ကမ႓ာႀကီး အြန္လိုင္းေပၚ တက္သြာ...

By god-dess11

80.5K 6K 384

လြန္ခဲ့သည့္ေၿခာက္လက ထိ၍ကုိင္၍မရသည့္အနက္ေရာင္ေမ်ွာ္စင္ေပါင္း ကမာ႓အနွံ ့တြင္ သိန္းခ်ီကာ ေပၚထြက္လာခဲ့သည္ ။ ဓာတုေ... More

အၫႊန္း
အခန္း ၁
အခန္း ၂
အခန္း ၃
အခန္း ၄
အခန္း ၆
အခန္း ၇
အခန္း ၈
အခန္း ၉
စာစဥ္ ၂ ( ၁ + ၂ )
စာစဥ္ ၂ ( ၃ + ၄ )
စာစဥ္ ၂ ( ၅ + ၆ )

အခန္း ၅

1.5K 406 20
By god-dess11

မ်က္နွာေၿပာင္မိန္းကေလးသည္ ထုိထူးဆန္းသည့္သဲလြန္စကို ေပးၿပီး ခုန္ဆြခုန္ဆြထြက္သြားေလၿပီ ။

တန္မိုသည္ ထုိမ်က္နွာေၿပာင္မိန္းကေလးအား သတ္ပတ္ခ်င္စိတ္ကုိ မနဲၿမိဳခ်ေနရရင္း အသက္ကုိၿပင္းၿပင္းရွဴရိႈက္လုိက္၏ ။

အခုေတာ့ ‘ေန ့အခ်ိန္’ ၿဖစ္လာခဲ့ေလၿပီ ။ သုိ ့ၿဖစ္၍ နတ္ဆိုးသည္လည္း ေပ်ာက္ကြယ္သြားခဲ့ၿပီ ။ နတ္သားတုိ ့သည္ စိတ္ရွိသလုိ လြတ္လြတ္လပ္လပ္ သြားလာနုိင္ေလၿပီ ။ အခု ဒီထူးဆန္းသည့္ေနရာၾကီးတြင္ ရွိေနသည္မွာ နာရီပုိင္းေလာက္ ရွိေနၿပီ ။
တန္မိုတုိ ့ ၾကာၾကာစိတ္မလႈပ္ရွားနုိင္အားေပ ။ သူတို့၏တုတ္အသီးသီးကုိ ေကာက္ကိုင္လုိက္ၿပီး ထုိေလာင္က်ြမ္းပ်က္စီးထားခဲ့သည့္ စာအုပ္စင္ တုိ ့ဆီ ေလ်ွာက္သြားလုိက္ၾကသည္ ။ တန္မိုသည္ ဒူးေထာက္ထုိင္ခ်လုိက္ၿပီး စာအုပ္စင္ မီးေလာင္က်ြမ္းၿပီး ၿဖစ္လာသည့္ၿပာတုိ ့ကို ၾကည့္လိုက္သည္ ။

ဤစာၾကည့္တုိက္၏တတိယထပ္ထဲတြင္ စာအုပ္စင္ေပါင္း ၂၃ စင္ ရွိ၏ ။ ဒီတစ္ေခါက္ ေလာင္က်ြမ္းသြားခဲ့သည့္ စာအုပ္စင္မွာ ဧည့္ၾကိဳစားပြဲကေန ေရလ်ွင္ ကိုးခုေၿမာက္စာအုပ္စင္ ၿဖစ္၏ ။

I နွင့္စသည့္စာအုပ္မ်ား ရွိေသာ စာအုပ္စင္၊ ၿပည္တြင္းၿပည္ပ ခရီးသြား၊ ပထ၀ီအေနအထား နွင့္ ဘာသာေရးစာအုပ္မ်ား ထားထားသည့္ စာအုပ္စင္ ၿဖစ္သည္ ။ အခုခ်ိန္တြင္ ထုိစာအုပ္မ်ားအားလံုးမွာ ၿပာနန္းစံသြားၾကရေလၿပီ။ သစ္သားစာအုပ္စင္ၾကီးသည္ မည္းနက္ေနသည့္ မီးေသြးခဲတံုးၾကီးအၿဖစ္ ဘ၀ေၿပာင္းသြားရရွာၿပီး စာအုပ္
တုိ ့သည္ကလည္း မိႈင္းညွိဳ ့ညွိဳ ့ၿပာမ်ားဘ၀ စံသြားရရွာၿပီ ။ တန္မို ၊ ထုိအနက္ေရာင္ၿပာတုိ ့ကို လက္နွင့္ ထိကိုင္ၾကည့္ လုိက္သည္ ။

“မပူဘူး”

ဂ်င္းေကာင္က သူ ့ကို ၾကည့္လာသည္ ။
“မပူဘူး…ဟုတ္လား”

တန္မိုက ေခါင္းညိတ္လုိက္သည္ ။
“ကေလးအသံအတုိင္းဆုိ စာအုပ္စင္က တစ္ညလံုးလံုးမီးေလာင္ထားမွာပဲ ။ ဒါဆုိရင္ မပူေနဘူးဆုိတာက မၿဖစ္သင့္ဘူး ။ ဒါေပမယ့္ ဒီမွာ သြားေနတဲ့ အခ်ိန္အတုိင္းဆုိရင္ မီးေလာင္ထားတာက နာရီ၀က္ေလာက္ကပဲ ရွိဦးမယ္ ။ ဒီေလာက္ၾကီးတဲ့စာအုပ္စင္ၾကီးကို စာအုပ္ေတြ တစ္ေသာင္းေက်ာ္ ရွိေနတဲ့စာအုပ္စင္ၾကီးကို တစ္နာရီအတြင္း အေၿပာင္၀ုိက္ပစ္လုိက္ဖုိ ့ ဆုိတာကေတာ့…အင္း…ဒါ က်ြန္ေတာ္တို့ သိတဲ့နယ္ပယ္ကို လြန္သြားၿပီ”

ဂ်င္းေကာင္သည္လည္း ထုိသုိ ့ ေတြးမိဟန္မွာ သိသာလွသည္ ။
“အင္းေလ…မီးရိႈ ့သြားတဲ့သူက နတ္ဆုိးပဲဟာ ။
ဒီေတာ့ သိပၸံနည္းက် ဘယ္ေၿပာလုိ ့ရေတာ့မွာလဲ”

သူတို ့ထံတြင္ ၿဖစ္ပ်က္ေနသည့္အရာအားလံုးသည္ သိပၸံေဘာင္ကို ေက်ာ္လြန္ေနသည္ ။
ထိုသို ့ၿဖစ္လာၿပီးသည့္ေနာက္တြင္ေတာ့
သူတို ့လဲ ထပ္ၿပီးေၾကာက္ရြံ ့စိုးရိမ္မေနနုိင္ေတာ့ ။

ဂ်င္းေကာင္က ထုိစာအုပ္ရွာသည့္ကိစၥကုိုသာ သိသိသာသာ ပုိၿပီးအာရံုေရာက္ေနသည္ ။  သူ အေၾကာက္ေၾကာက္
္အလန္ ့လန္ ့ၿဖင့္ တံေတြးတုိ ့ ဂလုခနဲၿမိဳခ်လုိက္ၿပီး…
“ေပ်ာက္သြားတဲ့စာအုပ္ကုိ နတ္သားသိတယ္လုိ ့ အဲ့ေကာင္မေလး ေၿပာသြားတယ္မလား ။ တန္မို…မင္း ဘယ္စာအုပ္ကုိ သိလဲ”

ထုိ ့ေနာက္၊ ဂ်င္းေကာင္က ခနရပ္လုိက္ၿပီး ထပ္ၿဖည့္ေၿပာလာသည္ ။

“ငါ သိထားတဲ့စာအုပ္ေတြက အမ်ားၾကီးပဲ ။ ငါ ဒီစာၾကည့္တုိက္ထဲမွာ လာဖတ္ေနတာ တစ္နွစ္ေက်ာ္ေနၿပီ ။ ဒီေတာ့ ဘယ္စာအုပ္မွန္း ငါကေတာ့ မသိေတာ့ဘူး”

တန္မိုသည္ကေတာ့ စုိးရိမ္မေန ။
“က်ြန္ေတာ္က ဒီတတိယထပ္မွာရွိတဲ့ စာအုပ္ေတြအကုန္လံုးကုိ ကုိင္ထားရတဲ့သူပါဗ် ။ ခင္ဗ်ားထက္ ပိုၿပီးေတာ့ေတာင္ သိတာေပါ့”

ဂ်င္းေကာင္က သူ ့ကို စုိက္ၾကည့္ေနၿပီး ေဇာေခ်ြးတုိ ့ စပ်ံလာသည္ ။
“ဒါဆုိ ဘာလုပ္ၾကမလဲ ။ အခုက ဒုတိယေန ့ၿဖစ္ေနၿပီ”

တန္မိုသည္ ၿပန္မေၿဖဘဲ ထုိၿပာေတြကိုသာ လုိက္လံၾကည့္ရႈေနသည္ ။ ဂ်င္းေကာင္သည္ကလည္း ဆက္တုိက္စကားေၿပာဆုိေနသည္ ။ ထိုကေလးမေလး ေပၚလာစဥ္က သဲလြန္စတခ်ဳိ ့ကို ေပးသြားခဲ့သည့္တုိင္ အခုထိ ဘာကိုမွ မသိရေသးသၿဖင့္ အေလာတၾကီး ေမးလုိက္၏ ။

“တန္မုိ…ငါတုိ ့ ဘာလုပ္ၾကမလဲ”

“စိတ္ကို ေအးေအးထား”

တန္မိုသည္ ထိုၿပာေရွ့တြင္ ထုိင္ေနရင္းကေန ဂ်င္းေကာင္ဘက္ကို ၾကည့္လာသည္ ။ ၿပတင္းေပါက္အၿပင္ဘက္က ‘ေနေရာင္ၿခည္’ သည္
သူ ့မ်က္နွာထက္တြင္ ၿဖာက်ေနသည္ ။
သူ ေရးေရးၿပံဳးလုိက္ၿပီး ေၿပာလုိက္သည္ ။

“အေရးအၾကီးဆံုးအခ်က္က အခုမွ… နတ္ဆုိးက ဘာလုိ ့ ဒီစာအုပ္စင္ကို မီးရိႈ ့ပစ္တာလဲ”

တမုဟုတ္ခ်င္း ဂ်င္းေကာင္ ေတာင့္မတ္သြားသည္ ။

စာအုပ္စင္ေပါင္း ၂၃ ရွိ၏ ။ ပံုမွန္အားၿဖင့္ဆုိလ်ွင္ နတ္ဆုိးသည္ စာအုပ္စင္ ၂၃ ခုထဲက ၃ ခုကို မီးရႈိ ့ပစ္နုိင္ ေပသည္ ။ နတ္သားသည္ စာအုပ္ကုိ ရွာမေတြ ့ေသးဘူး မဟုတ္ပါလား ။

ဂ်င္းေကာင္က ေတြးၾကည့္လုိက္ၿပီး ရွင္းၿပလာသည္ ။
“နတ္ဆုိးက သူ ဖြက္ထားတဲ့စာအုပ္စင္ကို မမွတ္မိဘူးလုိ ့ ဟိုကေလး ေၿပာသြားတယ္မလား ။ အဲ့ဒါေၾကာင့္
ေတြ ့ကရာစာအုပ္စင္ကို မီးရိႈ ့ပစ္လုိက္တာ ၿဖစ္မွာပါ”

“ၿဖစ္နုိင္ပါတယ္”

ဂ်င္းေကာင္သည္ လက္ကုိ ဆံပင္တုိ ့ထဲ ထိုးဆြလုိက္ရင္း ေတြးဆေနသည္ ။ “ငါတုိ ့ အဲ့စာအုပ္ကုိ ၿမန္ၿမန္ရွာမွၿဖစ္မယ္ ။ ရွာမေတြ ့ရင္ ငါတုိ ့ ပြဲသိမ္းသြားလိမ့္မယ္ ။ အခုတေလာ
ငါ ဖတ္ထားတဲ့စာအုပ္ေတြက ဒီစာအုပ္စင္ေပၚမွာ…”

ဂ်င္းေကာင္၏မ်က္နွာမွာ အေတာ္ေလးပ်က္ယြင္းေနသည္ ။ “အင္း…ဒီေလာင္သြားတဲ့စာအုပ္စင္ပဲ ။ တန္မုိ…မင္းေရာ”

တန္မိုက မတ္တပ္ထရပ္လာသည္ ။
“က်ြန္ေတာ္ ထိေတြ ့ရတ့ဲစာအုပ္ေတြက အမ်ားၾကီးပဲ ။ က်ြန္ေတာ့္အလုပ္က ေန ့တုိင္းေန ့တုိင္း စာအုပ္ေတြကိုပဲ ကိုင္တြယ္ေနရတာေလ”

ဂ်င္းေကာင္မွာ စိတ္မႈိင္လက္မိႈင္ၿဖစ္သြားဟန္ ေပၚလာ၏ ။
သူ ့ေဘးနားတြင္ ရွိေနသည့္စာအုပ္စင္ေပၚက စာအုပ္တုိ ့ကို ၾကည့္လုိက္ၿပီး ၾကမ္းၿပင္ေပၚက ၿပာတုိ ့ကို ၾကည့္လုိက္သည္ ။ အလြန္အမင္း စိုးရိမ္ ထိတ္လန္ ့ေနဟန္ ေပၚလ်က္ ထုိကေလးမေလး ေၿပာသြားသည့္ စကားတုိ့ကို ထပ္ခါတလဲလဲ ရြတ္ေနသည္ ။

ပံုမွန္အားၿဖင့္ဆုိလ်ွင္ ထူးၿခားဆန္းၾကယ္သည့္အရာေတြ၊ သရဲသဘက္ေတြကို ၿမင္လုိက္ရလ်ွင္ သာမန္လူတစ္ေယာက္သည္ စိတ္ကေယာက္ကယက္ၿဖစ္သြားမည္သာ ။

တန္မုိသည္ ထုိၿပာတုိ ့ကို လက္နွင့္ ဆုပ္ယူၾကည့္လုိက္သည္ ။ အေရွ ့အေနာက္ ေခါက္တံု ့ေခါက္ၿပန္ ေလ်ွာက္ေနသည့္ ထုိဂ်င္းေကာင္ကို ၾကည့္လုိက္ရင္း….ရုတ္တရက္ အမွတ္ရလာ၏ ။

“ဟုတ္သားပဲ…က်ြန္ေတာ္ အခုတေလာ စာအုပ္စင္တစ္ခုကုိ ကိုင္ထားခ့ဲေသးတယ္ ။ ေရွ့သံုးရက္ေလာက္ကပဲ H နဲ ့စတဲ့စာအုပ္စင္ကို ဖုန္သုတ္ေပးပါလုိ ့ ဒါရုိက္တာ ေၿပာလုိ ့ သန္ ့ရွင္းေရးလုပ္ခဲ့ရေသးတယ္”

ခ်က္ခ်င္းပင္ ထုိဂ်င္းေကာင္၏ေၿခလွမ္းတုိ ့ တံု ့ခနဲ ရပ္သြားသည္ ။ တန္မိုကုိ ခ်က္ခ်င္းပင္ ၾကည့္လာသည္ ။
 
“ေရွ့သံုးရက္ေလာက္ကလား…။ အခ်ိန္က အရမ္းကပ္ေနၿပီ ။ အဲ့မွာ ရွိေလာက္တယ္…”

နွစ္ေယာက္သားသည္ ထုိ H နွင့္စသည့္ စာအုပ္စင္ ရွိရာဆီကို သြားလုိက္ၾက၏ ။
ခ်က္ခ်င္းပင္ ပါးစပ္အေဟာင္းသား ၿဖစ္သြားၾက၏ ။

“စာအုပ္စင္မွာက စာအုပ္ေပါင္း ၁၂၀၀၀ မကဘူး ရွိေနတာပဲ”

တန္မုိက နံပတ္တစ္ခု ေရရြတ္လာသည္ ။

ဂ်င္းေကာင္က တည္ၿငိမ္စြာၿဖင့္ပင္ ေၿပာလုိက္သည္ ။
“စာအုပ္ကုိ ဘယ္လုိရွာၾကမွာလဲ ။ ငါတုိ ့ေတြ စင္ေပၚက
H စာအုပ္စင္ေပၚက စာအုပ္ေတြအကုန္လံုးကို ထုတ္လုိက္ၿပီး ရွာၾကည့္လုိက္ရင္ေရာ ။
အဲ့ဒါဆုိ စာအုပ္ေတြ ့တယ္လို ့ သတ္မွတ္လုိ ့ ရနုိင္လား”

ဂိမ္းထဲတြင္ ထိုစည္းကမ္းမ်ိဳး မေၿပာထားခဲ့ေပ ။ ေၿပာထားခဲ့သည္ဟု နတ္သားသည္ ေန ့အခ်ိန္တြင္ သဲလြန္စရမည္၊ နတ္ဆုိးသည္ ညအခ်ိန္တြင္ စာအုပ္ကို
မီးရိႈ ့လိမ့္မည္ဟုသာ ။ ထိုမ်က္နွာေၿပာင္မိန္းကေလးအတြက္ မွန္ကန္သည့္စာအုပ္ကိုသာ ရွာေတြ ့နုိင္လ်ွင္ ထုိသည္မွာ ဂိမ္းၿပီးသြားၿပီဟု ဆုိနုိင္သည္ ။ ထုိ ့ေၾကာင့္ စာအုပ္စင္ကေန မွန္ကန္သည့္စာအုပ္တစ္အုပ္ကုိ ထုတ္ယူလုိက္မိရံုနွင့္ ေအာင္ၿမင္သြားၿပီ ဆုိနုိင္ေလမလား ။

တန္မုိသည္ ထုိအေၾကာင္းကို မေတြးမိခဲ့ေပ ။
သူ ေၿပာလုိက္သည္မွာ…
“က်ြန္ေတာ္တုိ ့ ၿမန္ၿမန္လုပ္မယ္ဆုိရင္ ဒီနွစ္နာရီအတြင္း စာအုပ္ေတြအကုန္လံုး ထုတ္ၿပီးနုိင္ေလာက္တယ္”

သူ ေၿပာလုိက္သည့္အတုိင္း သူတို ့ လုပ္လုိက္ၾကသည္ ။

သူတုိ ့နွစ္ေယာက္သား နွစ္ကုိယ္ခြဲလုိက္ၿပီး ေနရာအသီးသီးယူလုိက္ၾကသည္ ။ ဂ်င္းေကာင္သည္ စိတ္လႈပ္ရွားစြာၿဖင့္ စာအုပ္မ်ားကုိ ဆြဲထုတ္ေနၿပီး တန္မိုသည္လည္း စာအုပ္မ်ားကို ဆြဲထုတ္ေနသည္ ။ အခ်ိန္သည္ ၿမန္ၿမန္ဆန္ဆန္ ကုန္လြန္လာေလၿပီ ။ ညဘက္ေရာက္လာသည့္အခ်ိန္တြင္ တန္မိုသည္ ခ်င္မင္းေခတ္က စာအုပ္တစ္အုပ္ကုိ ဆြဲထုတ္ေနခ်ိန္ ၿဖစ္၏ ။ ေနာက္ထပ္စာအုပ္တစ္အုပ္ကုိ သူ ဆြဲထုတ္ေတာ့မည္ ျပဳလုိက္ခ်ိန္…
သုိ ့ေသာ္ စာအုပ္စင္ေပၚက ထုိစာအုပ္သည္ တုပ္တုပ္မ်ွ မလႈပ္ေတာ့ေပ ။

မည္းေမွာင္လာေလၿပီ ။ ဂ်င္းေကာင္သည္ ထိတ္လန္ ့လာ သည့္ မ်က္နွာၿဖင့္ ေၿပာဆုိလာသည္ ။

“ငါ စာအုပ္ ထုတ္လုိ ့မရေတာ့ဘူး”

တန္မုိသည္ တုိးတုိးေလးေၿပာလုိက္သည္ ။
“က်ြန္ေတာ္လဲ မရေတာ့ဘူး”

နွစ္ေယာက္သား ထိုစာအုပ္စင္ကေန ထြက္လုိက္ၾကၿပီး ဧည့္ၾကိဳစားပြဲ ရွိရာဆီ ၿပန္သြားလုိက္ၾက၏ ။ ထို ့ေနာက္ သူတို ့ ထြန္းလို ့ရသည့္ မီးအိမ္ကိုသာ ထြန္းလုိက္ေလသည္ ။

မွိန္ေဖ်ာ့ေဖ်ာ့မီးေရာင္ေအာက္တြင္ တန္မိုနွင့္ဂ်င္းေကာင္
တုိ ့မွာ စားပြဲကို မွီကာ ထုိ H စာအုပ္စင္ကို စူးစူးစုိက္စုိက္ၾကည့္ေနၾကသည္ ။ အေမွာင္ထုထဲတြင္
သူတို ့ ဘာကုိမွ မၿမင္နုိင္ၾက ။ သုိ ့ေသာ္ နွစ္နာရီအတြင္း စာအုပ္စင္တစ္စင္ကေတာ့ မီးရိႈ့ရခံလိမ့္မည္ကုိ သူတုိ ့ သိထားၾကပါ၏ ။ မီးတေ၀ါင္းေ၀ါင္း ေတာက္လာသည္ဆုိသည္နွင့္ စာၾကည့္တုိက္ထဲက အရာအားလုံးကို သူတုိ ့ ကြဲကြဲၿပားၿပား ၿမင္ရေတာ့မည္သာ ။

စိတ္ဖိစီးမႈ၀န္ထုပ္ၾကီးကို သယ္ထားေနရရင္း အခ်ိန္သည္ တေရြ ့ေရြ ့ ကုန္ဆံုးလာေနေလၿပီ ။

ဂ်င္းေကာင္၏မ်က္လံုးတုိ ့သည္ ရဲတြတ္၍ေနသည္ ။
သူ ့ပံုစံမွာ သံုးရက္လံုးလံုး မအိပ္ရေသးသည့္ အိမ္မဲ့ယာမဲ့လူတစ္ဦးနွယ္ ။ ႏႈတ္ခမ္းတုိ့ ၿဖဴေလ်ာ္ကာ ဆံပင္တြင္ နွင္းမႈန္လုိ အၿဖဴေတြ ကပ္ေနသည္ ။
သန္ ့ရွင္းသပ္ရပ္ေနသည္ဆုိ၍
သူ၏လက္တုိ ့နွင့္ လက္သည္းတုိ ့သာလွ်င္ ရွိ၏ ။

ဒုတိယညသည္ ၂၃ နာရီ ၅၂ မိနစ္တြင္ စတင္ခဲ့ၿပီး
၁ နာရီ ၅၂ မိနစ္ အခ်ိန္တြင္ ေနာက္တစ္ေန ့မနက္သုိ ့ ေရာက္သြားမည္ ၿဖစ္၏ ။ နာရီလက္တံက သုည ကို ေရာက္ရွိလာသည့္အခ်ိန္တြင္ စာၾကည့္တုိက္ထဲက နာရီသည္ တေတာင္ေတာင္ၿမည္ဟည္းလာသည္ ။

“ငါတုိ ့အခ်င္းခ်င္း သိလာတာ တစ္နွစ္ေတာင္ ရွိၿပီေနာ္”

ထုိနာရီသံ ၿမည္ဟည္းလာလ်ွင္ ဂ်င္းေကာင္သည္ ေၾကာက္လန္ ့ေနသည့္ သတၱ၀ါေလးတစ္ေကာင္နွယ္ ေခါင္းလွည့္ထားေတာ့သည္ ။

အခ်ိန္အၾကာၾကီးၾကာေတာ့မွ ဂ်င္းေကာင္ စိတ္ေအးသြား၏ ။ သူသည္ တစ္ခုခုစဥ္းစားေနသည့္ဟန္ ေပၚေနၿပီး အလင္းေရာင္ဖိန္ ့ဖိန့္ေလး က်ေနသည့္ ၾကမ္းၿပင္ကို
ေခါင္းငံု ့ၾကည့္ေနကာ တုိးတုိးေလး ေၿပာသည္ ။

“ရက္ ၃၀ ေတာင္ ေက်ာ္လာၿပီ ။ တစ္နွစ္ေတာင္ ရွိေနၿပီ”

တန္မုိသည္ ထုိအေမွာင္ထုၾကီး ၾကီးစုိးရာဆီ စူးစုိက္ၾကည့္ ေနရင္းမွ သူ ့ႏႈတ္ခမ္းတုိ ့ တြန္ ့ေကြးတက္သြား၏ ။

“ခင္ဗ်ားရဲ့စာၾကည့္တုိက္ကတ္က တစ္နွစ္ဆုိရင္ ကုန္ၿပီ ။ ဒါေပမယ့္ အခုအေၿခအေနအတုိင္းဆုိရင္ ခင္ဗ်ားလဲ အ့ဲကတ္ကုိ မလုိေလာက္ေတာ့ပါဘူး ။ ဒါနဲ ့…ဒီတတိယထပ္က ဘာသာေရးစာအုပ္ေတြအကုန္လံုးကို ခင္ဗ်ား အၿပီးဖတ္နုိင္လား”

“နွစ္ရက္အတြင္းဆုိရင္ေတာ့ ဖတ္ၿပီးေလာက္တယ္”

“နွေမ်ာစရာပဲ”

နွစ္ေယာက္သား တစ္ဖန္တိတ္ဆိတ္သြားၾကၿပန္သည္ ။

အခ်ိန္အၾကာၾကီးၾကာလာၿပီးသည့္ေနာက္တြင္ ဂ်င္းေကာင္က ေၿပာသည္ ။

“မင္းတုိ ့ေတြ ငါ့ေနာက္ကြယ္မွာ ငါ့ကို အရူးအေပါ တစ္ေယာက္လုိ ေၿပာဆုိေနၾကတာကို ငါ သိပါတယ္ ။ ဒါေပမယ့္ ဒီကမ႓ာမွာ သိပၸံနဲ ့ လက္ေတြ ့ၿပလုိ ့မရတဲ့ အရာေတြ အမ်ားၾကီးရွိေနတယ္ ။ မင္း ငါ့ကို အရင္တုန္းက မယံုၾကည္ခဲ့ဘူးမလား ။ ငါ ေၿပာခဲ့တဲ့စကားေတြက ရူးရူးေပါေပါနုိင္တယ္လုိ ့ ေတြးခဲ့တယ္ မလား ။ ဒါေပမယ့္ ဒီေန ့လုိအေၿခအေနမ်ိဳးကုိေရာ မင္း သိပၸံနဲ ့ရွင္းၿပလုိ ့ ရေသးလား”

တန္မိုသည္ တဒဂၤမ်ွ တိတ္ဆိတ္သြားသည္ ။
“မရဘူး”

ဂ်င္းေကာင္က ေထာက္ခံလုိက္သည္ ။
“အမွန္ပဲ ။ နတ္ဘုရားက တကယ္လာေနၿပီ ။ နတ္ဘုရားေခတ္ ေရာက္လာၿပီ ။ ငါတုိ ့ရဲ့ေက်းဇူးရွင္၊
ငါတုိ ့ရဲ့ထာ၀ရဘုရားသခင္၊ သူ ငါတုိ့ကို မစြန္ ့လႊတ္သြားဘူး ။ အနက္ေရာင္ေမွ်ာ္စင္ေတြ ဒီကမ႓ာၾကီးကို ေရာက္လာတယ္ ။ အဲ့ဒါက ဘုရားသခင္က အနက္ေရာင္ေမွ်ာ္စင္ၾကီးအၿဖစ္နဲ ့ ကိုယ္ထင္ၿပလာတာ ။ ဘုရားသခင္က မင္းနဲ ့ငါ့ကို ေရြးခ်ယ္လုိက္တာ ။ တစ္ခါတုန္းက ေယရႈအၿဖစ္နဲ ့ ဆင္းလာခဲ့တယ္ ။ ေနာက္ ဗုဒၶအၿဖစ္နဲ ့ ဆင္းလာတယ္ ။ အခုေတာ့ အနက္ေရာင္ေမ်ွာ္စင္အၿဖစ္နဲ ့ ကိုယ္တုိင္ ဆင္းလာၿပီ ။ ငါတုိ ့ေတြ တမန္ေတာ္ဆယ့္နွစ္ပါးထဲက တစ္ပါး ၿဖစ္လာနုိင္ဖို ့ အခြင့္အေရးရလာၿပီ ။ ငါတုိ ့ေတြ ဒီအုိနာေသေလာကၾကီးကေန လြတ္ေၿမာက္ခြင့္ ရေတာ့မယ္”

တန္မိ ၿပံဳးမိသြားသည္ ။

“ဒါဆုိ ခင္ဗ်ားက ဘာလုိ ့ေၾကာက္ေနတာလဲ”

ဂ်င္းေကာင္ ။  “…”

သူတို ့ေတြ မေၿပာေကာင္းမဆုိရာ ေသၿခင္းတရားအေၾကာင္း ေၿပာေနမိၾကၿခင္းပင္ ။

အကယ္၍ အနက္ေရာင္ေမွ်ာ္စင္သည္ နတ္ဘုရားမွ ဖန္ဆင္းထားၿခင္း ၿဖစ္သည္ဆုိလွ်င္ ထုိဂ်င္းေကာင္သည္ ဘာေၾကာင့္ ေၾကာက္လန္ ့ေန ေလသည္နည္း ။ သူ ပုိ၍ပင္ ၀မ္းေၿမာက္၀မ္းသာၿဖစ္သင့္သည္ မဟုတ္ပါလား ။

နွစ္ေယာက္သား ထပ္ၿပီး တိတ္သြားၾကၿပန္သည္ ။ ကံေကာင္းေထာက္မစြာၿဖင့္ ဒီတစ္ေခါက္
‘ညအခ်ိန္’  မွာ သိပ္မၾကာၿမင့္လုိက္ပါေပ ။ ဆယ္မိနစ္ေလာက္အၾကာတြင္ ၀ုန္း ခနဲ အသံၾကီးတစ္သံ ထြက္လာၿပီး နံရံၾကီးတြင္ အနီေရာင္တုိ ့ ေရာင္ၿပန္ဟပ္ လာေတာ့သည္ ။

တန္မို၏မ်က္လံုးတို ့ က်ဥ္းေၿမာင္းသြားသည္ ။

ဂ်င္းေကာင္သည္ ေၾကာက္လန္ ့ေနသည့္ဟန္အမူအရာၿဖင့္
ရုတ္တရက္ၾကီး ထခုန္လုိက္၏ ။

“H စာအုပ္စင္ကြ ။ အဲ့ဒါ H စာအုပ္စင္”

တတိယေန ့အေရာက္တြင္ ။

ကေလးမေလးသည္ အနက္ေရာင္စကတ္ကို ေၿပာင္း၀တ္လာၿပီး စာအုပ္စင္ထဲကေန ေၿပးထြက္လာသည္ ။ ဒီတစ္ေခါက္တြင္မူ ေက်ာပိုးအိတ္ေလးကို လြယ္ထားၿခင္း မရွိေတာ့ ။ စားခ်င့္စဖြယ္ မ်ိဳးစံု ပါသည့္ ဆြဲၿခင္းေလးကိုပါ ဆြဲထားေလသည္ ။ သူမေလးသည္ ထုိေလာင္က်ြမ္းထား သည့္ စာအုပ္စင္နွစ္စင္ကို ၾကည့္ပင္မၾကည့္ဘဲ တန္မုိတုိ ့ဆီ တည့္တည့္ၾကီးေၿပးလာေနသည္ ။

ထုိမ်က္နွာေၿပာင္မိန္းကေလးက ေဒါသတၾကီး ေမးလာသည္ ။ “ညီမေလးရဲ့စာအုပ္ ဘယ္မွာလဲ”

တန္မိုသည္ ထုိေမးခြန္းကို ၿပန္ေၿဖရမည့္အစား အေမးကုိ အေမးနွင့္ ၿပန္ဆင့္ေပးလိုက္၏ ။

“ညီမေလး ဒီေန ့ ေက်ာင္းမသြားရဘူးလား”

ထုိကေလးမေလး၏မ်က္နွာအမူအရာမွာ ထုိမ်က္နွာေၿပာင္သားေရေအာက္တြင္ ပုံးကြယ္ေနေပသည္ ။ သုိ ့ေသာ္ စိတ္လႈပ္ရွား၀မ္းသာၿမဴးတူးေနသည့္ အသံေလး ထြက္လာသည္ ။

“ဒီေန ့က ေဆာင္းဦးရာသီလမ္းေလွ်ာက္ပြဲေလ ။ ညီမေလးက ဒီလမ္းေလ်ွာက္ပြဲကုိ အၾကိဳက္ဆံုးပဲ ။ ဒီပြဲေရာက္ရင္ သုိးေသးေသးေလးေတြ၊ ယုန္ၿဖဴေလးေတြနဲ ့ သားပိုက္ေကာင္ေလးအမ်ားၾကီးရွိမွာ ။ အမ်ားၾကီးမွ အမ်ားၾကီးပဲ”

ကေလးမေလးက သူမလက္ၿဖင့္ အမ်ားၾကီးအမ်ားၾကီးဆုိသည့္ဟန္ လုပ္ၿပေနသည္ ။
ထုိ ့ေနာက္ တံေတြးတစ္ခ်က္ ၿမိဳခ်လုိက္ၿပီး…
“သုိးေပါင္က အရမ္းစားလုိ ့ေကာင္းတယ္ ။ ယုန္ၿဖဴေလးေတြရဲ့မ်က္လံုးေတြ ကလဲ သၾကားေတြလုိ ခ်ိဳရဲေနတာပဲ ။ သားပုိက္ေကာင္ေတြကေတာ့ စားရ နဲနဲခက္တယ္ ။ ဒါေပမယ့္ ေမေမကေတာ့ အရမ္းၾကိဳက္တယ္ ။ ညီမေလး ေမေမ့အတြက္ တစ္ေကာင္ေလာက္ ၿပန္ရင္ ယူသြားေပးရမယ္”

ထုိကေလးမေလး၏စကားကုိ နားေထာင္ရင္း ဂ်င္းေကာင္၏မ်က္နွာမွာ ၿဖဴေလ်ာ္လာကာ တဆတ္ဆတ္တုန္ယင္လာသည္ ။

တန္မိုက သူ ့ဘက္ လွည့္ၾကည့္လာသည္ ။
“အစ္ကုိ ခ်န္း…ခင္ဗ်ားကုိ ၾကည့္ရတာ သိပ္မဟန္သလုိပဲ”

ဂ်င္းေကာင္က သူ ့ကုိ ေမးလုိက္သည္ ။

“မင္း မေၾကာက္ဖူးလား ။ နတ္ဆုိးက ငါတုိ ့
ေန့ဘက္ ဘာလုပ္ေနတယ္ဆုိတာကို သိေနတယ္ ။
သူ တမင္သက္သက္ အဲ့ဒီ H စာအုပ္စင္ကို မီးရိႈ ့ပစ္ လုိက္တာ ။ အဲ့ဒီစာအုပ္က အဲ့ဒီစင္ေပၚမွာ ရွိမေနလုိ ့ ေတာ္ေသးတယ္ ။ မဟုတ္ရင္ ငါတုိ ့ေတာ့ သြားၿပီ”

ကေလးမေလး၏မ်က္နွာမွာ တမုဟုတ္ခ်င္း ေၿပာင္းလဲသြားေလၿပီ ။

“ညီမေလးရဲ့စာအုပ္ေရာ…”

တန္မုိက သူမေလးကို ၾကည့္လုိက္သည္ ။
“ဒီေန ့ေရာ စာအုပ္နဲ ့ပတ္သက္ၿပီး ဘာမွတ္မိေသးလဲ”

ကေလးမေလးသည္ ထုိ ‘မ်က္နွာေၿပာင္မိန္းကေလး၏ေဒါသထြက္မႈ’ ဆုိသည္ကို ထပ္မလုပ္လာေတာ့ေပ ။
တန္မုိအား အရူးတစ္ေယာက္နွယ္သာ ၾကည့္လာ၏ ။

“နတ္သားၿဖစ္ၿပီး ဘာလုိ ့နတ္ဆိုးေလာက္ ဥာဏ္မရွိရတာလဲ ။ ညီမေလး သိေနပါတယ္ ။ တကယ္ေတာ့ ကိုကို လဲ ညီမေလးစာအုပ္ကုိ လုိခ်င္ေနတာ မလား ။ နတ္ဆိုး…
သူ အဲ့စာအုပ္ကို သိတယ္ ။ အဲ့စာအုပ္က ပိုက္ဆံေတြ အမ်ားၾကီးတန္တယ္ဆုိတာကုိ သိတယ္ ။ အဲ့စာအုပ္က ေမေမ ညီမေလးကို ေမြးေန ့လက္ေဆာင္၀ယ္ေပးထားတာ ။ အဲ့ဒါကုိ သူ တမင္တကာ ခုိးသြားတာ ။ အဲ့စာအုပ္က ေမေမ ေပးထားတာကုိ သူ သိေနတယ္ ။ အဲ့စာအုပ္ေပ်ာက္သြားရင္ ေမေမ စိတ္ဆိုးသြားမွာကုိ သူ သိေနတယ္ ။
ကုိကို ညီမေလးကို အဲ့စာအုပ္ကူရွာေပးပါေနာ္”

ထုိ ့ေနာက္ ရုတ္ၿခည္းပင္ ထုိေကာင္မေလးသည္ ဆြဲၿခင္းထဲက မီးၿခစ္ဆံဘူးအၾကီးၾကီးတစ္ခုကုိ ဆြဲထုတ္လုိက္ေလသည္ ။

“ကုိကိုက ကူရွာမေပးခ်င္ဘူးေပါ့”

“တင္း ေတာင္  ! နတ္သားေလးက ‘စာအုပ္ကူရွာမေပးဘူးလား ။ ဒါဆုိ ေသရမယ္’ ဆိုတဲ့ အရိပ္အၿမြက္ကို ရသြားပါၿပီ”

ကေလးမေလးက သူမ၏ဆြဲၿခင္းကို ေဆာင့္ၾကီးေအာင့္ၾကီး ဘုန္းခနဲ ပစ္ခ်ပစ္လုိက္ၿပီး ထိုမီးၿခစ္ၾကီးကို ေခါင္းနွင့္တစ္တန္းထဲ ေၿမွာက္ကိုင္ ထားသည္ ။ ထုိ ့ေနာက္ တန္မိုနွင့္ ဂ်င္းေကာင္ဆီသုိ ့ တိုးလာသည္ ။

တန္မုိသည္ သူမေလးကို ငံု ့ၾကည့္ေနၿပီး တၿဖည္းၿဖည္းခ်င္း အနားကပ္လာသည္ကုိ ေစာင့္ေနသည္ ။
ထို ့ေနာက္မွ ထူးဆန္းသည့္ေလသံၿဖင့္ ေၿပာေလသည္ ။

“က်ြန္ေတာ္ ကေလးေတြကုိ သေဘာမက်ဘူး။
အထူးသၿဖင့္ ဆုိးေပေတၿပီး အလုိက္ကမ္းဆုိးမသိ စေနာက္တတ္တဲ့ကေလးေတြပဲ”

ထုိကေလးမေလး၏ေၿခလွမ္းတို ့မွာ ရုတ္ၿခည္း တန္ ့ခနဲ ။ ခ်က္ခ်င္းပင္ ဘုေတာၿပန္ေတာလာေတာ့သည္ ။

“ညီမေလးက တစ္ခါမွ မဆိုးဘူး ။ စတာေနာက္တာေတြကုိလဲ မုန္းတယ္ ။ ဘယ္ေတာ့မွလဲ သူမ်ားကို မေနာက္ဘူး ။ ညီမေလးက အၿမဲတမ္း သိတတ္ၿပီး လိမ္မာတဲ့မိန္းကေလးပါေနာ္”

တန္မုိ ၿပန္မေၿဖေတ့ာ ။

ဂ်င္းေကာင္က ရင္တထိတ္ထိတ္ၿဖင့္ သူ ့ကို ၾကည့္လာသည္ ။
“တန္မုိ…”

သူ ဘာလုိ ့ သြားၿပီးရန္စေနတာလဲ ။

ထုိကေလးမေလးက ဆယ္ၾကိမ္တိတိ ေရရြတ္ေၿပာလာ ေတာ့သည္ ။ “ညီမေလးက ဘယ္ေတာ့မွ မစေနာက္ တတ္ဘူး ။ ညီမေလးက အၿမဲတမ္း လိမ္မာတယ္”

ထုိ ့ေနာက္ သူမေလး၏ဘာမွမရွိသည့္မ်က္နွာသည္ ေမာ့လာၿပီး ထုိမီးၿခစ္ဆံဘူးၾကီးကုိ ေၿမွာက္လုိက္ကာ…

“ကုိကုိ စာအုပ္ကူရွာမေပးဘူးေပါ့”

ထုိကေလးမေလး ထိုစကားကုိ ေၿပာဆုိေနစဥ္ တန္မိုက စာအုပ္စင္တစ္စင္ဆီကုိ ေလ်ွာက္သြားၿပီးသြားေလၿပီ ။
G စာအုပ္စင္ထဲက စာအုပ္တစ္အုပ္ကို သူ ထုတ္ယူလုိက္ၿပီး ထုိကေလးမေလးကို ၾကည့္လုိက္ သည္ ။

“အင္း…မင္းက ဘယ္တုန္းကမွ မစေနာက္တတ္ဘူး ။
ပစၥည္းေတြကို မီးရိႈ ့ၿပီး လူေတြကုိ သတ္ပဲသတ္တာ”

ထိုကေလးမေလးသည္ ကပ်ာကယာပင္ မီးၿခစ္ကုိ သူမေက်ာေနာက္ ဖြက္ပစ္လုိက္သည္ ။

တန္မုိသည္ ‘မယန္းလူမ်ိဳးမ်ား ေပ်ာက္ကြယ္ရၿခင္း၏လ်ိဳ ့ ့၀ွက္ခ်က္’ စာအုပ္ကုိ လက္ထဲတြင္ ယမ္းၿပလုိက္ကာ….
“ဒါ မင္း ရွာေနတဲ့စာအုပ္ မလား”

——————
စာေရးဆရာ ေၿပာၿပီ ။

မ်က္နွာေၿပာင္မိန္းကေလး  : ညီမေလးက အၿမဲတမ္းသိတတ္လိမ္မာတဲ့ မိန္းကေလးပါ ။
မီးရိႈ့ၿပီး လူေတြကုိ သတ္ပစ္ရင္ သတ္ပစ္မယ္၊ ဒါေပမယ့္ ညီမေလးက လိမ္မာတုန္းပါ ။

——————
အုိး…ဒီအခန္းေလးကေတာ့ အမွန္တရားၾကီးကုိ ေဖာ္ထုတ္လုိက္ပါၿပီ ~

ေနာက္တစ္ခန္းကေတာ့ လံုး၀ကုိ ပေဟဠိေတြနဲ ့ ့အၿပည့္ၿဖစ္ေနပါလိမ့္မယ္ ။

စာဖတ္သူေလးတုိ ့ အခုထိ မမွန္းဆမိေသးဘူးဆုိရင္ စဥ္းစားလုိ ့ရမယ့္အခ်က္သံုးခ်က္ကုိ ေၿပာၿပေပးမယ္ေနာ္ ~

① H စာအုပ္စင္က မီးရိႈ ့ခံလုိက္ရတယ္ ။
② မ်က္နွာေၿပာင္မိန္းကေလးရဲ့သဲလြန္စသံုးခု…။ ဒါကေတာ့ တကယ့္ကို အေရးၾကီးတဲ့အခ်က္ေတြပါ ။
③ မ်က္ေနွာင္ေၿပာင္မိန္းကေလးက မီးရိႈ့ရတာ ၾကိဳက္ရင္ၾကိဳက္မယ္၊ လူသတ္ရတာ ၾကိဳက္ရင္ၾကိဳက္မယ္ ။ ဒါေပမယ့္ သူက လူေကာင္းေလးပါ၊ နတ္ဆိုးမဟုတ္ဘူး ။

       💖       💖       💖       💖       💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

......

Unicode

မျက်နှာပြောင်မိန်းကလေးသည် ထိုထူးဆန်းသည့်သဲလွန်စကို ပေးပြီး ခုန်ဆွခုန်ဆွထွက်သွားလေပြီ ။

တန်မိုသည် ထိုမျက်နှာပြောင်မိန်းကလေးအား သတ်ပတ်ချင်စိတ်ကို မနဲမြိုချနေရရင်း အသက်ကိုပြင်းပြင်းရှူရှိုက်လိုက်၏ ။

အခုတော့ ‘နေ့အချိန်’ ဖြစ်လာခဲ့လေပြီ ။ သို့ဖြစ်၍ နတ်ဆိုးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ။ နတ်သားတို့သည် စိတ်ရှိသလို လွတ်လွတ်လပ်လပ် သွားလာနိုင်လေပြီ ။ အခု ဒီထူးဆန်းသည့်နေရာကြီးတွင် ရှိနေသည်မှာ နာရီပိုင်းလောက် ရှိနေပြီ ။
တန်မိုတို့ ကြာကြာစိတ်မလှုပ်ရှားနိုင်အားပေ ။ သူတို့၏တုတ်အသီးသီးကို ကောက်ကိုင်လိုက်ပြီး ထိုလောင်ကျွမ်းပျက်စီးထားခဲ့သည့် စာအုပ်စင် တို့ဆီ လျှောက်သွားလိုက်ကြသည် ။ တန်မိုသည် ဒူးထောက်ထိုင်ချလိုက်ပြီး စာအုပ်စင် မီးလောင်ကျွမ်းပြီး ဖြစ်လာသည့်ပြာတို့ကို ကြည့်လိုက်သည် ။

ဤစာကြည့်တိုက်၏တတိယထပ်ထဲတွင် စာအုပ်စင်ပေါင်း ၂၃ စင် ရှိ၏ ။ ဒီတစ်ခေါက် လောင်ကျွမ်းသွားခဲ့သည့် စာအုပ်စင်မှာ ဧည့်ကြိုစားပွဲကနေ ရေလျှင် ကိုးခုမြောက်စာအုပ်စင် ဖြစ်၏ ။

I နှင့်စသည့်စာအုပ်များ ရှိသော စာအုပ်စင်၊ ပြည်တွင်းပြည်ပ ခရီးသွား၊ ပထဝီအနေအထား နှင့် ဘာသာရေးစာအုပ်များ ထားထားသည့် စာအုပ်စင် ဖြစ်သည် ။ အခုချိန်တွင် ထိုစာအုပ်များအားလုံးမှာ ပြာနန်းစံသွားကြရလေပြီ။ သစ်သားစာအုပ်စင်ကြီးသည် မည်းနက်နေသည့် မီးသွေးခဲတုံးကြီးအဖြစ် ဘဝပြောင်းသွားရရှာပြီး စာအုပ်
တို့သည်ကလည်း မှိုင်းညှို့ညှို့ပြာများဘ၀ စံသွားရရှာပြီ ။ တန်မို ၊ ထိုအနက်ရောင်ပြာတို့ကို လက်နှင့် ထိကိုင်ကြည့် လိုက်သည် ။

“မပူဘူး”

ဂျင်းကောင်က သူ့ကို ကြည့်လာသည် ။
“မပူဘူး…ဟုတ်လား”

တန်မိုက ခေါင်းညိတ်လိုက်သည် ။
“ကလေးအသံအတိုင်းဆို စာအုပ်စင်က တစ်ညလုံးလုံးမီးလောင်ထားမှာပဲ ။ ဒါဆိုရင် မပူနေဘူးဆိုတာက မဖြစ်သင့်ဘူး ။ ဒါပေမယ့် ဒီမှာ သွားနေတဲ့ အချိန်အတိုင်းဆိုရင် မီးလောင်ထားတာက နာရီဝက်လောက်ကပဲ ရှိဦးမယ် ။ ဒီလောက်ကြီးတဲ့စာအုပ်စင်ကြီးကို စာအုပ်တွေ တစ်သောင်းကျော် ရှိနေတဲ့စာအုပ်စင်ကြီးကို တစ်နာရီအတွင်း အပြောင်ဝိုက်ပစ်လိုက်ဖို့ ဆိုတာကတော့…အင်း…ဒါ ကျွန်တော်တို့ သိတဲ့နယ်ပယ်ကို လွန်သွားပြီ”

ဂျင်းကောင်သည်လည်း ထိုသို့ တွေးမိဟန်မှာ သိသာလှသည် ။
“အင်းလေ…မီးရှို့သွားတဲ့သူက နတ်ဆိုးပဲဟာ ။
ဒီတော့ သိပ္ပံနည်းကျ ဘယ်ပြောလို့ရတော့မှာလဲ”

သူတို့ထံတွင် ဖြစ်ပျက်နေသည့်အရာအားလုံးသည် သိပ္ပံဘောင်ကို ကျော်လွန်နေသည် ။
ထိုသို့ဖြစ်လာပြီးသည့်နောက်တွင်တော့
သူတို့လဲ ထပ်ပြီးကြောက်ရွံ့စိုးရိမ်မနေနိုင်တော့ ။

ဂျင်းကောင်က ထိုစာအုပ်ရှာသည့်ကိစ္စကိုသာ သိသိသာသာ ပိုပြီးအာရုံရောက်နေသည် ။  သူ အကြောက်ကြောက်
်အလန့်လန့်ဖြင့် တံတွေးတို့ ဂလုခနဲမြိုချလိုက်ပြီး…
“ပျောက်သွားတဲ့စာအုပ်ကို နတ်သားသိတယ်လို့ အဲ့ကောင်မလေး ပြောသွားတယ်မလား ။ တန်မို…မင်း ဘယ်စာအုပ်ကို သိလဲ”

ထို့နောက်၊ ဂျင်းကောင်က ခနရပ်လိုက်ပြီး ထပ်ဖြည့်ပြောလာသည် ။

“ငါ သိထားတဲ့စာအုပ်တွေက အများကြီးပဲ ။ ငါ ဒီစာကြည့်တိုက်ထဲမှာ လာဖတ်နေတာ တစ်နှစ်ကျော်နေပြီ ။ ဒီတော့ ဘယ်စာအုပ်မှန်း ငါကတော့ မသိတော့ဘူး”

တန်မိုသည်ကတော့ စိုးရိမ်မနေ ။
“ကျွန်တော်က ဒီတတိယထပ်မှာရှိတဲ့ စာအုပ်တွေအကုန်လုံးကို ကိုင်ထားရတဲ့သူပါဗျ ။ ခင်ဗျားထက် ပိုပြီးတော့တောင် သိတာပေါ့”

ဂျင်းကောင်က သူ့ကို စိုက်ကြည့်နေပြီး ဇောချွေးတို့ စပျံလာသည် ။
“ဒါဆို ဘာလုပ်ကြမလဲ ။ အခုက ဒုတိယနေ့ဖြစ်နေပြီ”

တန်မိုသည် ပြန်မဖြေဘဲ ထိုပြာတွေကိုသာ လိုက်လံကြည့်ရှုနေသည် ။ ဂျင်းကောင်သည်ကလည်း ဆက်တိုက်စကားပြောဆိုနေသည် ။ ထိုကလေးမလေး ပေါ်လာစဉ်က သဲလွန်စတချို့ကို ပေးသွားခဲ့သည့်တိုင် အခုထိ ဘာကိုမှ မသိရသေးသဖြင့် အလောတကြီး မေးလိုက်၏ ။

“တန်မို…ငါတို့ ဘာလုပ်ကြမလဲ”

“စိတ်ကို အေးအေးထား”

တန်မိုသည် ထိုပြာရှေ့တွင် ထိုင်နေရင်းကနေ ဂျင်းကောင်ဘက်ကို ကြည့်လာသည် ။ ပြတင်းပေါက်အပြင်ဘက်က ‘နေရောင်ခြည်’ သည်
သူ့မျက်နှာထက်တွင် ဖြာကျနေသည် ။
သူ ရေးရေးပြုံးလိုက်ပြီး ပြောလိုက်သည် ။

“အရေးအကြီးဆုံးအချက်က အခုမှ… နတ်ဆိုးက ဘာလို့ ဒီစာအုပ်စင်ကို မီးရှို့ပစ်တာလဲ”

တမုဟုတ်ချင်း ဂျင်းကောင် တောင့်မတ်သွားသည် ။

စာအုပ်စင်ပေါင်း ၂၃ ရှိ၏ ။ ပုံမှန်အားဖြင့်ဆိုလျှင် နတ်ဆိုးသည် စာအုပ်စင် ၂၃ ခုထဲက ၃ ခုကို မီးရှို့ပစ်နိုင် ပေသည် ။ နတ်သားသည် စာအုပ်ကို ရှာမတွေ့သေးဘူး မဟုတ်ပါလား ။

ဂျင်းကောင်က တွေးကြည့်လိုက်ပြီး ရှင်းပြလာသည် ။
“နတ်ဆိုးက သူ ဖွက်ထားတဲ့စာအုပ်စင်ကို မမှတ်မိဘူးလို့ ဟိုကလေး ပြောသွားတယ်မလား ။ အဲ့ဒါကြောင့်
တွေ့ကရာစာအုပ်စင်ကို မီးရှို့ပစ်လိုက်တာ ဖြစ်မှာပါ”

“ဖြစ်နိုင်ပါတယ်”

ဂျင်းကောင်သည် လက်ကို ဆံပင်တို့ထဲ ထိုးဆွလိုက်ရင်း တွေးဆနေသည် ။ “ငါတို့ အဲ့စာအုပ်ကို မြန်မြန်ရှာမှဖြစ်မယ် ။ ရှာမတွေ့ရင် ငါတို့ ပွဲသိမ်းသွားလိမ့်မယ် ။ အခုတလော
ငါ ဖတ်ထားတဲ့စာအုပ်တွေက ဒီစာအုပ်စင်ပေါ်မှာ…”

ဂျင်းကောင်၏မျက်နှာမှာ အတော်လေးပျက်ယွင်းနေသည် ။ “အင်း…ဒီလောင်သွားတဲ့စာအုပ်စင်ပဲ ။ တန်မို…မင်းရော”

တန်မိုက မတ်တပ်ထရပ်လာသည် ။
“ကျွန်တော် ထိတွေ့ရတဲ့စာအုပ်တွေက အများကြီးပဲ ။ ကျွန်တော့်အလုပ်က နေ့တိုင်းနေ့တိုင်း စာအုပ်တွေကိုပဲ ကိုင်တွယ်နေရတာလေ”

ဂျင်းကောင်မှာ စိတ်မှိုင်လက်မှိုင်ဖြစ်သွားဟန် ပေါ်လာ၏ ။
သူ့ဘေးနားတွင် ရှိနေသည့်စာအုပ်စင်ပေါ်က စာအုပ်တို့ကို ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်က ပြာတို့ကို ကြည့်လိုက်သည် ။ အလွန်အမင်း စိုးရိမ် ထိတ်လန့်နေဟန် ပေါ်လျက် ထိုကလေးမလေး ပြောသွားသည့် စကားတို့ကို ထပ်ခါတလဲလဲ ရွတ်နေသည် ။

ပုံမှန်အားဖြင့်ဆိုလျှင် ထူးခြားဆန်းကြယ်သည့်အရာတွေ၊ သရဲသဘက်တွေကို မြင်လိုက်ရလျှင် သာမန်လူတစ်ယောက်သည် စိတ်ကယောက်ကယက်ဖြစ်သွားမည်သာ ။

တန်မိုသည် ထိုပြာတို့ကို လက်နှင့် ဆုပ်ယူကြည့်လိုက်သည် ။ အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည့် ထိုဂျင်းကောင်ကို ကြည့်လိုက်ရင်း….ရုတ်တရက် အမှတ်ရလာ၏ ။

“ဟုတ်သားပဲ…ကျွန်တော် အခုတလော စာအုပ်စင်တစ်ခုကို ကိုင်ထားခဲ့သေးတယ် ။ ရှေ့သုံးရက်လောက်ကပဲ H နဲ့စတဲ့စာအုပ်စင်ကို ဖုန်သုတ်ပေးပါလို့ ဒါရိုက်တာ ပြောလို့ သန့်ရှင်းရေးလုပ်ခဲ့ရသေးတယ်”

ချက်ချင်းပင် ထိုဂျင်းကောင်၏ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားသည် ။ တန်မိုကို ချက်ချင်းပင် ကြည့်လာသည် ။
 
“ရှေ့သုံးရက်လောက်ကလား…။ အချိန်က အရမ်းကပ်နေပြီ ။ အဲ့မှာ ရှိလောက်တယ်…”

နှစ်ယောက်သားသည် ထို H နှင့်စသည့် စာအုပ်စင် ရှိရာဆီကို သွားလိုက်ကြ၏ ။
ချက်ချင်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏ ။

“စာအုပ်စင်မှာက စာအုပ်ပေါင်း ၁၂၀၀၀ မကဘူး ရှိနေတာပဲ”

တန်မိုက နံပတ်တစ်ခု ရေရွတ်လာသည် ။

ဂျင်းကောင်က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည် ။
“စာအုပ်ကို ဘယ်လိုရှာကြမှာလဲ ။ ငါတို့တွေ စင်ပေါ်က
H စာအုပ်စင်ပေါ်က စာအုပ်တွေအကုန်လုံးကို ထုတ်လိုက်ပြီး ရှာကြည့်လိုက်ရင်ရော ။
အဲ့ဒါဆို စာအုပ်တွေ့တယ်လို့ သတ်မှတ်လို့ ရနိုင်လား”

ဂိမ်းထဲတွင် ထိုစည်းကမ်းမျိုး မပြောထားခဲ့ပေ ။ ပြောထားခဲ့သည်ဟု နတ်သားသည် နေ့အချိန်တွင် သဲလွန်စရမည်၊ နတ်ဆိုးသည် ညအချိန်တွင် စာအုပ်ကို
မီးရှို့လိမ့်မည်ဟုသာ ။ ထိုမျက်နှာပြောင်မိန်းကလေးအတွက် မှန်ကန်သည့်စာအုပ်ကိုသာ ရှာတွေ့နိုင်လျှင် ထိုသည်မှာ ဂိမ်းပြီးသွားပြီဟု ဆိုနိုင်သည် ။ ထို့ကြောင့် စာအုပ်စင်ကနေ မှန်ကန်သည့်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်မိရုံနှင့် အောင်မြင်သွားပြီ ဆိုနိုင်လေမလား ။

တန်မိုသည် ထိုအကြောင်းကို မတွေးမိခဲ့ပေ ။
သူ ပြောလိုက်သည်မှာ…
“ကျွန်တော်တို့ မြန်မြန်လုပ်မယ်ဆိုရင် ဒီနှစ်နာရီအတွင်း စာအုပ်တွေအကုန်လုံး ထုတ်ပြီးနိုင်လောက်တယ်”

သူ ပြောလိုက်သည့်အတိုင်း သူတို့ လုပ်လိုက်ကြသည် ။

သူတို့နှစ်ယောက်သား နှစ်ကိုယ်ခွဲလိုက်ပြီး နေရာအသီးသီးယူလိုက်ကြသည် ။ ဂျင်းကောင်သည် စိတ်လှုပ်ရှားစွာဖြင့် စာအုပ်များကို ဆွဲထုတ်နေပြီး တန်မိုသည်လည်း စာအုပ်များကို ဆွဲထုတ်နေသည် ။ အချိန်သည် မြန်မြန်ဆန်ဆန် ကုန်လွန်လာလေပြီ ။ ညဘက်ရောက်လာသည့်အချိန်တွင် တန်မိုသည် ချင်မင်းခေတ်က စာအုပ်တစ်အုပ်ကို ဆွဲထုတ်နေချိန် ဖြစ်၏ ။ နောက်ထပ်စာအုပ်တစ်အုပ်ကို သူ ဆွဲထုတ်တော့မည် ပြုလိုက်ချိန်…
သို့သော် စာအုပ်စင်ပေါ်က ထိုစာအုပ်သည် တုပ်တုပ်မျှ မလှုပ်တော့ပေ ။

မည်းမှောင်လာလေပြီ ။ ဂျင်းကောင်သည် ထိတ်လန့်လာ သည့် မျက်နှာဖြင့် ပြောဆိုလာသည် ။

“ငါ စာအုပ် ထုတ်လို့မရတော့ဘူး”

တန်မိုသည် တိုးတိုးလေးပြောလိုက်သည် ။
“ကျွန်တော်လဲ မရတော့ဘူး”

နှစ်ယောက်သား ထိုစာအုပ်စင်ကနေ ထွက်လိုက်ကြပြီး ဧည့်ကြိုစားပွဲ ရှိရာဆီ ပြန်သွားလိုက်ကြ၏ ။ ထို့နောက် သူတို့ ထွန်းလို့ရသည့် မီးအိမ်ကိုသာ ထွန်းလိုက်လေသည် ။

မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် တန်မိုနှင့်ဂျင်းကောင်
တို့မှာ စားပွဲကို မှီကာ ထို H စာအုပ်စင်ကို စူးစူးစိုက်စိုက်ကြည့်နေကြသည် ။ အမှောင်ထုထဲတွင်
သူတို့ ဘာကိုမှ မမြင်နိုင်ကြ ။ သို့သော် နှစ်နာရီအတွင်း စာအုပ်စင်တစ်စင်ကတော့ မီးရှို့ရခံလိမ့်မည်ကို သူတို့ သိထားကြပါ၏ ။ မီးတဝေါင်းဝေါင်း တောက်လာသည်ဆိုသည်နှင့် စာကြည့်တိုက်ထဲက အရာအားလုံးကို သူတို့ ကွဲကွဲပြားပြား မြင်ရတော့မည်သာ ။

စိတ်ဖိစီးမှုဝန်ထုပ်ကြီးကို သယ်ထားနေရရင်း အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလာနေလေပြီ ။

ဂျင်းကောင်၏မျက်လုံးတို့သည် ရဲတွတ်၍နေသည် ။
သူ့ပုံစံမှာ သုံးရက်လုံးလုံး မအိပ်ရသေးသည့် အိမ်မဲ့ယာမဲ့လူတစ်ဦးနှယ် ။ နှုတ်ခမ်းတို့ ဖြူလျော်ကာ ဆံပင်တွင် နှင်းမှုန်လို အဖြူတွေ ကပ်နေသည် ။
သန့်ရှင်းသပ်ရပ်နေသည်ဆို၍
သူ၏လက်တို့နှင့် လက်သည်းတို့သာလျှင် ရှိ၏ ။

ဒုတိယညသည် ၂၃ နာရီ ၅၂ မိနစ်တွင် စတင်ခဲ့ပြီး
၁ နာရီ ၅၂ မိနစ် အချိန်တွင် နောက်တစ်နေ့မနက်သို့ ရောက်သွားမည် ဖြစ်၏ ။ နာရီလက်တံက သုည ကို ရောက်ရှိလာသည့်အချိန်တွင် စာကြည့်တိုက်ထဲက နာရီသည် တတောင်တောင်မြည်ဟည်းလာသည် ။

“ငါတို့အချင်းချင်း သိလာတာ တစ်နှစ်တောင် ရှိပြီနော်”

ထိုနာရီသံ မြည်ဟည်းလာလျှင် ဂျင်းကောင်သည် ကြောက်လန့်နေသည့် သတ္တဝါလေးတစ်ကောင်နှယ် ခေါင်းလှည့်ထားတော့သည် ။

အချိန်အကြာကြီးကြာတော့မှ ဂျင်းကောင် စိတ်အေးသွား၏ ။ သူသည် တစ်ခုခုစဉ်းစားနေသည့်ဟန် ပေါ်နေပြီး အလင်းရောင်ဖိန့်ဖိန့်လေး ကျနေသည့် ကြမ်းပြင်ကို
ခေါင်းငုံ့ကြည့်နေကာ တိုးတိုးလေး ပြောသည် ။

“ရက် ၃၀ တောင် ကျော်လာပြီ ။ တစ်နှစ်တောင် ရှိနေပြီ”

တန်မိုသည် ထိုအမှောင်ထုကြီး ကြီးစိုးရာဆီ စူးစိုက်ကြည့် နေရင်းမှ သူ့နှုတ်ခမ်းတို့ တွန့်ကွေးတက်သွား၏ ။

“ခင်ဗျားရဲ့စာကြည့်တိုက်ကတ်က တစ်နှစ်ဆိုရင် ကုန်ပြီ ။ ဒါပေမယ့် အခုအခြေအနေအတိုင်းဆိုရင် ခင်ဗျားလဲ အဲ့ကတ်ကို မလိုလောက်တော့ပါဘူး ။ ဒါနဲ့…ဒီတတိယထပ်က ဘာသာရေးစာအုပ်တွေအကုန်လုံးကို ခင်ဗျား အပြီးဖတ်နိုင်လား”

“နှစ်ရက်အတွင်းဆိုရင်တော့ ဖတ်ပြီးလောက်တယ်”

“နှမျောစရာပဲ”

နှစ်ယောက်သား တစ်ဖန်တိတ်ဆိတ်သွားကြပြန်သည် ။

အချိန်အကြာကြီးကြာလာပြီးသည့်နောက်တွင် ဂျင်းကောင်က ပြောသည် ။

“မင်းတို့တွေ ငါ့နောက်ကွယ်မှာ ငါ့ကို အရူးအပေါ တစ်ယောက်လို ပြောဆိုနေကြတာကို ငါ သိပါတယ် ။ ဒါပေမယ့် ဒီကမ္ဘာမှာ သိပ္ပံနဲ့ လက်တွေ့ပြလို့မရတဲ့ အရာတွေ အများကြီးရှိနေတယ် ။ မင်း ငါ့ကို အရင်တုန်းက မယုံကြည်ခဲ့ဘူးမလား ။ ငါ ပြောခဲ့တဲ့စကားတွေက ရူးရူးပေါပေါနိုင်တယ်လို့ တွေးခဲ့တယ် မလား ။ ဒါပေမယ့် ဒီနေ့လိုအခြေအနေမျိုးကိုရော မင်း သိပ္ပံနဲ့ရှင်းပြလို့ ရသေးလား”

တန်မိုသည် တဒင်္ဂမျှ တိတ်ဆိတ်သွားသည် ။
“မရဘူး”

ဂျင်းကောင်က ထောက်ခံလိုက်သည် ။
“အမှန်ပဲ ။ နတ်ဘုရားက တကယ်လာနေပြီ ။ နတ်ဘုရားခေတ် ရောက်လာပြီ ။ ငါတို့ရဲ့ကျေးဇူးရှင်၊
ငါတို့ရဲ့ထာဝရဘုရားသခင်၊ သူ ငါတို့ကို မစွန့်လွှတ်သွားဘူး ။ အနက်ရောင်မျှော်စင်တွေ ဒီကမ္ဘာကြီးကို ရောက်လာတယ် ။ အဲ့ဒါက ဘုရားသခင်က အနက်ရောင်မျှော်စင်ကြီးအဖြစ်နဲ့ ကိုယ်ထင်ပြလာတာ ။ ဘုရားသခင်က မင်းနဲ့ငါ့ကို ရွေးချယ်လိုက်တာ ။ တစ်ခါတုန်းက ယေရှုအဖြစ်နဲ့ ဆင်းလာခဲ့တယ် ။ နောက် ဗုဒ္ဓအဖြစ်နဲ့ ဆင်းလာတယ် ။ အခုတော့ အနက်ရောင်မျှော်စင်အဖြစ်နဲ့ ကိုယ်တိုင် ဆင်းလာပြီ ။ ငါတို့တွေ တမန်တော်ဆယ့်နှစ်ပါးထဲက တစ်ပါး ဖြစ်လာနိုင်ဖို့ အခွင့်အရေးရလာပြီ ။ ငါတို့တွေ ဒီအိုနာသေလောကကြီးကနေ လွတ်မြောက်ခွင့် ရတော့မယ်”

တန်မိ ပြုံးမိသွားသည် ။

“ဒါဆို ခင်ဗျားက ဘာလို့ကြောက်နေတာလဲ”

ဂျင်းကောင် ။  “…”

သူတို့တွေ မပြောကောင်းမဆိုရာ သေခြင်းတရားအကြောင်း ပြောနေမိကြခြင်းပင် ။

အကယ်၍ အနက်ရောင်မျှော်စင်သည် နတ်ဘုရားမှ ဖန်ဆင်းထားခြင်း ဖြစ်သည်ဆိုလျှင် ထိုဂျင်းကောင်သည် ဘာကြောင့် ကြောက်လန့်နေ လေသည်နည်း ။ သူ ပို၍ပင် ဝမ်းမြောက်ဝမ်းသာဖြစ်သင့်သည် မဟုတ်ပါလား ။

နှစ်ယောက်သား ထပ်ပြီး တိတ်သွားကြပြန်သည် ။ ကံကောင်းထောက်မစွာဖြင့် ဒီတစ်ခေါက်
‘ညအချိန်’  မှာ သိပ်မကြာမြင့်လိုက်ပါပေ ။ ဆယ်မိနစ်လောက်အကြာတွင် ဝုန်း ခနဲ အသံကြီးတစ်သံ ထွက်လာပြီး နံရံကြီးတွင် အနီရောင်တို့ ရောင်ပြန်ဟပ် လာတော့သည် ။

တန်မို၏မျက်လုံးတို့ ကျဉ်းမြောင်းသွားသည် ။

ဂျင်းကောင်သည် ကြောက်လန့်နေသည့်ဟန်အမူအရာဖြင့်
ရုတ်တရက်ကြီး ထခုန်လိုက်၏ ။

“H စာအုပ်စင်ကွ ။ အဲ့ဒါ H စာအုပ်စင်”

တတိယနေ့အရောက်တွင် ။

ကလေးမလေးသည် အနက်ရောင်စကတ်ကို ပြောင်းဝတ်လာပြီး စာအုပ်စင်ထဲကနေ ပြေးထွက်လာသည် ။ ဒီတစ်ခေါက်တွင်မူ ကျောပိုးအိတ်လေးကို လွယ်ထားခြင်း မရှိတော့ ။ စားချင့်စဖွယ် မျိုးစုံ ပါသည့် ဆွဲခြင်းလေးကိုပါ ဆွဲထားလေသည် ။ သူမလေးသည် ထိုလောင်ကျွမ်းထား သည့် စာအုပ်စင်နှစ်စင်ကို ကြည့်ပင်မကြည့်ဘဲ တန်မိုတို့ဆီ တည့်တည့်ကြီးပြေးလာနေသည် ။

ထိုမျက်နှာပြောင်မိန်းကလေးက ဒေါသတကြီး မေးလာသည် ။ “ညီမလေးရဲ့စာအုပ် ဘယ်မှာလဲ”

တန်မိုသည် ထိုမေးခွန်းကို ပြန်ဖြေရမည့်အစား အမေးကို အမေးနှင့် ပြန်ဆင့်ပေးလိုက်၏ ။

“ညီမလေး ဒီနေ့ ကျောင်းမသွားရဘူးလား”

ထိုကလေးမလေး၏မျက်နှာအမူအရာမှာ ထိုမျက်နှာပြောင်သားရေအောက်တွင် ပုံးကွယ်နေပေသည် ။ သို့သော် စိတ်လှုပ်ရှားဝမ်းသာမြူးတူးနေသည့် အသံလေး ထွက်လာသည် ။

“ဒီနေ့က ဆောင်းဦးရာသီလမ်းလျှောက်ပွဲလေ ။ ညီမလေးက ဒီလမ်းလျှောက်ပွဲကို အကြိုက်ဆုံးပဲ ။ ဒီပွဲရောက်ရင် သိုးသေးသေးလေးတွေ၊ ယုန်ဖြူလေးတွေနဲ့ သားပိုက်ကောင်လေးအများကြီးရှိမှာ ။ အများကြီးမှ အများကြီးပဲ”

ကလေးမလေးက သူမလက်ဖြင့် အများကြီးအများကြီးဆိုသည့်ဟန် လုပ်ပြနေသည် ။
ထို့နောက် တံတွေးတစ်ချက် မြိုချလိုက်ပြီး…
“သိုးပေါင်က အရမ်းစားလို့ကောင်းတယ် ။ ယုန်ဖြူလေးတွေရဲ့မျက်လုံးတွေ ကလဲ သကြားတွေလို ချိုရဲနေတာပဲ ။ သားပိုက်ကောင်တွေကတော့ စားရ နဲနဲခက်တယ် ။ ဒါပေမယ့် မေမေကတော့ အရမ်းကြိုက်တယ် ။ ညီမလေး မေမေ့အတွက် တစ်ကောင်လောက် ပြန်ရင် ယူသွားပေးရမယ်”

ထိုကလေးမလေး၏စကားကို နားထောင်ရင်း ဂျင်းကောင်၏မျက်နှာမှာ ဖြူလျော်လာကာ တဆတ်ဆတ်တုန်ယင်လာသည် ။

တန်မိုက သူ့ဘက် လှည့်ကြည့်လာသည် ။
“အစ်ကို ချန်း…ခင်ဗျားကို ကြည့်ရတာ သိပ်မဟန်သလိုပဲ”

ဂျင်းကောင်က သူ့ကို မေးလိုက်သည် ။

“မင်း မကြောက်ဖူးလား ။ နတ်ဆိုးက ငါတို့
နေ့ဘက် ဘာလုပ်နေတယ်ဆိုတာကို သိနေတယ် ။
သူ တမင်သက်သက် အဲ့ဒီ H စာအုပ်စင်ကို မီးရှို့ပစ် လိုက်တာ ။ အဲ့ဒီစာအုပ်က အဲ့ဒီစင်ပေါ်မှာ ရှိမနေလို့ တော်သေးတယ် ။ မဟုတ်ရင် ငါတို့တော့ သွားပြီ”

ကလေးမလေး၏မျက်နှာမှာ တမုဟုတ်ချင်း ပြောင်းလဲသွားလေပြီ ။

“ညီမလေးရဲ့စာအုပ်ရော…”

တန်မိုက သူမလေးကို ကြည့်လိုက်သည် ။
“ဒီနေ့ရော စာအုပ်နဲ့ပတ်သက်ပြီး ဘာမှတ်မိသေးလဲ”

ကလေးမလေးသည် ထို ‘မျက်နှာပြောင်မိန်းကလေး၏ဒေါသထွက်မှု’ ဆိုသည်ကို ထပ်မလုပ်လာတော့ပေ ။
တန်မိုအား အရူးတစ်ယောက်နှယ်သာ ကြည့်လာ၏ ။

“နတ်သားဖြစ်ပြီး ဘာလို့နတ်ဆိုးလောက် ဉာဏ်မရှိရတာလဲ ။ ညီမလေး သိနေပါတယ် ။ တကယ်တော့ ကိုကို လဲ ညီမလေးစာအုပ်ကို လိုချင်နေတာ မလား ။ နတ်ဆိုး…
သူ အဲ့စာအုပ်ကို သိတယ် ။ အဲ့စာအုပ်က ပိုက်ဆံတွေ အများကြီးတန်တယ်ဆိုတာကို သိတယ် ။ အဲ့စာအုပ်က မေမေ ညီမလေးကို မွေးနေ့လက်ဆောင်ဝယ်ပေးထားတာ ။ အဲ့ဒါကို သူ တမင်တကာ ခိုးသွားတာ ။ အဲ့စာအုပ်က မေမေ ပေးထားတာကို သူ သိနေတယ် ။ အဲ့စာအုပ်ပျောက်သွားရင် မေမေ စိတ်ဆိုးသွားမှာကို သူ သိနေတယ် ။
ကိုကို ညီမလေးကို အဲ့စာအုပ်ကူရှာပေးပါနော်”

ထို့နောက် ရုတ်ခြည်းပင် ထိုကောင်မလေးသည် ဆွဲခြင်းထဲက မီးခြစ်ဆံဘူးအကြီးကြီးတစ်ခုကို ဆွဲထုတ်လိုက်လေသည် ။

“ကိုကိုက ကူရှာမပေးချင်ဘူးပေါ့”

“တင်း တောင်  ! နတ်သားလေးက ‘စာအုပ်ကူရှာမပေးဘူးလား ။ ဒါဆို သေရမယ်’ ဆိုတဲ့ အရိပ်အမြွက်ကို ရသွားပါပြီ”

ကလေးမလေးက သူမ၏ဆွဲခြင်းကို ဆောင့်ကြီးအောင့်ကြီး ဘုန်းခနဲ ပစ်ချပစ်လိုက်ပြီး ထိုမီးခြစ်ကြီးကို ခေါင်းနှင့်တစ်တန်းထဲ မြှောက်ကိုင် ထားသည် ။ ထို့နောက် တန်မိုနှင့် ဂျင်းကောင်ဆီသို့ တိုးလာသည် ။

တန်မိုသည် သူမလေးကို ငုံ့ကြည့်နေပြီး တဖြည်းဖြည်းချင်း အနားကပ်လာသည်ကို စောင့်နေသည် ။
ထို့နောက်မှ ထူးဆန်းသည့်လေသံဖြင့် ပြောလေသည် ။

“ကျွန်တော် ကလေးတွေကို သဘောမကျဘူး။
အထူးသဖြင့် ဆိုးပေတေပြီး အလိုက်ကမ်းဆိုးမသိ စနောက်တတ်တဲ့ကလေးတွေပဲ”

ထိုကလေးမလေး၏ခြေလှမ်းတို့မှာ ရုတ်ခြည်း တန့်ခနဲ ။ ချက်ချင်းပင် ဘုတောပြန်တောလာတော့သည် ။

“ညီမလေးက တစ်ခါမှ မဆိုးဘူး ။ စတာနောက်တာတွေကိုလဲ မုန်းတယ် ။ ဘယ်တော့မှလဲ သူများကို မနောက်ဘူး ။ ညီမလေးက အမြဲတမ်း သိတတ်ပြီး လိမ်မာတဲ့မိန်းကလေးပါနော်”

တန်မို ပြန်မဖြေတေ့ာ ။

ဂျင်းကောင်က ရင်တထိတ်ထိတ်ဖြင့် သူ့ကို ကြည့်လာသည် ။
“တန်မို…”

သူ ဘာလို့ သွားပြီးရန်စနေတာလဲ ။

ထိုကလေးမလေးက ဆယ်ကြိမ်တိတိ ရေရွတ်ပြောလာ တော့သည် ။ “ညီမလေးက ဘယ်တော့မှ မစနောက် တတ်ဘူး ။ ညီမလေးက အမြဲတမ်း လိမ်မာတယ်”

ထို့နောက် သူမလေး၏ဘာမှမရှိသည့်မျက်နှာသည် မော့လာပြီး ထိုမီးခြစ်ဆံဘူးကြီးကို မြှောက်လိုက်ကာ…

“ကိုကို စာအုပ်ကူရှာမပေးဘူးပေါ့”

ထိုကလေးမလေး ထိုစကားကို ပြောဆိုနေစဉ် တန်မိုက စာအုပ်စင်တစ်စင်ဆီကို လျှောက်သွားပြီးသွားလေပြီ ။
G စာအုပ်စင်ထဲက စာအုပ်တစ်အုပ်ကို သူ ထုတ်ယူလိုက်ပြီး ထိုကလေးမလေးကို ကြည့်လိုက် သည် ။

“အင်း…မင်းက ဘယ်တုန်းကမှ မစနောက်တတ်ဘူး ။
ပစ္စည်းတွေကို မီးရှို့ပြီး လူတွေကို သတ်ပဲသတ်တာ”

ထိုကလေးမလေးသည် ကပျာကယာပင် မီးခြစ်ကို သူမကျောနောက် ဖွက်ပစ်လိုက်သည် ။

တန်မိုသည် ‘မယန်းလူမျိုးများ ပျောက်ကွယ်ရခြင်း၏လျို့ဝှက်ချက်’ စာအုပ်ကို လက်ထဲတွင် ယမ်းပြလိုက်ကာ….
“ဒါ မင်း ရှာနေတဲ့စာအုပ် မလား”

——————
စာရေးဆရာ ပြောပြီ ။

မျက်နှာပြောင်မိန်းကလေး  : ညီမလေးက အမြဲတမ်းသိတတ်လိမ်မာတဲ့ မိန်းကလေးပါ ။
မီးရှို့ပြီး လူတွေကို သတ်ပစ်ရင် သတ်ပစ်မယ်၊ ဒါပေမယ့် ညီမလေးက လိမ်မာတုန်းပါ ။

——————
အိုး…ဒီအခန်းလေးကတော့ အမှန်တရားကြီးကို ဖော်ထုတ်လိုက်ပါပြီ ~

နောက်တစ်ခန်းကတော့ လုံးဝကို ပဟေဠိတွေနဲ့အပြည့်ဖြစ်နေပါလိမ့်မယ် ။

စာဖတ်သူလေးတို့ အခုထိ မမှန်းဆမိသေးဘူးဆိုရင် စဉ်းစားလို့ရမယ့်အချက်သုံးချက်ကို ပြောပြပေးမယ်နော် ~

① H စာအုပ်စင်က မီးရှို့ခံလိုက်ရတယ် ။
② မျက်နှာပြောင်မိန်းကလေးရဲ့သဲလွန်စသုံးခု…။ ဒါကတော့ တကယ့်ကို အရေးကြီးတဲ့အချက်တွေပါ ။
③ မျက်နှောင်ပြောင်မိန်းကလေးက မီးရှို့ရတာ ကြိုက်ရင်ကြိုက်မယ်၊ လူသတ်ရတာ ကြိုက်ရင်ကြိုက်မယ် ။ ဒါပေမယ့် သူက လူကောင်းလေးပါ၊ နတ်ဆိုးမဟုတ်ဘူး ။

       💖       💖       💖       💖       💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Continue Reading

You'll Also Like

691K 120K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
Twenty Six Revenge By Grey

Mystery / Thriller

382K 25.8K 49
Khoon Thant Shein Wah+Sunshine SiThu
37.6K 6.7K 40
"කවුරු හරි මගෙන් ඇහෙව්වොත් මන් ඔයාගේ කව්ද කියලා මන් දෙන්න ඕන උත්තරය මොකක්ද ජන්ග්කුක් " "කියන්න ඩෝල් ඔයා තමයි ජන්ග්කුක් ගේ හැමදේයක්ම කියලා "
333K 6.1K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...