ကမ႓ာႀကီး အြန္လိုင္းေပၚ တက္သြာ...

By god-dess11

80.5K 6K 384

လြန္ခဲ့သည့္ေၿခာက္လက ထိ၍ကုိင္၍မရသည့္အနက္ေရာင္ေမ်ွာ္စင္ေပါင္း ကမာ႓အနွံ ့တြင္ သိန္းခ်ီကာ ေပၚထြက္လာခဲ့သည္ ။ ဓာတုေ... More

အၫႊန္း
အခန္း ၁
အခန္း ၂
အခန္း ၄
အခန္း ၅
အခန္း ၆
အခန္း ၇
အခန္း ၈
အခန္း ၉
စာစဥ္ ၂ ( ၁ + ၂ )
စာစဥ္ ၂ ( ၃ + ၄ )
စာစဥ္ ၂ ( ၅ + ၆ )

အခန္း ၃

2.1K 458 34
By god-dess11

ထိုၿဖစ္ရပ္ကို ၾကည့္ၿမင္ေနၾကသည့္လူေတြသည္ ထုိသည္မွာ အနက္ေရာင္ေမ်ွာ္စင္ၾကီးက လႈပ္ရွားလာၿခင္းဟု အစကေနအဆံုးထိတုိင္ ယံုၾကည္ၿခင္း မရွိၾက ။ ထုိေမ်ွာ္စင္ၾကီးမွာ အစုိးရ၏သုေတသနေၾကာင့္ အက်ိဳးဆက္ၿဖစ္လာၿခင္းဟုသာ ယံုၾကည္ထားၾကၿပီး ထုိေမ်ွာ္စင္သည္ သူတုိ ့ကို ထိခုိက္အနာတရၿဖစ္ေအာင္လုပ္လိမ့္မည္ဟုလဲ လံုး၀မယံုၾကည္ ။ အစုိးရက သူ ့ၿပည္သူေတြကို ၿပန္ဒုကၡေပးဖုိ ့ဆုိသည္မွာ မၿဖစ္နုိင္ဘူး မဟုတ္လား ။ အကယ္၍မ်ား တစ္ခုခုၿဖစ္သြားခဲ့လ်ွင္ေတာင္ သူတုိ ့ထံတြင္ ေခါင္းေဆာင္ရွိေနသည္ ။ ေခါင္းေဆာင္ရွိေနသည္ ။ ထုိေခါင္းေဆာင္တုိ ့ ရွိေနသေရြ ့ ေကာင္းကင္ၾကီးၿပိဳက်လာလ်ွင္ေတာင္ သူတုိ့ စိတ္ပူစရာမလုိ ။

အနက္ေရာင္ေမွ်ာ္စင္ၾကီးအေပၚ
ထုိကဲ့သုိ ့ယံုၾကည္ထားခဲ့ၾကသည့္ ထုိသူတုိ ့မွာ အခုတတိယေၿမာက္ေန ့တြင္ေတာ့ အေၾကာက္ၾကီး ေၾကာက္လန္ ့လာၾကကုန္ၿပီ ။

“ဂိမ္းက ဘာလဲ ။ ရွင္းရမယ္ဆုိတာကေရာ ဘာလဲ ။
က်ြန္ေတာ္တုိ ့ ေၿဖရွင္းခ်က္ လုိခ်င္ပါတယ္”

“ေၿဖရွင္းခ်က္ေပးပါ ! ေၿဖရွင္းခ်က္ေပးပါ !”

“ေၿဖရွင္းခ်က္လုိခ်င္ပါတယ္”

လူအုပ္ၾကီးမွာ ပုိမ်ားသထက္မ်ားလာၿပီး အေရွ့ုသို ့ ခ်ီတက္ ဆႏၵၿပသထက္ ၿပလာေနေလၿပီ ။ စူက်ိဳးၿမိဳ့လယ္ေခါင္ကုိပင္ ပိတ္ဆုိ ့သြားၾကေလၿပီ ။ ထုိခ်ီတက္ပြဲကေန အက်ိဳးအၿမတ္ရနုိင္မလား ၾကံေနသည့္ အၾကံသမား တစ္ခ်ိဳ ့လည္း ရွိေနၾက၏ ။
ထိုလူအုပ္ၾကီးကို လက္နက္ကိုင္ထားသည့္ ရဲတုိ ့က သတိေပးစကားဆုိထားၾကသည့္တုိင္ေအာင္ သူတို ့မွာ လူဦးေရအားကိုးကာ ထြက္သြားဖုိ့ ့ကလန္ကဆန္လုပ္ေနၾက၏ ။ အၿဖဴေရာင္နံရံၾကီးကိုပင္ တြယ္တက္ကာ ထုိနံရံၾကီးကုိ ၿဖိဳခ်ေနေလသည္ ။

ထုိသို ့ေသာၿဖစ္ရပ္မ်ိဳးမွာ ကမ႓ာတစ္၀ွမ္းတြင္ ၿဖစ္ပြားေနၿခင္း ၿဖစ္၏ ။

တရုတ္ၿပည္သည္ကေတာ့ အလြန္တရာေအးခ်မ္းသာယာလွ၏ ။ ထုိအနက္ေရာင္ေမွ်ာ္စင္ၾကီး ေပၚလာသည့္တုိင္ေအာင္ပင္ တုိင္းၿပည္အေၿခအေနမွာ အလြန္အမင္းတည္ၿငိမ္ကာ စည္းရွိကမ္းရွိၿဖင့္ ေသေသ၀ပ္၀ပ္ေနၾကသူမ်ား ၿဖစ္ၾကသည္ ။ တၿခားဆင္းရဲသည့္နုိင္ငံမ်ား တြင္မူ၊ အထူးသၿဖင့္ အစုိးရ၏ေလ်ာ့တိေလ်ာ့ရဲအုပ္ခ်ဳပ္မႈတြင္ရွိသည့္ေနရာ မ်ိဳးတြင္မူ ၊ အနက္ေရာင္ေမွ်ာ္စင္ေပၚလာသည့္ပထမဆံုးေန့မွာပင္
‘အနက္ေရာင္ေမ်ွာ္စင္က အႏၱရာယ္ၾကီး’ ဟူ၍ ဆူပူဆႏၵၿပေနၾကသည့္အဖြဲ ့တုိ ့မွာ မနည္းမေနာလွ ။

“အနက္ေရာင္ေမွ်ာ္စင္က နတ္ဘုရားၿဖစ္ၿပီးေတာ့
က်ြန္ုပ္တို ့ကို ကမ႓ာသစ္ဆီ ေခၚသြားေပးလတၱံ ့။ အနက္ေရာင္ေမ်ွာ္စင္ၾကီး ေရာက္လာၿပီ ။ က်ြန္ုပ္တို ့ရဲ့ အားကုိးရာ၊ မွီတည္ရာ တစ္ပါးတည္းေသာ အရွင္၊ ေက်းဇူးၿပဳၿပီး က်ြႏ္ုပ္တုိ ့ကို ဘ၀သစ္၊ ခြန္အားသစ္ ေပးသနားေတာ္မူပါ” ဟူ၍ ဟစ္ေၾကြးလာကုန္ၾကသည္ ။

“က်ြန္ုပ္တုိ ့ကို ခြန္အားမ်ား ေပးသနားေတာ္မူပါ”

ေထာင္ေပါင္းမ်ားစြာေသာလူအေပါင္းတုိ့သည္ ထိုအနက္ေရာင္ေမွ်ာ္စင္ၾကီးေရွ့ ဒူးေထာက္ခစားကုန္ၾကလ်က္ ပိုမုိေကာင္းမြန္လွပသည့္ ကမ႓ာသစ္ဆီကုိ ေမွ်ာ္မွန္းယမ္းေယာင္ေနၾကေလၿပီ ။ 

တန္မိုသည္ကေတာ့ ထုိအရာတုိ ့ကို မသိရွိလိုက္ပါေခ် ။

သူ ့လက္ထဲတြင္ ထိုအနက္ေရာင္လံုၿခံဳေရးတုတ္ၾကီးကို ကုိင္ထားလ်က္သာ ။ သူ ့အ၀တ္အစားတုုိ ့သည္ အင္မတန္ပါးလႊာသည့္တုိင္ေအာင္ သူ ့နဖူးတုိ ့မွာ ေခ်ြးတုိ့ ့ၿပိဳက္ၿပိဳက္ထေနေလသည္ ။ ထိုကေလးအသံေလးက ထုိေတးသံေလးကို သီေၾကြးေနေလသည္ ။ ထိုက်ယ္က်ယ္ေလာင္ေလာင္ စူးစူးရွရွအသံမွာ ဘာမွရွိမေနသည့္စာၾကည့္တုိက္ၾကီးတစ္တုိက္လံုးတြင္ အခ်ိန္အၾကာၾကီးၾကာေအာင္ ပဲ့တင္သံတလူလူထြက္လို့ ့ေနေလသည္ ။

“ခင္ဗ်ား ၾကားလား”

တန္မိုက အံၾကိတ္ရင္း ေမးလုိက္သည္ ။

ထုိဂ်င္းေကာင္မွာမူ ေၾကာက္လြန္း၍ ၾကမ္းေပၚ ၀ပ္ေန၏ ။ ေခါင္းပင္မေဖာ္ ။ သူ၏ဘုတ္သုိက္ၿဖစ္ေနသည့္ဆံပင္တုိ ့က သူ ့မ်က္လံုးတုိ ့ကို ဖံုးအုပ္ေန၏။
သူ ေမာ့ၾကည့္လုိက္မိသည့္အခ်ိန္တြင္ သူ ့မ်က္လံုးထဲက ခုိက္ခုိက္တုန္ေနသည့္ ေၾကာက္ရြံ ့မႈတုိ ့ကို အတုိင္းသားၿမင္ေနရ၏ ။ ထုိဂ်င္းေကာင္ခမ်ာ စကားပင္ ေၿပာမထြက္၀ံ့ေလာက္ေအာင္ အေၾကာက္လြန္ေနေလၿပီ ။
သူ ထရပ္လာၿပီး နံရံနား ေၿပးကပ္လုိက္သည္ ။ ထုိ ့ေနာက္ တုန္ရီေနသည့္လက္အစံုနွင့္ ေခါင္းကို အုပ္ထားလုိက္ၿပီး ေၿပာလာသည္ ။

“အဲ့ဒါ…အဲ့ဒါက ဘာၾကီးလဲ…”

တန္မိုလည္း မသိပါေခ် ။

ထုိေတးသံဆံုးသြားသည့္ေနာက္တြင္ စာၾကည့္တိုက္ထဲ ယခင္လုိ ဆိတ္ၿငိမ္သြားၿပန္သည္ ။ မည္သည့္အသံမွ မၾကားရေတာ့ ။

တန္မိုသည္ တၿဖည္းၿဖည္းခ်င္း စိတ္တည္ၿငိမ္လာသည္ ။

လူေတာ္ေတာ္မ်ားမ်ားသည္ ေၾကာက္စရာေကာင္းသည့္အရာၾကီးေတြနဲ ့ ၾကံဳၾကိဳက္မိလ်ွင္ မ်ားေသာအားၿဖင့္ အသိစိတ္လြတ္သြားတတ္သည္ခ်ည္း ။ သုိ့ ့ေသာ္ ၊ တန္မိုသည္ကေတာ့ ဆန္ ့က်င္ဘက္ပင္ ၿဖစ္ေန၏ ။

တန္မိုသည္ အလြန္အမင္းစဥ္းစားေတြးေခၚတတ္သူ ၿဖစ္ေလသည္ ။ လြန္ခဲ့သည့္ငါးနွစ္က သူ ့မိဘနွစ္ပါးသည္ ကားအက္စီးဒင့္ၿဖစ္ပြားခဲ့ၿပီး ေရွ့ဆင့္ေနာက္ဆင့္ေသသြားခဲ့ၾက၏ ။
ထုိစဥ္က သူသာ တကၠသုိလ္ေက်ာင္းသား ၿဖစ္ခါစသာ ။
ထုိေနရာတြင္ တၿခားတစ္ေယာက္သာ ဆုိပါလ်ွင္ ေနရာတြင္ပင္ ေခြေခါက္ေမ့လဲသြားေပလိမ့္မည္ ။ သို ့ေသာ္ တန္မို သည္ကေတာ့ စိတ္ဓာတ္ခုိင္ခုိင္ၿဖင့္ပင္ မိဘနွစ္ပါး၏မီးသၿဂဳိလ္ပြဲကို စီစဥ္နုိင္ခဲ့၏ ။
ကိစၥ၀ိစၥအကုန္ ၿပီးစီးသြားေတာ့မွသာ
သူ ့စိတ္ကုိ ဒံုးဒံုးေလ်ွာ့ခ်ပစ္လုိက္ေတာ့ၿပီး တစ္ေယာက္ထဲက်ိတ္ငုိေၾကြးကာ သူ ့အနာဂတ္အတြက္ စတင္ေတြးေတာေတာ့ၿခင္း ၿဖစ္ေလသည္ ။

ၿပီးခဲ့သည့္နွစ္ရက္အတြင္း သူ၏နွလံုးခုန္သံတုိ ့ အဆမတန္ ၿမန္ေနခဲ့သည့္တုိင္ ၊ စိတ္ထဲတြင္ ေလးလံစုိးထိတ္ေနခဲ့သည့္တုိင္
အခုေတာ့ ထုိစိတ္တို ့မွာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ေပ်ာက္ကာ တည္ၿငိမ္ေအးေဆး ေန၏ ။ 

ထုိလက္ကုိင္တုတ္ကို ညာဘက္လက္ၿဖင့္ ကိုင္ထားၿပီး ဘယ္ဘက္လက္ကမူ G အကၡရာစာအုပ္စင္မွ စာအုပ္တစ္အုပ္ကုိ ဆြဲယူလုိက္ကာ ဒုိင္းတစ္ခု သဖြယ္ ကာပစ္လုိက္၏ ။ ထုိ ့ေနာက္ ၿပတင္းေပါက္ရွိရာဆီသုိ ့
သူ ကပ္သြား လုိက္သည္ ။

အၿပင္ဘက္တြင္ကား ၿဖဴၿဖဴေဖြးေဖြးသာ ။

စာၾကည့္တုိက္၏အေရွ့ဘက္စြန္းစြန္းတြင္ ၿပတင္းေပါက္တစ္ေပါက္ ရွိေနသည္ ။ ပံုမွန္အားၿဖင့္ဆုိလ်ွင္ ထိုၿပတင္းေပါက္ကေန စူက်ိဳး၏လမ္းမၾကီးကို လွမ္းေမ်ွာ္ၾကည့္နုိင္ၿပီး ေရွးေဟာင္းနာမည္ၾကီးဥယ်ာဥ္ေတာ္တုိ့ကုိ ေငးၾကည့္ နုိင္၏ ။

တန္မိုသည္ ထိုတုတ္ေကာက္ကို တင္းက်ပ္ေနေအာင္ ဆုပ္ကုိင္ထားလုိက္ သည္ ။ သူ ့ဟန္ပန္မွာ တည္ၿငိမ္ေအးေဆးေနဟန္ပင္ ။ သုိ ့ေသာ္ သူသည္ အၿမဲတေစ သတိၾကီးၾကီးထားတတ္သူသာ ၿဖစ္၏ ။
သူ စာအုပ္စင္တစ္ခုကို ေက်ာ္လုိက္သည့္အခ်ိန္တုိင္း
သူ ့ကုိ ခုိတုိက္ခုိက္လာမည္ကုိ ၿပန္တုိက္ဖုိ ့ရာ အဆင္သင့္ၿပင္ထားသည္ခ်ည္းသာ ။
စာၾကည့္တုိက္၏တတိယထပ္က အေရွ့ေတာင္စြန္းစြန္းနွင့္ အေနာက္ေၿမာက္စြန္းစြန္းက ၿပတင္းေပါက္တုိ ့ကေန သူ လွမ္းၾကည့္လိုက္သည္ ။ ထုိ ့ေနာက္ သူ ့ကနဦးေနရာဆီသုိ ့ ၿပန္သြားလိုက္သည္ ။

“က်ြန္ေတာ္တုိ့ စူက်ိဳးမွာ မဟုတ္ေတာ့ဘူး”

ဂ်င္းေကာင္သည္ နံရံေထာင့္နားတြင္ က်ံဳ ့က်ံဳ ့ေလး ထုိင္ေနၿပီး တန္မုိကို ေၾကာက္ေၾကာက္လန္ ့လန္ ့ ၾကည့္လာသည္ ။

တန္မုိသည္ ရွင္းၿပခ်င္စိတ္တို ့ရွိမေနေပ ။
သုိ ့ေသာ္၊ ခါးသက္စြာၿဖင့္ပင္ သူ ေၿပာၿပလုိက္ရ၏ ။
“က်ြန္ေတာ္တုိ့ပတ္ပတ္လည္မွာ အနက္ေရာင္ဟင္းလင္းၿပင္ ၾကီးေတြ ပတ္လည္၀ုိင္းေနတယ္ ။ ပံုစံကေတာ့ စာၾကည့္တုိက္ပံုစံပဲ ။ ၾကည့္ရတာ စာၾကည့္တုိက္ၾကီး တစ္ခုလံုး ဘာမွမရွိတဲ့အခန္းၾကီးတစ္ခုထဲ အေရႊ ့ခံလုိက္ရ တာနဲ ့တူတယ္ ။ က်ြန္ေတာ္ ဒီမွာ အလုပ္လုပ္လာတာ နွစ္ေတြအၾကာၾကီးရွိေနၿပီ ။ အေစာနက ဧည့္ၾကိဳေကာင္တာကို သြားၾကည့္လုိက္ေသးတယ္ ။ အဲ့ဒီမွာ က်ြန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ရဲ့ ဖန္ခြက္ရွိေနေသးတယ္ ။ လံုး၀ကုိ စာၾကည့္တုိက္ထဲမွာ ရွိခဲ့တုန္းကအတုိင္းပဲ”

တန္မို၏စကားကို ၾကားလုိက္ၿပီးေနာက္တြင္ ထုိဂ်င္းေကာင္သည္ သူ တစ္ေယာက္တည္း ရွိေနၿခင္းမဟုတ္မွန္းကို သတိၿပဳမိသြားဟန္ တူသည္ ၊ ခ်က္ခ်င္းပင္ အားတက္သေရာၿဖစ္လာၿပီး မတ္တပ္ထရပ္လာသည္ ။ ပတ္ပတ္လည္ကို လွည့္ပတ္ၾကည့္လုိက္ၿပီး ရုတ္တရက္ၾကီး ထေၿပာလာသည္ ။

“အဲ…ဒီစာအုပ္က ငါ အရင္အပတ္က ဒီမွာ ဖြက္ထားခဲ့တဲ့ စာအုပ္ပဲ”

တန္မိုသည္ သူ ့လက္ညွိဳးညႊန္ရာဘက္ဆီ ၾကည့္လုိက္သည္ ။

“ဒီစာအုပ္ကုိ တၿခားသူ ငွားသြားမွာစုိးလုိ ့
ငါ ဒီစာအုပ္စင္ၾကားမွာ ဖြက္ထားခဲ့တာ”

ဂ်င္းေကာင္က ေၿပာသည္ ။

တန္ မို ။  “…”

ထိုစာအုပ္ကို ထုိကဲ့သုိ ့လုပ္ထားခဲ့သူမွာ ဂ်င္းေကာင္လား ။

မည္သုိ ့ပင္ၿဖစ္ေစကာမူ၊ တန္မိုသည္ ဤစာၾကည့္တုိက္ထဲတြင္ စာၾကည့္တုိက္မွဴးတစ္ေယာက္ၿဖစ္ၿပီး ထုိဂ်င္းေကာင္မွာ ပံုမွန္လာတတ္သည့္ဧည့္တစ္ဦးၿဖစ္၏ ။  ဤေနရာမွာ စာၾကည့္တုိက္ၿဖစ္ေနသည္ကို နွစ္ေယာက္စလံုး အတည္ၿပဳၿပီးသြားေလၿပီ ။

တန္မိုသည္ ထုိဂ်င္းေကာင္ကုိ လံုၿခံဳေရးစားပြဲရွိရာဆီ ေခၚသြားၿပီး ေနာက္ထပ္တုတ္ေကာက္တစ္ေခ်ာင္းကုိ ထုတ္ေပးလုိက္သည္ ။ အခုခ်ိန္တြင္ အရာရာသည္ မေရမရာ၊ ဇေ၀ဇ၀ါ ။ ထုိတုတ္က ထုိဂ်င္းေကာင္ကုိ ကာကြယ္ေပးေကာင္းကာကြယ္ေပးနိုင္ေပမည္ ။
သုိ ့တည္းမဟုတ္ သူတုိ ့နွစ္ေယာက္ အႏၱရာယ္ၾကံဳရခ်ိန္တြင္ အကူအညီ ၿဖစ္ေကာင္းၿဖစ္ေပးနုိင္ေပလိမ့္မည္ ။

နွစ္ေယာက္သား ဧည့္ၾကိဳစားပြဲကုိ ေရာက္သြားၾကသည့္အခုိက္…
တတိယထပ္က အတြင္းက်သည့္စာအုပ္စင္ဘက္ကေန ေၿခသံတခ်ြတ္ခ်ြတ္ထြက္လာသည္ ။

ဂ်င္းေကာင္၏မ်က္လံုးတုိ ့ ၿပဴးက်ယ္၀ုိင္းစက္သြားသည္ ။ ခ်က္ခ်င္းပင္ ေဇာေခ်ြးတုိ ့ပ်ံလာကာ ေၾကာက္ဒူးတုိ ့ တုန္လာမိေလၿပီ ။

သူ အေစာနက ဒီေနရာမွာ ရွိေနခဲ့ခ်ိန္တြင္ မည္သူ ့ကိုမွ မေတြ ့ခဲ့ပါေခ် ။ သုိ ့ဆုိလ်ွင္ ထိုေၿခသံတုိ ့မွာ မည္သူ ့ေၿခသံေလနည္း ။

ေယာက်ာ္းနွစ္ေယာက္၊ သံတုတ္ကို တင္းတင္းက်ပ္က်ပ္ဆုပ္ကုိင္လုိက္ကာ နံရံဘက္ ေက်ာေပးလုိက္ၿပီး ေသေသခ်ာခ်ာေစ့ေစ့စပ္စပ္ ၾကည့္ရႈလုိက္ၾက သည္ ။ အသံသည္ကား နီးကပ္သထက္နီးကပ္လာေလၿပီ ။ ထိုအသံမွာ သမားရိုးက်အသံမ်ိဳးနွင့္ လားလားမ်ွမဆုိင္ ။ ၾကမ္းၿပင္ေပၚတြင္ ကေလးတစ္ေယာက္ ခုန္ေပါက္ကစားေနသည္နွင့္ပင္ ပုိလုိ ့ တူေနသည္ ။
စကၠန္ ့ ၃၀ ေလာက္အၾကာတြင္ စာအုပ္စင္ၾကားထဲကေန အရိပ္ေလးတစ္ခု ထြက္ၿပဴလာေခ်ၿပီ ။ ထုိအရိပ္သည္ကား…ဆံပင္နွစ္ဖက္ ေၿမွာက္စည္းထား သည့္ ကေလးမေလး ။ နုိ၀င္ဘာေနွာင္းပုိင္းၿဖစ္ေနသည့္တုိင္ေအာင္ ထုိမိန္းကေလးမွာ အနီရဲရဲအက်ီၤကို ၀တ္ဆင္ထားၿပီး အနီရဲရဲလယ္သာ ဖိနပ္ကို စီးထားေလသည္ ။

သူတုိ ့ ၾကားေနၾကသည့္အသံကား…ထုိမိန္းကေလး၏ဖိနပ္သံ ။

“သ…သရဲ…သရဲ”

ဂ်င္းေကာင္က ခ်က္ခ်င္းပင္ တန္မိုေနာက္ ေၿပးပုန္းေတာ့၏ ။

သုိ ့ေပမည့္ တန္မိုကေတာ့ မေၾကာက္ပါေခ် ။
…ထိုသည္မွာ ေၾကာက္ၿပေန၍လည္း ၿပီးသြားမည့္ကိစၥ မဟုတ္ ။ ထိုမိန္းကေလး၏မ်က္နွာက မ်က္နွာေၿပာင္ၿဖစ္ေနေတာ့ေကာ ဘာအေရးေလနည္း ။

ထုိကေလးမေလး၏၀တ္စံုမွာ အနီရဲရဲ ။ သူမေလး၏အသက္မွာ ၇ နွစ္အရြယ္ ၈နွစ္ေလာက္သာ ရွိဟန္တူသည္ ။ သူမေလးသည္ စကတ္ေသးေသးေလး ကို ၀တ္၊ ဖိနပ္ေသးေသးေလးကို စီးထားၿပီး ေနာက္ေက်ာဘက္တြင္ ပန္းေရာင္ၾကြက္ေသးေသးေလးပံု ေက်ာင္းလြယ္အိတ္ေလးကုိ လြယ္ထား သည္ ။ ထုိကေလးမေလး၏အစစအရာရာမွာ အေသးစိတ္က်လွၿပီး ထုိကေလးမေလးသည္ သာမန္လူတစ္ဦးနွင့္ ကြဲထြက္ေနၿခင္း ဘာမွ မရွိေပ ။ တစ္ခုပဲ…။ သူမေလး၏မ်က္နွာတစ္ခုလံုးကုိ ဘာမွမပါသည့္သားေရၾကီးနွင့္ ဖံုးအုပ္ထားသည္ကလြဲ၍ ။

မ်က္ခံုးမရွိ၊ မ်က္လံုးမရွိ၊ နွာေခါင္း မရွိ ။ ထုိ ့အတူ ပါးစပ္လည္းမရွိ ။

မ်က္နွာေပၚတြင္ ဘာဆုိဘာမွရွိမေနရံုမွ်သာ ။

တန္မိုသည္ အံကိုၾကိတ္လုိက္ၿပီး ထုိေကာင္မေလးကို သံတုတ္နွင့္ တဘုန္းဘုန္းထုရုိက္ပစ္ခ်င္စိတ္ကို ၿမိဳခ်ေနရ၏ ။

“ကိုကို...ညီမေလးစာအုပ္ကို ေတြ ့မိလား”

အသံမွာ ၾကည္လင္လွသည္၊ ခ်ိဳၿမိန္လွသည္ ။ သုိ ့တုိင္ ထုိမ်က္နွာေလးကို ၿမင္လုိက္ရခ်ိန္တြင္ တန္မိ၏စိတ္ထဲ ေၾကာက္လန္ ့မႈတုိ ့သာ တဖ်င္းဖ်င္း ခံစားေနမိရေလသည္ ။

တန္မိုက ေအးစက္တည္ၾကည္စြာၿဖင့္ ထုိမိန္းကေလးကို ၾကည့္ေနလုိက္ သည္ ။ ၿပန္ကား မေၿဖလုိက္ ။

သုိ ့ေၾကာင့္ ထုိကေလးမေလးက ထပ္ကာေမးလာၿပန္သည္ ။

“ကုိကို…ညီမေလးစာအုပ္ကုိ ေတြ ့မိလား”

ထိုကေလးမေလးသည္ အလြန္အမင္းအားေပ်ာ့ဟန္ ေပၚေလသည္ ။ တန္မို သူမေလးအား လြယ္လင့္တကူ ေခ်ြးသိပ္နုိင္ဟန္လည္း ေပၚေနသည္ ။ သုိ ့ေသာ္…။ ဤေနရာမွာ အလြန္တရာထူးဆန္းလြန္းသည့္ေနရာ ။ ထုိမ်က္နွာေၿပာင္နွင့္ကေလးမေလးသည္လည္း သိသိသာသာကုိ လူမဟုတ္။ ထုိ ့ေၾကာင့္ တန္မို ေပါ့ေပါ့တန္တန္ မလုပ္ရဲေပ ။ အလုိက္သင့္ေလးသာ ၿပန္ေၿပာလုိက္၏ ။

“သူငယ္ခ်င္းေလး…ဘယ္စာအုပ္ ေပ်ာက္ေနလုိ ့လဲ”

“ကုိကို ၿပံဳးတာ…အရမ္းရုပ္ဆုိးတယ္”

တန္ မို ။  “…”

ကေလးမေလးက ေၿပာလာသည္ ။
“ညီမေလးရဲ့စာအုပ္ ေပ်ာက္သြားၿပီ ။ ကိုကို...ညီမေလးကို ကူရွာေပးပါလားဟင္ ။ ေမေမက အရမ္းစိတ္ရႈပ္ဖုိ့ေကာင္းတာပဲ ။ စာဖတ္ရတာမုန္းပါတယ္ဆုိမွ စာအုပ္ေတြပဲ လာလာဖတ္ခုိင္းေနတယ္ ။ အဲ့စာအုပ္ေတြကလည္း အရမ္းရုပ္ဆုိးတယ္ ။ ဒါေပမယ့္ အဲ့စာအုပ္ေတြကုိ ေပ်ာက္သြားတာသာ ေမေမ သိရင္ အရမ္း စိတ္ဆုိးသြားလိမ့္မယ္ ။ အဲ့စာအုပ္ေပ်ာက္သြားရင္ ေမေမ ညီမေလးကုိ သတ္လိမ့္မယ္ ။
ကုိကို..ကုိကို ညီမေလးကို စာအုပ္ကူရွာေပးပါလား”

တန္မိုမွာ ဆက္ၿပီးဟန္ေဆာင္ ၿပံဳးမေနနုိင္ေတာ့ ။

“ညီမေလးရဲ့ေမေမက ဘယ္သူလဲ”

“ေမေမပါဆုိ ေမေမေပါ့ ။ ကိုကိုက အရမ္းထူးဆန္းတာပဲ”

ထုိအခုိက္ ဂ်င္းေကာင္သည္ အေနာက္ဘက္ကေန တဆတ္ဆတ္တုန္ရီ ေနသည့္အသံၿဖင့္ ၀င္ေၿပာလာသည္ ။
“အဲ့စာအုပ္ကို ရွာမေတြ ့ရင္၊ ညီမေလးေမေမ…ညီမေလးေမေမက ညီမေလးကို သတ္ပစ္မွာလား”

“ဟုတ္၊ ေမေမ အရမ္းစိတ္ဆုိးသြားလိမ့္မယ္ ။ ေမေမ စိတ္ဆုိးလာရင္ အရမ္းေၾကာက္ဖုိ ့ေကာင္းတယ္”

ဂ်င္းေကာင္က ထပ္ေမးၿပန္သည္ ။
“ညီမေလးေမေမက လူေတြကိုေတာ့ မသတ္ေလာက္ပါဘူး”

ထုိကေလးမေလးက၊ ေခါင္းေစာင္းကာ ၾကည့္လာေလၿပီ ။ ထိုအခ်ိန္တြင္ သူမေလး၏ညာဘက္ဆံပင္ထံုးမွာ ထိုမ်က္နွာေၿပာင္ထက္ ေစာင္းက်လာ ေလသည္ ။ ထုိမ်က္နွာေၿပာင္ၾကီးသာ ရွိမေနပါလွ်င္ ထိုမိန္းကေလးသည္ တခစ္ခစ္ရယ္ေမာေနေလာက္ၿပီဟု တန္မို၏မသိစိတ္ကေန ေတြးယူလုိက္မိ၏ ။
သူမေလးက အံု ့မိႈင္းေနသည့္မ်က္လံုးမ်ားၿဖင့္ တန္မုိနွင့္ထုိဂ်င္းေကာင္ကို ၾကည့္လာကာ…

“အင္း၊ ဒါေပမယ့္ ကိုကို ကူရွာမေပးရင္
ကုိကို ့ကို ညီမေလး သတ္မယ္”

သူတို့မ်က္နွာထက္ ေရခဲေရတစ္ပံုးၾကီး ေလာင္းခ်ခံလုိက္ရသည့္နွယ္ ။ တန္မိုသည္ တင္းတင္းေစ့ထားသည့္ႏႈတ္ခမ္းနွစ္လႊာပိုင္ရွင္ ထုိမ်က္နွာဗလာနွင့္ ကေလးမေလးကို စုိက္ၾကည့္ေနမိ၏ ။

တခနအၾကာတြင္ သူ ေၿပေၿပေလ်ာ့ေလ်ာ့ေလး ေမးလိုက္ေလသည္ ။

“ညီမေလး..ဘယ္စာအုပ္ ေပ်ာက္သြားတာလဲ
မွတ္မိလား ။ ကုိကုိ ညီမေလးကို ကူရွာေပးမယ္”

“ဟာ…” ထုိကေလးမေလးက ေခါင္းတခါခါလုပ္လာသည္ ။ သုိ ့နွင့္ ထုိဆံပင္နွစ္ခြသည္လည္း တရမ္းရမ္းၿဖစ္လာသည္ ။ သူမေလး၏ဟန္ပန္ မွာ မနည္းစဥ္းစားေနသည့္ဟန္ ။ အခ်ိန္အၾကာၾကီးအၾကာတြင္ ထုိကေလးမေလးသည္ ‘ဟာ’ ဟု ေၿပာကာ ထငုိဟစ္လာေတာ့သည္ ။

“မမွတ္မိေတာ့ဘူး”

ထုိသုိ ့ေၿဖလာလိမ့္မည္ကုိ တန္မို ၾကိဳေတြးထားမိခ့ဲၿပီးသားပင္ ။

ရုတ္တရက္ ၊ ထုိကေလးမေလးက ခပ္သြက္သြက္ ေၿပာခ်လာသည္ ။

“ဟာ…ေက်ာင္းသြားရေတာ့မယ္ ။ ေက်ာင္းေနာက္က်ရင္ ဆရာမက ညီမေလးကို သတ္လိမ့္မယ္ ။ သြားေတာ့မယ္ေနာ္ ။ ကုိကို…ညီမေလးကို စာအုပ္ကူရွာေပးရမယ္ေနာ္”

သူမေလးသည္ လြယ္အိတ္ကုိ ၿမွင့္လြယ္လုိက္ၿပီး စာအုပ္စင္ေတြထဲ တစ္ဖန္ ေၿပး၀င္သြားေတာ့သည္ ။

ထိုကေလးမေလး ေပ်ာက္သြားၿပီးသည့္ေနာက္တြင္ ထုိဂိမ္းကစားပြဲမွာ တရား၀င္ စတင္လာေတာ့ၿပီ ။

တန္မိုနွင့္ဂ်င္းေကာင္မွာ အစက ထုိဧည့္ၾကိဳစားပြဲေနာက္တြင္သာ ပုန္းကြယ္ေနခဲ့ၾကၿခင္း ၿဖစ္၏ ။ ထုိကေလးမေလးနွင့္ စကားေၿပာသည့္အခ်ိန္တြင္ပင္ ထုိေနရာကေန ထြက္ၿခင္းမရွိၾက ။
ထိုကေလးမေလး ေပ်ာက္ကြယ္သြားသည့္အခ်ိန္တြင္မူ…
ထိုစားပြဲေပၚတြင္ ရွိေနသည့္ကြန္ပ်ဴတာမွာ ရုတ္တရက္ၾကီး လင္းလာေသာေၾကာင့္  တန္မိုတုိ ့နွစ္ေယာက္သား ထိုဆီကုိ သြားလုိက္ၾက၏ ။

အၿပာေနာက္ခံကြန္ပ်ဴတာေပၚတြင္ စာသားတစ္ေၾကာင္း ေပၚထြက္လာသည္ ။ ဒုိင္ယာရီ ၿဖစ္ပါ၏ ။

တန္မိုက ေအာ္ဖတ္ၿပလုိက္သည္ ။
“နုိ၀င္ဘာ ၁၅ ရက္ေန ့၊ ငါ့ေမေမရဲ့စာအုပ္ ေပ်ာက္သြားၿပီ။
ေမေမေတာ့ ငါ့ကို သတ္ေတာ့မွာပဲ”

ထုိအခုိက္ ဂ်င္းေကာင္က ထေၿပာလာသည္ ။
“ေၿပာင္းသြားၿပီ…စာသားေတြ ေၿပာင္းသြားၿပီ ။ နုိ၀င္ဘာ ၁၆ ရက္ေန ့….။ ေမေမက ငါ့ကုိ စာအုပ္ေပးထားတယ္ ။ အဲ့စာအုပ္ေပ်ာက္ေနတာ ေမေမ ခုထိ မသိေသးဘူး ။ စာအုပ္က ဘယ္ေရာက္ေနတာလဲ ။ စာအုပ္ေလးေရ..နင္ဘယ္မွာလဲ ။ ေမေမေတာ့ ငါ့ကို သတ္ေတာ့မယ္”

ကြန္ပ်ဴတာေပၚက စာသားမွာ ေနာက္ထပ္တစ္ဖန္ ေၿပာင္းသြားၿပန္သည္ ။

တန္မိုက ဖတ္လုိက္သည္ ။
“နုိ၀င္ဘာ ၁၇ ရက္ေန ့ ။ ေမေမ သိသြားၿပီနဲ ့တူတယ္ ။ ေမေမ သိသြားၿပီလား”

စာသားတုိ့မွာ ဆက္ကာေၿပာင္းလဲေနသည္ ။
သူ ဆက္ဖတ္လုိက္၏ ။

“နုိ၀င္ဘာ ၁၈ ရက္ေန ့ ။ အီးဟီးဟီး…ေမေမ
တကယ္ၾကီး င့ါကို သတ္ေတာ့မယ္”

တန္မုိနွင့္ဂ်င္းေကာင္တုိ ့ တိတ္ဆိတ္သြားသည္ ။

“…ငါတုိ ့ ေသၾကေတာ့မွာလား”
ဂ်င္းေကာင္က တစ္ကုိယ္ၾကားစာ ခပ္တုိးတုိးရြတ္လာသည္ ။

တန္မိုသည္ ထုိဂ်င္းေကာင္ကုိ ၾကည့္လုိက္၏ ။

စာၾကည့္တုိက္တြင္ အလုပ္လုပ္ရသည္မွာ အင္မတန္
ၿငီးေငြ ့ဖြယ္ ေကာင္းလွ၏ ။ ေန ့စဥ္နွင့္အမွ် လူတုိင္းကို ကူညီေပးရသည္ ။ နိစၥဓူ၀အလုပ္တို့ကို ေန့စဥ္ပံုမွန္ လုပ္ေနရသည္ ။
နားခ်ိန္တြင္ တစ္ေနကုန္ ၿမင္သမ်ွၾကားသမ်ွကို အခ်င္းခ်င္းၿပန္လည္ေဖာက္သည္ခ်ၾကသည္ ။ ထုိဂ်င္းေကာင္အေၾကာင္းမွာလည္း သူတုိ ့ ထည့္ေၿပာၿဖစ္သည့္ အေၾကာင္းအရာထဲတြင္ ပါ၏ ။ ဂ်င္းေကာင္သည္ အလုပ္ရွိဟန္မတူ ။ ေန ့စဥ္ေန ့တုိင္း စာၾကည့္တုိက္သုိ ့သာ လာၿပီး စာအုပ္မ်ားကို ဖတ္ရႈတတ္ေလသည္ ။ ေရွာင္ေက်ာက္ကေတာ့ ထုိဂ်င္းေကာင္မွာ သူ ့ခ်စ္သူ၏လမ္းခြဲခံထားရသၿဖင့္ အခုလုိေၾကာင္ေတာင္ေတာင္ၿဖစ္ေနၿခင္းဟု ေၿပာခဲ့ဖူး၏ ။ 

စာၾကည့္တုိက္၀န္ထမ္းမ်ား၏ရင္ထဲတြင္ေတာ့ ထုိဂ်င္းေကာင္သည္ အင္မတန္ ထူးဆန္းလြန္းသည္ ။
ထုိ ့ၿပင္ ရယ္စရာေကာင္းၿပီး သနားစရာလည္းေကာင္းသည္။

အခုခ်ိန္တြင္ ထုိဂ်င္းေကာင္မွာ အမွန္တကယ္ပင္ သနားကမားမ်က္နွာေလးၿဖင့္ တန္မိုကို ၾကည့္ေနေလၿပီ ။

တန္မိုက အေၾကာက္အလန္ ့ကင္းစြာၿဖင့္ သူ ့ကို ၾကည့္လုိက္သည္ ။ အမွန္ေတာ့ သူလည္း ေၾကာက္ပါသည္ ။ ေၾကာက္ေပသိ…အခုခ်ိန္သည္ ေၾကာက္ေနရမည့္အခ်ိန္ မဟုတ္ ။ ထုိသို ့ တန္မို ေတြးလုိက္မိၿပီး ရုိးသားစြာပင္ ေၿဖလိုက္သည္ ။

“ငါတုိ့ ေသမယ္နဲ ့တူတယ္”

ဂ်င္းေကာင္ခမ်ာ ေမ်ာက္အုိၾကီးအလား မိႈင္ေတြသြားေလၿပီ ။
“ခနေလး…ကြန္ပ်ဴတာေပၚက စာသား ထပ္ေၿပာင္းသြားၿပန္ၿပီ ။ မ်က္နွာေၿပာင္မိန္းကေလးက သိတတ္နားလည္မႈရွိၿပီး လိမ္မာယဥ္ေက်းတယ္…”

ဆက္ဖတ္ေနရင္း တန္မို၏ႏႈတ္ခမ္းတုိ့ တြန္ ့ေကြးသြားသည္ ။  “မ်က္နွာေၿပာင္မိန္းကေလးမွာ အားနည္းခ်က္တစ္ခုပဲ ရွိတာ ။ ကေလးမေလးက စာဖတ္ရတာမၾကိဳက္ဘူး ။ ကေလးမေလးရဲ့အေမက စာမဖတ္ခ်င္တဲ့ကေလးေတြကုိ မုန္းတယ္ ။ အထူးသၿဖင့္ စာမဖတ္ခ်င္လုိ ့ စာအုပ္ေတြကို လႊင့္ပစ္ၿပီး ေပ်ာက္သြားပါၿပီလုိ ့ ညာေၿပာတဲ့သူကို ပုိမုန္းတယ္ ။ ဒါေပမယ့္လဲ အဲ့ဒီမ်က္နွာေၿပာင္မိန္းကေလးက ညာေၿပာေနတာမဟုတ္ဘူး ဆုိတာကုိ အေမက မသိဘူး ။ ကေလးမေလးက စာအုပ္ကုိ လႊင့္မပစ္ခဲ့ဘူး ။ အဲ့စာအုပ္ကုိ နတ္ဆုိးက ခိုးယူသြားတာ”

‘နတ္ဆုိး’ ဆုိသည့္စကားလံုးတြင္ တန္မုိ မ်က္ေမွာင္ၾကဳတ္သြား၏ ။

“နတ္ဆုိးက စာအုပ္ေတြကုိ အမုန္းဆံုးပဲ ။ နတ္ဆုိးေတြက စာမတတ္ၾကဘူး ။ သူတို့က ဘာလုိ့ စာဖတ္ခ်င္ၾကမွာလဲ ။ နတ္ဆုိးက အဲ့စာအုပ္ကုိ ခုိးယူသြားတာကို နတ္သားတစ္ပါး က ၿမင္သြားခဲ့တယ္ ။ အဲ့ဒါနဲ ့ နတ္သားက အဲ့ဒီစာအုပ္ကုိ မီးမရိႈ ့ပစ္ဘဲ စာၾကည့္တုိက္ထဲမွာ တိတ္တိတ္ေလးဖြက္သြား တယ္ ။ နတ္သားၿပန္သြားတဲ့ေနာက္မွာ နတ္ဆုိးက အဲ့ဒီစာအုပ္ကုိ ရွာလုိ ့မေတြ ့ေတာ့ ဘူး၊ အဲ့ဒါနဲ ့ေဒါသအၾကီးအက်ယ္ထြက္ေတာ့တယ္ —”

“ေသာက္သံုးမက်တဲ့စာအုပ္”

ထိုစာပုိဒ္ကုိ တန္မို ဖတ္ၿပၿပီးသြားခုိက္ စာၾကည့္တိုက္ထဲတြင္ ကေလးသံေလးတစ္သံ ပီပီသသထြက္လာၿပန္သည္ ။

“တင္း ေတာင္  !  ‘င့ါစာအုပ္ကုိ ဘယ္သူ ခုိးထားလဲ’ ဂိမ္း တရား၀င္ စတင္ပါၿပီ ။ ဂိမ္းကစားေနစဥ္မွာ —”

“ပထမ ၊ အၾကမ္းမဖက္ရ”

“ဒုတိယ၊ ေန ့ဘက္မွာ နတ္သားေတြက စာအုပ္နဲ ့ပတ္သက္ တဲ့ သဲလြန္စကုိ ရမယ္”

“တတိယ၊ ညဘက္ေရာက္ရင္ နတ္ဆုိးက စာအုပ္စင္ေတြကုိ လုိက္ၿပီး မီးရိႈ ့ပစ္လိမ့္မယ္”

“စိတ္ထားေကာင္းၿပီး ၾကင္နာတတ္တဲ့ နတ္သားေလးတုိ ့ေရ… မ်က္နွာေၿပာင္နဲ ့ကေလးမေလးကေတာ့ သံုးရက္အတြင္း သူ ့အေမ စိတ္ဆိုးၿပီး အေသတြယ္ခံရေတာ့မယ္ ။ ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ကေလးမေလး ေသမွာကို ၾကည့္ရက္ၾကသလား”

တန္ မို ။  “…”

ဘယ္ေနရာၾကီး သြားခ်စ္ဖုိ ့ေကာင္းတာလဲ !!!

……………………………

စာေရးသူ ေၿပာလာၿပီ ။

အနက္ေရာင္ေမွ်ာ္စင္ : ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ကေလးမေလး ေသမွာကို ၾကည့္ရက္ၾကသလား ။

တန္မို : ၾကည့္ရက္တယ္ ။

——————-
ဟဲဟဲ…ပထမဆံုးဂိမ္းက နဲနဲေလးေၾကာက္ဖုိ ့ေကာင္းသြား သလိုပဲ ။ ဒါေပမယ့္ ဒါက ဒီဇာတ္လမ္းရဲ့အနွစ္ကို မထိေသးပါဘူး ။ ဒါက အခုမွ အကာပဲ ရွိပါေသးတယ္ ။ တကယ့္အနွစ္က အရမ္းအရမ္းကို စိတ္၀င္စားဖုိ ့ေကာင္း ပါတယ္ ~

အခုေတာ့ ဂိမ္း ပြင့္သြားပါၿပီ ။ အားလံုးပဲ ဒီဂိမ္းရဲ့အေၿဖကို ၾကိဳးစားမွန္းၾကည့္ၾကပါ  =3=

...................................................................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

......

Unicode

ထိုဖြစ်ရပ်ကို ကြည့်မြင်နေကြသည့်လူတွေသည် ထိုသည်မှာ အနက်ရောင်မျှော်စင်ကြီးက လှုပ်ရှားလာခြင်းဟု အစကနေအဆုံးထိတိုင် ယုံကြည်ခြင်း မရှိကြ ။ ထိုမျှော်စင်ကြီးမှာ အစိုးရ၏သုတေသနကြောင့် အကျိုးဆက်ဖြစ်လာခြင်းဟုသာ ယုံကြည်ထားကြပြီး ထိုမျှော်စင်သည် သူတို့ကို ထိခိုက်အနာတရဖြစ်အောင်လုပ်လိမ့်မည်ဟုလဲ လုံးဝမယုံကြည် ။ အစိုးရက သူ့ပြည်သူတွေကို ပြန်ဒုက္ခပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ဘူး မဟုတ်လား ။ အကယ်၍များ တစ်ခုခုဖြစ်သွားခဲ့လျှင်တောင် သူတို့ထံတွင် ခေါင်းဆောင်ရှိနေသည် ။ ခေါင်းဆောင်ရှိနေသည် ။ ထိုခေါင်းဆောင်တို့ ရှိနေသရွေ့ ကောင်းကင်ကြီးပြိုကျလာလျှင်တောင် သူတို့ စိတ်ပူစရာမလို ။

အနက်ရောင်မျှော်စင်ကြီးအပေါ်
ထိုကဲ့သို့ယုံကြည်ထားခဲ့ကြသည့် ထိုသူတို့မှာ အခုတတိယမြောက်နေ့တွင်တော့ အကြောက်ကြီး ကြောက်လန့်လာကြကုန်ပြီ ။

“ဂိမ်းက ဘာလဲ ။ ရှင်းရမယ်ဆိုတာကရော ဘာလဲ ။
ကျွန်တော်တို့ ဖြေရှင်းချက် လိုချင်ပါတယ်”

“ဖြေရှင်းချက်ပေးပါ ! ဖြေရှင်းချက်ပေးပါ !”

“ဖြေရှင်းချက်လိုချင်ပါတယ်”

လူအုပ်ကြီးမှာ ပိုများသထက်များလာပြီး အရှေ့ုသို့ ချီတက် ဆန္ဒပြသထက် ပြလာနေလေပြီ ။ စူကျိုးမြို့လယ်ခေါင်ကိုပင် ပိတ်ဆို့သွားကြလေပြီ ။ ထိုချီတက်ပွဲကနေ အကျိုးအမြတ်ရနိုင်မလား ကြံနေသည့် အကြံသမား တစ်ချို့လည်း ရှိနေကြ၏ ။
ထိုလူအုပ်ကြီးကို လက်နက်ကိုင်ထားသည့် ရဲတို့က သတိပေးစကားဆိုထားကြသည့်တိုင်အောင် သူတို့မှာ လူဦးရေအားကိုးကာ ထွက်သွားဖို့ကလန်ကဆန်လုပ်နေကြ၏ ။ အဖြူရောင်နံရံကြီးကိုပင် တွယ်တက်ကာ ထိုနံရံကြီးကို ဖြိုချနေလေသည် ။

ထိုသို့သောဖြစ်ရပ်မျိုးမှာ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေခြင်း ဖြစ်၏ ။

တရုတ်ပြည်သည်ကတော့ အလွန်တရာအေးချမ်းသာယာလှ၏ ။ ထိုအနက်ရောင်မျှော်စင်ကြီး ပေါ်လာသည့်တိုင်အောင်ပင် တိုင်းပြည်အခြေအနေမှာ အလွန်အမင်းတည်ငြိမ်ကာ စည်းရှိကမ်းရှိဖြင့် သေသေဝပ်ဝပ်နေကြသူများ ဖြစ်ကြသည် ။ တခြားဆင်းရဲသည့်နိုင်ငံများ တွင်မူ၊ အထူးသဖြင့် အစိုးရ၏လျော့တိလျော့ရဲအုပ်ချုပ်မှုတွင်ရှိသည့်နေရာ မျိုးတွင်မူ ၊ အနက်ရောင်မျှော်စင်ပေါ်လာသည့်ပထမဆုံးနေ့မှာပင်
‘အနက်ရောင်မျှော်စင်က အန္တရာယ်ကြီး’ ဟူ၍ ဆူပူဆန္ဒပြနေကြသည့်အဖွဲ့တို့မှာ မနည်းမနောလှ ။

“အနက်ရောင်မျှော်စင်က နတ်ဘုရားဖြစ်ပြီးတော့
ကျွန်ုပ်တို့ကို ကမ္ဘာသစ်ဆီ ခေါ်သွားပေးလတ္တံ့။ အနက်ရောင်မျှော်စင်ကြီး ရောက်လာပြီ ။ ကျွန်ုပ်တို့ရဲ့ အားကိုးရာ၊ မှီတည်ရာ တစ်ပါးတည်းသော အရှင်၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ဘဝသစ်၊ ခွန်အားသစ် ပေးသနားတော်မူပါ” ဟူ၍ ဟစ်ကြွေးလာကုန်ကြသည် ။

“ကျွန်ုပ်တို့ကို ခွန်အားများ ပေးသနားတော်မူပါ”

ထောင်ပေါင်းများစွာသောလူအပေါင်းတို့သည် ထိုအနက်ရောင်မျှော်စင်ကြီးရှေ့ ဒူးထောက်ခစားကုန်ကြလျက် ပိုမိုကောင်းမွန်လှပသည့် ကမ္ဘာသစ်ဆီကို မျှော်မှန်းယမ်းယောင်နေကြလေပြီ ။ 

တန်မိုသည်ကတော့ ထိုအရာတို့ကို မသိရှိလိုက်ပါချေ ။

သူ့လက်ထဲတွင် ထိုအနက်ရောင်လုံခြုံရေးတုတ်ကြီးကို ကိုင်ထားလျက်သာ ။ သူ့အဝတ်အစားတို့သည် အင်မတန်ပါးလွှာသည့်တိုင်အောင် သူ့နဖူးတို့မှာ ချွေးတို့ပြိုက်ပြိုက်ထနေလေသည် ။ ထိုကလေးအသံလေးက ထိုတေးသံလေးကို သီကြွေးနေလေသည် ။ ထိုကျယ်ကျယ်လောင်လောင် စူးစူးရှရှအသံမှာ ဘာမှရှိမနေသည့်စာကြည့်တိုက်ကြီးတစ်တိုက်လုံးတွင် အချိန်အကြာကြီးကြာအောင် ပဲ့တင်သံတလူလူထွက်လို့နေလေသည် ။

“ခင်ဗျား ကြားလား”

တန်မိုက အံကြိတ်ရင်း မေးလိုက်သည် ။

ထိုဂျင်းကောင်မှာမူ ကြောက်လွန်း၍ ကြမ်းပေါ် ဝပ်နေ၏ ။ ခေါင်းပင်မဖော် ။ သူ၏ဘုတ်သိုက်ဖြစ်နေသည့်ဆံပင်တို့က သူ့မျက်လုံးတို့ကို ဖုံးအုပ်နေ၏။
သူ မော့ကြည့်လိုက်မိသည့်အချိန်တွင် သူ့မျက်လုံးထဲက ခိုက်ခိုက်တုန်နေသည့် ကြောက်ရွံ့မှုတို့ကို အတိုင်းသားမြင်နေရ၏ ။ ထိုဂျင်းကောင်ခမျာ စကားပင် ပြောမထွက်ဝံ့လောက်အောင် အကြောက်လွန်နေလေပြီ ။
သူ ထရပ်လာပြီး နံရံနား ပြေးကပ်လိုက်သည် ။ ထို့နောက် တုန်ရီနေသည့်လက်အစုံနှင့် ခေါင်းကို အုပ်ထားလိုက်ပြီး ပြောလာသည် ။

“အဲ့ဒါ…အဲ့ဒါက ဘာကြီးလဲ…”

တန်မိုလည်း မသိပါချေ ။

ထိုတေးသံဆုံးသွားသည့်နောက်တွင် စာကြည့်တိုက်ထဲ ယခင်လို ဆိတ်ငြိမ်သွားပြန်သည် ။ မည်သည့်အသံမှ မကြားရတော့ ။

တန်မိုသည် တဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာသည် ။

လူတော်တော်များများသည် ကြောက်စရာကောင်းသည့်အရာကြီးတွေနဲ့ ကြုံကြိုက်မိလျှင် များသောအားဖြင့် အသိစိတ်လွတ်သွားတတ်သည်ချည်း ။ သို့သော် ၊ တန်မိုသည်ကတော့ ဆန့်ကျင်ဘက်ပင် ဖြစ်နေ၏ ။

တန်မိုသည် အလွန်အမင်းစဉ်းစားတွေးခေါ်တတ်သူ ဖြစ်လေသည် ။ လွန်ခဲ့သည့်ငါးနှစ်က သူ့မိဘနှစ်ပါးသည် ကားအက်စီးဒင့်ဖြစ်ပွားခဲ့ပြီး ရှေ့ဆင့်နောက်ဆင့်သေသွားခဲ့ကြ၏ ။
ထိုစဉ်က သူသာ တက္ကသိုလ်ကျောင်းသား ဖြစ်ခါစသာ ။
ထိုနေရာတွင် တခြားတစ်ယောက်သာ ဆိုပါလျှင် နေရာတွင်ပင် ခွေခေါက်မေ့လဲသွားပေလိမ့်မည် ။ သို့သော် တန်မို သည်ကတော့ စိတ်ဓာတ်ခိုင်ခိုင်ဖြင့်ပင် မိဘနှစ်ပါး၏မီးသဂြိုလ်ပွဲကို စီစဉ်နိုင်ခဲ့၏ ။
ကိစ္စဝိစ္စအကုန် ပြီးစီးသွားတော့မှသာ
သူ့စိတ်ကို ဒုံးဒုံးလျှော့ချပစ်လိုက်တော့ပြီး တစ်ယောက်ထဲကျိတ်ငိုကြွေးကာ သူ့အနာဂတ်အတွက် စတင်တွေးတောတော့ခြင်း ဖြစ်လေသည် ။

ပြီးခဲ့သည့်နှစ်ရက်အတွင်း သူ၏နှလုံးခုန်သံတို့ အဆမတန် မြန်နေခဲ့သည့်တိုင် ၊ စိတ်ထဲတွင် လေးလံစိုးထိတ်နေခဲ့သည့်တိုင်
အခုတော့ ထိုစိတ်တို့မှာ ကြက်ပျောက်ငှက်ပျောက်ပျောက်ကာ တည်ငြိမ်အေးဆေး နေ၏ ။ 

ထိုလက်ကိုင်တုတ်ကို ညာဘက်လက်ဖြင့် ကိုင်ထားပြီး ဘယ်ဘက်လက်ကမူ G အက္ခရာစာအုပ်စင်မှ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ကာ ဒိုင်းတစ်ခု သဖွယ် ကာပစ်လိုက်၏ ။ ထို့နောက် ပြတင်းပေါက်ရှိရာဆီသို့
သူ ကပ်သွား လိုက်သည် ။

အပြင်ဘက်တွင်ကား ဖြူဖြူဖွေးဖွေးသာ ။

စာကြည့်တိုက်၏အရှေ့ဘက်စွန်းစွန်းတွင် ပြတင်းပေါက်တစ်ပေါက် ရှိနေသည် ။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုပြတင်းပေါက်ကနေ စူကျိုး၏လမ်းမကြီးကို လှမ်းမျှော်ကြည့်နိုင်ပြီး ရှေးဟောင်းနာမည်ကြီးဥယျာဉ်တော်တို့ကို ငေးကြည့် နိုင်၏ ။

တန်မိုသည် ထိုတုတ်ကောက်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားလိုက် သည် ။ သူ့ဟန်ပန်မှာ တည်ငြိမ်အေးဆေးနေဟန်ပင် ။ သို့သော် သူသည် အမြဲတစေ သတိကြီးကြီးထားတတ်သူသာ ဖြစ်၏ ။
သူ စာအုပ်စင်တစ်ခုကို ကျော်လိုက်သည့်အချိန်တိုင်း
သူ့ကို ခိုတိုက်ခိုက်လာမည်ကို ပြန်တိုက်ဖို့ရာ အဆင်သင့်ပြင်ထားသည်ချည်းသာ ။
စာကြည့်တိုက်၏တတိယထပ်က အရှေ့တောင်စွန်းစွန်းနှင့် အနောက်မြောက်စွန်းစွန်းက ပြတင်းပေါက်တို့ကနေ သူ လှမ်းကြည့်လိုက်သည် ။ ထို့နောက် သူ့ကနဦးနေရာဆီသို့ ပြန်သွားလိုက်သည် ။

“ကျွန်တော်တို့ စူကျိုးမှာ မဟုတ်တော့ဘူး”

ဂျင်းကောင်သည် နံရံထောင့်နားတွင် ကျုံ့ကျုံ့လေး ထိုင်နေပြီး တန်မိုကို ကြောက်ကြောက်လန့်လန့် ကြည့်လာသည် ။

တန်မိုသည် ရှင်းပြချင်စိတ်တို့ရှိမနေပေ ။
သို့သော်၊ ခါးသက်စွာဖြင့်ပင် သူ ပြောပြလိုက်ရ၏ ။
“ကျွန်တော်တို့ပတ်ပတ်လည်မှာ အနက်ရောင်ဟင်းလင်းပြင် ကြီးတွေ ပတ်လည်ဝိုင်းနေတယ် ။ ပုံစံကတော့ စာကြည့်တိုက်ပုံစံပဲ ။ ကြည့်ရတာ စာကြည့်တိုက်ကြီး တစ်ခုလုံး ဘာမှမရှိတဲ့အခန်းကြီးတစ်ခုထဲ အရွှေ့ခံလိုက်ရ တာနဲ့တူတယ် ။ ကျွန်တော် ဒီမှာ အလုပ်လုပ်လာတာ နှစ်တွေအကြာကြီးရှိနေပြီ ။ အစောနက ဧည့်ကြိုကောင်တာကို သွားကြည့်လိုက်သေးတယ် ။ အဲ့ဒီမှာ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်ရဲ့ ဖန်ခွက်ရှိနေသေးတယ် ။ လုံးဝကို စာကြည့်တိုက်ထဲမှာ ရှိခဲ့တုန်းကအတိုင်းပဲ”

တန်မို၏စကားကို ကြားလိုက်ပြီးနောက်တွင် ထိုဂျင်းကောင်သည် သူ တစ်ယောက်တည်း ရှိနေခြင်းမဟုတ်မှန်းကို သတိပြုမိသွားဟန် တူသည် ၊ ချက်ချင်းပင် အားတက်သရောဖြစ်လာပြီး မတ်တပ်ထရပ်လာသည် ။ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီး ရုတ်တရက်ကြီး ထပြောလာသည် ။

“အဲ…ဒီစာအုပ်က ငါ အရင်အပတ်က ဒီမှာ ဖွက်ထားခဲ့တဲ့ စာအုပ်ပဲ”

တန်မိုသည် သူ့လက်ညှိုးညွှန်ရာဘက်ဆီ ကြည့်လိုက်သည် ။

“ဒီစာအုပ်ကို တခြားသူ ငှားသွားမှာစိုးလို့
ငါ ဒီစာအုပ်စင်ကြားမှာ ဖွက်ထားခဲ့တာ”

ဂျင်းကောင်က ပြောသည် ။

တန် မို ။  “…”

ထိုစာအုပ်ကို ထိုကဲ့သို့လုပ်ထားခဲ့သူမှာ ဂျင်းကောင်လား ။

မည်သို့ပင်ဖြစ်စေကာမူ၊ တန်မိုသည် ဤစာကြည့်တိုက်ထဲတွင် စာကြည့်တိုက်မှူးတစ်ယောက်ဖြစ်ပြီး ထိုဂျင်းကောင်မှာ ပုံမှန်လာတတ်သည့်ဧည့်တစ်ဦးဖြစ်၏ ။  ဤနေရာမှာ စာကြည့်တိုက်ဖြစ်နေသည်ကို နှစ်ယောက်စလုံး အတည်ပြုပြီးသွားလေပြီ ။

တန်မိုသည် ထိုဂျင်းကောင်ကို လုံခြုံရေးစားပွဲရှိရာဆီ ခေါ်သွားပြီး နောက်ထပ်တုတ်ကောက်တစ်ချောင်းကို ထုတ်ပေးလိုက်သည် ။ အခုချိန်တွင် အရာရာသည် မရေမရာ၊ ဇဝေဇဝါ ။ ထိုတုတ်က ထိုဂျင်းကောင်ကို ကာကွယ်ပေးကောင်းကာကွယ်ပေးနိုင်ပေမည် ။
သို့တည်းမဟုတ် သူတို့နှစ်ယောက် အန္တရာယ်ကြုံရချိန်တွင် အကူအညီ ဖြစ်ကောင်းဖြစ်ပေးနိုင်ပေလိမ့်မည် ။

နှစ်ယောက်သား ဧည့်ကြိုစားပွဲကို ရောက်သွားကြသည့်အခိုက်…
တတိယထပ်က အတွင်းကျသည့်စာအုပ်စင်ဘက်ကနေ ခြေသံတချွတ်ချွတ်ထွက်လာသည် ။

ဂျင်းကောင်၏မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားသည် ။ ချက်ချင်းပင် ဇောချွေးတို့ပျံလာကာ ကြောက်ဒူးတို့ တုန်လာမိလေပြီ ။

သူ အစောနက ဒီနေရာမှာ ရှိနေခဲ့ချိန်တွင် မည်သူ့ကိုမှ မတွေ့ခဲ့ပါချေ ။ သို့ဆိုလျှင် ထိုခြေသံတို့မှာ မည်သူ့ခြေသံလေနည်း ။

ယောကျာ်းနှစ်ယောက်၊ သံတုတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ကာ နံရံဘက် ကျောပေးလိုက်ပြီး သေသေချာချာစေ့စေ့စပ်စပ် ကြည့်ရှုလိုက်ကြ သည် ။ အသံသည်ကား နီးကပ်သထက်နီးကပ်လာလေပြီ ။ ထိုအသံမှာ သမားရိုးကျအသံမျိုးနှင့် လားလားမျှမဆိုင် ။ ကြမ်းပြင်ပေါ်တွင် ကလေးတစ်ယောက် ခုန်ပေါက်ကစားနေသည်နှင့်ပင် ပိုလို့ တူနေသည် ။
စက္ကန့် ၃၀ လောက်အကြာတွင် စာအုပ်စင်ကြားထဲကနေ အရိပ်လေးတစ်ခု ထွက်ပြူလာချေပြီ ။ ထိုအရိပ်သည်ကား…ဆံပင်နှစ်ဖက် မြှောက်စည်းထား သည့် ကလေးမလေး ။ နိုဝင်ဘာနှောင်းပိုင်းဖြစ်နေသည့်တိုင်အောင် ထိုမိန်းကလေးမှာ အနီရဲရဲအကျီၤကို ဝတ်ဆင်ထားပြီး အနီရဲရဲလယ်သာ ဖိနပ်ကို စီးထားလေသည် ။

သူတို့ ကြားနေကြသည့်အသံကား…ထိုမိန်းကလေး၏ဖိနပ်သံ ။

“သ…သရဲ…သရဲ”

ဂျင်းကောင်က ချက်ချင်းပင် တန်မိုနောက် ပြေးပုန်းတော့၏ ။

သို့ပေမည့် တန်မိုကတော့ မကြောက်ပါချေ ။
…ထိုသည်မှာ ကြောက်ပြနေ၍လည်း ပြီးသွားမည့်ကိစ္စ မဟုတ် ။ ထိုမိန်းကလေး၏မျက်နှာက မျက်နှာပြောင်ဖြစ်နေတော့ကော ဘာအရေးလေနည်း ။

ထိုကလေးမလေး၏ဝတ်စုံမှာ အနီရဲရဲ ။ သူမလေး၏အသက်မှာ ၇ နှစ်အရွယ် ၈နှစ်လောက်သာ ရှိဟန်တူသည် ။ သူမလေးသည် စကတ်သေးသေးလေး ကို ဝတ်၊ ဖိနပ်သေးသေးလေးကို စီးထားပြီး နောက်ကျောဘက်တွင် ပန်းရောင်ကြွက်သေးသေးလေးပုံ ကျောင်းလွယ်အိတ်လေးကို လွယ်ထား သည် ။ ထိုကလေးမလေး၏အစစအရာရာမှာ အသေးစိတ်ကျလှပြီး ထိုကလေးမလေးသည် သာမန်လူတစ်ဦးနှင့် ကွဲထွက်နေခြင်း ဘာမှ မရှိပေ ။ တစ်ခုပဲ…။ သူမလေး၏မျက်နှာတစ်ခုလုံးကို ဘာမှမပါသည့်သားရေကြီးနှင့် ဖုံးအုပ်ထားသည်ကလွဲ၍ ။

မျက်ခုံးမရှိ၊ မျက်လုံးမရှိ၊ နှာခေါင်း မရှိ ။ ထို့အတူ ပါးစပ်လည်းမရှိ ။

မျက်နှာပေါ်တွင် ဘာဆိုဘာမှရှိမနေရုံမျှသာ ။

တန်မိုသည် အံကိုကြိတ်လိုက်ပြီး ထိုကောင်မလေးကို သံတုတ်နှင့် တဘုန်းဘုန်းထုရိုက်ပစ်ချင်စိတ်ကို မြိုချနေရ၏ ။

“ကိုကို...ညီမလေးစာအုပ်ကို တွေ့မိလား”

အသံမှာ ကြည်လင်လှသည်၊ ချိုမြိန်လှသည် ။ သို့တိုင် ထိုမျက်နှာလေးကို မြင်လိုက်ရချိန်တွင် တန်မိ၏စိတ်ထဲ ကြောက်လန့်မှုတို့သာ တဖျင်းဖျင်း ခံစားနေမိရလေသည် ။

တန်မိုက အေးစက်တည်ကြည်စွာဖြင့် ထိုမိန်းကလေးကို ကြည့်နေလိုက် သည် ။ ပြန်ကား မဖြေလိုက် ။

သို့ကြောင့် ထိုကလေးမလေးက ထပ်ကာမေးလာပြန်သည် ။

“ကိုကို…ညီမလေးစာအုပ်ကို တွေ့မိလား”

ထိုကလေးမလေးသည် အလွန်အမင်းအားပျော့ဟန် ပေါ်လေသည် ။ တန်မို သူမလေးအား လွယ်လင့်တကူ ချွေးသိပ်နိုင်ဟန်လည်း ပေါ်နေသည် ။ သို့သော်…။ ဤနေရာမှာ အလွန်တရာထူးဆန်းလွန်းသည့်နေရာ ။ ထိုမျက်နှာပြောင်နှင့်ကလေးမလေးသည်လည်း သိသိသာသာကို လူမဟုတ်။ ထို့ကြောင့် တန်မို ပေါ့ပေါ့တန်တန် မလုပ်ရဲပေ ။ အလိုက်သင့်လေးသာ ပြန်ပြောလိုက်၏ ။

“သူငယ်ချင်းလေး…ဘယ်စာအုပ် ပျောက်နေလို့လဲ”

“ကိုကို ပြုံးတာ…အရမ်းရုပ်ဆိုးတယ်”

တန် မို ။  “…”

ကလေးမလေးက ပြောလာသည် ။
“ညီမလေးရဲ့စာအုပ် ပျောက်သွားပြီ ။ ကိုကို...ညီမလေးကို ကူရှာပေးပါလားဟင် ။ မေမေက အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ ။ စာဖတ်ရတာမုန်းပါတယ်ဆိုမှ စာအုပ်တွေပဲ လာလာဖတ်ခိုင်းနေတယ် ။ အဲ့စာအုပ်တွေကလည်း အရမ်းရုပ်ဆိုးတယ် ။ ဒါပေမယ့် အဲ့စာအုပ်တွေကို ပျောက်သွားတာသာ မေမေ သိရင် အရမ်း စိတ်ဆိုးသွားလိမ့်မယ် ။ အဲ့စာအုပ်ပျောက်သွားရင် မေမေ ညီမလေးကို သတ်လိမ့်မယ် ။
ကိုကို..ကိုကို ညီမလေးကို စာအုပ်ကူရှာပေးပါလား”

တန်မိုမှာ ဆက်ပြီးဟန်ဆောင် ပြုံးမနေနိုင်တော့ ။

“ညီမလေးရဲ့မေမေက ဘယ်သူလဲ”

“မေမေပါဆို မေမေပေါ့ ။ ကိုကိုက အရမ်းထူးဆန်းတာပဲ”

ထိုအခိုက် ဂျင်းကောင်သည် အနောက်ဘက်ကနေ တဆတ်ဆတ်တုန်ရီ နေသည့်အသံဖြင့် ဝင်ပြောလာသည် ။
“အဲ့စာအုပ်ကို ရှာမတွေ့ရင်၊ ညီမလေးမေမေ…ညီမလေးမေမေက ညီမလေးကို သတ်ပစ်မှာလား”

“ဟုတ်၊ မေမေ အရမ်းစိတ်ဆိုးသွားလိမ့်မယ် ။ မေမေ စိတ်ဆိုးလာရင် အရမ်းကြောက်ဖို့ကောင်းတယ်”

ဂျင်းကောင်က ထပ်မေးပြန်သည် ။
“ညီမလေးမေမေက လူတွေကိုတော့ မသတ်လောက်ပါဘူး”

ထိုကလေးမလေးက၊ ခေါင်းစောင်းကာ ကြည့်လာလေပြီ ။ ထိုအချိန်တွင် သူမလေး၏ညာဘက်ဆံပင်ထုံးမှာ ထိုမျက်နှာပြောင်ထက် စောင်းကျလာ လေသည် ။ ထိုမျက်နှာပြောင်ကြီးသာ ရှိမနေပါလျှင် ထိုမိန်းကလေးသည် တခစ်ခစ်ရယ်မောနေလောက်ပြီဟု တန်မို၏မသိစိတ်ကနေ တွေးယူလိုက်မိ၏ ။
သူမလေးက အုံ့မှိုင်းနေသည့်မျက်လုံးများဖြင့် တန်မိုနှင့်ထိုဂျင်းကောင်ကို ကြည့်လာကာ…

“အင်း၊ ဒါပေမယ့် ကိုကို ကူရှာမပေးရင်
ကိုကို့ကို ညီမလေး သတ်မယ်”

သူတို့မျက်နှာထက် ရေခဲရေတစ်ပုံးကြီး လောင်းချခံလိုက်ရသည့်နှယ် ။ တန်မိုသည် တင်းတင်းစေ့ထားသည့်နှုတ်ခမ်းနှစ်လွှာပိုင်ရှင် ထိုမျက်နှာဗလာနှင့် ကလေးမလေးကို စိုက်ကြည့်နေမိ၏ ။

တခနအကြာတွင် သူ ပြေပြေလျော့လျော့လေး မေးလိုက်လေသည် ။

“ညီမလေး..ဘယ်စာအုပ် ပျောက်သွားတာလဲ
မှတ်မိလား ။ ကိုကို ညီမလေးကို ကူရှာပေးမယ်”

“ဟာ…” ထိုကလေးမလေးက ခေါင်းတခါခါလုပ်လာသည် ။ သို့နှင့် ထိုဆံပင်နှစ်ခွသည်လည်း တရမ်းရမ်းဖြစ်လာသည် ။ သူမလေး၏ဟန်ပန် မှာ မနည်းစဉ်းစားနေသည့်ဟန် ။ အချိန်အကြာကြီးအကြာတွင် ထိုကလေးမလေးသည် ‘ဟာ’ ဟု ပြောကာ ထငိုဟစ်လာတော့သည် ။

“မမှတ်မိတော့ဘူး”

ထိုသို့ဖြေလာလိမ့်မည်ကို တန်မို ကြိုတွေးထားမိခဲ့ပြီးသားပင် ။

ရုတ်တရက် ၊ ထိုကလေးမလေးက ခပ်သွက်သွက် ပြောချလာသည် ။

“ဟာ…ကျောင်းသွားရတော့မယ် ။ ကျောင်းနောက်ကျရင် ဆရာမက ညီမလေးကို သတ်လိမ့်မယ် ။ သွားတော့မယ်နော် ။ ကိုကို…ညီမလေးကို စာအုပ်ကူရှာပေးရမယ်နော်”

သူမလေးသည် လွယ်အိတ်ကို မြှင့်လွယ်လိုက်ပြီး စာအုပ်စင်တွေထဲ တစ်ဖန် ပြေးဝင်သွားတော့သည် ။

ထိုကလေးမလေး ပျောက်သွားပြီးသည့်နောက်တွင် ထိုဂိမ်းကစားပွဲမှာ တရားဝင် စတင်လာတော့ပြီ ။

တန်မိုနှင့်ဂျင်းကောင်မှာ အစက ထိုဧည့်ကြိုစားပွဲနောက်တွင်သာ ပုန်းကွယ်နေခဲ့ကြခြင်း ဖြစ်၏ ။ ထိုကလေးမလေးနှင့် စကားပြောသည့်အချိန်တွင်ပင် ထိုနေရာကနေ ထွက်ခြင်းမရှိကြ ။
ထိုကလေးမလေး ပျောက်ကွယ်သွားသည့်အချိန်တွင်မူ…
ထိုစားပွဲပေါ်တွင် ရှိနေသည့်ကွန်ပျူတာမှာ ရုတ်တရက်ကြီး လင်းလာသောကြောင့်  တန်မိုတို့နှစ်ယောက်သား ထိုဆီကို သွားလိုက်ကြ၏ ။

အပြာနောက်ခံကွန်ပျူတာပေါ်တွင် စာသားတစ်ကြောင်း ပေါ်ထွက်လာသည် ။ ဒိုင်ယာရီ ဖြစ်ပါ၏ ။

တန်မိုက အော်ဖတ်ပြလိုက်သည် ။
“နိုဝင်ဘာ ၁၅ ရက်နေ့၊ ငါ့မေမေရဲ့စာအုပ် ပျောက်သွားပြီ။
မေမေတော့ ငါ့ကို သတ်တော့မှာပဲ”

ထိုအခိုက် ဂျင်းကောင်က ထပြောလာသည် ။
“ပြောင်းသွားပြီ…စာသားတွေ ပြောင်းသွားပြီ ။ နိုဝင်ဘာ ၁၆ ရက်နေ့….။ မေမေက ငါ့ကို စာအုပ်ပေးထားတယ် ။ အဲ့စာအုပ်ပျောက်နေတာ မေမေ ခုထိ မသိသေးဘူး ။ စာအုပ်က ဘယ်ရောက်နေတာလဲ ။ စာအုပ်လေးရေ..နင်ဘယ်မှာလဲ ။ မေမေတော့ ငါ့ကို သတ်တော့မယ်”

ကွန်ပျူတာပေါ်က စာသားမှာ နောက်ထပ်တစ်ဖန် ပြောင်းသွားပြန်သည် ။

တန်မိုက ဖတ်လိုက်သည် ။
“နိုဝင်ဘာ ၁၇ ရက်နေ့ ။ မေမေ သိသွားပြီနဲ့တူတယ် ။ မေမေ သိသွားပြီလား”

စာသားတို့မှာ ဆက်ကာပြောင်းလဲနေသည် ။
သူ ဆက်ဖတ်လိုက်၏ ။

“နိုဝင်ဘာ ၁၈ ရက်နေ့ ။ အီးဟီးဟီး…မေမေ
တကယ်ကြီး င့ါကို သတ်တော့မယ်”

တန်မိုနှင့်ဂျင်းကောင်တို့ တိတ်ဆိတ်သွားသည် ။

“…ငါတို့ သေကြတော့မှာလား”
ဂျင်းကောင်က တစ်ကိုယ်ကြားစာ ခပ်တိုးတိုးရွတ်လာသည် ။

တန်မိုသည် ထိုဂျင်းကောင်ကို ကြည့်လိုက်၏ ။

စာကြည့်တိုက်တွင် အလုပ်လုပ်ရသည်မှာ အင်မတန်
ငြီးငွေ့ဖွယ် ကောင်းလှ၏ ။ နေ့စဉ်နှင့်အမျှ လူတိုင်းကို ကူညီပေးရသည် ။ နိစ္စဓူဝအလုပ်တို့ကို နေ့စဉ်ပုံမှန် လုပ်နေရသည် ။
နားချိန်တွင် တစ်နေကုန် မြင်သမျှကြားသမျှကို အချင်းချင်းပြန်လည်ဖောက်သည်ချကြသည် ။ ထိုဂျင်းကောင်အကြောင်းမှာလည်း သူတို့ ထည့်ပြောဖြစ်သည့် အကြောင်းအရာထဲတွင် ပါ၏ ။ ဂျင်းကောင်သည် အလုပ်ရှိဟန်မတူ ။ နေ့စဉ်နေ့တိုင်း စာကြည့်တိုက်သို့သာ လာပြီး စာအုပ်များကို ဖတ်ရှုတတ်လေသည် ။ ရှောင်ကျောက်ကတော့ ထိုဂျင်းကောင်မှာ သူ့ချစ်သူ၏လမ်းခွဲခံထားရသဖြင့် အခုလိုကြောင်တောင်တောင်ဖြစ်နေခြင်းဟု ပြောခဲ့ဖူး၏ ။ 

စာကြည့်တိုက်ဝန်ထမ်းများ၏ရင်ထဲတွင်တော့ ထိုဂျင်းကောင်သည် အင်မတန် ထူးဆန်းလွန်းသည် ။
ထို့ပြင် ရယ်စရာကောင်းပြီး သနားစရာလည်းကောင်းသည်။

အခုချိန်တွင် ထိုဂျင်းကောင်မှာ အမှန်တကယ်ပင် သနားကမားမျက်နှာလေးဖြင့် တန်မိုကို ကြည့်နေလေပြီ ။

တန်မိုက အကြောက်အလန့်ကင်းစွာဖြင့် သူ့ကို ကြည့်လိုက်သည် ။ အမှန်တော့ သူလည်း ကြောက်ပါသည် ။ ကြောက်ပေသိ…အခုချိန်သည် ကြောက်နေရမည့်အချိန် မဟုတ် ။ ထိုသို့ တန်မို တွေးလိုက်မိပြီး ရိုးသားစွာပင် ဖြေလိုက်သည် ။

“ငါတို့ သေမယ်နဲ့တူတယ်”

ဂျင်းကောင်ခမျာ မျောက်အိုကြီးအလား မှိုင်တွေသွားလေပြီ ။
“ခနလေး…ကွန်ပျူတာပေါ်က စာသား ထပ်ပြောင်းသွားပြန်ပြီ ။ မျက်နှာပြောင်မိန်းကလေးက သိတတ်နားလည်မှုရှိပြီး လိမ်မာယဉ်ကျေးတယ်…”

ဆက်ဖတ်နေရင်း တန်မို၏နှုတ်ခမ်းတို့ တွန့်ကွေးသွားသည် ။  “မျက်နှာပြောင်မိန်းကလေးမှာ အားနည်းချက်တစ်ခုပဲ ရှိတာ ။ ကလေးမလေးက စာဖတ်ရတာမကြိုက်ဘူး ။ ကလေးမလေးရဲ့အမေက စာမဖတ်ချင်တဲ့ကလေးတွေကို မုန်းတယ် ။ အထူးသဖြင့် စာမဖတ်ချင်လို့ စာအုပ်တွေကို လွှင့်ပစ်ပြီး ပျောက်သွားပါပြီလို့ ညာပြောတဲ့သူကို ပိုမုန်းတယ် ။ ဒါပေမယ့်လဲ အဲ့ဒီမျက်နှာပြောင်မိန်းကလေးက ညာပြောနေတာမဟုတ်ဘူး ဆိုတာကို အမေက မသိဘူး ။ ကလေးမလေးက စာအုပ်ကို လွှင့်မပစ်ခဲ့ဘူး ။ အဲ့စာအုပ်ကို နတ်ဆိုးက ခိုးယူသွားတာ”

‘နတ်ဆိုး’ ဆိုသည့်စကားလုံးတွင် တန်မို မျက်မှောင်ကြုတ်သွား၏ ။

“နတ်ဆိုးက စာအုပ်တွေကို အမုန်းဆုံးပဲ ။ နတ်ဆိုးတွေက စာမတတ်ကြဘူး ။ သူတို့က ဘာလို့ စာဖတ်ချင်ကြမှာလဲ ။ နတ်ဆိုးက အဲ့စာအုပ်ကို ခိုးယူသွားတာကို နတ်သားတစ်ပါး က မြင်သွားခဲ့တယ် ။ အဲ့ဒါနဲ့ နတ်သားက အဲ့ဒီစာအုပ်ကို မီးမရှို့ပစ်ဘဲ စာကြည့်တိုက်ထဲမှာ တိတ်တိတ်လေးဖွက်သွား တယ် ။ နတ်သားပြန်သွားတဲ့နောက်မှာ နတ်ဆိုးက အဲ့ဒီစာအုပ်ကို ရှာလို့မတွေ့တော့ ဘူး၊ အဲ့ဒါနဲ့ဒေါသအကြီးအကျယ်ထွက်တော့တယ် —”

“သောက်သုံးမကျတဲ့စာအုပ်”

ထိုစာပိုဒ်ကို တန်မို ဖတ်ပြပြီးသွားခိုက် စာကြည့်တိုက်ထဲတွင် ကလေးသံလေးတစ်သံ ပီပီသသထွက်လာပြန်သည် ။

“တင်း တောင်  !  ‘င့ါစာအုပ်ကို ဘယ်သူ ခိုးထားလဲ’ ဂိမ်း တရားဝင် စတင်ပါပြီ ။ ဂိမ်းကစားနေစဉ်မှာ —”

“ပထမ ၊ အကြမ်းမဖက်ရ”

“ဒုတိယ၊ နေ့ဘက်မှာ နတ်သားတွေက စာအုပ်နဲ့ပတ်သက် တဲ့ သဲလွန်စကို ရမယ်”

“တတိယ၊ ညဘက်ရောက်ရင် နတ်ဆိုးက စာအုပ်စင်တွေကို လိုက်ပြီး မီးရှို့ပစ်လိမ့်မယ်”

“စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ နတ်သားလေးတို့ရေ… မျက်နှာပြောင်နဲ့ကလေးမလေးကတော့ သုံးရက်အတွင်း သူ့အမေ စိတ်ဆိုးပြီး အသေတွယ်ခံရတော့မယ် ။ ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးမလေး သေမှာကို ကြည့်ရက်ကြသလား”

တန် မို ။  “…”

ဘယ်နေရာကြီး သွားချစ်ဖို့ကောင်းတာလဲ !!!

……………………………

စာရေးသူ ပြောလာပြီ ။

အနက်ရောင်မျှော်စင် : ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးမလေး သေမှာကို ကြည့်ရက်ကြသလား ။

တန်မို : ကြည့်ရက်တယ် ။

——————-
ဟဲဟဲ…ပထမဆုံးဂိမ်းက နဲနဲလေးကြောက်ဖို့ကောင်းသွား သလိုပဲ ။ ဒါပေမယ့် ဒါက ဒီဇာတ်လမ်းရဲ့အနှစ်ကို မထိသေးပါဘူး ။ ဒါက အခုမှ အကာပဲ ရှိပါသေးတယ် ။ တကယ့်အနှစ်က အရမ်းအရမ်းကို စိတ်ဝင်စားဖို့ကောင်း ပါတယ် ~

အခုတော့ ဂိမ်း ပွင့်သွားပါပြီ ။ အားလုံးပဲ ဒီဂိမ်းရဲ့အဖြေကို ကြိုးစားမှန်းကြည့်ကြပါ  =3=

...................................................................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Continue Reading

You'll Also Like

686K 120K 120
Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation period - Jan 5,2021 ~ Oct 14,2022 ရှန်ကျစ...
87.5K 5.2K 21
Age gap 🏳️‍🌈 (Unicode + Zaw gyi)
192K 13.5K 76
Original Title - My Handsome Fairy Manager Original Author - credit English Translater - carolyn Myanmar Translation - Roe Rim Phyu ကြၽန္ေတာ့ နာမည္က...
156K 10K 126
တာတေရဲ့ အထက်လမ်း အောက်လမ်း စုန်းကဝေ ပရလောက စွန့်စားခန်းတွေအကြောင်း။ နည်းနည်းပြောချင်ပါတယ် တာတေရဲ့ဇာတ်လမ်းတွေက သရဲစာပေgroupတွေမှာလည်း တင်လေ့ရှိသလို...