.
.
.
.
.
"Ji hee....အချိန်တွေ ကုစားသွားလိမ့်မယ်...ကိုယ့်ကိုယုံ..."
Mr.Kim က Jungkook ၏ အမေအား ကျောကို ပွတ်ကာ နှစ်သိမ့်ပေးနေသည်....ဈာပနပွဲဖြစ်သည့်အတွက် တခြားအသိတွေကလည်း လာရောက်ကြသည်...
အနီးကပ်နှစ်သိမ့်ပေးနေသော Mr.Kim အားTaehyung လှမ်းမြင်တော့....
ဖေဖေနဲ့အန်တီနဲ့က အဲ့လောက် ရင်းနှီးလို့လား....
Taehyung က အတွေးတို့ကို လွင့်စင်စေအောင် ခေါင်းကို မသိမသာ ရမ်းလိုက်သည်...
"အန်တီ...jeon ရော..."
"အန်တီလည်း မသိဘူး သားလေး....ခုနကတော့ ဒီနားမှာရှိသေးတယ်...."
"အော်....."
Jeon ကို ဘယ်မှာမှ မတွေ့....အပြင်မှာ ရှာကြည့်တော့လည်း မတွေ့....ခန်းမ၏ အနောက်ဘက်တွေကို လိုက်ကြည့်တော့....
ပစ္စည်းအဟောင်းများထားသော အခန်းအဝမှ အရိပ်လေးတစ်ခု....
Jeon က ထို အခန်း၏ အဝလေးတွင် နံရံကိုမှီကာ ငိုင်လျက်.....
အခန်းတံခါးဖွင့်ထားတော့ အလင်းရောင် ပျပျက ဒူးပေါ်တင်ထားသော သူ့လက်ချောင်းလေးများကို ရိုက်ခတ်နေသည်....
အလိုက်သင့်ပဲ သူ့ဘေးကို ထိုင်ချလိုက်သည်....သို့သော် သူက တုန့်ပြန်မှုတောင် မပေးခဲ့.....
နွမ်းနယ်နေသော မျက်ဝန်းဝိုင်းဝိုင်းလေးတွေက ဖြည်းညင်းစွာ ကြည့်လာသည်....
"ဘယ်တုန်းက ရောက်လာတာလဲ...."
"စောနလေးတင်ကပဲ...."
သူက ပြုံးသာ ပြုံးပြသည်....အရင်လို တောက်ပမနေပါလား....
"ဒီမှာဘာလုပ်နေတာလဲ...."
"မောလို့ ခဏ နားနေတာ..."
ထို့နောက် သူတို့ကြား လေထုက ငြိမ်သက်သွားပြန်သည်...မျက်ဝန်းနက်နက်လေးများသည် တစ်နေရာရာသို့ ကြည့်နေသည်....သို့သော် ဉီးတည်ချက်မဲ့နေသည်လား.....
"သူက ကင်မ်ချီ ဘီဘင်ဘတ် ဆို အရမ်းကြိုက်တာ...."
အစမရှိ အဆုံးမရှိထပြောလာသော စကားကြောင့် Taehyung က ကြည့်လိုက်မိသည်...သို့သော် ဘယ်သူ့ကို ရည်ညွှန်းမှန်းတော့ သူသိပါသည်....
"ဘီဘင်ဘတ်တွေထဲမှာတောင် ငါလုပ်ပေးတာပဲ စားချင်တာတဲ့လေ...တစ်ခါတလေ ကလေးလိုပဲ..."
နောက်မှ ဟက်ခနဲ ရယ်လိုက်သော အသံသေးသေးသည် အဖေဖြစ်သူအား လွမ်းဆွတ်မှုများ ပါနေမည်....
Jungkook က ပြုံးကာ စိတ်ကူးယဉ်နေဟန်ပြောပြသည်...မျက်ခမ်းစပ်တွင်တော့ အရည်လဲ့လဲ့....
"ဘီဘင်ဘတ်လေးတောင် လုပ်မကျွေးလိုက်ရဘူး...."
ပေါ့ပေါ့ပါးပါးလေးနှင့်ပြောနေသော်လည်း စကားသံတို့က အဖျားခတ်တုန်ရီလို့.....သူမနှစ်သိမ့်တတ်သည့်အတွက် Jeon ပြောသမျှကိုသာ နားထောင်ရင်း မျက်ဝန်းနက်နက်တို့ကို ငေးသည်....
ရုတ်တရက် ပုခုံးပေါ်သို့ လဲကျလာသော ခပ်လေးလေးအရာတစ်ခု...ကြားဖြတ်မရှိသော လေဟာနယ်အတွင်း Taehyung ခံစားမိသည်က ရှန်ပူနံ့ ခပ်သင်းသင်း.....
"မောနေပြီ..."
ရုတ်တရက် ထွက်ပေါ်လာသော အသံသေးသေးက ဒဏ်ရာဒဏ်ချက်တွေနဲ့....
"တစ်ယောက်တည်း ပြေးနေရတာ မောနေပြီ...."
အဖျားခတ် ရှိုက်နေသော စကားသံလေးကြောင့် တဆတ်ဆတ်တုန်နေသော ပုခုံးအား နွေးထွေးလို နွေးထွေးငြား ပွတ်သပ်ပေးသည်....
ရင်ခွင်ထဲသို့ ထည့်ကာဖက်ထားပေးမိတော့ ကုတ်အင်္ကျီကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်သေးသေးနှစ်ဖက်.....တစ်စတစ်စ ကျယ်လောင်လာသော ရှိုက်သံများကြောင့် ရင်ခွင်ထဲသို့ ပိုတိုးစေသည်.....
ကျနော်လည်း ခင်ဗျားကို ပင်ပန်းစေခဲ့တာပဲ....
ထစ်ချုန်းတိုက်ခတ်နေသော မုန်တိုင်းသဖွယ် ငိုကြွေးတော့ Taehyung ၏ ကုတ်အကျီလေးမှာလည်း စိုရွှဲလို့နေသည်....
"ဒီနေ့တော့ ဝအောင်ငိုပါ...စိတ်ကြိုက်ပြိုလဲပါ....jeon..ဒါပေမဲ့ မနက်ဖြန်တော့ ရှင်သန်ပေး...."
တသိမ့်သိမ့်တုန်နေသော သူ့ပုခုံးလေးအား ဆုပ်ကိုင်ကာ မျက်ဝန်းစိုစိုတို့အား စိုက်ကြည့်၍ ပြောပြန်သည်....
.
.
.
.
ထိုနေ့က ဖခင်ဖြစ်သူ သဂြိုလ်သည်ကိုတောင် မကြည့်ဘဲ အဆောင်ပြန်သွားသော ကောင်လေးတစ်ယောက် ငယ်စဉ်က အိပ်မက် ကမ္ဘာလေးသို့ အလည်သွားလိုက်သေးသည်....
---------------------------
.
.
.
.
.
ရုတ်တရက်ထခေါက်သော တံခါးကြောင့် jungkook ထဖွင့်လိုက်သည်...
"Kookie...."
စိုးရိမ်နေသော မျက်ဝန်းများနှင့် Hyung က မောဟိုက်နေသလို....
"Hyung...."
ပြူးပြူးလေးကြည့်နေသော ထိုကလေးက ခဏလေး အတောအတွင်းမှာ မျက်နှာလေးချောင်ကျသွားသည်....အနားမှာ မရှိပေးနိုင်လို့ တောင်းပန်ပါတယ် ဟူသော စကားကို သူဘယ်လိုအစပျိုးရမည်မှန်းမသိ...
"ပိန်သွားတယ်...."
ပုခုံး မှတစ်ဆင့် ပါးဖောင်းဖောင်း လေးပေါ်သို့ လက်ချောင်းများက နူးညံ့စွာ ပြေးလွှားနေသည်....
"ကိုယ် မင်းနားမှာ မနေပေးနိုင်ခဲ့ဘူး.....တောင်းပန်ပါတယ် Kook..."
"ကျနော် အဆင်ပြေပါတယ်...."
Namjoon က jungkook ၏ ခေါင်းလေးမှတစ်ဆင့် သိမ်းကျုံးယူတော့ ထိုကောင်လေးက ရင်ပြင်ကျယ်ကျယ်တွင် နစ်မြုပ်ပြန်သည်....
"ပင်ပန်းနေတယ်..."
"မင်းပင်ပန်းနေတယ်...."
သြလွှလွှ အသံကား သူ့အား အမောပြေစေသလို ထွက်သွားတာ မကြာသေးသော ဖေဖေ့၏ နွေးထွေးမှုနှင့် ရင်းနှီးနေသည်....
အင်း...ဟုတ်တယ်....Hyung က ဖေဖေ့ရဲ့ နွေးထွေးမှုတွေကို ကိုယ်စားပေးနေတာ....
.
.
.
.
.
------------
.
.
.
.
.
.
ညက စာတွေကျက်ပြီး နိုးလာတော့လည်း ထိုစာအုပ်ပုံများဘေးက....
ဖေဖေ ဆုံးပြီးနောက် သူ အပျော်အပါးကိစ္စတွေ သိပ်မလုပ်ဖြစ်....၅လတောင် ရှိသွားပြီ....လစ်ဟာဟာ ခံစားချက်တစ်ခုနှင့် နေသားကျသွားသည်လေ....
စာအုပ်နှင့်မျက်နှာနှင့် မခွာသလို ကော်ဖီဆိုင်လေးတစ်ခုတွင် အချိန်ပိုင်း အလုပ်ဝင်လုပ်ဖြစ်သည်....
သို့သော် သူ့တွင် ပျော်သည် ဝမ်းနည်းသည် ဟူ၍ မရှိတော့....အဖေဖြစ်သူ ဆုံးပြီးကတည်းက ခံစားချက်တွေ လစ်ဟာနေပုံရသည်....စက်ရုပ်တစ်ရုပ်လို ရှင်သန်နေသည်လေ...
.
.
.
.
.
.
.
.
"Kim Tae....ထတော့....အချိန်ကိုကြည့်ဉီး....စာကြည့်ရမယ်လေ...."
Jungkook က ကုတင်ပေါ်က taehyung အား လှုပ်နှိုးနေသည်....
သူအိမ်ထဲသို့ ဝင်ခဲ့ရသော်လည်း အူတူတူသာ ဟိုကြည့်ဒီကြည့် ဝင်ခဲ့ရသည်...အန်တီ့ကိုလည်း မတွေ့......အဒေါ်ကြီးကိုလည်း မတွေ့.....
အခုလည်း Taehyung ကို ဘယ်လိုနှိုးနှိုးမရ....
ကျောပေးထါးသော Taehyung အား ဆွဲလှည့်လိုက်တော့ မျက်ခုံးများ ပင့်မိတဲ့ jungkook ရယ်ပါ....
Kim Tae ၏ မျက်လုံးများမှာ မှိတ်ထားသည်နှင့်ပင် ဖောင်းနေသလို နှာထိပ်လေးမှာလည်း ရဲတဲတဲ....
ဒီကလေး ညက ငိုထားသည်လား....
ပါးလေးအား ခပ်ဆတ်ဆတ် ကိုင်ပြီး နှိုးမှ မျက်လုံးလေးပွင့်လာသည်...
"အော်....Jeon....ရောက်နေတာလား....sorry...ကျနော် အိပ်ပျော်သွားတာ...."
ပျော်ရင်းဆိုရင်းနှင့် ရေချိုးခန်းထဲသို့ ဝင်သွားသော ကျောပြင်လေးကြောင့် ရင်မောစွာနှင့်ပဲ ကြည့်မိလိုက်သည်...
၁၀ မိနစ်လောက်ကြာမှ Taehyung ပြန်ထွက်လာသည်....
"ဒီနေ့ အတန်းချိန် ရှိလား...."
Taehyung က အိပ်ယာဘေးရှိ စားပွဲအသေးလေးပေါ်မှ ရေငဲ့ကာ ဆေးလုံးတစ်ချို့ကို ပါးစပ်ထဲထည့်လိုက်သည်....
"အင်း....မင်း အချိန်ပြီးမှ..."
"အော်...."
"အဲ့ဒါ ဘာဆေးတွေလဲ...."
"ဒီတိုင်းပဲ...ဘာဆေးမှ မဟုတ်ဘူး...painkillers...."
ပုခုံးကို ပင့်ပြကာ ပြောသည်....
"အန်တီမရှိဘူးလား...."
"အင်း..."
"ဘယ်သွားတာလဲ...."
"မသိဘူး..."
Taehyung က ခပ်ကြီးကြီး ဗီရိုတံခါးကို ဆွဲဖွင့်ကာ တီရှပ်တစ်ထည်အား ထုတ်လိုက်သည်....
ရုတ်တရက် လစ်ဟာသွားသော ကြွက်သားပြည့်ပြည့် ကျောပြင်ကြောင့် jungkook အနည်းငယ်တော့ မျက်လုံးပြူးသွားသည်...တော်သေးတာပေါ့...ကျောပေးထါးလို့....
"ဒီနေ့ အိမ်က တိတ်ဆိတ်နေသလိုပဲ...လူလည်းမရှိဘူး...."
Taehyung က တီရှပ်ခဲရောင်လေးဖြင့် jungkook ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်....
"အိမ်က အတွင်းလူတစ်ယောက်အနေနဲ့တော့ ပုံမှန်ပဲ..."
Taehyung က ပြောရင်း စာအုပ်တစ်အုပ်ကို ကောက်ဖွင့်လိုက်သည်...
Taehyung ပုံစံက ဒီနေ့ အနည်းငယ် နုံးနေသလို မျက်ကွင်းများကလည်း မသိမသာ ညိုကွင်းကွင်း....Jungkook ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း ထိုဘောက်ဆက်ဆက်ကောင်လေးက မသိဘူး မဟုတ်ဘူးသာ ဖြေမည်လေ...
သို့သော် jungkook စာစသင်လိုက်ပါသည်....ဖြေရန် ၇ လ လောက်သာလိုတော့သည့်အတွက် အားစိုက်ကာ သင်သည်....
အချိန်၂ နာရီလောက် ရှင်းပြပြီး...
"နားမလည်ရင် ပြန်မေး....အဲ့အပိုင်းက နည်းနည်း ခက်တယ်...."
"အင်း...."
"Kim Tae....ညဘက်တွေ မအိပ်ဘူးလား...."
မျက်တွင်းဟောက်ပတ်နှင့် ခပ်ရဲရဲ မျက်ဝန်းများကြောင့် Jungkook မနေနိုင်စွာ မေးလိုက်သည်....
Taehyung က ဘာမှပြန်မဖြေ....
"အိပ်ဆေးတွေများလာရင် မကောင်းဘူးနော်..."
"ကောင်လေးကို စိတ်ပူပေးနေတာပဲ..."
Taehyung က မျက်စောင်းလေးဖြင့် ပြုံးကာ ပြောတော့ နီရဲနေသော မျက်နှာကြီးမှ ဆဲသံညံလျက်....
"ငါစကားကောင်းပြောနေတာ..."
Taehyung က ဟားတိုက်ရယ်တော့ မျက်စောင်းထိုးလိုက်သည်...ထိုရယ်သံများက တစ်စုံတစ်ရာကို ခေတ္တ စိတ်အေးသွားဟန်....
မင်းပြုံးလိုက်လို့ဖြစ်မယ်....
"အဆိုးကောင်..."
မျက်စောင်းထိုး လက်ပိုက်ကာပြောတော့အသည်း ယား မိပြန်သော Taehyung....
---------------------------
"Sorry hyung....ကားတွေ တအားပိတ်လို့...."
"ရတယ် kook...ကိုယ်စောင့်နိုင်ပါတယ်..."
Namjoon က လက်ထဲမှ ဖတ်လက်စ စာအုပ်အား မှောက်ကာ ပါးချိုင့်နက်နက်တို့ ပေါ်သည်အထိ ပြုံးပြသည်....
"မှာလေ....အေးအေးဆေးဆေး စကားပြောတာပေါ့...အတန်းချိန် မရှိဘူးမလား...."
လွယ်ထားသော အိတ်ကို ကမန်းကတန်း ချကာ ပျာယာခတ်နေသော ကောင်လေး၏ နားထင်မှ ချွေးသီးတို့တွယ်နေသည်ကို လှမ်းမြင်လိုက်မိသည်....
"အင်း...မရှိဘူး...ဒါမဲ့ အချိန်ပိုင်းအလုပ်ရှိတယ်...၇ လောက်မှပါ...."
သူ့ကို မကြည့်ဘဲ ဟိုလှည့်ဒီလှည့် အသည်းအသန်ရှာနေသော ကောင်လေးကို namjoon သဘောကျစွာ စိုက်ကြည့်နေမိသည်....ပျာယာခတ်တာတောင် ချစ်ဖို့ကောင်းနေတော့ လူကြီး မနေတတ်တော့....
"Kook...ဘာတွေရှာနေတာလဲ...ဖုန်းက ဒီမှာလေ...."
သူ့ရှေ့တည့်တည့်ရှိ ဖုန်းကို လက်ညိုးထိုးပြတော့ ကောင်လေးက အရှေ့သွားနှစ်ချောင်း ပေါ်အောင် ရယ်သည်...
"ကျစ်...ပျာယာခတ်နေတာပဲ..."
ပြောရင်းဆိုရင်း jungkook ၏ နားသယ်မွေးတို့၌ ခိုတွဲနေသော ချွေးသီးလေးများအား လက်ခုံဖြင့် သုတ်ပေးလိုက်ကာ တစ်ချက်ကြည့်လိုက်မိတော့ နီရဲရဲ ပါးပြင်နှစ်ဖက်နှင့် ဆုံသည်....
"မှာလေ....ကိုယ်လည်းမှာမယ်..."
ရှိန်းတိန်းတိန်း ဖြစ်နေသော လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေရသည်ပတော့ အဆင်မပြေလှ...အရှက်ပြေလိုပြေညား namjoon က လည်ဂုတ်ကို ဖွဖွပွတ်သည်....ဒီကောင်လေးနဲ့သိတာလည်း နှစ်ပဲချီနေပြီ...ဘယ်လိုဖြစ်လို့ ရှိန်းတိန်းတိန်း ဖြစ်နေရလဲ....
"ဟေ့ကောင်....ငါ့ကို လိမ်ခေါ်လာတယ်....မင်းပြောတော့ မင်းအိမ်ဆို..."
"တိုးတိုးပြော....ဒါ Cafe'...ဆိုဂျူဆိုင်မဟုတ်ဘူး..."
ရင်းနှီးနေသော အသံသြသြကြောင့် လှမ်းကြည့်မိလိုက်တော့ တစ်ဖန်ပြန်စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံသည်....အရောင်ပြောင်းသွားသော မျက်ဝန်းတို့က ကျောပေးထားသော ကျောပြင်ကို ကြည့်ကာ သူ့ကို ပြန်လည် စူးစိုက်ကြည့်ပြန်သည်....ထို မျက်ဝန်း အညိုတို့ကို အဖြေမရှာတတ်...သို့သော် စိတ်အလိုမကျနေသည်မှာတော့ အမှန်....
"Hyungie...."
"အာ...jungmin...."
"Coffee လာသောက်တာလား..."
"ဟုတ်တယ် hyungie..."
Hyung ဘေးနားသို့ ပြေးလာသော ကောင်လေးက သူ့ သူငယ်ချင်း....သူကလည်း တဖြည်းဖြည်း လျှောက်လာသည်....
"Hyungie...အဲ့ဒါ ဘယ်သူလဲ..."
ထိုခပ်သွက်သွက်ကောင်လေးကို မိမိကို လက်ညိုးထိုးပြကာ မေးသည်....
"အဲ့ဒါ ကိုယ့်ဂျူနီယာလေ...Jeon jungkook..."
"အော်....Jeon-..."
ထိုကောင်လေးက တစ်ခုခုကို သတိရသွားဟန်နှင့် ဘေးရှိ Taehyung ကို ကြည့်ကာ အနည်းငယ်အံ့သြသွားဟန်နှင့်....
"ဒါနဲ့...."
Namjoon ကဘေးတွင် ရပ်နေသော Taehyung ကို မေးငေါ့ကာ မေးတော့ jungmin က ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေသည်...
"ကျ...ကျနော့် သူငယ်ချင်း...Kim Taehyung တဲ့....."
Namjoon က မိမိဆီကို တစ်ချက်မှ မကြည့်ဘဲ မိမိဘေးမှ ငုံ့ငုံ့လေးဖြစ်နေသော jungkook ကို စိုက်ကြည့်နေသော Taehyung ကို အကဲခတ်လျက်...
"Jeon...တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တယ်နော်.... "
တစ်လုံးချင်းပြောနေသော ထိုအေးစက်စက် ကောင်လေးက သိပ်တော့ ဖော်ရွေပုံမရ ...namjoon က မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းသည်...
"မင်းတို့က သိနေတာလား...."
"ဟုတ်တယ်...သူက ကျနော့် Tutor..."
သူ့အား စိုက်ကြည့်ကာ ပြောနေသော ထိုကောင်လေးက သူ့ကို အမြင်မကြည်သလိုလို အရဲတင်းတင်း မျက်လုံးတွေနှင့်....
"အာ...Kook ရဲ့ တပည့်လေးဆိုတာပဲ...တိုက်ဆိုင်တာပေါ့..."
Namjoon က ပါးချိုင့်များယေးယေးပေါ်သည်အထိ ပြုံးကာ တည်ငြိမ်စွာ ပြောသည်....
ခွင့်တောင်းမှု တစ်စုံတစ်ရာ မရှိဘဲ jungkook ဘေးနေရာလွတ်တွင် ဝင်ထိုင်လိုက်သည်....ရိုင်းစိုင်းနေတာမျိုး မဟုတ်ပေမဲ့ မယဉ်ကျေးတာတော့ အမှန်...
Jungmin က လည်း namjoon ဘေးတွင် အလိုက်သင့်လေး ဝင်ထိုင်သည်....မျက်နှာကတော့ တစ်စုံတစ်ရာကို ပူပန်နေဟန်....
မှာထားသော Tea လာပို့တော့ နမော်နမဲ့နိုင်သော jungkook က ခွက်ကိုစောင်းကာ ယူလိုက်မိသည်...ခပ်ပူပူ အရည်တို့က လက်ခုံပေါ်မှ ခပ်ရဲရဲ အမာရွတ်ပေါ်သို့...
"Jeon-..."
သူတစ်ရှူးယူနေစဉ်မှာပဲ ဟိုလူက Jeon ၏ လက်ကို သုတ်ပြီးနေပြီဖြစ်သည်...ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော ဒေါသတွေက လည်ပင်းနားတစ်ဝိုက်တွင် ခပ်ပူပူ ရလဒ်ကိုဖြစ်စေသည်...
"တစ်နေ့လုံးကို ယောက်ယက်ခတ်နေတော့တာပဲ kook..."
ဟိုလူပြောတော့ jeon က ပြုံးစစ တုန့်ပြန်သည်...
မြင်ကွင်းတစ်ခုလုံးအား မျက်တောင်မခတ် စိုက်ကြည့်နေသည်မှာ Taehyung....
ခင်ဗျားက သိပ်ကိုပျော်နေတော့တာပဲ...
"ဒါနဲ့ Kim namjoon က Jeon နဲ့ သိပ်ကိုရင်းနှီးတာလား..."
ခနဲ့တဲ့တဲ့နှင့် ဒဲ့ဆန်ဆန် မေးလိုက်သော Taehyung ၏ လေယူလေသိမ်းက ဘယ်လို ပုံစံမျိုးမေးသည်ကို namjoon ရိပ်မိသည်....
"အင်း...အရမ်းရင်းနှီးတာ...မင်းနဲ့ မတွေ့ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက..."
မလိုအပ်သော စကားစုတစ်ခုဖြင့် အနိုင်ပိုင်းကာ ပြောလိုက်သော ထိုလူ၏ မျက်လုံးတို့ကလည်း သူ့ကို သိပ်သဘောမကျဟန်....သို့သော် ဖြောင့်မတ်ဟန်ရှိသော အမူအရာတို့ကြောင့် မသိသာ....
"အော်...kim namjoon က သိပ်ကို ဂရုစိုက်တတ်တာပဲ....ကျနော်က အဲဒီ့လို အစ်ကိုမျိုးလိုချင်တာ...ကိုယ့်ညီလေးကို အရမ်းဂရုစိုက်တတ်တဲ့ အစ်ကိုမျိုး..."
ခပ်ပင့်ပင့် အပြုံးတို့ဖြင့် အဆီအငေါတည့်စွာ စည်းချကာ ပိတ်ပြောလိုက်သည်မှာ Taehyung....
အလင်းရောင် ယေးတေးတေးသာရှိတော့သော ညနေစောင်းတွင် ခပ်လှလှ cafe' အတွင်း ဝိုင်းတစ်ဝိုင်းမှ အကြည့်ချင်းတိုက်ခိုက်နေကြသော လူနှစ်ယောက်....
မျက်နှာပူနေသည်မှာတော့ တစ်ဖက်တစ်ချက်စီမှ ကောင်လေးနှစ်ယောက်......
-------------------------------------------->>>
TBC
.
.
.
.
.
"Ji hee....အခ်ိန္ေတြ ကုစားသြားလိမ့္မယ္...ကိုယ့္ကိုယုံ..."
Mr.Kim က Jungkook ၏ အေမအား ေက်ာကို ပြတ္ကာ ႏွစ္သိမ့္ေပးေနသည္....ဈာပနပြဲျဖစ္သည့္အတြက္ တျခားအသိေတြကလည္း လာေရာက္ၾကသည္...
အနီးကပ္ႏွစ္သိမ့္ေပးေနေသာ Mr.Kim အားTaehyung လွမ္းျမင္ေတာ့....
ေဖေဖနဲ႕အန္တီနဲ႕က အဲ့ေလာက္ ရင္းႏွီးလို႔လား....
Taehyung က အေတြးတို႔ကို လြင့္စင္ေစေအာင္ ေခါင္းကို မသိမသာ ရမ္းလိုက္သည္...
"အန္တီ...jeon ေရာ..."
"အန္တီလည္း မသိဘူး သားေလး....ခုနကေတာ့ ဒီနားမွာရွိေသးတယ္...."
"ေအာ္....."
Jeon ကို ဘယ္မွာမွ မေတြ႕....အျပင္မွာ ရွာၾကည့္ေတာ့လည္း မေတြ႕....ခန္းမ၏ အေနာက္ဘက္ေတြကို လိုက္ၾကည့္ေတာ့....
ပစၥည္းအေဟာင္းမ်ားထားေသာ အခန္းအဝမွ အရိပ္ေလးတစ္ခု....
Jeon က ထို အခန္း၏ အဝေလးတြင္ နံရံကိုမွီကာ ငိုင္လ်က္.....
အခန္းတံခါးဖြင့္ထားေတာ့ အလင္းေရာင္ ပ်ပ်က ဒူးေပၚတင္ထားေသာ သူ႕လက္ေခ်ာင္းေလးမ်ားကို ရိုက္ခတ္ေနသည္....
အလိုက္သင့္ပဲ သူ႕ေဘးကို ထိုင္ခ်လိဳက္သည္....သို႔ေသာ္ သူက တုန့္ျပန္မႈေတာင္ မေပးခဲ့.....
ႏြမ္းနယ္ေနေသာ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြက ျဖည္းညင္းစြာ ၾကည့္လာသည္....
"ဘယ္တုန္းက ေရာက္လာတာလဲ...."
"ေစာနေလးတင္ကပဲ...."
သူက ၿပဳံးသာ ၿပဳံးျပသည္....အရင္လို ေတာက္ပမေနပါလား....
"ဒီမွာဘာလုပ္ေနတာလဲ...."
"ေမာလို႔ ခဏ နားေနတာ..."
ထို႔ေနာက္ သူတို႔ၾကား ေလထုက ၿငိမ္သက္သြားျပန္သည္...မ်က္ဝန္းနက္နက္ေလးမ်ားသည္ တစ္ေနရာရာသို႔ ၾကည့္ေနသည္....သို႔ေသာ္ ဉီးတည္ခ်က္မဲ့ေနသည္လား.....
"သူက ကင္မ္ခ်ီ ဘီဘင္ဘတ္ ဆို အရမ္းႀကိဳက္တာ...."
အစမရွိ အဆုံးမရွိထေျပာလာေသာ စကားေၾကာင့္ Taehyung က ၾကည့္လိုက္မိသည္...သို႔ေသာ္ ဘယ္သူ႕ကို ရည္ၫႊန္းမွန္းေတာ့ သူသိပါသည္....
"ဘီဘင္ဘတ္ေတြထဲမွာေတာင္ ငါလုပ္ေပးတာပဲ စားခ်င္တာတဲ့ေလ...တစ္ခါတေလ ကေလးလိုပဲ..."
ေနာက္မွ ဟက္ခနဲ ရယ္လိုက္ေသာ အသံေသးေသးသည္ အေဖျဖစ္သူအား လြမ္းဆြတ္မႈမ်ား ပါေနမည္....
Jungkook က ၿပဳံးကာ စိတ္ကူးယဥ္ေနဟန္ေျပာျပသည္...မ်က္ခမ္းစပ္တြင္ေတာ့ အရည္လဲ့လဲ့....
"ဘီဘင္ဘတ္ေလးေတာင္ လုပ္မေကြၽးလိုက္ရဘူး...."
ေပါ့ေပါ့ပါးပါးေလးႏွင့္ေျပာေနေသာ္လည္း စကားသံတို႔က အဖ်ားခတ္တုန္ရီလို႔.....သူမႏွစ္သိမ့္တတ္သည့္အတြက္ Jeon ေျပာသမွ်ကိုသာ နားေထာင္ရင္း မ်က္ဝန္းနက္နက္တို႔ကို ေငးသည္....
႐ုတ္တရက္ ပုခုံးေပၚသို႔ လဲက်လာေသာ ခပ္ေလးေလးအရာတစ္ခု...ၾကားျဖတ္မရွိေသာ ေလဟာနယ္အတြင္း Taehyung ခံစားမိသည္က ရွန္ပူနံ႕ ခပ္သင္းသင္း.....
"ေမာေနၿပီ..."
႐ုတ္တရက္ ထြက္ေပၚလာေသာ အသံေသးေသးက ဒဏ္ရာဒဏ္ခ်က္ေတြနဲ႕....
"တစ္ေယာက္တည္း ေျပးေနရတာ ေမာေနၿပီ...."
အဖ်ားခတ္ ရွိုက္ေနေသာ စကားသံေလးေၾကာင့္ တဆတ္ဆတ္တုန္ေနေသာ ပုခုံးအား ႏြေးေထြးလို ႏြေးေထြးျငား ပြတ္သပ္ေပးသည္....
ရင္ခြင္ထဲသို႔ ထည့္ကာဖက္ထားေပးမိေတာ့ ကုတ္အကၤ်ီကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားေသာ လက္ေသးေသးႏွစ္ဖက္.....တစ္စတစ္စ က်ယ္ေလာင္လာေသာ ရွိုက္သံမ်ားေၾကာင့္ ရင္ခြင္ထဲသို႔ ပိုတိုးေစသည္.....
က်ေနာ္လည္း ခင္ဗ်ားကို ပင္ပန္းေစခဲ့တာပဲ....
ထစ္ခ်ဳန္းတိုက္ခတ္ေနေသာ မုန္တိုင္းသဖြယ္ ငိုေႂကြးေတာ့ Taehyung ၏ ကုတ္အက်ီေလးမွာလည္း စို႐ႊဲလို႔ေနသည္....
"ဒီေန႕ေတာ့ ဝေအာင္ငိုပါ...စိတ္ႀကိဳက္ၿပိဳလဲပါ....jeon..ဒါေပမဲ့ မနက္ျဖန္ေတာ့ ရွင္သန္ေပး...."
တသိမ့္သိမ့္တုန္ေနေသာ သူ႕ပုခုံးေလးအား ဆုပ္ကိုင္ကာ မ်က္ဝန္းစိုစိုတို႔အား စိုက္ၾကည့္၍ ေျပာျပန္သည္....
.
.
.
.
ထိုေန႕က ဖခင္ျဖစ္သူ သၿဂိဳလ္သည္ကိုေတာင္ မၾကည့္ဘဲ အေဆာင္ျပန္သြားေသာ ေကာင္ေလးတစ္ေယာက္ ငယ္စဥ္က အိပ္မက္ ကမၻာေလးသို႔ အလည္သြားလိုက္ေသးသည္....
---------------------------
.
.
.
.
.
႐ုတ္တရက္ထေခါက္ေသာ တံခါးေၾကာင့္ jungkook ထဖြင့္လိုက္သည္...
"Kookie...."
စိုးရိမ္ေနေသာ မ်က္ဝန္းမ်ားႏွင့္ Hyung က ေမာဟိုက္ေနသလို....
"Hyung...."
ျပဴးျပဴးေလးၾကည့္ေနေသာ ထိုကေလးက ခဏေလး အေတာအတြင္းမွာ မ်က္ႏွာေလးေခ်ာင္က်သြားသည္....အနားမွာ မရွိေပးနိုင္လို႔ ေတာင္းပန္ပါတယ္ ဟူေသာ စကားကို သူဘယ္လိုအစပ်ိဳးရမည္မွန္းမသိ...
"ပိန္သြားတယ္...."
ပုခုံး မွတစ္ဆင့္ ပါးေဖာင္းေဖာင္း ေလးေပၚသို႔ လက္ေခ်ာင္းမ်ားက ႏူးညံ့စြာ ေျပးလႊားေနသည္....
"ကိုယ္ မင္းနားမွာ မေနေပးနိုင္ခဲ့ဘူး.....ေတာင္းပန္ပါတယ္ Kook..."
"က်ေနာ္ အဆင္ေျပပါတယ္...."
Namjoon က jungkook ၏ ေခါင္းေလးမွတစ္ဆင့္ သိမ္းက်ဳံးယူေတာ့ ထိုေကာင္ေလးက ရင္ျပင္က်ယ္က်ယ္တြင္ နစ္ျမဳပ္ျပန္သည္....
"ပင္ပန္းေနတယ္..."
"မင္းပင္ပန္းေနတယ္...."
ၾသလႊလႊ အသံကား သူ႕အား အေမာေျပေစသလို ထြက္သြားတာ မၾကာေသးေသာ ေဖေဖ့၏ ႏြေးေထြးမႈႏွင့္ ရင္းႏွီးေနသည္....
အင္း...ဟုတ္တယ္....Hyung က ေဖေဖ့ရဲ႕ ႏြေးေထြးမႈေတြကို ကိုယ္စားေပးေနတာ....
.
.
.
.
.
------------
.
.
.
.
.
.
ညက စာေတြက်က္ၿပီး နိုးလာေတာ့လည္း ထိုစာအုပ္ပုံမ်ားေဘးက....
ေဖေဖ ဆုံးၿပီးေနာက္ သူ အေပ်ာ္အပါးကိစၥေတြ သိပ္မလုပ္ျဖစ္....၅လေတာင္ ရွိသြားၿပီ....လစ္ဟာဟာ ခံစားခ်က္တစ္ခုႏွင့္ ေနသားက်သြားသည္ေလ....
စာအုပ္ႏွင့္မ်က္ႏွာႏွင့္ မခြာသလို ေကာ္ဖီဆိုင္ေလးတစ္ခုတြင္ အခ်ိန္ပိုင္း အလုပ္ဝင္လုပ္ျဖစ္သည္....
သို႔ေသာ္ သူ႕တြင္ ေပ်ာ္သည္ ဝမ္းနည္းသည္ ဟူ၍ မရွိေတာ့....အေဖျဖစ္သူ ဆုံးၿပီးကတည္းက ခံစားခ်က္ေတြ လစ္ဟာေနပုံရသည္....စက္႐ုပ္တစ္႐ုပ္လို ရွင္သန္ေနသည္ေလ...
.
.
.
.
.
.
.
.
"Kim Tae....ထေတာ့....အခ်ိန္ကိုၾကည့္ဉီး....စာၾကည့္ရမယ္ေလ...."
Jungkook က ကုတင္ေပၚက taehyung အား လႈပ္ႏွိုးေနသည္....
သူအိမ္ထဲသို႔ ဝင္ခဲ့ရေသာ္လည္း အူတူတူသာ ဟိုၾကည့္ဒီၾကည့္ ဝင္ခဲ့ရသည္...အန္တီ့ကိုလည္း မေတြ႕......အေဒၚႀကီးကိုလည္း မေတြ႕.....
အခုလည္း Taehyung ကို ဘယ္လိုႏွိုးႏွိုးမရ....
ေက်ာေပးထါးေသာ Taehyung အား ဆြဲလွည့္လိုက္ေတာ့ မ်က္ခုံးမ်ား ပင့္မိတဲ့ jungkook ရယ္ပါ....
Kim Tae ၏ မ်က္လုံးမ်ားမွာ မွိတ္ထားသည္ႏွင့္ပင္ ေဖာင္းေနသလို ႏွာထိပ္ေလးမွာလည္း ရဲတဲတဲ....
ဒီကေလး ညက ငိုထားသည္လား....
ပါးေလးအား ခပ္ဆတ္ဆတ္ ကိုင္ၿပီး ႏွိုးမွ မ်က္လုံးေလးပြင့္လာသည္...
"ေအာ္....Jeon....ေရာက္ေနတာလား....sorry...က်ေနာ္ အိပ္ေပ်ာ္သြားတာ...."
ေပ်ာ္ရင္းဆိုရင္းႏွင့္ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေသာ ေက်ာျပင္ေလးေၾကာင့္ ရင္ေမာစြာႏွင့္ပဲ ၾကည့္မိလိုက္သည္...
၁၀ မိနစ္ေလာက္ၾကာမွ Taehyung ျပန္ထြက္လာသည္....
"ဒီေန႕ အတန္းခ်ိန္ ရွိလား...."
Taehyung က အိပ္ယာေဘးရွိ စားပြဲအေသးေလးေပၚမွ ေရငဲ့ကာ ေဆးလုံးတစ္ခ်ိဳ႕ကို ပါးစပ္ထဲထည့္လိုက္သည္....
"အင္း....မင္း အခ်ိန္ၿပီးမွ..."
"ေအာ္...."
"အဲ့ဒါ ဘာေဆးေတြလဲ...."
"ဒီတိုင္းပဲ...ဘာေဆးမွ မဟုတ္ဘူး...painkillers...."
ပုခုံးကို ပင့္ျပကာ ေျပာသည္....
"အန္တီမရွိဘူးလား...."
"အင္း..."
"ဘယ္သြားတာလဲ...."
"မသိဘူး..."
Taehyung က ခပ္ႀကီးႀကီး ဗီရိုတံခါးကို ဆြဲဖြင့္ကာ တီရွပ္တစ္ထည္အား ထုတ္လိုက္သည္....
႐ုတ္တရက္ လစ္ဟာသြားေသာ ႂကြက္သားျပည့္ျပည့္ ေက်ာျပင္ေၾကာင့္ jungkook အနည္းငယ္ေတာ့ မ်က္လုံးျပဴးသြားသည္...ေတာ္ေသးတာေပါ့...ေက်ာေပးထါးလို႔....
"ဒီေန႕ အိမ္က တိတ္ဆိတ္ေနသလိုပဲ...လူလည္းမရွိဘူး...."
Taehyung က တီရွပ္ခဲေရာင္ေလးျဖင့္ jungkook ၏ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္သည္....
"အိမ္က အတြင္းလူတစ္ေယာက္အေနနဲ႕ေတာ့ ပုံမွန္ပဲ..."
Taehyung က ေျပာရင္း စာအုပ္တစ္အုပ္ကို ေကာက္ဖြင့္လိုက္သည္...
Taehyung ပုံစံက ဒီေန႕ အနည္းငယ္ ႏုံးေနသလို မ်က္ကြင္းမ်ားကလည္း မသိမသာ ညိုကြင္းကြင္း....Jungkook ၏ ေခါင္းထဲတြင္ ေမးခြန္းမ်ား ျပည့္ႏွက္ေနေသာ္လည္း ထိုေဘာက္ဆက္ဆက္ေကာင္ေလးက မသိဘူး မဟုတ္ဘူးသာ ေျဖမည္ေလ...
သို႔ေသာ္ jungkook စာစသင္လိုက္ပါသည္....ေျဖရန္ ၇ လ ေလာက္သာလိုေတာ့သည့္အတြက္ အားစိုက္ကာ သင္သည္....
အခ်ိန္၂ နာရီေလာက္ ရွင္းျပၿပီး...
"နားမလည္ရင္ ျပန္ေမး....အဲ့အပိုင္းက နည္းနည္း ခက္တယ္...."
"အင္း...."
"Kim Tae....ညဘက္ေတြ မအိပ္ဘူးလား...."
မ်က္တြင္းေဟာက္ပတ္ႏွင့္ ခပ္ရဲရဲ မ်က္ဝန္းမ်ားေၾကာင့္ Jungkook မေနနိုင္စြာ ေမးလိုက္သည္....
Taehyung က ဘာမွျပန္မေျဖ....
"အိပ္ေဆးေတြမ်ားလာရင္ မေကာင္းဘူးေနာ္..."
"ေကာင္ေလးကို စိတ္ပူေပးေနတာပဲ..."
Taehyung က မ်က္ေစာင္းေလးျဖင့္ ၿပဳံးကာ ေျပာေတာ့ နီရဲေနေသာ မ်က္ႏွာႀကီးမွ ဆဲသံညံလ်က္....
"ငါစကားေကာင္းေျပာေနတာ..."
Taehyung က ဟားတိုက္ရယ္ေတာ့ မ်က္ေစာင္းထိုးလိုက္သည္...ထိုရယ္သံမ်ားက တစ္စုံတစ္ရာကို ေခတၱ စိတ္ေအးသြားဟန္....
မင္းၿပဳံးလိုက္လို႔ျဖစ္မယ္....
"အဆိုးေကာင္..."
မ်က္ေစာင္းထိုး လက္ပိုက္ကာေျပာေတာ့အသည္း ယား မိျပန္ေသာ Taehyung....
---------------------------
"Sorry hyung....ကားေတြ တအားပိတ္လို႔...."
"ရတယ္ kook...ကိုယ္ေစာင့္နိုင္ပါတယ္..."
Namjoon က လက္ထဲမွ ဖတ္လက္စ စာအုပ္အား ေမွာက္ကာ ပါးခ်ိဳင့္နက္နက္တို႔ ေပၚသည္အထိ ၿပဳံးျပသည္....
"မွာေလ....ေအးေအးေဆးေဆး စကားေျပာတာေပါ့...အတန္းခ်ိန္ မရွိဘူးမလား...."
လြယ္ထားေသာ အိတ္ကို ကမန္းကတန္း ခ်ကာ ပ်ာယာခတ္ေနေသာ ေကာင္ေလး၏ နားထင္မွ ေခြၽးသီးတို႔တြယ္ေနသည္ကို လွမ္းျမင္လိုက္မိသည္....
"အင္း...မရွိဘူး...ဒါမဲ့ အခ်ိန္ပိုင္းအလုပ္ရွိတယ္...၇ ေလာက္မွပါ...."
သူ႕ကို မၾကည့္ဘဲ ဟိုလွည့္ဒီလွည့္ အသည္းအသန္ရွာေနေသာ ေကာင္ေလးကို namjoon သေဘာက်စြာ စိုက္ၾကည့္ေနမိသည္....ပ်ာယာခတ္တာေတာင္ ခ်စ္ဖို႔ေကာင္းေနေတာ့ လူႀကီး မေနတတ္ေတာ့....
"Kook...ဘာေတြရွာေနတာလဲ...ဖုန္းက ဒီမွာေလ...."
သူ႕ေရွ႕တည့္တည့္ရွိ ဖုန္းကို လက္ညိုးထိုးျပေတာ့ ေကာင္ေလးက အေရွ႕သြားႏွစ္ေခ်ာင္း ေပၚေအာင္ ရယ္သည္...
"က်စ္...ပ်ာယာခတ္ေနတာပဲ..."
ေျပာရင္းဆိုရင္း jungkook ၏ နားသယ္ေမြးတို႔၌ ခိုတြဲေနေသာ ေခြၽးသီးေလးမ်ားအား လက္ခုံျဖင့္ သုတ္ေပးလိုက္ကာ တစ္ခ်က္ၾကည့္လိုက္မိေတာ့ နီရဲရဲ ပါးျပင္ႏွစ္ဖက္ႏွင့္ ဆုံသည္....
"မွာေလ....ကိုယ္လည္းမွာမယ္..."
ရွိန္းတိန္းတိန္း ျဖစ္ေနေသာ လူႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရသည္ပေတာ့ အဆင္မေျပလွ...အရွက္ေျပလိုေျပညား namjoon က လည္ဂုတ္ကို ဖြဖြပြတ္သည္....ဒီေကာင္ေလးနဲ႕သိတာလည္း ႏွစ္ပဲခ်ီေနၿပီ...ဘယ္လိုျဖစ္လို႔ ရွိန္းတိန္းတိန္း ျဖစ္ေနရလဲ....
"ေဟ့ေကာင္....ငါ့ကို လိမ္ေခၚလာတယ္....မင္းေျပာေတာ့ မင္းအိမ္ဆို..."
"တိုးတိုးေျပာ....ဒါ Cafe'...ဆိုဂ်ဴဆိုင္မဟုတ္ဘူး..."
ရင္းႏွီးေနေသာ အသံၾသၾသေၾကာင့္ လွမ္းၾကည့္မိလိုက္ေတာ့ တစ္ဖန္ျပန္စိုက္ၾကည့္ေနေသာ မ်က္ဝန္းတစ္စုံႏွင့္ ဆုံသည္....အေရာင္ေျပာင္းသြားေသာ မ်က္ဝန္းတို႔က ေက်ာေပးထားေသာ ေက်ာျပင္ကို ၾကည့္ကာ သူ႕ကို ျပန္လည္ စူးစိုက္ၾကည့္ျပန္သည္....ထို မ်က္ဝန္း အညိုတို႔ကို အေျဖမရွာတတ္...သို႔ေသာ္ စိတ္အလိုမက်ေနသည္မွာေတာ့ အမွန္....
"Hyungie...."
"အာ...jungmin...."
"Coffee လာေသာက္တာလား..."
"ဟုတ္တယ္ hyungie..."
Hyung ေဘးနားသို႔ ေျပးလာေသာ ေကာင္ေလးက သူ႕ သူငယ္ခ်င္း....သူကလည္း တျဖည္းျဖည္း ေလွ်ာက္လာသည္....
"Hyungie...အဲ့ဒါ ဘယ္သူလဲ..."
ထိုခပ္သြက္သြက္ေကာင္ေလးကို မိမိကို လက္ညိုးထိုးျပကာ ေမးသည္....
"အဲ့ဒါ ကိုယ့္ဂ်ဴနီယာေလ...Jeon jungkook..."
"ေအာ္....Jeon-..."
ထိုေကာင္ေလးက တစ္ခုခုကို သတိရသြားဟန္ႏွင့္ ေဘးရွိ Taehyung ကို ၾကည့္ကာ အနည္းငယ္အံ့ၾသသြားဟန္ႏွင့္....
"ဒါနဲ႕...."
Namjoon ကေဘးတြင္ ရပ္ေနေသာ Taehyung ကို ေမးေငါ့ကာ ေမးေတာ့ jungmin က ထစ္ထစ္ေငါ့ေငါ့ ျပန္ေျဖသည္...
"က်...က်ေနာ့္ သူငယ္ခ်င္း...Kim Taehyung တဲ့....."
Namjoon က မိမိဆီကို တစ္ခ်က္မွ မၾကည့္ဘဲ မိမိေဘးမွ ငုံ႕ငုံ႕ေလးျဖစ္ေနေသာ jungkook ကို စိုက္ၾကည့္ေနေသာ Taehyung ကို အကဲခတ္လ်က္...
"Jeon...တိုက္တိုက္ဆိုင္ဆိုင္ လာေတြ႕တယ္ေနာ္.... "
တစ္လုံးခ်င္းေျပာေနေသာ ထိုေအးစက္စက္ ေကာင္ေလးက သိပ္ေတာ့ ေဖာ္ေ႐ြပုံမရ ...namjoon က မ်က္ေမွာင္ၾကဳတ္ကာ တိတ္ဆိတ္မႈကို ၿဖိဳခြင္းသည္...
"မင္းတို႔က သိေနတာလား...."
"ဟုတ္တယ္...သူက က်ေနာ့္ Tutor..."
သူ႕အား စိုက္ၾကည့္ကာ ေျပာေနေသာ ထိုေကာင္ေလးက သူ႕ကို အျမင္မၾကည္သလိုလို အရဲတင္းတင္း မ်က္လုံးေတြႏွင့္....
"အာ...Kook ရဲ႕ တပည့္ေလးဆိုတာပဲ...တိုက္ဆိုင္တာေပါ့..."
Namjoon က ပါးခ်ိဳင့္မ်ားေယးေယးေပၚသည္အထိ ၿပဳံးကာ တည္ၿငိမ္စြာ ေျပာသည္....
ခြင့္ေတာင္းမႈ တစ္စုံတစ္ရာ မရွိဘဲ jungkook ေဘးေနရာလြတ္တြင္ ဝင္ထိုင္လိုက္သည္....ရိုင္းစိုင္းေနတာမ်ိဳး မဟုတ္ေပမဲ့ မယဥ္ေက်းတာေတာ့ အမွန္...
Jungmin က လည္း namjoon ေဘးတြင္ အလိုက္သင့္ေလး ဝင္ထိုင္သည္....မ်က္ႏွာကေတာ့ တစ္စုံတစ္ရာကို ပူပန္ေနဟန္....
မွာထားေသာ Tea လာပို႔ေတာ့ နေမာ္နမဲ့နိုင္ေသာ jungkook က ခြက္ကိုေစာင္းကာ ယူလိုက္မိသည္...ခပ္ပူပူ အရည္တို႔က လက္ခုံေပၚမွ ခပ္ရဲရဲ အမာ႐ြတ္ေပၚသို႔...
"Jeon-..."
သူတစ္ရႉးယူေနစဥ္မွာပဲ ဟိုလူက Jeon ၏ လက္ကို သုတ္ၿပီးေနၿပီျဖစ္သည္...ဘယ္ကဘယ္လိုေရာက္လာမွန္းမသိေသာ ေဒါသေတြက လည္ပင္းနားတစ္ဝိုက္တြင္ ခပ္ပူပူ ရလဒ္ကိုျဖစ္ေစသည္...
"တစ္ေန႕လုံးကို ေယာက္ယက္ခတ္ေနေတာ့တာပဲ kook..."
ဟိုလူေျပာေတာ့ jeon က ၿပဳံးစစ တုန့္ျပန္သည္...
ျမင္ကြင္းတစ္ခုလုံးအား မ်က္ေတာင္မခတ္ စိုက္ၾကည့္ေနသည္မွာ Taehyung....
ခင္ဗ်ားက သိပ္ကိုေပ်ာ္ေနေတာ့တာပဲ...
"ဒါနဲ႕ Kim namjoon က Jeon နဲ႕ သိပ္ကိုရင္းႏွီးတာလား..."
ခနဲ႕တဲ့တဲ့ႏွင့္ ဒဲ့ဆန္ဆန္ ေမးလိုက္ေသာ Taehyung ၏ ေလယူေလသိမ္းက ဘယ္လို ပုံစံမ်ိဳးေမးသည္ကို namjoon ရိပ္မိသည္....
"အင္း...အရမ္းရင္းႏွီးတာ...မင္းနဲ႕ မေတြ႕ခင္ လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကတည္းက..."
မလိုအပ္ေသာ စကားစုတစ္ခုျဖင့္ အနိုင္ပိုင္းကာ ေျပာလိုက္ေသာ ထိုလူ၏ မ်က္လုံးတို႔ကလည္း သူ႕ကို သိပ္သေဘာမက်ဟန္....သို႔ေသာ္ ေျဖာင့္မတ္ဟန္ရွိေသာ အမူအရာတို႔ေၾကာင့္ မသိသာ....
"ေအာ္...kim namjoon က သိပ္ကို ဂ႐ုစိုက္တတ္တာပဲ....က်ေနာ္က အဲဒီ့လို အစ္ကိုမ်ိဳးလိုခ်င္တာ...ကိုယ့္ညီေလးကို အရမ္းဂ႐ုစိုက္တတ္တဲ့ အစ္ကိုမ်ိဳး..."
ခပ္ပင့္ပင့္ အၿပဳံးတို႔ျဖင့္ အဆီအေငါတည့္စြာ စည္းခ်ကာ ပိတ္ေျပာလိုက္သည္မွာ Taehyung....
အလင္းေရာင္ ေယးေတးေတးသာရွိေတာ့ေသာ ညေနေစာင္းတြင္ ခပ္လွလွ cafe' အတြင္း ဝိုင္းတစ္ဝိုင္းမွ အၾကည့္ခ်င္းတိုက္ခိုက္ေနၾကေသာ လူႏွစ္ေယာက္....
မ်က္ႏွာပူေနသည္မွာေတာ့ တစ္ဖက္တစ္ခ်က္စီမွ ေကာင္ေလးႏွစ္ေယာက္......
-------------------------------------------->>>
TBC