင်သလို မကျေနပ်သလို နှုတ်ခမ်းလေးပင်
စူနေသေးသည်။မသိရင် သူ့မှာပဲအပြစ်ရှိနေသလိုလို...။
"ဒီကောင်လေး ဒီပုံစံလုပ်နေရင်တော့အားလုံးသတိထားမိ
တော့မှာပဲ"လို့အတွေးပင်မဆုံးသေး။ hannie မျက်နှာ
တကြည့်ကြည့်လုပ်နေသည့်သားက ချက်ချင်းရိပ်မိသွားပြီး
ထမေးလာသည်။ hannie ဆီမှ "မဟုတ်ဘူး" ဆိုသည့်
ခေါင်းခါသည့်အဖြေထွက်လာမှ သူစိတ်သက်သာရာရသည်။
ဒါတောင် သားက hannie အဖြေကိုမကျေနပ်ဘဲ
စူးစမ်းနေတုန်း။ဟန်မပျက် ထမင်းဆက်စားနေရသည့်တိုင်
စားလို့လည်း မကောင်းတော့ပါ။အထပ်ထပ်အခါခါ ကိုယ့်
ကိုယ်ကိုအပြစ်တင်နေမိတာ မနေ့ကသားရဲ့ကားကိုယူစီး
မိသည့်အဖြစ်ကိုပင်။ မနေ့ကသူ့ကားပျက်နေ၍ သားကို
လာခေါ်ခိုင်းရသည်။ပြီးတော့ ဧည့်ခံပွဲသွားစရာရှိ၍ သွားဖို့
လာဖို့ပြင်ဆင်ရန် အိမ်ကိုအမြန်ပြန်ခဲ့ခြင်းဖြစ်သည်။
သားပါ သူနဲ့အတူပြန်လိုက်ခဲ့ရင်လည်း ဒါမျိုးမှားမှာမဟုတ်။
သားကလည်း Singapore မထွက်ခင်သူငယ်ချင်းတွေနဲ့
ပျော်ဖို့ပါးဖို့ချိန်းထားပြီး သူ့လမ်းကြောင်းနဲ့သူအိမ်ပြန်မလိုက်တော့ ပိုဆိုးသွား၏ တိုက်ဆိုင်မှုက ဒီလိုဖြစ်လာလိမ့်မည်ဟု
ဘယ်သူထင်မှာလဲ...။
hannie ကိုကလေးတစ်ယောက်လိုပဲ မြင်ခဲ့သည်မို့
ဒါမျိုးလုပ်လိမ့်မည်ဟု သူလုံးဝမထင်ခဲ့။ အမှောင်ထဲမှာ
လူရိပ်တွေ့လို့ ကြည့်နေမိတုန်းမှာပင် hannie သူ့ရှေ့
ရောက်လာသည်။ "hannie ပါလား"လို့သိလိုက်သည်နှင့်
တစ်ပြိုင်တည်းမှာပင် သူ မထင်မှတ်ထားသည့်အရာကို
လုပ်လာသည်။သူ့ကိုလာနမ်းလိမ့်မည်ဟု သူလုံးဝမထင်ခဲ့ပေ
ခေတ်ကပဲတိုးတက်လာတာလား..
ကောင်ကလေးတွေကပဲ ရဲတင်းလာတာလား...
အနမ်းခံရသည့်လူက သူသာမဟုတ်ခဲ့ရင် "မင်းတို့သားကို
အရမ်းအလိုလိုက်ထားကြ အခုဘာလုပ်လဲကြည့်"ဟု
Siwon တို့ကို တိုင်မိမှာသေချာသည်။ခုတော့..။
hannie ကိုကိုမေးတာကို ဝတ္တရားကျေပြန်ဖြေရင်း
ဘာမှမဖြစ်ခဲ့သလို အေးအေးသာသာရှိနေသည့်ဦးကို
နောက်တစ်ကြိမ် မကျေမနပ်လှမ်းကြည့်မိပြန်သည်။ထိုအခါ
hannie အဖြစ်ကိုခွက်ထိုးခွက်လှန်လှောင်ခဲ့သည့်
Minhoမျက်နှာကြီးပါ အတွေးထဲဝင်လာသည်။
"ဟား..ဟား..ဟား.အောင်မလေး hannie ရယ်၊
ဇာတ်ကားတွေထဲမှာ မင်းသားနဲ့ဖြစ်ရမယ့်အကွက်တွေ
မင်းက မင်းသားအဖေနဲ့ချည်းသွားသွားဖြစ်နေရတယ်လို့
စေ့စပ်ပွဲတုန်းကလည်း ကိုကိုကတခြား မင်းကဦးရင်ခွင်ထဲ
ပြုတ်ကျသွားတယ်...ဟား..ဟား."
Junhan ခုထိမကြည်လင်သေးသည့်hannie မျက်နှာ
ကိုကြည့်၍ ဘဝင်မကျဖြစ်နေသည်။
"hannie ထမင်းစားလို့မကောင်းလို့လား.."
"ထမင်းစားမကောင်းလို့မဟုတ်ဘူးသားရေ..မေမေ့သား
အကြောင်းမေမေသိတာပေါ့ သဘက်ခါသားသွားတော့မှာမို့
စိတ်မကောင်းဖြစ်နေတာ ဟုတ်တယ်မဟုတ်လား သား"
hannie မေမေ့စကားကြားမှ ကိုကိုSingaporeသွား
မယ့်အဖြစ်ကို သတိရသွားသည်။ချက်ချင်း မျက်နှာလေးညိုးကျသွားတော့ မေမေ့စကားအမှန်လိုလိုဖြစ်သွား၏
"hannie ကလည်းကွာ Singapore နဲ့ဒီနဲ့ဘယ်လောက်ဝေးတာမှတ်လို့ လေယာဉ်လည်းဘယ်လောက်မှ
စီးရတာကြာတာလည်း မဟုတ်ဘူး hannie ကိုကို့ကို
သတိရတာနဲ့ ဖုန်းဆက်လိုက် ကိုကိုချက်ချင်းပြန်လာမှာ..."
"အပိုတွေ...ဖေကြီးလည်း hannie ကိုအဲ့လိုပြောတာပဲ
ပြီးတော့ အလုပ်ကိစ္စမပြတ်တာတွေ...ပြန်လာလို့မရသေး
တာတွေ လာပါလိမ့်မယ်"
"ဟား..ဟား..ငါ့သားကတော့ကွာ သားက
ပုံပြင်ပြောပြဖို့ခေါ်တာတို့ ထမင်းအတူတူစားဖို့ခေါ်တာတို့
လုပ်ရင်တော့ ဘယ်ဖြစ်မလဲသားရဲ့..ဒါပေမယ့် တစ်ပတ်
တစ်ခါလောက်တော့ ပြန်လာဖြစ်မှာပါသားရယ်..
ငါ့သားက ကိုကိုအလုပ်လုပ်ရတာမဖြောင့်အောင်
ဝမ်းနည်းပြမနေပါနဲ့...လိမ္မာရဲ့သားနဲ့ကွာ..."
"hannie ဝမ်းနည်းပြနေတာမဟုတ်ဘူး...
သူ့ဘာသာဖြစ်တာ"
hannie ဂျစ်ကန်ကန်လေး ပြန်ပြောပေမယ့်
စိတ်ဆိုးမယ့်လူမရှိ၊ အားလုံးချစ်စနိုးနဲ့ ဝိုင်းကြည့်နေပြီး
ပြုံးနေကြ၏
"ဂျစ်တူးလေး..ဖေဖေ့ကိုတောင်စိတ်ဆိုးနေတယ်ဟုတ်လား"
Siwon hannie ခေါင်းလေးကိုလှမ်းဖွရင်းပြော၏
hannie ခေါင်းကိုရှောင်ပစ်ရင်း...၊
"ဖေဖေ့ကို မဆိုးပါဘူး"
"ဟင်..ဒါဆိုဘယ်သူ့ကိုဆိုးတာလဲ၊ ကိုကို့ကိုလား"
"ဘယ်သူမှ မဟုတ်ဘူး..hannie တော်ပြီ"
hannieထမင်းစားပွဲမှ ထထွက်သွား၏ Junhan
လည်ပင်းရှည်လိုက်ကြည့်ရင်း စိတ်မကောင်းဖြစ်ကျန်ခဲ့သည်။
"ဘာမှမဟုတ်ဘူး...သားနဲ့ခွဲရမှာကိုစိတ်မကောင်းဖြစ်ပြီး
လိုက်ဂျီကျနေတာ.."
Yoona hannie ကြောင့်မျက်နှာမကောင်းဘဲ
ကျန်ခဲ့သည့် Junhan အားနှစ်သိမ့်၏
"လိုက်ချော့လိုက်စမ်းကွာ..သား"
အစကတည်းက ထလိုက်သွားချင်နေသည့် Junhan
Siwon စကားကြောင့် ချက်ချင်းထထွက်သွားဖို့ပြင်သည်။
"hannie အိပ်တော့မလို့"
အပြင်က hannie အသံလေးစူးခနဲထွက်လာသည်။
သဘောက လိုက်မလာနဲ့ပေါ့...။
Junhan နေရာမှာတင် ထိုင်ရမလို ထရမလိုဖြစ်သွား
သည်။ Siwon နှင့် Yoona တို့မျက်နှာပျက်သွားကြ၏
"ထားလိုက်သား Singapore နဲ့ဒီက ဘယ်လောက်ဝေးနေလို့လဲ ပြီးတော့နေ့စဉ်လိုင်းပေါ်မှာ တွေ့လို့ရတယ်
စကားပြောလို့ရနေတာပဲ မင်းတို့ရေးကြီးခွင်ကျယ်လုပ်ပြနေလေ သူပိုပြီးခံစားမိလေဖြစ်နေလိမ့်မယ် ဘာမှမဟုတ်သလို
ပေါ့ပေါ့ပါးပါး နေပြလိုက်"
Yoona Siwonတို့ကိုရော Junhanကိုပါဝေ့ကြည့်ရင်းပြောလိုက်၏
"ဟုတ်သားပဲ အဲ့ဒါ ကို့ကြောင့် Junhan မသွားခင်
မိသားစုလက်ဆုံစားကြမယ်လို့ ကိုပြောလိုက်မှ သမီးမျက်နှာ
မကောင်းဖြစ်သွားတာ အရင်လည်း ဒီလိုပဲစားနေကြပဲကို
ရေးကြီးခွင်ကျယ်ထလုပ်တယ်"
Junhan ပြန်သာထိုင်လိုက်ရပေမယ့် ဘယ်လိုမှ
စိတ်မဖြောင့်။ hannie ငိုနေရင်ဘယ်လိုလုပ်မလဲ..။
စိတ်ပူပေမယ့် အတင်းထသွားချော့နေရင်လည်း
ဖေဖေပြောသလို ခွဲရမည့်အဖြစ်ကို သတိထိုင်ပေးနေသလို
ဖြစ်ဦးမည်။
hannie သည် သူလေဆိပ်မဆင်းခင်အထိ တရှောင်
ရှောင်တမှိုင်မှိုင်လုပ်နေပြီး လေဆိပ်ထိ အန်တီ၊အန်ကယ်၊
ဖေဖေနှင့် သူ့သူငယ်ချင်းတွေနှင့်အတူ လိုက်ပို့တော့လည်း
အကောင်း။ Departure မှာခွဲရတော့မယ်ဆိုမှ
သူ့လက်ကို အတင်းဆွဲထားပြီး ခါးခါးသီးသီးထဖြစ်တော့၏
"ကိုကိုမသွားပါနဲ့ hannie ကိုကိုနဲ့မခွဲနိုင်ဘူး
မသွားပါနဲ့ကိုကို ကိုကိုမရှိရင် hannieသေသွားလိမ့်မယ်"
သူ့လက်မောင်းကို အတင်းဖက်ထားပြီး ဘယ်သူဘာပြောပြောခေါင်းတွင်တွင်ခါနေသည်။ သူ့လက်ကိုဖြုတ်ဖို့ ကြိုးစား
လည်း အဖြုတ်မခံဘဲ စွတ်ဖက်ထား၏ တခြားခရီးသည်တွေ
ပါ သတိထားကြသည်အထိ...
"hannie hannie မငိုနဲ့လေကွာ
လူတွေကြည့်ကုန်ပြီ မရှက်ဘူးလား.."
"သား ဒုက္ခပါပဲသားရယ်"
"ကိုကို့ကို လွမ်းတယ် အဟင့် ဟင့်"
hannie ငိုနေတော့ Junhan လည်း မျက်စိမျက်နှာ
ပျက်ဖြစ်လာသည်။ ငိုနေတာလားဟု စူးစမ်းပြီးဝိုင်းကြည့်
လာသည့် တခြားခရီးသည်တွေမမြင်နိုင်အောင် hannie
မျက်နှာကို လက်နဲ့ကွယ်ဖက်ထားရင်း တတွတ်တွတ်ချော့၏
"hannie hannie ပြန်တော့နော် ကိုကိုသွားတဲ့အထိ
မနေနဲ့တော့ hannie ငိုနေတာမြင်ရင် ကိုကိုသွားနိုင်မှာ
မဟုတ်ဘူး ပြန်နှင့်"
"ဟင့်အင်း ကိုကိုသွားရင် hannie ကိုကို့ကိုမခေါ်တော့ဘဲ
နေမှာနော် ကိုကိုမသွားပါနဲ့"
"သားကိုကို လေယာဉ်ပေါ်ရောက်တာနဲ့ video call
ခေါ်လိမ့်မယ် ပြန်ရအောင်နော် လာပါသားရယ်
လူတွေလည်းကြည့်ကုန်ပြီ"
Siwon နှင့် Yoona တို့ hannie ကိုချော့မော့
ခေါ်သွားကြ၏ Junhan ဘယ်လိုနေမလဲမသိ။
Sehun hannie ထွက်သွားရာအရပ်ကို
လှမ်းကြည့်ပြီး ငိုင်နေသည့် Junhan ကိုယ်ကိုဆွဲလှည့်ပြီး
ပခုံးကို အားပါပါဆုပ်ကိုင်လိုက်သည်။
"သား မသွားချင်တော့ဘူးလား"
"မဟုတ်ပါဘူးဖေဖေ hannie ကအရမ်းအငိုသန်တာ
အဲ့ဒီကောင်လေး ချော့လို့ရမှာမဟုတ်ဘူး"
"ယောက်ျားဆိုတာ ခြေလှမ်းစပြီးရင် ဆုံးအောင်လျှောက်ရတယ် ။အောင်မြင်တဲ့အထိ ကြိုးစားရတယ်။
ဒီလမ်းကို သားကိုယ်တိုင်လျှောက်ခဲ့ဆုံးဖြတ်ခဲ့တာနော်
ဖေဖေ့ထက်ပိုပြီး အောင်မြင်အောင် ကြိုးစား
hannie ကိုဘာမှနောက်ဆံတင်းမနေနဲ့
အဆင်ပြေသွားလိမ့်မယ်"
စကားနည်းသည့်ဖေဖေက သူ့ကိုအားပေးနေသည်မို့
Junhan အားတတ်သရော ခေါင်းညိတ်ပြလိုက်၏
ဖေဖေပြန်သွားတော့ သူမှာချင်တာတွေ Junhan
သူငယ်ချင်းတွေကို လွတ်လွတ်လပ်လပ်မှာလို့
ရသွားသည်။
"ဟေ့ကောင်တွေ မင်းတို့ငါမှာထားတာ မမေ့နဲ့နော်
hannie အနောက်ကို တစ်ကောင်ကောင်ကပ်လာတာနဲ့
ငါ့ဆီချက်ချင်းလှမ်းပြော hannie ကျောင်းစတက်ပြီဆို
တာနဲ့ သေချာစောင့်ကြည့်ပေတော့"
"အေးပါ Junhan ရာ စိတ်ချစမ်းပါ"
"မင်းကလည်း Junhanရာ hannie ကမင်းကို
ဒီလောက်ချစ်တာ ဘာတွေစိတ်ပူနေတာလဲ"
hannie သူ့ကိုချစ်တာ ဟိုးငယ်ငယ်လေးကတည်းက
ချစ်တာပါ ဒီအတိုင်း မျက်စိအောက်က အပျောက်မခံဘဲ
ချစ်ခဲ့တာ hannie အချစ်က ရိုးရိုးလား အဆန်းလား
ခုထိ သူမသဲကွဲသေး။ ထို့ကြောင့် hannie အနားကို
သူမဟုတ်တဲ့ဘယ်ယောက်ျားမိန်းမကိုမှ သီခွင့်မပေးနိုင်။
"မင်းတို့ဘာမှမသိပါဘူး hannie လား ရှေ့ဆို
လူကိုအသေချွဲ အသေဂရုစိုက် ချစ်တတ်လိုက်တာလည်း
သူ့အပြင်နှစ်ယောက်မရှိဘူး ပြီးရင် မေ့ပစ်တာလည်း
မြန်သလားမမေးနဲ့ ကြည့်နေ ငါသာ သူ့ကိုသတိရလို့
ဟိုမှာ ဒုက္ခရောက်နေမှာ သူက တစ်ပတ်နှစ်ပတ်နေတာနဲ့
အနားမှာရှိတဲ့လူတွေနဲ့ပျော်ရွှင်ရယ်မောနေလိမ့်မယ်
hannie တက္ကသိုလ်စတတ်တာနဲ့ hannie ဘယ်သူ
တွေနဲ့ပေါင်းတယ် ဘာတွေလုပ်တယ် ငါအကုန်သိချင်တယ်"
"စိတ်ချစမ်းပါ Junhan ရာ မင်းအနားမှာ အချိန်ပြည့်
ရှိနေသလိုကို ငါတို့သေချာကြည့်ပေးထားမှာ ဘယ်ကောင်မှ
hannie အနားမကပ်စေရဘူး ဟုတ်ပြီလား"
စိတ်တော့မချသေး ဒါပေမယ့်အခု သူ့စိတ်ထဲမှာ
ပူပန်နေမိတာက တခြား။
"ခုလောက်ဆို hannie အရမ်းငိုနေမှာ"