အပိုင်း (က)
မနက်စောစော ဟန်မြစ်နား လေ့ကျင့်ခန်းလုပ်နေရတဲ့ Renjun။ သူတစ်ယောက်တည်းဆိုလျှင် လုပ်ဖြစ်မည်မဟုတ်။ မားမားနှင့်ပါပါးက ကျန်းမာရေးကောင်းအောင် လုပ်ကိုလုပ်ရမည်ဟုပြောပြီး ဆွဲခေါ်လာလို့သာ သူ့ခင်မျာ လိုက်ခဲ့ရခြင်းဖြစ်သည်။ ဆူပုတ်ပုတ် မျက်နှာနဲ့ Renjun ကို ပါးပါးနှင့် မားမားက ပြုံးစိစိနှင့်သာ ကြည့်နေတယ်။ လေ့ကျင့်ခန်းလုပ်သာလုပ်နေတာ မျက်လုံးက မပွင့်တပွင့်။ နေနည်းနည်းထွက်လာတော့ လေ့ကျင့်ခန်း လုပ်တာကို ရပ်လိုက်ကြသည်။ ထိုချိန်ကျမှ မျက်လုံးလေးက ဘလင်း ဘလင်း ဖြစ်လာသည်။ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပြီး ဝင်စားလေ့ရှိသည့် အနီးအနားမှာရှိတဲ့ ကော်ဖီဆိုင်လေးဆီ မုန့်စားရန် သွားကြသည်။
မုန့်ဆိုင်ရောက်တော့ မုန့်မှာပြီးတဲ့နောက် view ကောင်းတဲ့ နေရာ၌ မိသားစုသုံးယောက် ထိုင်လိုက်ကြသည်။ ဖုန်းကိုကြည့်နေရင်းမှ ပါးပါးစကားသံကြောင့် RenJun သုံးလက်စ ဖုန်းကိုပိတ်ပြီး ပါးပါး ပြောသည်ကို အာရုံစိုက်လိုက်သည်။
"သား ပါးပါး ပြောစရာရှိတယ်"
"ဟုတ် ပါးပါး"
"ပါးပါးနဲ့မားမား နောက်အပတ် အဂ်ါနေ့ တရုတ်ပြန်တော့မယ်"
"ဟင် ရောက်တာတောင် သိပ်မကြာသေးတာကို"
"တစ်လရှိပြီလေ သားရဲ့"
"သားပါးပါးအလုပ်တွေလည်း ပုံနေလောက်ပြီလေ သားရဲ့။ ပြီးတော့ မားလည်း အလုပ်တွေ ရှိသေးလို့"
"အင်းပါ ဟိုရောက်ရင်လည်း ကျန်းမာရေးဂရုစိုက်။ အလုပ်တွေချည်း မလုပ်ကြနဲ့။ သားကိုလည်း စိတ်မပူနဲ့။ သားက ဒီမှာ အဆင်ပြေတယ်။
ပါးနဲ့မားလည်း မြင်တဲ့အတိုင်းပဲ"
"အင်းပါ သားရဲ့"
"သား စာလည်းသေချာလုပ်။ သွားသတိ၊ လာသတိနဲ့နေနော်။"
"ဟုတ် မားမား"
"မုန့်တွေရောက်လာပြီ စားကြရအောင်"
အပိုင်း (ခ)
"Renjun ahh" အတန်းထဲ အလောတကြီး Renjun နာမည်ခေါ်ပြီး ပြေးဝင်လာတဲ့ Jeno။
"ဟေ Jeno ပြော ဘာဖြစ်လာတာတုန်း"
"မင်း Assignmentအတွက် မှတ်ထားတာတွေ ပြပါလားဟင်"
"မင်း မမှတ်ထားပြန်ဘူးလား"
"အင်း အဲ့နေ့က ဂိမ်းဆော့နေလို့"
"ဖြစ်ရမယ် ရော့ အဆိုင်းမန့်က သန်ဘက်ခါ နောက်ဆုံးနော်"
"အင်း ကျေးဇူးပဲ Renjun ahh။ ငါလည်း ခုနမှ Haechanပြောလို့ သတိရတာ"
"သူကရော ဘယ်ရောက်သွားလဲ။ မှတ်ထားပြီးလို့လား"
"မမှတ်ရသေးဘူး။ Mark hyungနဲ့ စကားပြောနေလို့ ချန်ခဲ့တာ"
"အော် ဖျော်ဖြေပွဲကိစ္စထင်တယ်"
"ဟုတ်မယ်။ ဒါနဲ့ စနေနေ့ ငါတို့ rehearsal လုပ်ကြမယ်နော်"
"အင်း ဘယ်မှာလုပ်မလဲ"
"ထုံစံအတိုင်း ဟန်မြစ်ဘေးပေါ့ကွာ"
"အင်း ညနေပိုင်းပဲမလား"
"အေး"
Jeno note ကူးပြီးလို့ ဘောပင်ချချိန် အတန်းထဲ အလောတကြီး ဝင်လာသော Haechan။
"Jeno မင်းကူးထားတယ်မလား"
"အင်း ကူးပြီးပြီ"
"ညနေ ကျောင်းဆင်းရင် စာကြည့်တိုက် သွားရှာရေးရအောင်"
"အေး သွားမယ်လေ"
"Jeno ahh ငါတို့ဆီမှာ Renjun လို Hyperကို သူငယ်ချင်း တော်ထားရတာ တော်တော်ကံကောင်းတယ်နော်"
"အင်း သူရှိနေလို့ ငါတို့ ပထမနှစ်လည်း အောင်လာတာလေ"
"ငါတို့ရဲ့ hyperလေး" လို့ ပြောရင်း အတင်းလာဖက်တဲ့ Jenoနဲ့ Haechanကြောင့် Renjun ဖတ်နေတဲ့ စာအုပ်လေးတောင် လက်ထဲက ပြုတ်ကျသွားသည်အထိ။
အပိုင်း (ဂ)
တစ်စုံတစ်ယောက်ဟာ ညနေပိုင်း ဟန်မြစ်နား လမ်းလျှောက်ထွက်ရင်း ဓာတ်ပုံရိုက်ဖြစ်သည်။
မကြာမီ လူနည်းနည်းရှင်းသည့် ခုံတန်းဆီမှ ပျံ့လွင့်လာတဲ့ သီချင်းဆိုသံကြောင့် ဘယ်သူမှန်း သိချင်စိတ်ကြောင့် ခိုးကြည့်လိုက်မိသည်။
ခုံတန်းလေးမှာ ကောင်လေးနှစ်ယောက် ထိုင်နေကြကာ တစ်ယောက်က ဂစ်တာတီးပြီး နောက်ကောင်လေးတစ်ယောက်က သီချင်းဆိုနေသည်။ သီချင်းဆိုနေတဲ့ ကောင်လေးရဲ့ အသံနဲ့ သီချင်းဟာ လိုက်ဖက်နေသည်။
"အသံ ကောင်းသလို လူကလည်း ချစ်စရာလေးပဲ"
ခိုးကြည့်နေတဲ့ ကောင်လေး စိတ်ထဲက ရေရွတ်လိုက်ပြီး လက်မှာ ကိုင်ထားတဲ့ ကင်မရာကို ကိုင်ကာ အလင်းပိတ်လိုက်သည်။ ကောင်လေးမမြင်လောက်မယ့် နေရာကို ရွေးပြီး ကောင်လေးပုံလေးကို ဓာတ်ပုံရိုက်ယူထားလိုက်သည်။ ဟန်အမျိုးမျိုးနဲ့ ကောင်လေးပုံကို ပြန်ကြည့်ပြီး Jaemin ပြုံးနေမိသည်။
"Jeno ahh ငါအဲ့ chorusကို ဆိုရတာ သိပ်အားမရဘူး"
"ဘာဖြစ်လို့လဲ အဆင်ပြေပါတယ်"
"နောက်တစ်ခေါက် ထပ်ဆိုကြည့်ရအောင်"
"မနက်ဖြန်လည်း ထပ်လေ့ကျင့်ဦးမှာပဲ Renjunရယ်"
"ဒါပေမယ့်"
"Renjunရေ ငါတို့ Fresher welcomeမှာ ဖျော်ဖြေမှာလေကွာ ပြိုင်ပွဲဝင်ပြိုင်မှာမှ မဟုတ်တာ မနက်ဖြန်မှ ထပ်လေ့ကျင့်မယ်လေနော် ခု ငါ ဗိုက်လည်း ဆာနေပြီကွ"
"အင်းပါ ဒါဆိုလည်း တစ်ခုခုသွားစားမယ်လေ"
Renjun နဲ့ Jeno ပြောစကားများကို ခိုးနားထောင်ရင်း မနက်ဖြန် ညနေပိုင်း ဟန်မြစ်ကို လမ်းလျှောက်ထွက်ဖို့အတွက် တစ်စုံတစ်ယောက်ဟာ တွေးနေခဲ့ပါတယ်။ မုန့်သွားစားတဲ့နေရာထိ လိုက်ဖို့ကကျ သူ့မှာ ပိုက်ဆံအိတ်မှ မပါလာတာလေ။
အမြဲတမ်း ပိုက်ဆံအိတ် မသယ်တတ်တဲ့သူပေမယ့် ပထမဆုံးအနေနဲ့ ပိုက်ဆံအိတ် မယူခဲ့မိလို့ နောင်တရခဲ့သည်။
အပိုင်း (ဃ)
မနေ့က တွေ့ခဲ့တဲ့ ကောင်လေးကို ထပ်တွေ့နိုင်ဖို့အတွက် ပြင်ဆင်ရင်း ဟန်မြစ်ဘေးဆီ လမ်းလျှောက်ထွက်ခဲ့ပြန်သည်။ ဒီနေ့တော့ ကင်မရာရော ပိုက်ဆံအိတ်ရော ဖုန်းပါ သေချာ ပြင်ဆင်ကာ ထည့်ခဲ့လိုက်သည်။ မနေ့က ကောင်လေး ထိုင်ခဲ့တဲ့ အနီးတစ်ဝိုက်ကို လမ်းပတ်လျှောက် ဓာတ်ပုံအချို့ရိုက်ကာ တွေ့နိုင်ဖို့ မျှော်နေမိသည်။
မကြာမီ ကိုယ်ရိုက်ဖို့ချိန်တဲ့ မြင်ကွင်းရှေ့ ပေါ်လာတဲ့ ကောင်လေး။ သူ့ကိုမြင်တော့ အပြုံးတွေက ကိုယ့်မျက်နှာမှာ အလိုလို ဆင်မြန်းပြီးသား။ ရသလောက် သူ့ပုံလေး ရိုက်ယူလိုက်သည်။ ဒီလိုမျိုး အခွင့်အရေးဆိုတာ လက်လွှတ်မခံသင့်ဘူးမလား။ မနေ့က ထိုင်တဲ့နေရာမှာပဲ ပြန်ထိုင်ကြသည်မို့ သူတို့ထိုင်တဲ့ မလှမ်းမကမ်း နေရာတစ်ခုမှာ နေရာယူလိုက်သည်။ ဒါမှ ကောင်လေးပုံတွေကို ရယူနိုင်မည်ဖြစ်သလို သူတို့ပြောစကားတွေလည်း ကြားနိုင်မည်ဖြစ်သည်။
"ရေသောက်ဦးမယ် Jeno မင်းရော သောက်ဦးမလား"
"ရတယ် Jun ge ပဲသောက် ငါမသောက်ချင်တော့ဘူး"
"အင်း"
"ဂစ်တာကြိုးညှိလိုက်ဦးမယ်"
"ဒါနဲ့ Jeno ငါတို့ rehearsalလုပ်မယ့် ညနေပိုင်းမှာ Tutorialရှိတယ်နော် ဘယ်လိုလုပ်မလဲ"
"ဖြေပြီးမှ သွားကြမယ်လေ ငါ Doyoung hyungကို အချိန်ညှိပေးဖို့ ပြောလိုက်မယ် ကဲ ရပြီ စတော့မလား"
"အင်း chorus အရင်ဆို စမယ်နော် 1 2 3 ... You're my missing puzzle piece "
ကောင်လေးရဲ့ နာမည်ကို ခပ်သဲ့သဲ့ကြားလိုက်မိသည်။ ချိုမြိန်တဲ့ အသံနဲ့ သီဆိုနေတဲ့ ကောင်လေးရဲ့ သီချင်းသံလေး နားဆင်ရင်း လက်ထဲက ကင်မရာကိုလည်း အနားမပေးမိ။ ပုံတွေ အများကြီး ရသည်က တစ်ကြောင်း ရိပ်မိသွားမှာကြောင့်တစ်သွယ် ကင်မရာကို အနားပေးလိုက်ရင်း သီချင်းဆိုသံကိုသာ အာရုံစိုက် နားထောင်လိုက်သည်။
"ဒီနေ့ နားထောင်ရတာ ပိုအဆင်ပြေတယ် Renjun"
"ကျေးဇူးပါ Jenoရေ"
"ဒါနဲ့ ဒီသီချင်း ဘယ်လိုရေးဖြစ်သွားတာလဲ"
"ငါ့အနာဂတ်ရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းလေးကို စိတ်ကူးယဥ်ရင်း ရေးဖြစ်သွားတာ"
"ရှိနေပြီမို့လား"
"ခုထိတော့ မတွေ့သေးပါဘူးကွာ"
"ငါတို့ရဲ့ နောက်ဆုံး လေ့ကျင့်ရက်ကြီး ပြီးဆုံးပြီပေါ့"
"အင်းနော် ငါဆိုဖို့သာ လေ့ကျင့်နေတာ အဲ့နေ့ ဝတ်ဖို့ အဝတ်အစားတွေ မပြင်ရသေးဘူး"
"ငါတော့ တွေ့ရာဝတ်မှာ"
"အေး ကြည့်ကောင်းတာ ဝတ်လာနော် Nono"
"ဘယ်လိုဝတ်ဝတ် ငါက နဂိုချောတော့ အဆငိပြေတယ် Junရ သူများတွေလို ပြင်ဆင်ရွေးချယ်စရာ မလိုဘူး"
"Lee Jeno ငါ့လက်သီးကို တောင့်တနေတာလား"
"May be ... စတာ ခုပြန်တော့မှာလား တစ်ခုခုသွားစားကြဦးမလား"
"ပြန်တော့မယ် ပါးနဲ့မား ဖုန်းဆက်မယ် ပြောထားလို့ လိုက်ဦးမလား"
"မလိုက်တော့ဘူးလေ ငါလည်း တူရိယာဆိုင် ခဏသွားမလို့"
"ဒါဆို လမ်းမတူဘူးပေါ့"
"အင်း မတူဘူး Jun"
"ငါအရင်ပြန်နှင့်တော့မယ် Nono"
"အင်း ငါလည်းသွားတော့မှာ"
"မနက်ဖြန်မှ ကျောင်းမှာ တွေ့ကြတာပေါ့"
"ဘိုင့်ဘိုင်"
အပိုင်း (င)
နောက်ဆုံးတော့ ကောင်လေး နေတဲ့ နေရာကို သိခဲ့ပြီ။ တိုက်ခန်းလေးတစ်ခုပေါ့။ ဒီတိုက်ခန်းမှာ ကျွန်တော့်ရဲ့ ဦးလေးငယ်လည်း နေတော့ ကျွန်တော် တုံ့ဆိုင်းခြင်း မရှိဘဲ ကောင်လေးနောက် လိုက်ခဲ့သည်။ ဓာတ်လှေကားထဲမှာ သူရယ် ကျွန်တော်ရယ် ပြီးတော့ ကလေးငယ်နဲ့ မိသားစု တစ်စုရယ် စီးနင်းခဲ့သည်။ ကံကောင်း သည် ဆိုရမလား သူဆင်းတဲ့ အလွှာကလည်း ဦးလေးငယ်နေတဲ့ အလွှာပဲမို့ လိုက်ထွက်လိုက်သည်။ ဦးလေးငယ်ရဲ့ မျက်နှာစောင်းထိုးအခန်းကို ကောင်လေးဟာ သော့ဖွင့်ရင်း ဝင်သွားခဲ့သည်။
"မင်းကို သဘောကျနေတဲ့သူ ရှိတာ သိပေမယ့် မင်းက ကိုယ့်အတွက်ပဲ ဖြစ်လာရမှာနော် Jun ။
မနက်ဖြန်ကစ ကိုယ်မင်းကို ရနိုင်ဖို့ ကြိုးစားတော့မယ်"
အချိန်အနည်းငယ်ကြာ ကောင်လေးရဲ့အခန်းကို စိုက်ကြည့်ပြီးနောက် ဦးလေးငယ်အခန်းတံခါးရှေ့က လူခေါ်ခေါင်းလောင်း နှိပ်လိုက်သည်။
မကြာခင် လာဖွင့်ပေးတာက ဦးလေးငယ်ရဲ့ ချစ်လှစွာသော အမျိုးသမီး တစ်နည်းအားဖြင့် လွန်ခဲ့သော သုံးလလောက်ကမှ လက်ထပ်ထားတဲ့ ဇနီးလေးပေါ့။ အန်တီငယ်က ဝမ်းသာအားရ ကြိုဆိုပြီး ဦးလေးငယ်ကို ကျွန်တော်ရောက်နေကြောင်း လှမ်းပြောကာ ခေါ်နေလေသည်။
Renjun အိမ်ရောက်တော့ ညနေစာ ဟော့ပေါ့ တစ်set မှာလိုက်ပြီး ပါးနဲ့ မားဆီက ဖုန်းကို မျှော်နေလိုက်သည်။ မကြာခင် ဝင်လာသော ဖုန်းကို ဖွင့်ကာ စားပွဲရှေ့ တင်လိုက်သည်။
(သား ဘာလုပ်)
"ဘာမှမလုပ်ဘူး မားတို့ဆီက ဖုန်းစောင့်နေတာ"
(ညနေစာရော စားပြီးပြီလား)
"မစားရသေးဘူး။ hot pot စားချင်လို့၊ ပြီးတော့ မချက်တာကလည်း မချက်ချင်တော့ မှာထားတယ်။ မရောက်သေးလို့ စောင့်နေတာ။ မားမားတို့ရော"
(မားတို့လည်း ခဏနေမှ စားမှာ)
"ဟုတ် ပါးပါးရော"
(ရှိပါတယ်ဗျာ။ သား သီချင်းဆိုမယ်ဆို လေ့ကျင့်ပြီးပြီလား)
"ပြီးပြီ ပါးပါး။ ဒါနဲ့ သားကို ပြောစရာရှိတယ်လို့ ပြောထားတာ ဘာကိစ္စလဲ"
(အဲ့တာက ဒီလို သားရဲ့ Inလေးက သားနဲ့တူတူ ကျောင်းလာတက်ချင်လို့တဲ့)
"သူရဲ့ကျောင်းကရော"
(ကျောင်းက ပါး စုံစမ်းရသလောက်ကတော့ မေဂျာတူပဲ တက်မယ်ဆို test တစ်ခုဖြေပြီး အောင်မှတ်ရရင် လက်ရှိ year တက်လို့ ရတယ်တဲ့)
"ငယ်က ဘယ်လိုလုပ်ချင်တယ်တဲ့လဲ"
(သားငယ်ရော့ Geနဲ့ပြောလိုက်)
{ဝေ Ge}
"ငယ်က ဘယ်လိုလုပ်ချင်လို့လဲ"
(Ge နဲ့ အတူ တက်ချင်တယ် ပြောင်းခဲ့မယ် ပါးပြောသလို testဖြေပြီး တက်မယ်လေ)
"အင်းပါ ငယ့်သဘော ငယ့်ကိုပြောသားပဲ Geနဲ့ တစခါတည်း တူတူလိုက်တက်ပါ ဆိုတာကို"
(အဲ့တုန်းကမှ မားတို့ကို မခွဲနိုင်တာ ခုက Geကို အရမ်းသတိရလို့ ပြီးတော့ ငယ်လည်း ကိုရီးယားကို နေချင်လို့)
"အင်း ငယ်လာချင်တာ Concert ကြောင့်မလား"
(Ge သိရဲ့သားနဲ့)
"အင်းပါ ငယ်လာရင် Geတို့ နှစ်ယောက် EXO Concert သွားကြည့်မယ်လေ"
(ရေး ဒါမှ Ge)
"အင်း ကိုရီးယားစာလည်း နည်းနည်းပြန်ကြည့်နော် Test ဖြေရမယ့် စာလည်း ပြန်နွှေး ငယ်"
(ဟုတ် Ge)
Ting Tong 🔊
"ငယ် ခဏ Ge deliမှာထားတာ ရောက်ပြီထင်တယ် သွားယူလိုက်ဦးမယ်"
(ဟုတ် Ge နောက်မှပဲ ပြန်ခေါ်လိုက်တော့မယ်)
"အင်းအင်း ငယ်"