အပိုင်း (က)
Jaemin ကန်တင်းရောက်တော့ ကောင်လေးတို့ထိုင်တဲ့ ဝိုင်းရဲ့ တစ်ဝိုင်းကျော်မှာ ထိုင်လိုက်သည်။ မုန့်မှာပြီးနောက် လက်ထဲက ဖုန်းကို ကိုင်ကာ IGသို့ ဝင်လိုက်သည်။ ခုနလေးတင် Follow ထားတဲ့ ကောင်လေး acc ကို ဝင်ကြည့်လိုက်သည်။ ကောင်လေးတင်ထားတဲ့ ပုံလေးတွေကို ကြည့်ရင်း အသည်းလေးတွေ နှိပ်လိုက်သည်။
ပြီးတော့ ကောင်လေးပုံလေးတွေကို Instagram Photo Downloader မှ တဆင့် မမေ့မလျော့ Gallery ထဲ save ထားလိုက်သည်။
ဖုန်းထဲက ကောင်လေးပုံကို ကြည့်ပြီး ပြုံးနေသည်မှာ ဘေးကလူကြည့်ရင် အရူးလို့ ထင်လောက်သည်အထိပင်။ လက်ထဲက ဖုန်းကို ပိတ်လိုက်ပြီး လာချပေးတဲ့ မှာထားသော ကိတ်မုန့်နဲ့ ကော်ဖီကိုသာ စားသောက်လိုက်သည်။ စားနေရင်း ကောင်လေးကိုလည်း မသိမသာ ခိုးကြည့်ရသည်မှာလည်း အလုပ်တစ်ခုပေါ့။
"Jaemin" မိမိနာမည် ခေါ်သံကြောင့် Jaemin အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။
"အိုး Jisung မတွေ့ရတာကြာပြီ"
"ဟုတ်ပါ့ တစ်ယောက်တည်းလား"
"အင်း ဟုတ်တယ် လာ ထိုင်လေ"
"Leleရေ ဒီမှာ ထိုင်ရအောင် အဆင်ပြေရဲ့လား"
"အင်း ထိုင်လေ အဆင်ပြေတယ်"
"အရင် မိတ်ဆက်ပေးမယ် Lele။ ဒါက Na Jaemin။ ငါနဲ့ အလယ်တန်းထိ ကျောင်းတူတူတက်ခဲ့တာ။ အထက်တန်းကျ သူက နိုင်ငံခြားပြောင်းသွားတာ။ Jaemin သူ့နာမည်က Zhong Chenle။ တရုတ်ကနေ ဒီကို ကျောင်းလာတက်တာ"
"တွေ့ရတာ ဝမ်းသာပါတယ် Chen le"
"ဟုတ်ကဲ့ ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"
"Jaemin မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ။ ခဏ လာလည်တာလား"
"လာလည်တာ မဟုတ်ဘူး။ တက္ကသိုလ် လာပြန်တက်တာ။ ရောက်တာတော့ နည်းနည်းကြာပြီ။ မင်းရော ဘာတက်နေတာလဲ"
"ငါက စီးပွားရေးတက်တာလေ။ ဒီမှာ တက်လို့ တွေ့ရတာပေါ့။ မင်းကရော ဘာတက်နေလဲ"
"ငါ Computer တက္ကသိုလ် တက်နေတယ်"
"အင်း ကောင်းလိုက်တာ။ ငါကတော့ အနုပညာ တက္ကသိုလ် တက်ချင်တာ။ အိမ်က မတက်ခိုင်းလို့။ ဒါနဲ့ မင်း ဓာတ်ပုံရိုက်ဖြစ်သေးလား"
"အင်း ရိုက်တယ်။ ခုနောက်ပိုင်း အလုပ်တစ်ခုအနေနဲ့တော့ မလုပ်ဖြစ်သေးဘူး။ ဝါသနာအနေနဲ့ပဲ ဟိုဟိုဒီဒီ အပျော်တမ်း ရိုက်နေတယ်"
"ဆက်မလုပ်ဘူးလား။ မင်းရဲ့ skill က အရမ်းမိုက်တာကို"
"အင်း ဆက်လုပ်ဖို့တော့ ရှိတယ်။ လောလော ဆယ်က ကျောင်းရော သင်တန်းရော။ တစ်ခါတစ်လေ Appa အလုပ်ကိုလည်း ကူပေးရတော့ ဒီအလုပ်လုပ်ဖို့ အချိန်မပေးနိုင်သေးလို့"
"အင်း ဒါနဲ့ တလောက ထုတ်တဲ့ lip stick တော်တော် ရောင်းအားကောင်းတယ်ဆို"
"အင်း ဟုတ်တယ်။ ငါသေချာတော့ မသိဘူး"
"စကားပြောနေတာ ဖြတ်ပြောရတာ အားနာပါတယ် Jaemin"
"ရတယ် ပြောပါ"
"ဟိုလေ Jisung ဟိုးဘက်မှာ Renjun hyung တို့ ထိုင်နေတာ ငါခုမှမြင်တယ်။ သွားနှုတ်ဆက်ဦးမယ် လိုက်မလား"
"အင်း သွားနှုတ်ဆက်မယ်လေ။ Jaemin ခဏနော်"
"ရတယ် သွားလေ"
ကောင်လေးနဲ့ Jisungက ခင်တယ်ပေါ့ .. ဒါဆိုရင် ကောင်လေးအကြောင်း အချို့ကို အလွယ် တကူ စုံစမ်းနိုင်မှာပေါ့ .. ကောင်လေးရေ မင်းက ကိုယ့်အတွက်ပဲ ဖြစ်မယ် ထင်ပါရဲ့။ ဟင့်အင်း ဖြစ်မယ် ထင်တာ မဟုတ်ဘူး။ ဖြစ်ကို ဖြစ်လာမှာ။ မင်းက ကိုယ့်အတွက်ပဲနော် ကောင်လေး ❤️
အပိုင်း (ခ)
ပွဲပြီးတော့ အချိန်က ညရှစ်နာရီထိုးပြီ။ Renjun နဲ့ Injun ပွဲပြီးတာနဲ့ အိမ်ကိုသာ တန်းပြန်ခဲ့သည်။ မနက်ဖြန်က ကျောင်းပိတ်ရက် တစ်ရက်ဖြစ်သည်မို့ မနက်ပိုင်း Renjun စောထစရာမလိုသလို အပြင်ထွက်ဖို့ ကိစ္စလည်းမရှိ။ Injun ကတော့ နေ့လည်ပိုင်း ခဏ Test သွားဖြေရမည် ဆိုတော့ကား Injun သွားတာကို Renjun လိုက်ပို့ပေးရဖို့တော့ ရှိသည်။ မလိုက်ပို့လည်း ရသော်ငြား Injun နဲ့ Test ဖြေပြီး လျှောက်သွားကြဖို့ စီစဉ်ထားသောကြောင့် လိုက်ပို့ပေးရမည်။
အိမ်ရောက်တော့ ညီအစ်ကိုနှစ်ယောက် ရေချိုးပြီး မုန့်တစ်ခုခု မှာစားဖြစ်ကြသည်။ မုန့်စားရင်း နားကြပ်တပ် သီချင်းနားထောင်နေသော Renjunရဲ့ ရှေ့မှာတော့ မုန့်စားရင်း စာဖတ်နေတဲ့ Injun။ ညီအစ်ကိုနှစ်ယောက် မုန့်စားရင်း အလုပ်ကိုယ်စီနဲ့ စကားမပြောဖြစ်ကြ။ Injun စာဖတ်ပြီးနောက် အရှေ့က Renjunကို ကြည့်လိုက်တော့ အိပ်ပျော်ခါနီးဆဲဆဲ။
"Ge အိပ်ချင်ရင် အထဲဝင်အိပ်တော့လေ"
"ငယ်လေး စာဖတ်ပြီးပြီလား"
"အင်း ပြီးပြီ။ စားထားတာတွေ ထားခဲ့လိုက်။ ငါ သိမ်းလိုက်မယ်။ Ge ဝင်အိပ်တော့"
"ရတယ် Ge သိမ်းပါ့မယ်"
"ထားပါဆို။ သွားအိပ်တော့။ ဒီနေ့ တစ်နေကုန် ပင်ပန်းထားတာကို"
"အင်းပါ။ အဲ့ဒါဆို Ge အိပ်တော့မယ်။ ငယ်လေးလည်း စောစောအိပ်တော့။ ဂိမ်းမဆော့နေနဲ့"
"ဟုတ် Ge Good night"
"Good Night ငယ်"
Renjun အခန်းထဲရောက်တော့ အိပ်ချင်စိတ် ပျောက်ဆုံးသွားသည်။ ဒီတော့ အိပ်ယာပေါ် လဲကာ ဖုန်းသုံးဖို့ ပြင်လိုက်သည်။ IG ထဲ ဝင်လိုက်သည်နှင့် Noti များက ဆက်တိုက်သလိုတက်လာသည်။ ကြည့်လိုက်တော့ Jaemin_Na ဆိုတဲ့ နာမည်နဲ့ သူ့ပုံတွေကို Like ပေးထားသည်များ။ ဘာရယ်မဟုတ် သူ့ Acc ထဲ ဝင်ကြည့်မိတော့မှ ညနေက သူ့ acc လာတောင်းသည့် ကောင်လေးဆိုတာကို သတိရသည်။
RenJun , Jaemin Acc ထဲ ဝင်လက်စနဲ့ သူတင်ထားတဲ့ ပုံတွေကို ကြည့်မိသည်။ သူက ဓာတ်ပုံရိုက်ရတာ ဝါသနာ ပါပုံရသည်။ သူရိုက်ထားတဲ့ ပုံတွေက လှလွန်းသည်။ တော်တော် တော်သည်လို့ ချီးကျူးရမည်။ Acc ထဲ မွှေနေတုန်း Message တစ်စောင်ဝင်လာသည်မို့ ပို့တဲ့သူကိုကြည့်တော့ Jaeminဆီမှ
" Hyung မအိပ်သေးဘူးလား "
" ကျွန်တော့်ကို မှတ်မိရဲ့လား"
" မအိပ်သေးဘူး .. မှတ်မိတယ်"
"ညနေက တစ်ယောက်"
"ဟုတ်ကဲ့"
"Jaeminက 1st yr လား"
"ဟုတ်တယ် hyung"
"ဘယ်ကျောင်းကလဲ"
"ကျွန်တော်က Computer တက္ကသိုလ်က"
"အင်း"
"Hyung ဆိုတဲ့ သီချင်းလေး ကျွန်တော် အရမ်း သဘောကျတယ်"
"ကျေးဇူးပါ Jaemin"
"ရပါတယ် hyung"
"အင်း ဒါဆို Bye Bye နော်"
"ဟုတ်ကဲ့ hyung Good Night"
"You too, Jaemin"
Renjun ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး အိမ်သာ သွားလိုက်သည်။ ပြန်လာတော့ စောင်ကိုခြုံကာ မှေးစက်ချင်နေသော မျက်လုံးအစုံကို မှေးစက်ခွင့်ပြုလိုက်သည်။ တစ်နေကုန် ပင်ပန်းထားသည်မို့ ဒီညတော့ တစ်ရေးမှ မနိုးဘဲ အိပ်ပျော်တော့မည်။
တစ်ဖက်က Jaemin ကတော့ သူချစ်တဲ့သူနဲ့ စကားပြောခွင့်ရလို့ ပျော်ရွှင်နေမိသည်။ ဒီနေ့ သူရိုက်လာတဲ့ ပုံလေးတွေကို ပြန်ကြည့်ရင်းလည်း RenJun ကို အလွမ်းဖြေနေမိသည်။ ပုံထဲက RenJunရဲ့ ဟန်ပန်တွေက သူ့ကို အချစ်ပိုတိုးအောင် ပြုစားနေသလိုပင်။ ဒီညလည်း ကိုယ့်ကောင်းကောင်း အိပ်ပျော်တော့မယ် ချစ်ရသူရေ။ မင်းလည်းပဲ အိမ်မက်လှလှ မက်ပါစေ။ ကိုယ့်အိမ်မက်ထဲ အလည်လာခဲ့ပေးပါ ချစ်ရသူ။
အပိုင်း (ဂ)
Renjun အိပ်ရာနိုးတာနဲ့ မျက်နှာသစ်ပြီး မီးဖိုချောင်ထဲ ဝင်လိုက်သည်။ အငယ်ကတော့ အိပ်ရာက မနိုးလောက်သေး။ ရေခဲသေတ္တာထဲမှာ ရှိတဲ့ နွားနို့ကို ကျိုလိုက်သည်။ တခြားရှိသည့် အသားနဲ့ ဟင်းသီးဟင်းရွက်များကို ရောကာ ထမင်းပေါင်း လုပ်လိုက်သည်။ ချက်ပြုတ်ပြင်ဆင်ပြီးလို့ အချိန်ကြည့်တော့ ရှစ်နာရီထိုးပြီ။
အငယ့် အခန်းကို တံခါးခေါက်တော့ အထဲက ပြန်ပြောသံ မကြား၍ တံခါးဖွင့်ကာ ဝင်လိုက်သည်။ အခန်းထဲ ရောက်လို့ ကုတင်ပေါ် ကြည့်လိုက်တော့ စောင်ပုံကြားထဲ အိပ်ပျော်နေသော Injun။ RenJun အိပ်နေသည့် ဘေးကို သွားကာ Injun ကို နိုးလိုက်သည်။
"အငယ် ထတော့" Renjun နှိုးသည်ကို အင်း မလုပ် အဲ မလုပ်
"အငယ် ထတော့ ရှစ်နာရီထိုးနေပြီ"
"အင်း ခဏနေ ထမယ်နော်"
"ခဏမနေနဲ့။ အခု ထတော့။ မနက်စာ စားပြီး စာနည်းနည်းပြန်ကြည့်ဦးလေ"
"အင်း ထပြီ"
"မျက်နှာသစ်ပြီး လာခဲ့။ အပြင်မှာ မနက်စာ စားဖို့ စောင့်နေမယ်"
"ဟုတ်"
Injun မျက်နှာသစ်ပြီးနောက် မနက်စာ စားဖို့ စောင့်နေသော RenJun ထိုင်နေတဲ့ မီးဖိုခန်းထဲ သွားလိုက်သည်။ မီးဖိုခန်းထဲ မဝင်ခင်တည်းက ရနေသော အနံ့ကြောင့် သူကြိုက်သည့် ထမင်းပေါင်းကို Ge လုပ်ထားပေးသည်နေမည်။
"Ge ထမင်းပေါင်းလား"
Renjun ညီ့ဖြစ်သူကို ကြည့်ပြီး ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
"Ge လက်ရာ မစားရတာတောင် ကြာပြီ"
"အင်း လာစားတော့"
"ဟုတ်"
မနက်စာစားနေတုန်း ပါးနဲ့မား ဆီက ဖုန်းဝင်လာခဲ့သည်။ Injun ဖုန်းကို ရိိုးရိုး call ကနေ video call ပြောင်းလိုက်ပြီး စကားပြောလိုက်သည်။
"မား နေကောင်းလား"
"ကောင်းပါတယ်ရှင်"
"ပါးရော"
"ပါးပါးလည်း ကောင်းပါတယ်"
"ဒီမှာ Ge ချက်ကျွေးတဲ့ ထမင်းပေါင်း စားနေတာ"
"အင်း အင်း သားတို့ နေရတာ အဆင်ပြေကြလား"
"ပြေတယ် မား"
"လကုန်ရင် မားတို့ သားတို့ဆီ လာခဲ့ဦးမယ်"
"ဟုတ် မား"
"Ren လေးရော ဖုန်းပေးလိုက်ဦး သားငယ်"
"Geရော့"
"Renလေး လကုန်ရင် မားတို့ လာခဲ့ဦးမယ်"
"ဟုတ်ကဲ့ မား"
"အဲ့ကျမှ သားရဲ့ ကားကိုလည်း အသစ်လဲပေးမယ်။ သားငယ်ကိုလည်း အသစ်ဝယ်ပေးမယ်"
"ရတယ် မား အဆင်ပြေသလိုလုပ်"
"အင်း ငယ်လေးကို ကျောင်းကိစ္စ နည်းနည်း လိုက်လုပ်ပေးလိုက်နော် သား"
"ဟုတ် မားမား"
"ဒါဆို ဖုန်းချလိုက်တော့မယ်"
"ဟုတ် မား ဘိုင့်ဘိုင်"
"မား ဘိုင့်ဘိုင်"
အပိုင်း (ဃ)
မနက် မိုးလင်းတာနဲ့ ဘေးမှာ တင်ထားတဲ့ ကင်မရာကို ဖွင့်ပြီး ချစ်ရသူပုံလေး ကြည့်ရင်း
စကားတွေ ပြောနေမိတာ သူ့ကို တွေ့ပြီး နောက်နေ့ မနက်က စလို့ပေါ့။
"ညက အိပ်ပျော်ရဲ့လား Ren .. ညက ကျွန်တော် အိပ်မက်ထဲကို လာပေးလို့ ကျေးဇူးတင်ပါတယ် .. ဒီနေ့လည်း ကောင်းမွန် ပျော်ရွှင်ရတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ Ren"
Jaemin အိပ်ရာက ထကာ ဒီနေ့ ကျောင်းပိတ် ရက်၌ Appa အလုပ်ကိစ္စကို ဝိုင်းကူလုပ်ရမည်ဖြစ်၍ အပြင်သွားရန် ပြင်လိုက်သည်။ မနက်စာ စားပြီးနောက် Appa ခိုင်းထားသည့်နေရာများ သွားကာ အလုပ်ကိစ္စများ လုပ်လိုက်သည်။ သုံးလေးရက် လုပ်ရမည့် အလုပ်ကို တစ်ရက်တည်းနှင့် အပြီးလုပ်တော့ နေ့လည်စာပင် မစားနိုင်။ တစ်နေကုန် ကော်ဖီနှင့်သာ ဝမ်းရေး ဖြည့်တင်းထားသည်။
အလုပ်အားလုံး ပြီးတဲ့အချိန်မှာ နာရီလက်တံက ည ကိုးနာရီကို ညွှန်ပြနေခဲ့သည်။ နေ့လည်တည်းက ဘာမှမစားရသေးလို့ ဆန္ဒပြနေတဲ့ ဗိုက်ကို ဖြည့်တင်းဖို့အတွက် အိမ်ပြန်ရာ လမ်းမှာ တည်ရှိနေတဲ့ စားသောက်ဆိုင် တစ်ခုမှာ ဝင်စားလိုက်သည်။ ညစာစားပြီးနောက် အိမ်ပြန်ဖို့ ကားမောင်းနေရင်း အတွေးထဲ ဝင်လာသည်က ကောင်လေးနှင့် ဆုံသည့်နေရာသို့ သွားချင်စိတ်။
အတွေးက နောက်ကျနေမည်။ ကားက ပြန်ကွေ့၍ ဟန်မြစ်ဆီ ဦးတည်မောင်းနှင်နေပြီ ဟန်မြစ်ရောက်တော့ ဘေးတစ်နေရာ ကားကို ရပ်လိုက်သည်။ အပေါ်ထပ်ဝတ်ထားသော ကုတ်ကို ချွတ်ကာ ကားပေါ်က ဆင်းလိုက်ကာ လမ်း နည်းနည်း လျှောက်လိုက်သည်။ ပြီးတော့ သူနဲ့ စတွေ့စ နေရာလေးကို သွားလိုက်သည်။
ကောင်လေးထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ ကောင်မလေးတွေ နှစ်ယောက် သုံးယောက် တွဲဖူးပေမယ့် တစ်ခါမှ ဒီလောက်ထိ မချစ်ခဲ့မိဘူး။ ဒီကောင်လေးနဲ့ကျမှ သူ့စိတ်အစုံဟာ ကောင်လေး မှ ကောင်လေး ဖြစ်နေပါသတဲ့။ဒီလိုအတွေးနဲ့တောင် ဒီကောင်လေးက သူ့ကို ပျော်ရွှင်စေပါသတဲ့။
"ကိုယ်လည်း မင်းနဲ့မှပဲ ရူးတော့မယ် ထင်တယ်"
ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကို ဖွင့်ကာ IG ထဲ ဝင်လိုက်သည်။ ဝင်ဝင်ချင်းပဲ ကောင်လေး တင်ထားတဲ့ ပုံကို Like ပေးလိုက်သည်။ ပုံအရတော့ ကောင်လေးလည်း ဟန်မြစ်လာသွားပုံပင်။
သူ့ညီလေးနဲ့ တူတူတွဲရိုက်ထားတဲ့ပုံရယ်။ သူ့ညီ သူ့ကို ရိုက်ထားပေးတဲ့ ပုံလေးတွေရယ် တင်ထားလေသည်။
"တစ်နေကုန် ပင်ပန်းထားသမျှ အလွမ်းပြေသွားပြီ ကောင်လေးရေ ချစ်စရာကောင်းလိုက်တာ"
Jaemin ဖုန်းကို ပြန်သိမ်းပြီး အိမ်ကိုပြန်လိုက်သည်။ အိမ်ပြန်ရောက်တော့ ည ၁၁ခွဲ ရေချိုးပြီး အိပ်ရာဝင်လိုက်သည်။ IG ထဲ ထပ်ဝင်ကာ ကောင်လေးကို စကားပြောဖို့ ကြည့်လိုက်တော့ ကောင်လေးရဲ့ မီးစိမ်းလေး တွေ့သည်မို့ တုံ့ဆိုင်းမှု မရှိစွာ ကောင်လေးကို စကားပြောလိုက်သည်။
"Hyung မအိပ်သေးဘူးလား"
"အိပ်မပျော်သေးလို့ မအိပ်သေးဘူး"
"Jaemin ရော ?"
"ကျွန်တော်က ခုမှ အပြင်က ပြန်ရောက်ပြီး ရေချိုးနားနေတာ"
"ဒီအချိန်ကြီးထိ အပြင်သွားတယ် ?"
"အင်း တစ်ခါတစ်လေ အဖေ့အလုပ်ကိစ္စကြောင့်ပါ"
"အာ အင်း"
"Hyung ကို စတွေ့တုန်းကရော စကားစပြောတော့ရော ချေမယ် ထင်ခဲ့တာ"
"ပြောကြည့်ပြီးတော့ မချေဘူးပေါ့"
"အင်း မချေဘူး"
"May be"
"အင်း ကျွန်တော် အိပ်တော့မယ် hyung"
"ကောင်းသောညပါ အိမ်မက်လှလှမက်ပါစေ"
*ကျွန်တော့် အိမ်မက်ထဲ လာခဲ့ပါ* ဒါကတော့ မရေးဖြစ်လိုက်ပေမယ့် စ်ိတ်ထဲကတော့ ရေရွတ်လိုက်သော စကားတစ်ခွန်း နောက်ထပ်တစ်ခွန်းကတော့ ခင်ဗျားကို အရမ်းချစ်တယ်
"Jaemin ရောပဲ"
Jaemin တစ်ဖက်က ပြန်လာတဲ့ Reply လေးကို love ပေးလိုက်ကာ Data off ဖုန်းအားသွင်းပြီး အိပ်လိုက်သည်။ သေချာပေါက် ဒီညလည်း အိမ်မက် လှတော့မည် ချစ်ရသူရေ။ ပိုပြီး အိမ်မက်တွေ လှပသွားအောင် မင်းလေးက ဖြည့်ဆည်းပေးတဲ့ အနေနဲ့ အိမ်မက်ထဲ လှမ်းလာခဲ့ပေးပါ။
အပိုင်း (င)
Jisung တစ်ယောက် Computer တက္ကသိုလ် တက်နေပြီး စီးပွားရေး တက္ကသိုလ်ထဲ ရောက်ရောက်လာတဲ့ Jaemin ကို ကြည့်နေတာ အတော်ကြာပြီ။ လာလို့ သူနဲ့တွေ့တိုင်း မေးလိုက်ရင် တစ်စုံတစ်ယောက်ကို လာကြည့်တာတဲ့။ ခုလည်း ပြောရင်းဆိုရင်း ရောက်လာပြန်ပြီ။ ဒီနေ့တော့ သေချာပေါက် ဘယ်သူဘယ်ဝါလဲ ဆိုတာ ဖော်ထုတ်ရမည်။
"Jaemin ကွန်ပျူတာ ကျောင်းသားကြီး"
"Wae Jisung"
"စီးပွားရေး တက္ကသိုလ်ကို ဘာလာလုပ်ပြန်တာ"
"ထုံးစံအတိုင်းပဲပေါ့ကွာ"
Jaemin, Jisung ထိုင်နေတဲ့ ထိုင်ခုံဘေး ဝင်ထိုင်ရင်း ပြောလိုက်သည်။
"အေး မင်းငါ့ကို ပြောပြမယ်ဆိုပြီး မပြောဘဲ လစ်နေတာ များနေပြီနော်"
"ဟား ဘာလို့ ဒီလောက်ထိ သိချင်နေရတာတုန်း"
"ချောလား သိချင်လို့ပေါ့ ကောင်မလေးက"
"ဟား ချောတာတော့ ချောတယ်ကွ ဒါပေမယ့် မိန်းကလေးတော့ မဟုတ်ဘူး"
"ယောကျာ်းလေး"
"အင်း သူ့ကို မင်းရင်းနှီးတယ်"
"ငါ့နဲ့ ရင်းနှီးတယ်"
"အင်း"
"ဘယ်သူများလဲ"
"Renjun hyung လား Jaemin"
"မဖြစ်နိုင်တာ Chen le ကလည်း"
"ဟား Chenle တော်တယ်"
"ဟမ် တကယ်လား"
"အင်း"
"ငါထင်တာ ကြာနေပြီ"
"မင်း ဘယ်လိုသိတာလဲ Lele"
"ဒီလိုပါပဲ .. ပြောရင်းနဲ့ ဟိုမှာ Renjun hyung လာနေပြီ"
"အင်း"
"ငါခေါ်လိုက်မယ် .. Renjun hyung Jeno hyung"
"Lele နဲ့ Jisung ပါလား"
"အင်း hyung တို့ ဒီမှာ ထိုင်ပါလား"
"အင်း ဒီမှာပဲ ထိုင်လိုက်တော့မယ်"
"အဲ့ဒါဆို Lele တို့နဲ့ စားလိုက်တော့ ငါသွားတော့မယ်လေ"
"အင်းအင်း ဂရုစိုက်ပြန်နော်"
"အင်း သွားပြီ Lele Jisung သွားပြီနော်"
"ဟုတ်ကဲ့ hyung"
"Jeno hyung က ဘာတွေ အလောတကြီး ဖြစ်နေတာလဲ hyung"
" သူ့အမေ ဆေးရုံက ဆင်းမှာမို့"
"အာ ဟုတ်ကဲ့"
"Jaemin က Jisungတို့နဲ့ သိတယ်လား"
"ကျွန်တော်တို့က ငယ်ငယ်တည်းက ကျောင်းတူတူပဲ အထက်တန်းကျတော့မှ သူကျောင်းပြောင်းသွားတာ ပြီးတော့ တက္ကသိုလ်ကျမှ ပြန်တွေ့တာ"
"Fresher welcome ကမှ ပြန်တွေ့ကြတာ"
"အင်း"
"Hyung တို့ကရော ဘယ်လိုသိ"
"မင်းက ဘာလို့ သိချင်ရတာလဲ"
"မင်းက မပြောပြချင်တာလား"
"အဲ့လိုပြောရမလား"
"နေပေါ့ ငါနောက်မှ hyung ကို မေးလိုက်မယ်"
"မေးပေါ့"
စကားစစ်ထိုးနေသော သူငယ်ချင်း နှစ်ယောက်ကို Chen le နဲ့ RenJun ထိုင်ကြည့်နေလိုက်သည်။ ထိုနေ့ကစပြီး Jaemin နှင့် Renjun ပိုပြီး ရင်းနှီးမှုရရှိခဲ့ကြသည်။ Jaemin ကတော့ ပိုပြီး ရင်းနှီးခဲ့ရသည်မို့ ယခင် ပျော်နေသည်ထက် ပိုပျော်နေခဲ့သည်။