ကမ႓ာႀကီး အြန္လိုင္းေပၚ တက္သြာ...

By god-dess11

80.5K 6K 384

လြန္ခဲ့သည့္ေၿခာက္လက ထိ၍ကုိင္၍မရသည့္အနက္ေရာင္ေမ်ွာ္စင္ေပါင္း ကမာ႓အနွံ ့တြင္ သိန္းခ်ီကာ ေပၚထြက္လာခဲ့သည္ ။ ဓာတုေ... More

အၫႊန္း
အခန္း ၁
အခန္း ၂
အခန္း ၃
အခန္း ၅
အခန္း ၆
အခန္း ၇
အခန္း ၈
အခန္း ၉
စာစဥ္ ၂ ( ၁ + ၂ )
စာစဥ္ ၂ ( ၃ + ၄ )
စာစဥ္ ၂ ( ၅ + ၆ )

အခန္း ၄

1.6K 415 20
By god-dess11

တန္မုိက လွည့္ပတ္ၾကည့္လုိက္သည္ ။ တိတ္ဆိတ္ၿငိမ္သက္ေနသည့္စာၾကည့္တုိက္ၾကီးထဲတြင္ မည္သူတစ္ဦးတစ္ေယာက္မွ ရွိမေန ။ နတ္သားဆုိသည္လည္း မရွိ ။ နတ္ဆိုးဆုိသည္လည္း မရွိ ။

“အစ္ကုိ ခ်န္း…က်ြန္ေတာ့္ကို ကြန္ပ်ဴတာ ကူပိတ္ေပးလုိ ့ ့ရမလား ။ က်ြန္ေတာ္ စာအုပ္စင္က စာအုပ္တစ္အုပ္ေလာက္ ဖယ္ၾကည့္ၾကည့္လုိက္ဦးမယ္”

ဂ်င္းေကာင္က ေခါင္းညိတ္လုိက္ၿပီး ေမာက္စ္ကို နွိပ္ကာ ကြန္ပ်ဴတာကို ပိတ္လုိက္သည္ ။

တန္မိုက ဂ်င္းေကာင္ ေမာက္စ္ကုိင္ထားသည့္ ညာဘက္လက္ကို စူးစုိက္ၾကည့္ေနသည္ ။ ထို ့ေနာက္ စာအုပ္စင္တစ္စင္ဆီကုိ သြားၿပီး စာအုပ္တစ္အုပ္ကုိ ထုတ္ယူလုိက္ကာ ၿပန္ထားလုိက္၏ ။
“က်ြန္ေတာ္တုိ ့ စာအုပ္စင္ကေန စာအုပ္ေတြ ဖယ္လုိ ့ရ တယ္…။ က်ြန္ေတာ္ သိခ်င္တာရွိေသးတယ္…အစ္ကို ခ်န္း ၊ အစ္ကုိ အဲ့အသံကုိ ၾကားလုိက္လား”

ဂ်င္းေကာင္က စိတ္ရႈပ္လက္ရႈပ္ၿဖစ္လာဟန္ ။
“ငါတုိ ့ စာအုပ္ကူရွာမေပးရင္ ေသလိမ့္မယ္လုိ ့ ေၿပာတဲ့အဲ့ေကာင္မေလးရဲ့အသံကုိ ေၿပာတာလား”

တန္မို ေခါင္းညိတ္လုိက္သည္ ။ လူနွစ္ေယာက္သား ဧည့္ၾကိဳစားပြဲေနာက္တြင္ ထုိင္ခ်လုိက္၏ ။ ေၿပာလုိက္သည္ ။ “က်ြန္ေတာ္တုိ ့ေတြ နတ္သားအဖြဲ ့ထဲ ေရာက္ေနတာနဲ ့ ့တူတယ္” တန္မိုက ညာဘက္လက္ကုိ ဆန္ ့ထုတ္လုိက္ရင္း ေၿပာလာသည္ ။ ဂ်င္းေကာင္က ၿမင္သြားၿပီး ခ်က္ခ်င္း ေၿပာသည္ ။ ခပ္သြက္သြက္ပင္ လက္ဖမိုးေပၚတြင္ ရွိေနသည့္ နတ္သားေတာင္ပံပံု သေကၤတရွိေနသည့္ သူ ့ညာဘက္လက္ ကို ဆန္ ့ထုတ္ၿပလာသည္ ။

“အဲ…ငါ့မွာလဲ ရွိတယ္”

ထုိကေလးေလးသည္  ‘နတ္သား’ ဟု ေၿပာလိုက္သည့္အခ်ိန္တြင္ တန္မို၏ညာဘက္လက္ဖမိုးေပၚက ထုိအမွတ္အသားေလး ေပၚလာသည္ကို တန္မို သတိၿပဳမိလုိက္၏ ။ အေၾကာင္းမွာမူ ရွင္းလင္းေပသည္ ။ တန္မိုသည္ နတ္သားအဖြဲ ့က ၿဖစ္၏ ။ တရုတ္ၿပည္သားအမ်ားစုမွာ ညာသန္မ်ား ၿဖစ္ၾကသည္ ။
သို ့ေၾကာင့္ ဂ်င္းေကာင္၏အဖြဲ ့ကုိ စစ္ေဆးၾကည့္ဖုိ ့ရာ အတြက္ သူ ့ကုိ ကြန္ပ်ဴတာပိတ္ခုိင္းလုိက္ၿခင္း ၿဖစ္၏ ။

သုိ ့ေပမည့္ ဂ်င္းေကာင္သည္လည္း နတ္သားပင္ ၿဖစ္ေနေလသည္ ။ သုိ ့ၿဖစ္ရာ ၿပသနာက ပို၍ နက္နဲလာေလၿပီ ။

သူ ေတြးေနသလုိပင္ ဂ်င္းေကာင္လည္း ေတြးမိသြားဟန္ပင္ ။
“ငါတုိ ့နွစ္ေယာက္စလံုးက နတ္သားေတြဆုိရင္…ဒါဆုိ နတ္ဆိုးက ဘယ္သူလဲ”

ဤစာၾကည့္တုိက္သည္ သူ ေန့စဥ္နွင့္အမ်ွ အလုပ္လုပ္ခဲ့ရသည့္ စာၾကည့္တုိက္ဆုိသည္မွာ လံုး၀က်ိန္းေသသည္ ။ သို ့နွင့္ တန္မုိသည္ သူ ့အံဆြဲကုိ ဆြဲဖြင့္လုိက္ၿပီး ပီေကတစ္ခုကို ထုတ္ယူလိုက္၏ ။
ပီေကကို ေၿဖးေၿဖးခ်င္း၀ါးေနရင္း လက္ေခ်ာင္းတို ့က စားပြဲကို စည္းခ်က္မွန္စြာ ေခါက္ေနရာမွ ဂ်င္းေကာင္ကုိ မ်က္ေမွာင္ၾကဳတ္ၾကည့္လုိက္သည္ ။

“ပထမၿဖစ္နုိင္ေခ်က…နတ္ဆုိးက က်ြန္ေတာ္တုိ ့လို မဟုတ္ဘူး ။ နတ္ဆုိးက လူသားေတြ မဟုတ္ဘူး ။ လြန္ခဲ့တဲ့သံုးရက္က အနက္ေရာင္ေမွ်ာ္စင္က ေၿပာထားတဲ့ 
‘ဂိမ္း’  ဆုိတာကုိလဲ က်ြန္ေတာ္တုိ ့ ၿပန္ေတြးၾကည့္ရမယ္ ။ အဲ့ဒီအသံက အနက္ေရာင္ေမွ်ာ္စင္နဲ ့ ပတ္သက္ေနေလာက္တယ္ ။ အနက္ေရာင္ေမ်ွာ္စင္ထဲမွာ ဘာမွန္းမသိရတဲ့သက္ရွိေတြ ရွိေနတယ္ ။ အနက္ေရာင္ေမ်ွာ္စင္လုိပဲ နတ္ဆုိးကလဲ လူသား မဟုတ္ဘူး ။ နတ္ဆုိးက အနက္ေရာင္ေမွ်ာ္စင္က ဖန္တီးထားတ့ဲ ၿပိဳင္ဘက္ပဲ”

အခုေတာ့ ဂ်င္းေကာင္မွာ လံုး၀နားလည္သေဘာေပါက္သြားေလၿပီ ။

“ဒါဆုိ…စာၾကည့္တုိက္ထဲမွာ ဘယ္သူမွ ရွိမေနတဲ့အေၾကာင္းရင္းက နတ္ဆုိးေတြ မရွိေနလို ့ေပါ့”

တန္မိုက ေခါင္းညိတ္လုိက္သည္ ။
“အင္း ။ အဲ့လုိ ၿဖစ္နုိင္ေခ်ရွိတယ္ ။ ဒါေပမယ့္ ေနာက္ထပ္တစ္မ်ိဳးလဲ ရွိေသးတယ္ ။ ဒုတိယၿဖစ္နုိင္ေခ်က နတ္ဆုိးကလဲ လူသားေတြပဲ”

ဂ်င္းေကာင္က စိတ္လႈပ္ရွားသြားၿပီး
သံတုတ္ကို တင္းတင္းဆုပ္ကုိင္လုိက္သည္ ။

“သူ ပုန္းေနတာလား”

သံတုတ္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားသည့္ ထုိဂ်င္းေကာင္၏လက္ကုိ ၾကည့္လုိက္မိၿပီး တန္မို ၿပံဳးမိသြား၏ ။ “ၿဖစ္နုိင္ပါတယ္”

အေမွာင္ထဲကရန္သူသည္ အလင္းထဲတြင္ရွိေနသည့္ရန္သူထက္ အၿမဲတေစ အႏၱရာယ္ၾကီးလွသည္ခ်ည္းသာ ။

တန္မိုနွင့္ဂ်င္းေကာင္တုိ့ လူစုခြဲလုိက္ၾကသည္ ။ ဂ်င္းေကာင္သည္ လူေကာင္ၾကီးၿပီး တန္မုိထက္ ပိုေတာင့္ေၿဖာင့္သည္ ။ ထုိ့ေၾကာင့္ စာၾကည့္တုိက္ထဲတြင္ ပုန္းခုိေကာင္းပုန္းခုိေနနိုင္သည့္ ထုိနတ္ဆိုးကုိ
သူ ရွာေဖြေပလိမ့္မည္ ။
တန္မိုသည္ကေတာ့ စာၾကည့္တုိက္ထဲက ပထမထပ္နွင့္ ဒုတိယထပ္ကုိ ဆင္းကာ စစ္ၾကည့္လိမ့္မည္ ။

အစက ထုိဂ်င္းေကာင္သည္ ထိုကဲ့သုိ ့အရာမ်ိဳးကုိ တစ္ေယာက္ထဲ လုပ္ရမည္ကုိ အလြန္တရာ ေၾကာက္လန့္ေန၏ ။ သို ့နွင့္ တန္မိုက ေၿပာလုိက္သည္ ။ 
“အဲ့ဒီအသံက အၾကမ္းမဖက္ရလုိ ့ ေၿပာထားတယ္၊ ဘာမွမၿဖစ္ဘူး”

သုိ ့သည့္တုိင္ ဂ်င္းေကာင္ခမ်ာ ေၾကာက္သည္ကေတာ့ေၾကာက္ဆဲပင္ ။ လုိက္ရွာၾကည့္ေနခ်ိန္တြင္ ေၿခေထာက္မွာ တဆတ္ဆတ္တုန္ေနလ်က္ ကိုင္ထားသည့္သံတုတ္မွာလည္း တုန္တုန္ရီရီ ။

သုိ ့ေသာ္ မိနစ္ပုိင္းေလးအတြင္း
တန္မိုက ၿပန္ေရာက္ခ်လာသည္ ။
ရႈံ ့မဲ့ေနသည့္မ်က္နွာၿဖင့္ သူ ေၿပာလာသည္ကား…
“က်ြန္ေတာ္ ေအာက္ထပ္ကို ဆင္းၾကည့္လုိ ့မရခဲ့ဘူး”

“ဟာ..”

“ဒီတတိယထပ္ကေနဆုိရင္ ေအာက္ကိုဆင္းဖုိ ့ နွစ္လမ္းပဲရွိတယ္ ။ ပထမတစ္လမ္းက ၀န္ထမ္းသံုးဓာတ္ေလွကားနဲ ့ဆင္းလုိ ့ရတယ္ ။ ေနာက္တစ္လမ္းက ေလွကားထစ္အတုိင္း ဆင္းသြားလုိ ့ရတယ္ ။ ဒါေပမယ့္ က်ြန္ေတာ္ ေလွကားထစ္အတုိင္း ဆင္းသြားေတ့ာ မၿမင္ရတဲ့နံရံၾကီးတစ္ခုက က်ြန္ေတာ့္ကို ပိတ္ထားတယ္ ။ အဲ့ဒါနဲ ့ ၀န္ထမ္းသံုးဓာတ္ေလွကားဘက္ကုိ သြားလုိက္တယ္ ။ အဲ့မွာက် စက္ကမပြင့္ဘူး ။ ဒီေတာ့ ေအာက္ထပ္ကို ဆင္းလုိ ့မရေတာ့ဘူး”

ဂ်င္းေကာင္က စတင္ေတြးၾကည့္လာေလၿပီ ။
“ဒါဆုိရင္ ငါတုိ ့ေတြ ဒီတတိယထပ္မွာပဲ သြားခ်င္သလုိ သြားလို ့ရတယ္လို ့ ဆုိလိုတာေပါ့ ။ ဒါဆုိ ငါတုိ့ရွာေနတဲ့စာအုပ္က ဒီတတိယထပ္မွာပဲ ရွာေနတာလား”

တန္မုိသည္လည္း ထုိ ့အတူပင္ အေတြး၀င္မိ၏ ။ သုိ ့ေသာ္ ဤတတိယထပ္တြင္ ရွိေနသည့္စာအုပ္ေတြကုိသာ အကုန္လုိက္ရွာရမည္ ဆုိလ်ွင္…

ရုတ္ၿခည္းပင္ ဂ်င္းေကာင္၏မ်က္နွာမွာ အပ်က္ပ်က္အယြင္းယြင္းၿဖစ္လာ၏ ။ သူ ့တစ္ကုိယ္လံုး ေတာင့္တင္းသြားၿပီး သူ ့အသံမွာ မသိမသာတုန္ေနသည္။ “ဒီတတိယထပ္မွာ စာအုပ္စင္ဘယ္နွစင္ ရွိလဲ”

“၂၃ စင္”

ဂ်င္းေကာင္၏မ်က္လံုးတုိ ့ ၿပဴးက်ယ္သြား၏ ။
“ဘာလုိ ့ အဲ့ေလာက္နဲနဲေလးလဲ”

တန္မိုသည္လည္း ကူကယ္ရမ့ဲမိသြား၏ ။

ထုိသည္မွာ သူ လုပ္ခ့ဲသည္မဟုတ္ဘူးေလ ။

လြန္ခဲ့သည္လအနည္းငယ္ေလာက္က…ဒါရုိက္တာ ၀မ္ မွာ ဘာစိတ္ကူးထေပါက္သည္ မသိေပ ။ ရုတ္တရက္ၾကီး ဤစာၾကည့္တုိက္ကို အေနာက္တုိင္းဆန္ဆန္ ေခတ္မွီတဲ့စာၾကည့္တုိက္အသြင္ ေၿပာင္းမည္ဟု ဆုိလာခဲ့သည္ ။ ထို ့ေနာက္ ဤတတိယထပ္ကေန စၿပီး ၿပင္ဆင္ေၿပာင္းလဲမႈ လုပ္ခဲ့ေတာ့၏ ။ စူက်ိဳးစာၾကည့္တုိက္တည္ရွိလာခဲ့သည္မွာ ရာစုနွစ္ ရွိလာခဲ့ေလၿပီ ။ တၿခားေသာၿမိဳ့နယ္စာၾကည့္တုိက္ေလးေတြလုိပင္ ၊ စာၾကည့္တုိက္ထဲတြင္ရွိေနသည့္ ပစၥည္းတုိ ့မွာ ေဟာင္းႏြမ္းေနၾကသည္ ၿဖစ္၏ ။ ဒါရိုက္တာ ၀မ္ သည္ တတိယထပ္ကို ၿပန္လည္မြမ္းမံၿပီးသည့္ ေနာက္တြင္ မူလကရွိေနခဲ့သည့္ စာအုပ္စင္ေပါင္း ၁၀၀ ေက်ာ္ကို ဖယ္ရွားကာ စာအုပ္စင္ၾကီး ၂၃ ခုကို ထည့္ၿပီး တစ္ခုနွင့္တစ္ခု ဆက္ထားလုိက္၏ ။

သုိ ့ေသာ္လည္း ဤစာအုပ္စင္တုိ ့ေၾကာင့္ သြားရလာရ
က်ံဳ ့သည္ဟု စာဖတ္သူမ်ားစြာက ကြန္ပလိန္းတက္လာၾက သၿဖင့္ ဒါရုိက္တာ ၀မ္ ခမ်ာ ထုိစာအုပ္စင္တုိ ့ကို ေနာက္နွစ္တြင္ ေၿပာင္းၿပန္ဖုိ ့ရာ ဆံုးၿဖတ္ထားခဲ့ေလသည္ ။ ကံမေကာင္းအေၾကာင္းမလွစြာၿဖင့္ ဒါရုိက္တာ ၀မ္ ခမ်ာ
သူ ့ဘ၀တြင္ ၿပန္ေၿပာင္းခြင့္ေရာ ရပါဦးမည္လား ။

ဤတတိယထပ္ထဲတြင္ စာအုပ္စင္အနည္းအက်ဥ္းသာ ရွိေနသည္မွာလဲ တန္မိုနွင့္ ဂ်င္းေကာင္တို ့အတြက္ေတာ့ ကံေကာင္းလွေပသည္ ။ တန္မိုသည္ ဤတတိယထပ္တြင္ အၿမဲနီးပါး အလုပ္တာ၀န္က်သည့္ စာၾကည့္တုိက္၀န္ထမ္း တစ္ဦးၿဖစ္၏ ။ ထုိ ့အတူ ဂ်င္းေကာင္သည္လည္း ဘာသာေရးအေၾကာင္း စာအုပ္တုိ ့ ဖတ္ရႈရသည္ကို ၾကိဳက္နွစ္သက္ၿပီး ထုိစာအုပ္တုိ ့မွာလည္း ဤတတိယထပ္တြင္သာ ရွိေနၾကၿခင္း ၿဖစ္၏ ။ ထို ့ေၾကာင့္ သူတုိ ့နွစ္ေယာက္စလံုးမွာ ဤတတိယထပ္နွင့္ အလြန္တရာ အက်ြမ္း၀င္လွေပသည္ ။

သုိ ့ေသာ္… စာအုပ္စင္နဲနဲေလး ရွိေနၿခင္းမွာလဲ နတ္ဆုိးအတြက္ စာအုပ္ေတြ မီးရိႈ ့ပစ္ဖုိ ့ရာ ပိုလုိ ့ပင္ လြယ္ကူသြားေစသည္သာ ။ စာအုပ္မီးရိႈ္ ့ခံရဖုိ ့မွာလဲ ပုိလုိ့ပင္ အခြင့္မ်ားလာသည္သာ ။

နွစ္ေယာက္သား စုိးတထိတ္ထိတ္ရွိလာၾကခ်ိန္တြင္ စာအုပ္စင္ေတြၾကားကေန ေၿခသံတေဒါက္ေဒါက္ ထြက္လာၿပန္သည္ ။ ထိုမ်က္နွာေၿပာင္ မိန္းကေလး ထြက္လာၿခင္းပင္ ။ ထုိမိန္းကေလးသည္ လက္ထဲတြင္ ထမင္းပန္းကန္လံုး ေသးေသးေလးကို ကိုင္ထားၿပီး လည္တုိင္တြင္ သေရခံပ၀ါကို တပ္ထား၏ ။

“ကုိကုိ ရွာလုိ ့ေတြ ့ၿပီလား”
ဂ်င္းေကာင္က စိတ္ပ်က္လက္ပ်က္ေခါင္းယမ္းၿပသည္ ။
“ငါတုိ ့ စေတာင္မရွာရေသးဘူး”

ကေလးမေလးမွာ ေဒါသတၾကီး ငုိခ်င္းခ်လာေတ့ာေလၿပီ ။
“အခုထိ မရွာရေသးဘူးလား ။ ညီမေလးမွာ ေန ့လည္စာ စားခ်ိန္ကို ဆရာမ မသိတုန္း လစ္ထြက္လာခဲ့ရတာကို…။ ပထမေန ့က ကုန္ေတာ့မယ္ ။ ေန ့လည္အတန္း ၿပီးသြားတာနဲ ့ အိမ္ၿပန္ရေတာ့မယ္ ။ ေမေမ သိသြားရင္ေတာ့ သြားပါၿပီ”

တန္မိုက ေမးသည္ ။
“ညီမေလးဆီမွာ သဲလြန္စေလးဘာေလး မရွိဘူးလား ။
စာအုပ္ထဲက အေၾကာင္းအရာတုိ ့ ၊ ဘာတုိ ့ မွတ္မိတာ ရွိလား”

ကေလးမေလးက ေခါင္းကို ယမ္းၿပလုိက္ရာ သူမေလး၏ၿမွင့္စည္းထားသည့္ ဆံပင္နွစ္ခြမွာလည္း ယမ္းခါလာသည္ ။ “မမွတ္မိဘူး”

ဂ်င္းေကာင္က ၿမန္ၿမန္ပင္ ေၿပာလုိက္သည္ ။
“ငါတို ့ကို ဘာသဲလြန္စမွ မေပးေတာ့ဘူးလား”

ထုိကေလးမေလးက ရုတ္တရက္ၾကီး ထေၿပာလာသည္ ။
“အာ…သတိရၿပီ ။ ဒီမနက္ ညီမေလးအခန္းထဲမွာ ဒီအေမႊးက်န္ေနခဲ့တယ္ ။ ဒါက နတ္ဆိုးရဲ့အေမႊးပဲ ။ စာအုပ္ကို ေဖ်ာက္လုိက္တဲ့သူက ငါ မဟုတ္ဘူးဆုိတာကို
ငါ သိတာေပါ့ ။ ေသာက္အစုတ္ပလုတ္နတ္ဆုိးၾကီး…
သူ င့ါစာအုပ္ကုိ ခုိးသြားတယ္ ။ နတ္ဆိုးေတြက အက်င့္ပုတ္အူယုတ္ေတြ ။ ငါ နတ္ဆိုးေတြကုိ အမုန္းဆုံးပဲ ။ အဲ့နတ္ဆုိးေကာင္ၾကီး…လာေပ့ေစဦး ။ မိလုိ ့ကေတာ့
သူ ့အေတာင္ေတြကုိ ခုတ္ပစ္ၿပီး သူ ့အေမႊးေတြ အကုန္ႏႈတ္ပစ္မယ္ ။ ေပါက္ေပါက္စက္ထဲ ထည့္ၿပီးေတာ့ တဂ်ြတ္ဂ်ြတ္ကုိ ၀ါးစားပစ္ဦးမယ္ !”

ထုိကေလးမသည္ ထိုအနက္ေရာင္အေတာင္ေမႊးကို တန္မိုလက္ထဲ အပ္ၿပီး ၿပန္ထြက္သြားေတာ့ေလၿပီ ။

“တင္း ေတာင္  ! နတ္သားက ‘နတ္ဆုိးရဲ့အေတာင္ေမႊး’ သဲလြန္စကုိ ရသြားပါၿပီ”

တန္ မို ။  “…”

ဂ်င္းေကာင္ ။  “…”

တခနအၾကာ၊ တန္မိုက ေမးလာသည္ ။
“…ဒါက က်ြန္ေတာ္တို ့ရဲ့သဲလြန္စလား”

ဂ်င္းေကာင္က ေနရက်ဥ္းက်ပ္ေနသည္ ။
“ဒီအေတာင္ေမႊးမွာ တစ္ခုခုမ်ား ရွိေနလုိ ့လား”

တန္မိုက ထုိအေမႊးကို ကိုင္ၾကည့္လုိက္ၿပီး ေလထဲ ေၿမွာက္ၾကည့္လုိက္သည္ ။ သုိ ့ေသာ္ မည္သည့္ေမွာ္အစြမ္းမွ မရွိသည့္ သာမန္ရုိးရုိးအေတာင္ေမႊးသာ ၿဖစ္ဟန္တူသည္ ။ တန္မုိ အားကုန္ထုတ္ၿပီး စမ္းၾကည့္လုိက္၏ ။ သုိ ့ေသာ္ ထုိေတာင္ပံေမႊးမွာ သူ ့အား ေနာက္ေၿပာင္က်ီစယ္ေနသည့္အလားနွယ္၊ တုပ္တုပ္ပင္ မလႈပ္၊ တိတ္ဆိတ္ၿမဲသာ ။

ထိုအခုိက္အတန္ ့၊ ၿဗဳန္းခနဲ….အလင္းေရာင္မွာ ေမွာင္အတိ ၿဖစ္သြားေလသည္ ။

ဂ်င္းေကာင္ခမ်ာ ေၾကာက္လန္ ့တၾကား ထေအာ္လာ၏ ။

စာၾကည့္တုိက္တစ္ခုလံုး ေမွာင္အတိၿဖစ္သြား၏ ။
သုိ ့ၿဖစ္သြားခ်ိန္၊ တန္မို၏နွလံုးခုန္သံတို ့မွာလည္း ဒုတ္ခနဲ ခုန္တက္သြားသည္ ။ သူသည္ စားပြဲနားတြင္ ရပ္ေနၿခင္းၿဖစ္၏ ။ အမွတ္တမဲ့ပင္ စားပြဲေပၚက မီးအိမ္အေဟာင္းေလးကို လွည့္ၾကည့္လုိက္မိသည္ ။ ထိုစားပြဲနားတစ္၀ုိက္တြင္ ၀ါက်င္က်င္မီးေရာင္ေလးမွာ မွိန္မွိန္ေပ်ာ့ေပ်ာ့ေလး လင္းေပးေနသည္ ။

တန္မိုက ထိုအေမွာင္ထုၾကီး လႊမ္းၿပီး ေမွာင္မိုက္မင္းမူေနသည့္ ထိုစာအုပ္စင္တုိ ့ဘက္ကုိ စူးစူးစုိက္စုိက္ၾကည့္ၾကည့္လုိက္သည္ ။

ထုိ ့ေနာက္ သတိၱတုိ ့ေမြးလုိက္ကာ အရဲစြန့္ၿပီး မီးအိမ္ရွိရာဘက္ဆီ လွည့္ၾကည့္လုိက္မိ၏ ။ ထိုစားပြဲေပၚက လင္းေနသည့္ မီးအိမ္မွတစ္ပါး တၿခားဘာအလင္းေရာင္မွ ရွိမေန ။ သုိ ့နွင့္ နွစ္ေယာက္သားသည္ ၾကမ္းေပၚကုိ ထုိင္ခ်လုိက္ၿပီး စားပြဲကို ေက်ာမွီလုိက္ၾက၏ ။

“မင္း တစ္ခုခုၾကားလုိက္လား”

ေၾကာက္လန္ ့တၾကားၿဖစ္ေနသည့္ ဂ်င္းေကာင္မွာ တန္မုိနား တေရြ ့ေရြ ့ကပ္လာသည္ ။

တန္မုိသည္ ေခါင္းထဲတဆစ္ဆစ္ကုိက္ေနရင္းကေန တစ္ခနေလာက္ နားစြင့္ေထာင္ၾကည့္လုိက္ၿပီးေနာက္…
“ဟင့္အင္း၊ ဘာမွ မၾကားလုိက္ပါဘူး”

ဂ်င္းေကာင္က တံေတြးတုိ ့ ဂလုခနဲ ၿမိဳခ်လုိက္သည္ ။
“ဘာလုိ ့ ရုတ္တရက္ၾကီး ေမွာင္မည္းသြားရတာလဲ…”

တန္မိုသည္ ထိုကေလးေလး သီဆုိထားခဲ့ဖူးသည့္ေတးသံတစ္ပုဒ္ကို အမွတ္ရမိသြား၏ ။
“သံုးရက္နဲ သံုးည စကားမေၿပာပါနဲ ့ကြယ္ ။ သူ ့ကိုေလ နတ္သားနဲ ့နတ္ဆုိးက အလုိရွိေနတယ္ ။ ေန ့ခ်ိန္မွာ နတ္သားက သဲလြန္စရမယ္…ညခ်ိန္မွာ နတ္ဆိုးက မီးရိႈ ့ပစ္ လိမ့္မယ္…စင္အုပ္စင္ေလးကိုကြယ္…။ ဒီဂိမ္းေလးရဲ့ေန ့ည ဟာ ငါတုိ့သာမန္အခ်ိန္နဲ ့ တၿခားစီၿဖစ္ေနတယ္”

ဂ်င္းေကာင္သည္လည္း ထုိသီခ်င္းကုိ ၿပန္ေတြးလုိက္မိၿပီး လံုး၀ကုိ ေၾကာက္လန္ ့သြားေတ့ာသည္ ။

တန္မိုက စိတ္ကို မနဲၿငိမ္ေအာင္ လုပ္ယူလုိက္ရင္း…
“နွစ္နာရီ ရွိၿပီ”

“ဟမ္…ဘာကိုလဲ”

“ဒီကစားပြဲ စတာက ၁၇ နာရီ ၅၂ မိနစ္ ။ အခုက ၁၉ နာရီ ၆၈ မိနစ္ ။ ဒါဆို နွစ္နာရီအခ်ိန္က တစ္ေန ့ေပါ့”

ဂ်င္းေကာင္ ေရွ့ာရသြားသည္ ။
“မင္းမွတ္ဥာဏ္အားက ဘာလုိ ့အဲ့ေလာက္ေတာင္ ေကာင္းရတာလဲ”

ဂ်င္းေကာင္သည္ ထိုကေလးဆုိသြားခဲ့သည့္သီခ်င္းေလာက္ကိုသာ မွတ္မိလုိက္ၿခင္းၿဖစ္၏ ။ ထုိသီခ်င္းထဲတြင္ အခ်ိန္နွင့္ပတ္သက္ၿပီး ေၿပာသြားခဲ့သလုိလုိပင္ ။ သို ့ေသာ္
သူ အေၾကာက္လြန္ေနမိခဲ့သၿဖင့္ ထုိအခ်ိန္အေပၚတြင္ အာရံုမထားမိခဲ့ေပ ။ သုိ ့သည့္တုိင္ တန္မိုသည္ကေတာ့ အခ်ိန္ကိုပါ မွတ္မိေနသည္တဲ့လား ။

တန္မိုသည္လည္း ထုိအခ်က္ကို အမွန္ပင္ အံ့အားသင့္မိပါ၏ ။ သူ ့မွတ္ဥာဏ္အားမွာ ၿသခ်စရာေကာင္းေလာက္ေအာင္ ေကာင္းလြန္းေနသည္ကုိ သူ အခုမွ သတိၿပဳမိသြား၏ ။ ဥပမာ…ထုိကေလးမေလး၏ေက်ာပုိးအိတ္ေသးေသးေလးေပၚတြင္ ပန္းေရာင္ၾကိဳးေလး ခ်ည္ထားပံု၊ ထိုကေလးမေလး၏လက္ထဲတြင္ ပန္းေရာင္သၾကားလံုးေလး ရွိေနပံုမွအစ…အေသးစိတ္ကို သူ မွတ္မိေန၏ ။

သူ၏မွတ္ဥာဏ္အားမွာ ဘယ္အခ်ိန္ကတည္းကစၿပီး ဒီေလာက္ ေကာင္းသြားေလသည္နည္း ။

သုိ ့ေသာ္၊ အခုခ်ိန္တြင္ ထိုအေၾကာင္းကို စဥ္းစားေနဖုိ ့ ့အခ်ိန္မရွိေပ ။ 

တန္မိုက စိတ္ကိုတည္တည္ၿငိမ္ၿငိမ္ထားၿပီး ေၿပာလုိက္သည္ ။
“နွစ္နာရီကုိ တစ္ေန ့လို ့ သေဘာထားၾကည့္ရေအာင္ ။ သီခ်င္းထဲမွာ သံုးရက္နဲ ့သံုးညတိတိ စကားမေၿပာရဘူးလုိ ့ ေၿပာသြားတယ္ ။ ဒီေတာ့ သံုးရက္ၾကာရင္ အဲ့ေကာင္မေလး ေသမယ္ဆုိတဲ့သေဘာပဲ ။ ဒါဆုိ…ညအခ်ိန္ကိုလဲ ၂ နာရီလုိ ့ပဲ သေဘာထားၾကည့္ရေအာင္ ။ ညဘက္ဆုိရင္ နတ္ဆုိး ထြက္လာၿပီးေတာ့ စာအုပ္စင္ကို မီးရိႈ့ပစ္လိမ့္မယ္”

ေၿပာေနရင္းမွာပင္ တန္မိုနွင့္ဂ်င္းေကာင္တုိ ့သည္ ထုိမည္းေမွာင္ေနသည့္စာအုပ္စင္ ၂၃ စင္ ရွိရာဆီကုိ မ်က္လံုးၿပဴးၾကည့္လုိက္ၾကသည္ ။

ဂိမ္းမွာ အၾကမ္းဖက္ၿခင္းကို တားၿမစ္ထားသည့္တုိင္ေအာင္ သူတုိ ့နွစ္ေယာက္ရင္ထဲတြင္မူ အမည္မသိစိုးထိတ္စိတ္တုိ ့ လြင့္ၿမဴးလုိ ့ေနသည္ ။ နဲနဲေလးမွပင္ စိတ္ကုိ မလႊတ္လုိက္ရဲဘဲ သံတုတ္ကို တင္းက်ပ္ေနေအာင္ ဆုပ္ကိုင္ထားမိလုိက္၏ ။ မသိလ်ွင္ တစ္ခုခုက အႏၱရာယ္ေပးလာမည္ကုိ စုိးရိမ္ထိတ္လန္ ့ေနသည့္ဟန္ပင္ ။

သုိ ့ေသာ္…တစ္နာရီခြဲေက်ာ္လာသည့္တိုင္ေအာင္၊ တစ္ဦးတစ္ေယာက္ကိုမွ ေတြ ့ၿမင္ရၿခင္းမရွိသလုိ စာအုပ္စင္တုိ ့လည္း မီးရႈိ ့မခံရေသးေပ ။

ဂ်င္းေကာင္က ေမးသည္ ။
“နတ္ဆိုးက ရွိေရာရွိရဲ့လား”

တန္မို၏ႏႈတ္ခမ္းတုိ ့မွာ တင္းတင္းေစ့ထားရင္းမွ ထုိဂ်င္းေကာင္ဆီသုိ ့ ၾကည့္လာသည္ ။

“ရွိမွာပါ”

“ဒါဆုိ ဘာလို ့ အခုထိ မီးမရိႈ  ့ေသးတာလဲ”

တန္မိုသည္ ထုိစားပြဲကို မွီလုိက္ၿပီး ေတြးေတြးဆဆၿဖင့္ ေၿပာလာသည္ ။

“ဘာလုိ ့မီးမရိႈ ့ေသးတာလဲ…က်ြန္ေတာ္လဲ အဲ့ဒါကုိ သိခ်င္ေနတာ”

သူ ေၿပာလုိက္သည့္စကားကုိ ဂ်င္းေကာင္က နားမလည္
လုိက္ ။ တန္မိုသည္ သံတုတ္ကို တင္းတင္းဆုပ္ထားၿပီး အဓိပၸာယ္နက္ရိႈင္းသည့္မ်က္၀န္းမ်ားၿဖင့္ ဂ်င္းေကာင္ကုိ ၾကည့္ေနသည္ ။

“အစ္ကုိ ခ်န္း…နတ္ဆုိးက အခုထိ မီးမရိႈ  ့ေသးတာကို ဘာေၾကာင့္လုိ ့ ထင္လဲ…”

၀ုန္း !

စာၾကည့္တုိက္ထဲတြင္ ေပါက္ကြဲသံၾကီးတစ္သံ တ၀ုန္း၀ုန္း ထြက္လာသည္ ။
တန္မို၏မ်က္လံုးတုိ ့သည္ ထုိေပါက္ကြဲရာေနရာဆီ အၾကည့္ေရာက္သြားေလၿပီ ။ သူ ၿမင္လုိက္ရသည္မွာ ထိုမီးေတာက္ၾကီးေတြသည္ စာအုပ္စင္တစ္စင္ကုိ ၀ါးၿမိဳေနၿခင္း ။ စာၾကည့္တုိက္ထဲက ထုိမီးေတာက္ၾကီးတုိ ့သည္ ရွိသမ်ွအကုန္လံုးကို ၿပာက်သြားေစေလာက္ေအာင္ ေလာင္က်ြမ္းပစ္မည့္ဟန္ ဆုိင္းလုိ ့ေနသည္ ။
တန္မိုနွင့္ ဂ်င္းေကာင္သည္ အစမွအဆံုးထိတုိင္ မ်က္ေတာင္မခတ္စတမ္း စိုက္ၾကည့္ေနၾက၏ ။ ထုိမီးေတာက္တုိ ့ ၿငိမ္းသြားသည့္တုိင္ေအာင္ လူတစ္ဦးတစ္ေယာက္မွ ထြက္လာၿခင္း မရွိခဲ့ေပ ။

ဒုတိယေန ့တြင္…

ကေလးမေလးသည္ ၾကြက္ပံုေသးေသးေလးပါသည့္ လြယ္အိတ္ေလးကုိ လြယ္လ်က္ ထပ္ေရာက္ခ်လာၿပန္သည္ ။

“ညီမေလးစာအုပ္ကုိ ရွာမေတြ ့ေသးဘူးလား ။ ေမေမက ဒီေန ့ ဦးေလး ၾကြက္ ဆီ သြားလည္တယ္ ။ ညီမေလးက ေမေမမသိေအာင္ ဖံုးထားလို ့ အဲ့စာအုပ္ ေပ်ာက္သြားတာကို ေမေမ အခုထိ မသိေသးဘူး ။ အၿမဲၾကီးေတာ့ ဖံုးထားလုိ ့ရမွာမဟုတ္ဘူး ။ ေမေမ သိသြားမွာပဲ  ။ ကုိကို ဘယ္ေတာ့မွ ညီမေလးစာအုပ္ကို ရွာေပးမွာလဲ”

တန္မုိ၏မ်က္နွာ ၿဖဴေလ်ာ္သြားၿပီး နားထင္ကို နွိပ္နယ္မိသြား ၏ ။
“ဒီေန ့ေရာ စာအုပ္နဲ ့ပတ္သက္တဲ့သဲလြန္စ ဘာရွိေသးလဲ”

ကေလးမေလးမွာ အလြန္တရာပင္ စိတ္မၾကည္မသာ ၿဖစ္လာသည္ ။

“ကိုကုိ ့ကုိ ေၿပာၿပီးပါၿပီ၊ မမွတ္မိပါဘူး ဆုိေန ။ မမွတ္မိဘူးဆုိမွေတာ့ မမွတ္မိလုိ ့ေပါ့”

“ဒီေန ့က ဒုတိယေၿမာက္ေန ့ေနာ္”
တန္မိုက သူမေလးကို သတိေပးလုိက္သည္ ။

ေကာင္မေလးသည္ ဘာကိုမွ ေၿပာမလာေပ ။ သုိ ့ေသာ္…ထုိမ်က္နွာေၿပာင္ေအာက္တြင္မူ သူ့အား ထူးထူးဆန္းဆန္းနွယ္ ၾကည့္ေနလိမ့္မည္ဟု
တန္မို ခံစားေနမိ၏ ။ သူမေလး ေၿပာလာသည္ ။

“ကိုကိုက နတ္သားပဲဟာ၊ စာအုပ္ေတြအမ်ားၾကီး ဖတ္ဖူးမွာေပါ့ ။ အဲ့စာအုပ္က ကုိကို သိတဲ့စာအုပ္ပဲ ။ ညီမေလးက နတ္သားမွမဟုတ္တာ ။ ၿပီးေတာ့  စာဖတ္ရတာကိုလဲ မုန္းတယ္ ။ အဲ့စာအုပ္နဲ ့ပတ္သက္ၿပီး ဘာသဲလြန္စ ေပးလုိ ့ရမွာလဲ ။ အဲ့ဒါကုိ ကုိကို သိထားရမွာ မဟုတ္ဘူးလား”

“တင္း ေတာင္ ! နတ္သားေလးက  ‘မ်က္နွာေၿပာင္မိန္းကေလးရဲ့စိတ္ဆုိးခံရၿခင္း’ သဲလြန္စ ကို ရသြားပါၿပီ”

တန္ မို ။  “…”

________________________________________
စာေရးသူ ေၿပာလာၿပီ :

တန္မို  : က်ြန္ေတာ္ အဲ့ေကာင္မေလးကို သတ္ပစ္လုိ ့မရဘူးလား !!!

.......
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

.....

Unicode

တန်မိုက လှည့်ပတ်ကြည့်လိုက်သည် ။ တိတ်ဆိတ်ငြိမ်သက်နေသည့်စာကြည့်တိုက်ကြီးထဲတွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေ ။ နတ်သားဆိုသည်လည်း မရှိ ။ နတ်ဆိုးဆိုသည်လည်း မရှိ ။

“အစ်ကို ချန်း…ကျွန်တော့်ကို ကွန်ပျူတာ ကူပိတ်ပေးလို့ရမလား ။ ကျွန်တော် စာအုပ်စင်က စာအုပ်တစ်အုပ်လောက် ဖယ်ကြည့်ကြည့်လိုက်ဦးမယ်”

ဂျင်းကောင်က ခေါင်းညိတ်လိုက်ပြီး မောက်စ်ကို နှိပ်ကာ ကွန်ပျူတာကို ပိတ်လိုက်သည် ။

တန်မိုက ဂျင်းကောင် မောက်စ်ကိုင်ထားသည့် ညာဘက်လက်ကို စူးစိုက်ကြည့်နေသည် ။ ထို့နောက် စာအုပ်စင်တစ်စင်ဆီကို သွားပြီး စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ကာ ပြန်ထားလိုက်၏ ။
“ကျွန်တော်တို့ စာအုပ်စင်ကနေ စာအုပ်တွေ ဖယ်လို့ရ တယ်…။ ကျွန်တော် သိချင်တာရှိသေးတယ်…အစ်ကို ချန်း ၊ အစ်ကို အဲ့အသံကို ကြားလိုက်လား”

ဂျင်းကောင်က စိတ်ရှုပ်လက်ရှုပ်ဖြစ်လာဟန် ။
“ငါတို့ စာအုပ်ကူရှာမပေးရင် သေလိမ့်မယ်လို့ ပြောတဲ့အဲ့ကောင်မလေးရဲ့အသံကို ပြောတာလား”

တန်မို ခေါင်းညိတ်လိုက်သည် ။ လူနှစ်ယောက်သား ဧည့်ကြိုစားပွဲနောက်တွင် ထိုင်ချလိုက်၏ ။ ပြောလိုက်သည် ။ “ကျွန်တော်တို့တွေ နတ်သားအဖွဲ့ထဲ ရောက်နေတာနဲ့တူတယ်” တန်မိုက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရင်း ပြောလာသည် ။ ဂျင်းကောင်က မြင်သွားပြီး ချက်ချင်း ပြောသည် ။ ခပ်သွက်သွက်ပင် လက်ဖမိုးပေါ်တွင် ရှိနေသည့် နတ်သားတောင်ပံပုံ သင်္ကေတရှိနေသည့် သူ့ညာဘက်လက် ကို ဆန့်ထုတ်ပြလာသည် ။

“အဲ…ငါ့မှာလဲ ရှိတယ်”

ထိုကလေးလေးသည်  ‘နတ်သား’ ဟု ပြောလိုက်သည့်အချိန်တွင် တန်မို၏ညာဘက်လက်ဖမိုးပေါ်က ထိုအမှတ်အသားလေး ပေါ်လာသည်ကို တန်မို သတိပြုမိလိုက်၏ ။ အကြောင်းမှာမူ ရှင်းလင်းပေသည် ။ တန်မိုသည် နတ်သားအဖွဲ့က ဖြစ်၏ ။ တရုတ်ပြည်သားအများစုမှာ ညာသန်များ ဖြစ်ကြသည် ။
သို့ကြောင့် ဂျင်းကောင်၏အဖွဲ့ကို စစ်ဆေးကြည့်ဖို့ရာ အတွက် သူ့ကို ကွန်ပျူတာပိတ်ခိုင်းလိုက်ခြင်း ဖြစ်၏ ။

သို့ပေမည့် ဂျင်းကောင်သည်လည်း နတ်သားပင် ဖြစ်နေလေသည် ။ သို့ဖြစ်ရာ ပြသနာက ပို၍ နက်နဲလာလေပြီ ။

သူ တွေးနေသလိုပင် ဂျင်းကောင်လည်း တွေးမိသွားဟန်ပင် ။
“ငါတို့နှစ်ယောက်စလုံးက နတ်သားတွေဆိုရင်…ဒါဆို နတ်ဆိုးက ဘယ်သူလဲ”

ဤစာကြည့်တိုက်သည် သူ နေ့စဉ်နှင့်အမျှ အလုပ်လုပ်ခဲ့ရသည့် စာကြည့်တိုက်ဆိုသည်မှာ လုံးဝကျိန်းသေသည် ။ သို့နှင့် တန်မိုသည် သူ့အံဆွဲကို ဆွဲဖွင့်လိုက်ပြီး ပီကေတစ်ခုကို ထုတ်ယူလိုက်၏ ။
ပီကေကို ဖြေးဖြေးချင်းဝါးနေရင်း လက်ချောင်းတို့က စားပွဲကို စည်းချက်မှန်စွာ ခေါက်နေရာမှ ဂျင်းကောင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည် ။

“ပထမဖြစ်နိုင်ချေက…နတ်ဆိုးက ကျွန်တော်တို့လို မဟုတ်ဘူး ။ နတ်ဆိုးက လူသားတွေ မဟုတ်ဘူး ။ လွန်ခဲ့တဲ့သုံးရက်က အနက်ရောင်မျှော်စင်က ပြောထားတဲ့ 
‘ဂိမ်း’  ဆိုတာကိုလဲ ကျွန်တော်တို့ ပြန်တွေးကြည့်ရမယ် ။ အဲ့ဒီအသံက အနက်ရောင်မျှော်စင်နဲ့ ပတ်သက်နေလောက်တယ် ။ အနက်ရောင်မျှော်စင်ထဲမှာ ဘာမှန်းမသိရတဲ့သက်ရှိတွေ ရှိနေတယ် ။ အနက်ရောင်မျှော်စင်လိုပဲ နတ်ဆိုးကလဲ လူသား မဟုတ်ဘူး ။ နတ်ဆိုးက အနက်ရောင်မျှော်စင်က ဖန်တီးထားတဲ့ ပြိုင်ဘက်ပဲ”

အခုတော့ ဂျင်းကောင်မှာ လုံးဝနားလည်သဘောပေါက်သွားလေပြီ ။

“ဒါဆို…စာကြည့်တိုက်ထဲမှာ ဘယ်သူမှ ရှိမနေတဲ့အကြောင်းရင်းက နတ်ဆိုးတွေ မရှိနေလို့ပေါ့”

တန်မိုက ခေါင်းညိတ်လိုက်သည် ။
“အင်း ။ အဲ့လို ဖြစ်နိုင်ချေရှိတယ် ။ ဒါပေမယ့် နောက်ထပ်တစ်မျိုးလဲ ရှိသေးတယ် ။ ဒုတိယဖြစ်နိုင်ချေက နတ်ဆိုးကလဲ လူသားတွေပဲ”

ဂျင်းကောင်က စိတ်လှုပ်ရှားသွားပြီး
သံတုတ်ကို တင်းတင်းဆုပ်ကိုင်လိုက်သည် ။

“သူ ပုန်းနေတာလား”

သံတုတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည့် ထိုဂျင်းကောင်၏လက်ကို ကြည့်လိုက်မိပြီး တန်မို ပြုံးမိသွား၏ ။ “ဖြစ်နိုင်ပါတယ်”

အမှောင်ထဲကရန်သူသည် အလင်းထဲတွင်ရှိနေသည့်ရန်သူထက် အမြဲတစေ အန္တရာယ်ကြီးလှသည်ချည်းသာ ။

တန်မိုနှင့်ဂျင်းကောင်တို့ လူစုခွဲလိုက်ကြသည် ။ ဂျင်းကောင်သည် လူကောင်ကြီးပြီး တန်မိုထက် ပိုတောင့်ဖြောင့်သည် ။ ထို့ကြောင့် စာကြည့်တိုက်ထဲတွင် ပုန်းခိုကောင်းပုန်းခိုနေနိုင်သည့် ထိုနတ်ဆိုးကို
သူ ရှာဖွေပေလိမ့်မည် ။
တန်မိုသည်ကတော့ စာကြည့်တိုက်ထဲက ပထမထပ်နှင့် ဒုတိယထပ်ကို ဆင်းကာ စစ်ကြည့်လိမ့်မည် ။

အစက ထိုဂျင်းကောင်သည် ထိုကဲ့သို့အရာမျိုးကို တစ်ယောက်ထဲ လုပ်ရမည်ကို အလွန်တရာ ကြောက်လန့်နေ၏ ။ သို့နှင့် တန်မိုက ပြောလိုက်သည် ။ 
“အဲ့ဒီအသံက အကြမ်းမဖက်ရလို့ ပြောထားတယ်၊ ဘာမှမဖြစ်ဘူး”

သို့သည့်တိုင် ဂျင်းကောင်ခမျာ ကြောက်သည်ကတော့ကြောက်ဆဲပင် ။ လိုက်ရှာကြည့်နေချိန်တွင် ခြေထောက်မှာ တဆတ်ဆတ်တုန်နေလျက် ကိုင်ထားသည့်သံတုတ်မှာလည်း တုန်တုန်ရီရီ ။

သို့သော် မိနစ်ပိုင်းလေးအတွင်း
တန်မိုက ပြန်ရောက်ချလာသည် ။
ရှုံ့မဲ့နေသည့်မျက်နှာဖြင့် သူ ပြောလာသည်ကား…
“ကျွန်တော် အောက်ထပ်ကို ဆင်းကြည့်လို့မရခဲ့ဘူး”

“ဟာ..”

“ဒီတတိယထပ်ကနေဆိုရင် အောက်ကိုဆင်းဖို့ နှစ်လမ်းပဲရှိတယ် ။ ပထမတစ်လမ်းက ဝန်ထမ်းသုံးဓာတ်လှေကားနဲ့ဆင်းလို့ရတယ် ။ နောက်တစ်လမ်းက လှေကားထစ်အတိုင်း ဆင်းသွားလို့ရတယ် ။ ဒါပေမယ့် ကျွန်တော် လှေကားထစ်အတိုင်း ဆင်းသွားတေ့ာ မမြင်ရတဲ့နံရံကြီးတစ်ခုက ကျွန်တော့်ကို ပိတ်ထားတယ် ။ အဲ့ဒါနဲ့ ဝန်ထမ်းသုံးဓာတ်လှေကားဘက်ကို သွားလိုက်တယ် ။ အဲ့မှာကျ စက်ကမပွင့်ဘူး ။ ဒီတော့ အောက်ထပ်ကို ဆင်းလို့မရတော့ဘူး”

ဂျင်းကောင်က စတင်တွေးကြည့်လာလေပြီ ။
“ဒါဆိုရင် ငါတို့တွေ ဒီတတိယထပ်မှာပဲ သွားချင်သလို သွားလို့ရတယ်လို့ ဆိုလိုတာပေါ့ ။ ဒါဆို ငါတို့ရှာနေတဲ့စာအုပ်က ဒီတတိယထပ်မှာပဲ ရှာနေတာလား”

တန်မိုသည်လည်း ထို့အတူပင် အတွေးဝင်မိ၏ ။ သို့သော် ဤတတိယထပ်တွင် ရှိနေသည့်စာအုပ်တွေကိုသာ အကုန်လိုက်ရှာရမည် ဆိုလျှင်…

ရုတ်ခြည်းပင် ဂျင်းကောင်၏မျက်နှာမှာ အပျက်ပျက်အယွင်းယွင်းဖြစ်လာ၏ ။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး သူ့အသံမှာ မသိမသာတုန်နေသည်။ “ဒီတတိယထပ်မှာ စာအုပ်စင်ဘယ်နှစင် ရှိလဲ”

“၂၃ စင်”

ဂျင်းကောင်၏မျက်လုံးတို့ ပြူးကျယ်သွား၏ ။
“ဘာလို့ အဲ့လောက်နဲနဲလေးလဲ”

တန်မိုသည်လည်း ကူကယ်ရမဲ့မိသွား၏ ။

ထိုသည်မှာ သူ လုပ်ခဲ့သည်မဟုတ်ဘူးလေ ။

လွန်ခဲ့သည်လအနည်းငယ်လောက်က…ဒါရိုက်တာ ဝမ် မှာ ဘာစိတ်ကူးထပေါက်သည် မသိပေ ။ ရုတ်တရက်ကြီး ဤစာကြည့်တိုက်ကို အနောက်တိုင်းဆန်ဆန် ခေတ်မှီတဲ့စာကြည့်တိုက်အသွင် ပြောင်းမည်ဟု ဆိုလာခဲ့သည် ။ ထို့နောက် ဤတတိယထပ်ကနေ စပြီး ပြင်ဆင်ပြောင်းလဲမှု လုပ်ခဲ့တော့၏ ။ စူကျိုးစာကြည့်တိုက်တည်ရှိလာခဲ့သည်မှာ ရာစုနှစ် ရှိလာခဲ့လေပြီ ။ တခြားသောမြို့နယ်စာကြည့်တိုက်လေးတွေလိုပင် ၊ စာကြည့်တိုက်ထဲတွင်ရှိနေသည့် ပစ္စည်းတို့မှာ ဟောင်းနွမ်းနေကြသည် ဖြစ်၏ ။ ဒါရိုက်တာ ဝမ် သည် တတိယထပ်ကို ပြန်လည်မွမ်းမံပြီးသည့် နောက်တွင် မူလကရှိနေခဲ့သည့် စာအုပ်စင်ပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားကာ စာအုပ်စင်ကြီး ၂၃ ခုကို ထည့်ပြီး တစ်ခုနှင့်တစ်ခု ဆက်ထားလိုက်၏ ။

သို့သော်လည်း ဤစာအုပ်စင်တို့ကြောင့် သွားရလာရ
ကျုံ့သည်ဟု စာဖတ်သူများစွာက ကွန်ပလိန်းတက်လာကြ သဖြင့် ဒါရိုက်တာ ဝမ် ခမျာ ထိုစာအုပ်စင်တို့ကို နောက်နှစ်တွင် ပြောင်းပြန်ဖို့ရာ ဆုံးဖြတ်ထားခဲ့လေသည် ။ ကံမကောင်းအကြောင်းမလှစွာဖြင့် ဒါရိုက်တာ ဝမ် ခမျာ
သူ့ဘဝတွင် ပြန်ပြောင်းခွင့်ရော ရပါဦးမည်လား ။

ဤတတိယထပ်ထဲတွင် စာအုပ်စင်အနည်းအကျဉ်းသာ ရှိနေသည်မှာလဲ တန်မိုနှင့် ဂျင်းကောင်တို့အတွက်တော့ ကံကောင်းလှပေသည် ။ တန်မိုသည် ဤတတိယထပ်တွင် အမြဲနီးပါး အလုပ်တာဝန်ကျသည့် စာကြည့်တိုက်ဝန်ထမ်း တစ်ဦးဖြစ်၏ ။ ထို့အတူ ဂျင်းကောင်သည်လည်း ဘာသာရေးအကြောင်း စာအုပ်တို့ ဖတ်ရှုရသည်ကို ကြိုက်နှစ်သက်ပြီး ထိုစာအုပ်တို့မှာလည်း ဤတတိယထပ်တွင်သာ ရှိနေကြခြင်း ဖြစ်၏ ။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံးမှာ ဤတတိယထပ်နှင့် အလွန်တရာ အကျွမ်းဝင်လှပေသည် ။

သို့သော်… စာအုပ်စင်နဲနဲလေး ရှိနေခြင်းမှာလဲ နတ်ဆိုးအတွက် စာအုပ်တွေ မီးရှို့ပစ်ဖို့ရာ ပိုလို့ပင် လွယ်ကူသွားစေသည်သာ ။ စာအုပ်မီးရှို့ခံရဖို့မှာလဲ ပိုလို့ပင် အခွင့်များလာသည်သာ ။

နှစ်ယောက်သား စိုးတထိတ်ထိတ်ရှိလာကြချိန်တွင် စာအုပ်စင်တွေကြားကနေ ခြေသံတဒေါက်ဒေါက် ထွက်လာပြန်သည် ။ ထိုမျက်နှာပြောင် မိန်းကလေး ထွက်လာခြင်းပင် ။ ထိုမိန်းကလေးသည် လက်ထဲတွင် ထမင်းပန်းကန်လုံး သေးသေးလေးကို ကိုင်ထားပြီး လည်တိုင်တွင် သရေခံပဝါကို တပ်ထား၏ ။

“ကိုကို ရှာလို့တွေ့ပြီလား”
ဂျင်းကောင်က စိတ်ပျက်လက်ပျက်ခေါင်းယမ်းပြသည် ။
“ငါတို့ စတောင်မရှာရသေးဘူး”

ကလေးမလေးမှာ ဒေါသတကြီး ငိုချင်းချလာတေ့ာလေပြီ ။
“အခုထိ မရှာရသေးဘူးလား ။ ညီမလေးမှာ နေ့လည်စာ စားချိန်ကို ဆရာမ မသိတုန်း လစ်ထွက်လာခဲ့ရတာကို…။ ပထမနေ့က ကုန်တော့မယ် ။ နေ့လည်အတန်း ပြီးသွားတာနဲ့ အိမ်ပြန်ရတော့မယ် ။ မေမေ သိသွားရင်တော့ သွားပါပြီ”

တန်မိုက မေးသည် ။
“ညီမလေးဆီမှာ သဲလွန်စလေးဘာလေး မရှိဘူးလား ။
စာအုပ်ထဲက အကြောင်းအရာတို့ ၊ ဘာတို့ မှတ်မိတာ ရှိလား”

ကလေးမလေးက ခေါင်းကို ယမ်းပြလိုက်ရာ သူမလေး၏မြှင့်စည်းထားသည့် ဆံပင်နှစ်ခွမှာလည်း ယမ်းခါလာသည် ။ “မမှတ်မိဘူး”

ဂျင်းကောင်က မြန်မြန်ပင် ပြောလိုက်သည် ။
“ငါတို့ကို ဘာသဲလွန်စမှ မပေးတော့ဘူးလား”

ထိုကလေးမလေးက ရုတ်တရက်ကြီး ထပြောလာသည် ။
“အာ…သတိရပြီ ။ ဒီမနက် ညီမလေးအခန်းထဲမှာ ဒီအမွှေးကျန်နေခဲ့တယ် ။ ဒါက နတ်ဆိုးရဲ့အမွှေးပဲ ။ စာအုပ်ကို ဖျောက်လိုက်တဲ့သူက ငါ မဟုတ်ဘူးဆိုတာကို
ငါ သိတာပေါ့ ။ သောက်အစုတ်ပလုတ်နတ်ဆိုးကြီး…
သူ င့ါစာအုပ်ကို ခိုးသွားတယ် ။ နတ်ဆိုးတွေက အကျင့်ပုတ်အူယုတ်တွေ ။ ငါ နတ်ဆိုးတွေကို အမုန်းဆုံးပဲ ။ အဲ့နတ်ဆိုးကောင်ကြီး…လာပေ့စေဦး ။ မိလို့ကတော့
သူ့အတောင်တွေကို ခုတ်ပစ်ပြီး သူ့အမွှေးတွေ အကုန်နှုတ်ပစ်မယ် ။ ပေါက်ပေါက်စက်ထဲ ထည့်ပြီးတော့ တဂျွတ်ဂျွတ်ကို ဝါးစားပစ်ဦးမယ် !”

ထိုကလေးမသည် ထိုအနက်ရောင်အတောင်မွှေးကို တန်မိုလက်ထဲ အပ်ပြီး ပြန်ထွက်သွားတော့လေပြီ ။

“တင်း တောင်  ! နတ်သားက ‘နတ်ဆိုးရဲ့အတောင်မွှေး’ သဲလွန်စကို ရသွားပါပြီ”

တန် မို ။  “…”

ဂျင်းကောင် ။  “…”

တခနအကြာ၊ တန်မိုက မေးလာသည် ။
“…ဒါက ကျွန်တော်တို့ရဲ့သဲလွန်စလား”

ဂျင်းကောင်က နေရကျဉ်းကျပ်နေသည် ။
“ဒီအတောင်မွှေးမှာ တစ်ခုခုများ ရှိနေလို့လား”

တန်မိုက ထိုအမွှေးကို ကိုင်ကြည့်လိုက်ပြီး လေထဲ မြှောက်ကြည့်လိုက်သည် ။ သို့သော် မည်သည့်မှော်အစွမ်းမှ မရှိသည့် သာမန်ရိုးရိုးအတောင်မွှေးသာ ဖြစ်ဟန်တူသည် ။ တန်မို အားကုန်ထုတ်ပြီး စမ်းကြည့်လိုက်၏ ။ သို့သော် ထိုတောင်ပံမွှေးမှာ သူ့အား နောက်ပြောင်ကျီစယ်နေသည့်အလားနှယ်၊ တုပ်တုပ်ပင် မလှုပ်၊ တိတ်ဆိတ်မြဲသာ ။

ထိုအခိုက်အတန့်၊ ဗြုန်းခနဲ….အလင်းရောင်မှာ မှောင်အတိ ဖြစ်သွားလေသည် ။

ဂျင်းကောင်ခမျာ ကြောက်လန့်တကြား ထအော်လာ၏ ။

စာကြည့်တိုက်တစ်ခုလုံး မှောင်အတိဖြစ်သွား၏ ။
သို့ဖြစ်သွားချိန်၊ တန်မို၏နှလုံးခုန်သံတို့မှာလည်း ဒုတ်ခနဲ ခုန်တက်သွားသည် ။ သူသည် စားပွဲနားတွင် ရပ်နေခြင်းဖြစ်၏ ။ အမှတ်တမဲ့ပင် စားပွဲပေါ်က မီးအိမ်အဟောင်းလေးကို လှည့်ကြည့်လိုက်မိသည် ။ ထိုစားပွဲနားတစ်ဝိုက်တွင် ဝါကျင်ကျင်မီးရောင်လေးမှာ မှိန်မှိန်ပျော့ပျော့လေး လင်းပေးနေသည် ။

တန်မိုက ထိုအမှောင်ထုကြီး လွှမ်းပြီး မှောင်မိုက်မင်းမူနေသည့် ထိုစာအုပ်စင်တို့ဘက်ကို စူးစူးစိုက်စိုက်ကြည့်ကြည့်လိုက်သည် ။

ထို့နောက် သတ္တိတို့မွေးလိုက်ကာ အရဲစွန့်ပြီး မီးအိမ်ရှိရာဘက်ဆီ လှည့်ကြည့်လိုက်မိ၏ ။ ထိုစားပွဲပေါ်က လင်းနေသည့် မီးအိမ်မှတစ်ပါး တခြားဘာအလင်းရောင်မှ ရှိမနေ ။ သို့နှင့် နှစ်ယောက်သားသည် ကြမ်းပေါ်ကို ထိုင်ချလိုက်ပြီး စားပွဲကို ကျောမှီလိုက်ကြ၏ ။

“မင်း တစ်ခုခုကြားလိုက်လား”

ကြောက်လန့်တကြားဖြစ်နေသည့် ဂျင်းကောင်မှာ တန်မိုနား တရွေ့ရွေ့ကပ်လာသည် ။

တန်မိုသည် ခေါင်းထဲတဆစ်ဆစ်ကိုက်နေရင်းကနေ တစ်ခနလောက် နားစွင့်ထောင်ကြည့်လိုက်ပြီးနောက်…
“ဟင့်အင်း၊ ဘာမှ မကြားလိုက်ပါဘူး”

ဂျင်းကောင်က တံတွေးတို့ ဂလုခနဲ မြိုချလိုက်သည် ။
“ဘာလို့ ရုတ်တရက်ကြီး မှောင်မည်းသွားရတာလဲ…”

တန်မိုသည် ထိုကလေးလေး သီဆိုထားခဲ့ဖူးသည့်တေးသံတစ်ပုဒ်ကို အမှတ်ရမိသွား၏ ။
“သုံးရက်နဲ သုံးည စကားမပြောပါနဲ့ကွယ် ။ သူ့ကိုလေ နတ်သားနဲ့နတ်ဆိုးက အလိုရှိနေတယ် ။ နေ့ချိန်မှာ နတ်သားက သဲလွန်စရမယ်…ညချိန်မှာ နတ်ဆိုးက မီးရှို့ပစ် လိမ့်မယ်…စင်အုပ်စင်လေးကိုကွယ်…။ ဒီဂိမ်းလေးရဲ့နေ့ည ဟာ ငါတို့သာမန်အချိန်နဲ့ တခြားစီဖြစ်နေတယ်”

ဂျင်းကောင်သည်လည်း ထိုသီချင်းကို ပြန်တွေးလိုက်မိပြီး လုံးဝကို ကြောက်လန့်သွားတေ့ာသည် ။

တန်မိုက စိတ်ကို မနဲငြိမ်အောင် လုပ်ယူလိုက်ရင်း…
“နှစ်နာရီ ရှိပြီ”

“ဟမ်…ဘာကိုလဲ”

“ဒီကစားပွဲ စတာက ၁၇ နာရီ ၅၂ မိနစ် ။ အခုက ၁၉ နာရီ ၆၈ မိနစ် ။ ဒါဆို နှစ်နာရီအချိန်က တစ်နေ့ပေါ့”

ဂျင်းကောင် ရှေ့ာရသွားသည် ။
“မင်းမှတ်ဉာဏ်အားက ဘာလို့အဲ့လောက်တောင် ကောင်းရတာလဲ”

ဂျင်းကောင်သည် ထိုကလေးဆိုသွားခဲ့သည့်သီချင်းလောက်ကိုသာ မှတ်မိလိုက်ခြင်းဖြစ်၏ ။ ထိုသီချင်းထဲတွင် အချိန်နှင့်ပတ်သက်ပြီး ပြောသွားခဲ့သလိုလိုပင် ။ သို့သော်
သူ အကြောက်လွန်နေမိခဲ့သဖြင့် ထိုအချိန်အပေါ်တွင် အာရုံမထားမိခဲ့ပေ ။ သို့သည့်တိုင် တန်မိုသည်ကတော့ အချိန်ကိုပါ မှတ်မိနေသည်တဲ့လား ။

တန်မိုသည်လည်း ထိုအချက်ကို အမှန်ပင် အံ့အားသင့်မိပါ၏ ။ သူ့မှတ်ဉာဏ်အားမှာ သြချစရာကောင်းလောက်အောင် ကောင်းလွန်းနေသည်ကို သူ အခုမှ သတိပြုမိသွား၏ ။ ဥပမာ…ထိုကလေးမလေး၏ကျောပိုးအိတ်သေးသေးလေးပေါ်တွင် ပန်းရောင်ကြိုးလေး ချည်ထားပုံ၊ ထိုကလေးမလေး၏လက်ထဲတွင် ပန်းရောင်သကြားလုံးလေး ရှိနေပုံမှအစ…အသေးစိတ်ကို သူ မှတ်မိနေ၏ ။

သူ၏မှတ်ဉာဏ်အားမှာ ဘယ်အချိန်ကတည်းကစပြီး ဒီလောက် ကောင်းသွားလေသည်နည်း ။

သို့သော်၊ အခုချိန်တွင် ထိုအကြောင်းကို စဉ်းစားနေဖို့အချိန်မရှိပေ ။ 

တန်မိုက စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ပြောလိုက်သည် ။
“နှစ်နာရီကို တစ်နေ့လို့ သဘောထားကြည့်ရအောင် ။ သီချင်းထဲမှာ သုံးရက်နဲ့သုံးညတိတိ စကားမပြောရဘူးလို့ ပြောသွားတယ် ။ ဒီတော့ သုံးရက်ကြာရင် အဲ့ကောင်မလေး သေမယ်ဆိုတဲ့သဘောပဲ ။ ဒါဆို…ညအချိန်ကိုလဲ ၂ နာရီလို့ပဲ သဘောထားကြည့်ရအောင် ။ ညဘက်ဆိုရင် နတ်ဆိုး ထွက်လာပြီးတော့ စာအုပ်စင်ကို မီးရှို့ပစ်လိမ့်မယ်”

ပြောနေရင်းမှာပင် တန်မိုနှင့်ဂျင်းကောင်တို့သည် ထိုမည်းမှောင်နေသည့်စာအုပ်စင် ၂၃ စင် ရှိရာဆီကို မျက်လုံးပြူးကြည့်လိုက်ကြသည် ။

ဂိမ်းမှာ အကြမ်းဖက်ခြင်းကို တားမြစ်ထားသည့်တိုင်အောင် သူတို့နှစ်ယောက်ရင်ထဲတွင်မူ အမည်မသိစိုးထိတ်စိတ်တို့ လွင့်မြူးလို့နေသည် ။ နဲနဲလေးမှပင် စိတ်ကို မလွှတ်လိုက်ရဲဘဲ သံတုတ်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားမိလိုက်၏ ။ မသိလျှင် တစ်ခုခုက အန္တရာယ်ပေးလာမည်ကို စိုးရိမ်ထိတ်လန့်နေသည့်ဟန်ပင် ။

သို့သော်…တစ်နာရီခွဲကျော်လာသည့်တိုင်အောင်၊ တစ်ဦးတစ်ယောက်ကိုမှ တွေ့မြင်ရခြင်းမရှိသလို စာအုပ်စင်တို့လည်း မီးရှို့မခံရသေးပေ ။

ဂျင်းကောင်က မေးသည် ။
“နတ်ဆိုးက ရှိရောရှိရဲ့လား”

တန်မို၏နှုတ်ခမ်းတို့မှာ တင်းတင်းစေ့ထားရင်းမှ ထိုဂျင်းကောင်ဆီသို့ ကြည့်လာသည် ။

“ရှိမှာပါ”

“ဒါဆို ဘာလို့ အခုထိ မီးမရှို ့သေးတာလဲ”

တန်မိုသည် ထိုစားပွဲကို မှီလိုက်ပြီး တွေးတွေးဆဆဖြင့် ပြောလာသည် ။

“ဘာလို့မီးမရှို့သေးတာလဲ…ကျွန်တော်လဲ အဲ့ဒါကို သိချင်နေတာ”

သူ ပြောလိုက်သည့်စကားကို ဂျင်းကောင်က နားမလည်
လိုက် ။ တန်မိုသည် သံတုတ်ကို တင်းတင်းဆုပ်ထားပြီး အဓိပ္ပာယ်နက်ရှိုင်းသည့်မျက်ဝန်းများဖြင့် ဂျင်းကောင်ကို ကြည့်နေသည် ။

“အစ်ကို ချန်း…နတ်ဆိုးက အခုထိ မီးမရှို ့သေးတာကို ဘာကြောင့်လို့ ထင်လဲ…”

ဝုန်း !

စာကြည့်တိုက်ထဲတွင် ပေါက်ကွဲသံကြီးတစ်သံ တဝုန်းဝုန်း ထွက်လာသည် ။
တန်မို၏မျက်လုံးတို့သည် ထိုပေါက်ကွဲရာနေရာဆီ အကြည့်ရောက်သွားလေပြီ ။ သူ မြင်လိုက်ရသည်မှာ ထိုမီးတောက်ကြီးတွေသည် စာအုပ်စင်တစ်စင်ကို ဝါးမြိုနေခြင်း ။ စာကြည့်တိုက်ထဲက ထိုမီးတောက်ကြီးတို့သည် ရှိသမျှအကုန်လုံးကို ပြာကျသွားစေလောက်အောင် လောင်ကျွမ်းပစ်မည့်ဟန် ဆိုင်းလို့နေသည် ။
တန်မိုနှင့် ဂျင်းကောင်သည် အစမှအဆုံးထိတိုင် မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေကြ၏ ။ ထိုမီးတောက်တို့ ငြိမ်းသွားသည့်တိုင်အောင် လူတစ်ဦးတစ်ယောက်မှ ထွက်လာခြင်း မရှိခဲ့ပေ ။

ဒုတိယနေ့တွင်…

ကလေးမလေးသည် ကြွက်ပုံသေးသေးလေးပါသည့် လွယ်အိတ်လေးကို လွယ်လျက် ထပ်ရောက်ချလာပြန်သည် ။

“ညီမလေးစာအုပ်ကို ရှာမတွေ့သေးဘူးလား ။ မေမေက ဒီနေ့ ဦးလေး ကြွက် ဆီ သွားလည်တယ် ။ ညီမလေးက မေမေမသိအောင် ဖုံးထားလို့ အဲ့စာအုပ် ပျောက်သွားတာကို မေမေ အခုထိ မသိသေးဘူး ။ အမြဲကြီးတော့ ဖုံးထားလို့ရမှာမဟုတ်ဘူး ။ မေမေ သိသွားမှာပဲ  ။ ကိုကို ဘယ်တော့မှ ညီမလေးစာအုပ်ကို ရှာပေးမှာလဲ”

တန်မို၏မျက်နှာ ဖြူလျော်သွားပြီး နားထင်ကို နှိပ်နယ်မိသွား ၏ ။
“ဒီနေ့ရော စာအုပ်နဲ့ပတ်သက်တဲ့သဲလွန်စ ဘာရှိသေးလဲ”

ကလေးမလေးမှာ အလွန်တရာပင် စိတ်မကြည်မသာ ဖြစ်လာသည် ။

“ကိုကို့ကို ပြောပြီးပါပြီ၊ မမှတ်မိပါဘူး ဆိုနေ ။ မမှတ်မိဘူးဆိုမှတော့ မမှတ်မိလို့ပေါ့”

“ဒီနေ့က ဒုတိယမြောက်နေ့နော်”
တန်မိုက သူမလေးကို သတိပေးလိုက်သည် ။

ကောင်မလေးသည် ဘာကိုမှ ပြောမလာပေ ။ သို့သော်…ထိုမျက်နှာပြောင်အောက်တွင်မူ သူ့အား ထူးထူးဆန်းဆန်းနှယ် ကြည့်နေလိမ့်မည်ဟု
တန်မို ခံစားနေမိ၏ ။ သူမလေး ပြောလာသည် ။

“ကိုကိုက နတ်သားပဲဟာ၊ စာအုပ်တွေအများကြီး ဖတ်ဖူးမှာပေါ့ ။ အဲ့စာအုပ်က ကိုကို သိတဲ့စာအုပ်ပဲ ။ ညီမလေးက နတ်သားမှမဟုတ်တာ ။ ပြီးတော့  စာဖတ်ရတာကိုလဲ မုန်းတယ် ။ အဲ့စာအုပ်နဲ့ပတ်သက်ပြီး ဘာသဲလွန်စ ပေးလို့ရမှာလဲ ။ အဲ့ဒါကို ကိုကို သိထားရမှာ မဟုတ်ဘူးလား”

“တင်း တောင် ! နတ်သားလေးက  ‘မျက်နှာပြောင်မိန်းကလေးရဲ့စိတ်ဆိုးခံရခြင်း’ သဲလွန်စ ကို ရသွားပါပြီ”

တန် မို ။  “…”

________________________________________
စာရေးသူ ပြောလာပြီ :

တန်မို  : ကျွန်တော် အဲ့ကောင်မလေးကို သတ်ပစ်လို့မရဘူးလား !!!

.......
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Continue Reading

You'll Also Like

331K 6.1K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
157K 10K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...
26.3K 3.9K 42
Love Crossing Sheikh lovely daughter with mafia badass King, how comes destiny and passionate met
251K 22.1K 64
ဒီဇာတ္​လမ္​း​ေလး ဘယ္​ကစလဲလို႔​ေျပာရင္​ ရာဇဝင္​​ေတြ သမိုင္​း​ေၾကာင္​း​ေတြကစတယ္​​ေျပာရမွာ​ေပါ့ ဒီဇာတ်​လမ်း​လေး ဘယ်​ကစလဲလို့​ပြောရင်​ ရာဇဝင်​​တွေ သမိုင်...