(Warningပေးပါတယ်နော် မကြိုက်ရင်ကျော်ဖတ်ပေးပါ အသုံးအနှုန်းရိုင်းခဲ့ရင် နားလည်ပေးကြပါလို့
ရှေ့မျက်နှာ ရှေ့ထားပြီးရေးလိုက်ရပါတယ်)ပွဲကျင်းပပြီးနောက် အားလုံးပြန်ဖို့လုပ်ကြသည်။
မိဘတွေကတော့ ပြန်သွားကြပြီ
လူငယ်တွေကတော့ ပစ္စည်းတွေ သိမ်းရင်း ကျန်ခဲ့သည်။"ထူးခန့်ရေ "
"အေး နဒီပြော "
"ငါတို့ ဒီည သီဟတိုက်ခန်းမှာပဲ အိပ်လိုက်ရကြအောင် ပင်ပန်းနေတာဆိုတော့ အိမ်ပြန်မနေတော့ဘူး "
"အေး အဲ့အကြံကောင်းတယ် "
"ဟျောင့်တွေ သေချင်လို့လား "
အသေးလေးကတော့ ၀င်မပြော။
သို့သော် မျက်နှာတခုလုံးနီရဲနေလသည်။"မင်းတို့က ဒီည ဘာလုပ်ကြမလို့လဲ "
"ဘာလုပ်လုပ်ပေါ့ကွ ငါတိုမင်္ဂလာဦးညလေ မင်းတို့က ကန့်လန့်ကန့်လန့်နဲ့ ဘာလုပ်မှာလဲ "
"အမလေးဟယ် အဲ့လိုပြောရင် ပိုလိုက်ချင်လာပီ တော်ပီ အိမ်မပြန်တော့ဘူး နင့်အိမ်မှာပဲ အိပ်တော့မယ်"
"ဟဲ့ သာသနာမဖျက်ကြနဲ့ ပြန်ကြတော့ ငါပဲ ဆက်သိမ်းတော့မယ် ပြန်တော့"
"ငြိမ်းချမ်းကို မသိမ်းခိုင်းဘူးလားသီဟ "
"အသေးလေး ပင်ပန်းနေမှာ တနေ့လုံး"
"အိမ်ရောက်ရင်လဲ ပင်ပန်းဦးမှာဆိုတော့ မခိုင်းရက်ဘူးပေါ့ "
"နင်တို့နော် ဘာဖစ်နေကြတာလဲ ပီရပိုင် မင်းလဲတော်တော့ "
"အမလေး ရှက်နေတဲ့ ရုပ်ကြီးက "
"ဟာာားးးးး ဟာာာားးး ဟာာာာားးးးးး "
"သွားကြတော့ဟာ "
အတင်းပြန်လွှတ်လိုက်သည်။
ပီရပိုင်ကတော့ ရီနေလေရဲ့
အကုန်သိမ်းဆည်းပီးနောက်
ပြန်လာခဲ့ကြသည်။ကားပါကင်တွင် ကားရပ်ပီးနောက် ငြိမ်းချမ်းက ဆင်းဖို့လုပ်သော် သီဟက ဆွဲထားလေသည်။
"ဘာဖစ်လို့လဲ ပီရပိုင် "
"ကို သိပ်ပျော်နေတယ် သိလား "
YOU ARE READING
ကျတော့်ချစ်သူ.....ဂျလေဘီ
Romanceမင်းမဟုတ်ရင် မဖြစ်ဘူး...... {ကျော်သီဟပိုင်} {ငြိမ်းချမ်းမောင်မောင်} M-preg ( Unicode & Zawgyi ) Start date 20.4.2020 End date 24.8.2020