Love Me Like The Way [Complet...

By call_me_Tylor

925K 85.1K 2.9K

Do you love me like the way I love you baby ? More

Love Me Like The Way
Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Final
Wedding Day
100K 🎉🎉🎉
Extra-Marriage Life (1)
Extra-Marriage Life (2)
Extra-Marriage Life (3)
Extra-Marriage Life (4)
Extra-Marriage Life (5)
Extra-Marriage Life (6)
Extra-Marriage Life (7)
Extra-Marriage Life (8)
Extra-Marriage Life (9)
Extra-Marriage Life (10)
Extra-Marriage Life (11)
Extra-Marriage Life (12)
Extra-Marriage Life (Final)
အစ္ကိုေကာင္းျမတ္ဟိန္းနဲ႔ အီယြန္းေလး / အစ်ကိုကောင်းမြတ်ဟိန်းနဲ့ အီယွန်းလေး

Part 2

32.5K 2.8K 36
By call_me_Tylor

[Zawgyi]

Yangon : Myanmar

ရန္ကုန္ၿမိဳ႔ရဲ့ ရာသီဥတုက ပူေလာင္အိုက္စပ္လြန္းလွၿပီး အသက္ရႉၾကပ္စဖြယ္။ တံု႔ခနဲရပ္သြားတဲ့ ဘတ္စ္ကားေၾကာင့္ စစ္မင္းသန႔္က မသိမသာ သက္ျပင္းတစ္ခ်က္ ခိုးရိႈက္လိုက္သည္။

" ခရီးစဉ္က ဒီမွာပဲၿပီးဆံုးပါၿပီ ... အားလံုးပဲ ေပ်ာ္ရႊင္ၾကပါေစ "

တာဝန္ယူထားသၫ့္ခရီးစဉ္ကို အဆံုးသတ္ႏိုင္ၿပီဆိုမွသာ စစ္မင္းသန႔္မွာ စိတ္ဒံုးဒံုးခ်ၿပီး သက္ျပင္းခ်ႏိုင္ေတာ့သည္။ Travel agent လုပ္တာ ပထမဆံုးအႀကိမ္ မဟုတ္ေတာ့ေပမယ့္ အႀကိမ္တိုင္းလိုလို ဧၫ့္သည္ ႏိုင္ငံျခားသားေတြရဲ့ ကိစၥအဝဝကို တာဝန္ယူရတာမလို႔ မ်ားစြာစိတ္ပင္ပန္းရသည္။ တာဝန္ယူရမၫ့္ ဧၫ့္သည္ေတြကို ေလယာဉ္ကြင္းမွာ ႀကိဳရတာစလို႔ ဟိုတယ္စီစဉ္ေပးရတာအဆံုး ျပန္သၫ့္အခ်ိန္ထိပါ ေလယာဉ္လက္မွတ္ကို စီစဉ္ေပးရသည္။

ယခုတစ္ေခါက္လည္း တာဝန္ယူရသၫ့္ ခရီးစဉ္က ပုဂံခရီးစဉ္ျဖစ္တာေၾကာင့္ စစ္မင္းအတြက္ ပိုပင္ပန္းရသည္။ ျမန္မာႏိုင္ငံရဲ့ ေနြရာသီတြင္အပူျပင္းဆံုးလက ေမလျဖစ္သၫ့္အေလ်ာက္ ရာသီဥတုက အလြန္ပူျပင္းလွသည္။

ေနပူလိုက္မိုးရြာလိုက္ မူမမွန္သၫ့္ ရာသီဥတုၾကားမွာ သြားလာေနရတာမလို႔ စစ္မင္းသန႔္မွာ မဖ်ားနာေစဖို႔ ကိုယ့္ကိုယ္ကိုယ္ အလြန္ဂရုစိုက္ရသည္။ ပုဂံခရီးစဉ္ျဖစ္တာေၾကာင့္ ရာသီဥတု ပူျပင္းမႈက ပိုဆိုးသည္။ ရန္ကုန္သားျဖစ္ေပမယ့္ ပုဂံကိုေရာက္လ်ွင္ ေခြၽးထြက္သန္လြန္းသၫ့္ စစ္မင္းသန္႔အတြက္ အဆင္မေျပေပ။

အညာေဒသျဖစ္တာေၾကာင့္ ပုဂံရဲ့ ရာသီဥတုက ႏိႈင္းဆမရေအာင္ ပူျပင္းလွသည္။ ေနပူပူေအာက္မွာ စစ္မင္းသန႔္က ေခြၽးထြက္သန္လြန္းလွသၫ့္အေလ်ာက္ ေရဓာတ္မဆံုးရႈံးရေအာင္ ေရကိုပံုမွန္ေသာက္ေပးေနရသည္။

ခရီးစဉ္လမ္းျပန္ဆံုးသၫ့္ေနရာက စစ္မင္းသန္႔ အလုပ္လုပ္သၫ့္ Green Light Travel Agency မွာပဲမလို႔ အနားယူဖို႔အတြက္ ေအဂ်င္စီထဲဝင္ကာ ဌာနကို ျမန္ျမန္ေျပးလိုက္ေတာ့သည္။

" ျပန္ေရာက္ၿပီလား စစ္မင္းသန႔္ ... အဆင္ေျပခဲ့ရဲ့လား "

" ေျပပါတယ္ မငယ္ရာ ... ဒါေပမယ့္ ပုဂံဆိုေတာ့ သိတဲ့အတိုင္းပဲ အစ္မရာ ... ရာသီဥတုကလဲပူ၊ ေခြၽးကလည္း အရမ္းထြက္ေတာ့ ပင္ပန္းၿပီး လူက အားမရိွတာပိုတယ္ "

ဒုတိယထပ္ကို ေရာက္ေရာက္ခ်င္း စာေရးျဖစ္သၫ့္ မငယ္ေလးႏွင့္ ေတြ့တာေၾကာင့္ အလႅာပ သလႅာပ အနည္းငယ္ေတာ့ ေျပာျဖစ္ေသးသည္။

" ဒီလိုပါပဲဟယ္ travel agent ေတြအတြက္ကေတာ့ ဘယ္ေလာက္လုပ္လုပ္ ခရီးစဉ္တိုင္းက စိတ္ပင္ပန္းရင္ပင္ပန္း မဟုတ္ရင္ လူပင္ပန္းတာၾကၫ့္ပဲ "

" ဟုတ္တယ္ ... ေတာ္ေသးတာေပါ့ ဒီတစ္ေခါက္ ဧၫ့္သည္ေတြထဲ ဂဂ်ိဳးဂေဂ်ာင္ဧၫ့္သည္မပါလို႔ ... မဟုတ္ရင္ ပိုၿပီးစိတ္ပင္ပန္းရမွာ ... ကြၽန္ေတာ္က လူပင္ပန္းတာ ခံႏိုင္ေပမယ့္ စိတ္ပင္ပန္းတာ မခံႏိုင္ဘူး "

စစ္မင္းရဲ့စကားေၾကာင့္ မငယ္ေလးက ရယ္သည္။ အေၾကာင္းသိေတြပဲမလို႔ စစ္မင္းသန႔္ႏွင့္ စကားေျပာရဆိုရတာ အေပါက္အလမ္းလည္း တၫ့္သည္။ အနားတိုးလာသၫ့္ မငယ္ေလးက ဘာမွမေျပာေတာ့ပဲ အားတင္းထားဆိုသၫ့္သေဘာႏွင့္ စစ္မင္းသန႔္ပခံုးကို ႏွစ္ခ်က္သံုးခ်က္ ပုတ္ေပးသည္။

" ဘာပဲျဖစ္ျဖစ္ အဆင္ေျပေအာင္ေနပါ စစ္မင္းရယ္ ... ေျပာသာေျပာရတာ ငါ့ေမာင္က ေနတတ္ပါတယ္ "

" ဟုတ္ကဲ့ ... ကြၽန္ေတာ္ေနတတ္ပါတယ္ မငယ္ရဲ့ ... ခရီးသြားရရင္ေတာ့ အဆင္ေျပျပေပဲ ၿပီးသြားခ်င္တာ ... ရွားေပမယ့္ ဧၫ့္သည္ေတြနဲ႔ ျပႆနာျဖစ္ရရင္လည္း မေကာင္းဘူးေလ "

စစ္မင္းသန႔္စကားကို မငယ္ေလးက ေခါင္းတညိတ္ညိတ္ႏွင့္ ေထာက္ခံသည္။

စစ္မင္းသန႔္ ေျပာတာလည္း မွန္သည္။

လူပင္ပန္းရသၫ့္ၾကားထဲ foreigner ေတြက ရစ္လ်ွင္ပိုဆိုးသည္။ စစ္မင္းသန႔္တို႔ကတာဝန္ယူထားရတာ ျဖစ္တာေၾကာင့္ ျပႆနာတစ္ခုခုျဖစ္လာလ်ွင္ စစ္မင္းသန႔္တို႔က အစ၊ အလယ္၊ အဆံုး တာဝန္ယူထားရတာမလို႔ ျပႆနာတစ္ခုခုရိွလာလ်ွင္ ကိုယ့္ေခါင္းေပၚသာပံုက်သည္။ ဒီၾကားထဲ ေအဂ်င္စီကို အဆင္မေျပသၫ့္ ကြန္ပလိန္းေတြ တက္လာလ်ွင္ ပင္ပင္ပန္းပန္း ျပန္ေရာက္သၫ့္အခါ မလြဲမေသြ အထက္လူႀကီး ေထာင္းတာခံရေသးသည္။

" ေအး နားေတာ့ေလ စစ္မင္းသန႔္ရဲ့ ... မနားခင္ ရံုးခန္းသြားၿပီး ျပန္ေရာက္ေၾကာင္း လက္မွတ္သြားထိုးလိုက္ဦး "

" ဟုတ္ သြားၿပီ မငယ္ေရ ... ၿပီးရင္ေတာ့ အိမ္ျပန္ၿပီး ေအးေဆးနားေတာ့မယ္ "

" အိမ္ျပန္မွာဟုတ္လို႔လားဟယ္ ... ဘဲဘဲနဲ႔ ေတြ့မယ္ဆိုရင္ ေတြ့မယ္ေပါ့ "

" အာ ... မငယ္ကလည္း ... ေတာ္ၿပီေတာ္ၿပီ သြားေတာ့မယ္ "

မငယ္က ၿပံဳးစိစိမ်က္ႏွာထားႏွင့္ ေျပာလာတာေၾကာင့္ စစ္မင္းသန္႔မွာ အသည္းအသန္ျငင္းရင္း ရွက္ရွက္ႏွင့္ ျပန္ေရာက္ေၾကာင္း လက္မွတ္သြားထိုးရန္ ရံုးခန္းကို ေျပးရေတာ့သည္။

မငယ္ေျပာသၫ့္ ဘဲဘဲဆိုတာက စစ္မင္းရဲ့ခ်စ္သူကို ဆိုလိုျခင္းျဖစ္သည္။ စစ္မင္းက ေဂးတစ္ယာက္။ ေဂးျဖစ္ေနသၫ့္အေလ်ာက္ လုပ္ငန္းခြင္မွာ ႏိွမ့္ခ်ဆက္ဆံမႈေတြကို မၾကာခဏဆိုသလို ႀကံဳရသည္။ စစ္မင္းကို စိတ္ရင္းအတိုင္း ဆက္ဆံေပးတာဆိုလို႔ မငယ္ေလးဆိုသၫ့္ အစ္မတစ္ေယာက္သာရိွသည္။

ကိုယ့္ထမင္းကိုယ္စားၿပီး ကိုယ့္ပညာအရည္အခ်င္းနဲ႔ကိုယ္ တာဝန္မပ်က္မကြက္ အလုပ္လုပ္ေနေပမယ့္ ပတ္ဝန္းက်င္ဆိုသည္က စစ္မင္းကို အေျခာက္ဆိုသၫ့္ စကားလံုးၾကမ္းၾကမ္းေတြႏွင့္ထိုးႏွက္ကာ လုပ္ေဖာ္ကိုင္ဖက္တခ်ိဳ႕က ၿဂိဳလ္ေကာင္လို ဆက္ဆံတတ္ၾကသည္။ တခ်ိဳ႕က ကိုယ္ႏွင့္မဆိုင္ရင္ မဆိုင္သလို ဖာသိဖာသာ ေနတတ္ေပမယ့္ တခ်ိဳ႕က‌ေတာ့ မဟုတ္ေပ။

စစ္မင္းသန္႔ ဆိုတာကလည္း ဘယ္သူ႔ကိုမွ ဂရုစိုက္သည္မဟုတ္ပဲ ငယ္စဉ္ကစလို႔ ယခုလက္ရိွ အသက္ ၂၇ ႏွစ္အရြယ္ထိ ဘဝရဲ့ခါးသီးမႈေတြမ်ိဳးစံုကို ႀကံဳခဲ့ဖူးၿပီးသား ျဖစ္သည္။ ေလးႏွစ္သားအရြယ္ေလာက္မွာ မိဘႏွစ္ပါးက ကားမေတာ္တဆမႈႏွင့္ ဆံုးပါးသြားၾကသည္။ ေစာင့္ေရွာက္ေပးမၫ့္ ေဆြမ်ိဳးသားခ်င္းရယ္လို႔ မရိွသည္တာေၾကာင့္ ငယ္ငယ္ရြယ္ရြယ္ႏွင့္ မိဘမဲ့ျဖစ္ခဲ့ရကာ မိဘမဲ့ေဂဟာကို ေရာက္ခဲ့ရသည္။

လက္ရိွခ်စ္သူျဖစ္သၫ့္ အစ္ကိုေကာင္းျမတ္ဟိန္းကလည္း စစ္မင္းသန႔္နဲ႔အတူ မိဘမဲ့ေဂဟာမွာ ေနခဲ့ရေပမယ့္ မိဘအရင္းေတြက အစ္ကို႔ကို ျပန္ရွာေတြ့ခဲ့သည္။ စစ္မင္းသန္႔ကိုပါ တစ္ပါတည္းေခၚေပမယ့္ လက္မခံပဲ မိဘမဲ့ေက်ာင္းမွာသာ ဆက္ေနခဲ့သည္။

မိဘမဲ့ေက်ာင္းမွာေနကာ အရာရာတိုင္းကို သူမ်ားထက္ အဆမတန္ ႀကိဳးစားခဲ့ရသည္။ အထက္တန္းေအာင္ၿပီး တကၠသိုလ္တက္ဖို႔အတြက္လည္း ေရြးခ်ယ္ခဲ့သၫ့္ တကၠသိုလ္က အေဝးသင္တက္လို႔ မျဖစ္တာေၾကာင့္ အစ္ကို႔မိဘေတြကပဲဆက္ၿပီး ေထာက္ပံ့ေပးထားရသည္။

အစ္ကိုေကာင္းျမတ္ဟိန္းက စစ္မင္းသန္႔ကို သေဘာက်ေၾကာင္း ဖြင့္ေျပာခ်ိန္ ျငင္းခ်င္ေပမယ့္ ေက်းဇူးတရားေတြ ရိွေနတာေၾကာင့္ လက္ခံျဖစ္ခဲ့သည္။

မခ်စ္ဘူးလားေမးရင္ေတာ့ စစ္မင္းသန္႔က အစ္ကိုေကာင္းျမတ္ဟိန္းကို ခ်စ္ပါသည္။ စစ္မင္းသန္႔ လက္ခံထားသၫ့္ အစ္ကိုေကာင္းျမတ္ဟိန္းအေပၚ အခ်စ္က မိသားစုလိုျဖစ္ၿပီး အစ္ကိုႀကီးတစ္ေယာက္လို အားကိုးခ်င္ရံု သတ္သတ္ျဖစ္သည္။

အေပၚဆံုးထပ္ျဖစ္သည့္ ရံုးခန္းရိွရာအထပ္ကို တက္လာရင္း ေတြးျဖစ္သည့္ ေတြးလက္စအေတြးတို႔ကို ရံုးခန္းေရ႔ွေရာက္သည္ႏွင့္ ရပ္ပစ္လိုက္ၿပီး ရံုးခန္းဝင္ကာ လက္မွတ္ထိုးရသည္။ သူေဌးက အလုပ္ကိစၥႏွင့္ အျပင္ထြက္သြားသည္ဆိုတာေၾကာင့္ လက္ေထာက္ကိုပဲ ျပန္ေရာက္ေၾကာင္း ႏႈတ္ဆက္ခဲ့လိုက္သည္။ ၿပီးသည္ႏွင့္ ႏိုင္ငံျခားသားဧၫ့္သည္ေတြ ေပးထားခဲ့သၫ့္ ေဘာနက္စ္ႏွင့္ ေခ်ာကလက္ေတြကို တစ္ခါတည္းယူၿပီး အိမ္ျပန္ဖို႔ ျပင္ရသည္။

စစ္မင္းသန္႔ အလုပ္လုပ္သၫ့္ ခရီးသြားေအဂ်င္စီက စမ္းေခ်ာင္းမွာရိွတာမလို႔ ေျမာက္ဥကၠလာမွာရိွသည့္တိုက္ခန္းကို ရံုးဆင္းတိုင္း ဘတ္စ္စီးၿပီး ျပန္ရသည္။ တက္စီစီးသြားရင္ အိမ္ျမန္ျမန္ျပန္ေရာက္တယ္ ဆိုေပမယ့္ စစ္မင္းသန႔္က ေငြကို ေစ့ေစ့စပ္စပ္ သံုးတတ္သူမလို႔ အပိုကုန္မၫ့္အရာေတြကို မလုပ္ျဖစ္ေတာ့ေခ်။

တစ္ကိုယ္ေရသမားျဖစ္တာေၾကာင့္ စစ္မင္းသန္႔အတြက္ ေထြေထြထူးထူး ဘာမွပူစရာမရိွေပမယ့္ ေငြမ်ားမ်ားစုမိလာလ်ွင္ ယခုေနသၫ့္ တိုက္ခန္းထက္ ပိုေကာင္းသၫ့္ေနရာကို ေျပာင္းခ်င္သည္။ ပိုလ်ွံေနရင္ေတာ့ ကားေလးတစ္စီးေလာက္ ဝယ္ခ်င္ေသးသည္။ တစ္ခ်ိန္လံုး ပင္ပန္းလာခဲ့ရၿပီးမွ အခ်ိန္တန္ရင္ေတာ့ ဘာမွပင္ပင္ပန္းပန္းမလုပ္ပဲ အနားယူခ်င္စိတ္ေလးေတာ့ ရိွေနေသးသည္။

အခုခ်ိန္ စားဖို႔ေသာက္ဖို႔ကလည္း စစ္မင္းသန႔္အတြက္ ပူပင္စရာမလို။ တိုက္ခန္းေအာက္ထပ္က ထမင္းဆိုင္ေလးမွာ သြားစားရံုနဲ႔တင္ စစ္မင္းသန္႔အတြက္ တစ္နပ္စာက အဆင္ေျပသည္။

" ဟဲ့ ... ဒီကားက လူေခ်ာင္တယ္ ျမန္ျမန္တက္ "

စစ္မင္းေစာင့္ေနသၫ့္ဘတ္စ္က မွတ္တိုင္ကိုေရာက္လာေတာ့ ကေလးမေလးတစ္စုက စစ္မင္းေရ႔ွကေန ကားေပၚ ေျပးတက္သြားသည္။ ရံုးဆင္းခ်ိန္မဟုတ္သၫ့္ ေန့လည္ႏွစ္နာရီေလာက္သာ ရိွေသးတာမလို႔ ဘတ္စ္ကားေပၚမွာ လူရွင္းေနသည္။

ဘတ္စ္ကားေပၚေရာက္ေတာ့ ဟိုနားတစ္ေယာက္ သည္နားတစ္ယာက္ႏွင့္ တကၠသိုလ္ေက်ာင္းသူအရြယ္ ကေလးမတစ္စု ထိုင္ေနတာကလြဲလို႔ တကယ္လည္း လူေခ်ာင္ေနသည္။ အဆင္ေျပသၫ့္ အေနာက္တစ္ေနရာမွာ ဝင္ထိုင္လိုက္ရင္း ေခါင္းကို ေနာက္မွီေပၚ လွန္ခ်လိုက္သည္။

ကားလမ္းကၾကပ္မေနေပမယ့္ စစ္မင္းျပန္ရမၫ့္တိုက္ခန္းက အနည္းငယ္လွမ္းတာေၾကာင့္ ခဏမိွန္းမယ္ႀကံလိုက္ရင္း မ်က္လံုးအစံုကို ေမွးမိွတ္ပစ္လိုက္သည္။

*** Beep . Beep ... Beep . Beep ***

" က်စ္ ... အာ . ဖုန္းလာေနတာပဲ "

ခရီးေရာအလုပ္ေရာ ပင္ပန္းလာတာေၾကာင့္ ဘတ္စ္ရဲ့ေနာက္ခန္းမွာထိုင္ေနရင္း စစ္မင္း ေမွးခနဲပင္ အိပ္ေပ်ာ္သြားသည္။ ဖုန္းက ျမည္ေနသံကိုပင္ ေတာ္ေတာ္ၾကာၾကာႀကီးျမည္ၿပီးမွ ၾကားၿပီးႏိုးလာသၫ့္အျဖစ္။

" ဘယ္သူလဲကြာ ... အိပ္ခ်င္ေနတာကို "

အိပ္ေရးပ်က္သြားလို႔ စိတ္မၾကည္လွေပမယ့္ ဆက္တိုက္ျမည္ေနသၫ့္ဖုန္းေၾကာင့္ အိတ္ထဲထၫ့္ထားသၫ့္ ဖုန္းကိုထုတ္ကာ ဖုန္းေခၚဆိုသူကိုၾကၫ့္လိုက္သည္။ ဖုန္းမ်က္ႏွာျပင္မွာ ေပၚေနသၫ့္ ေခၚဆိုသူက အစ္ကိုျဖစ္ေနတာေၾကာင့္ စစ္မင္းမွာ ႏွာေခါင္းေပၚေလ်ာက်ေနသၫ့္ မ်က္မွန္ေလးကို အသာပင့္တင္လိုက္ရင္း ဖုန္းျမန္ျမန္ကိုင္ရသည္။

" အငယ္ ~ ကိုယ္ဖုန္းေခၚေနတာၾကာၿပီ ... ခရီးက ျပန္မေရာက္ေသးလို႔လား "

ဖုန္းကိုင္ကိုင္ခ်င္း အစ္ကို႔ရဲ့ ခပ္ေအးေအးအသံကို တန္းၾကားရသည္။ အၿမဲတမ္း ခပ္ေအးေအးသာ‌ေနတတ္သၫ့္ အစ္ကိုေကာင္းျမတ္ဟိန္းက စကားေျပာရင္လည္း ေလသံေအးေအးေလးႏွင့္။ တကယ္ကိုလည္း အစ္ကိုကစစ္မင္းကို ဂရုစိုက္ပါသည္။ ဖုန္းကိုင္တာၾကာေန‌ေပမယ့္ ဘာေၾကာင့္ရယ္ဆိုၿပီး စစ္စစ္ေဆးေဆး မေမးျမန္းတတ္ပဲ အရာရာကို ျဖၫ့္ေတြးေပးတတ္သည္။

" မဟုတ္ပါဘူး အစ္ကို ... ကြၽန္ေတာ္ အိမ္ျပန္ေနၿပီရယ္ ... ပင္ပန္းလာလို႔ ဘတ္စ္ေပၚမွာ ေမွးခနဲအိပ္ေပ်ာ္သြားလို႔ပါ "

" အင္း အငယ္လည္း ပင္ပန္းေနၿပီ ... ကိုယ္ေျပာပါတယ္ အရမ္းပင္ပန္းေနရင္ မလုပ္ပဲနားပါဆို ... အငယ့္တစ္ေယာက္ကိုေတာ့ အစ္ကိုေထာက္ပံ့ထားႏိုင္ပါတယ္ "

" က်စ္ ! အစ္ကို ... ဒီကိစၥနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္တို႔ ေျပာၿပီးၿပီထင္တယ္ေနာ္ ... ကြၽန္ေတာ္လည္း သန္သန္စြမ္းစြမ္း လူတစ္ေယာက္ ... အစ္ကိုေထာက္ပံ့တာနဲ႔ထိုင္စားၿပီး ကြၽန္ေတာ့္ကို အသံုးမက်တဲ့ေကာင္ ျဖစ္ေစခ်င္လို႔လား ... ကြၽန္ေတာ္က အစ္ကို႔အျမင္မွာ အဲ့ေလာက္အသံုးမက်တဲ့သူ ျဖစ္ေနလို႔လား "

" ခဏ . ခဏ အငယ္ ... ကိုယ္ေျပာတာ အဲ့လိုမဟုတ္ဘူးေလ အငယ္ရာ ... ကိုယ့္သေဘာထားကိုလည္း အငယ္ သိရဲ့သားနဲ႔ ... ကိုယ္ကအငယ္ပင္ပန္းေနတာ မၾကၫ့္ရက္လို႔ပါ "

အစ္ကိုေကာင္းျမတ္ဟိန္းစကားေၾကာင့္ စစ္မင္း သက္ျပင္းခ်လိုက္သည္။ စစ္မင္းကသာ ဝုန္းဒိုင္းႀကဲျပီး တံု႔ျပန္လိုက္ေပမယ့္ အစ္ကိုကေတာ့ သူ႔မူအတိုင္း ေလေျပေအးေလးနဲ႔ ရွင္းျပရွာသည္။ အဲ့ဒီေတာ့ စစ္မင္းကသာ လူဆိုးႀကီး။

" ကြၽန္ေတာ္ဒီေလာက္ေတာ့ အပင္ပန္းခံႏိုင္ပါတယ္ ... တစ္ေလ်ွာက္လံုး အစ္ကို႔ဆီက အကူအညီပဲ ယူမေနခ်င္ဘူးေလ ... ကြၽန္ေတာ္လည္း အရြယ္ေရာက္ေနပါၿပီ "

" အငယ္ပင္ပန္းေနေတာ့ ကိုယ္မွ မၾကၫ့္ရက္ပဲ အငယ္ရယ္ "

" ကြၽန္ေတာ္ေယာက္်ားပါ ... "

အစ္ကို႔ဘက္က အသံတိတ္သြားသည္။ ဒီပံုအတိုင္းဆို စစ္မင္း နားလည္လိုက္ၿပီျဖစ္သည္။ ႏွစ္ဦးႏွစ္ဖက္ ကသိကေအာက္ အေျခအေနမွာ အစ္ကိုက စကားလမ္းေၾကာင္းလႊဲဖြဲ႔ လမ္းစရွာေနတာ။

အစ္ကိုက အလုပ္နားဖို႔ေျပာသည္မွာ အခုမွေျပာတာ မဟုတ္ပဲ အၿမဲတမ္းလိုလို စစ္မင္းပါးစပ္က ပင္ပန္းတယ္လို႔ ထြက္လာတိုင္း ေျပာတတ္သည္။ အလုပ္လုပ္‌ေနတယ္ဆိုမွေတာ့ ပင္ပန္းတာကရိွတတ္စၿမဲမလို႔ စစ္မင္းအတြက္ ဒီေလာက္ပင္ပန္းတာ အေၾကာင္းမဟုတ္ေပ။ မိဘမဲ့ဘဝနဲ႔ တကၠသိုလ္တက္ခဲ့တုန္းကေတာင္ မျဖစ္မေနမလို႔ အစ္ကိုတို႔မိသားစုရဲ့ အေထာက္အပံ့ကို ယူခဲ့ရတာေတာင္ စစ္မင္းေခါင္းေပၚေရာက္ေနသၫ့္ ဝန္ထုပ္ဝန္ပိုးက နည္းတာမဟုတ္။

မိမိရဲ့လိင္စိတ္ခံယူမႈနဲ႔တင္ လက္ၫွိုးထိုးခံေနရတဲ့ၾကားက သူမ်ားအေထာက္အပံ့ယူၿပီး ပတ္ဝန္းက်င္ရဲ့ပါးစပ္ဖ်ားမွာ ပိုင္းလံုးအျဖစ္မခံႏိုင္။ စစ္မင္းသန႔္ဆိုတဲ့ ေယာက္်ားတစ္ေယာက္မွာ ဘာမွမရိွေတာင္ မာနေတာ့ရိွသည္။ ဘယ္ေလာက္ပဲ အစ္ကိုလိုအားကိုးရၿပီး ခ်စ္ခင္ရပါတယ္ေျပာေျပာ စစ္မင္းအေနနဲ႔ ကိုယ့္ေျခေထာက္ေပၚကိုယ္သာ မားမားမတ္မတ္ ရပ္တည္ခ်င္သည္။

အလုပ္ေတြ ႀကိဳးစားသည္ဆိုသည္မွာလည္း တစ္ခ်ိန္က်ရင္ အစ္ကို႔ေပၚတင္ေနတဲ့ အေႂကြးေတြကို တတ္ႏိုင္သမ်ွ ျပန္ဆပ္ႏိုင္ဖို႔ကို ေမ်ွာ္လင့္ထားသည္။

" အငယ္ အငယ္ ...! "

" ဟမ္ ... ဗ်ာ အစ္ကို "

အေတြးလြန္သြားတာေၾကာင့္ တစ္ဖက္က အစ္ကိုေကာင္းျမတ္ဟိန္းရဲ့ ေခၚသံကိုျပန္ၾကားမွ စစ္မင္းသတိျပန္ဝင္လာသည္။

" ေရာ္ ... ျပန္ငိုက္သြားတာလား ... အစ္ကိုေခၚေနတာၾကာၿပီ "

" မဟုတ္ပါဘူး ... ကြၽန္ေတာ္ အျပင္ကို ေငးမိသြားလို႔ "

" စိတ္ဆိုးသြားတာလား ... အစ္ကို ေတာင္းပန္ပါတယ္ေနာ္ ... ပင္ပန္းေနတဲ့ အငယ့္ကို စိတ္ပါပင္ပန္းေအာင္ ထပ္လုပ္မိျပန္ၿပီ "

" အဲ့လိုမဟုတ္ပါဘူး အစ္ကို ... ကြၽန္ေတာ္နားလည္ပါတယ္ "

" အစ္ကိုက အငယ္ပင္ပန္းေနတာ မၾကၫ့္ရက္လို႔ပါ ... အငယ့္ကို အထင္ေသးတာမ်ိဳး လံုးဝမဟုတ္ပါဘူး အငယ္ရာ ... ေလ်ွာက္မ‌ေတြးပါနဲ႔  "

" အင္း ကြၽန္ေတာ္သိပါတယ္ အစ္ကို ... ကြၽန္ေတာ္လည္း ပင္ပန္းလာလို႔ပါ ... ျပန္ေအာ္မိလို႔ ေတာင္းပန္ပါတယ္ အစ္ကို  "

အစ္ကိုက စစ္မင္းအေပၚခ်စ္ၿပီး ေစတနာထားတယ္ဆိုတာ နားလည္ေပမယ့္ ဒီလိုစကားေျပာလာတိုင္း စစ္မင္းစိတ္က အကဲဆတ္သည္။ ကိုယ့္ထက္အႀကီးျဖစ္သူကို ေဒါသတႀကီး တုန႔္ျပန္လိုက္မိတာမလို႔ စစ္မင္းဘက္က လြန္သြားတာေၾကာင့္ ျပန္ေတာင္းပန္လိုက္သည္။

စစ္မင္းရဲ့ စကားအဆံုး ဖုန္းထဲကေန အစ္ကို႔ ရယ္သံတိုးတိုးကို ၾကားလိုက္ရသည္။

" အင္းပါ အငယ္ ... ကဲ . ပင္ပန္းေနတယ္ဆိုရင္လည္း ကားေပၚမွာ ခဏမိွန္းေနေလ ... အရမ္းလည္း အိပ္ေပ်ာ္မသြားနဲ႔ဦး "

" ဟုတ္ အစ္ကို ... အိမ္ျပန္ေရာက္ဖို႔ေတာ့ လိုပါေသးတယ္ ... ခုနကမွ ကားေပၚတက္လာတာ "

" ဂရုေတာ့စိုက္ေနာ္ အငယ္ ... ဟိုတစ္ခါလို မွတ္တိုင္ေက်ာ္ၿပီးပါသြားမယ္ ... ကိုယ္ဖုန္းခ်လိုက္ေတာ့မယ္ ... ဒါပဲေနာ္ အငယ္ ... ခ်စ္တယ္ ~ "

အစ္ကိုေကာင္းျမတ္ဟိန္းဘက္က ဖုန္းခ်သြားသၫ့္တိုင္ စစ္မင္း ဘာမျွပန္မေျပာမိ။ ပိတ္သြားတဲ့ဖုန္းေလးကို စိုက္ၾကၫ့္ေနရင္း သက္ျပင္းတစ္ခ်က္ကို ခပ္ေလးေလးခ်လိုက္သည္။ အသက္တိုရင္လည္း တိုပါေစေတာ့။ စစ္မင္းလည္း တကယ္ပင္ပန္းေနၿပီရယ္။

လက္ထဲကဖုန္းကို အိတ္ထဲျပန္ထၫ့္လိုက္ရင္း ကားေဘးေဘာင္ေလးကို မွီကာ ခဏမိွန္းေနလိုက္သည္။ မ်က္လံုးေတြကို မိွတ္ထားလိုက္ရင္း အသက္မွန္မွန္ရႉေနလိုက္ေတာ့ စစ္မင္းေခါင္းထဲဝင္လာသၫ့္ အေတြးေတြက အစံုအလင္။

ခဏတျဖဳတ္ေမွးေနရင္း ခပ္တိုးတိုး အသံေလးေတြကို ကြၽတ္စီကြၽတ္စီ ၾကား‌ေနရတာမလို႔ မ်က္လံုးဖြင့္ၾကၫ့္လိုက္ေတာ့ ဘတ္စ္ကားေပၚတက္ေတာ့ ေရ႔ွကေနတက္သြားသၫ့္ ေက်ာင္းသူေလးတစ္စုဆီက ျဖစ္ေနသည္။ စစ္မင္းရိွရာဘက္ကို လွၫ့္ၾကၫ့္လိုက္ သူငယ္ခ်င္းေတြအခ်င္းခ်င္း ေခါင္းခ်င္းဆိုင္ကာ တြတ္ထိုးလိုက္ႏွင့္ ေပ်ာ္ေနၾကပံုရသည္။

စစ္မင္းအတြက္ ဒါေတြက အထူးတဆန္း မဟုတ္ေတာ့ပါ။ လူငယ္သဘာဝ စူးစမ္းၿပီး ေပ်ာ္ပါးတတ္ၾကသၫ့္ ဆယ္ေက်ာ္သက္အရြယ္ေလးေတြက လြတ္လြတ္လပ္လပ္ ေပ်ာ္ေနၾကတာမလို႔ ပိုေတာင္သေဘာက်ရေသးသည္။

စစ္မင္းက tour guide တစ္ေယာက္ျဖစ္တာေၾကာင့္ ေနေလာင္ၿပီး အသားအရည္က ပံုမွန္အသားအရည္ထက္ညိုသြားေပမယ့္ မငယ္ကေတာ့ မိန္းကေလးအမ်ားစု သေဘာက်သၫ့္ အသားအရည္လို႔ေျပာဖူးသည္။

မထူမပါး မ်က္ခံုးတန္းေအာက္မွာ ဝိုင္းေနသၫ့္ မ်က္လဲးေတြက မငယ္‌ေလးေျပာဖူးသလို လွေပမယ့္ မ်က္စိအားနည္းသူျဖစ္တာေၾကာင့္ ေလးေထာင့္ပါဝါမ်က္မွန္အပါးေလးကို တပ္ထားရသည္။ မငယ္ေလးက မ်က္ကပ္မွန္တပ္ဖို႔ ေျပာဖူးေပမယ့္ စစ္မင္းက မတပ္ရဲတာမလို႔ တစ္ခါမွ မစမ္းသပ္ခဲ့ဖူးေပ။ မ်က္ကပ္မွန္တပ္ဖို႔အေရး မ်က္လံုးထဲ ႏိႈက္လိုက္ထုတ္လိုက္နဲ႔ ေတြးၾကၫ့္ရင္ကို ၾကက္သီးထစရာေကာင္းသည္။

စစ္မင္းရဲ့မ်က္ႏွာမွာ အႀကိဳက္ဆံုးအပိုင္းကို ေျပာပါဆိုလ်ွင္ေတာ့ ႏွာတံစင္းၿပီး ထိပ္မွာလံုးကာ အေပၚေကာ့ေနတဲ့ ႏွာေခါင္းကို သေဘာက်တယ္ပဲ ေျဖရမည္။ ႏွာေခါင္းေအာက္က ႏႈတ္ခမ္းလႊာပါးပါးကေတာ့ ရဲေနတာလည္းမဟုတ္ ျဖဴေဖ်ာ့ေနသည္လည္းမဆိုသာပဲ သာမန္အေရာင္အတိုင္းသာရိွသည္။

ၿခံဳၾကၫ့္မယ္ဆိုလ်ွင္ေတာ့ စစ္မင္းသန႔္ဆိုသၫ့္ အမ်ိဳးသားငယ္ေလးက ၾကၫ့္ေကာင္းသည္၊ ခန႔္ညားသည္ဆိုတာထက္ ႏွစ္လိုဖြယ္ေကာင္းသၫ့္ အမ်ိဳးသားတစ္ေယာက္ပင္ ျဖစ္သည္။

_________________

To be continue ...

12th May,2020(Tue)
call_me_Tylor

[Unicode]

Yangon : Myanmar

ရန်ကုန်မြို့ရဲ့ ရာသီဥတုက ပူလောင်အိုက်စပ်လွန်းလှပြီး အသက်ရှူကြပ်စဖွယ်။ တုံ့ခနဲရပ်သွားတဲ့ ဘတ်စ်ကားကြောင့် စစ်မင်းသန့်က မသိမသာ သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်သည်။

" ခရီးစဉ်က ဒီမှာပဲပြီးဆုံးပါပြီ ... အားလုံးပဲ ပျော်ရွှင်ကြပါစေ "

တာဝန်ယူထားသည့်ခရီးစဉ်ကို အဆုံးသတ်နိုင်ပြီဆိုမှသာ စစ်မင်းသန့်မှာ စိတ်ဒုံးဒုံးချပြီး သက်ပြင်းချနိုင်တော့သည်။ Travel agent လုပ်တာ ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် အကြိမ်တိုင်းလိုလို ဧည့်သည် နိုင်ငံခြားသားတွေရဲ့ ကိစ္စအဝဝကို တာဝန်ယူရတာမလို့ များစွာစိတ်ပင်ပန်းရသည်။ တာဝန်ယူရမည့် ဧည့်သည်တွေကို လေယာဉ်ကွင်းမှာ ကြိုရတာစလို့ ဟိုတယ်စီစဉ်ပေးရတာအဆုံး ပြန်သည့်အချိန်ထိပါ လေယာဉ်လက်မှတ်ကို စီစဉ်ပေးရသည်။

ယခုတစ်ခေါက်လည်း တာဝန်ယူရသည့် ခရီးစဉ်က ပုဂံခရီးစဉ်ဖြစ်တာကြောင့် စစ်မင်းအတွက် ပိုပင်ပန်းရသည်။ မြန်မာနိုင်ငံရဲ့ နွေရာသီတွင်အပူပြင်းဆုံးလက မေလဖြစ်သည့်အလျောက် ရာသီဥတုက အလွန်ပူပြင်းလှသည်။

နေပူလိုက်မိုးရွာလိုက် မူမမှန်သည့် ရာသီဥတုကြားမှာ သွားလာနေရတာမလို့ စစ်မင်းသန့်မှာ မဖျားနာစေဖို့ ကိုယ့်ကိုယ်ကိုယ် အလွန်ဂရုစိုက်ရသည်။ ပုဂံခရီးစဉ်ဖြစ်တာကြောင့် ရာသီဥတု ပူပြင်းမှုက ပိုဆိုးသည်။ ရန်ကုန်သားဖြစ်ပေမယ့် ပုဂံကိုရောက်လျှင် ချွေးထွက်သန်လွန်းသည့် စစ်မင်းသန့်အတွက် အဆင်မပြေပေ။

အညာဒေသဖြစ်တာကြောင့် ပုဂံရဲ့ ရာသီဥတုက နှိုင်းဆမရအောင် ပူပြင်းလှသည်။ နေပူပူအောက်မှာ စစ်မင်းသန့်က ချွေးထွက်သန်လွန်းလှသည့်အလျောက် ရေဓာတ်မဆုံးရှုံးရအောင် ရေကိုပုံမှန်သောက်ပေးနေရသည်။

ခရီးစဉ်လမ်းပြန်ဆုံးသည့်နေရာက စစ်မင်းသန့် အလုပ်လုပ်သည့် Green Light Travel Agency မှာပဲမလို့ အနားယူဖို့အတွက် အေဂျင်စီထဲဝင်ကာ ဌာနကို မြန်မြန်ပြေးလိုက်တော့သည်။

" ပြန်ရောက်ပြီလား စစ်မင်းသန့် ... အဆင်ပြေခဲ့ရဲ့လား "

" ပြေပါတယ် မငယ်ရာ ... ဒါပေမယ့် ပုဂံဆိုတော့ သိတဲ့အတိုင်းပဲ အစ်မရာ ... ရာသီဥတုကလဲပူ၊ ချွေးကလည်း အရမ်းထွက်တော့ ပင်ပန်းပြီး လူက အားမရှိတာပိုတယ် "

ဒုတိယထပ်ကို ရောက်ရောက်ချင်း စာရေးဖြစ်သည့် မငယ်လေးနှင့် တွေ့တာကြောင့် အလ္လာပ သလ္လာပ အနည်းငယ်တော့ ပြောဖြစ်သေးသည်။

" ဒီလိုပါပဲဟယ် travel agent တွေအတွက်ကတော့ ဘယ်လောက်လုပ်လုပ် ခရီးစဉ်တိုင်းက စိတ်ပင်ပန်းရင်ပင်ပန်း မဟုတ်ရင် လူပင်ပန်းတာကြည့်ပဲ "

" ဟုတ်တယ် ... တော်သေးတာပေါ့ ဒီတစ်ခေါက် ဧည့်သည်တွေထဲ ဂဂျိုးဂဂျောင်ဧည့်သည်မပါလို့ ... မဟုတ်ရင် ပိုပြီးစိတ်ပင်ပန်းရမှာ ... ကျွန်တော်က လူပင်ပန်းတာ ခံနိုင်ပေမယ့် စိတ်ပင်ပန်းတာ မခံနိုင်ဘူး "

စစ်မင်းရဲ့စကားကြောင့် မငယ်လေးက ရယ်သည်။ အကြောင်းသိတွေပဲမလို့ စစ်မင်းသန့်နှင့် စကားပြောရဆိုရတာ အပေါက်အလမ်းလည်း တည့်သည်။ အနားတိုးလာသည့် မငယ်လေးက ဘာမှမပြောတော့ပဲ အားတင်းထားဆိုသည့်သဘောနှင့် စစ်မင်းသန့်ပခုံးကို နှစ်ချက်သုံးချက် ပုတ်ပေးသည်။

" ဘာပဲဖြစ်ဖြစ် အဆင်ပြေအောင်နေပါ စစ်မင်းရယ် ... ပြောသာပြောရတာ ငါ့မောင်က နေတတ်ပါတယ် "

" ဟုတ်ကဲ့ ... ကျွန်တော်နေတတ်ပါတယ် မငယ်ရဲ့ ... ခရီးသွားရရင်တော့ အဆင်ပြေပြေပဲ ပြီးသွားချင်တာ ... ရှားပေမယ့် ဧည့်သည်တွေနဲ့ ပြဿနာဖြစ်ရရင်လည်း မကောင်းဘူးလေ "

စစ်မင်းသန့်စကားကို မငယ်လေးက ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံသည်။

စစ်မင်းသန့် ပြောတာလည်း မှန်သည်။

လူပင်ပန်းရသည့်ကြားထဲ foreigner တွေက ရစ်လျှင်ပိုဆိုးသည်။ စစ်မင်းသန့်တို့ကတာဝန်ယူထားရတာ ဖြစ်တာကြောင့် ပြဿနာတစ်ခုခုဖြစ်လာလျှင် စစ်မင်းသန့်တို့က အစ၊ အလယ်၊ အဆုံး တာဝန်ယူထားရတာမလို့ ပြဿနာတစ်ခုခုရှိလာလျှင် ကိုယ့်ခေါင်းပေါ်သာပုံကျသည်။ ဒီကြားထဲ အေဂျင်စီကို အဆင်မပြေသည့် ကွန်ပလိန်းတွေ တက်လာလျှင် ပင်ပင်ပန်းပန်း ပြန်ရောက်သည့်အခါ မလွဲမသွေ အထက်လူကြီး ထောင်းတာခံရသေးသည်။

" အေး နားတော့လေ စစ်မင်းသန့်ရဲ့ ... မနားခင် ရုံးခန်းသွားပြီး ပြန်ရောက်ကြောင်း လက်မှတ်သွားထိုးလိုက်ဦး "

" ဟုတ် သွားပြီ မငယ်ရေ ... ပြီးရင်တော့ အိမ်ပြန်ပြီး အေးဆေးနားတော့မယ် "

" အိမ်ပြန်မှာဟုတ်လို့လားဟယ် ... ဘဲဘဲနဲ့ တွေ့မယ်ဆိုရင် တွေ့မယ်ပေါ့ "

" အာ ... မငယ်ကလည်း ... တော်ပြီတော်ပြီ သွားတော့မယ် "

မငယ်က ပြုံးစိစိမျက်နှာထားနှင့် ပြောလာတာကြောင့် စစ်မင်းသန့်မှာ အသည်းအသန်ငြင်းရင်း ရှက်ရှက်နှင့် ပြန်ရောက်ကြောင်း လက်မှတ်သွားထိုးရန် ရုံးခန်းကို ပြေးရတော့သည်။

မငယ်ပြောသည့် ဘဲဘဲဆိုတာက စစ်မင်းရဲ့ချစ်သူကို ဆိုလိုခြင်းဖြစ်သည်။ စစ်မင်းက ဂေးတစ်ယာက်။ ဂေးဖြစ်နေသည့်အလျောက် လုပ်ငန်းခွင်မှာ နှိမ့်ချဆက်ဆံမှုတွေကို မကြာခဏဆိုသလို ကြုံရသည်။ စစ်မင်းကို စိတ်ရင်းအတိုင်း ဆက်ဆံပေးတာဆိုလို့ မငယ်လေးဆိုသည့် အစ်မတစ်ယောက်သာရှိသည်။

ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ပညာအရည်အချင်းနဲ့ကိုယ် တာဝန်မပျက်မကွက် အလုပ်လုပ်နေပေမယ့် ပတ်ဝန်းကျင်ဆိုသည်က စစ်မင်းကို အခြောက်ဆိုသည့် စကားလုံးကြမ်းကြမ်းတွေနှင့်ထိုးနှက်ကာ လုပ်ဖော်ကိုင်ဖက်တချို့က ဂြိုလ်ကောင်လို ဆက်ဆံတတ်ကြသည်။ တချို့က ကိုယ်နှင့်မဆိုင်ရင် မဆိုင်သလို ဖာသိဖာသာ နေတတ်ပေမယ့် တချို့က‌တော့ မဟုတ်ပေ။

စစ်မင်းသန့် ဆိုတာကလည်း ဘယ်သူ့ကိုမှ ဂရုစိုက်သည်မဟုတ်ပဲ ငယ်စဉ်ကစလို့ ယခုလက်ရှိ အသက် ၂၇ နှစ်အရွယ်ထိ ဘဝရဲ့ခါးသီးမှုတွေမျိုးစုံကို ကြုံခဲ့ဖူးပြီးသား ဖြစ်သည်။ လေးနှစ်သားအရွယ်လောက်မှာ မိဘနှစ်ပါးက ကားမတော်တဆမှုနှင့် ဆုံးပါးသွားကြသည်။ စောင့်ရှောက်ပေးမည့် ဆွေမျိုးသားချင်းရယ်လို့ မရှိသည်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ခဲ့ရကာ မိဘမဲ့ဂေဟာကို ရောက်ခဲ့ရသည်။

လက်ရှိချစ်သူဖြစ်သည့် အစ်ကိုကောင်းမြတ်ဟိန်းကလည်း စစ်မင်းသန့်နဲ့အတူ မိဘမဲ့ဂေဟာမှာ နေခဲ့ရပေမယ့် မိဘအရင်းတွေက အစ်ကို့ကို ပြန်ရှာတွေ့ခဲ့သည်။ စစ်မင်းသန့်ကိုပါ တစ်ပါတည်းခေါ်ပေမယ့် လက်မခံပဲ မိဘမဲ့ကျောင်းမှာသာ ဆက်နေခဲ့သည်။

မိဘမဲ့ကျောင်းမှာနေကာ အရာရာတိုင်းကို သူများထက် အဆမတန် ကြိုးစားခဲ့ရသည်။ အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့အတွက်လည်း ရွေးချယ်ခဲ့သည့် တက္ကသိုလ်က အဝေးသင်တက်လို့ မဖြစ်တာကြောင့် အစ်ကို့မိဘတွေကပဲဆက်ပြီး ထောက်ပံ့ပေးထားရသည်။

အစ်ကိုကောင်းမြတ်ဟိန်းက စစ်မင်းသန့်ကို သဘောကျကြောင်း ဖွင့်ပြောချိန် ငြင်းချင်ပေမယ့် ကျေးဇူးတရားတွေ ရှိနေတာကြောင့် လက်ခံဖြစ်ခဲ့သည်။

မချစ်ဘူးလားမေးရင်တော့ စစ်မင်းသန့်က အစ်ကိုကောင်းမြတ်ဟိန်းကို ချစ်ပါသည်။ စစ်မင်းသန့် လက်ခံထားသည့် အစ်ကိုကောင်းမြတ်ဟိန်းအပေါ် အချစ်က မိသားစုလိုဖြစ်ပြီး အစ်ကိုကြီးတစ်ယောက်လို အားကိုးချင်ရုံ သတ်သတ်ဖြစ်သည်။

အပေါ်ဆုံးထပ်ဖြစ်သည့် ရုံးခန်းရှိရာအထပ်ကို တက်လာရင်း တွေးဖြစ်သည့် တွေးလက်စအတွေးတို့ကို ရုံးခန်းရှေ့ရောက်သည်နှင့် ရပ်ပစ်လိုက်ပြီး ရုံးခန်းဝင်ကာ လက်မှတ်ထိုးရသည်။ သူဌေးက အလုပ်ကိစ္စနှင့် အပြင်ထွက်သွားသည်ဆိုတာကြောင့် လက်ထောက်ကိုပဲ ပြန်ရောက်ကြောင်း နှုတ်ဆက်ခဲ့လိုက်သည်။ ပြီးသည်နှင့် နိုင်ငံခြားသားဧည့်သည်တွေ ပေးထားခဲ့သည့် ဘောနက်စ်နှင့် ချောကလက်တွေကို တစ်ခါတည်းယူပြီး အိမ်ပြန်ဖို့ ပြင်ရသည်။

စစ်မင်းသန့် အလုပ်လုပ်သည့် ခရီးသွားအေဂျင်စီက စမ်းချောင်းမှာရှိတာမလို့ မြောက်ဥက္ကလာမှာရှိသည့်တိုက်ခန်းကို ရုံးဆင်းတိုင်း ဘတ်စ်စီးပြီး ပြန်ရသည်။ တက်စီစီးသွားရင် အိမ်မြန်မြန်ပြန်ရောက်တယ် ဆိုပေမယ့် စစ်မင်းသန့်က ငွေကို စေ့စေ့စပ်စပ် သုံးတတ်သူမလို့ အပိုကုန်မည့်အရာတွေကို မလုပ်ဖြစ်တော့ချေ။

တစ်ကိုယ်ရေသမားဖြစ်တာကြောင့် စစ်မင်းသန့်အတွက် ထွေထွေထူးထူး ဘာမှပူစရာမရှိပေမယ့် ငွေများများစုမိလာလျှင် ယခုနေသည့် တိုက်ခန်းထက် ပိုကောင်းသည့်နေရာကို ပြောင်းချင်သည်။ ပိုလျှံနေရင်တော့ ကားလေးတစ်စီးလောက် ဝယ်ချင်သေးသည်။ တစ်ချိန်လုံး ပင်ပန်းလာခဲ့ရပြီးမှ အချိန်တန်ရင်တော့ ဘာမှပင်ပင်ပန်းပန်းမလုပ်ပဲ အနားယူချင်စိတ်လေးတော့ ရှိနေသေးသည်။

အခုချိန် စားဖို့သောက်ဖို့ကလည်း စစ်မင်းသန့်အတွက် ပူပင်စရာမလို။ တိုက်ခန်းအောက်ထပ်က ထမင်းဆိုင်လေးမှာ သွားစားရုံနဲ့တင် စစ်မင်းသန့်အတွက် တစ်နပ်စာက အဆင်ပြေသည်။

" ဟဲ့ ... ဒီကားက လူချောင်တယ် မြန်မြန်တက် "

စစ်မင်းစောင့်နေသည့်ဘတ်စ်က မှတ်တိုင်ကိုရောက်လာတော့ ကလေးမလေးတစ်စုက စစ်မင်းရှေ့ကနေ ကားပေါ် ပြေးတက်သွားသည်။ ရုံးဆင်းချိန်မဟုတ်သည့် နေ့လည်နှစ်နာရီလောက်သာ ရှိသေးတာမလို့ ဘတ်စ်ကားပေါ်မှာ လူရှင်းနေသည်။

ဘတ်စ်ကားပေါ်ရောက်တော့ ဟိုနားတစ်ယောက် သည်နားတစ်ယာက်နှင့် တက္ကသိုလ်ကျောင်းသူအရွယ် ကလေးမတစ်စု ထိုင်နေတာကလွဲလို့ တကယ်လည်း လူချောင်နေသည်။ အဆင်ပြေသည့် အနောက်တစ်နေရာမှာ ဝင်ထိုင်လိုက်ရင်း ခေါင်းကို နောက်မှီပေါ် လှန်ချလိုက်သည်။

ကားလမ်းကကြပ်မနေပေမယ့် စစ်မင်းပြန်ရမည့်တိုက်ခန်းက အနည်းငယ်လှမ်းတာကြောင့် ခဏမှိန်းမယ်ကြံလိုက်ရင်း မျက်လုံးအစုံကို မှေးမှိတ်ပစ်လိုက်သည်။

*** Beep . Beep ... Beep . Beep ***

" ကျစ် ... အာ . ဖုန်းလာနေတာပဲ "

ခရီးရောအလုပ်ရော ပင်ပန်းလာတာကြောင့် ဘတ်စ်ရဲ့နောက်ခန်းမှာထိုင်နေရင်း စစ်မင်း မှေးခနဲပင် အိပ်ပျော်သွားသည်။ ဖုန်းက မြည်နေသံကိုပင် တော်တော်ကြာကြာကြီးမြည်ပြီးမှ ကြားပြီးနိုးလာသည့်အဖြစ်။

" ဘယ်သူလဲကွာ ... အိပ်ချင်နေတာကို "

အိပ်ရေးပျက်သွားလို့ စိတ်မကြည်လှပေမယ့် ဆက်တိုက်မြည်နေသည့်ဖုန်းကြောင့် အိတ်ထဲထည့်ထားသည့် ဖုန်းကိုထုတ်ကာ ဖုန်းခေါ်ဆိုသူကိုကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်မှာ ပေါ်နေသည့် ခေါ်ဆိုသူက အစ်ကိုဖြစ်နေတာကြောင့် စစ်မင်းမှာ နှာခေါင်းပေါ်လျောကျနေသည့် မျက်မှန်လေးကို အသာပင့်တင်လိုက်ရင်း ဖုန်းမြန်မြန်ကိုင်ရသည်။

" အငယ် ~ ကိုယ်ဖုန်းခေါ်နေတာကြာပြီ ... ခရီးက ပြန်မရောက်သေးလို့လား "

ဖုန်းကိုင်ကိုင်ချင်း အစ်ကို့ရဲ့ ခပ်အေးအေးအသံကို တန်းကြားရသည်။ အမြဲတမ်း ခပ်အေးအေးသာ‌နေတတ်သည့် အစ်ကိုကောင်းမြတ်ဟိန်းက စကားပြောရင်လည်း လေသံအေးအေးလေးနှင့်။ တကယ်ကိုလည်း အစ်ကိုကစစ်မင်းကို ဂရုစိုက်ပါသည်။ ဖုန်းကိုင်တာကြာနေ‌ပေမယ့် ဘာကြောင့်ရယ်ဆိုပြီး စစ်စစ်ဆေးဆေး မမေးမြန်းတတ်ပဲ အရာရာကို ဖြည့်တွေးပေးတတ်သည်။

" မဟုတ်ပါဘူး အစ်ကို ... ကျွန်တော် အိမ်ပြန်နေပြီရယ် ... ပင်ပန်းလာလို့ ဘတ်စ်ပေါ်မှာ မှေးခနဲအိပ်ပျော်သွားလို့ပါ "

" အင်း အငယ်လည်း ပင်ပန်းနေပြီ ... ကိုယ်ပြောပါတယ် အရမ်းပင်ပန်းနေရင် မလုပ်ပဲနားပါဆို ... အငယ့်တစ်ယောက်ကိုတော့ အစ်ကိုထောက်ပံ့ထားနိုင်ပါတယ် "

" ကျစ် ! အစ်ကို ... ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ပြောပြီးပြီထင်တယ်နော် ... ကျွန်တော်လည်း သန်သန်စွမ်းစွမ်း လူတစ်ယောက် ... အစ်ကိုထောက်ပံ့တာနဲ့ထိုင်စားပြီး ကျွန်တော့်ကို အသုံးမကျတဲ့ကောင် ဖြစ်စေချင်လို့လား ... ကျွန်တော်က အစ်ကို့အမြင်မှာ အဲ့လောက်အသုံးမကျတဲ့သူ ဖြစ်နေလို့လား "

" ခဏ . ခဏ အငယ် ... ကိုယ်ပြောတာ အဲ့လိုမဟုတ်ဘူးလေ အငယ်ရာ ... ကိုယ့်သဘောထားကိုလည်း အငယ် သိရဲ့သားနဲ့ ... ကိုယ်ကအငယ်ပင်ပန်းနေတာ မကြည့်ရက်လို့ပါ "

အစ်ကိုကောင်းမြတ်ဟိန်းစကားကြောင့် စစ်မင်း သက်ပြင်းချလိုက်သည်။ စစ်မင်းကသာ ဝုန်းဒိုင်းကြဲပြီး တုံ့ပြန်လိုက်ပေမယ့် အစ်ကိုကတော့ သူ့မူအတိုင်း လေပြေအေးလေးနဲ့ ရှင်းပြရှာသည်။ အဲ့ဒီတော့ စစ်မင်းကသာ လူဆိုးကြီး။

" ကျွန်တော်ဒီလောက်တော့ အပင်ပန်းခံနိုင်ပါတယ် ... တစ်လျှောက်လုံး အစ်ကို့ဆီက အကူအညီပဲ ယူမနေချင်ဘူးလေ ... ကျွန်တော်လည်း အရွယ်ရောက်နေပါပြီ "

" အငယ်ပင်ပန်းနေတော့ ကိုယ်မှ မကြည့်ရက်ပဲ အငယ်ရယ် "

" ကျွန်တော်ယောက်ျားပါ ... "

အစ်ကို့ဘက်က အသံတိတ်သွားသည်။ ဒီပုံအတိုင်းဆို စစ်မင်း နားလည်လိုက်ပြီဖြစ်သည်။ နှစ်ဦးနှစ်ဖက် ကသိကအောက် အခြေအနေမှာ အစ်ကိုက စကားလမ်းကြောင်းလွှဲဖွဲ့ လမ်းစရှာနေတာ။

အစ်ကိုက အလုပ်နားဖို့ပြောသည်မှာ အခုမှပြောတာ မဟုတ်ပဲ အမြဲတမ်းလိုလို စစ်မင်းပါးစပ်က ပင်ပန်းတယ်လို့ ထွက်လာတိုင်း ပြောတတ်သည်။ အလုပ်လုပ်‌နေတယ်ဆိုမှတော့ ပင်ပန်းတာကရှိတတ်စမြဲမလို့ စစ်မင်းအတွက် ဒီလောက်ပင်ပန်းတာ အကြောင်းမဟုတ်ပေ။ မိဘမဲ့ဘဝနဲ့ တက္ကသိုလ်တက်ခဲ့တုန်းကတောင် မဖြစ်မနေမလို့ အစ်ကိုတို့မိသားစုရဲ့ အထောက်အပံ့ကို ယူခဲ့ရတာတောင် စစ်မင်းခေါင်းပေါ်ရောက်နေသည့် ဝန်ထုပ်ဝန်ပိုးက နည်းတာမဟုတ်။

မိမိရဲ့လိင်စိတ်ခံယူမှုနဲ့တင် လက်ညှိုးထိုးခံနေရတဲ့ကြားက သူများအထောက်အပံ့ယူပြီး ပတ်ဝန်းကျင်ရဲ့ပါးစပ်ဖျားမှာ ပိုင်းလုံးအဖြစ်မခံနိုင်။ စစ်မင်းသန့်ဆိုတဲ့ ယောက်ျားတစ်ယောက်မှာ ဘာမှမရှိတောင် မာနတော့ရှိသည်။ ဘယ်လောက်ပဲ အစ်ကိုလိုအားကိုးရပြီး ချစ်ခင်ရပါတယ်ပြောပြော စစ်မင်းအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်သာ မားမားမတ်မတ် ရပ်တည်ချင်သည်။

အလုပ်တွေ ကြိုးစားသည်ဆိုသည်မှာလည်း တစ်ချိန်ကျရင် အစ်ကို့ပေါ်တင်နေတဲ့ အကြွေးတွေကို တတ်နိုင်သမျှ ပြန်ဆပ်နိုင်ဖို့ကို မျှော်လင့်ထားသည်။

" အငယ် အငယ် ...! "

" ဟမ် ... ဗျာ အစ်ကို "

အတွေးလွန်သွားတာကြောင့် တစ်ဖက်က အစ်ကိုကောင်းမြတ်ဟိန်းရဲ့ ခေါ်သံကိုပြန်ကြားမှ စစ်မင်းသတိပြန်ဝင်လာသည်။

" ရော် ... ပြန်ငိုက်သွားတာလား ... အစ်ကိုခေါ်နေတာကြာပြီ "

" မဟုတ်ပါဘူး ... ကျွန်တော် အပြင်ကို ငေးမိသွားလို့ "

" စိတ်ဆိုးသွားတာလား ... အစ်ကို တောင်းပန်ပါတယ်နော် ... ပင်ပန်းနေတဲ့ အငယ့်ကို စိတ်ပါပင်ပန်းအောင် ထပ်လုပ်မိပြန်ပြီ "

" အဲ့လိုမဟုတ်ပါဘူး အစ်ကို ... ကျွန်တော်နားလည်ပါတယ် "

" အစ်ကိုက အငယ်ပင်ပန်းနေတာ မကြည့်ရက်လို့ပါ ... အငယ့်ကို အထင်သေးတာမျိုး လုံးဝမဟုတ်ပါဘူး အငယ်ရာ ... လျှောက်မ‌တွေးပါနဲ့  "

" အင်း ကျွန်တော်သိပါတယ် အစ်ကို ... ကျွန်တော်လည်း ပင်ပန်းလာလို့ပါ ... ပြန်အော်မိလို့ တောင်းပန်ပါတယ် အစ်ကို  "

အစ်ကိုက စစ်မင်းအပေါ်ချစ်ပြီး စေတနာထားတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုစကားပြောလာတိုင်း စစ်မင်းစိတ်က အကဲဆတ်သည်။ ကိုယ့်ထက်အကြီးဖြစ်သူကို ဒေါသတကြီး တုန့်ပြန်လိုက်မိတာမလို့ စစ်မင်းဘက်က လွန်သွားတာကြောင့် ပြန်တောင်းပန်လိုက်သည်။

စစ်မင်းရဲ့ စကားအဆုံး ဖုန်းထဲကနေ အစ်ကို့ ရယ်သံတိုးတိုးကို ကြားလိုက်ရသည်။

" အင်းပါ အငယ် ... ကဲ . ပင်ပန်းနေတယ်ဆိုရင်လည်း ကားပေါ်မှာ ခဏမှိန်းနေလေ ... အရမ်းလည်း အိပ်ပျော်မသွားနဲ့ဦး "

" ဟုတ် အစ်ကို ... အိမ်ပြန်ရောက်ဖို့တော့ လိုပါသေးတယ် ... ခုနကမှ ကားပေါ်တက်လာတာ "

" ဂရုတော့စိုက်နော် အငယ် ... ဟိုတစ်ခါလို မှတ်တိုင်ကျော်ပြီးပါသွားမယ် ... ကိုယ်ဖုန်းချလိုက်တော့မယ် ... ဒါပဲနော် အငယ် ... ချစ်တယ် ~ "

အစ်ကိုကောင်းမြတ်ဟိန်းဘက်က ဖုန်းချသွားသည့်တိုင် စစ်မင်း ဘာမှပြန်မပြောမိ။ ပိတ်သွားတဲ့ဖုန်းလေးကို စိုက်ကြည့်နေရင်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်။ အသက်တိုရင်လည်း တိုပါစေတော့။ စစ်မင်းလည်း တကယ်ပင်ပန်းနေပြီရယ်။

လက်ထဲကဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ရင်း ကားဘေးဘောင်လေးကို မှီကာ ခဏမှိန်းနေလိုက်သည်။ မျက်လုံးတွေကို မှိတ်ထားလိုက်ရင်း အသက်မှန်မှန်ရှူနေလိုက်တော့ စစ်မင်းခေါင်းထဲဝင်လာသည့် အတွေးတွေက အစုံအလင်။

ခဏတဖြုတ်မှေးနေရင်း ခပ်တိုးတိုး အသံလေးတွေကို ကျွတ်စီကျွတ်စီ ကြား‌နေရတာမလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘတ်စ်ကားပေါ်တက်တော့ ရှေ့ကနေတက်သွားသည့် ကျောင်းသူလေးတစ်စုဆီက ဖြစ်နေသည်။ စစ်မင်းရှိရာဘက်ကို လှည့်ကြည့်လိုက် သူငယ်ချင်းတွေအချင်းချင်း ခေါင်းချင်းဆိုင်ကာ တွတ်ထိုးလိုက်နှင့် ပျော်နေကြပုံရသည်။

စစ်မင်းအတွက် ဒါတွေက အထူးတဆန်း မဟုတ်တော့ပါ။ လူငယ်သဘာဝ စူးစမ်းပြီး ပျော်ပါးတတ်ကြသည့် ဆယ်ကျော်သက်အရွယ်လေးတွေက လွတ်လွတ်လပ်လပ် ပျော်နေကြတာမလို့ ပိုတောင်သဘောကျရသေးသည်။

စစ်မင်းက tour guide တစ်ယောက်ဖြစ်တာကြောင့် နေလောင်ပြီး အသားအရည်က ပုံမှန်အသားအရည်ထက်ညိုသွားပေမယ့် မငယ်ကတော့ မိန်းကလေးအများစု သဘောကျသည့် အသားအရည်လို့ပြောဖူးသည်။

မထူမပါး မျက်ခုံးတန်းအောက်မှာ ဝိုင်းနေသည့် မျက်လဲးတွေက မငယ်‌ေလးပြောဖူးသလို လှပေမယ့် မျက်စိအားနည်းသူဖြစ်တာကြောင့် လေးထောင့်ပါဝါမျက်မှန်အပါးလေးကို တပ်ထားရသည်။ မငယ်လေးက မျက်ကပ်မှန်တပ်ဖို့ ပြောဖူးပေမယ့် စစ်မင်းက မတပ်ရဲတာမလို့ တစ်ခါမှ မစမ်းသပ်ခဲ့ဖူးပေ။ မျက်ကပ်မှန်တပ်ဖို့အရေး မျက်လုံးထဲ နှိုက်လိုက်ထုတ်လိုက်နဲ့ တွေးကြည့်ရင်ကို ကြက်သီးထစရာကောင်းသည်။

စစ်မင်းရဲ့မျက်နှာမှာ အကြိုက်ဆုံးအပိုင်းကို ပြောပါဆိုလျှင်တော့ နှာတံစင်းပြီး ထိပ်မှာလုံးကာ အပေါ်ကော့နေတဲ့ နှာခေါင်းကို သဘောကျတယ်ပဲ ဖြေရမည်။ နှာခေါင်းအောက်က နှုတ်ခမ်းလွှာပါးပါးကတော့ ရဲနေတာလည်းမဟုတ် ဖြူဖျော့နေသည်လည်းမဆိုသာပဲ သာမန်အရောင်အတိုင်းသာရှိသည်။

ခြုံကြည့်မယ်ဆိုလျှင်တော့ စစ်မင်းသန့်ဆိုသည့် အမျိုးသားငယ်လေးက ကြည့်ကောင်းသည်၊ ခန့်ညားသည်ဆိုတာထက် နှစ်လိုဖွယ်ကောင်းသည့် အမျိုးသားတစ်ယောက်ပင် ဖြစ်သည်။

_________________

To be continue ...

12th May,2020(Tue)
call_me_Tylor

Continue Reading

You'll Also Like

251K 4.9K 41
"What do you want me to do huh?!" He yelled, even his aggressive side was attractive in a weird way "I want you to see that I love you and you love m...
35K 799 9
The first time Will Solace died, he was stabbed. At first, no one noticed, as they were much too caught up in their own battles to see. No one noti...
2.9M 61.3K 19
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.3M 99.6K 41
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...