အပိုင်း (က)
မလာစဖူး လာလည်တဲ့ သူကြောင့် ဦးလေးငယ် အံ့သြနေခဲ့သည်။ ထမင်းစားချိန်ဖြစ်၍ ထမင်းစားပြီးမှ ပြန်ရန် အန်တီငယ် ပြောသောကြောင့် ထမင်းစားဖြစ်ခဲ့သည်။ ညကိုးနာရီထိ ဦးလေးငယ်နှငိ့ စကားပြောဖြစ်ကြသည်။ ဦးလေးငယ်အခန်းထဲက ထွက်လာတော့ ကောင်လေးနေတဲ့ အခန်းကို တစ်ချက်ကြည့်လိုက်မိသည်။
"Good nightပါ ကောင်လေးရေ။ မနက်မှ တွေ့ကြတာပေါ့"
မနက်ကျရင် တွေ့မယ်။ ဟုတ်ပါတယ်။ မနက် ခုနစ်နာရီခွဲလောက် ကောင်လေးကို လာစောင့်မည်ဟု သူတွေးထားသောကြောင့် ဖြစ်သည်။ စောင့်ရသည့် အကြောင်းပြချက်ကတော့ ကောင်လေး တက်တဲ့ ကျောင်းကို သိချင်၍ ဖြစ်သည်။ သို့မှသာ ကောင်လေး သီချင်းဆိုမည့် ပွဲကို သိပြီး ကျိန်းသေပေါက် သွားကြည့်နိုင်မည် မဟုတ်လော။
အိမ်ပြန်ရောက်တော့ ညဆယ်နာရီခွဲနေပြီ ဆိုတော့ ရေချိုးပြီးတာနဲ့ ချက်ချင်း အိပ်ရာဝင်ခဲ့သည်။ မနက်ကျလျှင် စောစောထရမည်လေ။ အရင်နေ့တွေကဆို နာရီနှိုးစက် မည်မျှပင် ဆူညံစေကာမူ မထတတ်။ လာနှိုးရင်တောင် သုံးခါလောက် နှိုးမှ ထတတ်သော သူက ဒီနေ့တော့ နှိုးစက်သံကြားသည်နှင့် မျက်လုံးအစုံက ပွင့်လာခဲ့သည်။ အချိန်ကြည့်တော့ မနက်၆နာရီကို ညွှန်ပြနေသည်။
"ကိုယ်လည်း မင်းကြောင့် မနက်စောစောထဖူးပြီဘဲ ကောင်လေးရေ"
ကုတင်ဘေးက စားပွဲပေါ်မှာ အားသွင်းထားတဲ့ ဖုန်းကို ဖြုတ်လိုက်ပြီး ကျောင်းသွားရန် ပြင်ဆင်လိုက်သည်။ ရေချိုးပြင်ဆင်ပြီးနောက် အောက်ထပ် မီးဖိုချောင်ထဲ မနက်စာ ပြင်ဆင်နေသော အဒေါ်ကြီးကို တစ်ချက်ကြည့်ပြီး စားပွဲပေါ် ဖျော်ထားသော ကော်ဖီကို ခွက်ထဲ ထည့်ကာ သောက်လိုက်သည်။ အဒေါ်ကြီးကတော့ ကိုယ့်ကို အံ့သြဖွယ် အရိပ်အယောင်တွေနဲ့ ထူးဆန်းစွာ ကြည့်နေသည်။
"ဒီနေ့ သခင်လေးက စောစောနိုးနေပါလား။ ကျောင်းအစောကြီး သွားတော့မို့လား"
"အင်း ဟုတ်တယ်။ ကျွန်တော် သွားစရာရှိသေးလို့"
"ဟုတ်ကဲ့။ ဒီမှာ ထမင်းကြော်ရပြီ မသွားခင် စားသွားပါဦးလား"
"မစားတော့ဘူး အဒေါ်ကြီးကင်မ်။ ကျွန်တော် နောက်ကျနေမှာစိုးလို့ သွားတော့မယ်"
"ဟုတ်ကဲ့ ဂရုစိုက်သွားပါ သခင်လေး"
"ဟုတ်ကဲ့"
ကောင်လေးလည်း အိမ်က ထွက်လာပြီး တက္ကစီ တစ်စီးငှားကာ ကောင်လေး နေတဲ့ တိုက်ခန်းနားကို လာခဲ့လိုက်သည်။ တိုက်ခန်းရှေ့မှာ ရှိတဲ့ ပန်းခြံလေးထဲ ဝင်ထိုင်ရင်း လက်စွဲတော် ကင်မရာလေးနဲ့ ဟိုဟိုဒီဒီ ရိုက်ရင်း ကောင်လေးကို ထွက်အလာကို စောင့်နေမိသည်။
လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကိုကြည့်တော့ ရှစ်နာရီကို ညွှန်ပြနေသည်။ မကြာမီ သူမျှော်နေသော ကောင်လေး တိုက်ခန်းထဲက ထွက်လာခဲ့သည်။ ကောင်လေးနဲ့ မလှမ်းမကမ်းကနေ ကောင်လေးနောက်ကို လိုက်ခဲ့လိုက်သည်။ သူစီးတဲ့ကားကို လိုက်စီးကာ သူဆင်းတဲ့နေရာကို ဆင်းခဲ့သည်။
ကောင်လေးဆင်းတဲ့ နေရာကို ကြည့်လိုက်တော့ စီးပွားရေး တက္ကသိုလ်ဘက်။ သူလည်း ကောင်လေးသွားတဲ့နောက်ကို ဆက်လိုက်ခဲ့လိုက်သည်။ ကောင်လေးသွားတာ သူ့မေဂျာ သူ့အခန်းဆီကို တိုက်ရိုက်ပဲဖြစ်လိမ့်မည်ဟု ထင်မိသည်။ မကြာမီ အခန်းတစ်ခုထဲ ကောင်လေး ဝင်ထိုင်လိုက်သည်။ အခန်းမှာ ချိတ်ထားတဲ့ ဘုတ်ပြားကို ကြည့်လိုက်တော့ "ဒုတိယနှစ်"တဲ့။ ဝင်သွားတဲ့ ကောင်လေးကတော့ သူ့နေရာမှာ ဝင်ထိုင်ပြီး နားကြပ်တပ် သီချင်းနားထောင်ကာ စာအုပ်တစ်အုပ် ဖတ်နေပြီ ဖြစ်သည်။
အပိုင်း (ခ)
သူ'ကောင်လေး'လို့ နာမ်စားသုံးတဲ့ ဒီလူဟာ သူ့ထက် တစ်နှစ်ကြီးတယ်တဲ့လား။ မဖြစ်နိုင်တာ ဒီလူကောင်သေးသေးလေးကလေ။ ကျွန်တော့်ထက် ကြီးတယ်။ သူကောင်လေးအခန်းကိုငေးကြည့်နေမိတုန်း ဟိုနေ့တွေက ကောင်လေးနဲ့ တူတူတွဲတွေ့ရတဲ့ ကောင်လေးကလည်း ထိုအခန်းထဲကို ဝင်သွားခဲ့သည်။ ဘေးနားမှာ နောက်ထပ် ကောင်လေး တစ်ယောက်လည်း ပါသည်။ ဒါဆိုရင်တော့ ဒီကောင်လေးက ဒုတိယနှစ်ဆိုတာ သေချာပြီပေါ့။
"Renjun ahh" မိမိနာမည် ခေါ်သံကြားလို့ နားကြပ်ဖြုတ်ကာ ခေါ်သည့် Jenoကို လှမ်းကြည့်ရင်း စကားပြောလိုက်သည်။
"အော် မင်းတို့ ရောက်လာပြီလား"
"အင်းရောက်လာပြီ ဒါနဲ့ Renjun ahh"
ဒီလိုလေသံနဲ့ Jeno ပြောပြီဆို တစ်ခုခုပဲ
"ဘာပြောမလို့လဲ Nono"
"ဒီနေ့ညနေပိုင်း အချိန်လစ်ရအောင်"
ပြောတယ်မဟုတ်လား။ ဒင်းက အဲ့လို အတန်းလစ်ဖို့ အမြဲ ညှိနေတတ်သူကြီး။
"ဟင် ဘာဖြစ်လို့လဲ"
"Haechan ပြောပြလိုက်"
ဘေးနားမှာ ရောက်တည်းက ဖုန်းကိုသာ ကြည့်နေတဲ့ Haechan ကို Jeno လက်လှမ်းတို့ကာ စကားဆက်စေသည်။
"သွားသောက်ကြမလို့"
"ငါမလိုက်တော့ဘူး"
"Wae တစ်ရက်ထဲဟာကို လိုက်ခဲ့ပါ Junရဲ့"
"အင်းလေ လိုက်ခဲ့ပါ Renjun ahh"
ဆက်ငြင်းနေလည်း ကိုယ်ပဲ ရှုံးမှာမို့ RenJun ခေါင်းညိတ်ပြီးသာ လက်ခံလိုက်သည်။
"အိုခေ လိုက်ခဲ့မယ်။ ဒါပေမယ့် မင်းတို့ကလည်း အတန်းလစ်ပြီး သောက်မလို့လား။ ညနေအတန်းချိန်ပြီးမှ သွားလို့ မရလို့လား။"
ညနေပိုင်း အတန်းချိန်က ဆရာ Chen ချိန်။ ဆရာ့ ဘာသာရပ်က ခက်သလို ဆရာကလည်း အမြဲ စာပြန်မေးတတ်သည်။ စာမရလျှင် Assignment တွေ ပိုပေးတတ်သည်မို့ RenJun မေးကြည့်လိုက်ခြင်း ဖြစ်သည်။
"အင်း မရဘူး ဒီနေ့က discountချတာ နောက်ဆုံးရက်။ ပြီးတော့ အချိန်က အတန်းချိန်ပြီးတဲ့ထိပဲ discountရမှာကွ။ %က 50% တောင် လျှော့ပေးလို့"
"ဆရာ Chen အချိန် ပျက်ရမှာ ငါကြောက်တယ်ကွ။ သူ့စာတွေက သိတဲ့အတိုင်းပဲ"
"တစ်ရက်လေးပဲကိုကွာ"
Renjun ဆက်ပြောလည်း မထူးတော့ပြီမို့ ဆက်မပြောဘဲ ငြိမ်နေလိုက်တော့သည်။
"အင်းပါ ငါလိုက်ခဲ့ပါ့မယ်။ မင်းတို့ အများကြီးတော့ မသောက်ကြနဲ့နော်။ ငါမထိန်းပေးနိုင်ဘူး။"
"Renjun ပြောစရာကျန်သေးတယ်"
"ဟမ် ကျန်သေးတယ်။ ပြောလေ Haechan"
"ငါတို့တွေက မင်းအိမ်မှာ ညအိပ်မှာ"
"ဘယ်လို"
"Haechan ပြောသလိုပဲလေ Junရဲ့"
"မင်းတို့တွေ ငါ့ကို ခိုင်းချင်လို့ ခေါ်တာမလား"
"မဟုတ်ပါဘူးကွ။ မင်းကလည်း ငါမင်းအတွက် အဖော်ရအောင် Mark hyungပါ ခေါ်ထားတယ်"
"အင်း ဟုတ်တယ်။ Hyungက ကားမောင်းတတ်တယ်ဆိုတော့ ပြန်ရအဆင်ပြေအောင်"
"ဝှား မင်းတို့နှစ်ယောက်က သေချာညှိထားပြီး လုပ်တာပဲ"
"သေချာညှိလုပ်တာ မဟုတ်ဘဲ လုပ်ရင်း အဲ့လိုဖြစ်သွားတာပါ"
အပြင်က ကောင်လေးဟာ အထဲက ကောင်လေးကို တစ်ချက်ခိုးကြည့်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်ထွက်ကာ မိမိတက်နေတဲ့ တက္ကသိုလ်ဆီကို ဦးတည်လိုက်သည်။ သူတို့ပြောတာတွေကို နားထောင်ပေမယ့် သူတို့သုံးကိုယ်စာ ကြားရုံသာ ပြောသည်မို့ ဘာမှသေချာမကြားရ။ အတန်းပျက်ဖို့ ပြောသံတော့ တစ်ချက်ကြားလိုက်ရသည်မို့ ကိုယ့်အတန်းချိန်လစ်ပြီး ကောင်လေးသွားရာနောက် လိုက်ချင်ပေမယ့် ဒီနေ့ အတန်းချိန်တွေက အကုန်အရေးကြီးနေသည်မို့ ဖျက်မရ။
"ပြန်တော့မယ် ချစ်ရတဲ့ ကောင်လေးရေ"
"ခင်ဗျားတို့ကျောင်းရဲ့ Fresher welcome ကျွန်တော် လာခဲ့ပါမယ်"
အပိုင်း (ဂ)
မနက်ပိုင်း Renjun ကျောင်းသွားဖို့ ပြင်နေတုန်း ငယ်လေးဆီက ဖုန်းဝင်လာခဲ့သည်။ စိတ်မြန်လက်မြန် ရှိတဲ့ ကောင်လေးဟာ ကိုရီးယားကို လာတော့မည်ထင်ပါရဲ့။ ခုံပေါ်က ဖုန်းကို စပီကာဖွင့်ကာ စကားပြောလိုက်သည်။
"ငယ် ပြော"
(Ge ကျွန်တော် ညနေပိုင်းထွက်လာမယ် ညကိုးနာရီလောက် အဲ့ကို ရောက်မယ်)
"မြန်လိုက်တာ ငယ်ရယ် ကိုစိတ်မြန်လေးကလည်း"
(မရတော့ဘူး အရမ်းကို လာချင်နေပြီ)
"အင်းပါ ပစ္စည်းတွေ ထည့်စရာရှိတာ သေချာထည့် အရေးကြီးတာတွေ မမေ့နဲ့"
(ဟုတ်ကဲ့ အဘိုးအိုပေါက်စ)
"ဒီအဘိုးအိုပေါက်စလေးကပဲ တစ်ခုခုကို အမြဲ လှမ်းသတိပေးနေရတာလေ ပေါက်စရဲ့'
(အင်းပါ Geရဲ့ ညကျရင် လာခေါ်နော် မမေ့နဲ့)
"အင်းပါ Ge လာကြိုမယ်နော် ငယ်လေး ညနေ လာခါနီး ဖုန်းထပ်ဆက်ဦး"
(ဟုတ် Ge)
"ဒါဆို Ge ဖုန်းချလိုက်တော့မယ်နော်"
(ဟုတ် Ge bye bye)
"Bye Bye"
Renjun မနက်ဖြန် ကျင်းပမယ့် Fresher welcome ပွဲအတွက် ညနေပိုင်း rehearsal ပြီးလို့ အိမ်ပြန်ချင်ပေမယ့် Senior အချို့နဲ့ ပွဲကို ပြင်ဆင်နေသည်ကို ဝိုင်းကူလုပ်ပေးလိုက်သည်။ ဝိုင်းကူပြီး ထွက်လာတော့ ၇နာရီခွဲ။ အိမ်ပြန်ပြီးမှ လေယာဥ်ကွင်းသွားဖို့ဆို အချိန်မမီလောက်တော့ဘူး။ ဒါကြောင့်မို့ ကျောင်းရှေ့ကသာ တက္ကစီငှားကာ လေယာဥ်ကွင်းဆီ သွားလိုက်သည်။
လေယာဥ်ကွင်းရောက်တော့ ၉နာရီ ၁၅ မိနစ် ရှိပြီ။ အနီးနားက အအေးဆိုင်က အအေးတစ်ခွက်မှာသောက်ရင်း ငယ်လေးတို့ လေယာဥ်ဆိုက်မည့် အချိန်ကို စောင့်နေလိုက်သည်။ မိနစ် နှစ်ဆယ်လောက်အကြာ လေယာဥ်ဆိုက်ပြီး မကြာမီ ထွက်လာတဲ့ လူအများကြား ငယ်လေးကို Renjun ရှာမိသည်။ တွေ့ပါပြီ ဟိုကြည့် ဒီကြည့်နဲ့ ထွက်လာတဲ့ ငယ်လေး။ သူနဲ့ နီးနိုင်မယ့် နေရာကို သွားကာ ခေါ်လိုက်သည်။
"ငယ်လေး Ge ဒီမှာ"
"Ge"
"အဆိုးလေး အထုတ်တွေပေး Ge ကို"
"ရတယ် Ge"
"ပေးပါ Ge ကို ကားငှားလိုက်ဦးမယ်"
"Ge ကားကရော"
"ကျောင်းမှာ မနက်ဖြန် Fresher welcome အတွက် ဝိုင်းကူပေးတာ။ ခုနမှ ပြင်ဆင်တာ ပြီးတော့ အိမ်ပြန်ရင် ငယ့်ကို မမီမှာစိုးလို့ ကျောင်းကနေ ဒီကိုပဲ တန်းလာလိုက်တာ"
"အင်း"
ညီအစ်ကိုနှစ်ယောက် တိုက်ခန်းရောက်တော့မှ ရေချိုး မုန့်မှာစားရင်း အေးဆေးစကားပြောဖြစ်ကြသည်
"ငယ်လေးက ဘယ်နေ့ test ဖြေရမှာလဲ"
"သန်ဘက်ခါ"
"အင်း မနက်ဖြန် ဘယ်မှသွားစရာမရှိဘူးပေါ့"
"Ge တို့ ကျောင်းက Fresher welcome ရှိတယ်ဆို လိုက်ခဲ့မယ်လေ"
"လိုက်ခဲ့လေ ငယ် Fresher welcome က ညနေ ၃နာရီကနေ ည၉နာရီလောက်ထိ လုပ်မှာ"
"မနက်ပိုင်း အားတာပေါ့"
"အင်း အားတယ် ငယ် ဘာလုပ်ချင်လို့လဲ"
"ကျောင်းကို တစ်ချက်လောက် သွားကြည့်ချင်လို့"
"ကောင်းပြီလေ။ မနက်ကိုးနာရီလောက် လိုက်ပို့ပေးမယ်လေ။ ဆယ့်တစ်နာရီလောက် အိမ်ပြန်လာပြီး ညနေ ကျောင်းသွားဖို့ ပြင်ကြမယ်။ ၁၂ခွဲလောက် သွားမယ်။ ငါကူပေးစရာရှိလို့ ငယ်အဆင်ပြေလား"
"ရတယ် အဆင်ပြေတယ်"
"မနက်ဖြန် ကျောင်းရောက်ရင် ge သူငယ်ချင်းတွေ အံ့သြမှာ မြင်ယောင်မိတယ်"
"ဘာလို့လဲ"
"Ge မှာ ညီရှိတယ်ပဲ သူတို့သိထားတာ။ ဓာတ်ပုံလည်းမပြဘူးတော့ အမြွှာမှန်း မသိကြဘူးလေ"
"စလို့ရတာပေါ့"
"အင်းပေါ့"
"ကဲ ၁၂တောင် ထိုးတော့မယ် ငယ် နားတော့"
"အင်း Good night Gege"
"Good night ငယ်"
အပိုင်း (ဃ)
ကျွန်တော် မနက်ပိုင်း အတန်းချိန်တက်ပြီးနောက် စီးပွါးရေး တက္ကသိုလ်ဘက် လာခဲ့သည်။ ဒီနေ့ ပွဲမှာ ကောင်လေး သီချင်းဆိုမည်ဆိုတော့ သေချာပေါက် ကောင်လေးဆိုတာ နားထောင်ပြီး ရင်းနှီးမှု ရအောင် တစ်ခုခုလုပ်ရမည်။ နင်းလာတဲ့ စက်ဘီးလေးကို စက်ဘီးရပ်တဲ့ နေရာမှာ ရပ်ပြီးနောက် ပွဲကျင်းပမည့် နေရာကို ရှာကာ လာခဲ့လိုက်သည်။
မလှမ်းမကမ်းမှာ မြင်နေရတဲ့ ကောင်လေး။ အမ် သူ့ဘေးမှာ နောက်တစ်ယောက်။ ရုပ်ကလည်း ကောင်လေးနဲ့ တူတူပဲ။ အမြွှာတွေလား တစ်ခါမှ တူတူတွဲမမြင်ဖူးဘူး။ ကောင်လေး ဘေးနားက သူ့သူငယ်ချင်းတွေကလည်း အံ့သြတကြီးနဲ့ ကြည့်နေကြသည့်ပုံဆိုတော့ သူတို့တွေလည်း မသိကြတာလား။
"Renjun ahh နေဦး ဘယ်သူက ဘယ်သူတုန်း"
"အေးလေ ငါတို့ကို ညီရှိတယ်တော့ ပြောပြီး အမြွှာလို့လည်း မပြောဘူး"
"နှစ်ယောက်လုံး ရယ်မနေဘဲ ဘယ်သူက ဘယ်သူလဲ ဆိုတာ ပြောကြပါလား"
"Jeno ahh ငါတို့ အရူးလုပ်ခံနေရတာလား"
"အင်းဆို မနောက်ပဲနဲ့ ပြောကြပါဦး"
"မပြောရင်လည်း လာ Haechan ငါတိူ့ သွားရအောင်"
"ဟားဟား"
"ကဲပါ ပြန်ထိုင် ငါမိတ်ဆက်ပေးမယ်"
"ဒါဆို မင်းက Renjun ပေါ့"
"မင်းတို့က ကိုယ့်သူငယ်ချင်းတောင် ကိုယ်သေချာမသိဘူး"
"ရုတ်တရက်ဆိုတော ငါတို့က ဘယ်လိုမှတ်မိပါ့မလဲ"
"အင်း ထားပါတော့ သူ့နာမည်က Injun ငါ့ထက် ငါးမိနစ်ငယ်တဲ့ အမြွှာ .. ငယ်လေး သူက Haechan ဟိုက Jeno အသက်က ငါတ်ု့ထက်တော့ လပိုင်းငယ်တယ်"
"တွေ့ရတာ ဝမ်းသာပါတယ် Huang Injun ပါ"
"အင်း ငါတို့ကလည်း တွေ့ရတာ ဝမ်းသာပါတယ်"
"ဒါနဲ့ Jun အဲ နှစ်ယောက်လုံးက Jun တွေပဲ ဆိုတော့ ငါတို့သူငယ်ချင်းကို Renလို့ ခေါ်ပြီး မင်းကို In လို့ ခေါ်မယ်"
"ရတယ် အဆင်ပြေလိုခေါ်"
"မင်းက ဘယ်တက္ကသိုလ်ကလဲ တစ်ခါမှ မတွေ့ဖူးဘူး"
"အင်း ငယ်က မနေ့ညကမှ တရုတ်က ဒီကိုရောက်တာ ကျောင်းပြောင်းလာတာ သူက"
"အော် ဒါဆို ပထမနှစ်က ပြန်တက်ရမှာလား"
"မဟုတ်ဘူး ငါက International College တက်တာ။ ငါတို့ကျောင်းက တရုတ်ရော ဒီမှာရော နောက်တခြားနိုင်ငံတွေမှာလည်း ဖွင့်ထားသေးတယ်။ အဲ့တာ သင်တာ တူတူပဲဆိုတော့ Test တစ်ခု ဖြေပြီး လက်ရှိအတန်း တက်လို့ရပြီ"
"ကောင်းတာပေါ့။ မင်းလည်း ကိုရီးယား စကားကျွမ်းသားပဲ"
"အင်း Geနဲ့တူတူ သင်တန်းတက်ထားတယ်လေ"
"အင်း"
ကောင်လေးတို့ ထိုင်နေတဲ့ စားပွဲရဲ့ ဘေးခုံဝင်ထိုင်လိုက်တော့ ကောင်လေးတို့ အုပ်စုပြောသမျှ အကုန်ကြားရသည်။ ကောင်လေးဘေးက သူ့ညီငယ်လေးက ကောင်လေးနဲ့ ရုပ်ချင်း ခွဲမရအောင် တူပေမယ့် ကျွန်တော့် ကောင်လေးက
တည်ငြိမ်ခန့်ညားပြီး လူကြီးဆန်မည့်ပုံ။ ကောင်လေးရဲ့ ညီလေးပုံစံကတော့ သွက်လက်ပြီး လွတ်လွတ်လပ်လပ် လူငယ်ပုံစံ ပေါက်သည်။
အပိုင်း (င)
"ခုတစ်ခေါက် သီဆိုဖို့ အလှည့်ကျတာကတော့ Jeno နဲ့ Renjun ဖြစ်ပါတယ်ရှင်" လို့ ကြေညာပြီးတဲ့နောက်မှာ Jeno နဲ့ Renjun စင်ပေါ်သို့ တက်ခဲ့သည်။ Jenoက မိမိအား နှုတ်ဆက်ခိုင်းသည်မို့ ကျွန်တော် စတင်နှုတ်ဆက်လိုက်သည်။
"ကျွန်တော်တို့ ဆိုမယ့် သီချင်းက Puzzle piece လို့ ခေါ်ပါတယ်။ ကျွန်တော်နဲ့ Jeno ကိုယ်တိုင်ရေးထားတာမို့ လိုအပ်တာတွေ ရှိရင် နားလည်ပေးကြပါ"
သီချင်းရဲ့ စ/လယ်/ဆုံးကို ကျွန်တော်နဲ့ Jeno အပေးအယူမျှမျှနဲ့ ကောင်းမွန်စွာ သီဆိုနိုင်ခဲ့သည်။ သီချင်းဆုံးတော့ လက်ခုပ်သံတွေက ပွဲကျင်းပရာ နေရာတစ်လုံး သောသောညံလေရဲ့။
ကောင်လေး စင်ပေါ်က ဆင်းလာပြီး သူထွက်လာမယ့် အပေါက်ကနေ စောင့်နေမိသည်။ ဒီညတော့ သူကောင်လေးကို သေချာပေါက် ရင်းနှီးမှု တစ်ခုရအောင် လုပ်ရမည်။ မကြာခင် ထွက်လာသော ကောင်လေးနဲ့ သူ့သူငယ်ချင်း။ ကောင်လေးသွားမယ့် လမ်းရဲ့ ရှေ့မှာ ရပ်လိုက်တော့ ကောင်လေးက မော့ကြည့်သည်။
"ဆွဲပြီး ဖက်နမ်းချင်စရာလေး" ဤသည်မှာ စိတ်ထဲတွင်သာ တွေးမိသော အပြင်မှာ လုပ်ကြည့်ပါလား လက်သီးနဲ့ ထိုးခံရမယ့်အကွက်။
ကောင်လေးနည်းတူ သူ့သူငယ်ချင်းတွေနဲ့ သူ့ညီကပါ ကိုယ့်ကို ကြည့်လာကြသည်။ အပြုံးတစ်ခုကို ဆင်မြန်းပြီးနောက် ချစ်ရတဲ့ ကောင်လေးကို စတင် မိတ်ဆက်လိုက်သည်။
"Annyeonghaeseyo ကျွန်တော် အစ်ကိုဆိုတာ သဘောကျလို့ပါ"
"အာ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"
*ပြန်ဖြေတဲ့ ချိုမြတဲ့ အသံလေးကြောင့် ရင်ထဲက အကောင်က အတိုင်းအဆမရှိ ခုန်နေခဲ့သလို အပြုံးဟာလည်း အရင်ကထက် တောက်ပလာခဲ့သည်*
"ကျွန်တော် အစ်ကို့ရဲ့ IG acc လေး သိလို့ရမလား ခင်ဗျ"
"အော် ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော့်ကို ဖုန်းပေးပါလား ကျွန်တော်ရှာပေးမယ်။ ဒါနဲ့ ဒီက နာမည်က"
"ဟုတ်ကဲ့ ဖုန်းက ဒီမှာပါ။ ကျွန်တော့် နာမည်က Na Jaeminပါ"
"ရပြီ ဒါကျွန်တော့်အကောင့်ပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် hyung"
"ရပါတယ် ဒီကျောင်းကပဲလား"
"မဟုတ်ဘူးခင်ဗျ။ တခြားကျောင်းကပါ။ ဒီပွဲကို သူငယ်ချင်း ခေါ်လို့ လာဖြစ်တာပါ"
"အော်"
#Ge ပြီးရင် လာတော့လေ#
'အင်း ငယ်လေး လာပြီ'
"ခေါ်နေပြီပဲ။ Acc ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ"
"ဟုတ်ကဲ့ ရပါတယ် သွားလိုက်ပါဦးမယ်"
"ဟုတ်ကဲ့ခင်ဗျ"
#မင်းကလည်း ကြာလိုက်တာ ဘာတွေလုပ်နေလို့လဲ#
#Ig acc တောင်းနေတာပါ ဘာမှမဟုတ်ပါဘူး#
#အလဲ့ Wuri Renjun လေးတောင် acc တောင်းတဲ့သူတွေ ဘာတွေနဲ့#
#Ge အဲ့လူအကြည့်တွေက သိပ်မရိုးသားဘူးနော်#
#အင်းပါ ခုတစ်ခုခုသွားစားကြရအောင်လေ ပြီးမှ ပြန်လာကြမယ်#
#အင်း ကောင်းတယ် သွားကြမယ်#
* ကောင်လေးရေ ... ကျွန်တော့်ကို မှတ်မိနေပေးပါ ... မမှတ်မိချင်လည်း မှတ်မိရမှာ ကောင်လေး တာဝန်ပဲ ... ကိုယ့်အနာဂတ်မှာ သက်ဆိုင်လာမယ့်သူကို နည်းနည်းမှ မမေ့ရဘူးနော်*
ဤသည်မှာ IG acc ရ၍ အပျော်လွန်နေသော ကောင်လေးဆီက ရေရွတ်သံလေး ......