ျမန္မာစာေပအေျခခံမွ ရသစာေပသို႔

By shinhtwe

20.4K 2.8K 460

အခုမွစျပီး စာေရးခ်င္တယ္ ဘာမွလည္း မသိေသးဘူး ဆိုတဲ႔သူေတြအတြက္ ရသနယ္ပယ္ကို သြားတဲ႔အခါ ဒီစာအုပ္ေလးက ေလွကားထစ္ျဖစ္... More

အသံုးလြဲေသာ စကားလံုးမ်ား
သတင္းစာေရာင္းအား
သရုပ္ေဖာ္ေရးသားျခင္း
E bookျဖင့္ စာဖတ္ျခင္းသည္ ေကာင္းလား ??
ပုဒ္ျဖတ္ ပုဒ္ရပ္နွင့္ စာပုဒ္ခြဲျခင္း
စာေၾကာင္းအမ်ိဳးအစား(U/Z)
စာေၾကာင္းအမ်ိဳးအစား Part-2 (U/Z)
စာေၾကာင္းအမ်ိဳးအစား Part-3(U/Z)
ဇာတ္ကြက္ပံုေဖာ္ျခင္း(Z/U)
ရသ (9)မ်ိဳးႏွင့္ရသစာေပ
ရသ(9)မ်ိဳးႏွင့္ရသစာေပ
ရသ(9)မ်ိဳးႏွင့္ရသစာေပ
ရသ(9)မ်ိဳးႏွင့္ရသစာေပ
ေကာ္ပီ
ရသ(9)မ်ိဳးႏွင့္ ရသစာေပ
မထုတ်သင့်တဲ့စာအုပ်တွေ

မိတ္ဆက္

4.7K 376 11
By shinhtwe

မိတ္ဆက္ျခင္း

   ျမန္မာစာအေျခခံမွ ရသနယ္ပယ္သို႔ဆိုတဲ႔ E.book ေလးလုပ္ဖို႔ ဘာေၾကာင့္စိတ္ကူးေပၚသလဲဆိုတာက စမိတ္ဆက္ေပးရမယ္ထင္တယ္။

   က်ြန္ေတာ္က ၁၀တန္းကတည္းက ေတာင္မေရာက္ေျမာက္မေရာက္စာေတြေရးနံရံကပ္စာေစာင္ေတြမွာသြားကပ္ေလ့ရိွတယ္။အခုဆို ဘြဲ႔ရတာ ၃နွစ္ေလာက္ဆိုေတာ့ ေတာ္ေတာ္ၾကီးၾကာျပီေပါ့ဗ်ာ။ ၁၀ တန္းျပီးကတည္းကဖတ္လိုက္တဲ႔စာအုပ္ေတြကလည္း ေက်ာင္းစာေတြသာဆို မဟာ့ မဟာဘြဲ႔ရေလာက္တယ္။

   ထူးျခားတာေလးက ေက်ာင္းျပီးအလုပ္ခြင္ထဲေရာက္ေတာ့ စာအုပ္စင္နဲ႔ေဝးသြားတယ္။ဒါနဲ႕ ဘယ္ထဲေရာက္သြားလဲဆိုေတာ့ Wattpad ထဲေရာက္သြားတယ္ေလ။စာအုပ္ေတြဖတ္တုန္းက တကယ့္ကို မာစတာလက္ရာေတြဖတ္ခဲ႔ အသဲစြဲခဲ႔ရတာေလ။ေရႊဥေဒါင္း မဟာေဆြ ေသာ္တာေဆြ ဂ်ဳး ေနဝင္းျမင့္ ခ်စ္ဦးညိဳ စသည္ျဖင့္ေပါ့။

    Wattpadေရာက္ေတာ့ ဘာျဖစ္လည္းဆိုေတာ့ က်ြန္ေတာ္ "အာေတြ႔" တဲ႔ စာေရးသူအေရအတြက္မွာ ၂နွစ္ေက်ာ္ ဖတ္မွ လက္တစ္ဖက္မျပည့္ဘူး။(ဒါကေတာ့ စာေရးသူေတြအားလံုးညံ႔တယ္ ဆိုလိုျခင္းမဟုတ္ က်ြန္ေတာ္ကိုယ္တိုင္က လက္ရာေရြးလြန္းေသာ ဂဂ်ီဂေဂ်ာင္နိုင္တဲ႔စာဖတ္သူျဖစ္ေသာေၾကာင့္ပင္)

    ဒါေပမဲ႔ တစ္ခုဆိုးတာရိွတယ္ဗ်။ျမန္မာစာလံုးေပါင္းသတ္ပံုေတြ ဘယ္ေနရာ ဘယ္စာလံုးသံုးရမယ္ဆိုတာေတြ အေတာ္ေလးမွားၾကတယ္ဗ်ာ။ဒါေတြက အခုေခတ္ ၁၀တန္းျပီးခါစ အရြယ္ကေန ဘြဲ႔ရသမားေတြထိ မွားၾကတယ္ဗ်ာ။အေျခခံေလးေတြကအစ မွားၾကတာ။တခ်ိဳ႕တေလကေတာ့ မသိလို႔မွားတယ္။တခ်ိဳ႕က ျမန္မာစာပဲ ငါတို႔ဘာသာစကားပဲဆိုျပီး ျဖစ္သလိုလုပ္လို႔မွားတယ္ (ဒီလိုလူအေတာ္ရွားပါတယ္ ၁ေယာက္စ ၂ေယာက္စေတြ႔ဖူးတယ္)

   မသိလို႔မွားတဲ႔အုပ္စုကေတာ့ အျပစ္ေျပာရခက္တယ္ဗ်။ဘာလို႔ဆို Facebook လိုေနရာေတြမွာ အလြယ္သံုးေရးၾကတယ္ စာတတ္တဲ႔လူေရာ စာမတတ္တဲ႔လူေရာက ေရးတဲ႔စာေတြကို သူတို႔က အဖတ္မ်ားတယ္ ။စိတ္ထဲစြဲေနတယ္။ဒီအမွားေတြျမငိပါမ်ားေတာ့ စိတ္ထဲအမွန္ထင္လာတယ္။ကိုယ္စာေရးတဲ႔အခါ ဒုကၡေရာက္ေရာ။အေပ်ာ္ေရးေရး အတည္ေရးေရး ကိုယ္က လိုအပ္ေနေတာ့ အျပစ္ေျပာတဲ႔အသံေတြက တခါတေလ ထြက္လာတယ္။

   Wattpadက ကိုယ္လိုလူငယ္ေတြခ်ည္းမ်ားတာမို႔ လူငယ္ေတြေအာင္ျမင္ျဖစ္ထြန္းေနတာျမင္ရင္ က်ြန္ေတာ္ကိုယ္တိုင္က သိပ္ေပ်ာ္ သိပ္အားတက္တာ။

     Wattpadကေန ေအာင္ျမင္ျပီး စာအုပ္ေတြထုတ္ၾကတဲ႔အခါ ျမန္မာစာအေရးအသားကို ပိုင္နိုင္က်ြမ္းက်င္မႈမရိွၾကရင္ ေရွ႕ကစာတတ္ပုဂၢိဳလ္စာေရးဆရာမ်ားလက္ထဲမွာ  စာအုပ္အရာမဝင္တဲ႔စာအုပ္ေတြျဖစ္လာမွာစိုးတယ္။

    ပုခံုးခ်င္းယွဥ္ရင္  လူငယ္လူရြယ္ေတြဟာ ပညာရည္ျပည့္ဝတယ္ဆိုပဲ ျပခ်င္တယ္။ဒါေၾကာင့္ အမွားနည္းနိုင္သမ်ွ နည္းေစရန္အလိုငွာ သိသေလာက္မ်ွေဝမိပါတယ္။က်ြန္ေတာ္သိပ္တတ္သိပ္သိေနတဲ႔သေဘာလည္းမဟုတ္ပါ။ပင္လယ္ၾကီးနဲ႔ယွဥ္ရင္ မိုးေရကြက္ကေလးပမာသာရိွတဲ႔ က်ြန္ေတာ္ရဲ႔   ျမန္မာစာအေျခခံဗဟုသုတမွ ရသနယ္ပယ္သို႔ အေၾကာင္းကို အားလံုးစိတ္ဝင္စားျပီး ေလ့လာနိုင္ရန္ ေရးသားလိုက္ပါတယ္။

  အမွားရိွရင္လည္း အျပဳသေဘာေဝဖန္ေထာက္ျပနိုင္ပါတယ္။ေစတနာျဖင့္လုပ္ေသာအလုပ္သည္ ေဝဒနာမီးမျဖစ္ေစရန္လည္း ဆုေတာင္းပါေၾကာင္းး

မွ/ 
ရွင္ေထြး
#Novelyzeclub
Book cover by   @CalistaIda99

Unicode!!

မိတ်ဆက်ခြင်း

   မြန်မာစာအခြေခံမှ ရသနယ်ပယ်သို့ဆိုတဲ့ E.book လေးလုပ်ဖို့ ဘာကြောင့်စိတ်ကူးပေါ်သလဲဆိုတာက စမိတ်ဆက်ပေးရမယ်ထင်တယ်။

   ကျွန်တော်က ၁၀တန်းကတည်းက တောင်မရောက်မြောက်မရောက်စာတွေရေးနံရံကပ်စာစောင်တွေမှာသွားကပ်လေ့ရှိတယ်။အခုဆို ဘွဲ့ရတာ ၃နှစ်လောက်ဆိုတော့ တော်တော်ကြီးကြာပြီပေါ့ဗျာ။ ၁၀ တန်းပြီးကတည်းကဖတ်လိုက်တဲ့စာအုပ်တွေကလည်း ကျောင်းစာတွေသာဆို မဟာ့ မဟာဘွဲ့ရလောက်တယ်။

   ထူးခြားတာလေးက ကျောင်းပြီးအလုပ်ခွင်ထဲရောက်တော့ စာအုပ်စင်နဲ့ဝေးသွားတယ်။ဒါနဲ့ ဘယ်ထဲရောက်သွားလဲဆိုတော့ Wattpad ထဲရောက်သွားတယ်လေ။စာအုပ်တွေဖတ်တုန်းက တကယ့်ကို မာစတာလက်ရာတွေဖတ်ခဲ့ အသဲစွဲခဲ့ရတာလေ။ရွှေဥဒေါင်း မဟာဆွေ သော်တာဆွေ ဂျုး နေဝင်းမြင့် ချစ်ဦးညို စသည်ဖြင့်ပေါ့။

    Wattpadရောက်တော့ ဘာဖြစ်လည်းဆိုတော့ ကျွန်တော် "အာတွေ့" တဲ့ စာရေးသူအရေအတွက်မှာ ၂နှစ်ကျော် ဖတ်မှ လက်တစ်ဖက်မပြည့်ဘူး။(ဒါကတော့ စာရေးသူတွေအားလုံးညံ့တယ် ဆိုလိုခြင်းမဟုတ် ကျွန်တော်ကိုယ်တိုင်က လက်ရာရွေးလွန်းသော ဂဂျီဂဂျောင်နိုင်တဲ့စာဖတ်သူဖြစ်သောကြောင့်ပင်)

    ဒါပေမဲ့ တစ်ခုဆိုးတာရှိတယ်ဗျ။မြန်မာစာလုံးပေါင်းသတ်ပုံတွေ ဘယ်နေရာ ဘယ်စာလုံးသုံးရမယ်ဆိုတာတွေ အတော်လေးမှားကြတယ်ဗျာ။ဒါတွေက အခုခေတ် ၁၀တန်းပြီးခါစ အရွယ်ကနေ ဘွဲ့ရသမားတွေထိ မှားကြတယ်ဗျာ။အခြေခံလေးတွေကအစ မှားကြတာ။တချို့တလေကတော့ မသိလို့မှားတယ်။တချို့က မြန်မာစာပဲ ငါတို့ဘာသာစကားပဲဆိုပြီး ဖြစ်သလိုလုပ်လို့မှားတယ် (ဒီလိုလူအတော်ရှားပါတယ် ၁ယောက်စ ၂ယောက်စတွေ့ဖူးတယ်)

   မသိလို့မှားတဲ့အုပ်စုကတော့ အပြစ်ပြောရခက်တယ်ဗျ။ဘာလို့ဆို Facebook လိုနေရာတွေမှာ အလွယ်သုံးရေးကြတယ် စာတတ်တဲ့လူရော စာမတတ်တဲ့လူရောက ရေးတဲ့စာတွေကို သူတို့က အဖတ်များတယ် ။စိတ်ထဲစွဲနေတယ်။ဒီအမှားတွေမြငိပါများတော့ စိတ်ထဲအမှန်ထင်လာတယ်။ကိုယ်စာရေးတဲ့အခါ ဒုက္ခရောက်ရော။အပျော်ရေးရေး အတည်ရေးရေး ကိုယ်က လိုအပ်နေတော့ အပြစ်ပြောတဲ့အသံတွေက တခါတလေ ထွက်လာတယ်။

   Wattpadက ကိုယ်လိုလူငယ်တွေချည်းများတာမို့ လူငယ်တွေအောင်မြင်ဖြစ်ထွန်းနေတာမြင်ရင် ကျွန်တော်ကိုယ်တိုင်က သိပ်ပျော် သိပ်အားတက်တာ။

     Wattpadကနေ အောင်မြင်ပြီး စာအုပ်တွေထုတ်ကြတဲ့အခါ မြန်မာစာအရေးအသားကို ပိုင်နိုင်ကျွမ်းကျင်မှုမရှိကြရင် ရှေ့ကစာတတ်ပုဂ္ဂိုလ်စာရေးဆရာများလက်ထဲမှာ  စာအုပ်အရာမဝင်တဲ့စာအုပ်တွေဖြစ်လာမှာစိုးတယ်။

    ပုခုံးချင်းယှဉ်ရင်  လူငယ်လူရွယ်တွေဟာ ပညာရည်ပြည့်ဝတယ်ဆိုပဲ ပြချင်တယ်။ဒါကြောင့် အမှားနည်းနိုင်သမျှ နည်းစေရန်အလိုငှာ သိသလောက်မျှဝေမိပါတယ်။ကျွန်တော်သိပ်တတ်သိပ်သိနေတဲ့သဘောလည်းမဟုတ်ပါ။ပင်လယ်ကြီးနဲ့ယှဉ်ရင် မိုးရေကွက်ကလေးပမာသာရှိတဲ့ ကျွန်တော်ရဲ့   မြန်မာစာအခြေခံဗဟုသုတမှ ရသနယ်ပယ်သို့ အကြောင်းကို အားလုံးစိတ်ဝင်စားပြီး လေ့လာနိုင်ရန် ရေးသားလိုက်ပါတယ်။

  အမှားရှိရင်လည်း အပြုသဘောဝေဖန်ထောက်ပြနိုင်ပါတယ်။စေတနာဖြင့်လုပ်သောအလုပ်သည် ဝေဒနာမီးမဖြစ်စေရန်လည်း ဆုတောင်းပါကြောင်းး

မှ/ 
ရှင်ထွေး
#Novelyzeclub
Book cover by   @CalistaIda99

Continue Reading

You'll Also Like

61.4K 2.6K 22
Story about a married couple who's life was so toxic to live in. ⚠️ !!!𝗔𝗧𝗧𝗘𝗡𝗧𝗜𝗢𝗡!!!⚠️ ♡ This story is going to contain domēstic abu$e, so r...
14.5K 1.4K 17
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...
10.3K 324 13
"𝑪𝒂𝒖𝒈𝒉𝒕 𝒎𝒚 𝒆𝒚𝒆, 𝑰 𝒂𝒊𝒏'𝒕 𝒆𝒗𝒆𝒏 𝒂𝒕 𝒕𝒉𝒆 𝒔𝒑𝒐𝒕 𝒄𝒖𝒛 𝑰 𝒃𝒆 𝒐𝒏𝒕𝒐 𝒚𝒐𝒖"
49.4K 85 10
horny တိုင်း ဘယ်လိုထန်လဲဆိုတာ လာလာရေးမယ့် storyပါ။ ဘာအနှစ်သာရမှ မပါပါဘူး။