မင်္ဂလာပွဲအတွက် ပြင်ဆင်နေရသည်။
ထုံးစံအတိုင်း မြန်မာနိုင်ငံဟာ
လိင်တူလက်ထပ်ခွင့်ကို သိပ်ပြီးအားမပေးကြတဲ့အတွက်
လူသိထင်ရှားလုပ်လို့မရဘူးလေ
ဒါဟာကျတော်တို့ လိင်တူချစ်သူတွေရဲ့
ရသင့်တဲ့ ကိုယ်ပိုင်အခွင့်အရေးကိုချူပ်နှောင်တားဆီးကြတာပါ
လူတယောက်က လူတစ်ယောက်ကို ချစ်တာ
အပြစ်ဆိုရင်
ဒီလူ့လောကကြီးမှာ အပြစ်မရှိတဲ့အရာ ရှိလို့လားဗျာ
LGBTကို အသိုင်းအဝိုင်းလို့ခေါ်တာ ကျတော်မကြိုက်ဘူး
LGBTတွေက အသိုင်းဝိုင်းဆိုရင်
လူ့လောကနဲ့ကွဲထွက်နေသလိုဖစ်နေတယ်လေ
သူတို့ဟာအသိုင်းဝိုင်းတခုမဟုတ်ခဲ့ပါဘူး
လူသားတွေပါပဲ
သူလို ငါလို လူသားတွေဖြစ်တဲ့အတွက်
LGBT အထူးသဖြင့်လိင်တူချစ်သူတွေကို
အသိုင်းဝိုင်း ဘောင်တခုထဲထည့်ထားတာမျိူး
ကျတော် မနှစ်သက်ဘူး
ပြီးတော့ LGBTကိုထောက်ခံတဲ့ လူအများစုကို
ဘာကြောင့် ပုံစံတမျိူးတွေနဲ့ သတ်မှတ်ကြတာလဲ
တကယ်တော့
LGBTကို ထောက်ခံဖို့ Gayတယောက်ဖြစ်စရာမလိုပါဘူး
လူသားတယောက်ပဲ ဖြစ်ဖို့လိုတာပဲ
ဘာလို့လဲဆိုတော့ LGBTတွေကလဲ
လူသားထဲက လူသားတွေမို့လို့ပါ.........
အတွေးတွေပျံ့လွင့်နေစဥ်......
"ကိုကို "
ခေါ်သံ ကြားမှ သတိရသည်။
ကျတော်တို့ ၀တ်စုံလာကြည့်တာပဲ။
"အသေးလေး အင်း "
လှည့်ကြည့်လိုက်တော့ အသေးလေးက
အဖြူရောင် Suitလေးနဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့ကလေးလေးပါ
"ချစ်ဖို့ကောင်းတယ် ကိုကို့အသေးလေးက "
"ကိုကိုကော မ၀တ်ကြည့်ဘူးလား "
"ကိုကိုက ၀တ်ကြည့်စရာမလိုဘူး အသေးလေးရဲ့"
"ဘာလို့လဲ "
"ဒီဆိုင်က ကို့အမေ အသိဆိုင်လေ လာချူပ်နေကြ ကို့ ကိုယ်တိုင်း သူတို့သိတယ် "
"အော် အင်း အင်း "
"John ဒါလေးပဲ ပြင်ထားနော် "
"ဟုတ်ပါပီ ဟုတ်ပါပြီ သီဟတို့များတော့ သတို့သားချောချောလေး ခေါ်လာတတ်တယ် အသည်းတွေယားလွန်းလို့ "
"အသည်းယားလဲ ယား
လာတော့ မထိနဲ့ ကျတော့်ဟာ "
"ကိုကို "
အသေးလေးရှက်နေပြီ
"အမလေး တွန့်တိုနေလိုက်တာ"
ရီရင်းမောရင်းပြောရင်းနဲ့
ဆိုင်ထဲကို လူတစ်စု၀င်လာသည်။
ဘယ်သူများလဲလို့ ပပတို့ကိုး
ဘေးမှာလဲ ကောင်လေးနဲ့
သူတို့လဲ ၀တ်စုံလာကြည့်တာထင်တယ်
မိမိတို့ကိုလဲ တွေ့ရော မျက်နှာတင်းသွားကာ
အနားလျှောက်လာသည်။
"မတွေ့တာတောင် ကြာပီနော် ကိုကျော်သီဟပိုင်"
"အင်း ပပ ၀တ်စုံလာကြည့်တာလား "
"ဟုတ်တယ် အော် မိတ်ဆက်ပေးရဦးမယ်
ဒါက ပပရဲ့လက်တွဲဖော်Star companyက MDလေ ကိုကို ဒါက ပပရဲ့အသိ ကျော်သီဟပိုင်တဲ့"
"ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်"
" ဟုတ်ကဲ့ "
"ဟက် ဒီဘက်ကတော့ သူ့ကောင်လေးပေါ့
အရှက်လဲမရှိကြဘူးနော် လူဘုံအလယ်သွားလာနေကြတာ "
"ပပ အဲ့လိုမပြောရဘူးလေ တဖက်သားကို "
"ရပါတယ် ပြောပါစေဗျာ
ကျတော့်အဲ့လိုပြောရက်တဲ့ သူရဲ့ ရင်ထဲမှာလဲ အဲ့လိုပြောချင်အောင်လုပ်တဲ့ စိတ်နာမှုဖစ်ဖစ် အကြောင်းရင်းရှိမှာပဲ
ကျတော်ခွင့်လွှတ်တယ် "
"အကိုလဲ ပြည်ပသွားရင် ညီလေးတို့လို လိင်တူချစ်သူတွေတွေ့ဖူးတယ် ဒါတွေဟာ မဆန်းတော့ပါဘူး ဒီနိုင်ငံမှာသာ ဆန်းနေကြတာ "
"ဟုတ် အကို နားလည်ပေးလို့ ကျေးဇူးပါ
သွားရအောင် အသေးလေး ခွင့်ပြုပါဦး "
အသေးလေး လက်ကိုဆွဲကာထွက်ခဲ့လိုက်သည်။
အထဲတွင်
"ကိုကို ဘာလို့ သူတို့ဘက်လိုက်ပေးတာလဲ
ပပဘက်က မပါပဲနဲ့ "
"ပပ သူများကို အဲ့လိုမပြောရဘူး ကိုကို မကြိုက်ဘူး
လူတိုင်းမှာ သူတို့သဘောကျတန်ဖိုးတဲ့အရာဆိုတာ ရှိတယ်
ကိုယ်မကြိုက်ဘူးဆိုတာနဲ့ တစ်ဖတ်သားကို အပြစ်တင်တာ ရှုံချတာမျိူးမလုပ်ရဘူး
ကိုယ်လိုက်ပီးသဘောမကျ တန်ဖိုးမထားပေးနိုင်ရင်တောင် တစ်ဖက်လူရဲ့ခံစားချက်ကို လေးစားတတ်ဖို့လိုတယ်
ဒါက လူကောင်းတစ်ယောက်ရဲ့ ကျင့်၀တ်ပဲ ပပ"
"ဟွန့် "
.................
၀တ်စုံဆိုင်က ထွက်ကာ
အသေးလေးလက်ကိုတွဲပြီး ကားဆီသို့လျှောက်သွားလေသည်။
ကားပေါ်ရောက်တော့ အသေးလေးကို ခါးပတ်ကြိုးချည်ပေးတော့
"ကိုကို"
"ဟင် ပြောလေ အသေးလေး "
"ငါတို့ရွေးချယ်မှုမမှားပါဘူးနော် ငါတို့ကအချစ်တခုကိုပဲကြည့်ပီး ဒီလမ်းကိုလျှောက်ခဲ့ကြတာ "
"ဟင့်အင်း မမှားဘူး အသေးလေး ဘယ်တော့မှ မှားမှာမဟုတ်ဘူး ကိုတို့တယောက်ကို တယောက်ချစ်နေသ၍ မမှားဘူး
မင်းက ကို့အတွက်အရာရာကို ပြီးပြည့်စုံစေတယ် ကို့ရွေးချယ်မှု မမှားဘူး "
"အင်း ငါရောပဲ အဲဒါ့ကြောင့် ကိုကို့ ကို ချစ်တာ "
ပြောရင်းနဲ့ ခေါင်းငုံကာ ခါးပတ်ကြိုးချည်ပေးနေတဲ့ မိမိလည်ပင်းကို ဖက်လိုက်သည်။
"ကိုတို့ ရဲရဲကြီးရှေ့ဆက်လျှောက်ရအောင် နော် "
"အင်း "
တယောက်ကိုတယောက် အနက်ရှိုင်းဆုံးနေရာကနေ ချစ်မိသွားရင် အရာရာကို ရင်ဆိုင်ဖို့ သတ္တိတွေရှိလာတယ်။
ဒါပေမဲ့ အနက်ရှိုင်းဆုံးနေရာဖြစ်ဖို့တော့လိုပါတယ်....
" မွ "
အသေးလေး နှဖူးကို နမ်းလိုက်ပီး ကားမောင်းထွက်ခဲ့သည်။
ဒီလိုနဲ့ မင်္ဂလာပွဲအတွက်ပြင်ဆင်ခဲ့ကြသည်။
နေရာကိုတော့၂ခုသတ်မှတ်ထားတယ်
ပထမနေရာက ဘုန်းကြီးကျောင်း ဆွမ်းကပ်မလို့လေ
ဒုတိယကကျတော်တို့ရဲ့ ဆိုင်လေးပေါ့။
မနက်စောစော ဘုန်းကြီးကျောင်းမှာ
အာရုဏ်ဆွမ်းကပ်မယ်
ညနေကျရင် ဆိုင်မှာ ပွဲလေးကျင်းပမယ်
ဒီလိုပေါ့
ဆိုင်လေးထဲမှာပဲ မိသားစုတွေ သူငယ်ချင်းတွေ ဆိုင်ကလူတွေနဲ့ အကျဥ်းချုံးကျင်းပဖို့ ပြင်ဆင်ခဲ့သည်။
မင်္ဂလာဆောင်မနက်.........
"သား ငြိမ်းချမ်း ပီးရင်ထွက်ခဲ့တော့နော်
သီဟလေး ရောက်နေပြီ "
"ဟုတ် မေမေ "
"အသေးလေး မပီးသေးဘူးလား မေမေ"
"အေး သားရယ် ဘာတွေပြင်နေလဲ မသိဘူး
သူလုပ်တာနဲ့ ဘုန်းကြီးတွေတော့ ဆွမ်းနောက်ကျတော့မှာပဲ "
"မေမေတို့ အရင်သွားနှင့်လိုက်လေ ကျတော်တို့ အနောက်ကလိုက်ခဲ့မယ် လင်းအောင်တို့ လိုက်ပို့ပေးပါလား မေမေတို့ကို "
"အေး အေး အန်တီတို့လာ သူတို့နှစ်ယောက်ကို စောင့်မနေနဲ့ ကြာဦးမှာ သိတယ် "
"နင်လဲ ECမနဲ့ ပေါင်းတာ ကြာတော့ မပြောရဲတဲ့စကားက်ို မရှိဘူး "
"ကဲ ဒါဆို မေမေတို့ သွားနှင့်မယ် ကြာမနေနဲ့ဦးနော် "
"ဟာ မေမေကလဲ "
လူကြီးတွေနဲ့ဟိုကောင်တွေထွက်သွားကြပြီ။
အသေးလေးဘာတွေ ကြာနေတာပါလိမ့်.............
"အသေးလေး ကို ၀င်လာပီနော် "
"အင်းး "
"ဘာတွေကြာနေတာလဲ အသေးလေး "
"ဒီမှါပုဆိုးကလည်နေတယ် "
"အသေးလေး မ၀တ်တတ်ဘူးလား "
"၀တ်တတ်တာပေါ့ကွာ ဒါပေမဲ့ ဒီပုဆိုးနဲ့ အဆင်မပြေဘူး ကွင်းသေးနေတာလားမသိဘူး ကျွတ်ကျရင် ဒုက္ခပဲ "
"သေချာခိုင်အောင်၀တ်လေ ပေး ကို၀တ်ပေးမယ်
ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတုန်းခဏပဲ ၀တ်ရမှာလေ ညနေကျရင် Suit၀တ်ရမှာဆိုတော့
သည်းခံပေးနော် "
"အင်းးး "
"ဟိုဘက်လှည့် ကို၀တ်ပေးမယ် "
ပြောတော့လည်း ဟိုဘက်လှည့်ပေးသည်။
ပုဆိုးစလေးကိုကိုင်ကာ
ဘယ်ချိူး ညာချိူး ကာ ထွက်လာတဲ့ အစကို သေချာခိုင်အောင် ၀တ်ပေးလိုက်သည်။
"ဘယ်လိုလဲ ချွတ်ကျမယ် ထင်သေးလားဟ"
"ဟင့်အင်း မထင်ဘူး တော်သားပဲ ပီရပိုင်က "
"ဒါဆို မွှေးမွှေးပေး "
"အားနေ နမ်းခိုင်းနေတာပဲ "
"ချစ်လို့ပါကွာ နမ်း နမ်း "
"ဒီနေ့တော့ အလျှော့ပေးလိုက်မယ် မွ "
"လိမ္မာတယ် "
ပြောပြီးတစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိသည်။
အချိန်ကြာတဲ့အထိ စကားမပြောကြ။
ဒီအတိုင်းလေး ကြည့်မိနေကြသည်။
ပီးနောက် နှစ်ဦးလုံး မျက်ရည်လေးတွေဝဲလာသည်။
ဘာကြောင့်ပါလဲ။
အချစ်တွေကြောင့်ထင်ပါတယ်
တယောက်ကိုတယောက်အရမ်းချစ်မိရင်
စကားလုံးတွေ အကြောင်းအရာတွေမလိုတော့ဘူးတဲ့
အကြည့်တွေနဲ့ပဲ တခါတရံလုံလောက်ပါတယ်
"အသေးလေး မငိုနဲ့လေ "
"မင်းလဲ ငိုနေပြီးတော့ "
"ကိုက ပျော်လို့ပါ ဒီလိုနေ့မျိူးရောက်လာမယ်လို့ မထင်ထားခဲ့လို့"
"ငါရောပဲ "
တယောက်ကိုတယောက်ပွေ့ဖက်လိုက်ကြသည်။
အသေးလေးက သီဟရင်ခွင်ထဲ မြုပ်လို့။
သီဟကတော့ သူ့ခေါင်းလေးကိုဖွဖွလေးပွတ်နေသည်။
ခဏကြာတော့
"သွားရအောင် ကိုကို"
"အင်း လာ"
ဒီလိုနဲ့ ဘုန်းကြီးကျောင်းရောက်သွားပြီး
ဘုန်းကြီးဆွမ်းကပ်ကြသည်။
သီဟအမေက ညနေဆိုင်ကိုပဲ လာတော့မည်ဟု phဆက်ထားသဖြင့် ငြိမ်းချမ်းမိဘတွေနဲ့ပင် ဆွမ်းကပ်ခဲ့သည်။
တရားနာတော့ ဦးဇင်းက
"ဒကာကြီးတို့ ဦးဇင်းတို့ လူ့ဘ၀ရတုန်းခဏမှာ ကိုယ်ချစ်နှစ်သက်တဲ့သူတွေနဲ့ အတူနေထိုင်ရခြင်းဟာ ကံကောင်းခြင်းတမျိူးပဲ
ယောကျာ်းမို့လို့ မိန်းမမို့လို့ ဆုတောင်းမှားလို့ ဘာညာ ဦးဇင်းမပြောလိုဘူး
သူကကိုယ့်ရဲ့ပါရမီဖြည့်ဖက်လို့ သတ်မှတ်ပီး ဒီလမ်းကို လျှောက်လှမ်းခဲ့ပီးရင် သက်ဆုံးတိုင် အတူအပြန်အလှန်ကူညီစောင့်ရှောက်ဖို့ လိုအပ်တယ်"
"တင်ပါ့ဘုရား "
ဒီလိုနဲ့....တရားနာ ရေစက်ချကာ
ပြန်လာကြလေသည်။
လူကြီးတွေကတော့ အိမ်ပြန်သွားကြပြီး
သီဟတိုက်ခန်းကို ကျန်တဲ့သူတွေလိုက်ခဲ့ကြသည်။
တိုက်ခန်းရောက်တော့ ဆိုဖာပေါ်ပစ်လှဲချကာ
"ပင်ပန်းလိုက်တာဟာ ညနေပွဲမှာ သောက်ရအောင်"
"အရက်သမား "
"မသာ ဂုဏ်ပြုစရာကိစ္စမို့ပါဟယ် အမြဲသောက်တာာမှမဟုတ်တာ "
"နင်တို့ အင်္ကျီတွေရောပါလား
ည၀တ်ဖို့ "
"ပါတာပေါ့ နဒီ့ကါးထဲမှာ မိတ်ကပ်boxလဲပါတယ် ညကျလှလှလေး ပြင်မှာ"
"ပြင်လဲ ဒီရုပ်ပဲ ပြင်မနေနဲ့ "
"သေတော့မယ် နင်တော့ "
"နေပူရတဲ့အထဲ ငြိမ်ငြိမ်နေကြစမ်းပါဟာ သီဟ မင်းတို့ ကျောင်းမှာ ဘယ်လိုလုပ်မလဲ "
"ဘာကိုလဲ "
"မင်းတို့ ကျောင်းမှာ လက်ထပ်ထားတယ်ဆိုတဲ့အကြောင်းပြောမှာလားလို့ "
"ငါတို့လက်ထပ်ထားတာကို တကူးတကလိုက်ပြောပြစရာမလိုသလို အကယ်၍ သူတို့ဘာသာသူတို့တနည်းနည်းနဲ့သိသွားခဲ့ရင်လည်း ငါတို့လိုက်ပီးရှင်းပြနေစရာမလိုဘူးလေ အဓိကက ငါတို့သက်ဆိုင်တဲ့သူတွေ အကုန်သိပီးသားပဲဟာကို "
"အေးလေ တကူးတကရှင်းပြစရာမလိုဘူးဟ"
"အင်းးးး "
ဒီလိုနဲ့ခဏနားနေကြသည်။
"ပီရပိုင် "
"အင်း အသေးလေး ပြောလေ "
"ငါခဏအိပ်ချင်တယ် "
"အော် လာ ကို့အခန်းထဲမှာ သွားအိပ်လေ လာ "
"ဟဲ့ "
"ဘာလဲ နဒီရာ အသေးလေး အိပ်ချင်လို့ လိုက်ပို့မလို့"
"ငါတို့လဲ အိပ်ချင်တယ် "
"ရေဝေးသွားအိပ် "
"မသာကောင်"
"ဟား "
"လာအသေးလေး "
အသေးလေးကို အခန်းထဲခေါ်ပီး အ်ိပ်ခိုင်းကာ ပြန်ထွက်လာခဲ့သည်။
"ဟဲ့ ပွဲကညနေမှဆိုတော့ အခုနားလိုက်ကြဦး"
"အင်း "
ပွဲမကျင်းပခင် ၂နာရီအလို
ငြိမ်းချမ်းတယောက် အိပ်ရာကထလာပြီး အခန်းထဲကထွက်လာသည်။
ဧည့်ခန်းထဲတွင် ဟိုအုပ်စု ဆိုဖာပေါ်တွင်အိပ်နေကြသည်။
ပီရပိုင်ကိုတော့ မတွေ့။
" phဆက်ကြည့်ဦးမှ "
တူ တူ တူ
"လူကြီးမင်းခေါ်ဆိုသောphမှာ စက်ပိတ်ထားပါတယ်ရှင်"
"ဟင် ဘယ်သွားတာလဲမသိဘူး "
"ခဏနေမှ ထပ်ခေါ်ကြည့်မယ် "
အိမ်သာခဏ၀င်လာပြန်ထွက်လာတော့
လင်းအောင်နိုးနေပြီ
"ဟျောင့် ငြိမ်းချမ်းနိုးပြီလား "
"အေး ခုနကပဲ ဟိုဟာတွေ နိုးလိုက်ဦး သူတို့မိတ်ကပ်ပြင်တာ ကြာဦးမှာထင်တယ် "
"အေး အေး ဟဲ့ထကြတော့ ကာလနဂါးသေလို့၀င်စားတာ ကြနေတာပဲ ထကြတော့"
"ဝါးးး ညောင်းလိုက်တာဟာ ဘယ်အချိန်ရှိပြီလဲ "
"၄နာရီ "
"ဘာ ဟဲ့ ငါ့ကိုစောစောနှိုးပါလို့ပြောထားတဲ့ဟာကိုဟာ
ငါမိတ်ကပ်လိမ်းရင်ကြာတယ်ဟ ဖယ် ဖယ် ရေချိူးခန်း၀င်လိုက်ဦးမယ် "
"ခုနှိုးတာတောင် မထပဲ "
"ငြိမ်းချမ်းမင်းလဲ ပြင်ဆင်စရာရှိတာ ပြင်လေ "
"အေး ဒါနဲ့ ပီရပိုင်ရော "
"ပိုင်ကြီး မရှိဘူးလား "
"အင်း ငါထလာတော့ မတွေ့ဘူး"
"အပြင်ထွက်သွားတာနေမှာပေါ့ ငါphဆက်လိုက်မယ် မင်းလုပ်စရာရှိတာလုပ်နှင့်လေ "
"အေး အေး "
ဒီလိုနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြသည်။
၅နာရီထိုးပြီ ပီရပိုင်ရောက်မလာသေး။
"ဟျောင့် ပီရပိုင်phကိုင်လား "
"ဆက်ပိတ်ထားတယ်တဲ့ ငါဆက်တာ ထပ်ခေါ်ကြည့်ဦးမယ် "
"အင်း တခုခုဖစ်နေတာလား မသိဘူး "
"ငြိမ်းချမ်း နင်ကလဲ ပါးစပ်ပုတ်ကြီးနဲ့ "
"ငါ စိတ်ပူလို့ပါဟာ သူငါ့ကိုမပြောပဲ အခုလိုမသွားဖူးဘူး "
"phတွေ ဘာတွေ အားကုန်နေလို့ထင်တယ် စိတ်အေးအေးထားပါ မင်္ဂလာပွဲပဲ သူလာမှာပါဟ "
ဒီလိိုနဲ့ အားလုံးပြင်ဆင်ပြီးလေပြီ
ငြိမ်းချမ်းတယောက်နေရာမရတော့။
ကျန်တဲ့သူတွေလဲ စိတ်ပူနေကြသည်။
၂နာရီလောက်ရှိပြီ phဆက်မရ ဘာမရနဲ့။
"ငါ ငါ ရဲတိုင်မယ် "
"ဟဲ့ နေပါဦး ရဲစခန်းက ၂၄နာရီပြည့်မှ အမှုဖွင့်ပေးမှာ ခဏနေပါဦးဟ "
တီ တီ တီ တီ
"ဟဲလို ကိုကိုလား "
"ဒါ ကိုကျော်သီဟပိုင်အိမ်ကလား မသိဘူးရှင့် "
"ဟုတ် ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူး "
"ကိုကျော်သီဟပိုင်ရဲ့ရပ်ထားတဲ့ကားကို အနောက်နေ ကားတစီးက၀င်တိုက်သွားလို့ပါ "
"ဗျာ "
"အရမ်းကြီးတော့ မစိုးရိမ်ရပါဘူး ကားကတော့နည်းနည်းထိသွားတယ် လူကတော့ မစိုးရိမ်ရပါဘူး "
"သူ သူ သက်သာရဲ့လား phပြောလို့ရမလား အမ"
နဒီ........"ဟဲ့ ငြိမ်းချမ်း ဘာဖစ်တာလဲ ဘယ်သူ ဘာဖစ်လို့လဲ"
"သူ မေ့နေပါတယ် အဲဒါ...ဆေးရုံကို အမြန်လာခဲ့ပေးပါနော် "
"ဟုတ် ဟုတ်ကဲ့ အခုပဲ လာခဲ့ပါ့မယ်''
"ဟုတ် လာလို့ရှိရင် အုပ်ထိန်းသူ လူကြီးတယောက်ပါခေါ်ခဲ့ပေးပါနော် လိုအပ်တာ လုပ်ရအောင်"
"ဟုတ်ကဲ့ သူ့ကိုကြည့်ထားပေးပါနော်"
"ဟုတ်ကဲ့ရှင့်"
.......
"ဟဲ့ ငြိမ်းချမ်း ဘာဖစ်တာလဲ လို့"
"ကိုကို ကိုကို ကားAccidentဖစ်လို့တဲ့ သွား သွားရမယ် "
"ဟာ ငပိုင်ကတော့ ငါကားကို အရမ်းမမောင်းနဲ့ပြောထားတာကိုကွာ "
"သူက ရပ်ထားတာတဲ့ အနောက်က၀င်တိုက်တာတဲ့ သွား သွားရအောင် "
"ငါတို့က ဒီ၀တ်စုံတွေနဲ့သွားရမှာလား ဆေးရုံကို"
"အချိန်မရှိဘူး သွားရအောင်ဟာ
ငါ့ရင်တွေပူလွန်းလို့ "
"အေး အေး"
"ပီးတော့ လူကြီးခေါ်ခဲ့ပါတဲ့"
"ဟမ် လူကြီးက ဘာလုပ်ဖို့လဲ"
"အုပ်ထိန်းသူပုံစံမျိူးလား ဟုတ်လား ငြိမ်းချမ်း"
"အေး အဲ့လိုပြောတာပဲ"
"လက်မှတ်ထိုးခိုင်းဖို့ထင်တယ်ဟ အုပ်ထိန်းသူနေရာမှာ"
"ဘယ်သူ့သွားခေါ်ရမှာလဲ "
"ငြိမ်းချမ်းနင့်အမေကို phဆက်ကြည့်ပါလား လူကြီးတယောက်ပါရင် ကောင်းမယ် "
"အေး သွား သွားရင်းနဲ့ ပြောရအောင် အရင် သွားရအောင်ဟာ ငါရူးတော့မယ်"
"အေးလေ နင်တို့က စကားများနေတယ် လာ လာသွားမယ် "
ကားသော့တွေကာ ပွဲတက်၀တ်စုံတွေနဲ့ ကိုးရိုးကားယား တိုက်ထဲကထွက်လာကြသည်။
ကားပေါ်တက်ကြကာ
ထွက်လာခဲ့ကြသည်။
တူ တူ တူ
"ဟဲလို မေမေလား "
"အေး ဖိုးလုံးပြောလေ မလာကြသေးဘူးလား "
"အီးးးး မေမေ ဘယ်မှာလဲ "
"မေမေတို့က ဆိုင်ရောက်နေပီ သီဟအမေလဲရောက်နေပီ သားတို့က မလာကြသေးဘူးလား ၆နာရီစမှာနော် "
"အီးးးးးးး အင့် မေမေ ကိုကို ကိုကို ကားaccidentဖစ်လို့တဲ့ "
"ဟင် တကယ် တကယ်လား သား "
"ဟုတ်တယ် အီးးးး အဲဒါ အင့် သူ့ကို သွားကြည့်ရမှာ ဆေးရုံက လူကြီးပါခေါ်ခဲ့ပါတဲ့ "
"ဟေ ဒုက္ခပါပဲ အခုသားတို့က ဘယ်မှာလဲ "
"ကားထဲမှာ အဲဒါ အင့် မေမေတို့ကိုလာခေါ်မယ် ဆိုင်မှာစောင့်နေနော် အီးးးး ကိုကိုက မစိုးရိမ်ရပေမဲ့
သားစိုးရိမ်တယ် မေမေ "
"ဘုရား ဘုရား သီဟလေး ဘာမှမဖစ်ပါစေနဲ့
မြန်မြန်လာခဲ့ကြနော် မေမေတို့စောင့်နေမယ် ဂရုစိုက်ပီးလဲ လာကြဦး "
"ဟုတ် မေမေ အီးးးး "
"မငိုပါနဲ့ ငြိမ်းချမ်းရာ မင်းငိုတော့ ငါတို့လဲ စိတ်မကောင်းဘူးကွ "
"အီးးးးးး ငါ ငါကြောက်တယ် ကိုကို ဘာမှမဖစ်ပါစေနဲ့
သူမရှိလို့ မဖစ်ဘူး အီးးးးးး "
"ငါမြန်မြန်မောင်းပေးပါ့မယ်ကွာ "
အရှိန်ကို မြှင့်ပီးမောင်းလာခဲ့ရာ
နောက်ဆုံးဆိုင်ကိုရောက်လာခဲ့ကြသည်။
ကားပေါ်ကနေ ၀တ်စုံတွေ ကိုးရိုးကားယားနဲ့ ဆင်းလာကြသည်။
ဆိုင်တံခါးဖွင့်ပီး ၀င်လာကြတော့
ဆိုင်ထဲတွင် အရာအားလုံးဟာ အဆင်သင့်ဖစ်နေခဲ့ကြသည်။
သီဟအမေရယ် ငြိမ်းချမ်းမိဘတွေက ခုံတွင်ထိုင်နေကြလေသည်။
ငြိမ်းချမ်းကပြေးသွားပြီး
"မေမေ သွားရအောင်နော် "
"အေး အေး သား အားလုံးကအဆင်သင့်ဖစ်နေမှပဲ အခုလိုဖစ်ရတယ်လို့ကွယ် "
သီဟအမေဘက်လှည့်ကာ
"အန်တီရော လိုက်ခဲ့ပါလား "
"အေး လိုက်မယ် လိုက်မယ် ရင်တွေပူလိုက်တာ သားရယ် "
"ဒါဆို သွားကြမယ်လေ အမရေ ဒီပြင်ဆင်ထားတာတွေ ပြန်ဖြုတ်ထားပေးပါနော် "
ဟု ဆိုင်မှာလုပ်မဲ့ပွဲအတွက် ပြင်ဆင်ပေးသော သူတွေကိုလှည့်ပြောလေသည်။
ထိုသူတွေက
"ဟုတ်ကဲ့ ပြန်ဖြုတ်ထားလိုက်ပါ့မယ် "
ဟုပြောလေသည်။
"ပွဲကျတော့ရောသား သားတို့ မင်္ဂလာဆောင်တဲ့ပွဲ "
"သားအတွက် ကိုကိုက ပိုအရေးကြီးတယ် မေမေ"
ဟုဆိုကာ ဆိုင်ထဲက ထွက်ဖို့အလုပ်........
"ကိုကို့အတွက်က အသေးလေးက ပိုအရေးကြီးတယ် အသေးလေး "
"ဟင် "
အသံကြားလို့ လှည့်ကြည့်တော့
သူ ဟုတ်ပါတယ် သူမှသူပါ
ဘယ်လိုဖစ်ပီးတော့ ဒီကို
ပြီးတော့ ကိုယ့်လို အဖြူ Suitလေးနဲ့....
ဆေးရုံမှရောက်နေတယ်ဆိုတဲ့ သူ့ကိုတွေးလိုက်ရ၍
"ကိုကို "
ပြေးသွားကာ ဖက်လိုက်သည်။
သီဟလဲ အလိုက်သင့်ပွေ့ဖက်ကာထားလိုက်သည်။
ကျန်တဲ့လူတွေအားလုံးကလဲ
"Surprise "
"ဟင် surprise"
"ဟဲ ဟဲ ကိုကို ပိုင်တယ်မှတ်လား "
"ဟာ မင်း မင်းကွာ "
တွန်းတိုက်ကာ အနောက်ဖက်ရှိနားနေခန်းထဲ၀င်သွားလေသည်။
"ကျတော် လိုက်ချော့လိုက်ဦးမယ် ပွဲကို ဆက်လုပ်ထားပါနော် မေမေတို့ ကျတော် သူ့ကို ပြန်ခေါ်လာခဲ့မယ် စိတ်မကောင်းဖစ်သွားတယ်ထင်တယ်"
"အဲဒါ့ကြောင့် ငါပြောပါတယ် သီဟရယ် သူ့ကိုမစပါနဲ့တော့လို့ ကြာရင် ငြိမ်းချမ်းနှလုံးရောဂါရောက်တော့မယ် "
ရီတဲ့သူကရီ ပြုံးတဲ့သူကပြုံးပြီး ကျန်ခဲ့လေသည်။
နားနေခန်းထဲချောင်းကြည့်တော့
စားပွဲပေါ်ခေါင်းလေးမှောက်ကာ ငိုနေလေသည်။
တံခါးကိုဖွင်ပြီး၀င်ကာ Lockချပြီး
သူ့အနားလျှောက်သွားလေသည်။
"အသေးလေး "
"သွား မင်းလာမခေါ်နဲ့ ငါသေတော့မယ်ကွ မင်းသိလား ဟမ် "
"ကို့ကို စိတ်မဆိုးပါနဲ့ "
"မင်းကငါ့ကိုအမြဲစနောက်စရာမှတ်နေတာလား "
"အဲ့လိုမဟုတ်ပါဘူးကွာ ကိုက အသေးလေးကို ခုလိုအမှတ်တရနေ့မှာ မမေ့နိုင်တဲ့အမှတ်တရပေးချင်လို့ပါကွာ စိတ်မဆိုးပါနဲ့ နော် ကို တောင်းပန်ပါတယ်"
"မင်းကအမြဲ အဲ့အတိုင်းကြီးပဲ လုပ်ချင်တာလုပ်ပြီးရင် စပြီးရင် တောင်းပန်ပါတယ်ပဲ ပြောတယ် ငါဘယ်လိုခံစားရလဲ မင်းမကြည့်ဘူး "
"ကိုတောင်းပန်ပါတယ် ကိုလဲအဲ့လောက်ထိစဖို့အစီစဥ်မရှိပါဘူး ဒါပေမဲ့ ဘယ်လိာsurpriseလုပ်ရမှန်းမသိတာနဲ့ ဟဲဟဲ "
"မင်း အကျင့်ကိုမကောင်းဘူး ငါ့မှာတော့ မင်းတခုခုဖစ်ပီထင်ပီး ရူးတော့မတတ်ပဲ မင်းကို မုန်းတယ် မုန်းတယ်လို့ "
ပီရပိုင်ကိုရိုက်ပီးငိုလေသည်။
မိမိအားထုရိုက်နေတဲ့ သူ့လက်လေးကို ကိုင်ကာ
ဆွဲဖက်ကာ ရင်ခွင်ထဲသွင်းလိုက်လေသည်။
"ကို နောက်မစတော့ဘူးနော်
မုန်းတော့ မမုန်းလိုက်ပါနဲ့ မင်းမုန်းရင် ကိုတကယ်သေလိမ့်မယ် "
"အီးးးးးး အကျင့်မကောင်းတဲ့အကောင်ကြီး အီးးးးးး "
"ဟာာာားးးးးးး ဟုတ်ပါပြီကွာ ကိုက အကျင့်မကောင်းဘူး ဟုတ်တယ် ဟုတ်တယ် တိတ်တိတ် မငိုနဲ့ အမှတ်တရနေ့လေးမှာ မငိုနဲ့တော့ "
"မင်းပဲ ငိုအောင်လုပ်တာလေ "
"ကို ဘာမှမလုပ်ဘူးနော် ညကျမှ "
"ဟျောင့် "
"ဟဲ ဟဲ လာ သွားရအောင် အပြင်မှာ စောင့်နေကြတယ်"
"အင်း "
ဒီလိုနဲ့အဆင်ပြေသွားပီး လက်ကလေးတွဲကာ အပြင်ထွက်လာခဲ့ကြသည်။
"အခုကျတော့ ရုပ်ကတမျိူးနော် ငြိမ်းချမ်းတို့များ"
"နင်တို့လဲ သတိထား စတာ တော်ရုံစ ဘာမှန်းမသိဘူး
မေမေတို့လဲ အဲလိုပဲ "
"အသေးလေးကလဲ သူတို့အားလုံးက မလုပ်ချင်ဘူး ဒါမျိူးကစလို့မကောင်းဘူးတဲ့ ကိုက အတင်းလုပ်ဖို့ပြောတာ "
"မင်းလဲ သတိထား ပီရပိုင် "
"ဟုတ်ကဲ့ "
"ဟားးး ဟားးးး ဟာာားး "
ရီမောသံလေးတွေ ထိုဆိုင်ထဲတွင် ပျံ့လွင့်နေခဲ့သည်။
ထို့နောက် နှစ်ဦးသား လက်ထပ်လက်စွပ်အပြန်အလှန်၀တ်ကာ အသိသက်သေများအနေနဲ့ ဟိုအုပ်စုက လက်မှတ်ထိုးပေးကာ ကိုယ်တိုင် printထုတ်ထားသော လက်ထပ်စာချူပ်၂စောင်ပေါ်တွင် နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြသည်။
ပထမတစ်စောင်ထိုးပြီး အပြန်အလှန်လဲကာ ဒုတိယတစ်စောင်ထိုးဖို့လုပ်တော့
လက်မှတ်ထိုးရင်း ငြိမ်းချမ်းက ငိုသည်။
"ဘာလို့ ငိုပြန်ပြီလဲ ငြိမ်းချမ်း သီဟကို စိတ်ဆိုးမပြေသေးဘူးလားဟ"
"မဟုတ်ဘူး သူ ငါ့ကိုစိတ်ဆိုးနေသေးလို့ မဟုတ်ဘူး သူ ဘာလို့ ငိုတာလဲ ငါသိတယ် "
ဟုဆိုကာ ငြိမ်းချမ်းကို ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။
ငြိမ်းချမ်းအမေလဲ ငိုနေသည်။
ဖခင်ဖစ်သူကတော့ တပြုံးပြုံးနဲ့ပေါ့။
"အသေးလေး မငိုပါနဲ့ "
"အီးးးးးးးး "
"မငိုပါနဲ့ကွာနော် "
ပြောကာမှ သီဟကိုဖက်ကာ ပိုတိုးလို့ငိုသည်။
"အီးးးးးးးးးး ကိုကို အီးးးးးးး "
သီဟလဲ ငြိမ်းချမ်းကျောလေးကို ပွတ်ပေးကာ နှစ်သိမ့်နေလေသည်။
ဘေးကကြည့်နေတဲ့ သူတွေကလဲ ငြိမ်းချမ်းငိုရတဲ့ အကြောင်းကို တဖြေးဖြေးသဘောပေါက်ကာ မျက်ရည်ဝဲလာကြသည်။
ငြိမ်းချမ်းငိုခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူသိပ်ပျော်လို့ပါ....
It doesn't matter
who you love,
where you love,
why you love,
when you love and
how you love.
It matters only that you love.
မင်းဘယ်သူ့ကိုချစ်တာ ဘယ်နေရာမှချစ်တာ
ဘာကြောင့်ချစ်တာ ဘာလို့ချစ်တာ
ဘယ်အချိန်မှာစချစ်တာ ဘယ်လိုချစ်တာတွေက
အရေးမကြီးပါဘူး
အရေးကြီးတာက မင်းချစ်တယ်ဆိုတဲ့ အရာပါပဲ......
လူသားတိုင်းမှာ တန်းတူအခွင့်အရေးရှိပါတယ်။
Nora
အပြစ်ဆိုရင်
လူသားတွေပါပဲ
သူလို ငါလို လူသားတြွေဖစ်တဲ့အတွက်
အသိုင်းဝိုင်း ဘောင်တခုထဲထည့်ထားတာမျိုး
ကျတော် မနှစ်သက်ဘူး
ဘာကြောင့် ပုံစံတမျိုးတွေနဲ့ သတ်မှတ်ကြတာလဲ
တကယ်တော့
"ကိုကို "
ခေါ်သံ ကြားမှ သတိရသည်။
"အသေးလေး အင်း "
"ဘာလို့လဲ "
"အော် အင်း အင်း "
"အသည်းယားလဲ ယား
"ကိုကို "
အသေးလေးရှက်နေပြီ
ဘေးမှာလဲ ကောင်လေးနဲ့
အနားလျှောက်လာသည်။
"ဟုတ်တယ် အော် မိတ်ဆက်ပေးရဉီးမယ်
" ဟုတ်ကဲ့ "
"ရပါတယ် ပြောပါစေဗျာ
ကျတော်ခွင့်လွှတ်တယ် "
သွားရအောင် အသေးလေး ခွင့်ပြုပါဉီး "
အထဲတွင်
ပပဘက်က မပါပဲနဲ့ "
ကိုယ်မကြိုက်ဘူးဆိုတာနဲ့ တစ်ဖတ်သားကို အပြစ်တင်တာ ရှုံချတာမျိုးမလုပ်ရဘူး
"ဟွန့် "
.................
ဝတ်စုံဆိုင်က ထွက်ကာ
"ကိုကို"
"ဟင် ပြောလေ အသေးလေး "
"အင်း "
" မွ "
အာရုဏ်ဆွမ်းကပ်မယ်
ဒီလိုပေါ့
မင်္ဂလာဆောင်မနက်.........
သီဟလေး ရောက်နေပြီ "
"ဟုတ် မေမေ "
"အေး သားရယ် ဘာတြွေပင်နေလဲ မသိဘူး
"အေး အေး အန်တီတို့လာ သူတို့နှစ်ယောက်ကို စောင့်မနေနဲ့ ကြာဉီးမှာ သိတယ် "
"နင်လဲ ECမနဲ့ ပေါင်းတာ ကြာတော့ မပြောရဲတဲ့စကားကို မရှိဘူး "
"ကဲ ဒါဆို မေမေတို့ သွားနှင့်မယ် ကြာမနေနဲ့ဉီးနော် "
"ဟာ မေမေကလဲ "
"အင်းး "
သည်းခံပေးနော် "
"အင်းးး "
ဘယ်ချိုး ညာချိုး ကာ ထွက်လာတဲ့ အစကို သေချာခိုင်အောင် ၀တ်ပေးလိုက်သည်။
"ဒါဆို မွှေးမွှေးပေး "
"လိမ္မာတယ် "
ပီးနောက် နှစ်ဉီးလုံး မျက်ရည်လေးတွေဝဲလာသည်။
ဘာကြောင့်ပါလဲ။
"အသေးလေး မငိုနဲ့လေ "
"မင်းလဲ ငိုနေပြီးတော့ "
"ကိုက ပျော်လို့ပါ ဒီလိုနေ့မျိုးရောက်လာမယ်လို့ မထင်ထားခဲ့လို့"
"ငါရောပဲ "
ခဏကြာတော့
"သွားရအောင် ကိုကို"
"အင်း လာ"
တရားနာတော့ ဉီးဇင်းက
"ဒကာကြီးတို့ ဉီးဇင်းတို့ လူ့ဘ၀ရတုန်းခဏမှာ ကိုယ်ချစ်နှစ်သက်တဲ့သူတွေနဲ့ အတူနေထိုင်ရခြင်းဟာ ကံကောင်းခြင်းတမျိုးပဲ
ယောကျာ်းမို့လို့ မိန်းမမို့လို့ ဆုတောင်းမှားလို့ ဘာညာ ဉီးဇင်းမပြောလိုဘူး
"တင်ပါ့ဘုရား "
ပြန်လာကြလေသည်။
"အရက်သမား "
"မသာ ဂုဏ်ပြုစရာကိစ္စမို့ပါဟယ် အမြဲသောက်တာမှမဟုတ်တာ "
ည၀တ်ဖို့ "
"သေတော့မယ် နင်တော့ "
"ဘာကိုလဲ "
"အင်းးးး "
"ပီရပိုင် "
"အင်း အသေးလေး ပြောလေ "
"ငါခဏအိပ်ချင်တယ် "
"ဟဲ့ "
"ငါတို့လဲ အိပ်ချင်တယ် "
"ရေဝေးသွားအိပ် "
"မသာကောင်"
"ဟား "
"လာအသေးလေး "
အသေးလေးကို အခန်းထဲခေါ်ပီး အိပ်ခိုင်းကာ ပြန်ထွက်လာခဲ့သည်။
"ဟဲ့ ပွဲကညနေမှဆိုတော့ အခုနားလိုက်ကြဉီး"
"အင်း "
" phဆက်ကြည့်ဉီးမှ "
တူ တူ တူ
လင်းအောင်နိုးနေပြီ
"အေး ခုနကပဲ ဟိုဟာတွေ နိုးလိုက်ဉီး သူတို့မိတ်ကပ်ပြင်တာ ကြာဉီးမှာထင်တယ် "
"၄နာရီ "
ငါမိတ်ကပ်လိမ်းရင်ကြာတယ်ဟ ဖယ် ဖယ် ရေချိုးခန်းဝင်လိုက်ဉီးမယ် "
"ခုနှိုးတာတောင် မထပဲ "
"အေး ဒါနဲ့ ပီရပိုင်ရော "
"ပိုင်ကြီး မရှိဘူးလား "
"အေး အေး "
"ဆက်ပိတ်ထားတယ်တဲ့ ငါဆက်တာ ထပ်ခေါ်ကြည့်ဉီးမယ် "
ဒီလိုနဲ့ အားလုံးပြင်ဆင်ပြီးလေပြီ
"ငါ ငါ ရဲတိုင်မယ် "
"ဟဲ့ နေပါဉီး ရဲစခန်းက ၂၄နာရီပြည့်မှ အမှုဖွင့်ပေးမှာ ခဏနေပါဉီးဟ "
တီ တီ တီ တီ
"ဟဲလို ကိုကိုလား "
"ဗျာ "
"ဟုတ်ကဲ့ရှင့်"
.......
"အေး အေး"
"အုပ်ထိန်းသူပုံစံမျိုးလား ဟုတ်လား ငြိမ်းချမ်း"
"အေး အဲ့လိုပြောတာပဲ"
ကားပေါ်တက်ကြကာ
ထွက်လာခဲ့ကြသည်။
တူ တူ တူ
"ဟဲလို မေမေလား "
"အီးးးး မေမေ ဘယ်မှာလဲ "
"ဟင် တကယ် တကယ်လား သား "
သားစိုးရိမ်တယ် မေမေ "
မြန်မြန်လာခဲ့ကြနော် မေမေတို့စောင့်နေမယ် ဂရုစိုက်ပီးလဲ လာကြဉီး "
"ဟုတ် မေမေ အီးးးး "
"မေမေ သွားရအောင်နော် "
သီဟအမေဘက်လှည့်ကာ
ထိုသူတွေက
ဟုပြောလေသည်။
"ဟင် "
သူ ဟုတ်ပါတယ် သူမှသူပါ
"ကိုကို "
"Surprise "
"ဟင် surprise"
"ဟာ မင်း မင်းကွာ "
"ကျတော် လိုက်ချော့လိုက်ဉီးမယ် ပွဲကို ဆက်လုပ်ထားပါနော် မေမေတို့ ကျတော် သူ့ကို ပြန်ခေါ်လာခဲ့မယ် စိတ်မကောင်းဖစ်သွားတယ်ထင်တယ်"
"အသေးလေး "
"ဟားးးးးးး ဟုတ်ပါပြီကွာ ကိုက အကျင့်မကောင်းဘူး ဟုတ်တယ် ဟုတ်တယ် တိတ်တိတ် မငိုနဲ့ အမှတ်တရနေ့လေးမှာ မငိုနဲ့တော့ "
"ဟျောင့် "
"အင်း "
"အခုကျတော့ ရုပ်ကတမျိုးနော် ငြိမ်းချမ်းတို့များ"
မေမေတို့လဲ အဲလိုပဲ "
"အသေးလေးကလဲ သူတို့အားလုံးက မလုပ်ချင်ဘူး ဒါမျိုးကစလို့မကောင်းဘူးတဲ့ ကိုက အတင်းလုပ်ဖို့ပြောတာ "
"ဟုတ်ကဲ့ "
"ဟားးး ဟားးးး ဟားး "
ထို့နောက် နှစ်ဉီးသား လက်ထပ်လက်စွပ်အပြန်အလှန်ဝတ်ကာ အသိသက်သေများအနေနဲ့ ဟိုအုပ်စုက လက်မှတ်ထိုးပေးကာ ကိုယ်တိုင် printထုတ်ထားသော လက်ထပ်စာချူပ်၂စောင်ပေါ်တွင် နှစ်ဉီးသဘောတူ လက်ထပ်ခဲ့ကြသည်။
"အသေးလေး မငိုပါနဲ့ "
"အီးးးးးးးး "
"မငိုပါနဲ့ကွာနော် "
It doesn't matter
who you love,
where you love,
why you love,
when you love and
how you love.
အရေးမကြီးပါဘူး
Nora