"ကိုကို့ကို လွမ်းလိုက်တာ..."
စိမ်းစိုနေသည့် အမိုးအုပ်အုပ်လေးလိုအုပ်မိုးနေသည့်
အပင်လေးကို နှစ်ယောက်သားပက်လက်လှဲမော့ကြည့်နေရာ
မှ Minho ခေါင်းလေးထောင်ပြီး hannie ကိုကြည့်မိ
သည်။
"ကိုကိုကသွားဖြင့် မသွားသေးဘဲနဲ့..."
"ကြိုလွမ်းနေတာ ငါကအသက်ရှုရင်တောင်ကိုကိုနဲ့အတူတူ
ရူတာ၊ကိုကိုနဲ့တစ်ခါမှ ခွဲခဲ့ဖူးတာမဟုတ်ဘူး...ကိုကိုသွားရင်
ငါဘယ်လိုနေရမလဲ"
"ပိုလိုက်တာ hannie ရယ် အဲ့ဒါဆိုလည်း အသက်မရှူဘဲ
သေလိုက်တော့ပေါ့ကွာ"
"သေနိုင်တယ် အခုချစ်သူဖြစ်မှလေ ကိုကိုကငါ့ကိုအရင်လို
မဆူတော့ဘူး ခေါင်းလည်းမခေါက်တော့ဘူး အရမ်းဂရုစိုက်တာသိလား အဲ့ဒီတော့ ငါကကိုကို့ကို ပိုချစ်သွားရော...တကယ်ငါကိုကိုသွားရင် တကယ်သေမှာပဲ"
Minho မနာလိုစိတ်သေးသေးလေးဖြင့် ရှုံ့မဲ့နေရာမှ
တစ်ခုခုကို သတိရသွားပြီး အားတတ်သရောထမေး၏
"hannie ..ဟို မင်းနဲ့ကိုကိုနဲ့ Kiss ပေးပြီးကြပြီလား
ဟို နှုတ်ခမ်းကိုလေ နမ်းပြီးပြီလား"
hannie ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ။
Minho အထင်ကြီးသွားအောင်နမ်းပြီးပြီလို့ ပြောပလိုက်
ချင်သည်။ဒါပေမယ့် အဲ့လိုဖြေလိုက်ရင် Minho က
ဟုတ်လားဆိုပြီး နှိုက်နှိုက်ချွတ်ချွတ်တွေဆက်မေးတော့မည်။
ဒါဆို hannie ဖြေနိုင်တော့မှာ မဟုတ်ပေ။Minho
hannie မျက်နှာကို သေချာအကဲခတ်ကြည့်ပြီး ချက်ချင်း
သဘောပေါက်သွား၏
"မင်းကို မနမ်းဘူးပေါ့"
hannie လှဲနေရာမှ ထထိုင်လိုက်၏
"အံမယ် ဘာလို့မနမ်းရမှာလဲ နဖူးရော ဆံပင်ကိုရော
ပါးကိုလည်း နမ်းတယ်"
"အားလားလား...အဲ့ဒါကလေးနမ်းနမ်းတာတဲ့၊
ကိုကိုက မင်းကိုအခုထိကလေးလိုမြင်နေတုန်းထင်တယ်
အဲ့ဒါကြောင့် မနမ်းတာဖြစ်မှာ ချစ်သူချင်းနမ်းတယ်ဆိုတာ
နှုတ်ခမ်းကိုနမ်းတာတဲ့သိလား...ငါတို့ငယ်ငယ်တုန်းက
ကိုကိုတို့စကားပြောနေတာ ခိုးနားထောင်ဖူးတယ်လေ
ကိုကိုက သူငယ်ချင်းတွေကို သူ့စော်တွေအကြောင်း
ပြန်ပြောနေတာလေ..."
hannie မသိဘဲနေမလား။ Minho hannie ကို
ဟားချင်တာနဲ့အာပေါင်အာရင်းသန်သန် ဆက်ပြောပြနေ၏
"အစ်မ Mina နှုတ်ခမ်းက ထူထူအိအိလေးနဲ့အရမ်းနမ်း
လို့ကောင်းတယ်တဲ့ မင်းမှတ်မိလား..."
"အဲ့ဒီတော့ ဘာဖြစ်လဲ"
"ဘာဖြစ်ရမှာလဲ ရည်းစားတွေဆိုရင် နမ်းကြတာပဲ"
"ဘာ..အဲ့ဒါဆို မနမ်းရသေးရင်ရည်းစားမဟုတ်ဘူးပေါ့.."
"ဒါပေါ့"
"hannie ကိုကိုက မင်းကိုတကယ်မချစ်တာတော့
မဟုတ်လောက်ပါဘူးဟ...မင်းကိုကလေးလို သတ်မှတ်
ထားတာနေမှာ..."
ကလေးလို အပြောခံရတာကို ကိုကိုကမချစ်လို့မနမ်းတာလို့
အပြောခံရတာထက် hannie ပိုမခံချင်ဖြစ်မိသည်။
နှုတ်ခမ်းလေးစူထော်နေသည်အထိ ပြန်ရန်တွေ့မိ၏
"Minho နော် ငါကလေးမဟုတ်တော့ဘူး
ငါ့ကိုအဲ့လို မပြောနဲ့"
"အဲ့ဒါဆို hannie ကိုကိုမနမ်းလည်း ဘာဖြစ်လဲ
မင်းကစနမ်းလိုက်ပေါ့..."
hannie Minho အားနှုတ်ခမ်းလေးတွေပွင့်ဟနေသည့်
အထိငေးကြည့်မိသည်။သူပြောသလိုလုပ်ရင် ကောင်းမလား
လို့တွေးကြည့်မိတော့ အလိုလိုခေါင်းခါပြီးသား ဖြစ်သွား၏
"ဟာ...မနမ်းချင်ပါဘူး၊ ကိုကိုက ငါ့ကိုဆူမှာပေါ့"
"ဖြစ်ရတယ် hannie ရယ်...ကိုယ့်ချစ်သူကိုချစ်လို့နမ်းတာ
ဘယ်သူက ဆူမှာလဲ၊ ပြီိးတော့ ကိုကိုကတခြားနေရာမှာ
အလုပ်သွားလုပ်တော့မှာ...မင်းနဲ့စေ့စပ်ထားတယ်ဆိုပေမယ့်
တကယ့်ချစ်သူတွေမဟုတ်ရင် တခြားကောင်မလေးတွေနဲ့
ကြိုက်သွားရင် ဘယ်လိုလုပ်မလဲ..."
"အံမယ် မကြိုက်ပါဘူး၊ကိုကိုက ငါ့ကိုပဲချစ်တာ..."
"ပြောလို့ရမလား..မင်းကိုကလေးလိုပဲထင်ပြီး.."
"Minho မင်းနော်ငါထုပစ်မှာသိလား"
"တကယ်ပြောတာ ဒီနေ့ညနေကိုကိုနဲ့တွေ့ရင် Kissပေးလိုက်" ရှက်ရှက်နဲ့မလုပ်ပါဘူးလို့ ခေါင်းတွင်တွင်ခါနေမိပေမယ့် Minho ကမင်းရှက်ရင် ကိုကိုပြန်လာတဲ့အချိန်
suprise လုပ်ပြီးအမှောင်ထဲမှာအနမ်းပေး..ပြီးရင်
ထွက်ပြေးလာခဲ့ပေါ့" ဟုပြောလိုက်သောအခါ hannie
ထိုအစီအစဉ်အား ချက်ချင်းသဘောကျသွား၏
ကိုကိုက မဆူလောက်ပါဘူး...
ချစ်သူချင်း ချစ်လို့ နမ်းတာပဲကို...
"hannie...hannie ကိုကိုလာပြီ၊ ကိုကို့ကားခြံထဲဝင်လာပြီ..အဆင်သင့်လုပ်ထား..."
ဖုန်းထဲက Minho အသံကြောင့် hannie ကိုယ်လေးတောင့်မတ်သွားသည်။ဘုရားရေ...ရင်တွေခုန်လာကာ
ရင်ဘတ်ကြီးပေါက်ထွက်သွားတော့မတတ် တဒိန်းဒိန်း
မြည်လာသည်။ ငါဘာလုပ်ရမလဲ... ။
ဘယ်လိုစနမ်းရမလဲ..ကိုကိုစီးသည့် ပြိုင်ကားအနီလေး
ကိုလှမ်းမျှော်ကြည့်ရင်း hannie ကြောက်ပြီး ခြေဖျား
လက်ဖျားတွေပါ အေးစက်လာသည်။
"hannie..hannie .."
"ဟင် ဘာလဲ ဖုန်းချလိုက်တော့ဟာ.."
"hannie...ငါလည်းကြည့်ချင်တာပေါ့..."
"ဟာ မရပါဘူး Minho နော်၊ငါမနမ်းတော့ဘဲနေလိုက်မှာ
လာမကြည့်နဲ့ပြန်တော့..."
"hannie ကလည်းဟာ ငါကြည့်ချင်လို့ပါ"
"မင်းကြည့်နေရင် ငါကဘယ်လိုလုပ်နမ်းရဲမှာလဲ...
တော်ပြီ မနမ်းတော့ဘူး.."
"ဟာ..မလုပ်နဲ့ မလုပ်နဲ့...ငါသွားပြီ၊ ပြီးရင်ငါ့ကိုသေချာ
ပြန်ပြောပြရမယ်နော်.."
"ပြောပြမယ် ဒါပဲ.."
hannie ဖုန်းချလိုက်၏ အိမ်ရှေ့တံခါးရှေ့အမှောင်ထဲမှာ
ရပ်ရင်းကိုကို့အလာကို စောင့်နေလိုက်သည်။
ဒီနေ့တစ်ခြံလုံးမှောင်နေအောင် hannie ကိုကိုတို့
ခြံစောင့်ဦးလေးကြီးကို သေချာမှာထားခဲ့တာပါ
ကိုကိုကခိုင်းတာလို့ပြောလိုက်တာနဲ့ ဦးကြီးကတစ်ခွန်းတောင်
ပြန်မမေး။ တစ်ခြံလုံး မီးတွေပိတ်ပေးထားခဲ့သည်။
ကားကရပ်သွားခဲ့ပေမယ့် ကိုကိုကတော်တော်နဲ့အောက်ဆင်းမလာဘဲ ဘာလုပ်နေမှန်းမသိ...။
"ကိုကိုကလည်း ကြာလိုက်တာ..."
အမှောင်ထဲမှာ ကြောက်နေတာရော ရင်ခုန်တာပါပေါင်းပြီး
hannie မချင့်မရဲညည်းမိသည်။
လာပါပြီ...ကိုကိုဆင်းလာပြီ..၊
မလာနိုင်တော့ဘူးလို့ စိတ်ညစ်နေမိတာလည်း ကိုယ်ပဲဖြစ်ပြီး
ကိုကို သူ့ဆီတကယ်လာနေတော့လည်း hannie တံတွေး
မျိုချရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ကိုကို့ခြေလှမ်းတစ်
လှမ်းချင်းဆီမှာ သူ့ရင်ခုန်သံတွေ ကျယ်သထက်ကျယ်လာကာ ခြေဖျားလက်ဖျားတွေ အေးစက်လာသည်။
"တော်ပြီ မနမ်းတော့ဘူး" လို့တွေးလိုက်မိတော့
တစ်ခုခုဆို hannie ကိုမရမကမြှောက်ပေးတတ်ပြီး
hannie မလုပ်ရဲတာကို ဟားတိုက်လှောင်ရယ်တတ်တဲ့
Minho ကိုသတိရပြီးနောက်မဆုတ်ချင်။
ကိုကို သူ့ရှေ့ခြေနှစ်လှမ်းအကွာအဝေးသို့ ရောက်လာ၏
အမှောင်ထဲမှာ မတ်တပ်ရပ်နေသည့် hannie ကိုမြင်သွား
သလိုခြေလှမ်းတုံ့သွားလျှင် hannie မျက်လုံးစုံမှိတ်
ဟူးခနဲ လေမှုတ်ထုတ်ပစ်ပြီး အားမွေးလိုက်သည်။
မသိဘူး..ဖြစ်ချင်တာဖြစ်တော့..။
မျက်လုံးပြန်ဖွင့် ကိုကို့ဆီပြေးသွားပြီး နှုတ်ခမ်းကို
ဖျတ်ခနဲမော့နမ်းလိုက်သည်။နမ်းပြီး လူချင်းခွာလိုက်ကာ
ကိုကိုဘာပြောလာမလဲ စောင့်မိ၏
ထိုအချိန်လေးအတွင်းမှာ ခုနကရင်ခုန်တာတွေ
စိုးရိမ်တာတွေ ဘာမှမရှိတော့ဘဲ ခက်ခဲသည့်ကိစ္စတစ်ခု
အောင်မြင်ပြီးမြောက်သွားလို့ စိတ်ပေါ့ပါးလန်းဆန်းသွားသလို
ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။သို့သော်...။
"hannie..."
ဟင်...။ဦး..။
ရင်တွေဒိုင်းခနဲဆောင့်ခုန်သွား၏ hannie မျက်လုံးလေး
ဝိုင်းစက်သွားကာ ခြေမကိုင်မိလက်မကိုင်မိဖြစ်လျက်
တစ်ကိုယ်လုံးထူထူပူပူကြီ်းဖြစ်လာသည်။
"ဦး..ဟို ကိုကို..ကိုကို..hannie.."
hannie အယောင်ယောင်အမှားမှားနှင့်ဘာပြောရမှန်းမသိ
ကိုယ့်နှုတ်ခမ်းကို လက်နှင့်အုပ်မိသည်။
"hannie က ကိုကို့ကိုနမ်းတာ..ဦးကဘာလို့ ကိုကို့ကား
စီးလာလဲ.."
ကယောင်ကတမ်းနှင့် ဒေါသတကြီးရန်တွေ့ပြီး ဦးရှေ့က
ပြေးထွက်လာခဲ့သည့်ခြေထောက်တွေက မြေကြီးနဲ့ထိရော
ထိရဲ့လားမသိ။ ရှက်တာလား..ဝမ်းနည်းတာလား ဘာမှန်းမသိပေမယ့် hannie ရင်တွေခုန်နေတာတော်တော်နဲ့
မပျောက်...။
အနမ်းသည်သာ ဒြပ်ရှိပစ္စည်းတစ်ခုဆိုလျှင်
"hannie အနမ်းပြန်ပေး"လို့ ပြန်တောင်းလာမိမှာ..၊
ဒါပေမယ့်..။
အနမ်းဆိုသည်မှာ ပေးပြီးရင်ပြန်တောင်းလို့မရသည့်
အသည်းနှလုံးထဲ သပ်ရိုက်စွဲသွားတတ်သည့် တတ်တူး
တစ်မျိုး...။
မေ့ပျောက်သွားဖို့ ဆိုတာကတော့...။