ဉ်ီးချစ်​သည်း

By hunhanwintwah

26.3K 1.4K 558

မင်းဟာကိုယ့်​အတွက်​ ထူးဆန်းတဲ့​အသည်းတစ်​ခြမ်း​လေးပါ More

ဦးချစ်​သည်း
ဦးချစ်​သည်း 1
ဦးချစ်​သည်း 2
ဦးချစ်​သည်း 3
ဦးချစ်​သည်း 4
ဦးချစ်​သည်း 5
ဦးချစ်​သည်း 6
ဦးချစ်​သည်း 7
ဦးချစ်​သည်း 8
ဦးချစ်​သည်း 10
ဦးချစ်​သည်း 11
ဦးချစ်​သည်း 12
ဦးချစ်​သည်း 13
ဦးချစ်​သည်း 14
ဦးချစ်​သည်း 15
ဦးချစ်​သည်း 16
ဦးချစ်​သည်း 17
ဦးချစ်​သည်း 18
ဦးချစ်​သည်း 19
ဦးချစ်​သည်း 20
ဦးချစ်​သည်း 21
ဦးချစ်​သည်း 22
hannie နဲ့ဦးအ​ကြောင်းမဟုတ်​ပါ
ဦးချစ်​သည်း 23
ဦးချစ်​သည်း 24
ဦးချစ်​သည်း 25
ဦးချစ်​သည်း 26
ဦးချစ်​သည်း 27
ဦးချစ်​သည်း 28
ဦးချစ်​သည်း 29
ဦးချစ်​သည်း 30
ဦးချစ်​သည်း 31
ဦးချစ်​သည်း 32
ဦးချစ်​သည်း 33
ဦးချစ်​သည်း 34
အကြို 1
အကြို 2
ကျားကျားနဲ့ Date

ဦးချစ်​သည်း 9

443 37 0
By hunhanwintwah

အောက်​ထပ်​မှာ Junhan နှင့်​သူငယ်​ချင်း​တွေကတစ်​အုပ်​စု
အ​ပေါ်ထပ်​မှာ Make upပြင်​​နေသည့်​ hannie ​ဘေးမှာဝိုင်း​နေကြသည့်​ hannie သူငယ်​ချင်း​တွေက
တစ်​အုပ်​စု။ရွယ်​တူ​တွေ မဟုတ်​ကြ​ပေမယ့်​ ကိုယ်​စီစကား​တွေများ​နေလျက်​ ဆူညံအဖွဲ့ကျ​နေကြတာချင်း​တော့ အတူတူပင်​ဖြစ်​သည်​။ လူကြီး​တွေကြ​တော့ ရယ်​တာ​တောင်
တိုးတိုးသာသာ...။အချင်းချင်း နှုတ်​ခွန်းဆက်​စကားဆိုလျက်
Siwon Sehunတို့ရွယ်​တူလူကြီးများနှင့်​စကား​ပြော​နေကြပြီး ခပ်​လှမ်းလှမ်းမှာ Yooona အသိများရှိ​ပေမယ့်
Yoona ခမျာမိတ်​​ဆွေသူငယ်​ချင်း​တွေ ဧည့်​မခံအား။
hannie ကိုMake up ပြင်​​နေသည့်​​ဘေးမှာ လိုအပ်​တာကြည့်​​ပေး​နေရသည်​။

၁၉နှစ်​ဝန်းကျင်​သာရှိသည့်​ hannie ၏သူငယ်​ချင်း​လေး
များမှာ ဆယ်​​ကျော်​သက်​များပီပီ ဟီးဟီးဟားဟားရယ်​လျက်
ဆူညံ​နေ​အောင်​စကားလု​ပြောကြလိုက်​နှင့်​ hannie
ကလည်း​ပျော်​မဆုံးဖြစ်​​နေသည်​။ ​စေ့စပ်​ပွဲကို Sehun နှင့်
Siwon တို့ကအခမ်းနားဆုံးလုပ်​ချင်​ကြ၏ Yoona က
လက်​မခံ။ အကျဉ်းချုံးပဲ စီစဉ်​ခိုင်းသည်​။ hannie ဘာလိုချင်​လဲ ဘာလုပ်​ချင်​လဲဝိုင်း​မေးကြ​တော့....။

"hannie က..."

မျက်​လုံး​လေး​ထောင့်​ကပ်​စဉ်းစား​​နေပြီး အသံက​တော်​​တော်​နဲ့
ထွက်​မလာ....။

"မသိဘူး...hannie မှတစ်​ခါမှမ​စေ့စပ်​ဘူးတာ"ဟု
နှုတ်​ခမ်းစူပြန်​​ပြော၏ ​နောက်​ဆုံး hannie ပူဆာသည်​က
Yoona ကသူ့အတွက်​အလှဆုံး ဝတ်​စုံချုပ်​​ပေးဖို့သာ။

"အမ​လေး​တော်​.... သတို့သား​လောင်း​လေးက ချစ်​ဖို့​ကောင်း
လိုက်​တာ၊မိန်းက​လေး​တောင်​ အရှုံး​ပေးရမယ်​...
ကျုပ်​တစ်​သက်​နဲ့တစ်​ကိုယ်​ ဒီ​လောက်​ချစ်​ဖို့​ကောင်းတဲ့
သတို့သား​လောင်း​လေးမျိုး တစ်​ခါမှမ​တွေ့ဖူးပါဘူး...။
Skin ​ကောင်းလွန်းလို့ Baby face ကျ​နေတာပဲ
Make up မထူ​အောင်​မနည်းပြန်​ချ​နေရတယ်​...."

"hannie... အရမ်း​ချောပြီးချစ်​ဖို့​ကောင်းလိုက်​တာ~~~"
hannie တစ်​​ယောက်​အရမ်းရှက်​​နေပြီး မျက်​နှာကြီးလည်း
ပူထူလို့လာသည်​။ သူ့ကိုလူတိုင်းက ချီးမွမ်း​နေကြတာကိုး
"hannie ဝတ်​စုံ​လေးကအရမ်းလှတယ်​...
hannnie နဲ့လိုက်​တယ်​"

ဝတ်​စုံဝတ်​ပြီး​နောက်​ အားလုံးကတအံ့တသြ~~~~
Minho နှင့်​ hannieသူငယ်​ချင်း​တွေလက်​ဖျားခါလျက်
အံ့သြတကြီး​ရေရွတ်​​နေကြ၏ Yoona ကိုယ့်​သား​လေးကို
ကြည့်​လို့မဝနိုင်​ပါ။

"​မေ​မေ hannie ချစ်​ဖို့​ကောင်းလား..."

"ချစ်​ဖို့​ကောင်းပါ့​တော်​...လှလွန်းလို့ ​မေ​မေ့သား​လေးကို
ကြည့်​လို့မဝဘူး..."

"ဟာ...​မေ​မေကလည်း...လှတာကြီးက​တော့.."
hannie ​အောက်​နှခမ်း​လေးကို အသာ​လေးဖိကိုက်​ပြီး
မေ​မေ့ကို နှခမ်း​လေးစူပြီး ​ပြောမိသည်​။

"ကိုကိုမြင်​ရင်​ hannie ကို​ငေးသွားမှာ​သေချာတယ်​"

Minho စကားအဆုံးမှာ hannie က​အောက်​ဆင်းဖို့
တာဆူလျက်​ ပြင်​တဲ့ဆင်​တဲ့ကိစ္စကိုစိတ်​မရှည်​ချင်​​တော့။
အောက်​မှာရှိ​နေသည့်​ Junhan ကလည်း လည်​ပင်း​တရှည်​ရှည်​ဖြစ်​​နေပါပြီ...။

"အစတုန်းက​တော့ ငရှုပ်​​လေးဆို...အနားမလာ​အောင်
ဘာလုပ်​ရမှန်းကိုမသိဘူး၊သိပ်​စိတ်​ညစ်​တာပဲဆို...hannie
ကိုက​လေးလို့ပဲမြင်​တာပါဆို ခုဘယ်​လိုဖြစ်​သွားတာလဲ..."

"ဟုတ်​ပါ့ကွာ...မင်းတို့ကိုငါ​ပြောသားပဲ လိမ်​ဆင်​ကြီးပါလို့
ကြည့်​ဦးခုကြ​တော့လည်း အထက်​တန်းပြီးကာစရှိ​သေးတဲ့
က​လေးကို ဇွတ်​​စေ့စပ်​ပစ်​တာ..."

"​ဟေ့​ကောင်​​တွေ...​စေ့စပ်​တာ ​ဖေ​ဖေနဲ့အန်​ကယ်​စီစဉ်​ကြ
တာ.."

"​အော်​...​အော်​ ဒါဆိုမင်းက​တော့မ​စေ့စပ်​ချင်​ဘူး​ပေါ့
ပြီးတာပဲ..hannie ကိုသွား​ပြောလိုက်​မယ်​..."

"​ဟေ့..​ဟေ့..ဇွတ်​မလုပ်​နဲ့​နော်​၊ အဲ့ဒါ ကွိုင်​...
hannie ​ရှေ့မှာ အဲ့လိုလုံးဝမစမိ​စေနဲ့..."

"ဒါကြ​တော့ ​ကြောက်​တယ်​..."

"​ကြောက်​တာ မဟုတ်​ဘူးကွ..."

"​ကြောက်​တာမဟုတ်​ရင်​ ဘာလဲ..."

"ချစ်​တာ...မထိရက်​မတို့ရက်​ချစ်​တာကွာ၊ hannie ​လေးငါ့​ကြောင့်​ခံစားသွားရမှာစိုးတာ...hannie ကိုငါက
အန်​ကယ်​တို့အန်​တီတို့​မွေးခဲ့သလိုနည်းနည်းမှ စိတ်​ဆင်းရဲ
စရာမရှိ​အောင်​ တစ်​သက်​လုံး​ပျော်​​အောင်​ ထားချင်​တာ...
လက်​ထပ်​ပြီးပြီဆိုတာနဲ့ ငါ့စိတ်​​ရောကိုယ်​ပါ အားလုံး
hannie အတွက်​ပဲ..."

Sehun နှင့်​ Siwon တို့Junhan ​ပြော​နေသမျှ
ကြား​နေရ၏ Siwon ​ကျေနပ်​စွာ မျက်​နှာကြီးပြုံးချို​နေသည်​။ အစက လူကြီး​တွေရဲ့စကားဝိုင်းမှာ သာ​ကြောင်း
မာ​ကြောင်း ဟိုစပ်​စပ်​ဒီစပ်​စပ်​​ပြော​နေကြကာ Junhan
တို့စကားသံ​တွေပျံ့လွင့်​လာသည့်​​နောက်​ ဒီဘက်​က​ပြောလက်​စစကား​တွေ ပြတ်​ကုန်​ပြီးဟိုဘက်​ကစကားတွေကို ထိုင်
နား​ထောင်​​နေကြသလို ဖြစ်​သွားသည်​။

"ကဲ...စိတ်​သာချလိုက်​​တော့ Siwon​ရေ ၊ Sehun သားကသူ့လိုပဲလာမယ့်​ပုံပဲဗျ..."

မိတ်​​ဆွေ​တွေက ချီးကျူး​ထောပနာပြုကြ၏
Sehun ဆိုတဲ့​ကောင်​က မိတ်​​ဆွေအ​ပေါင်းအသင်း​တွေ
သြချရ​လောက်​တဲ့အထိ အစွဲအလမ်းကြီးသူပါ။
Junhan ​မွေးပြီးကတည်းက ဇနီးဖြစ်​သူ Irene ဆုံးပါးသွားခဲ့သည်​။ထို့​နောက်​ ဘယ်​မိန်းမကိုမှ
အိမ်​​ထောင်​ပြုဖို့်ဆိုတာ​ဝေး အ​ပျော်​တွဲခြင်း​တောင်​ မရှိခဲ့​ပေ။
အလုပ်​မှအလုပ်​ သူ့ဘဝကိုသူ့သားနဲ့အလုပ်​အတွက်​သာ
ပေးထား၏ မိတ်​​ဆွေအချင်းချင်းမိတ်​ဆက်​​ပေးကြ ​ကြောင်း
လမ်း​ပေးကြတာရှိသည်​။ အ​ပျော်​အပျက်​တွဲဖို့ ​လှော်​​ပေးခဲ့ကြဖူးသည်​။ ဒါ​ပေမယ့်​ မိန်းမနဲ့ပတ်​သက်​လာရင်
Sehun ကိုဘယ်​လိုမှဆွဲ​ဆောင်​မရခဲ့​ပေ။

" ကျွန်​​တော့်​ဇနီးကလွဲရင်​ ​နောက်​ထပ်​ဘယ်​မိန်းမကိုမှ
ချစ်​လို့ရ​တော့မှာ မဟုတ်​ဘူး...အချစ်​မပါတဲ့နီးစပ်​မှုမျိုးကိုလည်း ကျွန်​​တော်​စိတ်​မပါဘူး..."

ခါးခါးသီးသီးငြင်းလို့မ​ကောင်းတဲ့မိတ်​​ဆွေ​တွေကို ယဉ်​ယဉ်
ကျေး​ကျေးပြန်​​ပြောသည်​။Siwon လို​ပြောမနာဆိုမနာရင်
ပြတ်​သားစွာ ငြင်းထုတ်​တတ်​သည်​။

"ငါ့မှာ ငါ့အလုပ်​နဲ့ငါ့သားကိစ္စနဲ့တင်​ မအားဘူး...
မင်း​တော်​​တော်​အား​နေလား၊ ကိုယ့်​ဘာသာ​နေစမ်းကွာ..."
ဆိုတာမျိုး...။

"သူတို့စိတ်​ဝင်​စားလည်း ငါမှသူတို့ကိုစိတ်​မဝင်​စားတာ...
မင်းမ​မော​သေးဘူးလား...Siwon ရာ..." စသဖြင့်
ဘယ်​နည်းနဲ့မှ မြှူစွယ်​လို့မရ....။

"​သေတဲ့လူက ဘာမှသိ​တော့မှာမဟုတ်​ဘူး
ဒီလူ ​တော်​​တော်​အစွဲကြီးတဲ့လူ..."

နောက်​ဆုံးလွန်​လွန်းလာ​တော့ သစ္စာရှိတာလို့မမြင်​ကြ​တော့
ဘဲအစွဲအလမ်းကြီးတာ ဇီဇာ​ကြောင်​တာ စသဖြင့်
ရှုံ့မဲ့​ပြောကြတဲ့အထိ...။

"ဟုတ်ပါ့...Siwon​ရေ...ခင်​ဗျား​တော့ သမက်​​ရွေးမှန်​သွားပြီ..."

"ဒါနဲ့ Sehun...ခင်​ဗျားသားလည်း အိမ်​​ထောင်​ကျ​တော့မယ်​၊ ခင်​ဗျားခုထိ ​ခေါင်းမာတုန်းလား...
တစ်​သက်​လုံး ဒီအတိုင်း​နေသွားတော့မှာလား
တစ်​​ယောက်​တည်းဗျာ...​ဆေး​ပေးမီးယူတစ်​​ယောက်​​လောက်
စဉ်းစားပါလားဗျ...."

"အဲ့ဒီအတွက်​​တော့ စိတ်​ချဗျ...ဒီ​ကောင်​အစက
သားရှိ​နေတာကိုဗန်းပြအ​ရှောင်​​ကောင်း​နေတာ
ဒီတစ်​ခါ မရ​တော့ဘူး...ကျုပ်​သူငယ်​ချင်း အထီးကျန်​ဘဝက
လွတ်​​အောင်​ ကျုပ်​ကြိုးစားမယ်​ဗျာ..."

Siwon ကပါအားတတ်​သ​ရောဝင်​​ပြော၏
Sehun ကိုယ့်​အလှည့်​​ရောက်​လာ​တော့ ဖုန်းလာ​နေတာ
အ​ကြောင်းပြပြီး စကားဝိုင်းကထထွက်​လာခဲ့၏ ဖုန်းပိတ်​ပစ်​လို့ရပါလျက်​ ပွဲကလည်းမစ​သေးသည်​မို့ ဝင်​လာသည့်​အလုပ်
ကိစ္စဖုန်းအား စိမ်​​ပြေန​ပြေလက်​ခံ​ပြော​နေမိသည်​။
ထိုစဉ်​ hannie Yoonaနှင့်​ သူငယ်​ချင်းများခြံရံလျက်
လှေခါး​ပေါ်မှ ဆင်းလာ၏ hannie ကို​​ရှေ့နှစ်​ဆင့်​မှသွား
စေပြီး Yoona နှင့်​အားလုံး hannie ​နောက်​မှာ အနည်း​ငယ်​ချန်​​စေပြီး လိုက်​လာကြသည်​။

hannie က​ရှေ့ဆုံးမှဆင်းလာ၏
အလှ​တွေပြင်​ထားပြီး ချစ်​စရာ​ကောင်းလိုက်​တာလို့လည်း
အားလုံးတအံ့တသြချီးမွမ်းခဲ့ကြသည်​မို့ hannie မျက်​လုံး
က​အောက်​ထပ်​ဧည့်​ခန်းထဲက လူ​တွေအားလုံးထဲမှာမှ
Junhan ဆီကို တန်းခနဲ​ရောက်​သွား၏
hannie ကိုမြင်​ရင်​ ဘယ်​လိုဖြစ်​သွားမလဲ...။
ကိုကို့မျက်​နှာကို အမိအရဖမ်းကြည့်​ချင်​မိသည်​။

"Junhan...ဟိုမှာ.."





Continue Reading

You'll Also Like

2.4M 85.5K 61
"The Malhotra Brides" is a heart-warming tale that explores the emotional journey of two sisters, Aditi and Pragya, as they navigate their new lives...
282K 10.4K 73
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
2.5M 142K 43
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
599K 29K 79
A collection of short stories. Explore the world of Pakistani novellas✨ 1. Love Lessons by Professor ✓ 2. Bitter Sweet Love ✓ 3. Silent Tears ✓ 4. Th...