အရာရာမှောင်မိုက်နေတဲ့ည။ ၀ါကျင့်ကျင့်မီးရောင်ထွန်းထားတဲ့ အိပ်ခန်းတစ်ခုထဲ မှာ စကားသံတွေက ကျယ်လောင်စွာရှိနေတယ်။
" မလာနဲ့....မင်းငါ့နား မလာနဲ့ ရိပေါ်....."
အခန်းထောင့်နေရာက ရှောင်ကျန့်က
ကိုင်ထားတဲ့ ဓားကို သူ့လည်ပင်းနားချိန်လိုက်ရင်း ပြောတယ်။ ချွေးစေးတွေနဲ့ တုန်လှုပ်နေတဲ့ ရှောင်ကျန့်ရဲ့ မျက်ဝန်းတွေထဲက အကြောက်တရားတွေကို မျက်နှာချင်းဆိုင်
ရပ်နေတဲ့ ရိပေါ် မြင်နေရတယ်။
" ကော..."
အထိန့်တလန့်ခေါ်ရင်း ရိပေါ်ခြေတစ်လှမ်းတိုးတိုင်း ရှောင်ကျန့်လည်ပင်းသားထဲ ဓားချွန်ထိပ်က ပိုနစ်ဝင်တယ်။
" မလာနဲ့လို့ ပြောနေတယ်နော်..."
ခပ်ဖွေးဖွေးလည်တိုင်ပေါ်မှာ သွေးတွေက စီးကျလာတော့
ရိပေါ်ရဲ့ စိတ်ပူခြင်းတွေကို ဒီဂရီအမြင့်ဆုံးအထိ ရောက်တယ်။ ရိပေါ်ရဲ့ မျက်ဝန်းတွေထဲက မျက်ရည်တွေက
ပါးပြင်ထက် လျှံကျတယ်။
" မလုပ်ပါနဲ့...ကော ကိုယ့်ကိုကိုယ်နာအောင် မလုပ်ပါနဲ့....ကျွန်တော့ကို...ကျွန်တော့ကိုပဲ နာအောင်
တစ်ခုခုလုပ်လိုက်ပါ...ကော..ကျွန်တော် တောင်းပန်ပါတယ်....ကော..."
" မလာနဲ့လို့် ...ရိပေါ်...မင်းငါ့နား မလာနဲ့.."
" ကော.."
စိုးရိမ်နေတဲ့စိတ်တွေကြောင့် မထိန်းနိုင်ဘဲ လှမ်းလိုက်မိတဲ့
ခြေလှမ်းတွေနောက်မှာ လည်ပင်းသားတွေထဲ နစ်ဝင်သွားတဲ့ ဓားချွန်နဲ့ ရှောင်ကျန့်က ကြမ်းပြင်ပေါ် ပုံပျက်လဲကျတယ်။ ၀တ်ထားတဲ့ အပြာနုရောင် ရှပ်အင်္ကျီက လည်ပင်းကတစ်ဆင့် ကျလာတဲ့သွေးတွေကြောင့် အနီရောင်ဘက်ကို ကူးပြောင်းတယ်။
" ကော....ကော..."
သွေးပျက်နေတဲ့ ရိပေါ်က တုန်ရီနေတဲ့လက်တွေနဲ့ ရှောင်ကျန့်ကို မ ရင်း ရင်ခွင်ထဲဆွဲသွင်းတော့ သွေးတွေက
ရိပေါ်ဆီကိုပါ ကူးကုန်တယ်။
" မဟုတ်ဘူး....ကော...ကော "
" ကော....."
ချွေးတွေရွဲနေတဲ့ ခန္ဓာကိုယ်နဲ့အတူ မြန်ဆန်တဲ့ အသက်ရှူ
သံတွေနဲ့ နိုးထလာရတဲ့ သန်းခေါင်ယံက ခြောက်ခြားစရာ
သိပ်ကောင်းတယ်။ ခုတင်ပေါ်ထထိုင်ရင်း ရိပေါ်က မျက်စိတွေကို စုံခဏ မှိတ်လိုက်တယ်။
" အိပ်မက်ပဲ...အိပ်မက်..."
ချွေးတွေစိုရွဲနေတဲ့ ဆံပင်တွေကို ထိုးဖွရင်း ခုတင်ပေါ်က
ထလိုက်တယ်။ ခုတင်ခြေရင်းက စားပွဲခုံဆီ လျှောက်သွားတော့ ညနေတည်းက ချထားခဲ့တဲ့ ကျောပိုးအိတ်ကို
ဆွဲယူဖွင့်ရင်း ထုတ်လိုက်မိတဲ့ အရာက ခပ်ချွန်ချွန် ဓား
တစ်ချောင်း။
စားပွဲခုံပေါ်က စာကြည့်မီးအိမ်ဆီက အလင်းရောင်အောက်မှာ ကြည်လင်နေတဲ့ ဓားရဲ့ မျက်နှာပြင်မှာ ရိပေါ်အရိပ်က
ထင်ဟပ်နေတယ်။
" ကော...."
တကယ်ဖြစ်နေသလိုခံစားခဲ့ရတဲ့ အိပ်မက်ထဲ ရှောင်ကျန့်ရဲ့
လည်ပင်းသားဆီ စိုက်ထိုးလိုက်တဲ့ ဓားချွန် က ရိပေါ်
လက်ထဲက ဓားချွန်နဲ့ တစ်ပုံစံတည်းတူနေတာမို့ ရိပေါ်
လက်တွေက တုန်ရင်လာတယ်။ ထိတ်လန့်စရာ အိပ်မက်က မြင်လွှာတွေထဲ ပေါ်လာတော့ လက်ထဲက ဓားက
ုကြမ်းပြင်ပေါ် ပြုတ်ကျတယ်။
ချွင်ခနဲအသံမြည်ကာ ပြုတ်ကျသွားတဲ့ ဓားချွန်က စာအုပ်တွေကြားလဲလျောင်းနေတယ်။ မတ်တပ်ရပ်နေရာက ဒူးတွေကွေးထိုင်ရင်း ကောက်လိုက်မိတဲ့ ဓားကို ရှောင်ကျန့် က
သေချာကြည့်ပြီး ခဏမှာ သက်ပြင်းချတယ်။
စာအုပ်တွေကို အစီတကျပြန်စီရင်း ကျောပိုးအိတ်ထဲ ထည့်ပေးပြီးအပြီးမှာပဲ အ၀တ်အစားလဲပြီးသွားတဲ့ ရိပေါ်က
အနားရောက်လာတယ်။
" ကျွန်တော် ပြန်တော့မယ် ကော "
" ရိပေါ်..."
" ဗျာ .. "
ကျောပိုးအိတ်ကြိုးလွယ်နေရင်း ရိပေါ်ကထူးတယ်။ ရှောင်ကျန့်ကတော့ ထူးလိုက်တဲ့ အသုံးအနှုန်းလေးကြောင့်
ရေးရေးကလေးပြုံးတယ်။
" ကော...ဘာပြောမလို့လဲ "
" နောက်တစ်ခါ ဒီလိုဟာကို အိတ်ထဲမထည့်ထားနဲ့..
ရိပေါ်..."
ကမ်းပေးလာတဲ့ ဓားကိုကြည့်ရင်း ရိပေါ်က ရှောင်ကျန့်ကို
ကြည့်တယ်။ ဘာဆက်ပြောရမလဲ တွေးနေတုန်းမှာပဲ
ရှောင်ကျန့်ကဆက်ပြောလာတယ်။
" သူများတွေတွေ့သွားရင် ရိပေါ်ကို အထင်လွဲကြမှာပေါ့...ကော ပြောတာ နားထောင်နော် နောက်မထည့်ထားနဲ့တော့ "
ရိပေါ်က ခေါင်းငြိမ့်ပြပြီး ဓားကိုလှမ်းယူတယ်။ ဓားရိုးကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လက်ကိုချလိုက်တယ်။ ရှောင်ကျန့်က ရိပေါ်ရဲ့ ခပ်ပွပွကလေး ဖြစ်နေတဲ့
ဆံပင်တွေကို ပိုပွအောင် ဖွလိုက်တယ်။
" ကောက ရိပေါ်ကို စိတ်ပူလို့ ပြောတာ....ပြန်တော့မယ်မလား ကော လိုက်ပို့ပေးမယ် "
" ရတယ် ကော ကျွန်တော့ ဖာသာ ပြန်လိုက်မယ်"
တုန်ရင်နေတဲ့အသံကို ထိန်းပြောနေတဲ့ ရိပေါ်ရဲ့ မျက်ဝန်းတွေထဲ မျက်ရည်ကြည်တွေက ဝေ့၀ဲနေတယ်။
အဲ့ဒီနွေးထွေးခြင်းတွေကြား နှစ်ဝင်ရင်း ကျွန်တော်က
ခင်ဗျားကို မြတ်နိုးရတယ်.....။
ခင်ဗျားက စွဲလမ်းစေလိုက်တာ။
ဆရာများထိုင်တဲ့ ရုံးခန်းထဲ ဗီရိုအံဆွဲထဲက စီထားတဲ့ ဖိုင်တွေကြားထဲက ဖိုင်တစ်ခုကို ရှောင်ကျန့် ဆွဲထုတ်လိုက်တယ်။ ထမင်းစားချိန်မို့ ရုံးခန်းထဲ ဆရာ ဆရာမ အနည်းငယ်သာ ရှိနေတယ်။
ဖွင့်ဟလိုက်တဲ့ ဖိုင်ထဲ ခပ်တည်တည်မျက်နှာထားနဲ့ လိုင်စင်ဓာတ်ပုံလေးက ကပ်လျက်အနေအထား။ ဘေးက အမည်နာမနေရာမှာ ၀မ်ရိပေါ်ဆိုတဲ့ အမည်နာမလေးက နေရာယူနေတယ်။ မိဘ အလုပ်အကိုင်တွေနေရာမှာ ကွယ်လွန် လို့ ဖြည့်ထားပြီး အုပ်ထိန်းသူနေရာက ကွက်လပ်
ဖြစ်နေတာမို့်  သက်ပြင်းချရတယ်။
" ဆရာရှောင်း...ထမင်းသွားမစားဘူးလား "
အရှေ့ကစားပွဲမှာထိုင်နေတဲ့ ဆရာမက လှမ်းမေးတော့
ပြုံးပြရင်း ပြန်ဖြေရတယ်။
" ပြီးမှ သွားစားလိုက်မယ် ကျွန်တော် ရှာစရာလေးရှိလို့..."
" ဘာရှာနေတာလဲ ဆရာရှောင်း..."
" အထက်တန်းပထမနှစ် အေခန်းက ကျောင်းသား ၀မ်ရိပေါ် အကြောင်း..."
" ဘာလို့ သူ့ရဲ့ အုပ်ထိန်းသူနေရာက ဘာလို့ ဘာမှ
မဖြည့်ထားတာလဲ "
ဖိုင်ကို ပိတ်လိုက်ရင်း ရှောင်ကျန့်က အရှေ့က ဆရာမပြန်ဖြေမယ့် အဖြေကို စောင့်တယ်။
" ကျွန်မလဲ သိပ်သေချာမသိဘူး ရိပေါ် အဖေ ဆုံးသွားတော့ သူ့အမေက နောက်အိမ်ထောင်ပြုတယ်...ပြီးခဲ့တဲ့
နှစ်မှာ သူ့အမေက သူ့နောက်ယောက်ျားကို သတ်မှုနဲ့
သေဒဏ်ကျတယ်...ရိပေါ်ရဲ့ ဆုံးသွားတဲ့ အဖေက
အရမ်းချမ်းသာတာ သူတို့ မိသားစု ရှေ့နေကပဲ ရိပေါ်
အသုံးစရိတ်တွေကို ဘဏ်ကနေတဆင့် စီမံပေးနေတာ..
ကျွန်မသိသလောက်တော့ ရိပေါ်မှာ အုပ်ထိန်းသူ မရှိဘူး...."
ရှောင်ကျန့် သက်ပြင်းထပ်ချရင်း ဖိုင်ကို ဗီရိုအံဆွဲထဲပြန်ထည့်ရင်း အခန်းထဲက ထွက်လာတယ်။ ခြေလှမ်းတွေကတော့ ဘယ်နားရှိနေမလဲမသိတဲ့ တစ်စုံတစ်ယောက်ဆီ။
မုန့်စားဆင်းချိန်မို့ လူများနေတဲ့ ကန်တင်းကြောင့် ရိပေါ်က
ကျောင်းနောက်ဘက် သစ်ပင်ကြီးအောက်က အုတ်ထိုင်ခုံမှာ ကျောမှီရင်း ထိုင်နေတယ်။ အဖြူရောင်တိမ်စိုင်တွေကို
ငေးနေရင်း ဘေးနားရောက်လာတဲ့ ရှောင်ကျန့်က
ခါးကို ပြန်မတ်ထိုင်လိုက်တဲ့ ရိပေါ်လက်ထဲ အသင့်ဖောက်ပြီး ပိုက်တပ်ပြီးသား နွားနို့ဘူးကို ထည့်ပေးတယ်။
" ကန်တင်းမသွားဘဲ ဘာလို့. ဒီရောက်နေတာလဲ "
" ကန်တင်းက လူများနေလို့ "
" ကောက ရိပေါ်ကို လိုက်ရှာနေတာ "
ရှောင်ကျန့်စကားကြောင့် ရိပေါ်ပြုံးတယ်။ ပါးဖောင်းဖောင်းလေးတွေ မို့တက်သွားတဲ့အထိ။
မြင်ရခဲတဲ့ ရိပေါ်အပြုံးတွေကြောင့် ရှောင်ကျန့်် ပါ လိုက်ပြုံးဖြစ်တယ်။
အပြုံးတွေက ကူးစက်တတ်တဲ့သဘောရှိတယ်။
ရှောင်ကျန့်ကတော့ ရိပေါ်ကို ဒီတိုင်းလေး အမြဲပြုံးနေစေချင်တယ်။
.............................
ရုန်းထွက်မရတဲ့ နွေးထွေးခြင်းတွေကြားမှာ ဆုံးဖြတ်ချက်တွေဟာ ပိုသေချာလာတယ်....
ခင်ဗျားကိုတော့ ကျွန်တော် ပိုင်ဆိုင်ရမှ ဖြစ်မှာ။
အနီရောင်ခြယ်တဲ့ အတ္တပါဘဲ...
ကျွန်တော့မှာ ခင်ဗျားရှိမှဖြစ်မှာ။
.............................