ထမှတ်မထင်ဖူးစားရှင် (Complete)

By user24694613

157K 10K 432

Xiao Zhan β€οΈπŸ’š Wang Yibo More

Part 1(Uni&Zaw)
Part 2(Uni&Zaw)
Part 3(Uni&Zaw)
Part 4(Uni&Zaw)
Part 5 (Uni&Zaw)
Part 6(Uni&Zaw)
Part 8 (Uni&Zaw)
Part 9 (Uni&Zaw)
Part 10 (Uni&Zaw)
Part 11 (Uni&Zaw)
Part 12(Uni&Zaw)
α€…α€»α€±α€Έα€—α€”α€Ία€Έα€α€„α€Ία€Έα€α€»α€„α€Ία€œα€­α€―α€·α€•α€«α€›α€Ύα€„α€Ία€·
Part 13 (Uni&Zaw)
Part 14 (Uni&Zaw)
α€…α€»α€±α€Έα€—α€”α€Ία€ΈπŸ˜πŸ˜πŸ˜
Part 15(Uni&Zaw)
Part 16 (Uni&Zaw)
Part 17 (Uni&Zaw)
Part 18 (Uni&Zaw)
Part 19(Uni&Zaw)
Part 20(Uni&Zaw)
Part 21(Uni&Zaw)
Part 22 (Uni&Zaw)
Part 23 (Uni&Zaw)
Part 24(Unii&Zaw)
Part 25(Uni&Zaw)
Part 26 (Uni&Zaw)
Part 27(Uni&Zaw)
Part 28(Uni&Zaw)
Part 29 (Uni&Zaw)
Part 30 (Uni & Zaw)

Part 7(Uni&Zaw)

4.7K 383 4
By user24694613

Part 7 (Unicode)

ရှောင်းကျန့်သည် သူ့ရှေ့ကဝမ်လေးတစ်ယောက်တည်းအိပ်ရမှာစိုး၍သူ့ကိုချွဲနေပုံလေးကအသည်းယားဖွယ်ကောင်းလှသည် သူကဝမ်လေးမနေရဲဘူးဆိုကတည်းကအတူအိပ်ပေးဖို့ဆုံးဖြတ်ထားပြီဖြစ်သည် ခုလိုဝမ်လေးချွဲတော့သူ့ဘယ်ဘတ်ခြမ်းထဲကဒုတ်ဆိုတဲ့အသံလေးမည်သွားသည်ကိုတော့တစ်ချက်သတိထားမိလိုက်သည်

''ဟုတ်ပါပြီ ဝမ်လေးရယ် ´´

''မအိပ်ရဲဘူးဆိုရင် ကောအတူအိပ်မှာပေါ့´´

''ဟုတ်ကဲ့ ကောကော ကျေးဇူးတင်ပါတယ်´´

''အိပ်ကြမယ်လေ ဝမ်လေးလဲပင်ပန်းနေရော့မယ် လာအိပ်ကြစို့´´

''ဟုတ်´´

ဝမ်လေးလဲရှောင်းကျန့်နှင့်အတူအိပ်ရန်ခုတင်ပေါ်တက်ပြီးရင်ခွင်ထဲတိုးဝင်လိုက်သည် အိမ်မှာလဲဖွားနဲ့အိပ်နေကြပဲဆိုပြီး

ရှောင်းကျန့်မှာဝမ်လေးကသူခုတင်ပေါ်တက်လှဲယုံပဲရှိသေးသူ့ရင်ခွင်ထဲတိုးဝင်လာသောကြောင့် ယောင်ပြီး လက်ကအော်တိုပွေ့ဖက်ပြီးသားဖြစ်နေမိသည်

''ဒါနဲ့လေကောကော နေ့လည်ကဆေးရုံမှာ ကောကောကဝမ်လေးကိုလေ  တခြားသူတွေနဲ့ မိတ်ဆက်ပေးတုန်းက ပြောတဲ့စကား ကိုဝမ်လေးနားမလည်လို့ရှင်းပြပေးပါ့လား´´

''သြော် ကောရဲ့သက်ဆိုင်သူ ချစ်သူပါ ဆိုတာကိုလား´´

''အင်း ဟုတ်တယ်´´

''အဲ့ဒါက ကောမှာက မိသားစု မရှိဘူးလေ အဲ့ဒါကြောင့်ဝမ်လေးကိုညီလေးလို့မိတ်ဆက်ပေးဖို့ကမဖြစ်နိုင်ဘူးလေ နောက်ပြီး ကောမှာရှိတဲ့သူငယ်ချင်းတွေနဲ့လဲ သူတို့နဲ့ကသိနေတာမို့ အဲ့လိုမိတ်ဆက်လိုက်တာ ဝမ်လေးစိတ်မဆိုးပါနဲ့နော် ကောအဲ့စကားရဲ့အဓိပ္ပာယ်ကိုရှင်းပြပြီးရင် ဝမ်လေး ကောကိုမျိုးမြင်ပြီး စိတ်တော့မဆိုးပါနဲ့ ကောပြောပြမယ်´´

''ဟုတ် ကောကော´´

''သက်ဆိုင်သူ နဲ့ ချစ်သူဆိုတာ ကောရဲ့အနာဂတ်မှာကောနဲ့အရာအာလုံးသက်ဆိုင်ပြီး ကောင်းကောင်းဆိုးဆိုး အေးတူပူသမျှတွေအတူရင်ဆိုင်မျှဝေပေးမယ့်သူ လို့ဆိုလိုတာ´´

''ပါးပါးနဲ့မားမား လိုမျိုးလား ကောကော´´

''အင်း ဟုတ်တယ် ဝမ်လေး´´

''ဟင် ပါးပါးနဲ့မားမားက ဟိုဟာလေ ဟို´´

ဝမ်လေးမှာဆက်မပြောရဲပဲတစ်နေလေသည် မိန်းမနဲ့ယောကျာ်း ပြီးတော့လင်မယား ဆိုတာကိုပြောချင်ပေမယ့် နှုတ်ကမရဲချေ တခြားကိုသွက်လက်စွာပြောရဲပေမယ့် ဒါတော့ ပြောမထွက်ပေ

ရှောင်းကျန့်လဲအစကမေးနေတုန်းကရင်ခွင်ထဲကနေခေါင်းလေးမော့မော့ပြီး မေးနေတာ အခုဒီစကားနားရောက်မှ ရင်ခွင်ထဲ ခေါင်းလေးထိုးငုံသွားပြီး နားရွက်ဖျားလေးတွေနီလာတဲ့ အလွန်ရှက်ပြီးချစ်စရာကောင်းနေတဲ့ဝမ်ပေါက်စလေးကို အသဲယားနေသည် ပိုက်ဆံနှင့်တခြားအရာများကိုမသိမမြင်ဖူးပေမယ့် သူ့ပါးပါးနဲ့မားမား တော်စပ်ပုံကိုတော့သူသိနားလည်ထားပုံပင်  ဒါလဲဝမ်လေးပြောပြောနေတဲ့အဖွားဆိုသူကရှင်းပြ၍ပြောပြထားပုံရသည် ရှောင်းကျန့်ဝမ်လေးဆက်မပြောရဲတဲ့စကားသူကပြန်ဆက်၍ပြောသည်

''ဟုတ်တယ်လေ ဝမ်လေးရဲ့ ´´

''ဝမ်လေးပါးပါးမားမားလိုတော်စပ်တာကို သက်ဆိုင်သူလို့ပြောတာ  ချစ်သူကတော့ တရားဝင်တော့လက်မထပ်ရသေးဘူး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်နေတဲ့သူ တွေကိုခေါ်တာ ´´

''ကော အဲ့လိုမိတ်ဆက်ပေးလိုက်လို့ ဝမ်လေးစိတ်ဆိုးသွားလားဟင်´´

''ရပါတယ် မဆိုးပါဘူး ကောကော ဝမ်လေးကိုစောစောကအခြေအနေကြိုရှင်းပြထားတာပဲကို ´´

''ဒါနဲ့သူတို့ကယုံကြပါ့မလား ကောကောနဲ့ဝမ်လေးက ယောကျာ်းလေးတွေလေ ပါးပါးနဲ့မားမားက ယောကျာ်းမိန်းမ မတူပဲနဲ့ ´´

''သူတို့ယုံကြမှာပါ အခုခေတ်မှာက Gender ခွဲခြားမှုသိပ်မရှိတော့ဘူးလေ ယောကျာ်းလေးချင်းဖြစ်ဖြစ် မိန်းကလေးချင်းဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ချစ်နေကြဖို့ပဲလိုတာလေ နောက်ပြီး  ကောကအဲ့လိုမျိုးနဲ့ပက်သက်ပြီးသူတို့ကိုစလဲမစနောက်ဖူးဘူး
အတည်တကျမိတ်ဆက်ပေးတာလဲဝမ်လေးကပထမဆုံးပဲ ဒါကြောင့်သူတို့ယုံကြည်ကြမယ်လိုကောထင်တယ်´´

''ဟုတ် ကောကောအဆင်ပြေရင်ပြီးတာပါပဲ ကောကောအလုပ်မှာအဆင်မပြေဖြစ်သွားမှာ ဝမ်လေးကစိုးလို့ပါ´´

''မစိုးရိမ်ပါနဲ့ ကောအတွက်နဲ့ဘာမှမပူနဲ့နော်´´

''ဝမ်လေးသာကောဆီမှာပျော်အောင်နေ´´

''ဟုတ်ကောကော´´

''စကားကောင်းမနေနဲ့ကောမနက်ကျဂျူတီရှိသေးတယ် ဝမ်လေးလဲအိပ်တော့ နောက်မသိတာတွေကိုကောနေယက်နေ့တွေကျမှတဖြည်းဖြည်းချင်းရှင်းပြပေးမယ်´´

''ဟုတ်ကောကော ဒါဆိုဝမ်လေးအိပ်တော့မယ် သီချင်းဆိုသိပ်ပါ´´

''ဟင် သီချင်းပါဆိုသိပ်ရမှာလား ကောကအသံလဲသိပ်မကောင်း သီချင်းလဲအရမ်းမရဘူးနော် ´´

''ရတယ် ကောအဆင်ပြေသလိုသာဆိုပေး တစ်ယောက်တည်းမဟုတ်ဘူးဘေးမှာလူရှိတယ်ဆိုမြန်မြန်အိပ်ပျော်အောင်လို့ သီချင်းညည်းယုံနဲ့ရတယ်´´

''Ok Ok´´

''ကောရတဲ့သီချင်းညည်းပေးမယ်ဝမ်လေးအိပ်တော့´´

ရှောင်းကျန့်လဲသူရတဲ့သီချင်းတစ်ပုဒ်ကိုသာဖြည်းဖြည်းလေးညည်းပေးလိုက်သည် အတော်မလွယ်တဲ့ဝမ်လေးအတူအိပ်ပေးရယုံတင်မက ရင်ခွင်ထဲဝင်သီချင်းပါဆိုညည်းပေးရသည်  ဒါပေမယ့်ရှောင်းကျန့်စိတ်ပျက်ခြင်းအလျင်းမရှိ သူ့မှာခါတိုင်းတစ်ယောက်တည်းအထီးကျန်စွာအိပ်စက်ရတယ် အခုသူ့ရင်ခွင်ထဲမှာအလွန်ချစ်စရာကောင်းတဲ့လူတစ်ယောက်ယောက်ရောက်နေတာသူ့အတွက်တော့အိမ်မက်တစ်ခုလိုပင်  သူ့ရင်ခွင်ထဲကဝမ်လေးမျက်နှာကိုငုံကြည့်ပြီး သူ့ရင်ထဲမှာ အေးတစ်လှည့်နွေးတလှည့်ဖြင့် ခံစားချက်ပေါင်းစုံခံစားနေရသည်

Part 7 (Zawgyi)


''ဟုတ်ပါပြီ ဝမ်လေးရယ် ´´




''ဟုတ်´´





''အင်း ဟုတ်တယ်´´


''ဟုတ် ကောကော´´



''အင်း ဟုတ်တယ် ဝမ်လေး´´




''ဟုတ်တယ်လေ ဝမ်လေးရဲ့ ´´









''ဟုတ်ကောကော´´





''Ok Ok´´



Continue Reading

You'll Also Like

66.5K 9K 35
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...
169K 12.1K 49
αžαŸ’αžšαžΌαžœαž…αžΆαŸ†αž‘αž»αž€αžαžΆαž‚αžΈαž˜αžαŸαž αŸ’αž™αž»αž„αž‚αžΊαž‡αžΆαžšαž”αžŸαŸ‹αžαŸ’αž‰αž»αŸ†αžαŸ‚αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹αž”αžΎαž’αŸ’αž“αž€αž αŸŠαžΆαž“αž”αŸ‰αŸ‡αž‚αŸαž”αŸ’αžšαŸ€αž”αžŠαžΌαž…αž’αŸ’αž“αž€αž αŸŠαžΆαž“αž”αŸ’αžšαž‘αŸ‚αž„αž“αž·αž„αž—αŸ’αž›αžΎαž„αž’αž‰αŸ’αž…αžΉαž„αž αžΎαž™αž—αŸ’αž›αžΎαž„αžŠαžΌαž…αž‡αžΆαžαŸ’αž‰αž»αŸ†αž€αŸαž“αž·αž„αžŠαž»αžαž€αž˜αŸ’αž›αŸ„αž…αž’αŸ’αž“αž€αžαŸ‚αž˜αŸ’αžŠαž„ αž”αžΎαž‡αžΏαž”αŸ‰αŸ‡αž–...
305K 52K 64
ࢩේ ΰΆ…ΰΆΈΰ·ŠΰΆΈΰ·”.... ࢱා ΰΆ‹ΰΆ±ΰ·ŠΰΆ±ΰ·™ΰΆΊΰ·’ ΰΆšΰ·ΰΆ―ΰ·’ΰΆ½ΰ·’ΰΆšΰ·ŠΰΆšΰ·’ΰΆ»ΰ·šΰΆ±ΰ·Š ❀ (ΰΆ΄ΰΆ»ΰ·’ΰΆ±ΰΆ­ ΰΆ…ΰΆ±ΰ·ŠΰΆ­ΰΆ»ΰ·ŠΰΆœΰΆ­ΰΆΊΰΆšΰ·’...)
577K 75.2K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)