အပိုင်း (က)
"Renjun Injun ငါတို့ ဒီမှာ"
ဝိုင်းတစ်ခုမှာ ထိုင်နေတဲ့ Haechan နဲ့ Jenoက လက်လှမ်းပြကာ ခေါ်လေသည်မို့ Renjunတို့နှစ်ယောက် Haechan တို့ရှိရာ ခုံကို သွားကာ နေရာလွတ်၌ ဝင်ထိုင်လိုက်ကြသည်။
"မင်းတို့က ဘာလို့နောက်ကျနေတာလဲ" ထိုင်ထိုင်ပြီးချင်း မေးလာသော Haechanရဲ့ အမေးကို Injunက ပြန်ဖြေလေသည်။
"Renjunပေါ့ ပြင်နေတာ မပြီးတော့ဘူး"
"အော် အေး ထားပါတော့။ ဒါနဲ့ ဘာသောက်ကြမှာလဲ"
"ငယ် ဘာသောက်မလဲ"
"အရမ်းမပြင်းတာပေါ့။ အိမ်ပြန်ရင် ကားမောင်းရဦးမှာဆိုတော့"
"ငါလည်း သူ့လိုပဲ Haechan"
"အင်း ဒါဆို ငါမှာလိုက်ဦးမယ်"
"Jeno ငြိမ်လှချည်လား"
"စောစောစီးစီး ရေချိန်ကိုက်နေတာလား"
"အေး ငါတို့ နာရီဝက် နောက်ကျတဲ့အတွင်း ကြိုသောက်နေတယ်ထင်တယ်"
"ဟုတ်မှာပေါ့ ပုံစံကြည့်ရတော့ လစ်နေသလိုပဲ"
Jeno သူ့ကို မေးပြီး သူတို့ဘာသာ ထင်ရာ အဖြေညှိနေကြသော အမြွှာနှစ်ယောက်ကို သောက်နေသည့် alcoholနှင့် အမြည်းလုပ်ပစ်ချင်နေပြီ။
"ကဲ တော်ပါတော့ Huangညီနောင်ရယ်။ မင်းတို့ပြောမှပဲ ငါလည်း တော်တော်သောက်ထားတဲ့သူ ကျလို့"
"မဟုတ်လို့လား"
"မဟုတ်တာကျနေရော"
"ဟုတ်တယ်ဟေ့ ဟုတ်ပြီလား"
အမြွှာနှစ်ယောက် ပေါက်ပေါက်ဖောက်နေသည်ကို မနိုင်တော့သည့်အဆုံး Jeno လက်လျော့ကာ သူတို့ပြောသည်သာ မှန်ကြောင်း လိုက်လျောလိုက်သည်။ ဘေးနားက Haechan ကတော့ လာမယ်ဆိုပြီး နောက်ကျနေတဲ့ သုံးယောက်ကို ကျိန်းဝါးနေလေသည်။
"Sorry hyungတို့ လမ်းမှာကားကျပ်နေလို့"
ဝိုင်းမှာ ထိုင်တာနဲ့ တစ်ပြိုင်နက် ကြိုတင် ဖြေရှင်းချက်ပေးသော Jisung နဲ့ Chenle။ ဒီကလေးနှစ်ယောက်ဟာ music club ဂျူနီယာတွေထဲ အတော်ဆုံး ဖြစ်ပြီးတော့ သူတို့နဲ့လည်း အခင်ဆုံးဟုပြောရမည်။ ဒါကြောင့်မို့လည်း သူတို့နဲ့ တစ်တွဲတွဲ ဖြစ်နေသည်နေမှာ။
"ရတယ် ထိုင်ကြလေ" Renjun ပြောလိုက်ပေမယ့် ဘေးနားက Haechanကတော့ နောက်ကျရကောင်းလားဆိုပြီး ပြောဆိုနေလေရဲ့။ အဓိကကတော့ ဒီကလေးတွေ ရောက်လာတာတောင် ရောက်မလာသေးတဲ့ သူ့ကိုကို လီမာခုကြောင့် ဖြစ်သည်။ မကြာခင် Haechan မျှော်နေသော Mark ရောက်လာပြီးနောက် သူတို့ရဲ့ Squad လေးဟာ ပြည့်စုံသွားတော့သည်။
"Renjun တစ်ခုခုဖြစ်နေတာလား"
Jenoရဲ့ အမေးကြောင့် လူအားလုံးရဲ့ အကြည့်ဟာ သူ့ဆီ ရောက်လာခဲ့သည်။
"ဘာမှမဖြစ်ပါဘူး"
"မင်းကြည့်ရတာ တစ်ခုခု ဖြစ်နေသလိုပါ"
"ခုတလော စာမေးပွဲကြောင့် အိပ်ရေးမဝဖြစ်ပြီး နည်းနည်းပင်ပန်းနေလို့"
"Geက စာမေးပွဲတွင်းဆို ဖြစ်တတ်တယ်"
Renjunရဲ့ အပြောကို သိပ်မယုံကြပေမယ့် ထပ်မံ ဖြည့်စွက်ပြောပေးသော Injun စကားကြောင့် အားလုံးက ယုံသွားကြသည်။ ထိုစဉ် Renjun တွေးမိတာက *ဟူး တော်ပါသေးရဲ့"
Renjun တို့ ည၁၂နာရီထိ သောက်လိုက် ကလိုက် အော်လိုက် ဟစ်လိုက် လုပ်ပြီးတဲ့နောက်မှာ ကိုယ်စီအိမ်ပြန်ခဲ့ကြသည်။ #သိပ်မပြင်းတာသောက်မယ် အိမ်ပြန်ရင် ကားမောင်းရဦးမှာ# ဆိုပြီး သူ့မောင်းမယ့် ပုံစံနဲ့ ပြောတဲ့ အမြွှာညီငယ်က လူစုံတာနဲ့ သိပ်မကြာ သောက်လိုက်သည်မှာ အပီသောက်မယ်လို့ ကြုံးဝါးထားသည့် Renjunထက်ပင် ပိုဆိုးပြီး ခေါင်းတောင် မထောင်နိုင်။ ကိုယ့်မှာ သူ့အားကိုးပြီး သောက်ရမလားမှတ်တယ် ခုတော့ မသောက်ရတဲ့အပြင် ကိုယ်တိုင်ပဲ ကားမောင်းလိုက်ရသည်။
အပိုင်း (ခ)
Renjun ပြန်ရောက်တော့ ရေမိုးချိုးကာ အိပ်ရာပေါ် ခြေပစ်လက်ပစ် ခွေလိုက်သည်။ အငယ့်ကြောင့် မူးချင်သည်တောင် မမူးရ။ မျက်စိကလည်း ကြောင်နေ၍ အိပ်လို့ကလည်းမပျော်။ ဒါနဲ့ ဖုန်းဖွင့်ကာ သီချင်းတချို့ နားထောင်လိုက်သည်။
ရုတ်တရက် *ဒီး* ဆို ဝင်လာတဲ့ မက်ဆေ့ခ်ျကြောင့် ဖုန်းပဲပိတ်ရတော့မလိုလို ပြန်ပဲ ပြောရတော့မလိုလို။ စိတ်ကသာ အမျိုးမျိုးတွေးနေတာ လက်ကတော့ မက်ဆေ့ခ်ျထဲ ဝင်ဖတ်ပြီးပြီ။
11:00 P.M.
"Hyung အိမ်ပြန်ရောက်ပြီလား"
11:30 P.M.
"အိမ်စောစောပြန်နော် အများကြီး မသောက်နဲ့ ခေါင်းကိုက်မယ်"
12:00 P.M.
"အိပ်ပျော်နေပြီလား အိမ်ရောပြန်ရဲ့လား"
1:00 P.M.
"မအိပ်သေးဘူးလား? ခုမှပြန်ရောက်တာလား?"
11နာရီတည်းက အမျိုးမျိုးပို့ထားသော မက်ဆေ့ခ်ျတွေကြောင့် Renjun ပို့တဲ့သူကို အားနာသွားရသည်။ ခုနက မအားလို့ လိုင်းပေါ်မတက်ဖြစ်။ အခု လိုင်းပေါ်တက်ဖြစ်တော့လည်း သီချင်းနားထောင်ဖို့ YouTubeထဲ ဝင်သည်မို့ မက်ဆေ့ခ်ျတွေကို သတိမထားမိ။ အခု သူထပ်ပို့မှသာ ဖတ်ကြည့်မိသည်မို့ ပိုအားနာရသည် ။
ဒါနဲ့ တဆိတ်လောက် သူက ကျွန်တော် reply ပြန်တာကို ခုချိန်ထိ စောင့်နေတာများလား။ Renjun အတွေးတွေကို ရပ်ပြီး စာတချို့ကို ရိုက်ကာ reply ပြန်လိုက်သည်။ စာပို့ပြီးတော့ နားထောင်လက်စ သီချင်းကို ပြန်နားထောင်နေလိုက်သည်။ ရုတ်တရက် ဝင်လာသော ဖုန်းကောလ်ကြောင့် ဖုန်းက လက်ထဲမှ လွတ်ကျမတတ်။ မအိပ်သေးမှန်းသိနေတာမို့ မကိုင်ချင်ပေမယ့် ကိုင်လိုက်ရသည်။
"Hello"
"ဘယ်ချိန်ပြန်ရောက်လဲ hyung"
"၁၂ နာရီလောက်တုန်းက။ ဒါနဲ့ Jaemin က မအိပ်သေးဘူးလား"
"Hyungကို စိတ်ပူတာနဲ့ အိပ်လို့မရဘူး"
"Jaemin ahh"
"ကျွန်တော်စောင့်မယ်။ စောင့်နေမှာမို့ စိတ်ထဲ အရမ်းကြီး serious မဖြစ်ပါနဲ့"
"အင်းပါ"
"အများကြီး သောက်ခဲ့သေးလား"
"အများကြီး သောက်ခဲ့ရင် ဒီလိုဖုန်းပြောနေနိုင်မယ် ထင်နေတာလား"
"မဟုတ်ပါဘူး အများကြီးသောက်ခဲ့ရင် သံပုရာရည် သောက်လိုက်ဦး ပြောမလို့။ တော်ကြာ ခေါင်းကိုက်နေမယ်"
"အင်း ငါက သောက်ချင်ပေမယ့် Injunကြောင့် မသောက်ခဲ့ရပါဘူး"
ချစ်သူတောင် မတော်ရသေးဘူး။ ညီငယ့်ကြောင့် အရက် အဝမသောက်ရလို့ နှုတ်ခမ်းတဆူဆူနဲ့ ညီငယ့်အကြောင်း တိုင်ပြောနေသော Renjunပါလေ။ သူ ပြောပြီးတော့ ရင်ထဲပေါ့သွားသလို ဖြစ်ပေမယ့် Jaemin ကို အားပဲနာသလိုလို ခံစားမိပြန်သည်။
"ဒါနဲ့ Hyungက ဘာကိစ္စ အရက်အဝသောက်ချင်ရတာတုန်း"
"ဘာ ဘာမှမဟုတ်ပါဘူး ဒီတိုင်းသောက်ချင်လို့"
"ဘာလို့ စကားထစ်နေရတာလဲ။ ထားပါတော့ ကျောင်းပိတ်တော့ အိမ်ပြန်မှာလား"
"ဟင့်အင်း မပြန်ဘူး။ သင်တန်းတက်စရာရှိသေးလို့"
"ကောင်းတာပေါ့။ hyungကို မကြာခဏ တွေ့လို့ရပြီ"
"အင်း"
"တစ်ရက်လောက် သွားသောက်ကြမလား"
"မ မသောက်တော့ပါဘူး"
"ကျွန်တော့်ကို မယုံလို့လား။ စိတ်ချစမ်းပါ။ ကျွန်တော် hyung ကို ဘာမှမလုပ်ပါဘူး"
"မ မယုံလို့ မဟုတ်ပါဘူး"
"ဒါဆို သွားသောက်ကြမယ်လေ"
"အင်းပါ"
"အိပ်တော့လေ"
"အင်း"
"ဂွတ်နိုက် hyung ဆာရန်းဟယ်ယို"
Reply မပြန်ဘဲ ဖုန်းချလိုက်တာ မရိုင်းပါဘူးနော်။ ဖုန်းပြောနေရင်း အိပ်ချင်လာပေမယ့် နောက်ဆုံးစကားကြောင့် အိပ်ချင်စိတ်တွေ ပျောက်ကုန်ပြန်သည်။ ရင်ထဲက အကောင်ကလည်း အဆမတန် ခုန်နေလိုက်တာ။ ဘာလဲ ဘာလဲ။ ငါကရော သူ့ကို စိတ်ဝင်စားနေတာလား။
အပိုင်း (ဂ)
အဆင်မပြေလို့ ဖွင့်မပြောဖြစ်ခဲ့ပြန်ဘူး။ ခုဖွင့်မပြောဖြစ်ပေမယ့် တခြားသူနောက်တော့ မပါသွားလောက်ဘူးမလား ????
ကျောင်းပိတ်ရက်မို့ RenJunတို့ အရင်ကလို နေ့တိုင်း မတွေ့ဖြစ်ကြပေမယ့် နှစ်ပတ် တစ်ခါလောက်တော့ အုပ်စုလိုက် တွေ့ဖြစ်ကြသည်။ ဒီတစ်ခေါက် တွေ့သည်ကတော့ ကျောင်းမဖွင့်ခင် ခရီးတစ်ခုသွားကြမယ်ဆိုတဲ့ Haechanရဲ့ ညှိနှိုင်းမှုကြောင့် သဘောတူကြတာ သွားဖို့အတွက် planချဖို့ ဖြစ်သည်။
Jisung တို့နဲ့ သူငယ်ချင်း ဖြစ်သည်သာမက Mark Hyung နဲ့လည်း ငယ်ငယ်တည်းက ခင်သည်ဆိုသော Jaeminပါ ဒီခရီးကို လိုက်မည်ဆိုဘဲ။ ဒါကြောင့်မို့ ဒီညတွေ့ကြမည့်ထဲတွင် သူလည်း ပါလာသည်။
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ဖုန်းပြောပြီးသည့် နောက်ပိုင်း လိုင်းပေါ်တွင် စကားအနည်း ငယ်သာ ပြောဖြစ်ကြသည်။ အပြင်မှာ တွေ့ကြမယ် ပြောပေမယ့် ကိုယ်လည်း ကိုယ့်ကိစ္စနဲ့ကိုယ်မအား။ သူလည်း သူ့အဖေအလုပ်ကိစ္စလုပ်လိုက်၊ သင်တန်းတွေ တက်လိုက်နှင့် မအား။ ဒီလိုမအားတဲ့သူက ခရီးကို လိုက်ဦးမည်ဆိုပဲ။
စကားပြောရာ၌ တစ်ချိန်လုံး သူ့ရှေ့မှာထိုင်ပြီး သူ့ကိုပဲ ငေးကြည့်နေသည့် Jaemin ကြောင့် Renjun နေနေရသည်မှာ စိတ်ကျဉ်းကျပ်လာရသည်။ အကုန်လုံးရဲ့ အကြည့်ကလည်း သူတို့နှစ်ယောက်အပေါ်တွင်သာ ရှိနေတော့ နေရ ပိုခက်လာသည်။
"Jaemin မင်းကြည့်နေတာ ငါ့Ge ပြာကျတော့မယ်"
ရုတ်တရက် ပြောလိုက်သော Injun စကားကို Jaeminက ပြုံးလိုက်ပြီး ရှေ့က ကော်ဖီကို ယူ သောက်လေသည်။ ဘာမှတော့ပြန်မပြော။ အကုန် လုံးရဲ့ အကြည့်က ခုနတည်းက ရှိနေတာမို့ Injun ခုလို ထပြောတော့ တစ်ခုခုရှိနေတာလား ဆိုပြီး ပိုသိချင်နေကြတဲ့ပုံ။ ဒီလိုနေရကျပ်တဲ့ အခြေအနေကြီးမှာ Renjun အငွေ့လေးလို ပျောက်ကွယ်သွားချင်သည်။
ဒီလိုချိန်မှာ မားမားဆီက ဖုန်းဝင်လာသည်မှာ Renjun အတွက် မဟာပျော်ရွှင်မှုတစ်ခုလို ပြောရမလား။ ထိုင်နေကြတဲ့သူတွေကို ဖုန်းမှာ ပေါ်နေတဲ့ မားမား ဆိုတဲ့ contact လေးကို ပြရင်း ဖုန်းပြောမည်ဆိုပြီး ဆိုင်အပြင်ဘက်ကို ထွက်လာခဲ့လိုက်သည်။ မားမားနှင့် ဖုန်းပြောပြီးလို့ အထဲပြန်ဝင်ဖို့ လုပ်တဲ့အချိန် လက်ကိုဆွဲခံလိုက်ရတာမို့ လန့်သွားမိသည်။ လက်လာဆွဲတဲ့သူကို ကြည့်လိုက်တော့ တခြားသူမဟုတ်၊ နှစ်ယောက်မရှိသော Na Jaemin ပါလေ။
"Jae Jaemin ဘာလာလုပ်တာလဲ"
"Hyung ဆီလာချင်လို့ လာတာလေ"
"ဒါနဲ့ လက်ကိုလွှတ်ဦး Jaemin"
Renjun, Jaemin ဆုပ်ကိုင်ထားသော လက်ကို ရုန်းရင်းမှ ပြောလိုက်သည်။ သို့သော် Jaemin မလွှတ်ပေး။
"အင်း လွှတ်ပေးမှာပေါ့။ ဒါပေမယ့် မေးထားတာ သုံးပတ်ကျော်နေပြီဆိုတော့ အခြေအနေလေး သိချင်တယ် hyung"
"ငါ"
"စဉ်းစားချင်သေးတာလား"
"အင်း"
"အချိန်များနေပြီလေ hyungရဲ့"
"မင်းပြောတော့ ငါကြိုက်သလောက် အချိန်ယူပြီး စဉ်းစားပြီးမှ ငါအဆင်ပြေတဲ့အချိန် အဖြေပေးဆို"
"အင်း ဟုတ်တယ်လေ"
"ဒါဆို ဘာလို့"
"ချစ်လို့လေ"
"ဘာမှလဲ မဆိုင်ဘူး"
"ဆိုင်တယ်လေ hyungရဲ့ .. ချစ်လွန်းလို့ တခြားသူလက်ထဲ အပါမခံနိုင်တော့လို့ အဖြေတောင်းတာလေ"
"တခြားသူလက်ထဲ ဟက် မဖြစ်နိုင်ပါဘူး Jaemin"
"Hyungက မရိပ်မိနေတာပါ။ အဲ့လူကြောင့်လည်း ကျွန်တော် hyungကို စောပြီး ဖွင့်ပြောခဲ့ရတာပေါ့"
"အဲ့ဒီလူ ဘယ်သူလဲ Jaemin"
"ကျွန်တော် မပြောချင်ဘူး hyung"
"အင်း"
"အထဲဝင်တော့လေ hyung ဝင်နှင့်"
"မင်းကရော ?"
"တူတူဝင်တော့ ပိုဆိုးသွားမယ်လေ ပြီးတော့ ဒါ"
အပိုင်း (ဃ)
Renjun ပြန်ဝင်လာတော့ အကြာကြီးမို့ ဘာလုပ်နေလဲ ဟူ၍ မေးကြသည်။ RenJun မုသား စကား တချို့ကို သုံး၍ ဖြေရှင်းချက်ပေးလိုက်သည်။ Injunကတော့ နားနားကပ်ကာ သူသိတယ်နော် ဆိုတဲ့ အကြောင်းကို အထာနဲ့ပြောလေရဲ့။ သေချာပြီ ခုနကကိစ္စ အငယ်ကောင်ရဲ့ စနက် တစ်ခုခုပါလိမ့်မည်။
သူရောက်ပြီး ဆယ့်ငါးမိနစ်လောက်နေမှ ပြန်ရောက်လာတဲ့ Jaemin။ Jisungမေးတော့ အစ်ကိုတစ်ယောက်နဲ့ စကားပြောနေလို့ ဆိုပြီး လူတစ်ယောက် ရပ်နေတဲ့ဆီ လက်ညှိုးထိုးပြရင်း သူ့ခုံ၌ ဝင်ထိုင်လေသည်။
စကားတွေပြောနေကြပေမယ့် Renjunကတော့ ဝင်မပြောဘဲ မုန့်တွေချည်းသာ စားနေလိုက်သည်။ အပြင်မှာသာ မပြောတာပါ။ စိတ်ထဲမှာတော့ *ငါပဲ စိတ်လှုပ်ရှားနေတာလား*လို့ တွေးနေမိသည်။ သွားမည့်ခရီးနဲ့အချိန် အဆင်ပြေလား မေးတော့လည်း ဘာမှန်းသေချာမသိပေမယ့် သဘောတူတယ်။ ရတယ် သွားမယ်သာ ပြောလိုက်သည် တက်ာတမ်း ပြန်မေးရင် သူ ဘာတစ်လုံးမှ မသိနေ။ အင်း အိမ်ရောက်ရင်တော့ Injunကို သေချာပေါက် ပြန်မေးရတော့မည်။
Renjun တစ်ယောက်တည်း စိတ်လှုပ်ရှားနေရခြင်း အကြောင်းကတော့ ...
ခုနက Jaeminက သူ့လက်ထဲက ဆေးလိပ်ကိုပြရင်း Renjun ကို အထဲအရင်ဝင်နှင့်ရန် ပြန်ဖြေလေသည်။ ဒါပေမယ့် စက္ကန့်ပိုင်းအတွင်း Jaemin လက်ထဲက ဆေးလိပ်လေးက အမှိုက်ပုံးထဲ ရောက်သွားခဲ့သည်။ အကြောင်းကတော့ Renjun ယူ၍ လွှင့်ပစ်လိုက်သောကြောင့်ပေါ့။
"ငါ ဆေးလိပ်သောက်တာ မကြိုက်ဘူး Jaemin"
"Hyung မကြိုက်တာလေ ကျွန်တော်က ကြိုက်တယ်လေ"
"မင်းပြောတော့ ငါ့ကိုချစ်တယ်ဆို"
"အင်းလေ ချစ်တယ်"
"ချစ်ရင် မသောက်နဲ့"
"Why? Any reason? "
"မင်းငါ့ကို လိုက်နေတာလေ"
"လိုက်ပေမယ့် သောက်လို့ရတယ်လေ"
"မရဘူး"
"hyungက ကျွန်တော့်ကောင်လေးလည်း မဟုတ်ဘဲနဲ့ ဒီလိုလုပ်လို့ရတယ်ပေါ့"
"အဲ့လိုတော့လည်း မဟုတ်ပါဘူး"
"Hyung ချစ်တယ်လည်းမပြော။ ကြိုက်တယ်လည်းမပြော။ ကောင်လေးလည်း မဟုတ်သေးဘဲ ဒီလိုလုပ်တာ ဘာကြောင့်များလဲ"
"ငါ ငါ မင်းကို သဘောကျလို့"
"ဘယ်လို"
"သဘောကျလို့ လို့"
"သဘောကျရုံပဲပေါ့"
"ချစ်တယ်"
"တကယ်နော်"
"ငါက နောက်ရမှာလား"
"ထပ်ပြောလို့ရမလား"
"အထဲ ဝင်တော့မယ်"
"နေဦးလေ"
"ကြာနေပြီ ထွက်လာတာ"
"ဟုတ်လို့လား ရှက်နေတာ မဟုတ်ဘူးလား"
"သိလည်း လွှတ်ပေးပါလား အရူးရဲ့"
"ချစ်သူဖြစ်တာ ၁၀မိနစ်တောင် မပြည့်သေးဘူး ကျွန်တော့်ကို ဒီလိုတွေတောင် ပြောနေပြီပေါ့"
"အဲ့လိုမပြောရဘူးလို့ ဘယ်သူက အမိန့်ထုတ်ထားလို့လဲ"
"သူများတွေများ ရည်းစားဖြစ်ခါစဆို ကြည်နူးနေတာလေ"
Ro ဆန်ချင်တဲ့ Na Jaeminနဲ့ Ro မဆန်တဲ့ သူ့ကိုကို Renjun ပါလေ။ နှုတ်ခမ်းဆူကာ မကျေမနပ်ဖြစ်နေတဲ့ Renjunကို Jaemin ကြည့်နေရင်း
အူယားကာ နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းလိုက်သည်။ ဒီလို လုပ်ခြင်းရဲ့ အကျိုးဆက်ကတော့ ဗိုက်ကို တံတောင်နဲ့ တိုက်ခံလိုက်ရပါသတဲ့။
"ဘာလို့ နမ်းတာလဲ"
"ချစ်သူတွေမို့လို့လေ"
"ချစ်သူဖြစ်တာ နာရီပိုင်းတောင် မရှိသေးဘူးလေ"
"အဲ့တော့ နမ်းလို့မရဘူးလို့ ဘယ်သူက အမိန့်ထုတ်ထားလို့လဲ"
"Na Jaemin"
ဤသည်မှာ ထပ်မံနမ်းသောကြောင့် Renjun ထံမှ ထွက်လာသော အော်သံပါပင်။ အော်သာအော်တာပါ စိတ်ထဲမှာတော့ ကျေနပ်သလိုလို မူရတာပေါ့လေ ☹️
အပိုင်း (င)
"Geက အိမ်စောစောပြန်တဲ့ သူ၁၁လောက် ဖုန်းခေါ်မယ်တဲ့"
"ဟူတ်လား ခုနက မားဖုန်းဆက်တော့ ဘာမှလည်း မပြောဘူး"
"အင်း ခုလေးတင် ပါး မက်ဆေ့ခ်ျပို့လိုက်တာ"
"အင်း ခု၉နာရီပဲ ရှိသေးတယ် ပြန်တော့မလား နေချင်သေးလား"
"၉ခွဲလောက်မှ ပြန်မယ်လေ"
"အင်း"
"အားလုံး ကျွန်တော် အရင်ပြန်တော့မယ်နော် မနက်စောစော သွားစရာ တစ်ခုရှိနေလို့ပါ"
"အင်း Jaemin ဒါနဲ့ uncleတို့ကိုလည်း hyung သတိရတယ်လို့ ပြောပေးဦး"
"ဟုတ်ကဲ့ Mark hyung"
အကုန်လုံးကို နှုတ်ဆကိပြီး ပြန်သွားသော Na Jaeminပါလေ။ စကားပြောတဲ့ တစ်ချိန်လုံးကိုရော ထွက်သွားတဲ့ အချိန်မှာပါ သူ့ကို တစ်ချက်ကလေးမှ မကြည့်သွားတဲ့ ဒီကောင်က ခုနတုန်းကမှ သူအဖြေပေးလိုက်တဲ့ ချစ်သူ မှန်ပါတယ်နော်။ ပူပူနွေးနွေး ချစ်သူကိုတောင် တစ်ချက်ကလေးမှ မကြည့်သွားဘူး *ခွေးကောင်*
စိတ်ထဲမှာပဲ ဆဲလိုက်ရင်း တွေးကြည့်မိသည်က ခွေးကောင် ဆိုပေမယ့် Jaemin ဆိုတဲ့ ခွေးလေးကတော့ အမွှေးပွပွလေးနဲ့ ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးပဲ နေမှာ။ ကိုယ့်ဘာကိုယ်တွေးရင်း ခုနက ကောက်ချင်နေသည့်စိတ်တောင် ဘယ်နားရောက်သွားမှန်းမသိ။
"ဒီနေ့ Renjun ငြိမ်လှချည်လား" Haechan အပြောကို ထပ်မံ ထောက်ခံလာသူက Jeno
"ဟုတ်တယ် Ren နေကောင်းရဲ့လား"
"ကောင်းတယ် Jeno ငါဒီနေ့ သင်တန်းတွေ အချိန်ဆက်သွားလို့ ပင်ပန်းနေလို့ပါ"
"အင်း ကျန်းမာရေး ဂရုစိုက်"
"အင်း"
"Ge ပြန်ကြရအောင်လေ"
"အင်း ပြန်မယ်လေ ဒါဆို ငါတို့ ပြန်နှင့်တော့မယ်"
"အေး ဂရုစိုက်ပြန်ကြဦး"
ကျွန်တော်မောင်းမယ် Ge ဆိုပြီး ကားမောင်းနေတဲ့ Injun ကြောင့် Renjun သီချင်းနားထောငိကာ အပြင်သာ ငေးနေလိုက်သည်
"အဆင်ပြေသွားပြီမလား"
"ဟမ် ဘာကိုလဲ"
"Jaemin နဲ့"
"ဘယ်လိုသိတာလဲ"
"ဘယ်လိုသိသိပေါ့"
"နေပါဦး ခုအိမ်ပြန်နေတာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး"
"ဒါဆို ဘယ်ကိုလဲ အငယ် ပါးပါးဖုန်းဆက်မယ်ဆို"
"တကယ်ယုံတာပဲလား ငါတော့ စဉ်းစားမရဘူး Jaemin ဘာလို့ Ge ကို ကြိုက်လဲမသိ"
"ဘာဆိုင်လို့လဲ"
"ရှင်းပြလဲ ဉာဏ်မီမှာကျနေရော"
"ဘာ ဒါနဲ့ နေပါဦး အငယ်နဲ့ Jaeminက ရင်းနှီးနေလို့လား"
"ယောက်ဖတော်မယ့်သူပဲ ဒီလောက်တော့ ရင်းနှီးတာပေါ့"
"ငါထင်တယ် ဒီကိစ္စတွေမှာ မင်းစနက်ပါမယ်လို့။ ငါဆေးလိပ်သောက်တာ မကြိုက်ဘူးဆိုတာ မင်းပဲ သိတာလေ"
"Cool ~~"
"ဘယ်မောင်းနေတာလဲ"
"Geရဲ့ လောင်ကုန်းဆီ"
ကားပေါ်က အမြွှာနှစ်ယောက်ရဲ့ အချေအတင်ကိုတော့ ဟန်မြစ်ဘေးမှာ စောင့်နေတဲ့ ကောင်လေးကတော့ မသိနိုင်ခဲ့ပါ။