ရာသီဥတုက ကောင်းကင်ပြာပြာအောက်မှာ
အဆုံးစွန်ထိ သာယာလှနေတဲ့ နွေဦးရာသီချိန် ။
ချယ်ရီပင်တွေ အစီအရီတွေကြား
မိသားစုတွေ စုံတွဲတွေ သူငယ်ချင်းတွေ
ဓာတ်ပံုရိုက်သူတွေနဲ့ စည်ကားနေတော့သည်။
Sunday ဖြစ်တာမို့ သာမာန်ထပ် လူပိုများနေတဲ့
ပန်းခြံအတွင်း Chanyeol တစ်ယောက်သာ
ကင်မရာကြီးလည်ပင်းမှာဆွဲပြီး
အရ်ိပ်တစ်နေရာကနေ ဟိုရိုက်ဒီရိုက် နဲ့။
ရုတ်တရက် ကင်မရာမြင်ကွင်းထဲ ဝင်လာတဲ့ပုံရိပ်လေး။
ကင်မရာကို မဖယ်ဘဲ မြင်နေရတဲ့ပုံရိပ်လေးကို
ရိုက်ယူနေမိသည်။
Hoodie အဖြူရောင်လေးကို ဒူးအထက်ဘောင်းဘီအမဲလေးနဲ့တွဲဝတ်ထားတဲ့ လူကောင်မထွားတဲ့ ကောင်လေးတစ်ယောက်။
Capဦးထုပ်အမဲလေးလည်းဆောင်းထားသေးတဲ့အပြင်
နှုတ်ခမ်းနှစ်လွှာကြား တုတ်ထိုးချိုချဉ်လေးကပါ နေရာယူထားသေးသည်။
သူ့ဆီရောက်လာတဲ့ ဘောလုံးလေးကိုကလေးတစ်ယောက်ဆီကို အသာပြန်ကန်ပေးရင်း ထိုကလေး ခေါင်းလေးကိုပါ အသာပုတ်ကာ ပြုံးရယ်ပြနေတဲ့သူ။
အပြုံးတွေကို သေချာမြင်ရစေရန် ကင်မရာကို ဖယ်ပြီး
သေချာငေးကြည့်နေမိသည်။
လှပသာယာနေတဲ့ ရာသီဥတုနဲ့ ကောင်းကင်ပြာပြာအောက်က ကောင်လေးတစ်ယောက် ။
ဒုတ် ဒုတ်
ဟာ ။
ထွက်သွားတဲ့ကျောပြင်လေးကို လိုက်ကြည့်နေမိသည်။
သူအခု ရင်တွေခုန်နေတာလား ။
အမြန်ထကာ ထိုကောင်လေးနောက် အမှီလိုက်သော်လည်း
ချယ်ရီပင်တန်းကြီးကြားက လူတွေကြား
အဖြူရောင်အရိပ်လေးက ရှာမတွေ့တော့ ။
_____________________
"ဟာ မင်းဟာကလည်း ဒီအတိုင်းလေးတွေ့လိုက်တာကို
ချန်းယောလ်ရာ "
ရီရှင်းက ဘာမှမထူးသလို သူ့ကို ခပ်ပေါ့ပေါ့သာပြောရင်း
ကောရစ်တာတစ်လျှောက် ဖြတ်သွားဖြတ်လာတွေကို
လိုက်ကြည့်နေသည်။
"မဟုတ်ဘူး ရီရှင်း ငါတကယ်ကြီး ထင်တယ် "
"မင်းမှာ သူ့ပုံတွေရှိတယ်မလား "
"အင်း အင်း အများကြီးပဲလေ "
ရီရှင်းက ကိုယ်ကို ပြန်မတ်ကာ ရှပ်အင်္ကျီကို
တစ်ချက်ဆွဲချသည်။
"သူ့ပုံတွေကို လူပျောက်ကြေညာသလို လိုက်ကပ်ရင်ရော "
"ဟာ ဘယ်ကောင်းမလဲကွာ သူရှက်မှာပေါ့"
နေရောင်အောက်က အပြုံးလေးကို
ပြန်တွေးမိတော့ သိပ်ကြည်နူးသွားရသည်။
မြင်ဖူးသမျှ မြင်ကွင်းပေါင်းစုံ ပန်းချီကားပေါင်းစုံတွေထပ် သိပ်လှတယ် ။
"အတန်းသွားတက်မယ်ကွာ"
ပုခုံးကိူ ပုတ်ကာ ထွက်သွားတဲ့ ရီရှင်းနောက်လိုက်ရင်း
ရင်တွေထဲထိ ပူလောင်ရသည်။
သိပ်လှတဲ့ မင်းက ဘယ်သူလဲ
ဘယ်ကများလဲကွာ။ 🥺
ရီရှင်းကတော့ ကိုယ်အမိအရဖမ်းယူထားတဲ့
ပုံတွေကိုကြည့်ကာ သာမာန်ကောင်လေးတစ်ယောက်ပါပဲကွာလို့ ဝေဖန်ပေမယ့် သူ့ရင်ခူန်သံအကျယ်ကြီးတွေက
သာမာန်ကောင်လေးကို အရောင်တွေ ခြယ်ပစ်ချင်နေသည်လေ။
နည်းပညာတက္ကသိုလ် တတိယနှစ် ကျောင်းသားဖြစ်တဲ့
ချန်းယောလ်နှင့် ရီရှင်းဟာ ရုပ်ရည်ချောမောတယ်လို့
နာမည်ကြီးပေမယ့် အချစ်ရေးကတော့ တိတ်ဆိတ်လွန်းသည်။
တိတ်ဆိတ်တယ်ဆိုတာကလည်း ရည်းစားမထားကြတာမဟုတ် ထားသမျှ ရည်စားတွေကလည်း
တိတ်တိတ်ဆိတ်ဆိတ်ရကာ ပြတ်ရင်လည်း ဘယ်သူမှမသ်ိလိုက်အောင် မြန်တာ။
ချန်းယောလ်ကတော့ ဒီတလော ရည်စားမထားတာကြာပြီဖြစ်သည်။ မထားဖြစ်တာကလည်း အမေရီကားက
အစ်မဖြစ်သူပြန်ရောက်နေတာကြောင့် သူ့အလုပ်တွေ
လိုက်လုပ်နေရတာကြောင့်ပင် ။
Sunday တစ်ရက်လေး အနားရ၍ ပန်းခြံသွားမိခါမှ
နှလုံးသားလေး ခိုးယူခံလိုက်ရတဲ့အဖြစ်။
တောင်းပန်တယ် ညဖက်တွေ အိမ်မက်ထဲခေါ်ထားမိလို့ ။
___________________
"ဟွန်းနီရေ မြန်မြန်လာ "
အောက်ထပ်က လှမ်းအော်နေတဲ့ အစ်ကိုဖြစ်သူ
ဂျွန်မြောင်ကြောင့် လွယ်အိတ်ကတစ်ဖက် ဂျူဒီကုဒ်ကတစ်ဖက် ဆွဲကာ အိမ်အောက်ကို ဆင်းပြေးလာတော့
လှေကားအောက်မှာ မေမေက ပြုံးပြုံးလေး ရပ်စောင့်နေသည်။
"ငယ်လေးရယ် ပြုတ်ကျပါအုန်းမယ်ကွယ်"
"သားနောက်ကျနေပြီမေမေ "
မေမေ့ပါးတစ်ဖက်ဆီ လှမ်းနမ်းရင်းနှုတ်ဆက်တော့
မေမေကရယ်သည်။
" ဒီဖက်က သားကိုကြီး နမ်းသွားပြီးပေါ့"
"ဟာ ကိုကြီးက"
ကားတံခါးဖွင့်ရင်း ဆူအောင့်တော့ မေမေနဲ့အတူ
အိမ်အကူအန်တီကြီးကပါ အသဲယားသလိူ တစ်ချက်ရယ်သည်။
" မေမေ သွားမစနဲ့ သားဒီနေ့ ရုံးရောက်တော့မှာ မဟုတ်ဖူး "
" မေက စတာပါ ကဲ သွားတော့ "
ထွက်သွားတဲ့ ကားလေးကို မြင်ကွင်းထဲ
ပျောက်တဲ့အထိ လှမ်းကြည့်နေမိသည်။
သိပ်ချစ်ရတဲ့ ရင်နှစ်သည်းခြာ သားနှစ်ယောက်။
သားကြီး ဂျွန်မြောင်ကတော့ ကုမ္မဏီမှာ ဒါရိုက်တာ တစ်ယောက် ။
၈နှစ်ကွာတဲ့ သားငယ်လေး ဘတ်ခ်ဟွန်းကတော့
တတိယနှစ် ဆေးကျောင်းသားလေး ။
သူမ ဘဝက အရာရာပြည့်စုံနေသည်လိုခံစားနေရသည်။
"မမကြီး ဆိုင်ကို နေ့လယ်စာ ယူသွားမှာလား "
အတွေးတွေပြန်ရုတ်သိမ်းကာ
အိမ်အကူ အစ်မကြီးကို တစ်ချက်ပြုံးပြရင်း
"ယူမယ် အစ်မရေ
ကားပေါ်တင်ထားလိုက်တော့ ကျွန်မ အိတ်သွားယူပြီးရင်
သွားတော့မှာမို့ "
"ဟုတ်ကဲ့ မမကြီး"
J&Bဆိုတဲ့ လက်ဝတ်ရတနာဆိုင်လေး။
ခင်ပွန်းဖြစ်သူဆုံးပြီးထဲက
သားနှစ်ယောက်နဲ့အတူ ဒီလက်ဝတ်ရတနာဆိုင်လေးနဲ့သာ
သူ့ဘဝရှေ့ဆက်ခဲ့ခြင်း။
အခုတော့ ငွေရေးကြေးရေးက ပြည့်စုံတာထပ်
တင့်တယ်စွာ။
အသိမိတ်ဆွေသူငယ်ချင်းတွေထဲမှာ
ကိုယ့်ကို ခမည်းခမက်တော်ချင်နေတဲ့
သမီးရှင်တွေက ဒုနဲ့ဒေး။
သားကြီး လက်ဦးတဲ့သူရှိရင်
သားငယ်လေးလည်း ကြို bookingတင်မယ်ဆိူတဲ့သူက
ရှိသေးသည်။
သားကြီးကလည်း အလုပ်ကလွဲ ဘာမှစိတ်မဝင်စား။
အငယ်လေးကျတော့လည်း သူ့စာနဲ့ သူတောင်
မအားလပ်။အားလပ်လိုက်တာနဲ့ ဂိမ်းဆော့မယ်ဆိုတာပဲ
သိသည်။
တွေးရင်းနဲ့တောင် မေ့သားလေးတွေကို သိပ်ချစ်တာပဲ။
—————
စာသင်နေတာကို သေချာနားထောင်နေကြတဲ့
ကျောင်းသားတွေကြောင့် စာသင်ခန်းကြီးက
တိတ်ဆိတ်လို့ ။
ကျောင်းသားတိုင်းလိုလို ကြိုးစားရတဲ့
ဒီကျောင်းမှာ ဘယ်သူမှ စာသင်နေရင်း
မပေါ့ဆရဲ ။တစ်ချက်လွှတ်တာနဲ့ ခေါင်းမီးတောက်နိင်သည်လေ။
Ringgggggg
"ဒီနေ့တော့ ဒီလောက်ဘဲ"
ဆရာမထွက်သွားတဲ့ အချိန်မှ ကျောင်းသားတစ်ချိူ့ရဲ့
သက်ပြင်းချသံတွေ အရှေ့နားက စားဂျပိုးအုပ်စုရဲ့
ညီးညူသံတွေနဲ့ ပြန် လည်ပတ်လာတော့သည်။
"ဘတ်ခ်ဟွန်း ညနေ နင့်မေမေဆိုင်နားက
ကိတ်ဆိုင်သွားထိုင်ရအောင် နင်အဲ့ကိုပဲ
ပြန်မှာမလား "
ဘေးကနေ အိစက်ညက်ညောနေတဲ့ အသံနဲ့လာမေးနေတဲ့
ဘုံဘုံးကိူ တစ်ချက်ကြည့်လိုက်တော့ မျက်
တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေကာ
သူ့ဘာသာ ချစ်စရာကောင်း
တယ်လို့ ထင်နေပုံရသည်။
"အေ အေ"
"ဒါဆို ငါ့ကိုစောင့်နော် အခုတော့ မနေ့က lecture လွတ်သွားလို့ ဟိုရှေ့က hyperတွေဆီ သွားမေးလိုက်မယ် သွားပြီသိလား "
ဘုန်း အင့်
ကျောပေါ်ရောက်လာတဲ့ လက်ဝါးက လူကောင်သေးသလောက် အဆုတ်ကွာတော့မယ်လို့
ထင်ရလောက်အောင် ပြင်းပါသည်။
ဒါတောင် ဒီနေ့ လက်စက သိပ်မပြင်းသေး။
KGကတည်းက ပေါင်းလာတာ
သူအဆုတ်မကွာသေးတာလည်း အံဩစရာ ။
ဟို ဂျမ်းပုံမက စကားသုံးခွန်းကို
တစ်ချက်နှုန်းတဲ့ တဘုန်းဘုန်း ထုတက်သည်လေ။
နာသွားတဲ့ ကျောကို မှီသလောက်လှမ်းပွတ်ရင်း
ဘတ်ခ်ဟွန်း ခေါင်းအသာခါမိသည်။
________________
လုံးဝ ပေါ့ပေါ့ပါ့ပါးလေး ရေးချင်လာလို့ပါ
ထပ်မရေးတော့ဘူးလို့ ပြောပေမယ့်
အခု စိတ်အခြေအနေပြန်ကောင်းလာလို့
အရမ်းရေးချင်လာလို့ပါ hee😁
အမျိုးမျိုးပြောနေတဲ့ ဒီက အချောလေးကို
စိတ်မဆိုးကြပါနဲ့😘😝
Update မှန်ပါမယ်နော်
I love chuu❤️
ဓာတ်ပုံရိုက်သူတွေနဲ့ စည်ကားနေတော့သည်။
အရိပ်တစ်နေရာကနေ ဟိုရိုက်ဒီရိုက် နဲ့။
ရိုက်ယူနေမိသည်။
ဒုတ် ဒုတ်
ဟာ ။
_____________________
ချန်းယောလ်ရာ "
လိုက်ကြည့်နေသည်။
တစ်ချက်ဆွဲချသည်။
"အတန်းသွားတက်မယ်ကွာ"
ပုခုံးကို ပုတ်ကာ ထွက်သွားတဲ့ ရီရှင်းနောက်လိုက်ရင်း
ဘယ်ကများလဲကွာ။ 🥺
တိတ်တိတ်ဆိတ်ဆိတ်ရကာ ပြတ်ရင်လည်း ဘယ်သူမှမသိလိုက်အောင် မြန်တာ။
___________________
"ဟွန်းနီရေ မြန်မြန်လာ "
"သားနောက်ကျနေပြီမေမေ "
မေမေကရယ်သည်။
"ဟာ ကိုကြီးက"
အိမ်အကူအန်တီကြီးကပါ အသဲယားသလို တစ်ချက်ရယ်သည်။
" မေက စတာပါ ကဲ သွားတော့ "
"ယူမယ် အစ်မရေ
သွားတော့မှာမို့ "
"ဟုတ်ကဲ့ မမကြီး"
တင့်တယ်စွာ။
သားငယ်လေးလည်း ကြို bookingတင်မယ်ဆိုတဲ့သူက
ရှိသေးသည်။
သိသည်။
—————
တိတ်ဆိတ်လို့ ။
Ringgggggg
"ဒီနေ့တော့ ဒီလောက်ဘဲ"
ဆရာမထွက်သွားတဲ့ အချိန်မှ ကျောင်းသားတစ်ချို့ရဲ့
ပြန်မှာမလား "
ဘုံဘုံးကို တစ်ချက်ကြည့်လိုက်တော့ မျက်
တယ်လို့ ထင်နေပုံရသည်။
"အေ အေ"
ဘုန်း အင့်
KGကတည်းက ပေါင်းလာတာ
________________
အခု အရမ်းရေးချင်လာလို့ပါ hee😁
Update မှန်ပါမယ်နော်
I love chuu❤️