(Zawgyi)
ေန႔ခင္းေၾကာင္ေတာင္ ေနဖင္ထိုး၍ အသံကင္းရွင္း အပူျပင္းေသာ အခ်ိန္ျဖစ္သည္။ေရာင္စဥ္ ခုႏွစ္ျဖာေအာက္ ပန္းပြင့္တို႔ အလွၿပိဳင္ေနၾကတဲ့ အခ်ိန္လည္းျဖစ္ေလတယ္။အျပာေရာင္ထင္းၿပီး တိမ္သားကင္းစင္တဲ့ ေကာင္းကင္ႀကီးက ၾကည္လင္ေနတယ္။တိတ္ဆိတ္ေနတယ္ ပတ္ဝန္းက်င္တစ္ခုလံုး။
ထိုအခ်ိန္ ပန္းၿခံထဲက သစ္ပင္ႀကီးတစ္ပင္ အရိပ္ေအာက္မွာ ထိုင္ၿပီး Laptop ကိုစိတ္ဝင္တစား ၾကည့္ေနတဲ့ မင္းရာဇာ။လက္ထဲက ေသာက္လက္စ ေဆးလိပ္တိုကလည္း အေငြ႕တၿမိဳက္ၿမိဳက္ ေလာင္ကြၽမ္းေနတယ္။ေဘးနားက သီဟဆက္ကေတာ့ ႏွာေခါင္းပိတ္ရင္း အေငြ႕ေတြကို ဖယ္ထုတ္ရင္းပဲ ထိုင္ၿပီး ေကာင္းကင္ကို အကဲခတ္ေနေလတယ္။သီဟေၾကာင့္ပဲ လက္ထဲက ေဆးလိပ္တိုကို ခဏသတ္ၿပီး ေဘးခ်ထားလိုက္တယ္။
"မင္း ၾကည့္ခ်င္လား။"
သီဟ ေခါင္းခါျပတယ္။
"ႏိုး။ဘာမွစိတ္ဝင္စားဖို႔ေကာင္းတာလဲမရိွပဲနဲ႔။"
"ေကာင္မေလးေတြပံုေလာက္ပဲ စိတ္ဝင္စားစရာလို႔ ထင္တာလား။"
"ဟားဟား။ငါ့ကိုဘယ္လို ေယာက်ၤားမ်ားထင္ေနလဲ။"
"ဒါဆိုေကာင္ေလးေတြပံုလား။"
"မင္းရာဇာ။ငါပ်င္းေနတာ လာေနာက္မေနနဲ႔။"
"ပ်င္းတယ္ေျပာရေအာင္။ခါတိုင္း မင္းကဒီအခ်ိန္ဆို ဘာလုပ္ေနလို႔လဲ။"
ေလေျပေလးတစ္ခုက ခ်က္ခ်င္းဆိုသလို ေႏြးေႏြးေလးေရာက္လာၿပီး ဝဲေနတဲ့ဆံပင္ေလးေတြကို ခဏတာဆြဲငင္ ယူသြားေလတယ္။
"ငါ့အေမနဲ႔ အတူထမင္းစားတယ္။ငါ့အေမ နဲ႔စကားေျပာတယ္။ငါ့အေမကို ခြၽဲတယ္။ငါ့အေမကို စတယ္။ငါ့အေမကို ႏိွပ္ေပးရင္း ငါ့ရည္မွန္းခ်က္ေတြအေၾကာင္း ေျပာျပတယ္။ငါ့အေမကို ဝိုင္းလုပ္ေပးတယ္။ငါ့အေမနဲ႔ပဲ အခ်ိန္ေတြကုန္ဆံုးတယ္။အဲ့ဒီတုန္းက ငါ့မွာပ်င္းဖို႔အခ်ိန္ဆိုတာ မရိွသေလာက္ပဲ။"
ေနေရာင္ဟပ္လို႔ အေရာင္လဲ့ေနတဲ့ သီဟရဲ႕ မ်က္လံုးနက္နက္ေလးေတြရဲ႕ အေပၚယံလႊာေလးက ေရျပင္အပါးေလး တျဖည္းျဖည္း ဖံုးလႊမ္းလို႔ေနတယ္။ႏွာဖူးတစ္ေလွ်ာက္ ဝဲလ်က္လြင့္ေနတဲ့ ဆံသားနက္နက္ေလးေတြ ေရႊဝါေရာင္သမ္းေနတဲ့ လည္တိုင္ေလးေတြနဲ႔ ေရႊဝါေရာင္ အေမႊးႏုပါးပါးေလးေတြ။ထိုအရာေတြကို တစိမ့္စိမ့္ အကဲခတ္ေနမိသူက မင္းရာဇာ။
ရင္ထဲထူးဆန္းတဲ့ ခံစားခ်က္တစ္ခုက အရြယ္ေရာက္ခါစျပဳေလၿပီ။ ထိုခံစားခ်က္မွာ စတင္ေမြးဖြားကတည္းက ယခုအခ်ိန္ထိ အမည္နာမ မေပးရေသးေသာ စိတၱဇနာမ္ပုဒ္တစ္ခုအျဖစ္သာ ရွင္သန္ေန၏။အသိစိတ္ကျငင္းပယ္ေနေပမယ့္ အခုန္ျမန္ေနတဲ့ ႏွလံုးသားက ျဖဴစင္စြာ လက္ခံမိေနေလတယ္။
"သီဟ။"
႐ုတ္တရက္ ေလရဲ႕အရိွန္လိုမ်ဳိး သီဟရဲ႕ ႏႈတ္ခမ္းပါးကို လာထိတဲ့ ေနာက္ထပ္ ႏႈတ္ခမ္းပါးတစ္စံု ထူးဆန္းေပမယ့္လို႔ ႏူးညံ့တဲ့အထိအေတြ႕ ျမန္ဆန္ေပမယ့္လို႔ ေပါ့ပါးတဲ့ခံစားခ်က္ မသိလိုက္တဲ့ ခဏတာ အခ်ိန္အတြင္းမွာပဲ ျပန္လည္တုန္႔ျပန္လိုက္ေနမိတယ္။
မင္းရာဇာ ရဲ႕ရွပ္အက်ႌ အတြင္းဘက္ထဲက ရင္ဘတ္တစ္ခုလံုး ေျဗာင္းဆန္ေနတယ္။ထူးဆန္းတဲ့ အထိအေတြ႕နဲ႔ ခံစားခ်က္ကို ႏွလံုးသားက လက္ခံေၾကာင္း ဖြင့္ဟသံေတြ ျပည့္လို႔ေနတယ္။ဒါဟာ ျပင္သစ္က အခ်ဳိပြဲေတြထက္ေတာင္ ခ်ဳိျမန္တဲ့ အရသာပဲ။
ဒါေပမယ့္ မၾကာခင္ပဲ ထိုရင္ဘတ္ကို သီဟရဲ႕လက္အစံုကပဲ တြန္းထုတ္လိုက္ေလတယ္။သီဟမ်က္ႏွာတစ္ခုလံုး ခ်က္ခ်င္းဆိုသလို နီရဲလာၿပီး လက္သီးကိုလည္း က်စ္က်စ္ပါေအာင္ ဆုပ္ထားေလတယ္။
မင္းရာဇာကို ခ်က္ခ်င္းဆြဲထိုးခ်င္ေပမယ့္ တုန္႔ျပန္ခဲ့မိတဲ့ မိမိကိုယ္ကိုပါ နားမလည္ႏိုင္တာေၾကာင့္ ေဒါသကိုမရရေအာင္ ၿမိဳသိပ္ ဆုပ္ထားမိတဲ့လက္သီးကို ေျဖေလ်ာ့ၿပီး ထိုေနရာကေန ထထြက္သြားေလတယ္။
အေနာက္မွာက်န္ရစ္ခဲ့တဲ့ မင္းရာဇာကေတာ့ အေျခအေနကို လက္ခံတဲ့သေဘာနဲ႔ပဲ လက္ထဲက Laptop ကိုပိတ္ၿပီး သစ္ပင္ကို မီွေနလိုက္တယ္။လက္ထဲကက်န္ေနတဲ့ ေဆးလိပ္တိုကို မီးျပန္ညိႇၿပီး အေငြ႕ကိုတဝႀကီး႐ိႉက္ကာ ျဖည္းျဖည္းခ်င္းဆီျပန္ထုတ္ေလတယ္။
'မင္းႏႈတ္ခမ္းက ေဆးလိပ္ထက္ဆိုးတယ္။အခုေလးတင္ပဲ အရသာကိုသိရတယ္။ငါ အခုေလးတင္ပဲ စြဲမိသြားၿပီ။'
သီဟဆက္ အခန္းတံခါးကို ပိတ္ၿပီး ေဘးနားက ကုတင္ေပၚကို တစ္ကိုယ္လံုးစိတ္လြတ္ကိုလြတ္ ပစ္လွဲခ်မိလိုက္တယ္။ရင္ဘတ္ထဲ မြန္းၾကပ္လာတာေၾကာင့္ အက်ႌကိုဆြဲခြၽတ္ၿပီး လႊတ္ပစ္လိုက္မိေလတယ္။
"ဟူး။"
ရင္ဘတ္ထဲက ျမန္ေနတဲ့ႏွလံုးခုန္သံရဲ႕ အဓိပၸာယ္ကို သိခ်င္တာေၾကာင့္ ရင္ဘတ္ေပၚ လက္တင္ထားလိုက္တယ္။ေျဗာင္းဆန္ေနတာမ်ား အဆံေခ်ာင္ေနသလား ေအာက္ေမ့ရေလတယ္။ေမာသလိုလို အသက္႐ႉမဝသလိုလို ခံစားခ်က္က ဆိုးလွတယ္။သဒၵါ႕အေပၚမွာေတာင္ မျဖစ္ခဲ့ဖူးတဲ့ ျပင္းထန္လွတဲ့ ရင္ခုန္သံတစ္ခုနဲ႔ ခံစားခ်က္။ထူးဆန္းလွေပတယ္။
'ငါဘာလို႔ ဒီလိုခံစားေနရတာလဲ။အဲ့ဒီေကာင္ စတာပဲေနမွာပါ။ငါဘာမွမျဖစ္သင့္ဘူး။ေယာက်ၤားတစ္ေယာက္က နမ္းတာကို ငါရင္မခုန္သင့္ဘူး။'
သီဟ အေတြးမ်ား ေပ်ာက္သြားရန္ အလို႔ငွာ မ်က္လံုးအစံုမွိတ္ၿပီး ေခါင္းကိုခါရမ္းလိုက္တယ္။ဒါေပမယ့္ မင္းရာဇာရဲ႕ မနီမညိဳ ဆြဲေဆာင္မႈ႕အားေကာင္းတဲ့ ႏႈတ္ခမ္းရဲ႕ အထိအေတြ႕ကို မလြန္ဆန္ႏိုင္ခဲ့။ေဆးလိပ္နံ႕စြဲတဲ့ ႏႈတ္ခမ္းက သူ႕ကိုသိမ္းပိုက္သြားတယ္ဆိုတာ မယံုႏိုင္ပဲျဖစ္ေနေလတယ္။
မင္းရာဇာလည္း ထိုနည္းလည္းေကာင္းပင္။ဒီထက္ဆိုးမည့္ အေျခအေနကိုမွန္းထားခဲ့ေပမယ့္ ဒီေလာက္သာျဖစ္ခဲ့သည္။သီဟ လက္သီးျဖင့္ထိုးလိမ့္မည္ ဟုမွန္းထားခဲ့ေသာ္လည္း သူမထိုးႏိုင္ခဲ႔။ဒါဟာ လက္ခံတာလား လက္မခံႏိုင္တာလား ဆိုတာကို နားမလည္ႏိုင္။
ေရပန္းေပၚကေနလာတဲ့ေရေတြက သူ႕ခႏၶာကိုယ္အႏွံ႔ ေလွ်ာက္ေျပးေနျကတယ္။ႏွာဖူးေပၚကေနစၿပီး ရင္ဘတ္ ဗိုက္ ေျခေထာက္အဆံုး အဖုအထစ္ေတြ အမာရြတ္ေတြ ကိုျဖတ္ၿပီး စီးဆင္းေနၾကတယ္။ဆံပင္ေတြၾကားထဲ ဝဲခိုေနၾကတဲ့ ေရစက္ေရေပါက္ေတြကို လက္နဲ႔အေနာက္သပ္တင္လိုက္ၿပီး ေရေပါက္ေတြ ႐ိုက္ခတ္လာတဲ့ အထိအေတြ႕ကို မ်က္လံုးမိွတ္ရင္း ခံစားေနမိတယ္။
ေရပန္းကိုပိတ္လိုက္တာနဲ႔ တၿပိဳင္နက္ တစ္ခန္းလံုး တိတ္ဆိတ္မႈ႕ဆိုတာႀကီးက လႊမ္းမိုးသြားေလတယ္။သပတ္အျဖဴကို ခါးမွာပတ္ၿပီး ေနာက္သပတ္တစ္ခုကို ေခါင္းသုတ္ရင္း အခန္းထဲျပန္သြားေနေလတယ္။သို႔ေသာ္ အထဲဝင္ရန္လည္း တြန္႔ဆုတ္ေနမိတယ္။အဲ့ဒါကပဲ အခန္းထဲက ေရခ်ဳိးခန္းကို မသံုးပဲ ဧည့္ခန္းကေရခ်ဳိးခန္းကိုပဲ တကူးတက သြားသံုးရျခင္းရဲ႕ အဓိကအေၾကာင္းျပခ်က္ျဖစ္ေလတယ္။
အခုေတာ့ မဝင္လို႔မရ။တစ္ေနကုန္ အက်ႌမဝတ္ပဲ ေနႏိုင္မွသာ မဝင္ပဲေနရေလမည္။မင္းရာဇာ အခန္းေရွ႕ စဥ္းစားေနတာ ေရစက္ေလးမ်ားပင္ ေျခာက္ေသြ႕စျပဳလို႔ေနတယ္။ဒါဟာ သူ႕ရဲ႕ပထမဆံုးေတြေဝျခင္း ျဖစ္တယ္။ေနာက္ဆံုးမွ ဆံုးျဖတ္ခ်က္လံုးလံုးခ်ၿပီး အခန္းတံခါးကိုဆြဲဖြင့္လိုက္ေလတယ္။
အခန္းထဲမွာ အိပ္ေပ်ာ္ေနတဲ့ သီဟကို ျမင္ရမွပဲ သူစိတ္ေအးေလေတာ့တယ္။အက်ႌဗလာနဲ႔ အိပ္ေမာက်ေနၿပီး ပံုစံက အေတာ္စိတ္ပင္ပန္းေနပံုရ၏။အိပ္ေနတာေတာင္ လြတ္လြတ္လပ္လပ္ အိပ္ႏိုင္ျခင္းမရိွ။
မင္းရာဇာ သူ႕ေဘးနားဝင္ထိုင္လိုက္တယ္။႐ႈပ္ပြေနတဲ့ အနက္ေရာင္ဆံႏြယ္ေလးေတြ ၾကားထဲ လက္ေခ်ာင္းမ်ားကို ေျပးလႊားေစလိုက္တယ္။ေျပာင္ရွင္းသြားတဲ့ မ်က္ႏွာျပင္က ၾကည့္ေကာင္းလွ၏။တဖံု ခ်စ္ဖို႔ေကာင္း၏။
မင္းရာဇာ သီဟရဲ႕ရင္ဘတ္ကို လက္နဲ႔ဖြဖြေလးဖိၿပီး သူ႕ႏႈတ္ခမ္း ပန္းႏုေရာင္ေလးကို ထပ္ဖိနမ္းလိုက္တယ္။ခံစားခ်က္က အရသာက ခုနကအတိုင္းပင္ ၿမဲ၏။ထပ္ၿပီး စြဲလန္းေစ၏။မူးရစ္ေဆးကို သံုးစြဲေနရသလို။သူ႕မ်က္လံုးစံုမိွတ္ရင္း ခံစားေနမိေလတယ္။
မင္းရာဇာရဲ႕မ်က္လံုးေတြက တျဖည္းျဖည္းျပန္ပြင့္လာၿပီး သီဟဆက္ရဲ႕ ေခါင္းေလးကို မလိုက္တယ္။မာေက်ာတဲ့ သူ႕လက္ေမာင္းကို ေခါင္းအံုးသဖြယ္ျပဳၿပီး အပ္ထားေပးလိုက္တယ္။ၿပီးမွေခါင္းေလးကို ရင္ခြင္ထဲ ထည့္ရင္း သူပါလွဲေနလိုက္မိတယ္။ထိုခံစားခ်က္က ၿပိဳင္ဘက္ကင္း၏။တစ္ေယာက္ကိုမွ ေႏြးေႏြးေထြးေထြး မဖက္ဖူးခဲ့တဲ့မင္းရာဇာ အတြက္ သီဟကိုဖက္ထားရျခင္းက ေႏြးေထြး၏။ဒါဟာ ဒီခံစားခ်က္ကို ပထမဆံုးခံစားရျခင္းပင္။
"ေသခ်ာတယ္။ငါမင္းကို ခ်စ္မိသြားၿပီ။"
'အေမ...။'
သီဟပါးစပ္က မပီမသ ေယာင္လိုက္တဲ့ အသံက မင္းရာဇာကို စိတ္မေကာင္း ျဖစ္သြားေစတယ္။မၾကာခင္ ေခါင္းကို ရမ္းၿပီး မင္းရာဇာရဲ႕ အဝတ္ကင္းစင္ၿပီး ေႏြးေထြးတဲ့ ရင္ခြင္ထဲတိုးဝင္ လာေလတယ္။လက္တစ္ဖက္ကလည္း ဗိုက္ကိုေက်ာ္ၿပီး တစ္ဖက္ကခါးကို သြယ္ဖက္လာေလတယ္။မင္းရာဇာလည္း က်န္လက္တစ္ဖက္နဲ႔ ရင္ခြင္ထဲဆြဲယူလိုက္ရင္း ေႏြးေထြးစြာ ျပန္ဖက္ထားမိရင္ မ်က္လံုးအစံုကို ျဖည္းျဖည္းခ်င္း မိွတ္ထားလိုက္ေလေတာ့တယ္။
"ငါေတာင္းပန္ပါတယ္ သီဟဆက္။"
* * * * * Beyond the Galaxy * * * * *
ငါ့ဘဝမွာ မင္းေၾကာင့္.....
ပထမဆံုး အဆဲခံခဲ့ရတယ္။
ပထမဆံုး အေအာ္ခံခဲ့ရတယ္။
ပထမဆံုး ေခြၽးထြက္ခဲ့ရတယ္။
ပထမဆံုး ဒဏ္ရာရခဲ့တယ္။
ပထမဆံုး ငါမႀကိဳက္တာေတြ စားခဲ့ရတယ္။
ပထမဆံုး သဝန္တိုခဲ့ရတယ္။
ပထမဆံုး ေတြေဝခဲ့ရတယ္။
ပထမဆံုး ေႏြးေထြးခဲ့ရတယ္။
ၿပီးေတာ့ ငါမင္းကို ပထမဆံုး...
ႏွလံုးသားထဲကေန ခ်စ္မိခဲ့ၿပီ...။
(Unicode)
နေ့ခင်းကြောင်တောင် နေဖင်ထိုး၍ အသံကင်းရှင်း အပူပြင်းသော အချိန်ဖြစ်သည်။ရောင်စဉ် ခုနှစ်ဖြာအောက် ပန်းပွင့်တို့ အလှပြိုင်နေကြတဲ့ အချိန်လည်းဖြစ်လေတယ်။အပြာရောင်ထင်းပြီး တိမ်သားကင်းစင်တဲ့ ကောင်းကင်ကြီးက ကြည်လင်နေတယ်။တိတ်ဆိတ်နေတယ် ပတ်ဝန်းကျင်တစ်ခုလုံး။
ထိုအချိန် ပန်းခြံထဲက သစ်ပင်ကြီးတစ်ပင် အရိပ်အောက်မှာ ထိုင်ပြီး Laptop ကိုစိတ်ဝင်တစား ကြည့်နေတဲ့ မင်းရာဇာ။လက်ထဲက သောက်လက်စ ဆေးလိပ်တိုကလည်း အငွေ့တမြိုက်မြိုက် လောင်ကျွမ်းနေတယ်။ဘေးနားက သီဟဆက်ကတော့ နှာခေါင်းပိတ်ရင်း အငွေ့တွေကို ဖယ်ထုတ်ရင်းပဲ ထိုင်ပြီး ကောင်းကင်ကို အကဲခတ်နေလေတယ်။သီဟကြောင့်ပဲ လက်ထဲက ဆေးလိပ်တိုကို ခဏသတ်ပြီး ဘေးချထားလိုက်တယ်။
"မင်း ကြည့်ချင်လား။"
သီဟ ခေါင်းခါပြတယ်။
"နိုး။ဘာမှစိတ်ဝင်စားဖို့ကောင်းတာလဲမရှိပဲနဲ့။"
"ကောင်မလေးတွေပုံလောက်ပဲ စိတ်ဝင်စားစရာလို့ ထင်တာလား။"
"ဟားဟား။ငါ့ကိုဘယ်လို ယောင်္ကျားများထင်နေလဲ။"
"ဒါဆိုကောင်လေးတွေပုံလား။"
"မင်းရာဇာ။ငါပျင်းနေတာ လာနောက်မနေနဲ့။"
"ပျင်းတယ်ပြောရအောင်။ခါတိုင်း မင်းကဒီအချိန်ဆို ဘာလုပ်နေလို့လဲ။"
လေပြေလေးတစ်ခုက ချက်ချင်းဆိုသလို နွေးနွေးလေးရောက်လာပြီး ဝဲနေတဲ့ဆံပင်လေးတွေကို ခဏတာဆွဲငင် ယူသွားလေတယ်။
"ငါ့အမေနဲ့ အတူထမင်းစားတယ်။ငါ့အမေ နဲ့စကားပြောတယ်။ငါ့အမေကို ချွဲတယ်။ငါ့အမေကို စတယ်။ငါ့အမေကို နှိပ်ပေးရင်း ငါ့ရည်မှန်းချက်တွေအကြောင်း ပြောပြတယ်။ငါ့အမေကို ဝိုင်းလုပ်ပေးတယ်။ငါ့အမေနဲ့ပဲ အချိန်တွေကုန်ဆုံးတယ်။အဲ့ဒီတုန်းက ငါ့မှာပျင်းဖို့အချိန်ဆိုတာ မရှိသလောက်ပဲ။"
နေရောင်ဟပ်လို့ အရောင်လဲ့နေတဲ့ သီဟရဲ့ မျက်လုံးနက်နက်လေးတွေရဲ့ အပေါ်ယံလွှာလေးက ရေပြင်အပါးလေး တဖြည်းဖြည်း ဖုံးလွှမ်းလို့နေတယ်။နှာဖူးတစ်လျှောက် ဝဲလျက်လွင့်နေတဲ့ ဆံသားနက်နက်လေးတွေ ရွှေဝါရောင်သမ်းနေတဲ့ လည်တိုင်လေးတွေနဲ့ ရွှေဝါရောင် အမွှေးနုပါးပါးလေးတွေ။ထိုအရာတွေကို တစိမ့်စိမ့် အကဲခတ်နေမိသူက မင်းရာဇာ။
ရင်ထဲထူးဆန်းတဲ့ ခံစားချက်တစ်ခုက အရွယ်ရောက်ခါစပြုလေပြီ။ ထိုခံစားချက်မှာ စတင်မွေးဖွားကတည်းက ယခုအချိန်ထိ အမည်နာမ မပေးရသေးသော စိတ္တဇနာမ်ပုဒ်တစ်ခုအဖြစ်သာ ရှင်သန်နေ၏။အသိစိတ်ကငြင်းပယ်နေပေမယ့် အခုန်မြန်နေတဲ့ နှလုံးသားက ဖြူစင်စွာ လက်ခံမိနေလေတယ်။
"သီဟ။"
ရုတ်တရက် လေရဲ့အရှိန်လိုမျိုး သီဟရဲ့ နှုတ်ခမ်းပါးကို လာထိတဲ့ နောက်ထပ် နှုတ်ခမ်းပါးတစ်စုံ ထူးဆန်းပေမယ့်လို့ နူးညံ့တဲ့အထိအတွေ့ မြန်ဆန်ပေမယ့်လို့ ပေါ့ပါးတဲ့ခံစားချက် မသိလိုက်တဲ့ ခဏတာ အချိန်အတွင်းမှာပဲ ပြန်လည်တုန့်ပြန်လိုက်နေမိတယ်။
မင်းရာဇာ ရဲ့ရှပ်အင်္ကျီ အတွင်းဘက်ထဲက ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်နေတယ်။ထူးဆန်းတဲ့ အထိအတွေ့နဲ့ ခံစားချက်ကို နှလုံးသားက လက်ခံကြောင်း ဖွင့်ဟသံတွေ ပြည့်လို့နေတယ်။ဒါဟာ ပြင်သစ်က အချိုပွဲတွေထက်တောင် ချိုမြန်တဲ့ အရသာပဲ။
ဒါပေမယ့် မကြာခင်ပဲ ထိုရင်ဘတ်ကို သီဟရဲ့လက်အစုံကပဲ တွန်းထုတ်လိုက်လေတယ်။သီဟမျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို နီရဲလာပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားလေတယ်။
မင်းရာဇာကို ချက်ချင်းဆွဲထိုးချင်ပေမယ့် တုန့်ပြန်ခဲ့မိတဲ့ မိမိကိုယ်ကိုပါ နားမလည်နိုင်တာကြောင့် ဒေါသကိုမရရအောင် မြိုသိပ် ဆုပ်ထားမိတဲ့လက်သီးကို ဖြေလျော့ပြီး ထိုနေရာကနေ ထထွက်သွားလေတယ်။
အနောက်မှာကျန်ရစ်ခဲ့တဲ့ မင်းရာဇာကတော့ အခြေအနေကို လက်ခံတဲ့သဘောနဲ့ပဲ လက်ထဲက Laptop ကိုပိတ်ပြီး သစ်ပင်ကို မှီနေလိုက်တယ်။လက်ထဲကကျန်နေတဲ့ ဆေးလိပ်တိုကို မီးပြန်ညှိပြီး အငွေ့ကိုတဝကြီးရှိူက်ကာ ဖြည်းဖြည်းချင်းဆီပြန်ထုတ်လေတယ်။
'မင်းနှုတ်ခမ်းက ဆေးလိပ်ထက်ဆိုးတယ်။အခုလေးတင်ပဲ အရသာကိုသိရတယ်။ငါ အခုလေးတင်ပဲ စွဲမိသွားပြီ။'
သီဟဆက် အခန်းတံခါးကို ပိတ်ပြီး ဘေးနားက ကုတင်ပေါ်ကို တစ်ကိုယ်လုံးစိတ်လွတ်ကိုလွတ် ပစ်လှဲချမိလိုက်တယ်။ရင်ဘတ်ထဲ မွန်းကြပ်လာတာကြောင့် အင်္ကျီကိုဆွဲချွတ်ပြီး လွှတ်ပစ်လိုက်မိလေတယ်။
"ဟူး။"
ရင်ဘတ်ထဲက မြန်နေတဲ့နှလုံးခုန်သံရဲ့ အဓိပ္ပာယ်ကို သိချင်တာကြောင့် ရင်ဘတ်ပေါ် လက်တင်ထားလိုက်တယ်။ဗြောင်းဆန်နေတာများ အဆံချောင်နေသလား အောက်မေ့ရလေတယ်။မောသလိုလို အသက်ရှူမဝသလိုလို ခံစားချက်က ဆိုးလှတယ်။သဒ္ဒါ့အပေါ်မှာတောင် မဖြစ်ခဲ့ဖူးတဲ့ ပြင်းထန်လှတဲ့ ရင်ခုန်သံတစ်ခုနဲ့ ခံစားချက်။ထူးဆန်းလှပေတယ်။
'ငါဘာလို့ ဒီလိုခံစားနေရတာလဲ။အဲ့ဒီကောင် စတာပဲနေမှာပါ။ငါဘာမှမဖြစ်သင့်ဘူး။ယောင်္ကျားတစ်ယောက်က နမ်းတာကို ငါရင်မခုန်သင့်ဘူး။'
သီဟ အတွေးများ ပျောက်သွားရန် အလို့ငှာ မျက်လုံးအစုံမှိတ်ပြီး ခေါင်းကိုခါရမ်းလိုက်တယ်။ဒါပေမယ့် မင်းရာဇာရဲ့ မနီမညို ဆွဲဆောင်မှု့အားကောင်းတဲ့ နှုတ်ခမ်းရဲ့ အထိအတွေ့ကို မလွန်ဆန်နိုင်ခဲ့။ဆေးလိပ်နံ့စွဲတဲ့ နှုတ်ခမ်းက သူ့ကိုသိမ်းပိုက်သွားတယ်ဆိုတာ မယုံနိုင်ပဲဖြစ်နေလေတယ်။
မင်းရာဇာလည်း ထိုနည်းလည်းကောင်းပင်။ဒီထက်ဆိုးမည့် အခြေအနေကိုမှန်းထားခဲ့ပေမယ့် ဒီလောက်သာဖြစ်ခဲ့သည်။သီဟ လက်သီးဖြင့်ထိုးလိမ့်မည် ဟုမှန်းထားခဲ့သော်လည်း သူမထိုးနိုင်ခဲ့။ဒါဟာ လက်ခံတာလား လက်မခံနိုင်တာလား ဆိုတာကို နားမလည်နိုင်။
ရေပန်းပေါ်ကနေလာတဲ့ရေတွေက သူ့ခန္ဓာကိုယ်အနှံ့ လျှောက်ပြေးနေကြတယ်။နှာဖူးပေါ်ကနေစပြီး ရင်ဘတ် ဗိုက် ခြေထောက်အဆုံး အဖုအထစ်တွေ အမာရွတ်တွေ ကိုဖြတ်ပြီး စီးဆင်းနေကြတယ်။ဆံပင်တွေကြားထဲ ဝဲခိုနေကြတဲ့ ရေစက်ရေပေါက်တွေကို လက်နဲ့အနောက်သပ်တင်လိုက်ပြီး ရေပေါက်တွေ ရိုက်ခတ်လာတဲ့ အထိအတွေ့ကို မျက်လုံးမှိတ်ရင်း ခံစားနေမိတယ်။
ရေပန်းကိုပိတ်လိုက်တာနဲ့ တပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်မှု့ဆိုတာကြီးက လွှမ်းမိုးသွားလေတယ်။သပတ်အဖြူကို ခါးမှာပတ်ပြီး နောက်သပတ်တစ်ခုကို ခေါင်းသုတ်ရင်း အခန်းထဲပြန်သွားနေလေတယ်။သို့သော် အထဲဝင်ရန်လည်း တွန့်ဆုတ်နေမိတယ်။အဲ့ဒါကပဲ အခန်းထဲက ရေချိုးခန်းကို မသုံးပဲ ဧည့်ခန်းကရေချိုးခန်းကိုပဲ တကူးတက သွားသုံးရခြင်းရဲ့ အဓိကအကြောင်းပြချက်ဖြစ်လေတယ်။
အခုတော့ မဝင်လို့မရ။တစ်နေကုန် အင်္ကျီမဝတ်ပဲ နေနိုင်မှသာ မဝင်ပဲနေရလေမည်။မင်းရာဇာ အခန်းရှေ့ စဉ်းစားနေတာ ရေစက်လေးများပင် ခြောက်သွေ့စပြုလို့နေတယ်။ဒါဟာ သူ့ရဲ့ပထမဆုံးတွေဝေခြင်း ဖြစ်တယ်။နောက်ဆုံးမှ ဆုံးဖြတ်ချက်လုံးလုံးချပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်လေတယ်။
အခန်းထဲမှာ အိပ်ပျော်နေတဲ့ သီဟကို မြင်ရမှပဲ သူစိတ်အေးလေတော့တယ်။အင်္ကျီဗလာနဲ့ အိပ်မောကျနေပြီး ပုံစံက အတော်စိတ်ပင်ပန်းနေပုံရ၏။အိပ်နေတာတောင် လွတ်လွတ်လပ်လပ် အိပ်နိုင်ခြင်းမရှိ။
မင်းရာဇာ သူ့ဘေးနားဝင်ထိုင်လိုက်တယ်။ရှုပ်ပွနေတဲ့ အနက်ရောင်ဆံနွယ်လေးတွေ ကြားထဲ လက်ချောင်းများကို ပြေးလွှားစေလိုက်တယ်။ပြောင်ရှင်းသွားတဲ့ မျက်နှာပြင်က ကြည့်ကောင်းလှ၏။တဖုံ ချစ်ဖို့ကောင်း၏။
မင်းရာဇာ သီဟရဲ့ရင်ဘတ်ကို လက်နဲ့ဖွဖွလေးဖိပြီး သူ့နှုတ်ခမ်း ပန်းနုရောင်လေးကို ထပ်ဖိနမ်းလိုက်တယ်။ခံစားချက်က အရသာက ခုနကအတိုင်းပင် မြဲ၏။ထပ်ပြီး စွဲလန်းစေ၏။မူးရစ်ဆေးကို သုံးစွဲနေရသလို။သူ့မျက်လုံးစုံမှိတ်ရင်း ခံစားနေမိလေတယ်။
မင်းရာဇာရဲ့မျက်လုံးတွေက တဖြည်းဖြည်းပြန်ပွင့်လာပြီး သီဟဆက်ရဲ့ ခေါင်းလေးကို မလိုက်တယ်။မာကျောတဲ့ သူ့လက်မောင်းကို ခေါင်းအုံးသဖွယ်ပြုပြီး အပ်ထားပေးလိုက်တယ်။ပြီးမှခေါင်းလေးကို ရင်ခွင်ထဲ ထည့်ရင်း သူပါလှဲနေလိုက်မိတယ်။ထိုခံစားချက်က ပြိုင်ဘက်ကင်း၏။တစ်ယောက်ကိုမှ နွေးနွေးထွေးထွေး မဖက်ဖူးခဲ့တဲ့မင်းရာဇာ အတွက် သီဟကိုဖက်ထားရခြင်းက နွေးထွေး၏။ဒါဟာ ဒီခံစားချက်ကို ပထမဆုံးခံစားရခြင်းပင်။
"သေချာတယ်။ငါမင်းကို ချစ်မိသွားပြီ။"
'အမေ...။'
သီဟပါးစပ်က မပီမသ ယောင်လိုက်တဲ့ အသံက မင်းရာဇာကို စိတ်မကောင်း ဖြစ်သွားစေတယ်။မကြာခင် ခေါင်းကို ရမ်းပြီး မင်းရာဇာရဲ့ အဝတ်ကင်းစင်ပြီး နွေးထွေးတဲ့ ရင်ခွင်ထဲတိုးဝင် လာလေတယ်။လက်တစ်ဖက်ကလည်း ဗိုက်ကိုကျော်ပြီး တစ်ဖက်ကခါးကို သွယ်ဖက်လာလေတယ်။မင်းရာဇာလည်း ကျန်လက်တစ်ဖက်နဲ့ ရင်ခွင်ထဲဆွဲယူလိုက်ရင်း နွေးထွေးစွာ ပြန်ဖက်ထားမိရင် မျက်လုံးအစုံကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်လေတော့တယ်။
"ငါတောင်းပန်ပါတယ် သီဟဆက်။"
* * * * * Beyond the Galaxy * * * * *
ငါ့ဘဝမှာ မင်းကြောင့်.....
ပထမဆုံး အဆဲခံခဲ့ရတယ်။
ပထမဆုံး အအော်ခံခဲ့ရတယ်။
ပထမဆုံး ချွေးထွက်ခဲ့ရတယ်။
ပထမဆုံး ဒဏ်ရာရခဲ့တယ်။
ပထမဆုံး ငါမကြိုက်တာတွေ စားခဲ့ရတယ်။
ပထမဆုံး သဝန်တိုခဲ့ရတယ်။
ပထမဆုံး တွေဝေခဲ့ရတယ်။
ပထမဆုံး နွေးထွေးခဲ့ရတယ်။
ပြီးတော့ ငါမင်းကို ပထမဆုံး...
နှလုံးသားထဲကနေ ချစ်မိခဲ့ပြီ...။