နဝမေကာင္းကင္ဘံုမွ ဇာမဏီ / နဝမ...

By MayKingMK119

36.9K 2.1K 97

Translator _ May King ဖုန္႕ယြီက်ဴတ္ထ်န္း More

ဇာတ္လမ္းအက်ဥ္း
အဓိက ဇာတ္ေကာင္မ်ား / အဓိက ဇာတ်ကောင်များ
Chapter (1) အိမ္ေရွ႕စံအျဖစ္ ကူးေျပာင္းျခင္း(zawgyi+Unicode)
Chapter (2) (zawgyi+Unicode)
Chapter (3-1) (zawgyi+Unicode)
Chapter (3-2)
Chapter (4) (Zawgyi+Unicode)
Chapter (5) - အစားခံရေတာ့မည့္ အိမ္ေရွ႕စံမင္းသားေလး (Zawgyi+Unicode)
Chapter (6) - ခ်စ္ျခင္းတစ္ခု အစျပဳခ်ိန္ (Zawgyi+Unicode)
Chapter (7) - ရင္ခုန္ဖြယ္ အနမ္းေလးတစ္ခု (Zawgyi+Unicode)

Chapter (3-3) (zawgyi+Unicode)

1.4K 170 4
By MayKingMK119

Chapter (3-3) (zawgyi+Unicode)


Rong Wangဟာ အခ်ိန္အနည္းငယ္အတြင္း Feng Ming အေပၚကေန ထလိုက္ေသာေၾကာင့္ Feng Ming ရဲ႕  ကိုယ္ႏွင့္လက္ေတြေပၚက ဖိအား အနည္းငယ္ေလ်ာ့သြားလို႔ Feng Mingက ႐ုန္းကန္ၿပီး ထြက္ေျပးဖို႔ လုပ္လိုက္သည္။ ဒါေပမယ့္ မင္းသားငယ္ရဲ႕လြတ္ေျမာက္မႈဟာ ခ်က္ခ်င္း Rong Wang လက္ထဲ ျပန္မိသြားသည္။ သူတို႔ႏွစ္ဦးက အခ်ိန္တိုအတြင္း ဆက္တိုက္ ႐ုန္းကန္တိုက္ခိုက္ေနၾကေပမယ့္  Feng ming ခမ်ာ သူ႔ကိုယ္သူေတာင္ ဘာမွျပင္ဆင္အားထုတ္ခ်ိန္ မရလိုက္ပဲ  Rong wang ရဲ႕ခုန္အုပ္မႈကိုခံလိုက္ရၿပီး ေအးစက္လွတဲ့ၾကမ္းျပင္မွာ ျပန္လည္လဲက်သြားရျပန္သည္။ Feng ming ရဲ႕ကိုယ္လုံး
ေလးဟာ Rong Wang ရဲ႕ႀကီးမားတဲ့ကိုယ္လုံးေအာက္မွာ ဖိထားခံလိုက္ရျပန္သည္။

ေဒါသေတြအျပည့္ေနသည့္ မ်က္ဝန္းတစ္စုံကို  Feng ming ျမင္လိုက္ရသည္။ Rong wang က အံႀကိတ္ၿပီး  ေျပာလိုက္သည္။ သူ၏ေအးစက္စက္သာ ေျပာတတ္သည့္ ႏူတ္ခမ္းေတြက အခုေတာ့ Feng Ming ရဲ႕ေက်းဇူးေၾကာင့္ ေသြးေတြနဲ႔ရဲလို႔ေနသည္။

"မင္း ငါ့ကိုကိုက္ရဲတယ္ေပါ့"

ဒီေန႔အျဖစ္အပ်က္ေတြက  Rong wang ေမွ်ာ္မွန္းထားသည္ေတြႏွင့္တျခားစီျဖစ္ေနၿပီး ပုံမွန္ဆိုလွ်င္ သူ႔ေအာက္မွာရွိတဲ့ မင္းသားငယ္က ေၾကာက္႐ြံ႕တုန္ယင္ေနၿပီး သူ႔ကို ငိုယိုေတာင္းပန္ေနရမွာျဖစ္သည္။ ခါတိုင္း မ်က္လုံးခ်င္းအၾကည့္ မဆိုင္ဝံ့သည့္ မင္းသားငယ္က အခုေတာ့ ေၾကာက္႐ြံ႕မႈကင္းမဲ့စြာႏွင့္ သူ႔ကို ေဒါသႏွင့္ စိုက္ၾကည့္လို႔ေနသည္။  

Feng Ming က သူ႔ထက္ အင္အားပိုႀကီးၿပီး ရန္လိုေနတဲ့
ီဒီေယာက်ၤားကို အေဝးကိုတြန္းထုတ္ကာ နာၾကည္းေဒါသအၾကည့္ေတြနဲ႔ Rong Wang ကိုၿခိမ္းေျခာက္လိုက္သည္။

"ခင္ဗ်ားကို သတိေပးေနတယ္ေနာ္။ ကြၽန္ေတာ့္ရဲ႕ ေျခလက္ေတြ မလႈပ္ႏိုင္တဲ့အျပင္ ကြၽန္ေတာ့္ရဲ႕ကိုယ္က ဒဏ္ရာေတြနဲ႔ အားနည္းေနလို႔ သက္သာသြားတယ္မွတ္။  ခင္ဗ်ား ကြၽန္ေတာ့္ကို တခုခုလုပ္မယ္ဆိုရင္ မနက္ျဖန္ ခင္ဗ်ားကို ကြၽန္ေတာ္ ....''

Feng Ming စကားမဆုံးခင္မွာပဲ သူ႔မ်က္လုံးေတြဝါးလာၿပီး အေမွာင္ထဲက်ဆင္းသြားၿပီး သတိေမ့သြားေတာ့သည္။

"ကြၽန္ေတာ္ေျပာလို႔မၿပီးေသးဘူး။ ေသစမ္း...ေကာင္းလိုက္တဲ့ အခ်ိန္ခရီးသြားျခင္းပဲ။ ဒီလို ေပ်ာ့ညံတဲ့ခႏၶာကိုယ္နဲ႔ သူမ်ားေစာ္ကားသမွ် ခံေနတာ အေတာ့္ကို အသုံးမက်တဲ့ မင္းသား။ ငါ့မွာ စကားကို ဆုံးေအာင္ေတာင္ေျပာခြင့္မရလိုက္ဘူး။ "

မေက်နပ္ခ်က္ေတြႏွင့္အတူ Feng Ming သတိလစ္သြားေတာ့သည္။ 


 ႏိုးထလာသည္ႏွင့္ သူ႔မ်က္လုံးေတြဖြင့္ဖြင့္ခ်င္းမွာပဲ ေရွးက်ၿပီး  တန္ဖိုးႀကီးတဲ့ အိပ္ယာထက္က မ်က္ႏွာက်က္ကို ျမင္လိုက္ရသည္။ သူ ဘာျဖစ္သြားသလဲဆိုတာ ျပန္ေတြးေနစဥ္ သတိရသြားသည္။

 ဒုကၡပဲ။ ဒီျပႆနာဆိုးႀကီးက အခုထိရွိေနတုန္းပဲ။ ေခ်ာေမာခန႔္ညားလြန္း တဲ့ Rong Wangရဲ႕မ်က္ႏွာႀကီးကို သူ႔ေရွ႕မွာ ျမင္လိုက္ရတာနဲ႔ သူက သာမန္ ဘုရင္ခံမဟုတ္ဘူးဆိုတာ သိလိုက္သည္။ ဘုရင္ခံက သူထင္ထားသလို အသက္ႀကီးႀကီး မ်က္ႏွာေဖာင္းအစ္အစ္နဲ႔ မဟုတ္ဘူးပဲ။ သူမွန္းခ်က္အရဆိုရင္ Rong Wangက အရင္ဘဝက သူနဲ႔ အသက္႐ြယ္တူျဖစ္လိမ့္မယ္။ ဒါေပမယ့္ သူက ဘာေတြစားၿပီးႀကီးလာလို႔ ဒီေလာက္အားေကာင္းေမာင္းသန္ျဖစ္ရတာလဲ။

ၿပီးေတာ့ သူ႔အိပ္ေဆာင္ထဲ ဒီလူ Rong Wang ရွိေန႐ုံနဲ႔ ေလထုတစ္ခုလုံး ေအးစက္ၿပီးလူတိုင္းက အသက္ရဲရဲေတာင္မရႈဝံ့သလိုပဲ။

ဒီလူက လူေတြကို အေၾကာက္တရားေတြနဲ႔ခိုက္ခိုက္တုန္ေအာင္ ထိတ္လန႔္ေစသည္။ ဒီလို အမူအရာမ်ိဳးနဲ႔ဆို တီဗီက လာတဲ့ ဇာတ္လမ္းတြဲေတြထဲက ဗီလိန္သ႐ုပ္ေဆာင္ လုပ္လို႔ရေနၿပီ။ သူက႐ုပ္ေခ်ာ႐ုံေလးပါပဲ။ အက်င့္က တကယ္ကို တန္လြန္းတယ္။

"ငါတို႔ရဲ႕အိမ္ေရွ႕မင္းသားကို ဘယ္သူက စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ရတာလဲ"

Rong Wang က Feng Ming ကို ေလွာင္ေျပာင္သေရာ္လိုက္သည္။ ဒီစကားေတြအရ သူက အိမ္ေရွ႕စံမင္းသားေလးကို ဘယ္ေလာက္ အထင္ေသးသလဲဆိုတာ ေဖာ္ျပေနသည္။

Feng Ming သူ႔ပတ္လည္ကို တစ္ခ်က္ၾကည့္မိေတာ့ အခန္းေထာင့္မွာ သူ႔အေႁခြအရံေတြက တိတ္ဆိတ္စြာ မတ္တပ္ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။ Chiu lian အပါအဝင္ ဘယ္သူကမွ သူတို႔ သခင္ ႏွိပ္စက္ခံေနရတာကို မကာကြယ္ေပးခ်င္ၾကဘူး။ ဒါဆို Rong wang က Xi Re ရဲ႕အတည္မျပဳရေသးတဲ့ ဘုရင္ခံတစ္ပါး ပဲေပါ့။ ဒီနန္းေတာ္ထဲမွာ အိမ္ေရွ႕မင္းသားေတာ္ ဘုရင္ရဲ႕ ကစားစရာ အ႐ုပ္ေလး တစ္႐ုပ္ျဖစ္ေနရတာလား။

အိမ္ေရွ႕မင္းသား ကိုယ္တိုင္  ျမစ္ထဲခုန္ခ်သြားသည္ထိ ဒီေကာင္ မေကာင္းဆိုးဝါးဘုရင္ခံက ဖိအားေပး ေႏွာက္ယွက္ခဲ့တာေပါ့။ ဒါေၾကာင့္လည္း  Feng Ming အသက္ရွင္ႏိုင္ဖို႔ ဒုတိယအခြင့္အေရး ရလိုက္တာျဖစ္သည္။


"ငါ မင္းကို ေမးေနတယ္ေလ"

သူက Feng Ming ရဲ႕ေမးေစ့ဟာ သူ႔ဘက္ဆြဲလွည့္ၿပီး အေစခံတစ္ေယာက္လို အမိန႔္ေပးလိုက္သည္။

Feng ming ဟာ ေဒါသထြက္ေနတဲ့မ်က္ႏွာကို ဖုံးကြယ္ျခင္းမျပဳပဲ ဘုရင္ခံနဲ႔ေဝးရာကို ေခါင္းကို တိမ္းလိုက္သည္။

"ေခ်ာင္ေခ်ာင္း လိုေကာင္.....''

"ေခ်ာင္ေခ်ာင္း ...ဟုတ္လား။ ေခ်ာင္ေခ်ာင္း ဆိုတာ ဘယ္သူလဲ''

ဒီသစၥာေဖာက္ဘုရင္ခံရဲ႕ အမူယာအရသုံးျပည္ေထာင္ အခ်စ္ဇာတ္လမ္းကို မဖတ္ဖူးဘူးဆိုတာသိသာသည္။

ေခ်ာင္ေခ်ာင္း ရဲ႕ အဓိပၸာယ္ကိုရွင္းျပလည္း သူကကို စိတ္အေႏွာင့္အယွက္ျဖစ္ေစမွာမဟုတ္လို႔ ပိုအေရးႀကီးတဲ့ကိစၥကို ေမးဖို႔စဥ္းစားလိုက္ၿပီး  ႐ုတ္တ႐ုတ္ Rong Wang ကို စူးစိုက္ၾကည့္ၿပီး ေမးလိုက္သည္။

"ကြၽန္ေတာ္ ခင္ဗ်ားကိုေမးစရာရွိတယ္။ မေန႔ညက...ခင္ဗ်ား
ကြၽန္ေတာ့္ကို တခုခုလုပ္ခဲ့ေသးလား''

".....''

".....''

အခန္းထဲက အေႁခြအရံအေစခံေတြနဲ႔. လူအားလုံး ဆြံ႕အသြားရျပန္သည္။ ဒီလိုအေၾကာင္းရာက  လူသိရွင္ၾကား မေျပာရဲတဲ့ ရွက္စရာစကားလုံး ေတြျဖစ္သည္။ အိမ္ေရွ႕မင္းသားက ခါတိုင္းလို ထိတ္လန႔္ေၾကာက္႐ြံျခင္း မရွိ၊ ငိုေႂကြးျခင္းမရွိပဲ  သူေျပာလိုက္တဲ့ စကားတိုင္းက စိတ္ဝင္စားဖို႔ေကာင္းေနသည္။

Rong wang က Feng ming ရဲ႕အမူအယာတိုင္းကို ျပဇာတ္တစ္ပုဒ္ကို ၾကည့္ေနရသလို ပ်င္းရိေလးကန္စြာၾကည့္ေနရင္း  Feng ming နားတိုးကပ္သြားၿပီး  Feng ming ရဲ႕ ေလသံကို တုပၿပီးေျပာလိုက္သည္။

"ဟား...ဟား....ဟား....ငါ မင္းကို လုပ္လိုက္လား.၊ မလုပ္လိုက္ဘူးလား ဆိုတာကို သိခ်င္တာလား...''

သူက လူယုတ္မာလိုၿပဳံးၿပီး အရသာခံေျပာလိုက္သည္။

"ခင္ဗ်ား အ႐ူး''

Feng ming က ႐ုတ္တရက္ ေဒါသႀကီးတဲ့ က်ားတစ္ေကာင္လို ျမန္ဆန္တဲ့ အရွိန္ႏႈန္းနဲ႔ သူ႔ေဘးနားက လူကို တိုက္ခိုက္လိုက္သည္။  သူ ၾကားဖူးခဲ့တဲ့အတိုင္း လွ်ပ္ျပက္သလို လ်င္ျမန္စြာနဲ႔  Rong Wang ရဲ႕မ်က္ႏွာေပၚကို လတ္ဆတ္တဲ့လက္သီးရာကို ျပဳလုပ္ေပးလိုက္သည္။

မာနႀကီးၿပီး ေမာက္မာတဲ့ လူရဲ႕ မ်က္ႏွာေပၚမွာ လတ္ဆတ္တဲ့ ဒဏ္ရာတစ္ခု ရသြားသည္။ ဒီလိုမ်ိဳး ျဖစ္သြားလိမ့္မယ္လို႔ ဘယ္သူမွ ေမွ်ာ့္လင့္မထားခဲ့ၾက။ အေႁခြအရံအားလုံး တုန္လႈပ္ေၾကာက္႐ြံသြားၾကကာ ဘာမွမေျပာႏိုင္ေအာင္ ျဖစ္သြားၾကသည္။

Rong Wang ဟာ လုံးဝအံ့ၾသသြားတုန္း သူ႔ရဲ႕မ်က္ႏွာေပၚမွာ  လက္သီးရာ ထင္သြားသလို နန္းေဆာင္တစ္ခုလုံးၿငိမ္က်သြားေတာ့ သည္။

အခန္းထဲက အေႁခြရံအားလုံး မ်က္ႏွာ ေဖ်ာ့ေတာ့ကုန္ကာ သူတို႔သခင္ေတြ သတိမျပဳမိခင္မွာပဲ တံခါးကိုပိတ္ကာ တိတ္တဆိတ္ ထြက္သြားၾကၿပီ ျဖစ္သည္။

လက္သီးခ်က္တစ္ခ်က္ေၾကာင့္ Rong wang ရဲ႕မ်က္ႏွာေပၚမွာ ဒဏ္ရာက ခန႔္ညားစြာေနရာယူထားေလၿပီ။ Feng ming က သူ႔ရဲ႕အျပဳအမူ လြန္သြားမွန္းသိလိုက္သည္။

သူက ငယ္ကတည္းက ေခါင္းမာေပမယ့္ ခုလို အျပဳမႈကို လုပ္ဖို႔ တခါမွ မစဥ္းစားခဲ့ဖူးဘူး။ အခုေတာ့ သူ႔ဂုဏ္သိကၡာထိ ထိခိုက္ေစာ္ကားလာလို႔ သူဖာသာ ကာကြယ္လိုက္မိတာျဖစ္သည္။ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ဒဏ္ရာေတြနဲ႔စိတ္ပိုင္းဆိုင္ရာ နာက်င္ရရင္ေတာင္ ဒီလို လုပ္ရပ္မ်ိဳး လုပ္မဲ့လူမ်ိဳး မဟုတ္ခဲ့ေပ။

ဒါေပမဲ့ ဒီဘက္ေခတ္မွာ သူ႔ၿပိဳင္ဘက္က ၾကမ္းတမ္းရက္စက္တဲ့ ဘုရင္ခံျဖစ္ေနသည္။ Rong wang ဟာ အေပၚကေန ခ်ဳပ္ကိုင္ကာ Feng Ming သူ႔ကိုလုပ္လိုက္တာကို ျပန္ျမင္ေယာင္ရင္း သူ႔ကို အရွက္ခြဲလိုက္တဲ့သူကို အံ့အားသင့္ကာ ေမးလိုက္သည္။

"မင္းက ငါ့ကို႐ိုက္တယ္"

"မင္း မေန႔က ငါ့ကို ကိုက္တယ္။ အဲဒါကို စာရင္းမရွင္းရေသးဘူး။ ဒီေန႔ မင္းက ငါ့ကို ထပ္႐ိုက္ရဲတယ္ေပါ့"

Rong wang က  မယုံၾကည္ေလာက္ေအာင္ ျဖစ္ကာ လက္ဖက္ရည္ခြက္ ကိုင္ထားတဲ့လက္ေတြက အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနသည္။ တကယ္ဆိုရင္ အိမ္ေရွ႕မင္းသားက လန႔္ေနရမည္ မဟုတ္လား။

Feng ming မေျဖရခင္မွာပဲ သူ႔ရဲ႕ေခါင္းကို ဘယ္ညာလႈပ္ရမ္းကာ အသည္းအသန္ေအာ္ေမးလိုက္သည္။

"ေတာ္ေတာ့။ ကြၽန္ေတာ့ကိုေျပာစမ္းပါ။ မေန႔က ခင္ဗ်ား ကြၽန္ေတာ့္ကို အဲဒါ့ လုပ္ခဲ့လား''

"ဒါ ပထမဆုံးအႀကိမ္မွ  မဟုတ္တာ။ မင္း ဘာ ဂ႐ုစိုက္ေနတာလဲ''

ဒါ မျဖစ္ႏိုင္ဘူး။

Feng Ming ရဲ႕မ်က္ဝန္းအိမ္ေတြ က်ဳံလာၿပီး အမွတ္မရွိေသးတဲ့ Rong Wang ဆိုတဲ့လူကို ေနာက္ထပ္ လက္သီးစာေကြၽးဖို႔ လက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။ အဲ့ဒီအခ်ိန္  Rong Wang က သူ႔ကို ေအးေအးသာသာၾကည့္ကာ ေျဖးေလးစြာေျပာ လိုက္သည္၊

"ဒါေပမဲ့ ငါက ငါးေသတစ္ေကာင္လို မလႈပ္မယွက္ျဖစ္ေနတဲ့သူကို လုပ္ရတာ မႀကိဳက္ဘူး။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဘယ္တုန္းကမွလဲ သတိေမ့ေနတဲ့လူကို စိတ္မဝင္စားဖူးဘူး''

Feng Ming စိတ္သက္သာရာရသြားလို႔ လက္သီးဆုပ္ကို ေျဖလိုက္ေပမယ့္ ခါးသီးစြာေျပာလိုက္သည္။

"ေကာင္းတယ္။ ခင္ဗ်ားက အသိတရားရွိရွိ ေ႐ြးခ်ယ္ခဲ့တာပဲ''

သူ႔ရဲ႕ စကားကို ေဒါသထြက္ျခင္းမရွိသည့္အျပင္ ထိုဘုရင္ခံက ရယ္ေမာေနခဲ့လို႔  အိမ္ေရွ႕မင္းသား အံအားသင့္သြားသည္။

"မင္းမွာ တျခားေမးစရာရွိေသးရင္ အခု ဘာလို႔အကုန္ မေမးတာလဲ''

သံသယျဖစ္စရာေကာင္းေအာင္ သူက သေဘာေကာင္းစြာေျပာလိုက္သည္။ ဒါေပမယ့္ Feng Ming သူ႔ကိုမယုံပါ။ သူ႔လိုလူက သေဘာေကာင္းေနဦးမည္။ သူ႔မွာေမးစရာ အမ်ားႀကီးရွိေပမယ့္ ေလာေလာဆည္ ေကာင္းေကာင္းလို လူရဲ႕ လက္ကလႊတ္ဖို႔ သူနဲ႔ ေဝးေဝးေနခ်င္တာပဲ သိသည္။ ဒါေၾကာင့္သူ႔ကို  အိမ္ေရွ႕မင္းသားတစ္ပါးရဲ႕ေလသံနဲ႔ အျမန္ဆုံးေမာင္းထုတ္လိုက္သည္။ 
ေဝးေလပိုေကာင္းေလျဖစ္လိမ့္မည္။

"ဘာမွေမးစရာမရွိဘူး။ ခင္ဗ်ား သြားလို႔ရၿပီ။''

Feng Ming သူ႔ကိုယ္သူ အရွင္မင္းသားတစ္ေယာက္လိုျပဳမူဖို႔ သတိထားလိုက္သည္။

ထြက္သြားရမယ့္အစား Rong Wang က စိမ္ေျပနေျပနဲ႔ အေလးအနက္ေျပာလိုက္ေလသည္။

"မင္း ေမးခြန္းေတြေမးၿပီးၿပီဆိုရင္ အခု ငါ ေမးရမဲ့အလွည့္ပဲ''

"ကြၽန္ေတာ့္ကိုေမးမယ္။ ခင္ဗ်ား  ဘာေမးစရာ ရွိမွာလဲ...''

"ပထမဦးဆုံးေမးခ်င္တာက  မင္း ဘယ္သူလဲ''

သူ႔ေလသံက ေျပာင္ေခ်ာ္ေခ်ာ္နဲ႔ အေလးအနက္မထားလို ျဖစ္ေနေပမယ့္ တကယ္ ေရခဲကဲ့သို႔ေအးစက္စြာျဖင့္ စိုက္ၾကည့္ကာ ေမးလာျခင္းျဖစ္သည္။

Feng Ming သူ႔အေမးေၾကာင့္  အံအားသင့္သြားရေလသည္။

=======================

Chapter (3-3) (zawgyi+Unicode)


Rong Wangဟာ အချိန်အနည်းငယ်အတွင်း Feng Ming အပေါ်ကနေ ထလိုက်သောကြောင့် Feng Ming ရဲ့  ကိုယ်နှင့်လက်တွေပေါ်က ဖိအား အနည်းငယ်လျော့သွားလို့ Feng Mingက ရုန်းကန်ပြီး ထွက်ပြေးဖို့ လုပ်လိုက်သည်။ ဒါပေမယ့် မင်းသားငယ်ရဲ့လွတ်မြောက်မှုဟာ ချက်ချင်း Rong Wang လက်ထဲ ပြန်မိသွားသည်။ သူတို့နှစ်ဦးက အချိန်တိုအတွင်း ဆက်တိုက် ရုန်းကန်တိုက်ခိုက်နေကြပေမယ့်  Feng ming ခမျာ သူ့ကိုယ်သူတောင် ဘာမှပြင်ဆင်အားထုတ်ချိန် မရလိုက်ပဲ  Rong wang ရဲ့ခုန်အုပ်မှုကိုခံလိုက်ရပြီး အေးစက်လှတဲ့ကြမ်းပြင်မှာ ပြန်လည်လဲကျသွားရပြန်သည်။ Feng ming ရဲ့ကိုယ်လုံး
လေးဟာ Rong Wang ရဲ့ကြီးမားတဲ့ကိုယ်လုံးအောက်မှာ ဖိထားခံလိုက်ရပြန်သည်။

ဒေါသတွေအပြည့်နေသည့် မျက်ဝန်းတစ်စုံကို  Feng ming မြင်လိုက်ရသည်။ Rong wang က အံကြိတ်ပြီး  ပြောလိုက်သည်။ သူ၏အေးစက်စက်သာ ပြောတတ်သည့် နူတ်ခမ်းတွေက အခုတော့ Feng Ming ရဲ့ကျေးဇူးကြောင့် သွေးတွေနဲ့ရဲလို့နေသည်။

"မင်း ငါ့ကိုကိုက်ရဲတယ်ပေါ့"

ဒီနေ့အဖြစ်အပျက်တွေက  Rong wang မျှော်မှန်းထားသည်တွေနှင့်တခြားစီဖြစ်နေပြီး ပုံမှန်ဆိုလျှင် သူ့အောက်မှာရှိတဲ့ မင်းသားငယ်က ကြောက်ရွံ့တုန်ယင်နေပြီး သူ့ကို ငိုယိုတောင်းပန်နေရမှာဖြစ်သည်။ ခါတိုင်း မျက်လုံးချင်းအကြည့် မဆိုင်ဝံ့သည့် မင်းသားငယ်က အခုတော့ ကြောက်ရွံ့မှုကင်းမဲ့စွာနှင့် သူ့ကို ဒေါသနှင့် စိုက်ကြည့်လို့နေသည်။  

Feng Ming က သူ့ထက် အင်အားပိုကြီးပြီး ရန်လိုနေတဲ့
ီဒီယောင်္ကျားကို အဝေးကိုတွန်းထုတ်ကာ နာကြည်းဒေါသအကြည့်တွေနဲ့ Rong Wang ကိုခြိမ်းခြောက်လိုက်သည်။

"ခင်ဗျားကို သတိပေးနေတယ်နော်။ ကျွန်တော့်ရဲ့ ခြေလက်တွေ မလှုပ်နိုင်တဲ့အပြင် ကျွန်တော့်ရဲ့ကိုယ်က ဒဏ်ရာတွေနဲ့ အားနည်းနေလို့ သက်သာသွားတယ်မှတ်။  ခင်ဗျား ကျွန်တော့်ကို တခုခုလုပ်မယ်ဆိုရင် မနက်ဖြန် ခင်ဗျားကို ကျွန်တော် ....''

Feng Ming စကားမဆုံးခင်မှာပဲ သူ့မျက်လုံးတွေဝါးလာပြီး အမှောင်ထဲကျဆင်းသွားပြီး သတိမေ့သွားတော့သည်။

"ကျွန်တော်ပြောလို့မပြီးသေးဘူး။ သေစမ်း...ကောင်းလိုက်တဲ့ အချိန်ခရီးသွားခြင်းပဲ။ ဒီလို ပျော့ညံတဲ့ခန္ဓာကိုယ်နဲ့ သူများစော်ကားသမျှ ခံနေတာ အတော့်ကို အသုံးမကျတဲ့ မင်းသား။ ငါ့မှာ စကားကို ဆုံးအောင်တောင်ပြောခွင့်မရလိုက်ဘူး။ "

မကျေနပ်ချက်တွေနှင့်အတူ Feng Ming သတိလစ်သွားတော့သည်။ 


 နိုးထလာသည်နှင့် သူ့မျက်လုံးတွေဖွင့်ဖွင့်ချင်းမှာပဲ ရှေးကျပြီး  တန်ဖိုးကြီးတဲ့ အိပ်ယာထက်က မျက်နှာကျက်ကို မြင်လိုက်ရသည်။ သူ ဘာဖြစ်သွားသလဲဆိုတာ ပြန်တွေးနေစဉ် သတိရသွားသည်။

 ဒုက္ခပဲ။ ဒီပြဿနာဆိုးကြီးက အခုထိရှိနေတုန်းပဲ။ ချောမောခန့်ညားလွန်း တဲ့ Rong Wangရဲ့မျက်နှာကြီးကို သူ့ရှေ့မှာ မြင်လိုက်ရတာနဲ့ သူက သာမန် ဘုရင်ခံမဟုတ်ဘူးဆိုတာ သိလိုက်သည်။ ဘုရင်ခံက သူထင်ထားသလို အသက်ကြီးကြီး မျက်နှာဖောင်းအစ်အစ်နဲ့ မဟုတ်ဘူးပဲ။ သူမှန်းချက်အရဆိုရင် Rong Wangက အရင်ဘဝက သူနဲ့ အသက်ရွယ်တူဖြစ်လိမ့်မယ်။ ဒါပေမယ့် သူက ဘာတွေစားပြီးကြီးလာလို့ ဒီလောက်အားကောင်းမောင်းသန်ဖြစ်ရတာလဲ။

ပြီးတော့ သူ့အိပ်ဆောင်ထဲ ဒီလူ Rong Wang ရှိနေရုံနဲ့ လေထုတစ်ခုလုံး အေးစက်ပြီးလူတိုင်းက အသက်ရဲရဲတောင်မရှုဝံ့သလိုပဲ။

ဒီလူက လူတွေကို အကြောက်တရားတွေနဲ့ခိုက်ခိုက်တုန်အောင် ထိတ်လန့်စေသည်။ ဒီလို အမူအရာမျိုးနဲ့ဆို တီဗီက လာတဲ့ ဇာတ်လမ်းတွဲတွေထဲက ဗီလိန်သရုပ်ဆောင် လုပ်လို့ရနေပြီ။ သူကရုပ်ချောရုံလေးပါပဲ။ အကျင့်က တကယ်ကို တန်လွန်းတယ်။

"ငါတို့ရဲ့အိမ်ရှေ့မင်းသားကို ဘယ်သူက စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရတာလဲ"

Rong Wang က Feng Ming ကို လှောင်ပြောင်သရော်လိုက်သည်။ ဒီစကားတွေအရ သူက အိမ်ရှေ့စံမင်းသားလေးကို ဘယ်လောက် အထင်သေးသလဲဆိုတာ ဖော်ပြနေသည်။

Feng Ming သူ့ပတ်လည်ကို တစ်ချက်ကြည့်မိတော့ အခန်းထောင့်မှာ သူ့အခြွေအရံတွေက တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ Chiu lian အပါအဝင် ဘယ်သူကမှ သူတို့ သခင် နှိပ်စက်ခံနေရတာကို မကာကွယ်ပေးချင်ကြဘူး။ ဒါဆို Rong wang က Xi Re ရဲ့အတည်မပြုရသေးတဲ့ ဘုရင်ခံတစ်ပါး ပဲပေါ့။ ဒီနန်းတော်ထဲမှာ အိမ်ရှေ့မင်းသားတော် ဘုရင်ရဲ့ ကစားစရာ အရုပ်လေး တစ်ရုပ်ဖြစ်နေရတာလား။

အိမ်ရှေ့မင်းသား ကိုယ်တိုင်  မြစ်ထဲခုန်ချသွားသည်ထိ ဒီကောင် မကောင်းဆိုးဝါးဘုရင်ခံက ဖိအားပေး နှောက်ယှက်ခဲ့တာပေါ့။ ဒါကြောင့်လည်း  Feng Ming အသက်ရှင်နိုင်ဖို့ ဒုတိယအခွင့်အရေး ရလိုက်တာဖြစ်သည်။


"ငါ မင်းကို မေးနေတယ်လေ"

သူက Feng Ming ရဲ့မေးစေ့ဟာ သူ့ဘက်ဆွဲလှည့်ပြီး အစေခံတစ်ယောက်လို အမိန့်ပေးလိုက်သည်။

Feng ming ဟာ ဒေါသထွက်နေတဲ့မျက်နှာကို ဖုံးကွယ်ခြင်းမပြုပဲ ဘုရင်ခံနဲ့ဝေးရာကို ခေါင်းကို တိမ်းလိုက်သည်။

"ချောင်ချောင်း လိုကောင်.....''

"ချောင်ချောင်း ...ဟုတ်လား။ ချောင်ချောင်း ဆိုတာ ဘယ်သူလဲ''

ဒီသစ္စာဖောက်ဘုရင်ခံရဲ့ အမူယာအရသုံးပြည်ထောင် အချစ်ဇာတ်လမ်းကို မဖတ်ဖူးဘူးဆိုတာသိသာသည်။

ချောင်ချောင်း ရဲ့ အဓိပ္ပာယ်ကိုရှင်းပြလည်း သူကကို စိတ်အနှောင့်အယှက်ဖြစ်စေမှာမဟုတ်လို့ ပိုအရေးကြီးတဲ့ကိစ္စကို မေးဖို့စဉ်းစားလိုက်ပြီး  ရုတ်တရုတ် Rong Wang ကို စူးစိုက်ကြည့်ပြီး မေးလိုက်သည်။

"ကျွန်တော် ခင်ဗျားကိုမေးစရာရှိတယ်။ မနေ့ညက...ခင်ဗျား
ကျွန်တော့်ကို တခုခုလုပ်ခဲ့သေးလား''

".....''

".....''

အခန်းထဲက အခြွေအရံအစေခံတွေနဲ့. လူအားလုံး ဆွံ့အသွားရပြန်သည်။ ဒီလိုအကြောင်းရာက  လူသိရှင်ကြား မပြောရဲတဲ့ ရှက်စရာစကားလုံး တွေဖြစ်သည်။ အိမ်ရှေ့မင်းသားက ခါတိုင်းလို ထိတ်လန့်ကြောက်ရွံခြင်း မရှိ၊ ငိုကြွေးခြင်းမရှိပဲ  သူပြောလိုက်တဲ့ စကားတိုင်းက စိတ်ဝင်စားဖို့ကောင်းနေသည်။

Rong wang က Feng ming ရဲ့အမူအယာတိုင်းကို ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလို ပျင်းရိလေးကန်စွာကြည့်နေရင်း  Feng ming နားတိုးကပ်သွားပြီး  Feng ming ရဲ့ လေသံကို တုပပြီးပြောလိုက်သည်။

"ဟား...ဟား....ဟား....ငါ မင်းကို လုပ်လိုက်လား.၊ မလုပ်လိုက်ဘူးလား ဆိုတာကို သိချင်တာလား...''

သူက လူယုတ်မာလိုပြုံးပြီး အရသာခံပြောလိုက်သည်။

"ခင်ဗျား အရူး''

Feng ming က ရုတ်တရက် ဒေါသကြီးတဲ့ ကျားတစ်ကောင်လို မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ သူ့ဘေးနားက လူကို တိုက်ခိုက်လိုက်သည်။  သူ ကြားဖူးခဲ့တဲ့အတိုင်း လျှပ်ပြက်သလို လျင်မြန်စွာနဲ့  Rong Wang ရဲ့မျက်နှာပေါ်ကို လတ်ဆတ်တဲ့လက်သီးရာကို ပြုလုပ်ပေးလိုက်သည်။

မာနကြီးပြီး မောက်မာတဲ့ လူရဲ့ မျက်နှာပေါ်မှာ လတ်ဆတ်တဲ့ ဒဏ်ရာတစ်ခု ရသွားသည်။ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ မျှော့်လင့်မထားခဲ့ကြ။ အခြွေအရံအားလုံး တုန်လှုပ်ကြောက်ရွံသွားကြကာ ဘာမှမပြောနိုင်အောင် ဖြစ်သွားကြသည်။

Rong Wang ဟာ လုံးဝအံ့သြသွားတုန်း သူ့ရဲ့မျက်နှာပေါ်မှာ  လက်သီးရာ ထင်သွားသလို နန်းဆောင်တစ်ခုလုံးငြိမ်ကျသွားတော့ သည်။

အခန်းထဲက အခြွေရံအားလုံး မျက်နှာ ဖျော့တော့ကုန်ကာ သူတို့သခင်တွေ သတိမပြုမိခင်မှာပဲ တံခါးကိုပိတ်ကာ တိတ်တဆိတ် ထွက်သွားကြပြီ ဖြစ်သည်။

လက်သီးချက်တစ်ချက်ကြောင့် Rong wang ရဲ့မျက်နှာပေါ်မှာ ဒဏ်ရာက ခန့်ညားစွာနေရာယူထားလေပြီ။ Feng ming က သူ့ရဲ့အပြုအမူ လွန်သွားမှန်းသိလိုက်သည်။

သူက ငယ်ကတည်းက ခေါင်းမာပေမယ့် ခုလို အပြုမှုကို လုပ်ဖို့ တခါမှ မစဉ်းစားခဲ့ဖူးဘူး။ အခုတော့ သူ့ဂုဏ်သိက္ခာထိ ထိခိုက်စော်ကားလာလို့ သူဖာသာ ကာကွယ်လိုက်မိတာဖြစ်သည်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့စိတ်ပိုင်းဆိုင်ရာ နာကျင်ရရင်တောင် ဒီလို လုပ်ရပ်မျိုး လုပ်မဲ့လူမျိုး မဟုတ်ခဲ့ပေ။

ဒါပေမဲ့ ဒီဘက်ခေတ်မှာ သူ့ပြိုင်ဘက်က ကြမ်းတမ်းရက်စက်တဲ့ ဘုရင်ခံဖြစ်နေသည်။ Rong wang ဟာ အပေါ်ကနေ ချုပ်ကိုင်ကာ Feng Ming သူ့ကိုလုပ်လိုက်တာကို ပြန်မြင်ယောင်ရင်း သူ့ကို အရှက်ခွဲလိုက်တဲ့သူကို အံ့အားသင့်ကာ မေးလိုက်သည်။

"မင်းက ငါ့ကိုရိုက်တယ်"

"မင်း မနေ့က ငါ့ကို ကိုက်တယ်။ အဲဒါကို စာရင်းမရှင်းရသေးဘူး။ ဒီနေ့ မင်းက ငါ့ကို ထပ်ရိုက်ရဲတယ်ပေါ့"

Rong wang က  မယုံကြည်လောက်အောင် ဖြစ်ကာ လက်ဖက်ရည်ခွက် ကိုင်ထားတဲ့လက်တွေက အလွဲလွဲအချော်ချော်ဖြစ်နေသည်။ တကယ်ဆိုရင် အိမ်ရှေ့မင်းသားက လန့်နေရမည် မဟုတ်လား။

Feng ming မဖြေရခင်မှာပဲ သူ့ရဲ့ခေါင်းကို ဘယ်ညာလှုပ်ရမ်းကာ အသည်းအသန်အော်မေးလိုက်သည်။

"တော်တော့။ ကျွန်တော့ကိုပြောစမ်းပါ။ မနေ့က ခင်ဗျား ကျွန်တော့်ကို အဲဒါ့ လုပ်ခဲ့လား''

"ဒါ ပထမဆုံးအကြိမ်မှ  မဟုတ်တာ။ မင်း ဘာ ဂရုစိုက်နေတာလဲ''

ဒါ မဖြစ်နိုင်ဘူး။

Feng Ming ရဲ့မျက်ဝန်းအိမ်တွေ ကျုံလာပြီး အမှတ်မရှိသေးတဲ့ Rong Wang ဆိုတဲ့လူကို နောက်ထပ် လက်သီးစာကျွေးဖို့ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အဲ့ဒီအချိန်  Rong Wang က သူ့ကို အေးအေးသာသာကြည့်ကာ ဖြေးလေးစွာပြော လိုက်သည်၊

"ဒါပေမဲ့ ငါက ငါးသေတစ်ကောင်လို မလှုပ်မယှက်ဖြစ်နေတဲ့သူကို လုပ်ရတာ မကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်တုန်းကမှလဲ သတိမေ့နေတဲ့လူကို စိတ်မဝင်စားဖူးဘူး''

Feng Ming စိတ်သက်သာရာရသွားလို့ လက်သီးဆုပ်ကို ဖြေလိုက်ပေမယ့် ခါးသီးစွာပြောလိုက်သည်။

"ကောင်းတယ်။ ခင်ဗျားက အသိတရားရှိရှိ ရွေးချယ်ခဲ့တာပဲ''

သူ့ရဲ့ စကားကို ဒေါသထွက်ခြင်းမရှိသည့်အပြင် ထိုဘုရင်ခံက ရယ်မောနေခဲ့လို့  အိမ်ရှေ့မင်းသား အံအားသင့်သွားသည်။

"မင်းမှာ တခြားမေးစရာရှိသေးရင် အခု ဘာလို့အကုန် မမေးတာလဲ''

သံသယဖြစ်စရာကောင်းအောင် သူက သဘောကောင်းစွာပြောလိုက်သည်။ ဒါပေမယ့် Feng Ming သူ့ကိုမယုံပါ။ သူ့လိုလူက သဘောကောင်းနေဦးမည်။ သူ့မှာမေးစရာ အများကြီးရှိပေမယ့် လောလောဆည် ကောင်းကောင်းလို လူရဲ့ လက်ကလွှတ်ဖို့ သူနဲ့ ဝေးဝေးနေချင်တာပဲ သိသည်။ ဒါကြောင့်သူ့ကို  အိမ်ရှေ့မင်းသားတစ်ပါးရဲ့လေသံနဲ့ အမြန်ဆုံးမောင်းထုတ်လိုက်သည်။ 
ဝေးလေပိုကောင်းလေဖြစ်လိမ့်မည်။

"ဘာမှမေးစရာမရှိဘူး။ ခင်ဗျား သွားလို့ရပြီ။''

Feng Ming သူ့ကိုယ်သူ အရှင်မင်းသားတစ်ယောက်လိုပြုမူဖို့ သတိထားလိုက်သည်။

ထွက်သွားရမယ့်အစား Rong Wang က စိမ်ပြေနပြေနဲ့ အလေးအနက်ပြောလိုက်လေသည်။

"မင်း မေးခွန်းတွေမေးပြီးပြီဆိုရင် အခု ငါ မေးရမဲ့အလှည့်ပဲ''

"ကျွန်တော့်ကိုမေးမယ်။ ခင်ဗျား  ဘာမေးစရာ ရှိမှာလဲ...''

"ပထမဦးဆုံးမေးချင်တာက  မင်း ဘယ်သူလဲ''

သူ့လေသံက ပြောင်ချော်ချော်နဲ့ အလေးအနက်မထားလို ဖြစ်နေပေမယ့် တကယ် ရေခဲကဲ့သို့အေးစက်စွာဖြင့် စိုက်ကြည့်ကာ မေးလာခြင်းဖြစ်သည်။

Feng Ming သူ့အမေးကြောင့်  အံအားသင့်သွားရလေသည်။

=======================

Continue Reading

You'll Also Like

1.9M 337K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
125K 12.4K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
142K 16.7K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...