"Junhan...ဟိုမှာ..."
စကားပြောနေသည့် Junhan အား သူငယ်ချင်းဖြစ်သူက
hannie ကိုတအံ့တသြမော့ငေးရင်း လက်တို့၏
Junhan လှေခါးအပေါ်ကိုမော့ကြည့်ရင်း ပါးစပ်အဟောင်း
သားဖြစ်သွားသည်။မှင်သက်မိသွားခြင်းက ဘေးလူတွေကို
ဟန်ဆောင်ဖို့၊ အားလုံးရှေ့မှာ အိနြေ္ဒဆည်ဖို့ မေ့လျော့သွား
တဲ့အထိပါ...။
hannie...။
Junhan ထိုင်ရာမှထရပ်လိုက်၏ လူကလှုပ်ရှားသွားသည့်တိုင် သူ့ဆီလှုမ်းကြည့်ရင်းရှက်ကိုးရှက်ကန်း မျက်လွှာချရင်း
ပြုံးနေသည့် hannie မျက်နှာလေးဆီ
အကြည့်ကမခွာ။ hannieသည်လည်း မျက်တောင်တစ်ချက်ခတ်ရုံ၊ မျက်လွှာချရုံမျှသာအကြည့်လွှဲပြီး Junhan
ဆီပဲ အကြည့်ပြန်ရောက်လာသည်။
နောက်က Minho နှင့်hannie သူငယ်ချင်းတွေရဲ့
လှောင်ရယ်သံခိုးခိုးခစ်ခစ် ထွက်လာ၏
"hannie..ကိုကိုမတ်တပ်ကြီး အသက်ပျောက်နေပြီလား မသိဘူး..."
ကိုကိုအသက်ပျောက်မပျောက်မသိ။ hannie ကို
ဘယ်တုန်းကမှမကြည့်ဘူးသည့် ထူးဆန်းလှသော
ရွှန်းရွှန်းစားစားဖြစ်နေသည့် ကိုကို့မျက်ဝန်းများကြောင့်
hannie ခြေလှမ်းမှားကုန်သည်။
"အမေ့..."
"ဟဲ့..ဟဲ့..သား hannie..."
"hannie လဲပြီ..လဲပြီ..."
Sehun ဖုန်းပြောရင်း အသံတွေကြောင့် မော့ကြည့်မိ၏
"ဟာ..hannie.."
Junhan hannieဆီဝုန်းခနဲပြေးသွား၏
လှေခါးတစ်ဝက်ပဲဆင်းရသေးသည်။ ဟက်ထိုးလဲတာကို
မထိန်းနိုင်ရင် အောက်ကိုခေါင်းစိုက်ကျတော့မည်။
Junhan တင်မက ရှိသမျှလူတွေအားလုံး hannie
ဘယ်လောက်ထိ အဖြစ်ဆိုးသွားနိုင်သလဲတွက်ဆမိကာ
နေရာမှ ပြိုင်တူလိုလို အလန့်တကြားထရပ်မိ၏
Sehun လက်ထဲကဖုန်း ဘယ်ဆီရောက်သွားမှန်းမသိလိုက်။ လွှားခနဲလှေခါးပေါ်ခုန်တက်လိုက်ပြီး
လက်တစ်ဖက်က လှေခါးလက်ရမ်းကို ခိုင်ခိုင်မြဲမြဲလှမ်းကိုင်လိုက်ကာ ပြုတ်ကျလာသည့် hannie ကိုယ်လေးကို
ဆီးဖမ်းထားလိုက်သည်။ နှစ်ယောက်လုံးအောက်ကို ထပ်လျက်သားပြုတ်ကျမည့်အဖြစ်မှ လှေခါးလက်ရန်းကိုလှမ်း
ကိုင်လိုက်ပြီး လက်တစ်ဖက်တည်းနဲ့ရအောင်ထိန်းလိုက်
ရသောကြောင့် hannie ကိုဖက်လျက်သားဖြင့်
သူ့ကျောက လှေခါးလက်ရန်းကိုအရှ်ိန်နှင့်ပြေးရိုက်ကာ
လက်က လိမ်ချိုးခံလိုက်ရသလိုဖြစ်သွား၏
hannie ကတော့လိမ့်ကျပြီဆိုတာ သိလိုက်သည်နှင့်
အကြောက်ကြီးကြောက်ကာ ကိုယ့်ကိုယ်ကို ဘာဆက်ဖြစ်လဲ
မသိတော့...။ခြေထောက်တွေ လေထဲလွတ်နေသလား
ထောက်ထားမိတုန်းလား ဘာဆိုဘာမှမသိတော့ပေ။
သတိထားမိတဲ့အချိန်မှာ သူလှေခါးအောက်ကိုရောက်နေပြီ
ဖြစ်ကာဖေဖေ၊မေမေနှင့်ကိုကိုတို့ မယ်မင်းကို ဦးရင်ခွင်ထဲက
ဆွဲထူပေးဖို့ကြိုးစားရင်း စိုးရိမ်တကြီးဝိုင်းအုံမေးနေကြသည်။
"သား hannie..ဘာဖြစ်သွားသေးလဲ၊သားနာသွားလား"
"သားကြောက်နေလား...ဘာဖြစ်သွားသေးလဲ
ရပ်လို့ရလား..."
"hannie...hannieအရမ်းလန့်သွားလား၊
ကိုကိုဒီမှာ.."
ရုတ်တရပ်လန့်သွားပြီး hannie အားလုံးကိုမြင်နေရပြီး
စကားပြန်မပြောနိုင်။ဝိုင်းအုံမေးနေကြသည့် အသံတွေက
နီးလိုက်ဝေးလိုက်နှင့် နားထဲမှာအူနေသည်။
ရင်တွေတလှပ်လှပ်တုန်နေလျက် တဒိန်းဒိန်းခုန်နေသည့်
ရင်ခုန်သံကြီးက ထူးဆန်းစွာ hannie စိတ်ကိုဘယ်လိုမှ
ထိန်းမရအောင်စိတ်လှုပ်ရှားနေစေပြီး သတိကလစ်ချင်ချင်။
ခေါင်းထဲမှာ မူးမိုက်ပြာဝေနေစဉ်....
"hannie..hannie ရရဲ့လား..."
ကြင်နာနူးညံ့သည့် သြရှရှအသံတစ်ခု...။
ယိုင်လဲကျလုလုကိုယ့်ကို ထိန်းပွေ့ထားလျက် "hannie"
ဟုတတွတ်တွတ်ခေါ်နေသည့်အသံမှာ အသံသြဇာအပြည့်နှင့်
hannie အသိတရားတွေကိုချက်ချင်း ပြန်လာခဲ့စမ်းဟု
အမိန့်ပေးနေသလိုလို။ တဖြည်းဖြည်းနှင့်အသံက hannie
နားထဲရှင်းလင်းစွာတိုးဝင်လာသည်။ hannie အသံပိုင်ရှင်
အားမော့ကြည့်လျှင် ပီရိသေသပ်သည့်အထူးအပါးညီနေသော
နှုတ်ခမ်းတစ်စုံနှင့် V shape ပုံသဏ္ဍာန်မေးရိုးအား
အရင်ဆုံးတွေ့ရ၏
ပထမဆုံးရိပ်ခနဲဖြစ်သွားပြီးနောက် သတိပြန်ဝင်လာခြင်းဖြစ်ကာတစ်စုံတစ်ယောက်၏ခါးကို ခပ်တင်းတင်းဖက်မိထား
သည့် ကိုယ့်ကိုယ့်ကိုသတိထားမိလာသည်။ခုနကတဆုံးထိ
မော့မကြည့်ဖြစ်သည့်မျက်နှာကို မော့ကြည့်မိလျှင်ခပ်တိုတိုထူ
ထန်းသည့်မျက်ခုံးတန်းနှစ်ခု နှာတံထိပ်အလယ်သို့မသိမသာကျုံ့လျက် တိုစိပ်စိပ်မျက်တောင်တို့ဝန်းရံထားသောစူးရှသည့် မျက်လုံးများနှင့်အရင်ဆုံသည်။ ကိုကို့မျက်လုံး
တွေနဲ့လုံးဝမတူဘဲ ဦးမျက်လုံးတွေက ဆွဲဆောင်မှုရှိသည်။
မျက်လုံးချင်းဆုံမိသည်နှင့် တစ်ခုခုထိရှငြိတွယ်ကျန်ခဲ့စေမည့်
မျက်လုံးမျိုး။ ပီပီပြင်ပြင်သတိလည်နေပြီဖြစ်ပါလျက် hannie ဦးကိုစက္ကန့်ပိုင်းမျှတအံတသြမော့ငေးကြည့်မိပြီး
နောက်...။
"ကိုကို.."
ပါးစပ်ကခေါ်မိတာကတစ်ယောက်ဖြစ်ကာ ကိုယ်ပဲကြောက်
ကြောက်နဲ့ကျုံးဖက်ထားမိသည့်ဦးကို အတင်းတွန်းထုတ်ပစ်
မိသည်။အနားမှာရောက်နှင့်နေပြီးသားဖြစ်ပြီး hannie
သတိမရသေး၍သာ ဒီအတိုင်းရပ်ကြည့်နေရသည့် Junhan ကလည်း hannie ကိုယ်လေးကိုဆီးပွေ့ဖက်ထားပြီးသားဖြစ်သည်။ hannie ကိုကို့ရင်ခွင်ထဲ အားကိုးတကြီး ပြေးဝင်ပြီးမှ သူ့ကိုဝိုင်းကြည့်နေကြသည့်လူ
တွေကို သတိထားမိသွားသည်။
ရှက်စရာကောင်းလိုက်တာ...၊
hannie နေရာမှထွက်ပြေးသွားဖို့ ခြေလှမ်းပြင်မိ၏
"hannie..."
"သား မသွားနဲ့လေ..."
"hannie ရှက်တယ်"
"မဟုတ်တာ hannie ရယ်...ကိုကိုတို့စေ့စပ်ပွဲပျက်သွားမှာ
ပေါ့ hannieရဲ့၊ လာ...မရှက်နဲ့နော်
ကိုကို့ကိုကွယ်နေ..."
Junhan ကhannie ကိုရင်ခွင်ထဲထည့်ဖက်ထားပြီိး
မျက်နှာကိုရင်ဘတ်မှာ ကပ်ခိုင်းထားသည်။
hannie ကလည်းတကယ်ပဲ Junhan နဲ့မျက်နှာကို
ကွယ်ပစ်ပြီး Junhan ခေါ်တဲ့အတိုင်းပါလာသည်။
Siwon နဲ့ Yoonaတို့တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ပြီး သက်ပြင်းကိုယ်စီချမိသည်။ခုနက သားလန့်ပြီး
မေ့လဲသွားခဲ့ရင် အထိတ်တလန့်ဖြစ်ပြီးတော့များ နှလုံးက
တစ်ခုခုထဖောက်လာခဲ့ရင်ဆိုသည့်အတွေးများဖြင့် နှစ်ယောက်သားအလန့်ကြီးလန့်သွားရကာ ခုမှသက်ပြင်းကိုယ်စီချနိုင်ခြင်းဖြစ်သည်။ Siwon ကိုယ့်သားကို စိုးရိမ်ကြီးနေ
မိပြီးမှ ခါးကိုဖိရင်းမျက်နှာတစ်ချက်မဲ့သွားသည့် Sehun ကို
သတိထားမိ၏
"Sehun...မင်းရရဲ့လား၊ဒဏ်ရာရသွားသေးလား..."
"ရတယ်..ဘာမှမဖြစ်ဘူး"
စေ့စပ်ပွဲက သည်းထိတ်ရင်ဖို၊လက်စွပ်လဲပြီးတဲ့အထိ
hannie မျက်နှာလေး ကြည်လင်မလာပေ။
ငိုမဲ့မဲ့ မှိုငိတိုင်တိုင်ဖြစ်နေသည်။
"hannie ဘာဖြစ်နေတာလဲ ကိုကိုကဒီမှာပျော်လို့သေ
တော့မယ်...hannie မပျော်ဘူးလား.."
"ရှက်စရာကြီး"
Junhan သွားတွေပေါ်အောင်ရယ်ရင်း hannie နှာတံ
လုံးလုံးလေးကို လိမ်ဆွဲပစ်လိုက်၏
"hannie ကကိုကို့ကို အရမ်းငေးတာကိုး...ကိုကို့ကို
မင်းပဲရမှာ၊ လှေခါးပေါ်က ပြေးဆင်းလုဖို့ထိမလိုပါဘူးကွာ"
"ကိုကိုနော် hannie ကိုက်ဆွဲပစ်မှာသိလား"
"ကိုက်စားချင်လောက်အောင် ကိုကို့ကိုချစ်နေတာ
ဟုတ်လား.."
"ကိုကိုနော်.."
hannie ကိုကို့ဗိုက်ကို လိမ်ဆွဲပစ်လိုက်၏ Junhan
အသံမထွက်မျက်နှာကြီးရှုံးမဲ့သွားကာ hannie လက်ကိုယူပြီးသူ့လက်မောင်းကို ဖက်ခိုင်းကာ hannie လက်
ပေါ်မှထပ်အုပ်ကိုင်ပြီး hannie မျက်နှာကိုငုံ့ကြည့်ရင်း
နှစ်ယောက်တည်းကြားရုံ ခပ်တိုးတိုး ကပ်ပြော၏
"hannie အရမ်းလှနေတာ..."
"ကိုယ်ကိုယ့်ကိုယ်ကို သိတယ်"
"ဟား..ဟား..ဟား"
hannie အချေစတိုင်လေးနဲ့ပြန်ပြောတော့ ကိုကိုရယ်၏
ရယ်ရင်း hannie ကိုချစ်ရည်လဲ့နေသည့်အကြည့်တို့ဖြင့်
စိုက်ကြည့်နေသည့် hannie ကိုကို့ကိုမော့ငေးရင်း
နမ်းဖို့ပြင်နေစဉ်..။
"အဟမ်း...ဟမ်း..."
ဖေကြီးချောင်းဟန့်က လိုတာထက်ပိုကျယ်နေသည်။
ကိုယ့်သားအကြောင်း ကိုယ်အသိဆုံးမို့လို့ Siwon သတိ
ထားမိသည်။မတတ်နိုင် ချောင်းသံကျယ်ကျယ်ပေးရတာ
လည်ချောင်းပင်နာ၏ တကယ်တော့hannie နဲ့ကိုကို
တွတ်ထိုးပြောဆိုနေကြတာကို အားလုံးကြားနေကြသည်။
အသံတိတ်နားထောင်နေရင်း ပြုံးစိစိဖြစ်နေကြသည်။