နှစ်ပေါင်းသုံးဆယ်ခန့်ကြာပီးနောက်...
"ငွေစနည်းနည်းပဲကျန်တော့တယ် လောက်ပါ့မလား?"
နီကျား သူ၏ခါးတွင်ချိတ်ဆွဲထားသော ငွေထည့်သည့်ရှုံ့အိတ်လေးကို လက်ဖြင့်စမ်းသပ်ချိန်ဆရင်းဖြင့် ပြောလိုက်သည်။
"ရာသီဥတုတော်တော်ပူလာသလားလို့"
ထိုက်ရိပြောလိုက်သည်။
ထို့နောက် သုံးယောက်သား အရိပ်ကောင်းစွာရသည့်သစ်ပင်ကြီးအောက်၌ နားလိုက်ကြသည်။
နီကျားကပြောလိုက်သည်။
"ကျွန်တော်တို့လက်ကျန် ဒါအကုန်ပဲ
မနက်ဖြန်အဲ့ဒီမြို့ကိုရောက်မှဖြစ်မယ်"
"ရောက်တယ် ရောက်တယ်...
အိုက်ယား... ပူလိုက်တာ
မင်းကမပူဘူးလား?"
ထိုက်ရိချွေးစတို့သုတ်လိုက်ပီး တည်ငြိမ်စွာနေနေသော လီအိုက်ကျန်းအားမေးလိုက်ခြင်းဖြစ်သည်။ ထိုက်ရိအမေးကိုမကြားချင်ယောင်ဆောင်ကာ လီအိုက်ကျန်းကဆိုသည်။
"ခုတစ်ခေါက်မြို့က ကြောင်မိစ္ဆာတွေမလား?"
"ဟုတ်တယ် မြို့ပိုင်က နှိုင်နင်းနေတာကြာပီဆိုပဲ
ဒီကောင်တွေက ခုနောက်ပိုင်းတော်တော်သောင်းကြမ်းလာတယ်တဲ့ အရင်ကအစားအသောက်အကျန်တွေ လာခိုးပေမယ့် ခုကြအိမ်မှာမွေးထားတဲ့ကြက် ဘဲ ငှက်အပြင် စားလို့ရသမျှယူလို့ရသမျှ ပီးတော့ မွေးကာစကလေးတွေပါမချန် အကုန်ခိုးယူကြတယ်တဲ့ "
နီကျားသိသမျှသတင်းအားလုံး ပြောလိုက်သည်။
ဒီလိုနဲ့သူတို့ရဲ့အမည်မဲ့နာမည်ဖြင့် ကြေးစားမိစ္ဆာနှိမ်နင်းရေးအဖွဲ့သည် ညချမ်းအချိန်အခါ၌ မြို့တွင်းသို့ရောက်ရှိသွားလေသည်။
ခွေးဟောင်သံများလှိုင်လှိုင်ထွက်နေသောရပ်ကွက်သို့ နီကျားနှင့်ထိုက်ရိ အပြေးအလွှားရောက်လာလေသည်။
" နီကျား ဟိုဘက် "
ထိုက်ရိညွှန်ပြသည့်ဘက်သို့ နီကျားပြေးလိုက်သည်။ နီကျားတို့နှစ်ယောက်မြေပြင်၌ပြေး၍ လီအိုက်ကျန်းမှာမူ အိမ်ခေါင်မိုးများအပေါ်၌ လွှားကနဲ လွှားကနဲ ဖြတ်ပြေးနေလေသည်။
နီကျားသူ၏စီးတော်ဝက်အားဆင့်ခေါ်လိုက်သည်နှင့် သူ၏ခြေထောက်အောက်၌ မီးကွင်းဝိုင်းလေးများဖြစ်ပေါ်လာကာ ရှေ့မှပြေးနေသော ကြောင်တစ်ကောင်နောက်သို့ တစ်ဟုန်ထိုးလိုက်တော့သည်။
မြင်ကွင်းရှေ့မှကြောင်သည် ကြက်ခြေခတ်လမ်းကြားတစ်ခုရောက်သော် တစ်လမ်းစီမှ ကြောင်တစ်ကောင်စီထွက်လာကာ ကြက်ခြေခတ် ဖြတ်ပြေးလေသည်။
"အများကြီးလား?"
နီကျားလည်း သူနှင့်မျက်နှာခြင်းဆိုင်မှပြေးလာသော ကြောင်အား အမိအရဖမ်းလိုက်သည်။
" ဂျား...
မိပီကွ"
ဖမ်းမိသောကြောင်အား ချုပ်၍ရှုံ့အိတ်ထဲပစ်ထည့်လိုက်သည်။ သည်လိုဖြင့်တစ်ညလုံးအမဲလိုက်ပြီးသည်နှင့် တပ်ဆုတ်ကာ သူတို့အားဖိတ်ခေါ်ထားသည့် အိမ်တော်သို့ ပြန်လာကြသည်။
အိမ်သို့ပြန်ရောက်သည့်အချိန်သည် မြို့တွင်းမှအချို့သောလူများပင် အိပ်ယာထကုန်ကြပီဖြစ်သည်။
"ဘယ်နှကောင်လဲ?"
ထိုက်ရိမေးလိုက်သည်။
"အကောင် တစ်ရာ"
လီအိုက်ကျန်းပြန်ဖြေလိုက်သည်။
"နှစ်ဆယ်ကိုးကောင်"
နီကျားဖြေသော် ထိုက်ရိမျက်နှာတစ်ချက်ရှုံ့သွားရသည်။
"ငါက လေးဆယ့်ရှစ်ကောင် "
ထိုက်ရိဖြေသံကြားသည်နှင့် လီအိုက်ကျန်းတစ်ချက်ပြုံးမိသွားသည်။
"ဟက်"
"မင်းကဘာရီတာလဲ?
မင်းကအရေအတွက်များတယ်ဆိုပီး လှောင်တာလား?
ငါတို့လိုပြေးပီးဖမ်းကြည့်စမ်းပါ"
ထိုက်ရိရှုးရှုးရှဲရှဲဒေါသထွက်ကာပြောလိုက်ပီးနောက် နီကျားဘက်လှည့်ကာပြောလိုက်သည်။
"အကုန်ထုတ်လိုက် သူတို့ကိုစစ်ဆေးကြည့်ရအောင်"
ထိုက်ရိပြောပီးသည်နှင့် နီကျားတို့နှစ်ယောက် သူတို့၏ရှုံ့အိတ်တွေအတွင်းမှ ကြောင်များဆွဲထုတ်လိုက်ကြသည်။
"ဟင်!"
"ဘာလဲ ဒီကောင်တွေဆီမှာ မိစ္ဆာအငွေ့အသက်က မျှင်မျှင်လေးပဲကျန်တော့တယ်
ဒါတွေက တစ်ကယ့်ကြောင်အစစ်လေးတွေပဲ"
ထိုက်ရိအံ့ဩထိတ်လန့်စွာပြောလိုက်မှ နီကျားကြည့်လိုက်သည်။
နီကျားညကတွေ့စဥ်က ထိုကြောင်တွေမှ မိစ္ဆာအငွေ့အသက်တို့လှိုင်လှိုင်ထွက်နေလေသည်။ ဒါကဘယ်လိုဖြစ်တာလဲ?
"အား... ဒါပေမယ့် ဆရာထိုက်ရိ ကျွန်တော်ပင်ပန်းနေပီ အနားယူလိုက်အုံးမယ်"
ထိုက်ရိဆီမှ မျက်စောင်းဒဏ်ခံယူရင်း နီကျားသူတို့ရှေ့မှထွက်လာလိုက်သည်။
.
.
.
"ငါတို့နယ်မြေထဲ ကျူးကျော်လာတာ ဘယ်သူလဲဟေ့!"
နီကျားတစ်ယောက်တည်း ကြောင်မိစ္ဆာနောက်လိုက်ဖမ်းရင်းမှ မြို့ပြင်သို့ရောက်သွားလေသည်။ မြို့ပြင်၌လူပြက်သောနေရာတွင် တစ်ထပ်အိမ်အိုတစ်လုံးအတွင်းသို့ ထိုကြောင်လေးပြေးဝင်သွားသည်ကို နီကျားမြင်းလိုက်သည်။ ထို့ကြောင့်ပင် ထိုအိမ်အိုအတွင်းသို့ နီကျားလိုက်ဝင်လာခြင်းဖြစ်သည်။ အိမ်အတွင်းဘက်သို့ခြေတစ်ဖက်ချလိုက်သည်နှင့် အသက်ကြီးကြီးအဖိုးကြီးတစ်ယောက်အသံက ဟိန်းထွက်လာလေသည်။
ထိုအသံကိုကြားသည်နှင့် သတိချပ်ကာ ခြေစုံရပ်မိသွားသည်။ ထို့နောက်မှာ အကောင်အရေအတွက်မည်မျှရှိသည်ဟု ခန့်မှန်းမရသော ကြောင်အုပ်ကြီးသည် မှောင်နေသောအတွင်းဘက်မှ ထွက်လာလေသည်။
"အဖေ သူပဲ ဟိုနေ့က ကျွန်တော်တို့ကြက်ဖမ်းတာကိုလုသွားတာ"
အသံလာရာသို့ နီကျားလှည့်ကြည့်လိုက်ရာ အသက်၂၀ ဝန်းကျင်ခန့်ကောင်လေးတစ်ယောက်က ကြောင်အဘိုးကြီးအားပြောလိုက်ခြင်းဖြစ်သည်။
"ရာရာစစ မင်းကများ ငါးသားဖမ်းတဲ့ကြက်ကို လုစားရသလား? သူ့ကိုစားရအောင် လုပ်ကြ"
ကြောင်အဖိုးကြီးထံမှ အမိန့်ရသည်နှင့် အခြားသောကြောင်များသည် နီကျားအား ဝိုင်း၍တိုက်ခိုက်ကြတော့သည်။
"အပြစ်မရှိတဲ့ကြောင်လေးတွေကို မင်းကထိန်းချုပ်ထားတာလား? လုံးဝကို အဖြစ်မရှိတာ"
ကြောင်လေးများအား နီကျားလွယ်လင့်တစ်ကူ အနိုင်ယူလိုက်ပီး ကြောင်အဖိုးကြီးရှိရာနေရာသို့သွားရန် ခြေလှမ်းသုံးလှမ်းမျှလှမ်းလိုက်သည့်အခါ နီကျားဘေးသို့ လူသုံးယောက် အပေါ်မှပြုတ်ကျလာသည်။ လူ မဟုတ်သေး လူအသွင်ယူထားသော ကြောင်မိစ္ဆာများဆိုလျှင် ပိုမှန်မည်။
"ဟား...ဟား...ဟား...အဖြစ်ရှိတယ်ဆိုတာ သိရအောင်ပြရမှာပေါ့ ကောင်လေး"
ပြောရင်းဖြင့်ထိုလူများသည် မိစ္ဆာအသွင်သို့ဖြေးဖြေးခြင်းကူးပြောင်းသွားကြသည်။ မျက်လုံးမှမျက်ဆံသူငယ်အိမ်သည် ဆန်စေ့ထောင်ထားသကဲ့သို့ ဖြစ်သွားပီး နားရွက်များသည်ချွန်ထွက်လာကြသည်။ သွားစွယ်များရှည်ထွက်လာကာ အမြီးနှင့်အမွှေးအမျှင်များပေါက်လာကြသည်။
ကြောင်တို့၏သဘာဝအတိုင်း လျှင့်မြန်လွန်းလှသည်။ နီကျားအား သူတို့၏ဝှက်ထားသောလက်သည်းများဖြင့် တိုက်ခိုက်လေသည်။ နီကျားသူတို့အား အချိန်အနည်းငယ်မျှတိုက်ခိုက်ပီးနောက် သူ၏ပိတ်စအနီရောင်ဖြင့် စုချည်ထားလိုက်သည်။
"အိုးဟိုး... မင်းက ဘယ်ဆိုးလို့လဲ ကောင်လေးရေ"
ကြောင်အဖိုးကြီးသည် ဘယ်အချိန်ကလူအသွင်သို့ ကူးပြောင်းသွားသည်မသိ နီကျားကြည့်လိုက်တော့ အနည်းငယ်ပုသောအရပ်ဖြင့် အဘိုးကြီးအသွင်သို့ ပြောင်းပြီးဖြစ်သည်။ အဘိုးကြီးဆိုပေမယ့် သူ၏မျက်လုံးများက စိန်တုံးသဖွယ် ချောမွေ့ပြောင်လက်ကာ စူးရှပီး အရောင်များလက်နေသည်ဟုထင်ရသည်။
အဘိုးကြီးဘေးမှ ရပ်နေသောလူနှစ်ယောက်သည် ရှေ့သို့ထွက်လာကာ နီကျားအားစတင်တိုက်ခိုက်တော့သည်။
နီကျားလည်း သူ၏ပိတ်စအနီကို ဆင့်ခေါ်လိုက်ကာ ထိုသူနှစ်ယောက်အား တအုန်းအုန်းတဖုန်းဖုန်းရိုက်ခိုင်းလိုက်သည်။ သူတို့ဘက်မှအရေးနိမ့်သည်ကို တွေ့လိုက်ရသောအခါ ကြောင်အဖိုးကြီးသည် တည်ငြိမ်မနေနိုင်တော့ချေ။
"မင်း...မင်း...တကယ်ပဲ ဘာလိုချင်လို့လဲ?"
"ကျုပ်က ကြေးစားမိစ္ဆာနှိမ်နင်းသူတစ်ယောက်ပဲ ခင်များတို့သောင်းကြမ်းနေတဲ့မြို့က ခင်များတို့ကိုသည်းမခံနိုင်တော့လို့ ကျုပ်တို့ကိုခေါ်လိုက်တာ"
ပြောပီးသည်နှင့် အရိုက်ခံနေရသော ကြောင်မိစ္ဆာနှစ်ကောင်လည်း မလှုပ်နိုင်တော့သည်ကို မြင်လိုက်ရမှ ပိတ်စအနီကို ပြန်ခေါ်လိုက်သည်။ ကြောင်တို့၏သဘာဝအတိုင်း အသက်ကတော့ တော်တော်ပြင်းသည်။
"ဒီတော့ မင်းက ငါတို့ကိုသတ်မလို့လား?"
"တစ်ချို့ကတော့ မောင်းထုတ်ခိုင်းတယ်
တစ်ချို့ကတော့ အပြက်ရှင်းခိုင်းတယ်
ကျုပ်ဘာလုပ်ရမလဲ?"
မျက်လုံးကိုမှေးစင်းပီး မျက်ဆံကိုထောင့်ကပ်ကာ မထီသလို ပြန်မေးလိုက်သည်။
"ချမ်းသာပေးပါ!
ဒီကနေထွက်သွားဆို ထွက်သွားပါ့မယ်"
သားဖြစ်သူကဒူးထောက်၍ ဆိုသည်။
နီကျားနုတ်ခမ်းတစ်ဖက်အပေါ်သို့ ယောင်ယောင်လေးမြင့်တတ်သွားသည်။
"ကောင်းပီ... ဒါဆို နောက်တစ်ခါ ဘယ်တော့မှလူသားတွေကို ဒုက္ခမပေးဘူးလို့ ကတိပေး"
နီကျားစကားဆုံးသည်နှင့် ကြောင်အဖိုးကြီးက နှာတစ်ချက်မှုတ်ကာ မထိလေးစားဟန်ဖြင့်ပြောလိုက်သည်။
"ဟက်! ကောင်လေး မင်းက မိစ္ဆာတွေဆီက ကတိကိုလိုချင်နေတာလား? ဒီလိုဆိုရင်တော့ မင်းနောင်တရလိမ့်မယ့်"
စကားဆုံးသည်နှင့် နီကျားထိုအဘိုးကြီးထံသို့ ပိတ်စအနီအားစေလွှတ်ကာ တစ်ဖန်ရိုက်ခိုက်လိုက်ရာ တအုန်းအုန်းတဖုန်းဖုန်းအသံများ ထွက်လာပြန်သည်။
အချိန်အတော်ကြာသည့်အခါ တောင်းပန်သံထွက်ပေါ်လာမှရပ်တန့်လိုက်သည်။
"ခင်များက အဆင့်နိမ့် ကြောင်မိစ္ဆာပဲ
ခင်များရှေ့က ကျုပ်ကို သေချာမြင်အောင်ကြည့်လိုက်"
နီကျားပြောပီးသည်နှင့် သားဖြစ်သူက အဖေအနားတိုးကပ်သွားကာ နှစ်ကိုယ်ကြားယုံမျှ ပြောလိုက်သည်။
" အဖေ မမြင်ဘူးလား? သူ့ဆီမှာ ဒီလောက်အမှောင်စွမ်းအင်သိပ်သည်းကြွယ်ဝနေတာ"
ထိုအခါမှ အဘိုးကြီးသည် နီကျားအားသေချာစိုက်ကြည့်ကာ စူးစမ်းနေပီးမှ
" တောင်းပန်ပါတယ် ဒီအဘိုးကြီးက ဒီလောက်သန့်စင်တဲ့ မိစ္ဆာအငွေ့အသက်ကို တစ်ခါမှ မမြင်ဘူးလို့ပါ"
စကားဆုံးသည်နှင့် ၎င်းတို့ထံမှ မိစ္ဆာစွမ်းအင်များသည် အခိုးအငွေ့ဖြင့် အပြင်သို့ ထွက်လာကြသည်။ အဘိုးကြီးသည် မိမိထံမှမိစ္ဆာဓာတ်များထွက်သွားသည်ကို မြင်လိုက်ရသောအခါ တော်တော်တုန်လှုပ်သွားရသည်။
"သခင်လေး... သခင်လေး ချမ်းသာပေးပါ!!!"
တုန်ယင်နေသောအသံဖြင့် အဘိုးကြီးကဒူးထောက်ပြောလိုက်သည်။ သို့သော် ထိုစွမ်းအင်တို့သည် နီကျားထံသို့ဝင်ရောက်သွားလေသည်။
နီကျားသည် သူ၏ရင်ဘက်အင်ကျီကြားမှ အလွန်လှပသော အပြာရောင်လက်လက်ထနေသည့် အကြေးခွံတစ်ခုကို ထုတ်ကာ အဘိုးကြီးရှေ့သို့တိုးကပ်ပြလိုက်သည်။
"ခင်များ ဒါ ဘယ်သူ့ဟာလဲဆိုတာ သိလား?"
အဘိုးကြီးနှင့်သူ့သားဖြစ်သူသည် ထိုအရာအား သေချာစူးစမ်းကြည့်လိုက်ကြသည်။ သားဖြစ်သူက ပြောလာသည်။
" ငါးအကြီးကြီးရဲ့ အကြေးခွံများလား?"
"မဟုတ်ဘူး မြွေအကြီးကြီးရဲ့ အကြေးခွံဖြစ်မယ် ထင်တယ်"
သားအဖနှစ်ယောက်ရဲ့ထင်မြင်ယူဆချက်ကို နားထောင်ပီး နီကျားထိုအရာအား ပြန်သိမ်းထားလိုက်သည်။
"ကောင်းပီ ခင်များတို့နှစ်ယောက်ပြောတဲ့အဖြေက နီးစပ်တယ်လို့ ခံစားရတယ်
ခင်များတို့ကို ချမ်းသာပေးလိုက်မယ် ဒါပေမယ့် ခင်များတို့ရဲ့မိစ္ဆာစွမ်းအင်ကိုတော့ အပြစ်မရှိတဲ့ကလေးငယ်တွေကိုသေစေတဲ့အတွက် နှစ်တစ်ရာတိတိကျုပ်သိမ်းထားလိုက်မယ်"
၎င်းတို့ထံမှ စွမ်းအင်အားချိတ်ပိတ်သိမ်းဆည်းထားသဖြင့် အသိမ်းခံရသောမိစ္ဆာသည် စွမ်းအင်အလုံအလောက်မရှိတော့။ ထို့ကြောင့် ထိုမိစ္ဆာတို့သည် စွမ်းအင်မဲ့ စွမ်းအားမဲ့မိစ္ဆာများဖြစ်သွားကြသည်။
"ဟုတ် ဟုတ်ကဲ့"
"သွား... ထွက်သွား"
နီကျားပြောလိုက်သည်နှင့် သူတို့အဖွဲ့သည် ကုန်းကုန်းကွကွဖြင့် နီကျားရှေ့မှ အလျှိုလျှို တစ်ယောက်နှင့်တစ်ယောက်ဖေးမလျက် ထွက်သွားကြလေသည်။
မကြာမီ ထိုအိမ်သို့ ထိုက်ရိနှင့် လီအိုက်ကျန်းတို့ရောက်ရှိလာသည်။
ကံမကောင်း အကြောင်းမလှသဖြင့် သေဆုံးသွားသော ကြောင်မိစ္ဆာအချို့အနီးနားတွင် နီကျားတစ်ယောက် ပုံမှန်အတိုင်း ရပ်လျက်သား။
"အကုန်ရှင်းလိုက်ပီပေါ့?"
ထိုက်ရိက မေးလိုက်သည်။
"ဟုတ်... သူတို့က အဆင့်နိမ့်မိစ္ဆာတွေပါ
သာမန်ကြောင်လေးတွေကို သူတို့ကထိမ်းချုပ်ပီး စေခိုင်းတာပါပဲဗျာ "
လီ: "မင်း ထိခိုက်မသွားဘူးမလား? "
"ကျွန်တော် ဘာမှမဖြစ်ဘူးဗျ စိတ်မပူပါနဲ့"
ထိုက်: " သူတို့ထဲက ခေါင်းဆောင် ဘယ်သူလဲ? "
နီကျားသည် ကိုယ်လုံးကိုယ်ထည်ထွားသော ကြောင်မိစ္ဆာတစ်ကောင်အား လက်ညှိုးညွှန်ပြလိုက်သည်။ ထို ကြောင်မိစ္ဆာထံသို့ ထိုက်ရိသွားရောက်စစ်ဆေးကြည့်လိုက်သည်။
" သေသွားပီ "
ထို့နောက်မှာတော့ နီကျားတို့သုံးယောက်သား ထိုမြို့၌ရက်အနည်းငယ် သေချာအောင်စောင့်ကြည့်ပေးခဲ့ပီး အေးချမ်းသွားပီဟူသော သတင်းကိုကြားရမှ ပြန်လာခဲ့လေသည်။
အပြန်လမ်း၌ ထိုက်ရိဘက်မှစတင်ပြောလာသည်။
" ငါ ဂူပိတ်ကျင့်စဥ်ကို ရောက်ပီ
အဲ့ဒါကြောင့် ယွမ်ရှမ်းဂူကို ပြန်တော့မယ် "
"ကျွန်တော်တို့လည်း လိုက်ခဲ့မယ်လေ ရတယ်မလား?"
နီကျားကပြောလိုက်တော့ ထိုက်ရိက သဘောပဲဟုအမူအယာဖြင့်ပြောလိုက်သည်။ ဤသို့ဖြင့် လီအိုက်ကျန်းသည် မြေကျုံ့ခြင်းအစီအရင်ကိုရေးဆွဲလိုက်တော့သည်။
.
.
.
ပင်လယ်အတွင်းမှရရှိသော ငါးများကို သယ်သူကသယ်၊ ပင်လယ်သို့ထွက်ခွာရန် ပြင်ဆင်နေသူများကပြင်ဆင်၊ ကုန်သင်္ဘောများမှ ကုန်စည်များချသူချ ထွက်သည့်သင်္ဘောကထွက် စသည်ဖြင့် လူအများအပြား ပြားပန်းခပ်မျှအလုပ်ရှုပ်နေကြသည်။ နီကျားအေးအေးလူလူဖြင့် လက်နှစ်ဖက်ကိုနောက်ပစ်၍ လျောက်လှမ်းလာနေသည်။
" ရောက်လာပြန်ပီ ဒီနေရာပဲလား? "
နီကျား ဟိုကြည့်သည်ကြည့်ဖြင့် ကြည့်ရှု့စပ်စုရင်းရေရွတ်လိုက်သည်။ လက်ထဲမှ ပါလာသော မြက်ပင်လေးကို ပါးစပ်ထဲထည့်ကာ ပြင်းရိစွာဖြင့်တတိတိဝါးနေလိုက်သည်။ ခပ်ဝေးဝေးမှပင်လယ်ရေမျက်နှာပြင်ပေါ်၌လူတစ်ယောက် ရပ်နေသည်။ မဟုတ်သေး ရေပြင်ပေါ်မှာ လမ်းလျောက်နေသည်။
"ဟမ်!"
ဒီကလူတွေ ဒါကိုမမြင်ဘူးလား? ဒီလောက်ထူးဆန်းတဲ့ဟာကို...
နီကျားသူ၏မျက်လုံးကို မှေးကျဥ်းပီးအားယူကြည့်လိုက်သည်။
ရုတ်တရက် သူ ထိုလူအနီးရောက်သွားရသည်။ မြန်ဆန်လှသော ဖြစ်ရပ်ကြောင့် မည်သို့ဖြစ်သွားသည်မသိ သူတစ်ဖန်ပက်ဝန်းကျင်ကို လေ့လာကြည့်လိုက်တော့ လူတစ်ဦးမျှမရှိတော့ချေ။ နီကျားရပ်နေသောနေရာသည် အနည်းငယ်လှုပ်ရှားနေသည်ဟု ခံစားမိသဖြင့် ငုံ့ကြည့်လိုက်ရာ သူလည်းရေပြင်ပေါ်၌ရပ်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားရသည်။ မိမိရှေ့ရှိလူအားပြန်ကြည့်လိုက်တော့ မျက်လုံးဖြင့်ကြည့်၍မရအောင် အလင်းတန်းတို့ဖြာကျနေသဖြင့် နီကျားလက်ဖြင့်ကာလိုက်မိသည်။
.
.
.
ရုတ်တရက် လန့်နိုးလာသော နီကျားသည် ခဏတော့ နှလုံးခုန်သံတို့ မြန်ဆန်နေလေ၏။
အောင်ပင်း သူ ဒဏ်ရာတွေပြောက်သွားပီပဲ
သူ့ကို ခဏတိုင်းလိုလို ငါကအိမ်မက်မက်ပေမယ့် သူ့ဘက်ကရော ငါ့လိုမျိုးငါ့ကိုသတိရပါ့မလား?
ဘယ်လိုပဲဖြစ်ဖြစ် မင်းကအိမ်မက်ထဲတောင်ကြည့်ကောင်းနေဆဲပဲ
နီကျားတစ်ယောက်တည်းတွေးရင်းထထိုင်လိုက်သည်။
ဒီတစ်ခါတော့ထူးဆန်းတယ် မင်းနဲ့ငါနဲ့ဝေးသွားသလိုခံစားရတယ်...
နီကျား သူ၏အင်ကျီရင်ဘက်ကြားမှ အကြေးခွံတစ်ခုကို ထုတ်လိုက်ကာ ပွတ်သပ်ရင်းပြောလိုက်သည်။
"အဖေနဲ့အမေ ကျွန်တော်စုံစမ်းနေတယ် စိတ်ချပါ ကျွန်တော်ရောက်အောင်လာခဲ့ပါ့မယ်"
*** ***
တစ်ခုခုလေးပြောပေးကြပါ
ခုမှ လေ့လာရင်းရေးသားရင်းမို့ အဆင်မပြေတာရှိရင်ပြောနိုင်ပါတယ်
May 15,2020
... ...
ထိုက်ရိပြောလိုက်သည်။
နီကျားကပြောလိုက်သည်။
"ရောက်တယ် ရောက်တယ်...
အိုက်ယား... ပူလိုက်တာ
မင်းကမပူဘူးလား?"
"ခုတစ်ခေါက်မြို့က ကြောင်မိစ်ဆာတွေမလား?"
ဒီလိုနဲ့သူတို့ရဲ့အမည်မဲ့နာမည်ဖြင့် ကြေးစားမိစ်ဆာနှိမ်နင်းရေးအဖွဲ့သည် ညချမ်းအချိန်အခါ၌ မြို့တွင်းသို့ရောက်ရှိသွားလေသည်။
" နီကျား ဟိုဘက် "
"အများကြီးလား?"
" ဂျား...
မိပီကွ"
"ဘယ်နှကောင်လဲ?"
ထိုက်ရိမေးလိုက်သည်။
"အကောင် တစ်ရာ"
"နှစ်ဆယ်ကိုးကောင်"
"ငါက လေးဆယ့်ရှစ်ကောင် "
"ဟက်"
"မင်းကဘာရီတာလဲ?
"ဟင်!"
"ဘာလဲ ဒီကောင်တွေဆီမှာ မိစ်ဆာအငွေ့အသက်က မျှက်မျှင်လေးပဲကျန်တော့တယ်
ထိုက်ရိအံ့ဩထိတ်လန့်စွာပောလိုက်မှ နီကျားကြည့်လိုက်သည်။
နီကျားညကတွေ့စဉ်က ထိုကြောင်တွေမှ မိစ်ဆာအငွေ့အသက်တို့လှိုင်လှိုင်ထွက်နေလေသည်။ ဒါကဘယ်လိုဖြစ်တာလဲ?
.
.
.
"ကျုပ်က ကြေးစားမိစ်ဆာနှိမ်နင်းသူတစ်ယောက်ပဲ ခင်များတို့သောင်းကြမ်းနေတဲ့မြို့က ခင်များတို့ကိုသည်းမခံနိုင်တော့လို့ ကျုပ်တို့ကိုခေါ်လိုက်တာ"
ကျုပ်ဘာလုပ်ရမလဲ?"
"ချမ်းသာပေးပါ!
"ဟက်! ကောင်လေး မင်းက မိစ်ဆာတွေဆီက ကတိကိုလိုချင်နေတာလား? ဒီလိုဆိုရင်တော့ မင်းနောင်တရလိမ့်မယ့်"
"ခင်များက အဆင့်နိမ့် ကြောင်မိစ်ဆာပဲ
" တောင်းပန်ပါတယ် ဒီအဘိုးကြီးက ဒီလောက်သန့်စင်တဲ့ မိစ်ဆာအငွေ့အသက်ကို တစ်ခါမှ မမြင်ဘူးလို့ပါ"
စကားဆုံးသည်နှင့် ၎င်းတို့ထံမှ မိစ်ဆာစွမ်းအင်များသည် အခိုးအငွေ့ဖြင့် အပြင်သို့ ထွက်လာကြသည်။ အဘိုးကြီးသည် မိမိထံမှမိစ်ဆာဓာတ်များထွက်သွားသည်ကို မြင်လိုက်ရသောအခါ တော်တော်တုန်လှုပ်သွားရသည်။
ခင်များတို့ကို ချမ်းသာပေးလိုက်မယ် ဒါပေမယ့် ခင်များတို့ရဲ့မိစ်ဆာစွမ်းအင်ကိုတော့ အပြစ်မရှိတဲ့ကလေးငယ်တွေကိုသေစေတဲ့အတွက် နှစ်တစ်ရာတိတိကျုပ်သိမ်းထားလိုက်မယ်"
၎င်းတို့ထံမှ စွမ်းအင်အားချိတ်ပိတ်သိမ်းဆည်းထားသဖြင့် အသိမ်းခံရသောမိစ်ဆာသည် စွမ်းအင်အလုံအလောက်မရှိတော့။ ထို့ကြောင့် ထိုမိစ်ဆာတို့သည် စွမ်းအင်မဲ့ စွမ်းအားမဲ့မိစ်ဆာများဖြစ်သွားကြသည်။
"ဟုတ် ဟုတ်ကဲ့"
"သွား... ထွက်သွား"
ကံမကောင်း အကြောင်းမလှသဖြင့် သေဆုံးသွားသော ကြောင်မိစ်ဆာအချို့အနီးနားတွင် နီကျားတစ်ယောက် ပုံမှန်အတိုင်း ရပ်လျက်သား။
ထိုက်ရိက မေးလိုက်သည်။
"ဟုတ်... သူတို့က အဆင့်နိမ့်မိစ်ဆာတွေပါ
နီကျားသည် ကိုယ်လုံးကိုယ်ထည်ထွားသော ကြောင်မိစ်ဆာတစ်ကောင်အား လက်ညှိုးညွှန်ပြလိုက်သည်။ ထို ကြောင်မိစ်ဆာထံသို့ ထိုက်ရိသွားရောက်စစ်ဆေးကြည့်လိုက်သည်။
" သေသွားပီ "
.
.
.
"ဟမ်!"
.
.
.
*** ***
May 15,2020
... ...