Unconditional Love

Por Euphoria_Min

328K 36.5K 5.5K

တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... Más

🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 4 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 15 🍒
🍒 16 🍒
🍒 17 🍒
🍒 18 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 23 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍒Finale (Zawgyi)🍒
🍀
Extra-1
Extra-2
🍔Fanart🍔

🍒 9 🍒

7K 1K 126
Por Euphoria_Min

Unicode

"ဟိုမှာ ဘယ်လိုနေလဲHyung ... အကုန် အဆင်
ပြေခဲ့တယ်မလား"

"ပြေတော့ပြေပါတယ်ကွာ.. ပြန်လာထဲကအလုပ်
ရှုပ်နေတာနဲ့ Jungkookနဲ့တောင် မတွေ့ဖြစ်ဘူး၊
ဒီမှာ မင်းမှာလိုက်တဲ့စာအုပ်၊ ဒါက မင်းအတွက်
လက်ဆောင်"

"ကျေးဇူးတင်ပါတယ် Hyung"

"ကျေးဇူးတင်ရင် ငါ့ဓာတ်ပုံတွေကြည့်"

NamJoonက ရွှတ်နောက်နောက်နှင့် Jungkook လက်ထဲကို သူ့ဖုန်းထည့်ပေးလာသည်မို့ Jung kook လဲ ယူကြည့်လိုက်သည်။

"Hyung.."

"ဟေ"

"KMက နယ်ဆေးရုံတွေအတွက် ဆေးပစ္စည်းတွေ အကုန်နီးပါးထောက်ပံ့ပေးမယ်ဆို"

"အေးကွ...ငါတို့ ထင်တောင် မထင်ထားဘူး၊
အဲ့ဉက္ကဌကြီးက တော်တော်သဘောကောင်း
တာ ဟေ့ကောင်ရေ၊ ပြည့်တဲ့အိုးဆိုတော့ ဒီလို
ပါပဲ"

"Hyung ဒါက ဘယ်သူလဲ"

Jungkookက NamJoon ဖုန်းထဲက ဓာတ်ပုံများ
ကို ကြည့်နေရင်းနှင့် သူစိမ်းတစ်ယောက်၏ပုံကို
မြင်လိုက်ရသဖြင့် အမေးစကားဆိုလေတော့
NamJoonက ဖုန်းကိုလှမ်းကြည့်လိုက်ကာ...

"အာ..."

ဖုန်းမျက်နှာပြင်ပေါ်မှာ ထင်ဟပ်နေသည့်စိတ် ပျက်လက်ပျက်နှင့် ဆောင့်ကြောင့် ထိုင်နေသော
ပုံရိပ်လေးကိုကြည့်ရင်း အနှီဆေးကျောင်းသား
လေးရဲ့ စိတ်မရှည်မှုတို့ကိုပါမြင်ယောင်လာကာ

"အဲ့ဒါ အဲ့KMက ဉက္ကဌကြီးမြေးလေးလေ။ မြေး ၃
ယောက်ရှိတာတဲ့။ ဆရာတို့နဲ့တွေ့တဲ့နေ့ကတော့
မြေးအကြီးရော ဒီကောင်လေးရော ရှိနေကြတာ။
သူက ဆေးကျောင်းတက်နေတာ။ပြန်မယ့်ရက် ကျတော့ ဒီကောင်လေးက ငါတို့ကိုဟိုနားဒီနား
လိုက်ပို့ပေးတာပေါ့ကွာ ... မြေးအငယ်ဆုံးက ဒီမှာတစ်ယောက်ထဲ နေနေတာဆိုလားပဲ"

"အော်..."

"Jungkook ကိုကြည့်ရတာ ဒီရက်ပိုင်း ပျော်နေ
တဲ့ပုံပဲ... ရည်းစားရနေတာလား"

"အာ...မဟုတ်ပါဘူး Hyungရယ်.. ဒီလိုပဲ တခြား
ပျော်စရာလေးရှိလို့"

"မသိပါဘူးကွာ..မင်းမျက်နှာက အရင်ကထက်
လန်းနေလို့ ရည်းစားများရသွားတာလားလို့"

"နောက်မှ ပြောပြမယ်"

"အေးပါကွာ...ဒါနဲ့ ဒီတစ်ခေါက် လက်ထောက်
ဆရာဝန်စာမေးပွဲက စောမယ်ပြောတယ်။ ဝင်
ဖြေမှာမလား"

"ဟုတ်... ဖြေရင်ကောင်းမလားလို့"

"ဖြေရင်ကောင်းမလားမလုပ်နဲ့ ...ဝင်ဖြေလိုက်"

"ဟုတ်ကဲ့ Hyung"

"လိုတာရှိရင် ငါ့ကိုပြော၊ ဘာမှအားမနာနဲ့"

********************************

ညနေခင်း ကျောင်းဆင်းချိန်မို့ TaeHyung ရဲ့
ဆိုင်ထဲမှာ ကျောင်းသူ ကျောင်းသားတွေ တဖွဲဖွဲ
ရောက်လာသည်။

သင်တန်းက ပြန်ရောက်လာထဲက ချောင်ကျကျ
စားပွဲဝိုင်းမှာ နေရာယူပြီး အိပ်ပျော်နေသည့်
Jiminကတော့ အိပ်မက်တောင် မက်နေမလား
မသိ။

"ဟေ့ ..ကောက်ကွေး"

"ဟင်"

"ထတော့လေ...ဆိုင်မှာ လူတွေများလာပြီ"

"အာ...အိပ်ချင်လို့"

"ရော့ ဒီမှာသောက်လိုက်"

TaeHyunh က စတော်ဘယ်ရီ ဒိန်ချဉ်တစ်ခွက်ကို Jiminဆီလှမ်းပေးရင်းနှင့် Jiminဘေးက
ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

"အမလေး ချဉ်လိုက်တာကွာ"

"အိပ်ချင်ပြေအောင်.... ။မင်းဆရာဝန်နဲ့ ငါ့ကို
မိတ်ဆက်ပေးဦးလေ"

"အွန်း..အစီအစဉ်ရှိတယ်။ သူက ဆိုင်ကိုလိုက်
ခဲ့ချင်နေတာ ...မင်းကိုလဲ ငါ့အလုပ်ရှင်ဆိုပြီး
တော့ တွေ့ချင်နေတာ။ မင်းဆီမှာကပ်နေရတယ်
ဆိုတော့ သူကအစ်ကိုကြီးလုပ်ပြီး လိုက်အပ်ပေး
ချင်နေတာပေါ့ကွာ ဟီးဟီး"

"အဲ့လောက်ထိတောင်လား"

"အင်း... ဆိုင်ကိုလာတဲ့နေ့ကျရင် ဒီကဝန်ထမ်း
တွေကိုမှာထားဦးနော်၊ ငါ့အကြောင်းတွေ ဘာမှ
လျှောက်မပြောအောင်လို့"

"ဟူး... မင်းအစား စိတ်မောတယ်ကွာ"

"ငါရောပဲ"

"အဲ့ဒါထက် ဟိုမှာ အရမ်းတွေ လက်စွမ်းပြမနေနဲ့
ဦး ။ မင်း ဆရာဝန်က ငါ့ဆီမုန့်တောင်မမှာတော့
ဘူး။ ဖောက်သည်ပျက်တယ်"

"ဟီး... အအေး မှာသေးတယ်လေ"

"ပြန်ရင်လဲ စောစောပြန်။ ငါလိုက်ပို့ပေးလို့ကလဲ
မရဘူး"

"ဟုတ်သားပဲ...လုပ်စရာရှိတာ မေ့နေတယ်...
ငါသွားပြီဟေ့"

သွားချင်တော့လဲ ချက်ချင်းပါပဲလား။

TaeHyungကိုနှုတ်ဆက်ပြီးသည်နှင့် ခေါင်မိုးထပ်
ဆီသို့ပြန်ခဲ့သည်။ Jungkookက သူ့စာအုပ်တွေ
ကလွဲရင် တခြားဘာကိုမှ အာရုံမရတတ်သည့်
ပုံမို့ ခေါင်မိုးထပ်မှာ နေရာအလွတ်တွေ ကျန်နေ
ရဲ့သားနှင့် ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စပြန့်
ကျဲနေတတ်သည်။

အခန်းအပြင်ဘက်က ကွပ်ပျစ်လေးကလဲ ခေါင်
မိုးစွန်းအောက်မရှိဘဲ အလယ်ကွက်လပ်မှာ တစ်ခုထဲ သီးသန့်ထွက်နေသည်မို့ သူ့ကိုမေးကြည်ခဲ့
တုန်းက "ဘာမှမဟုတ်ဘူး ဒီအပေါ်ထိတက်လာရတာ အရမ်းမောလို့ ခဏ နားလို့ရအောင် ထားထားရုံပဲ" ဟု အရေးမကြီးသလိုသာ ပြန်ဖြေခဲ့
သည်။

Jiminကတော့ ကိုယ့်အကြံနှင့်ကိုယ်မို့ သစ်
သားကွပ်ပျစ်ကို တစ်ရက်တုန်းက ဆေးဖြူဖြူ
လေးခြယ်သထားခဲ့သည်။ ဒီနေ့တော့ ထိုကွပ်ပျစ် ဖြူဖြူလေးကို အမိုးအစွန်းအောက်ဘက် အခန်းနံရံထောင့်နားသို့ တစ်ယောက်ထဲ မနိုင်မနင်းရွှေ့
ပြီးနောက်ဝယ်လာခဲ့သည့် အလှဆင်သောမီးသီး
အတွဲလေးနှစ်ခုကိုနံရံမှာကပ်ပြီး ကြည့်ကောင်း
အောင် ချိတ်လိုက်သည်။

ကုတင်ရဲ့အပေါ်တည့်တည့်မှာတော့ အလင်း
အား အတန်ငယ်ကောင်းမွန်သည့် မီးသီးဖြူဖြူ
တစ်လုံးကို ချိတ်ဆွဲလိုက်သည်။ အားလုံးပြင်ဆင်
ပြီးသည့်အချိန်မှာ အမှောင်ရိပ်အနည်းငယ်သန်း
လာပြီဖြစ်သဖြင့် မီးခလုတ်လေးတွေ စမ်းပြီးဖွင့်
ကြည့်တော့ ခေါင်မိုးထပ်ကလေးက လင်းလင်းထိန်ထိန်နှင့် နေချင်စရာဖြစ်လာသည်။

ညဘက်တွေ စာကြည့်ရင်းနှင့် ငြီးငွေ့လာသည့်
အချိန်မျိုးမှာ ဒီနေရာလေးမှာခဏတဖြုတ်ထွက်
ထိုင်ရင်း ခေါင်မိုးထပ်ကနေမြင်နေရသည့် Jung
Kookတို့ ရပ်ကွက်လေး၏အလှတရားကို ခံစား
ကြည့်နိုင်စေရန်ရည်ရွယ်သည်။

မီးသီးအကြီး ထားထားပေးရသည်ကတော့ အထဲ
မှာက ကျဉ်းကျဉ်းလေးဖြစ်နေသည်မို့ စိတ်ရှုပ်လာသည့်အခါ အပြင်မှာ လေကောင်းလေသန့် ရှူရင်း စာကြည့်ချင်ကြည့်လို့ရအောင်ဖြစ်သည်။ ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်သည်မို့ မီးခလုတ်
တွေ ပြန်ပိတ်ခဲ့ကာ အခန်းထဲဝင်ခဲ့ပြီး ညစာချက်
ဖို့ ပြင်ဆင်လိုက်သည်။

နာရီဝက်ခန့်ကြာသည့်အခါ အိမ်ခန်းရှေ့မှ တံခါး
ကို ပုတ်နေရင်းနှင့်

"Jungkook.... Jungkookရေ"

"Jungkook"

ဟူ၍ မရပ်မနား တကြော်ကြော်အော်နေသည့်
အသံကြောင့် အိမ်ရှေ့သို့ ထွက်ကြည့်လိုက်သည့်
အခါ အထုပ်အပိုးများနှင့် လူတစ်ယောက်ကို တွေ့ရသည်မို့

"ဘယ်သူလဲမသိဘူး"

Jiminကိုမြင်တော့ ထိုလူက ကိုယ်ရှိန်သတ်သွား
ကာ...

"ဒါ Jeon Jungkook အခန်းလားမသိဘူး"

"ဟုတ်ပါတယ်"

"အော်..Jungkookမရှိဘူးလား"

"သူ အလုပ်က ပြန်မလာသေးဘူး"

"အော်... အိမ်ထဲဝင်ပြီးစောင့်နေလို့ရမလား။
ကျွန်တော်က သူ့အစ်ကိုပါ။ ဒီကညီလေးက ?"

"ကျွန်တော်က Jimin..."

ထိုသူက အိမ်ထဲမှာဝင်စောင့်နေချင်တယ်ပြော
နေသော်လည်း Jungkookက ညဘက်သူပြန်မ
ရောက်သေးခင် လူစိမ်းတွေလာရင် တံခါးမဖွင့်
ပေးနဲ့ဟူ၍ မှာထားသဖြင့် Jimin တစ်ယောက်
အကြံအိုက်သွားသည်။

စောစောကမှ သန့်ရှင်းရေးလုပ်ပြီး အလှဆင်
ထားပြီးသည့် ကွပ်ပျစ်နေရာမှာ ခဏထိုင်ခိုင်းလို့
ရပေမဲ့ Jungkookကိုတောင် မပြရသေးတာကို
Jungkookထက်အရင် ဘယ်သူ့ကိုမှ မထိုင်စေ
ချင်တာကလဲ အမှန်ဖြစ်သည်။

မတတ်နိုင်သည့်အဆုံးတွင်တော့ Jungkook
ပြောစကားကိုပဲ နားထောင်ဖို့ဆုံးဖြတ်လိုက်ကာ

"ဟိုမှာ ခဏထိုင်စောင့်နေပါလား။ ကိုကို့ဆီ
ဖုန်းဆက်ပြီးမေးကြည့်လိုက်ဦးမယ်။ အစ်ကိုက
ဘယ်သူလဲမသိဘူး"

"အမလေး... ကိုယ့်ညီဆီကိုယ်လာတာ စစ်ဆေး
ရေးဂိတ်နဲ့လာတွေ့နေတယ်။မင်းကရော ဘယ်
သူမို့လို့လဲ... ငါ့ဘာငါဖုန်းဆက်ကြည့်မယ်"

"ကိုကိုအလုပ်ရှုပ်နေမှာစိုးလို့ တစ်ခါခေါ်ကြည့်
လို့ဖုန်းမကိုင်ရင် ထပ်မခေါ်နဲ့နော်"

ထိုလူက Jiminကို လျှာရှည်ရန်ကော ဟူ၍
မကြည်သလိုကြည့်ကာ သူ့အထုပ်တွေကိုကွပ် ပျစ်ပေါ်တွင် ပစ်ချလိုက်လေသည်။ထို့နောက်
ဖုန်းဆက်နေလား ဘာလုပ်နေမလားတော့ ကြည့်မနေတော့ဘဲ အခန်းတံခါးပြန်ပိတ်ကာ
ဟင်းဆက်ချက်နေလိုက်သည်။

ဟိုလူရဲ့ မကျေနပ်သလို ရေရွတ်ညီးတွားသံကို
ဖြင့် အခန်းထဲကနေတောင် ကြားနေရသေးသည်။ဒီလောက်အသံပြဲတဲ့သူမျိုးတစ်ခါမှမမြင်
ဖူးဘူး ...တောကျီးကန်းလိုပဲ။

ခဏအကြာတွင် Jungkookဆီမှ ဖုန်းဝင်လာ
သည်။

"ဟယ်လို"

"Jimin"

"ဗျာ"

"အပြင်မှာရောက်နေတဲ့အစ်ကိုကို အိမ်ထဲမှာ
ခေါ်ထားလိုက်နော်"

"ဟုတ်"

"အဲ့ဒါ အစ်ကိုTae Wooလေ ...Jimin မမှတ်မိ
လောက်ဘူး ထင်တယ်။ အိမ်ထဲခေါ်ထားလိုက်
နော်"

"အင်း.. ကိုကိုက အခုဘယ်နားရောက်နေပြီလဲ"

"အခု ကားမှတ်တိုင်မှာ ...ခဏနေရင် ရောက်
မယ်"

"အင်းပါ... ဖြည်းဖြည်းလာနော်"

"အင်း ...အဲ့ဒါဆို ဒါပဲနော်"

အစ်ကို ထယ်ဝူတဲ့ ။ ထယ်ဝူတွေဘာတွေတော့
မသိဘူး။ Jiminအတွက်တော့ ထိုလူကတောကျီး
ကန်းပဲဖြစ်သည်။

"ဟို .. ကိုကိုက အိမ်ထဲဝင်ပြီး စောင့်နေပါတဲ့"

Jiminအသံကြားတော့မှ ထိုလူက "တွေ့ပြီလား"
ဆိုသည့်ပုံစံနှင့် အထုပ်အပိုးများကို သယ်ကာ
အိမ်ထဲသို့ဝင်ထိုင်လိုက်သည်။

"ဟိုကောင်လေး... သောက်စရာလေးဘာလေး
မရှိဘူးလား။ ဒီအခန်းကိုလာရတာ မောလွန်းလို့"

Jiminက ရေဘူးနှင့် ဖန်ခွက်လေးယူလာကာ
စားပွဲခုံအသေးလေးပေါ်တွင် တင်ပေးထားလိုက်
သည်။

"မင်းကဘယ်သူလဲ"

"Jimin...Park Jimin"

"မဟုတ်ဘူး... ဘယ်သူမို့လို့ Jungkookနဲ့အတူ
တူနေနေတာလဲလို့"

"အစ်ကိုကရော .. "

"ဟား...ဒီကောင်လေးတော့ အကြီးကို ဘယ်
လိုပြန်ပြောနေတာလဲ.. Jungkookအခန်းကလဲ
တော်တော်ကျဉ်းတာပဲ။ ဟက်..ဆရာဝန်ဖြစ်သွား
လဲ အခန်းကျဉ်းကျဉ်းငှားနေနိုင်ရုံပါပဲ"

Jungkookပြန်မလာသေးသည်မို့ အတော်လေး
သည်းခံပြီး စောင့်နေရသော်လည်း Jimin စိတ်
အတိုင်းဆို ထိုလူကို အပြင်မှာ ပြန်ထိုင်ခိုင်းလိုက်
ပြီဖြစ်သည်။

"Jiminရေ"

အပြင်ဘက်က Jungkookအသံကြားမှ Jimin
တစ်ယောက် အားတက်သွားကာ အခန်းတံခါး
ထဖွင့်လိုက်သည်။

"Hyung ...အကြောင်းမကြားဘာမကြားနဲ့"

"မင်း အံ့သြသွားအောင်လေ...မေမေကြီးတောင်
မသိဘူး ငါလာတာကို"

"ဟုတ်လား...ဟိုတလောကတော့ ပြောသေး
တယ်။ မလာဖြစ်ဘူးထင်နေတာ"

"အင်း...ဗိုက်ဆာတယ်ကွာ"

"စားမယ်လေ...ကျွန်တော်ရေမြန်မြန်ချိုးလိုက်
မယ်"

"အေး..ခုနထဲက ဟိုကောင်လေး ဘာတွေချက်
နေတာလဲ မသိဘူး မွှေးနေတာပဲ"

Jungkookက ဝမ်းသာအားရကြိုဆိုနေသည်မို့
ထိုသူနဲ့က တော်တော်ရင်းနှီးတဲ့ပုံပါပဲ။

Jungkookရေချိုးပြီးပြန်ထွက်လာသည့်အခါ
Jiminက အိမ်ရှေ့အခန်းလေးထဲမှာ ထမင်းဝိုင်း
ပြင်ဆင်ပြီးပြီဖြစ်သည်။

" Hyung...ဒါ ဘယ်သူလဲ တကယ်မမှတ်မိဘူး
လား"

"မမှတ်မိဘူး...ဘယ်သူလဲ"

"အသည်းလေးလေ"

"အသည်းလေး? "

ဟိုလူက ခဏစဉ်းစားပြီးနောက်မှ မှတ်မိသွားပုံ
ဖြင့်..

"အာ... ဟိုကလေးလေး၊ နားကြပ်တန်းလန်းနဲ့
ကလေးမလား...အော်..အဲ့ကလေးလေးတောင်
ဒီအရွယ်ရောက်နေပြီပဲ...ဟားဟား မင်းတို့ဘယ်လိုပြန်တွေ့တာလဲ"

"ဒါလေးတွေကြောင့်လေ"

Jungkookက လက်ပတ်ကြိုးလေးကို လက်ညှိုး
ထိုးပြကာ

"သေချာမမှတ်မိပေမဲ့ ဒီကောင်လေး စွာတာက
တော့ ငယ်ငယ်ကအတိုင်းပဲနော်"

ထယ်ဝူ့စကားကိုကြားတော့ Jungkookက
သဘောကျသွားကာ ထမင်းကိုပဲ ငုံ့စားနေသည့်
Jiminရဲ့ ဆံပင်လေးများကို ချစ်စနိးနှင့် လှမ်းဖွ
လိုက်သည်။

"မှတ်မိလား အစ်ကိုထယ်ဝူကို"

"မမှတ်မိဘူး၊ ကိုကို့ကိုတောင် သိပ်မမှတ်မိတဲ့
ဟာ"

"အေးလေ Jungkookရဲ့ ၊ သူအရမ်းငယ်သေး
တော့ ဘယ်မှတ်မိပါ့မလဲ"

အစ်ကိုထယ်ဝူက စကားလဲပြော စားလဲစားနှင့်
မို့ ဟင်းတွေက သူ့ပန်းကန်ထဲမှာပဲ ပုံနေပြီမို့
Jungkook ပန်းကန်ထဲသို့ မသိမသာနှင့် လက်ကျန် ဟင်းတွေအကုန်လှမ်းထည့်ပေးလိုက်
သည်။

"ဟေ့ကောင်လေး ... မင်းရော ဆရာဝန်ဖြစ်နေပြီ
လား၊ လူချမ်းသာတွေမွေးစားသွားတော့ သူဌေး
ဖြစ်နေမှာပေါ့..နော့"

"ကလေးက ကြီးလာတော့ ငယ်ငယ်ကလိုဆရာ
ဝန်မဖြစ်ချင်တော့ဘူး Hyung ရဲ့...Hyungရော
ဆိုးလ်ကိုတက်လာတာ အလုပ်လုပ်ဖို့မလား?
အလုပ်ရော ရပြီလား"

"အလုပ်ကတော့ ရှာရဦးမှာ.... ဟဲဟဲ နေတာက
တော့ မင်းဆီမှာပဲနေမှာနော်"

"အင်းပါ"

ဒီအိမ်ကျဉ်းကျဉ်းလေးမှာ ဘယ်လိုများနေမှာပါ
လိမ့်။ Jungkook က Jiminကိုများ ဒီမှာမနေခိုင်း
တော့မလို့လားမသိဘူး။

"ဟို..ဒီအစ်ကိုက ဒီမှာနေမယ်ဆို ကျွန်တော် Tae
Hyungဆီမှာပဲ ပြန်နေလိုက်မယ်လေ၊ မဟုတ်ရင်
လဲ တစ်ပတ်မှ ၃ရက် ၄ရက်ပဲ လာနေဖြစ်တဲ့ဟာ"

"ဘယ်ကိုပြန်နေမှာလဲ၊ Jiminသူငယ်ချင်းက အမျိုးတွေလာနေလို့ဆို ။ ဘယ်ကိုမှမပြောင်းရပါ
ဘူး။ ပြီးတော့ နောက်လထဲ ကိုကိုတို့ အလုပ်ချိန်တွေ အပြောင်းအလဲရှိတယ် Jimin ရဲ့ ၊ ကိုကို night dutyတွေ လျော့သွားလောက်တယ်"

ဒါဆို ဒီအခန်းကျဉ်းကျဉ်းလေးမှာ ဟိုလူကြီးနဲ့
အိပ်ရမှာလား။ ဒီလောက်အထိလိုက်လုပ်ဖို့က
တော့ Jiminအတွက်က မဖြစ်နိုင်ဘူးမဟုတ်လား။

"ဒါဆို ဘယ်လိုအိပ်ကြမှာလဲ"

"Jiminက ကိုကို့အခန်းထဲလာအိပ်"

"ဟမ်"

"ဟုတ်တယ်လေ ... ဒီအရှေ့ခန်းထက်စာရင်
ကိုယ့်အခန်းက ကျယ်တယ်မလား။ အခန်းထဲ
ကအထုပ်တွေ အပြင်မှာ ထားလိုက်ရင် ပိုကျယ်
သွားမှာ"

"အေးအေး..ဒီကောင်လေးကို မင်းအခန်းထဲ
ခေါ်လိုက် ... ရော့ အငယ်ဆုံးဆိုတော့ ပန်းကန်
တွေဆေးလိုက် ..ငါ့မှာ အဝေးကြီးကလာရတာ
ပင်ပန်းတယ် အိပ်တော့မယ်"

ထိုလူက တော်တော်အချိုးမပြေပေမဲ့ အလိုက်သိ
တဲ့ Jungkookကပဲ ပန်းကန်တွေကူသိမ်းပေးရင်း
နှင့် မီးဖိုခန်းကျဉ်းကျဉ်းထဲမှာ ပန်းကန်ကူဆေး
ပေးလေသည်။

"ကိုကိုစာမကြည့်နဲ့ဦးနော်၊ ကျွန်တော်ပြစရာရှိ
သေးတယ်"

"အင်း...ဘာပြမလို့လဲ"

အကုန်သိမ်းဆည်းပြီးနောက်တွင်တော့ Jiminက Jungkookကို အိမ်ရှေ့ကွပ်ပျစ်နားသို့ ဆွဲခေါ်ခဲ့ သည်။ Jiminနှင့် Jungkookတို့ အိမ်ရှေ့အပြင်ဘက်ကိုထွက်လာတဲ့အချိန်မှာ တောကျီးကန်းက စက်တော်ခေါ်နေလေပြီ။ TaeHyung ဝယ်ပေး
လိုက်သည့် အိပ်ရာခင်းလေးကတော့ ထိုလူ့အတွက်ဖြစ်သွားပြီမို့ စိတ်ထဲကနေ "မတန်မရာ"
ဟု ရေရွတ်လိုက်မိသည်။

အိမ်ရှေ့အပြင်ဘက်သို့ရောက်သော် Jiminက
နံရံနားမှာတွဲလောင်းကျနေသည့် မီးခလုတ်လေး
နှစ်ခုကိုဖွင့်လိုက်ကာ

"ဒီမှာကြည့် ..မလှဘူးလား၊ ကိုကို နားလို့ရအောင်"

"ခုနက မီးမှိတ်ထားတာရော ၊ Hyungရောက်
နေတာရောနဲ့ စိတ်လောပီးတက်လာတာ နေရာ
ပြောင်းနေတာကို သတိမထားလိုက်မိဘူး"

"လှလားလို့...ဒီမီးသီးလေးတွေ"

"လှတာပေါ့... ကိုကိုဖြင့် တစ်ခါမှ မတွေးမိဖူး
ဘူး"

"ဘယ်တွေးမိမလဲ စာအုပ်ပုံထဲပဲ ရောက်နေတာ
ကြီး"

"ဟက်... Hyungရောက်လာတာ စိတ်ရှုပ်သွားလား"

"မရှုပ်ပါဘူး။ ကိုကို့အခန်းပဲဟာ...ကျွန်တော့်
ကြောင့် အခက်အခဲဖြစ်နေမှာတောင် စိုးရိမ်တာ"

"အခက်အခဲမဖြစ်ပါဘူး... ကိုကို့ စီနီယာဆီ ခွင့်တောင်းကြည့်ဦးမယ်၊ အပြင်ဘက်ကို အခန်းချဲ့လို့ရသေးတော့လေ"

"မပြောပါနဲ့... စျေးလျှော့ပေးထားတဲ့ဟာကို
အားနာစရာကြီး၊ ကျွန်တော် နောက်ရက်တွေ
TaeHyungဆီမှာပဲ နေလိုက်တော့မယ်။ဟိုအစ်
ကိုက အခုမှ ဆိုးလ်ကိုရောက်တော့ နေဖို့က
အခက်အခဲဖြစ်နေမှာ"

"Aigoo အစွာလေးက သိတတ်နေလိုက်တာ။
ဘာလို့လဲ ကိုယ့်အခန်းထဲဆို နှစ်ယောက် မနေ
တတ်လို့လား"

"အင်း"

"Jiminမနေတော့ရင် ကိုကိုတော့ ထမင်းငတ်
မယ်ထင်တယ်"

"အရင်ကလဲ ချက်စားဖြစ်တယ်မလား"

"ဒီမှာပဲနေကွာ"

Jungkookအနေနဲ့ တစ်ဖက်သားအပေါ် အမိန့်ဆန်ဆန်စကားလုံးမျိုးသုံးမိသည်က ဒါပထမဆုံး
အကြိမ်ဖြစ်လိမ့်မည်။ အမြဲလိုလို တစ်ဖက်လူရဲ့
အရိပ်အခြေကိုကြည့်ပြီး အလျှော့ပေးပြောဆို
တတ်သည့်Jungkookအတွက် Jiminက သူစိမ်း
တစ်ယောက်ထက်ပိုတာကြောင့်ရော၊ စကား
အသုံးအနှုန်းရွေးချယ်နေစရာမလိုတဲ့ ဆက်ဆံ
ရေးလို့ သတ်မှတ်ထားမိသည့်အတွက်ကြောင့်
ရော ထိုသို့ ပြောမိခြင်းဖြစ်မည်။

ဘယ်သူက ဘယ်သူ့အပေါ်မှီခိုမိနေမိတယ်ဆိုတာမသေချာပေမဲ့ ထိုနေ့ညက ညဉ့်နက်သည်
အထိJungkookအခန်းထဲက ရွှေ့လွယ်ပြောင်း
လွယ်သည့် ပစ္စည်းများကို အခန်းအပြင်ဘက်သို့
နှစ်ယောက်သား တက်ညီလက်ညီ ရွှေ့ခဲ့ကြသည်။

ပြီးနောက် Jungkookရဲ့ စာကြည့်စားပွဲပုပုလေး
ကို အလည်မှာထားကာ လူနှစ်ယောက်ကတော့
နံရံ တစ်ဖက်တစ်ချက်စီမှာ ကပ်အိပ်ကြလေသည်။

Jiminကတော့ Jungkookရှိတဲ့ ဘက်ကိုလှည့်
အိပ်ဖို့အထိတော့ သတ္တိမရှိလှသဖြင့် နံရံဘက်ကို
မျက်နှာမူပြီး စောင်ကို ခေါင်းအစခြေအဆုံး လုံ
နေအောင်ခြုံထားရင်း အိပ်လေသည်။

Jungkook မတောင်းဆိုခင်ထဲက သူလိုချင်တာ
မှန်သမျှ အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းပေး
ချင်သည့် ခံစားချက်ကိုမကြိုက်လှတာမို့ ကိုယ့်
စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရင်းက
"ဒီမှာပဲနေကွာ" ဆိုသည့်စကားသံအောက်မှာ
Jiminတစ်ယောက် သူ့တောင်းဆိုချက်ကို ဖြည့်
ဆည်းပေးမိပြန်ပြီဖြစ်သည်။

နောက်နေ့ကျတော့ ညနေပိုင်း Jungkookက
စောစောပြန်လာပြီး Jiminကို သူတို့ရပ်ကွက်ထဲ
က စျေးသို့ ခေါ်သွားလေသည်။

"ကိုကိုကလဲ လိုတာရှိရင် ဝယ်ထားပေးမှာပေါ့၊
အခုတော့ အလကားအလုပ်ရှုပ်ခံပြီးစျေးထဲလာ
တယ်။ စောစောပြန်လာရတုန်း နားတာမဟုတ်
ဘူး"

နှစ်ယောက်အတူ လျှောက်လာရင်းက Jungkookက အထည်ဆိုင်တစ်ခုရှေ့မှာရပ်လိုက်သည်။ ဆိုင်က ရပ်ကွက်စျေးထဲက သာမန်
အထည်ဆိုင်လေးတစ်ခုပါပဲ။

"လာခဲ့... ဒီမှာရွေး"

Jiminမျက်စိရှေ့က တန်းပေါ်မှာတော့ အရောင်
အသွေးစုံလင်လှသည့် ချည်သားဘောင်းဘီရှည်
တို့က အဆင်ဒီဇိုင်းမျိုးစုံနှင့် ရှိနေလေသည်။

"ကျွန်တော့်မှာ ဘောင်းဘီတွေမှ အများကြီးကို၊
မလိုချင်ပါဘူး"

"အော်..မင်း​ ဘောင်းဘီတွေက တိုနံ့နံ့လေးတွေ
လေ"

ဒီဆရာဝန်ကလဲ တစ်ခါတစ်ခါ ဘာဖြစ်ချင်နေ
တာလဲမသိဘူး။ ဘောင်းဘီတိုတာဘာဖြစ်လို့လဲ။
ကိုယ်က မိန်းကလေးလဲ မဟုတ်ဘဲနဲ့။ပြီးတော့ အိမ်မှာ နေကြတာကလဲ ယောကျ်ားလေး
တွေချည်းပဲကို...

"ဘောင်းဘီတိုက ဘာဖြစ်လို့လဲ။ ကိုကိုလိုချင်
ယူလေ။ ကျွန်တော့်အတွက် မလိုပါဘူးဆို"

"ကဲပါ... လျှာရှည်လိုက်တာ ၊ ၃ထည်ရွေးယူ။
ဒီနေ့ လစာထုတ်လာလို့ ဝယ်ပေးတာ၊ ဘောင်း
ဘီတွေက တိုနံ့နံ့နဲ့ ကြည့်မကောင်းဘူး"

သူက တိုနံ့နံ့ချည်းပဲပြောနေလို့ ကိုယ့်ကိုယ်ကိုယ်
ပြန်ငုံ့ကြည့်မိတော့ အဲ့လောက်ကြီးတိုနေတာလဲ
မဟုတ် ။ ဒူးခေါင်းအတိမို့ ထိုင်လိုက်ရင် ပေါင်
လည်လောက် ရောက်သွားတာပဲရှိသည်။

"ပြီးတာပဲ...ဒီလောက်ဝယ်ပေးချင်နေလဲ ၅ထည်
ယူပစ်မယ်"

"ယူ...ယူ ။ အိမ်မှာ ကိုကိုပဲ ရှိတဲ့အချိန်က အကြောင်းမဟုတ်ဘူး"

သူဘာတွေပြောနေလဲ နားမလည်ပေမဲ့ အကွက်
၃ထည်နှင့် အပွင့်၂ထည်ရွေးယူလိုက်သည်။

"အရှည်ပဲရွေးနော်"

"ဒီမှာ ... ရှည်လွန်းလို့ ရင်ဘတ်အထိတောင်
ရောက်နေပြီ"

"ကောင်းတယ် ကောင်းတယ်။ အင်္ကျီယူဦးမလား"

"မယူပါဘူး"

ဤသို့နှင့် ဘောင်းဘီအတိုများစွာရှိသည့် Jimin
ဆီမှာ ချည်သားဘောင်းဘီရှည် ၅ထည်က ထပ်
ပြီး အဖတ်တင်ခဲ့လေသည်။

*********************************

"အီးယား"

သင်တန်းက ပြန်ရောက်ရောက်ချင်း လွယ်အိတ်
ကို ပစ်ထုတ်ကာ သူ့ရဲ့ကိုယ်ပိုင် ကုတင်အကျယ်
ကြီးပေါ် တစ်ကိုယ်လုံးပစ်ဝင်ပြီး လှဲချလိုက်သည်။ဒီနေ့ Jungkookက ညဂျူတီမို့ Jimin
တစ်ယောက် ကိုယ့်အိမ်ကိုယ်ပြန်အိပ်ဖြစ်သည်။

ဝမ်းယားထိုးလျက် ဖားလေးတစ်ကောင်လို အိပ်
ရာပေါ်ကပ်နေရင်းက လက်ကလေး ခြေထောက်
လေးတွေကလဲ မွေ့ယာအသားကို ပွတ်နေ
သေးသည်။

"ငါ့အိပ်ရာလေး"

၃ရက်လောက် ခွဲနေခဲ့ရသည့် အိပ်ရာပေါ်လှိမ့်ပျံ
နေရင်းက Jimin တစ်ယောက် အိပ်မောကျသွား
တော့သည်။တစ်နာရီခန့် အိပ်ပျော်သွားရာမှ
ဖုန်းမြည်သံကြောင့် နိုးသွားကာ ဖုန်းကိုယူကြည့်
မိတော့ မေမေ လှမ်းဆက်ခြင်းဖြစ်သည်။

"ဟယ်လို... မေမေ"

"သားလေး ဘာတွေလုပ်နေလဲ။ မေမေ့ဆီဖုန်း
တောင်မဆက်ဘူး။ ဘာတွေစိတ်ကောက်နေပြန်
ပြီလဲ"

"အာ.. မကောက်ပါဘူး ။ မေမေအလုပ်ရှုပ်နေမှာ
စိုးလို့။ ပြီးတော့ ဟိုတလောက ကိုကိုလာခေါ်
တုန်းက မလိုက်လာခဲ့မိလို့ မေမေတို့ စိတ်ဆိုး
နေမှာစိုးလို့"

"အဲ့လိုတော့ စိုးရိမ်တတ်သေးတယ်ပေါ့"

"အွန်း"

"အိပ်နေတာလား"

"ဟုတ်တယ်"

"ညနေဘက်ကြီး ဖျားနေဦးမယ်"

"အခုထတော့မှာ...မေမေနေကောင်းလား။
ဖိုးဖိုးရော နေကောင်းတယ်မလား"

"ကောင်းပါတယ်။ သားအသံကြားရဖို့လဲ တော်
တော်ခက်တယ်နော်"

"ဟီး..နောက်ဆို ခဏခဏဆက်မယ်လေ"

"ဟိုတလောက ကိုကို့ကိုစုံစမ်းခိုင်းတယ်ဆိုတဲ့
ကိစ္စက"

မိခင်ဖြစ်သူရဲ့ အမေးစကားကြောင့် Jimin ရင်
ထဲ ထိတ်ခနဲလန့်သွားကာ စိတ်ထဲကနေ ကိုကို့
ဆီကို အရင်ဆုံး ရန်စွာမိသည်။ အဲ့ကိုကို ဘာ
တွေ လျှောက်ပြောထားလဲမသိဘူး။

"ဒီအတိုင်းပါ။ ဘာမှမဟုတ်ဘူး။ စုံစမ်းခိုင်းရုံပဲ"

"အလကားနေရင်းတော့ စုံစမ်းခိုင်းမှာမဟုတ်ဘူး
လေ။ Jiminက ဘယ်သူဘာဖြစ်ဖြစ် စိတ်ဝင်စား
တာမှမဟုတ်တာ။ SeokJin တို့ ဂေဟာကဆို
လို့ ...သား ဘာတွေလျှောက်လုပ်နေတာလဲလို့"

"မေမေကလဲ ဘာမှမလုပ်ပါဘူးဆို..."

"အဲ့ဒါဆို မင်းအခုတလော TaeHyungဆီလဲ
မသွားဘဲ အိမ်မှာလဲ ညဘက်တွေမအိပ်ဘူးဆို"

TaeHyung များ လှမ်းပြောလိုက်တာလား?Jiminဘက်က ဖြေရခက်နေစဉ် မေမေက Jimin
အတွေးတွေကိုဂသိနေသည့်အလား..

"TaeHyungကို မဆီမဆိုင် ဆွဲတွေးမနေနဲ့။
ကမ္ဘာပျက်ရင်တောင် TaeHyungက Jiminဘက်
မှာနေမှာသိရဲ့သားနဲ့...။ သားကို တစ်ယောက်ထဲ
ထားခဲ့ပြီး လူကြီးတွေက လက်လွတ်စပယ်နေနေ
တယ်လဲ မထင်နဲ့ဦး"

"သားက အခုအိမ်မှာနေနေတာပဲဟာ"

"အဲ့ဒါ ဒီနေ့မို့ တိုက်ဆိုင်လို့လေ၊ မေမေလိုက်မ
လာချင်ဘူးနော်"

မေမေက ဘာတွေလိုက်စုံစမ်းပြီး ဘယ်အထိတွေ
သိထားပြန်တာလဲ။

"ဒါပဲ... ကျန်းမာရေးဂရုစိုက် ၊ ရေချိုးတာနောက်
မကျစေနဲ့ ၊ အစားကို သေချာစား ..နောက်ရက်
တွေဖိုးဖိုးဆီလဲ ဖုန်းဆက်လိုက်ဦး"

မှာစရာရှိတာ မှာပြီးသည့်အချိန်တွင်တော့ ထုံးစံအတိုင်း "နေ့တိုင်း ကလေးလေးကို သတိရနေ
တာ" ဟူသည့် ဝါကျနှင့်အဆုံးသတ်ကာ မေမေ့
ဘက်က ဖုန်းချသွားသည်။

Jiminက ချက်ချင်းပဲ Yoongi ဆီ ဖုန်းခေါ်လိုက်
ကာ

"ကိုကို"

"သိနေတယ်၊ လှမ်းပြီး ရန်တွေ့တော့မယ်ဆိုတာ
ကို"

"မေမေ့ကို ဘာတွေလျှောက်ပြောလိုက်တာလဲ၊
လှမ်းဆူနေပြီ ကျွန်တော့်ကို"

"ကိုကို့ကို ရန်တွေ့ဖို့ပဲစဉ်းစားမနေနဲ့ ။ ဒီမှာ မင်းထက်အရင် အဆူခံနေရတာကွ။ ဆိုးလ်ကို ခဏပြန်သွားပြီး ကလေးကို သေချာမကြည့်ခဲ့လို့တဲ့၊
နေစမ်းပါဦး ... မင်းက ညဘက်တွေ ဘယ်ကို
လျှောက်သွားနေတာလဲ ငါ့လဲပြောထားစမ်းပါဦး"

"အဲ့ကိုကိုကလဲ လာပဲဆူနေတယ်"

"စကားလုံးလေးဘာလေးပြောင်းသုံးပါဦး
ဟေ့ကောင်ရ၊ ငါဘာဆူရသေးလို့လဲ"

"မသိဘူး....စိတ်ရှုပ်တာပဲသိတယ်"

"အဲ့ဂေဟာကလူအကြောင်းစုံစမ်းခိုင်းပြီးထဲက
အိမ်မှာမနေဘဲ လျှောက်သွားနေတာမလား။
ငါ အဲ့လူအကြောင်း SeokJinဆီမေးကြည့်မှာနော်... "

"ကိုကို"

Yoongi စကားမဆုံးသေးခင်မှာပင် Jiminဘက်
က လှမ်းအော်လိုက်သည်မို့...

"အဲ့လူနဲ့ SeokJin ကြားမှာ တစ်ခုခုရှိတာ
သေချာနေပြီ၊ ဟုတ်တယ်မလား"

"နောက်မှ... ကျွန်တော့်ဘာသာပြောပြမယ်။
SeokJin Hyung ကို သွားမေးရင် ကျွန်တော်
တကယ် အရမ်းစိတ်ဆိုးမှာနော်"

Jiminစကားသံတွေက တုန်ယင်လာသည်မို့
Yoongiဘက်ကပဲ ပြန်အလျှော့ပေးကာ-

"မေမေ့ကိုလဲ ပြန်မပြောဘူး၊ ဘယ်သူ့ကိုမှလဲ
မပြောပြဘူး ၊ Jimin ဘာတွေလုပ်နေလဲဆိုတာ ကိုကို့ကိုတော့ ပြောပြသင့်တယ်။ ဒါမှ တစ်ခုခု
ဆို ကိုကိုလှမ်းပြီး ကူညီလို့ရမှာပေါ့"

"နောက်ပြီးကျရင် ပြောပြပါမယ်ဆို"

"ငါ့ကိုမပြောခင် မေမေတို့သိသွားရင်တော့
လာပြီး ပွစိပွစိမလုပ်နဲ့နော်"

"ဒါပဲ... အဲ့မှာ ကောင်းကောင်းနေ"

ဟူး....။ ဒီအတိုင်းဆို Jungkookဘက်က ဘာမှ
မသိခင် မေမေတို့ဘက်ကအရင် သိသွာနိုင်သည်။
အဲ့အခါကျ ကိုရီးယားနိုင်ငံကို တာ့တာပြရလိမ့်
မည်။

အိပ်ရာပေါ်ပြန်လှဲချလိုက်တော့ မျက်နှာကျက်
ပေါ်မှာ အရိပ်တစ်ခုက ထင်ဟပ်လာသည်။

ဒီအချိန်ဆို ဆေးရုံမှာ ဘာတွေလုပ်နေမလဲ။
စတွေ့ခဲ့တဲ့အချိန်ကလိုပဲ ဂျူတီကုတ် တလွှား
လွှားနဲ့ ဟိုပြေးဒီပြေး ဖြစ်နေမလား။ ဒါမှမဟုတ်
Jiminလိုပဲ အလိမ်အညာနဲ့ ဆေးရုံလာတက်မယ့်
သူကို စမ်းသပ်ပေးနေမလား...။

ဆေးရုံမှာဆိုတော့ ညစာစားရတာရော အဆင်
ပြေပါ့မလား။

"အာ.... အိမ်ပြန်ရောက်ရင် သူ့အကြောင်းမတွေး
ဘဲနေပါမယ်ဆိုမှ"

ဟူ၍ ဆယ်ကျော်သက် ကလေးတစ်ယောက်လို
အပြစ်မရှိသည့် ဖက်ခေါင်းအုံးလေးကို ထုရိုက်
နေမိတော့သည်။ အဲ့ဒေါက်တာက သိပ်အာရုံ
နောက်အောင်လုပ်တာပဲ...။

12.5.2020

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒


Unconditional Love
Part 9
Zawgyi

"ဟိုမွာ ဘယ္လိုေနလဲHyung ... အကုန္ အဆင္
ေျပခဲ့တယ္မလား"

"ေျပေတာ့ေျပပါတယ္ကြာ.. ျပန္လာထဲကအလုပ္
ရႈပ္ေနတာနဲ႕ Jungkookနဲ႕ေတာင္ မေတြ႕ျဖစ္ဘူး၊
ဒီမွာ မင္းမွာလိုက္တဲ့စာအုပ္၊ ဒါက မင္းအတြက္
လက္ေဆာင္"

"ေက်းဇူးတင္ပါတယ္ Hyung"

"ေက်းဇူးတင္ရင္ ငါ့ဓာတ္ပုံေတြၾကည့္"

NamJoonက ႐ႊတ္ေနာက္ေနာက္ႏွင့္ Jungkook လက္ထဲကို သူ႕ဖုန္းထည့္ေပးလာသည္မို႔ Jung kook လဲ ယူၾကည့္လိုက္သည္။

"Hyung.."

"ေဟ"

"KMက နယ္ေဆး႐ုံေတြအတြက္ ေဆးပစၥည္းေတြ အကုန္နီးပါးေထာက္ပံ့ေပးမယ္ဆို"

"ေအးကြ...ငါတို႔ ထင္ေတာင္ မထင္ထားဘူး၊
အဲ့ဉကၠဌႀကီးက ေတာ္ေတာ္သေဘာေကာင္း
တာ ေဟ့ေကာင္ေရ၊ ျပည့္တဲ့အိုးဆိုေတာ့ ဒီလို
ပါပဲ"

"Hyung ဒါက ဘယ္သူလဲ"

Jungkookက NamJoon ဖုန္းထဲက ဓာတ္ပုံမ်ား
ကို ၾကည့္ေနရင္းႏွင့္ သူစိမ္းတစ္ေယာက္၏ပုံကို
ျမင္လိုက္ရသျဖင့္ အေမးစကားဆိုေလေတာ့
NamJoonက ဖုန္းကိုလွမ္းၾကည့္လိုက္ကာ...

"အာ..."

ဖုန္းမ်က္ႏွာျပင္ေပၚမွာ ထင္ဟပ္ေနသည့္စိတ္ ပ်က္လက္ပ်က္ႏွင့္ ေဆာင့္ေၾကာင့္ ထိုင္ေနေသာ
ပုံရိပ္ေလးကိုၾကည့္ရင္း အႏွီေဆးေက်ာင္းသား
ေလးရဲ႕ စိတ္မရွည္မႈတို႔ကိုပါျမင္ေယာင္လာကာ

"အဲ့ဒါ အဲ့KMက ဉကၠဌႀကီးေျမးေလးေလ။ ေျမး ၃
ေယာက္ရွိတာတဲ့။ ဆရာတို႔နဲ႕ေတြ႕တဲ့ေန႕ကေတာ့
ေျမးအႀကီးေရာ ဒီေကာင္ေလးေရာ ရွိေနၾကတာ။
သူက ေဆးေက်ာင္းတက္ေနတာ။ျပန္မယ့္ရက္ က်ေတာ့ ဒီေကာင္ေလးက ငါတို႔ကိုဟိုနားဒီနား
လိုက္ပို႔ေပးတာေပါ့ကြာ ... ေျမးအငယ္ဆုံးက ဒီမွာတစ္ေယာက္ထဲ ေနေနတာဆိုလားပဲ"

"ေအာ္..."

"Jungkook ကိုၾကည့္ရတာ ဒီရက္ပိုင္း ေပ်ာ္ေန
တဲ့ပုံပဲ... ရည္းစားရေနတာလား"

"အာ...မဟုတ္ပါဘူး Hyungရယ္.. ဒီလိုပဲ တျခား
ေပ်ာ္စရာေလးရွိလို႔"

"မသိပါဘူးကြာ..မင္းမ်က္ႏွာက အရင္ကထက္
လန္းေနလို႔ ရည္းစားမ်ားရသြားတာလားလို႔"

"ေနာက္မွ ေျပာျပမယ္"

"ေအးပါကြာ...ဒါနဲ႕ ဒီတစ္ေခါက္ လက္ေထာက္
ဆရာဝန္စာေမးပြဲက ေစာမယ္ေျပာတယ္။ ဝင္
ေျဖမွာမလား"

"ဟုတ္... ေျဖရင္ေကာင္းမလားလို႔"

"ေျဖရင္ေကာင္းမလားမလုပ္နဲ႕ ...ဝင္ေျဖလိုက္"

"ဟုတ္ကဲ့ Hyung"

"လိုတာရွိရင္ ငါ့ကိုေျပာ၊ ဘာမွအားမနာနဲ႕"

********************************

ညေနခင္း ေက်ာင္းဆင္းခ်ိန္မို႔ TaeHyung ရဲ႕
ဆိုင္ထဲမွာ ေက်ာင္းသူ ေက်ာင္းသားေတြ တဖြဲဖြဲ
ေရာက္လာသည္။

သင္တန္းက ျပန္ေရာက္လာထဲက ေခ်ာင္က်က်
စားပြဲဝိုင္းမွာ ေနရာယူၿပီး အိပ္ေပ်ာ္ေနသည့္
Jiminကေတာ့ အိပ္မက္ေတာင္ မက္ေနမလား
မသိ။

"ေဟ့ ..ေကာက္ေကြး"

"ဟင္"

"ထေတာ့ေလ...ဆိုင္မွာ လူေတြမ်ားလာၿပီ"

"အာ...အိပ္ခ်င္လို႔"

"ေရာ့ ဒီမွာေသာက္လိုက္"

TaeHyunh က စေတာ္ဘယ္ရီ ဒိန္ခ်ဥ္တစ္ခြက္ကို Jiminဆီလွမ္းေပးရင္းႏွင့္ Jiminေဘးက
ထိုင္ခုံမွာ ဝင္ထိုင္လိုက္သည္။

"အမေလး ခ်ဥ္လိုက္တာကြာ"

"အိပ္ခ်င္ေျပေအာင္.... ။မင္းဆရာဝန္နဲ႕ ငါ့ကို
မိတ္ဆက္ေပးဦးေလ"

"အြန္း..အစီအစဥ္ရွိတယ္။ သူက ဆိုင္ကိုလိုက္
ခဲ့ခ်င္ေနတာ ...မင္းကိုလဲ ငါ့အလုပ္ရွင္ဆိုၿပီး
ေတာ့ ေတြ႕ခ်င္ေနတာ။ မင္းဆီမွာကပ္ေနရတယ္
ဆိုေတာ့ သူကအစ္ကိုႀကီးလုပ္ၿပီး လိုက္အပ္ေပး
ခ်င္ေနတာေပါ့ကြာ ဟီးဟီး"

"အဲ့ေလာက္ထိေတာင္လား"

"အင္း... ဆိုင္ကိုလာတဲ့ေန႕က်ရင္ ဒီကဝန္ထမ္း
ေတြကိုမွာထားဦးေနာ္၊ ငါ့အေၾကာင္းေတြ ဘာမွ
ေလွ်ာက္မေျပာေအာင္လို႔"

"ဟူး... မင္းအစား စိတ္ေမာတယ္ကြာ"

"ငါေရာပဲ"

"အဲ့ဒါထက္ ဟိုမွာ အရမ္းေတြ လက္စြမ္းျပမေနနဲ႕
ဦး ။ မင္း ဆရာဝန္က ငါ့ဆီမုန႔္ေတာင္မမွာေတာ့
ဘူး။ ေဖာက္သည္ပ်က္တယ္"

"ဟီး... အေအး မွာေသးတယ္ေလ"

"ျပန္ရင္လဲ ေစာေစာျပန္။ ငါလိုက္ပို႔ေပးလို႔ကလဲ
မရဘူး"

"ဟုတ္သားပဲ...လုပ္စရာရွိတာ ေမ့ေနတယ္...
ငါသြားၿပီေဟ့"

သြားခ်င္ေတာ့လဲ ခ်က္ခ်င္းပါပဲလား။

TaeHyungကိုႏႈတ္ဆက္ၿပီးသည္ႏွင့္ ေခါင္မိုးထပ္
ဆီသို႔ျပန္ခဲ့သည္။ Jungkookက သူ႕စာအုပ္ေတြ
ကလြဲရင္ တျခားဘာကိုမွ အာ႐ုံမရတတ္သည့္
ပုံမို႔ ေခါင္မိုးထပ္မွာ ေနရာအလြတ္ေတြ က်န္ေန
ရဲ႕သားႏွင့္ ပစၥည္းေတြက ဟိုတစ္စ ဒီတစ္စျပန႔္
က်ဲေနတတ္သည္။

အခန္းအျပင္ဘက္က ကြပ္ပ်စ္ေလးကလဲ ေခါင္
မိုးစြန္းေအာက္မရွိဘဲ အလယ္ကြက္လပ္မွာ တစ္ခုထဲ သီးသန႔္ထြက္ေနသည္မို႔ သူ႕ကိုေမးၾကည္ခဲ့
တုန္းက "ဘာမွမဟုတ္ဘူး ဒီအေပၚထိတက္လာရတာ အရမ္းေမာလို႔ ခဏ နားလို႔ရေအာင္ ထားထား႐ုံပဲ" ဟု အေရးမႀကီးသလိုသာ ျပန္ေျဖခဲ့
သည္။

Jiminကေတာ့ ကိုယ့္အႀကံႏွင့္ကိုယ္မို႔ သစ္
သားကြပ္ပ်စ္ကို တစ္ရက္တုန္းက ေဆးျဖဴျဖဴ
ေလးျခယ္သထားခဲ့သည္။ ဒီေန႕ေတာ့ ထိုကြပ္ပ်စ္ ျဖဴျဖဴေလးကို အမိုးအစြန္းေအာက္ဘက္ အခန္းနံရံေထာင့္နားသို႔ တစ္ေယာက္ထဲ မနိုင္မနင္းေ႐ႊ႕
ၿပီးေနာက္ဝယ္လာခဲ့သည့္ အလွဆင္ေသာမီးသီး
အတြဲေလးႏွစ္ခုကိုနံရံမွာကပ္ၿပီး ၾကည့္ေကာင္း
ေအာင္ ခ်ိတ္လိုက္သည္။

ကုတင္ရဲ႕အေပၚတည့္တည့္မွာေတာ့ အလင္း
အား အတန္ငယ္ေကာင္းမြန္သည့္ မီးသီးျဖဴျဖဴ
တစ္လုံးကို ခ်ိတ္ဆြဲလိုက္သည္။ အားလုံးျပင္ဆင္
ၿပီးသည့္အခ်ိန္မွာ အေမွာင္ရိပ္အနည္းငယ္သန္း
လာၿပီျဖစ္သျဖင့္ မီးခလုတ္ေလးေတြ စမ္းၿပီးဖြင့္
ၾကည့္ေတာ့ ေခါင္မိုးထပ္ကေလးက လင္းလင္းထိန္ထိန္ႏွင့္ ေနခ်င္စရာျဖစ္လာသည္။

ညဘက္ေတြ စာၾကည့္ရင္းႏွင့္ ၿငီးေငြ႕လာသည့္
အခ်ိန္မ်ိဳးမွာ ဒီေနရာေလးမွာခဏတျဖဳတ္ထြက္
ထိုင္ရင္း ေခါင္မိုးထပ္ကေနျမင္ေနရသည့္ Jung
Kookတို႔ ရပ္ကြက္ေလး၏အလွတရားကို ခံစား
ၾကည့္နိုင္ေစရန္ရည္႐ြယ္သည္။

မီးသီးအႀကီး ထားထားေပးရသည္ကေတာ့ အထဲ
မွာက က်ဥ္းက်ဥ္းေလးျဖစ္ေနသည္မို႔ စိတ္ရႈပ္လာသည့္အခါ အျပင္မွာ ေလေကာင္းေလသန႔္ ရႉရင္း စာၾကည့္ခ်င္ၾကည့္လို႔ရေအာင္ျဖစ္သည္။ ကိုယ့္အေတြးနဲ႕ကိုယ္ေက်နပ္သည္မို႔ မီးခလုတ္
ေတြ ျပန္ပိတ္ခဲ့ကာ အခန္းထဲဝင္ခဲ့ၿပီး ညစာခ်က္
ဖို႔ ျပင္ဆင္လိုက္သည္။

နာရီဝက္ခန႔္ၾကာသည့္အခါ အိမ္ခန္းေရွ႕မွ တံခါး
ကို ပုတ္ေနရင္းႏွင့္

"Jungkook.... Jungkookေရ"

"Jungkook"

ဟူ၍ မရပ္မနား တေၾကာ္ေၾကာ္ေအာ္ေနသည့္
အသံေၾကာင့္ အိမ္ေရွ႕သို႔ ထြက္ၾကည့္လိုက္သည့္
အခါ အထုပ္အပိုးမ်ားႏွင့္ လူတစ္ေယာက္ကို ေတြ႕ရသည္မို႔

"ဘယ္သူလဲမသိဘူး"

Jiminကိုျမင္ေတာ့ ထိုလူက ကိုယ္ရွိန္သတ္သြား
ကာ...

"ဒါ Jeon Jungkook အခန္းလားမသိဘူး"

"ဟုတ္ပါတယ္"

"ေအာ္..Jungkookမရွိဘူးလား"

"သူ အလုပ္က ျပန္မလာေသးဘူး"

"ေအာ္... အိမ္ထဲဝင္ၿပီးေစာင့္ေနလို႔ရမလား။
ကြၽန္ေတာ္က သူ႕အစ္ကိုပါ။ ဒီကညီေလးက ?"

"ကြၽန္ေတာ္က Jimin..."

ထိုသူက အိမ္ထဲမွာဝင္ေစာင့္ေနခ်င္တယ္ေျပာ
ေနေသာ္လည္း Jungkookက ညဘက္သူျပန္မ
ေရာက္ေသးခင္ လူစိမ္းေတြလာရင္ တံခါးမဖြင့္
ေပးနဲ႕ဟူ၍ မွာထားသျဖင့္ Jimin တစ္ေယာက္
အႀကံအိုက္သြားသည္။

ေစာေစာကမွ သန႔္ရွင္းေရးလုပ္ၿပီး အလွဆင္
ထားၿပီးသည့္ ကြပ္ပ်စ္ေနရာမွာ ခဏထိုင္ခိုင္းလို႔
ရေပမဲ့ Jungkookကိုေတာင္ မျပရေသးတာကို
Jungkookထက္အရင္ ဘယ္သူ႕ကိုမွ မထိုင္ေစ
ခ်င္တာကလဲ အမွန္ျဖစ္သည္။

မတတ္နိုင္သည့္အဆုံးတြင္ေတာ့ Jungkook
ေျပာစကားကိုပဲ နားေထာင္ဖို႔ဆုံးျဖတ္လိုက္ကာ

"ဟိုမွာ ခဏထိုင္ေစာင့္ေနပါလား။ ကိုကို႔ဆီ
ဖုန္းဆက္ၿပီးေမးၾကည့္လိုက္ဦးမယ္။ အစ္ကိုက
ဘယ္သူလဲမသိဘူး"

"အမေလး... ကိုယ့္ညီဆီကိုယ္လာတာ စစ္ေဆး
ေရးဂိတ္နဲ႕လာေတြ႕ေနတယ္။မင္းကေရာ ဘယ္
သူမို႔လို႔လဲ... ငါ့ဘာငါဖုန္းဆက္ၾကည့္မယ္"

"ကိုကိုအလုပ္ရႈပ္ေနမွာစိုးလို႔ တစ္ခါေခၚၾကည့္
လို႔ဖုန္းမကိုင္ရင္ ထပ္မေခၚနဲ႕ေနာ္"

ထိုလူက Jiminကို လွ်ာရွည္ရန္ေကာ ဟူ၍
မၾကည္သလိုၾကည့္ကာ သူ႕အထုပ္ေတြကိုကြပ္ ပ်စ္ေပၚတြင္ ပစ္ခ်လိဳက္ေလသည္။ထို႔ေနာက္
ဖုန္းဆက္ေနလား ဘာလုပ္ေနမလားေတာ့ ၾကည့္မေနေတာ့ဘဲ အခန္းတံခါးျပန္ပိတ္ကာ
ဟင္းဆက္ခ်က္ေနလိုက္သည္။

ဟိုလူရဲ႕ မေက်နပ္သလို ေရ႐ြတ္ညီးတြားသံကို
ျဖင့္ အခန္းထဲကေနေတာင္ ၾကားေနရေသးသည္။ဒီေလာက္အသံၿပဲတဲ့သူမ်ိဳးတစ္ခါမွမျမင္
ဖူးဘူး ...ေတာက်ီးကန္းလိုပဲ။

ခဏအၾကာတြင္ Jungkookဆီမွ ဖုန္းဝင္လာ
သည္။

"ဟယ္လို"

"Jimin"

"ဗ်ာ"

"အျပင္မွာေရာက္ေနတဲ့အစ္ကိုကို အိမ္ထဲမွာ
ေခၚထားလိုက္ေနာ္"

"ဟုတ္"

"အဲ့ဒါ အစ္ကိုTae Wooေလ ...Jimin မမွတ္မိ
ေလာက္ဘူး ထင္တယ္။ အိမ္ထဲေခၚထားလိုက္
ေနာ္"

"အင္း.. ကိုကိုက အခုဘယ္နားေရာက္ေနၿပီလဲ"

"အခု ကားမွတ္တိုင္မွာ ...ခဏေနရင္ ေရာက္
မယ္"

"အင္းပါ... ျဖည္းျဖည္းလာေနာ္"

"အင္း ...အဲ့ဒါဆို ဒါပဲေနာ္"

အစ္ကို ထယ္ဝူတဲ့ ။ ထယ္ဝူေတြဘာေတြေတာ့
မသိဘူး။ Jiminအတြက္ေတာ့ ထိုလူကေတာက်ီး
ကန္းပဲျဖစ္သည္။

"ဟို .. ကိုကိုက အိမ္ထဲဝင္ၿပီး ေစာင့္ေနပါတဲ့"

Jiminအသံၾကားေတာ့မွ ထိုလူက "ေတြ႕ၿပီလား"
ဆိုသည့္ပုံစံႏွင့္ အထုပ္အပိုးမ်ားကို သယ္ကာ
အိမ္ထဲသို႔ဝင္ထိုင္လိုက္သည္။

"ဟိုေကာင္ေလး... ေသာက္စရာေလးဘာေလး
မရွိဘူးလား။ ဒီအခန္းကိုလာရတာ ေမာလြန္းလို႔"

Jiminက ေရဘူးႏွင့္ ဖန္ခြက္ေလးယူလာကာ
စားပြဲခုံအေသးေလးေပၚတြင္ တင္ေပးထားလိုက္
သည္။

"မင္းကဘယ္သူလဲ"

"Jimin...Park Jimin"

"မဟုတ္ဘူး... ဘယ္သူမို႔လို႔ Jungkookနဲ႕အတူ
တူေနေနတာလဲလို႔"

"အစ္ကိုကေရာ .. "

"ဟား...ဒီေကာင္ေလးေတာ့ အႀကီးကို ဘယ္
လိုျပန္ေျပာေနတာလဲ.. Jungkookအခန္းကလဲ
ေတာ္ေတာ္က်ဥ္းတာပဲ။ ဟက္..ဆရာဝန္ျဖစ္သြား
လဲ အခန္းက်ဥ္းက်ဥ္းငွားေနနိုင္႐ုံပါပဲ"

Jungkookျပန္မလာေသးသည္မို႔ အေတာ္ေလး
သည္းခံၿပီး ေစာင့္ေနရေသာ္လည္း Jimin စိတ္
အတိုင္းဆို ထိုလူကို အျပင္မွာ ျပန္ထိုင္ခိုင္းလိုက္
ၿပီျဖစ္သည္။

"Jiminေရ"

အျပင္ဘက္က Jungkookအသံၾကားမွ Jimin
တစ္ေယာက္ အားတက္သြားကာ အခန္းတံခါး
ထဖြင့္လိုက္သည္။

"Hyung ...အေၾကာင္းမၾကားဘာမၾကားနဲ႕"

"မင္း အံ့ၾသသြားေအာင္ေလ...ေမေမႀကီးေတာင္
မသိဘူး ငါလာတာကို"

"ဟုတ္လား...ဟိုတေလာကေတာ့ ေျပာေသး
တယ္။ မလာျဖစ္ဘူးထင္ေနတာ"

"အင္း...ဗိုက္ဆာတယ္ကြာ"

"စားမယ္ေလ...ကြၽန္ေတာ္ေရျမန္ျမန္ခ်ိဳးလိုက္
မယ္"

"ေအး..ခုနထဲက ဟိုေကာင္ေလး ဘာေတြခ်က္
ေနတာလဲ မသိဘူး ေမႊးေနတာပဲ"

Jungkookက ဝမ္းသာအားရႀကိဳဆိုေနသည္မို႔
ထိုသူနဲ႕က ေတာ္ေတာ္ရင္းႏွီးတဲ့ပုံပါပဲ။

Jungkookေရခ်ိဳးၿပီးျပန္ထြက္လာသည့္အခါ
Jiminက အိမ္ေရွ႕အခန္းေလးထဲမွာ ထမင္းဝိုင္း
ျပင္ဆင္ၿပီးၿပီျဖစ္သည္။

" Hyung...ဒါ ဘယ္သူလဲ တကယ္မမွတ္မိဘူး
လား"

"မမွတ္မိဘူး...ဘယ္သူလဲ"

"အသည္းေလးေလ"

"အသည္းေလး? "

ဟိုလူက ခဏစဥ္းစားၿပီးေနာက္မွ မွတ္မိသြားပုံ
ျဖင့္..

"အာ... ဟိုကေလးေလး၊ နားၾကပ္တန္းလန္းနဲ႕
ကေလးမလား...ေအာ္..အဲ့ကေလးေလးေတာင္
ဒီအ႐ြယ္ေရာက္ေနၿပီပဲ...ဟားဟား မင္းတို႔ဘယ္လိုျပန္ေတြ႕တာလဲ"

"ဒါေလးေတြေၾကာင့္ေလ"

Jungkookက လက္ပတ္ႀကိဳးေလးကို လက္ညွိုး
ထိုးျပကာ

"ေသခ်ာမမွတ္မိေပမဲ့ ဒီေကာင္ေလး စြာတာက
ေတာ့ ငယ္ငယ္ကအတိုင္းပဲေနာ္"

ထယ္ဝူ႕စကားကိုၾကားေတာ့ Jungkookက
သေဘာက်သြားကာ ထမင္းကိုပဲ ငုံ႕စားေနသည့္
Jiminရဲ႕ ဆံပင္ေလးမ်ားကို ခ်စ္စနိးႏွင့္ လွမ္းဖြ
လိုက္သည္။

"မွတ္မိလား အစ္ကိုထယ္ဝူကို"

"မမွတ္မိဘူး၊ ကိုကို႔ကိုေတာင္ သိပ္မမွတ္မိတဲ့
ဟာ"

"ေအးေလ Jungkookရဲ႕ ၊ သူအရမ္းငယ္ေသး
ေတာ့ ဘယ္မွတ္မိပါ့မလဲ"

အစ္ကိုထယ္ဝူက စကားလဲေျပာ စားလဲစားႏွင့္
မို႔ ဟင္းေတြက သူ႕ပန္းကန္ထဲမွာပဲ ပုံေနၿပီမို႔
Jungkook ပန္းကန္ထဲသို႔ မသိမသာႏွင့္ လက္က်န္ ဟင္းေတြအကုန္လွမ္းထည့္ေပးလိုက္
သည္။

"ေဟ့ေကာင္ေလး ... မင္းေရာ ဆရာဝန္ျဖစ္ေနၿပီ
လား၊ လူခ်မ္းသာေတြေမြးစားသြားေတာ့ သူေဌး
ျဖစ္ေနမွာေပါ့..ေနာ့"

"ကေလးက ႀကီးလာေတာ့ ငယ္ငယ္ကလိုဆရာ
ဝန္မျဖစ္ခ်င္ေတာ့ဘူး Hyung ရဲ႕...Hyungေရာ
ဆိုးလ္ကိုတက္လာတာ အလုပ္လုပ္ဖို႔မလား?
အလုပ္ေရာ ရၿပီလား"

"အလုပ္ကေတာ့ ရွာရဦးမွာ.... ဟဲဟဲ ေနတာက
ေတာ့ မင္းဆီမွာပဲေနမွာေနာ္"

"အင္းပါ"

ဒီအိမ္က်ဥ္းက်ဥ္းေလးမွာ ဘယ္လိုမ်ားေနမွာပါ
လိမ့္။ Jungkook က Jiminကိုမ်ား ဒီမွာမေနခိုင္း
ေတာ့မလို႔လားမသိဘူး။

"ဟို..ဒီအစ္ကိုက ဒီမွာေနမယ္ဆို ကြၽန္ေတာ္ Tae
Hyungဆီမွာပဲ ျပန္ေနလိုက္မယ္ေလ၊ မဟုတ္ရင္
လဲ တစ္ပတ္မွ ၃ရက္ ၄ရက္ပဲ လာေနျဖစ္တဲ့ဟာ"

"ဘယ္ကိုျပန္ေနမွာလဲ၊ Jiminသူငယ္ခ်င္းက အမ်ိဳးေတြလာေနလို႔ဆို ။ ဘယ္ကိုမွမေျပာင္းရပါ
ဘူး။ ၿပီးေတာ့ ေနာက္လထဲ ကိုကိုတို႔ အလုပ္ခ်ိန္ေတြ အေျပာင္းအလဲရွိတယ္ Jimin ရဲ႕ ၊ ကိုကို night dutyေတြ ေလ်ာ့သြားေလာက္တယ္"

ဒါဆို ဒီအခန္းက်ဥ္းက်ဥ္းေလးမွာ ဟိုလူႀကီးနဲ႕
အိပ္ရမွာလား။ ဒီေလာက္အထိလိုက္လုပ္ဖို႔က
ေတာ့ Jiminအတြက္က မျဖစ္နိုင္ဘူးမဟုတ္လား။

"ဒါဆို ဘယ္လိုအိပ္ၾကမွာလဲ"

"Jiminက ကိုကို႔အခန္းထဲလာအိပ္"

"ဟမ္"

"ဟုတ္တယ္ေလ ... ဒီအေရွ႕ခန္းထက္စာရင္
ကိုယ့္အခန္းက က်ယ္တယ္မလား။ အခန္းထဲ
ကအထုပ္ေတြ အျပင္မွာ ထားလိုက္ရင္ ပိုက်ယ္
သြားမွာ"

"ေအးေအး..ဒီေကာင္ေလးကို မင္းအခန္းထဲ
ေခၚလိုက္ ... ေရာ့ အငယ္ဆုံးဆိုေတာ့ ပန္းကန္
ေတြေဆးလိုက္ ..ငါ့မွာ အေဝးႀကီးကလာရတာ
ပင္ပန္းတယ္ အိပ္ေတာ့မယ္"

ထိုလူက ေတာ္ေတာ္အခ်ိဳးမေျပေပမဲ့ အလိုက္သိ
တဲ့ Jungkookကပဲ ပန္းကန္ေတြကူသိမ္းေပးရင္း
ႏွင့္ မီးဖိုခန္းက်ဥ္းက်ဥ္းထဲမွာ ပန္းကန္ကူေဆး
ေပးေလသည္။

"ကိုကိုစာမၾကည့္နဲ႕ဦးေနာ္၊ ကြၽန္ေတာ္ျပစရာရွိ
ေသးတယ္"

"အင္း...ဘာျပမလို႔လဲ"

အကုန္သိမ္းဆည္းၿပီးေနာက္တြင္ေတာ့ Jiminက Jungkookကို အိမ္ေရွ႕ကြပ္ပ်စ္နားသို႔ ဆြဲေခၚခဲ့ သည္။ Jiminႏွင့္ Jungkookတို႔ အိမ္ေရွ႕အျပင္ဘက္ကိုထြက္လာတဲ့အခ်ိန္မွာ ေတာက်ီးကန္းက စက္ေတာ္ေခၚေနေလၿပီ။ TaeHyung ဝယ္ေပး
လိုက္သည့္ အိပ္ရာခင္းေလးကေတာ့ ထိုလူ႕အတြက္ျဖစ္သြားၿပီမို႔ စိတ္ထဲကေန "မတန္မရာ"
ဟု ေရ႐ြတ္လိုက္မိသည္။

အိမ္ေရွ႕အျပင္ဘက္သို႔ေရာက္ေသာ္ Jiminက
နံရံနားမွာတြဲေလာင္းက်ေနသည့္ မီးခလုတ္ေလး
ႏွစ္ခုကိုဖြင့္လိုက္ကာ

"ဒီမွာၾကည့္ ..မလွဘူးလား၊ ကိုကို နားလို႔ရေအာင္"

"ခုနက မီးမွိတ္ထားတာေရာ ၊ Hyungေရာက္
ေနတာေရာနဲ႕ စိတ္ေလာပီးတက္လာတာ ေနရာ
ေျပာင္းေနတာကို သတိမထားလိုက္မိဘူး"

"လွလားလို႔...ဒီမီးသီးေလးေတြ"

"လွတာေပါ့... ကိုကိုျဖင့္ တစ္ခါမွ မေတြးမိဖူး
ဘူး"

"ဘယ္ေတြးမိမလဲ စာအုပ္ပုံထဲပဲ ေရာက္ေနတာ
ႀကီး"

"ဟက္... Hyungေရာက္လာတာ စိတ္ရႈပ္သြားလား"

"မရႈပ္ပါဘူး။ ကိုကို႔အခန္းပဲဟာ...ကြၽန္ေတာ့္
ေၾကာင့္ အခက္အခဲျဖစ္ေနမွာေတာင္ စိုးရိမ္တာ"

"အခက္အခဲမျဖစ္ပါဘူး... ကိုကို႔ စီနီယာဆီ ခြင့္ေတာင္းၾကည့္ဦးမယ္၊ အျပင္ဘက္ကို အခန္းခ်ဲ့လို႔ရေသးေတာ့ေလ"

"မေျပာပါနဲ႕... ေစ်းေလွ်ာ့ေပးထားတဲ့ဟာကို
အားနာစရာႀကီး၊ ကြၽန္ေတာ္ ေနာက္ရက္ေတြ
TaeHyungဆီမွာပဲ ေနလိုက္ေတာ့မယ္။ဟိုအစ္
ကိုက အခုမွ ဆိုးလ္ကိုေရာက္ေတာ့ ေနဖို႔က
အခက္အခဲျဖစ္ေနမွာ"

"Aigoo အစြာေလးက သိတတ္ေနလိုက္တာ။
ဘာလို႔လဲ ကိုယ့္အခန္းထဲဆို ႏွစ္ေယာက္ မေန
တတ္လို႔လား"

"အင္း"

"Jiminမေနေတာ့ရင္ ကိုကိုေတာ့ ထမင္းငတ္
မယ္ထင္တယ္"

"အရင္ကလဲ ခ်က္စားျဖစ္တယ္မလား"

"ဒီမွာပဲေနကြာ"

Jungkookအေနနဲ႕ တစ္ဖက္သားအေပၚ အမိန႔္ဆန္ဆန္စကားလုံးမ်ိဳးသုံးမိသည္က ဒါပထမဆုံး
အႀကိမ္ျဖစ္လိမ့္မည္။ အၿမဲလိုလို တစ္ဖက္လူရဲ႕
အရိပ္အေျခကိုၾကည့္ၿပီး အေလွ်ာ့ေပးေျပာဆို
တတ္သည့္Jungkookအတြက္ Jiminက သူစိမ္း
တစ္ေယာက္ထက္ပိုတာေၾကာင့္ေရာ၊ စကား
အသုံးအႏႈန္းေ႐ြးခ်ယ္ေနစရာမလိုတဲ့ ဆက္ဆံ
ေရးလို႔ သတ္မွတ္ထားမိသည့္အတြက္ေၾကာင့္
ေရာ ထိုသို႔ ေျပာမိျခင္းျဖစ္မည္။

ဘယ္သူက ဘယ္သူ႕အေပၚမွီခိုမိေနမိတယ္ဆိုတာမေသခ်ာေပမဲ့ ထိုေန႕ညက ညဉ့္နက္သည္
အထိJungkookအခန္းထဲက ေ႐ႊ႕လြယ္ေျပာင္း
လြယ္သည့္ ပစၥည္းမ်ားကို အခန္းအျပင္ဘက္သို႔
ႏွစ္ေယာက္သား တက္ညီလက္ညီ ေ႐ႊ႕ခဲ့ၾကသည္။

ၿပီးေနာက္ Jungkookရဲ႕ စာၾကည့္စားပြဲပုပုေလး
ကို အလည္မွာထားကာ လူႏွစ္ေယာက္ကေတာ့
နံရံ တစ္ဖက္တစ္ခ်က္စီမွာ ကပ္အိပ္ၾကေလသည္။

Jiminကေတာ့ Jungkookရွိတဲ့ ဘက္ကိုလွည့္
အိပ္ဖို႔အထိေတာ့ သတၱိမရွိလွသျဖင့္ နံရံဘက္ကို
မ်က္ႏွာမူၿပီး ေစာင္ကို ေခါင္းအစေျခအဆုံး လုံ
ေနေအာင္ၿခဳံထားရင္း အိပ္ေလသည္။

Jungkook မေတာင္းဆိုခင္ထဲက သူလိုခ်င္တာ
မွန္သမွ် အရိပ္တၾကည့္ၾကည့္ႏွင့္ ျဖည့္ဆည္းေပး
ခ်င္သည့္ ခံစားခ်က္ကိုမႀကိဳက္လွတာမို႔ ကိုယ့္
စိတ္ကိုယ္ ထိန္းခ်ဳပ္နိုင္ဖို႔ ႀကိဳးစားေနရင္းက
"ဒီမွာပဲေနကြာ" ဆိုသည့္စကားသံေအာက္မွာ
Jiminတစ္ေယာက္ သူ႕ေတာင္းဆိုခ်က္ကို ျဖည့္
ဆည္းေပးမိျပန္ၿပီျဖစ္သည္။

ေနာက္ေန႕က်ေတာ့ ညေနပိုင္း Jungkookက
ေစာေစာျပန္လာၿပီး Jiminကို သူတို႔ရပ္ကြက္ထဲ
က ေစ်းသို႔ ေခၚသြားေလသည္။

"ကိုကိုကလဲ လိုတာရွိရင္ ဝယ္ထားေပးမွာေပါ့၊
အခုေတာ့ အလကားအလုပ္ရႈပ္ခံၿပီးေစ်းထဲလာ
တယ္။ ေစာေစာျပန္လာရတုန္း နားတာမဟုတ္
ဘူး"

ႏွစ္ေယာက္အတူ ေလွ်ာက္လာရင္းက Jungkookက အထည္ဆိုင္တစ္ခုေရွ႕မွာရပ္လိုက္သည္။ ဆိုင္က ရပ္ကြက္ေစ်းထဲက သာမန္
အထည္ဆိုင္ေလးတစ္ခုပါပဲ။

"လာခဲ့... ဒီမွာေ႐ြး"

Jiminမ်က္စိေရွ႕က တန္းေပၚမွာေတာ့ အေရာင္
အေသြးစုံလင္လွသည့္ ခ်ည္သားေဘာင္းဘီရွည္
တို႔က အဆင္ဒီဇိုင္းမ်ိဳးစုံႏွင့္ ရွိေနေလသည္။

"ကြၽန္ေတာ့္မွာ ေဘာင္းဘီေတြမွ အမ်ားႀကီးကို၊
မလိုခ်င္ပါဘူး"

"ေအာ္..မင္း​ ေဘာင္းဘီေတြက တိုနံ႕နံ႕ေလးေတြ
ေလ"

ဒီဆရာဝန္ကလဲ တစ္ခါတစ္ခါ ဘာျဖစ္ခ်င္ေန
တာလဲမသိဘူး။ ေဘာင္းဘီတိုတာဘာျဖစ္လို႔လဲ။
ကိုယ္က မိန္းကေလးလဲ မဟုတ္ဘဲနဲ႕။ၿပီးေတာ့ အိမ္မွာ ေနၾကတာကလဲ ေယာက်္ားေလး
ေတြခ်ည္းပဲကို...

"ေဘာင္းဘီတိုက ဘာျဖစ္လို႔လဲ။ ကိုကိုလိုခ်င္
ယူေလ။ ကြၽန္ေတာ့္အတြက္ မလိုပါဘူးဆို"

"ကဲပါ... လွ်ာရွည္လိုက္တာ ၊ ၃ထည္ေ႐ြးယူ။
ဒီေန႕ လစာထုတ္လာလို႔ ဝယ္ေပးတာ၊ ေဘာင္း
ဘီေတြက တိုနံ႕နံ႕နဲ႕ ၾကည့္မေကာင္းဘူး"

သူက တိုနံ႕နံ႕ခ်ည္းပဲေျပာေနလို႔ ကိုယ့္ကိုယ္ကိုယ္
ျပန္ငုံ႕ၾကည့္မိေတာ့ အဲ့ေလာက္ႀကီးတိုေနတာလဲ
မဟုတ္ ။ ဒူးေခါင္းအတိမို႔ ထိုင္လိုက္ရင္ ေပါင္
လည္ေလာက္ ေရာက္သြားတာပဲရွိသည္။

"ၿပီးတာပဲ...ဒီေလာက္ဝယ္ေပးခ်င္ေနလဲ ၅ထည္
ယူပစ္မယ္"

"ယူ...ယူ ။ အိမ္မွာ ကိုကိုပဲ ရွိတဲ့အခ်ိန္က အေၾကာင္းမဟုတ္ဘူး"

သူဘာေတြေျပာေနလဲ နားမလည္ေပမဲ့ အကြက္
၃ထည္ႏွင့္ အပြင့္၂ထည္ေ႐ြးယူလိုက္သည္။

"အရွည္ပဲေ႐ြးေနာ္"

"ဒီမွာ ... ရွည္လြန္းလို႔ ရင္ဘတ္အထိေတာင္
ေရာက္ေနၿပီ"

"ေကာင္းတယ္ ေကာင္းတယ္။ အကၤ်ီယူဦးမလား"

"မယူပါဘူး"

ဤသို႔ႏွင့္ ေဘာင္းဘီအတိုမ်ားစြာရွိသည့္ Jimin
ဆီမွာ ခ်ည္သားေဘာင္းဘီရွည္ ၅ထည္က ထပ္
ၿပီး အဖတ္တင္ခဲ့ေလသည္။

*********************************

"အီးယား"

သင္တန္းက ျပန္ေရာက္ေရာက္ခ်င္း လြယ္အိတ္
ကို ပစ္ထုတ္ကာ သူ႕ရဲ႕ကိုယ္ပိုင္ ကုတင္အက်ယ္
ႀကီးေပၚ တစ္ကိုယ္လုံးပစ္ဝင္ၿပီး လွဲခ်လိဳက္သည္။ဒီေန႕ Jungkookက ညဂ်ဴတီမို႔ Jimin
တစ္ေယာက္ ကိုယ့္အိမ္ကိုယ္ျပန္အိပ္ျဖစ္သည္။

ဝမ္းယားထိုးလ်က္ ဖားေလးတစ္ေကာင္လို အိပ္
ရာေပၚကပ္ေနရင္းက လက္ကေလး ေျခေထာက္
ေလးေတြကလဲ ေမြ႕ယာအသားကို ပြတ္ေန
ေသးသည္။

"ငါ့အိပ္ရာေလး"

၃ရက္ေလာက္ ခြဲေနခဲ့ရသည့္ အိပ္ရာေပၚလွိမ့္ပ်ံ
ေနရင္းက Jimin တစ္ေယာက္ အိပ္ေမာက်သြား
ေတာ့သည္။တစ္နာရီခန႔္ အိပ္ေပ်ာ္သြားရာမွ
ဖုန္းျမည္သံေၾကာင့္ နိုးသြားကာ ဖုန္းကိုယူၾကည့္
မိေတာ့ ေမေမ လွမ္းဆက္ျခင္းျဖစ္သည္။

"ဟယ္လို... ေမေမလား"

"သားေလး ဘာေတြလုပ္ေနလဲ။ ေမေမ့ဆီဖုန္း
ေတာင္မဆက္ဘူး။ ဘာေတြစိတ္ေကာက္ေနျပန္
ၿပီလဲ"

"အာ.. မေကာက္ပါဘူး ။ ေမေမအလုပ္ရႈပ္ေနမွာ
စိုးလို႔။ ၿပီးေတာ့ ဟိုတေလာက ကိုကိုလာေခၚ
တုန္းက မလိုက္လာခဲ့မိလို႔ ေမေမတို႔ စိတ္ဆိုး
ေနမွာစိုးလို႔"

"အဲ့လိုေတာ့ စိုးရိမ္တတ္ေသးတယ္ေပါ့"

"အြန္း"

"အိပ္ေနတာလား"

"ဟုတ္တယ္"

"ညေနဘက္ႀကီး ဖ်ားေနဦးမယ္"

"အခုထေတာ့မွာ...ေမေမေနေကာင္းလား။
ဖိုးဖိုးေရာ ေနေကာင္းတယ္မလား"

"ေကာင္းပါတယ္။ သားအသံၾကားရဖို႔လဲ ေတာ္
ေတာ္ခက္တယ္ေနာ္"

"ဟီး..ေနာက္ဆို ခဏခဏဆက္မယ္ေလ"

"ဟိုတေလာက ကိုကို႔ကိုစုံစမ္းခိုင္းတယ္ဆိုတဲ့
ကိစၥက"

မိခင္ျဖစ္သူရဲ႕ အေမးစကားေၾကာင့္ Jimin ရင္
ထဲ ထိတ္ခနဲလန႔္သြားကာ စိတ္ထဲကေန ကိုကို႔
ဆီကို အရင္ဆုံး ရန္စြာမိသည္။ အဲ့ကိုကို ဘာ
ေတြ ေလွ်ာက္ေျပာထားလဲမသိဘူး။

"ဒီအတိုင္းပါ။ ဘာမွမဟုတ္ဘူး။ စုံစမ္းခိုင္း႐ုံပဲ"

"အလကားေနရင္းေတာ့ စုံစမ္းခိုင္းမွာမဟုတ္ဘူး
ေလ။ Jiminက ဘယ္သူဘာျဖစ္ျဖစ္ စိတ္ဝင္စား
တာမွမဟုတ္တာ။ SeokJin တို႔ ေဂဟာကဆို
လို႔ ...သား ဘာေတြေလွ်ာက္လုပ္ေနတာလဲလို႔"

"ေမေမကလဲ ဘာမွမလုပ္ပါဘူးဆို..."

"အဲ့ဒါဆို မင္းအခုတေလာ TaeHyungဆီလဲ
မသြားဘဲ အိမ္မွာလဲ ညဘက္ေတြမအိပ္ဘူးဆို"

TaeHyung မ်ား လွမ္းေျပာလိုက္တာလား?Jiminဘက္က ေျဖရခက္ေနစဥ္ ေမေမက Jimin
အေတြးေတြကိုဂသိေနသည့္အလား..

"TaeHyungကို မဆီမဆိုင္ ဆြဲေတြးမေနနဲ႕။
ကမာၻပ်က္ရင္ေတာင္ TaeHyungက Jiminဘက္
မွာေနမွာသိရဲ႕သားနဲ႕...။ သားကို တစ္ေယာက္ထဲ
ထားခဲ့ၿပီး လူႀကီးေတြက လက္လြတ္စပယ္ေနေန
တယ္လဲ မထင္နဲ႕ဦး"

"သားက အခုအိမ္မွာေနေနတာပဲဟာ"

"အဲ့ဒါ ဒီေန႕မို႔ တိုက္ဆိုင္လို႔ေလ၊ ေမေမလိုက္မ
လာခ်င္ဘူးေနာ္"

ေမေမက ဘာေတြလိုက္စုံစမ္းၿပီး ဘယ္အထိေတြ
သိထားျပန္တာလဲ။

"ဒါပဲ... က်န္းမာေရးဂ႐ုစိုက္ ၊ ေရခ်ိဳးတာေနာက္
မက်ေစနဲ႕ ၊ အစားကို ေသခ်ာစား ..ေနာက္ရက္
ေတြဖိုးဖိုးဆီလဲ ဖုန္းဆက္လိုက္ဦး"

မွာစရာရွိတာ မွာၿပီးသည့္အခ်ိန္တြင္ေတာ့ ထုံးစံအတိုင္း "ေန႕တိုင္း ကေလးေလးကို သတိရေန
တာ" ဟူသည့္ ဝါက်ႏွင့္အဆုံးသတ္ကာ ေမေမ့
ဘက္က ဖုန္းခ်သြားသည္။

Jiminက ခ်က္ခ်င္းပဲ Yoongi ဆီ ဖုန္းေခၚလိုက္
ကာ

"ကိုကို"

"သိေနတယ္၊ လွမ္းၿပီး ရန္ေတြ႕ေတာ့မယ္ဆိုတာ
ကို"

"ေမေမ့ကို ဘာေတြေလွ်ာက္ေျပာလိုက္တာလဲ၊
လွမ္းဆူေနၿပီ ကြၽန္ေတာ့္ကို"

"ကိုကို႔ကို ရန္ေတြ႕ဖို႔ပဲစဥ္းစားမေနနဲ႕ ။ ဒီမွာ မင္းထက္အရင္ အဆူခံေနရတာကြ။ ဆိုးလ္ကို ခဏျပန္သြားၿပီး ကေလးကို ေသခ်ာမၾကည့္ခဲ့လို႔တဲ့၊
ေနစမ္းပါဦး ... မင္းက ညဘက္ေတြ ဘယ္ကို
ေလွ်ာက္သြားေနတာလဲ ငါ့လဲေျပာထားစမ္းပါဦး"

"အဲ့ကိုကိုကလဲ လာပဲဆူေနတယ္"

"စကားလုံးေလးဘာေလးေျပာင္းသုံးပါဦး
ေဟ့ေကာင္ရ၊ ငါဘာဆူရေသးလို႔လဲ"

"မသိဘူး....စိတ္ရႈပ္တာပဲသိတယ္"

"အဲ့ေဂဟာကလူအေၾကာင္းစုံစမ္းခိုင္းၿပီးထဲက
အိမ္မွာမေနဘဲ ေလွ်ာက္သြားေနတာမလား။
ငါ အဲ့လူအေၾကာင္း SeokJinဆီေမးၾကည့္မွာေနာ္... "

"ကိုကို"

Yoongi စကားမဆုံးေသးခင္မွာပင္ Jiminဘက္
က လွမ္းေအာ္လိုက္သည္မို႔...

"အဲ့လူနဲ႕ SeokJin ၾကားမွာ တစ္ခုခုရွိတာ
ေသခ်ာေနၿပီ၊ ဟုတ္တယ္မလား"

"ေနာက္မွ... ကြၽန္ေတာ့္ဘာသာေျပာျပမယ္။
SeokJin Hyung ကို သြားေမးရင္ ကြၽန္ေတာ္
တကယ္ အရမ္းစိတ္ဆိုးမွာေနာ္"

Jiminစကားသံေတြက တုန္ယင္လာသည္မို႔
Yoongiဘက္ကပဲ ျပန္အေလွ်ာ့ေပးကာ-

"ေမေမ့ကိုလဲ ျပန္မေျပာဘူး၊ ဘယ္သူ႕ကိုမွလဲ
မေျပာျပဘူး ၊ Jimin ဘာေတြလုပ္ေနလဲဆိုတာ ကိုကို႔ကိုေတာ့ ေျပာျပသင့္တယ္။ ဒါမွ တစ္ခုခု
ဆို ကိုကိုလွမ္းၿပီး ကူညီလို႔ရမွာေပါ့"

"ေနာက္ၿပီးက်ရင္ ေျပာျပပါမယ္ဆို"

"ငါ့ကိုမေျပာခင္ ေမေမတို႔သိသြားရင္ေတာ့
လာၿပီး ပြစိပြစိမလုပ္နဲ႕ေနာ္"

"ဒါပဲ... အဲ့မွာ ေကာင္းေကာင္းေန"

ဟူး....။ ဒီအတိုင္းဆို Jungkookဘက္က ဘာမွ
မသိခင္ ေမေမတို႔ဘက္ကအရင္ သိသြာနိုင္သည္။
အဲ့အခါက် ကိုရီးယားနိုင္ငံကို တာ့တာျပရလိမ့္
မည္။

အိပ္ရာေပၚျပန္လွဲခ်လိဳက္ေတာ့ မ်က္ႏွာက်က္
ေပၚမွာ အရိပ္တစ္ခုက ထင္ဟပ္လာသည္။

ဒီအခ်ိန္ဆို ေဆး႐ုံမွာ ဘာေတြလုပ္ေနမလဲ။
စေတြ႕ခဲ့တဲ့အခ်ိန္ကလိုပဲ ဂ်ဴတီကုတ္ တလႊား
လႊားနဲ႕ ဟိုေျပးဒီေျပး ျဖစ္ေနမလား။ ဒါမွမဟုတ္
Jiminလိုပဲ အလိမ္အညာနဲ႕ ေဆး႐ုံလာတက္မယ့္
သူကို စမ္းသပ္ေပးေနမလား...။

ေဆး႐ုံမွာဆိုေတာ့ ညစာစားရတာေရာ အဆင္
ေျပပါ့မလား။

"အာ.... အိမ္ျပန္ေရာက္ရင္ သူ႕အေၾကာင္းမေတြး
ဘဲေနပါမယ္ဆိုမွ"

ဟူ၍ ဆယ္ေက်ာ္သက္ ကေလးတစ္ေယာက္လို
အျပစ္မရွိသည့္ ဖက္ေခါင္းအုံးေလးကို ထုရိုက္
ေနမိေတာ့သည္။ အဲ့ေဒါက္တာက သိပ္အာ႐ုံ
ေနာက္ေအာင္လုပ္တာပဲ...။

12.5.2020

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

Seguir leyendo

También te gustarán

6.3K 143 38
Aira wanted a fresh start maybe a new life. She walked away from her past owing never to be back. A chance meeting with someone whom she never believ...
45.6K 2.6K 20
"Everyone has to die one day. No one can outdo death and no one can cheat death. There are only few who are capable of it. They are lucky and blessed...
998K 39.5K 48
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
984K 53.4K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...