ပိုင်ဆိုင်ခွင့်လေး (Unicode)

By Ph4549

136K 4.7K 19

ကြယ်စင်နဲ့အလင်းရောင်က အချင်းချင်း သိရုံတင် သိခဲ့ကြတဲ့ သူတွေပါ.. မိဘချင်း ခင်မင်ရင်းနှီးကြလို့ပါ ကြယ်စင်က အလင... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23) Final

Part (11)

4.8K 194 0
By Ph4549

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 11 )

ကြယ်စင် အားရပါးရ စိတ်ရှိတိုင်း ငိုချပြီး...စိတ်ပူလေးကို အေးသွားအောင် ခေါင်းကစ ရွှဲစိုအောင် ရေချိူ းလိုက်သည်....။

ရေချိုးရင်း သူပြောသော စကားတွေက နားထဲမှာ သံယောင် လိုက်နေသေးသည်...။

"...မင်းလို မိန်းမ...မင်းလို မိန်းမ တဲ့လား..."

'...ကြယ်စင် က ဘယ်လိုမိန်းမ ဖြစ်နေလို့လဲ...'

ကြယ်စင် သူ့စကားတွေကို ထပ်မကြားနိုင်တော့ပါ...ထပ်လည်း မကြားဝံ့လိုပါ...

မျက်လုံး စုံမှိတ်ရင်း ရေပိုက်အောက်မှာ....ထိုင်နေမိသည်...ရေချိုးပြီးသည်နှင့် ညအိပ်ဝတ်စုံ လေးကို ဝတ်ကာ ရေမခြောက်သေးသော ဆံပင်စိုနှင့်
အောက်ထပ်သို့ ဆင်းလာလိုက်သည်....။

အောက်ထပ်ရောက်တော့ ရှေ့ကမြင်ကွင်းလေးကြောင့် ကြောင်ငေးငေးလေး ကြည့်မိလိုက်သည်...နှစ်ယောက်သား တီဗွီ ဖွင့်ရင်း အိပ်ပျော် နေလိုက်တာ...ပိုးလို့ပက်လက်တွေ ဖြင့်...။

ဘယ်နှနာရီတောင် ရှိနေပြီမို့လို့လဲ...

ကြယ်စင် တိုင်ကပ်နာရီ ကို ကြည့်မိတော့..
၉နာရီ တောင်ခွဲပြီးလို့...၁၀နာရီ တောင် ထိုးတော့မယ်....။

'...အမလေး....အချိန်တွေက ဒီလောက်တောင် ရှိနေပြီလား...ငါ ငိုနေတာ အရမ်းကြာသွားတယ် ထင်တယ်...ဟူး....'

မီးဖိုချောင် ဝင်လာတော့လည်း...ကြယ်စင် ဝယ်
လာတဲ့ ပစ္စည်း တွေက မသိမ်းမဆည်းရသေးဘဲဒီအတိုင်း...ဝယ်လာတဲ့ အတိုင်း ရှိနေတာနဲ့
ကြယ်စင် သိမ်းဆည်း ဖို့ စတင် လှုပ်ရှားရတော့သည်လေ....။

ဝယ်လာတဲ့ မုန့်ထုပ်တွေကို အပြင်မှာ ထားသင့် သည်ထား...ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တာ သိမ်း...။
ဟင်းချက် ပစ္စည်း တွေလည်း သူ့နေရာနှင့်သူ လိုက်ဖက်အောင် သိမ်းထားလိုက်သည်...။
ဝယ်လာတဲ့ ဖရဲသီး ကိုလည်း...ခွဲစိတ်ပြီး ဘူးလေးထဲ ထည့်ကာ ရေခဲသေတ္တာထဲ သိမ်းထားလိုက်၏...
ကန်စွန်းဥ တွေကိုလည်း ရေဖြင့် သေချာ ဆေး
ကြောပြီး ရေခဲသေတ္တာထဲ သိမ်းလိုက်သည်လေ...
ဝယ်လာတဲ့ ပန်းကန်တွေကို လည်း ပန်းကန်
တွေ သိမ်းဆည်းထားတဲ့ နေရာမှာပဲ မကွဲအောင် ဖြေးဖြေး လေး အသာ ထည့်ထားလိုက်သည်.
ခွက် လေးတွေကိုလည်း နေရာတကျ ထားရင်း
ဝယ်လာတဲ့ ခြင်းသေးသေးလေးတွေကိုလည်း
ဘာထည့်သိမ်းလို့ သိမ်းရမှန်းမသိသေးသည်နှင့်...ဒီအတိုင်း ကြောင်အိမ်ထဲ ထည့်ထားလိုက်၏

ထမင်းစားပွဲပေါ်မှာလည်း ကြယ်စင် အတွက်
ဟင်းချန်ထားပေးသည်ထင်သည်...စားထားတဲ့ ပန်းကန်တွေတော့ ဆေးကြောပြီး ရေစစ်ထားပေးသည်လေ...ညဉ့်လည်းနက်နေသည် စားချင်စိတ်လည်း မရှိသည်မို့ ပန်းကန်တွေကို သိမ်းဆည်း လိုက်သည်...မနက်ဆို ဟင်းတွေ ကောင်းပါဦးမည် မထင်တာနဲ့ တစ်ခါထဲ သွန်ပစ်လိုက်သည်..

မီးဖိုချောင် ထဲမှာ အကုန် သိမ်းဆည်း ပြီးစီးသွား
ပြီမို့...အိမ်ရှေ့မှာ အိပ်မောကျနေတဲ့ နှစ်ယောက် ကို အခန်းထဲ ပြန်အိပ်ဖို့ နှိုးရဦးမည်....။
မီးဖိုချောင် ကနေ သူတို့ ရှိတဲ့ ဧည့်ခန်း ကို
ကြယ်စင် ရောက်သွားပြီလေ...။

ဆိုဖာပေါ် မှာ နဖူးပေါ်လက်တင်၍ ခြေပစ် လက်ပစ် အိပ်ပျော်နေတဲ့ အလင်းရောင် ကို ကြယ်စင်
ငေးကြည့်မိသည်...သူနဲ့ နီးနေသည်ဟု ထင်နေပေမယ့်လည်း...သူ့ကို ပိုင်ဆိုင်နေရပြီဟု...
ထင်မိခဲ့သော်လည်း...တကယ်တမ်းတော့
ကြယ်စင် က သူနဲ့ အဝေးကြီးနေရာ မှာ သာ ရှိနေတာပါ...။
ကြယ်စင် တွေးရင်း ဝမ်းနည်းမိကာ ...မျက်ရည်ကျ မိသည်...။

ရောင်နဲ့ ပတ်သက်လာရင် ကြယ်စင် အရာရာ ရှုံးနိမ့်နေတတ်တာ...
ရောင်နဲ့ ပတ်သက်လာရင် ကြယ်စင် အားငယ်
သိမ်ငယ် တတ်နေမိတာ..
ရောင်...သိရဲ့လား...သိရော သိပါ့မလား....

တွေးနေတဲ့ အတွေးစ ကို ဖြတ်တောက်ပစ်ကာ...သူ့ကို လှုပ်နှိုးနေမိသည်...။

"...ရောင်...ရောင်...ရောင်...ရောင်..."

"...အင်း...အွန်း....အမ်း..."

ကြယ်စင် အလင်းရောင် ကို လှုပ်နှိုးနေပေမယ့်...ကိုယ်တော် က မနိုးဘဲ ဘေးနားက ကို ဖိုးခွား က နိုးပြီး ပြောစရာပင် မလို... သူ့အခန်းသူ
ဝင်သွားသည်...။
၁ယောက်တော့ နိုးပြီ...
ဒီ ၁ယောက်ပဲ...ဘာတွေ တွေးပြီး အိပ်နေလဲ မှ မသိတာ...သူ့ လှိုင်ပွင့်ဝေ နဲ့ အိပ်မက် ထဲမှာ
တွေ့နေလားမှ မသိတာ....။

ဟွန့်....

"...ရောင်...ရောင်...ရောင်..."

ထပ် ခေါ်နှိုးမှ ကိုယ်တော် က မျက်လုံး လေး ပွင့်တယ် ဆိုရုံသာ ပွင့်လာသည်...

"...ရောင်...ထ လေ...အခန်းထဲ သွားအိပ်လေ..."

ဒါကို သူက ခေါင်းလေးပဲ ငြိမ့်ပြီး ယိုးတိုးယိုင်တိုင်နဲ့ အပေါ်ထပ် သို့ တက်သွားသည်လေ....

"...အင်း...လည်း မပြော...
အမ်...လည်း မပြော...
အမြင်ကပ်ဖို့တော့ ကောင်းတာ...
ဒါပေမယ့် ကြယ်စင် ရောင့်ကို ချစ်နေသေးတယ်...ကြယ်စင် စိတ်ကို မချစ်ဖို့ ခိုင်းလည်း စကားနား
မထောင်ဘူး ..ရောင်ရယ်..."

ကြယ်စင် ကိုယ့်ကိုယ်ကို စကားပြောရင်း မီးတွေ
ပိတ်ကာ....အခန်းဆီ ဦးတည် သွားလိုက်သည်

.

မနက် မိုးလင်းသည်နှင့်...ကြယ်စင် လုပ်နေကြ
မနက်စာ စားသောက်ဖို့ အတွက် ပြင်ဆင်.
ဆွမ်းကပ် ဘုရားရှိခိုး ပြီး အလင်းရောင် ကို
ခေါ်နှိုးပေးရသည်...။

သူမဝတ်ပေမယ့် အဝတ်တွေကို ထုတ်ထားပေးသည်....ဒါလည်း ဝတ္တရား ၁ခုပါပဲလေ....။

အလင်းရောင် လည်း တာဝန်ဆိုတဲ့ တုတ်ကို...
ကြောက်ရသည်နှင့်...အပျင်းမဆွဲတော့ဘဲ
မြန်မြန် ထကာ အလုပ်သွားဖို့ ရေမိုးချိုး ပြင်ဆင်
ရတော့သည်...။

မနက်စာ စားပြီး လိုအပ်တာတွေ ယူကာ အလုပ်
ကိုယ်စီ နဲ့ သွားကြသည်....။

အိမ်မှာ နေခဲ့ရတဲ့ ကြယ်စင် လည်း သိမ်းစရာ ရှိ
တာ သိမ်း...လုပ်စရာ ရှိတာ သိမ်းကျုံး လုပ်...
လျှော်စရာ ရှိတာ လျှော်...အိမ်သန့်ရှင်းရေး လုပ်ရဖြင့် တောက်တောက် မနားမနေ လုပ်နေပေမယ့် သိပ် များများစားစား မလုပ်ရတော့...ထင်ထားတဲ့ အချိန်ထက် ပို စောပြီး , ပြီးနေသည်...။
လုပ်စရာ လည်း မရှိ...စကားပြောဖော်လည်း
မရှိ...သူငယ်ချင်း မိတ်ဆွေ ဆိုတာလည်း မရှိ
တော့ သူမ အတွက် ပျင်းခြောက်ခြောက် ဖြစ်နေသည်...။
အိမ်ကလည်း ခြောက်ကပ်ကပ်...။
ဟိုနား...ဒီနား လမ်းလျှောက်သွားဖို့ကလည်း...
ဘယ်ကို သွားလို့ သွားရမယ်မှန်းမသိ...။
ဒီနယ် တစ်ဝိုက်ကိုလည်း...မရင်းနှီးသေး...

ပျင်းလည်း ပျင်းလာသည်နှင့်...တီဗွီ ဖွင့်ကြည့်မိတော့...ကြယ်စင် ကြိုက်သည့် ကိုးရီးယား မင်းသား ဇာတ်ကား လွှင့်ပေးနေသည်နှင့်...ထိုင်ကြည့်လိုက်သည်...။
တနေ့တပိုင်းသာ လွှင့်ပေးတော့...၁ပိုင်း က ဘယ်လောက် မှ မကြာလိုက်...။
ပြီးသွားပြန်တော့...ကြယ်စင် လည်း ပျင်းလာပြန်သည်....။

"...ဟူး...ငါ အိမ်မှာဆိုရင်...မပျင်းလောက်ဘူး.."

အိမ် ဆိုမှ...အမေ နဲ့ အဖေ  ကို လွမ်းလာသည်
နှင့်...ဖုန်းဆက်လိုက်သည်...။

📱...📱...📱.........

"....ဟဲလို...မေ့..."

"...သမီး...ငါ့သမီးလေး နေကောင်းရဲ့လား...ဘယ်လို နေလဲ...နေလို့ထိုင်လို့မှ
အဆင်ပြေရဲ့လား...သား အလင်းရောင် ရော...သမီးကို ဂရုစိုက် ရဲ့လား...သားက သမီးကို ဂရုစိုက် မှာပါ....အိမ်ခွဲနေတော့
ငါ့သမီးလေး ပင်ပန်းနေမှာ...သမီး ပျော်နေရဲ့လား....အမေ က စိတ်ပူနေတာ...သမီး..
အသံလေးကတော့ ကြည်လင်နေပါတယ်...
သမီး အဆင်ပြေနေရင်...အမေ ပျော်ပါတယ်
...သမီးရယ်..."

"...မေရယ်...ဖြေးဖြေး ပြောပါ..."

"...အမေ ဝမ်းသာ သွားလို့ စိတ်မထိန်းနိုင်ဘဲ...ပြောမိတာပါ...သမီးရယ်.."

"...မေရယ်...သမီး နေကောင်းတယ်နော်...စိတ်ပူမနေပါနဲ့နော်...သမီး ဒီမှာ နေရထိုင်ရ တာလည်း အဆင်ပြေပါတယ်...သမီး မပင်ပန်းပါဘူး...လုပ်စရာ လည်း သိပ်မရှိဘူးလေ...သမီးကို ချည်း စိတ်ပူမနေပါနဲ့...အမေတို့ ကျန်းမာရေး
လည်း ဂရုစိုက်ဦး...အဖေရော နေကောင်းရဲ့လား...အလုပ်အဆင်မပြေလို့ မြန်မြန် ထ ပြန်သွားကြတဲ့ ကိစ္စ ရော...အဆင်ပြေ သွားပြီလား..."

"...ပြေပါတယ် သမီးရဲ့...သမီး အဖေ ပြန်ရောက်တာနဲ့ အားလုံး အဆင်ပြေအောင် ဖြေရှင်း လိုက်ပြီ...ဘာ ပြဿ      နာ မှ မရှိဘူး...အားလုံး အေး
ဆေးပါပဲ...."

"...ဟုတ်ကဲ့ပါ...အဆင်ပြေ ရင် ပြီးတာပါပဲ...ဆေးရော လင်မယား နှစ်ယောက်လုံး...သောက်ကြရဲ့လား...သမီး မရှိတိုင်း ဆေးသောက် တာ
မပေါ့ကြနဲ့နော်..."

"...ငါ့သမီးကလည်း အိမ်ရှင်မ ဖြစ်သွားပြီးမှ...ဆရာ လုပ်နေတာ...မေမေတို့ သိပါတယ်
ဆေးလည်း အချိန်မှန်မှန် သောက်ကြပါတယ်..."

"...ဟုတ်ကဲ့ပါ...သမီး က စိတ်ပူလို့ပါ..."

"....စိတ်ပူမနေပါနဲ့...သမီး သာ အဆင်ပြေ အောင် နေနော်...မယား တာဝန်လည်း မလစ်ဟင်းစေနဲ့...ကြားလား...သမီး..."

"...ဟုတ်ကဲ့ပါ...သမီး နေတတ်ပါတယ်...မေမေ
တို့သာ ကျန်းကျန်းမာမာ နေ...ကျန်းမာရေး ဂရုစိုက်...၁ခုခု ဆို သမီးဆီ ဖုန်းလှမ်းဆက်နော်...မေ..."

"...ဟင်းဟင်း...အင်းပါ...သား ရော...အလုပ်
သွားနေပြီလား..."

"...ဟုတ်...မေ...ရောင် က.. မနေ့ကတည်းက
အလုပ်ဆင်းနေပြီ..."

"...အေးပါကွယ်...တည့်တည့်ရှုရှု နေကြနော်...
မပြေလည်တာ ရှိရင်...စိတ်အေးအေးနဲ့ ဖြေရှင်းကြ..."

"...ဟုတ်...မေ..."

"...သမီး...အခု ဘာလုပ်နေလဲ..."

"...တီဗွီ ကြည့်နေတာ..."

"...အေးပါ...ဟုတ်ပါပြီ...လုပ်စရာ ရှိတာ လုပ်ဦးလေ...သမီး..."

"...ဟုတ်..."

"...ဂရုစိုက် နော်...သမီး...ဒါပဲနော်..."

"...ဟုတ်...မေ...တာ့တာ..."

"...အေးအေး..."

မေမေရယ်...သမီး က တော့ သူနဲ့ ပြေလည် ချင်တာပေါ့...ဒါပေမယ့် သူက သမီးကို...ဘယ်လို
မြင်ထားပြီး ဘယ်လို သတ်မှတ်နေလည်း...သမီး မသိတော့ဘူး....သူ...သူ တွေးနေတာက သမီးက သူ့ကို အပိုင်ကြံထားတာတဲ့လေ...
မဟုတ်ရပါဘူးလို့ ဘယ်လို ပြောပြော...သူက
မယုံဘူး...ဖြစ်နေတယ်...မေရယ်....။

.

အလင်းရောင်~~~
အလုပ်မဆင်းခင်...မြို့ထဲ က ဆိုက် ကို သွားစစ်ပါလို့ တာဝန် ကျလာတော့...သွားစစ်ရသည်...။

ဆိုက်လည်း ရောက်တော့ မြင်ကွင်း တစ်ခုကြောင့် စိတ်က ထောင်းကနဲ တို သွားရသည်...။

အသက် ၄၀ ကျော်...ကိုယ့်ဦးလေး အရွယ် ရှိတဲ့ သူက အလုပ်လုပ်နေရင်း ဖြင့် ခွက်ပုန်းချနေသည်လေ...သူများတွေ ကိုယ်စီ အလုပ် ခွဲကာ
တာဝန် ကျေအောင် လုပ်နေပေမယ့်....
သူကတော့...

သူ ခွက်ပုန်းချနေတာ...အသာထား...။
သူ မူးလွန်ပြီး.. ဆိုက်မှာ ၁ခုခု ဖြစ်တာနဲ့...နောက်မှာ လိုက်ရှင်းရမည့် ပြဿ      နာ တွေက ပုံခတ်နေတာ...
သူ့ဘက် ကိုယ့်ဘက်ရော ဘယ်သူ မှ အဆင်မပြေ....မပြောကောင်း မဆိုကောင်း...ဒဏ်ရာတွေ ခဲ့ရပါပြီတဲ့ အဲ့ထပ်ပိုဆိုးပြီး အသက် အန္တရယ် စိုးရိမ်ရင် ဘယ်နှယ့်လုပ်မလဲ...
ဆောက်လုပ်ရေး မှာ သတိထားရမည်ကို....
ကိုယ့်အလုပ်မှာ အလုပ်ကြိုးစားလို့...အလုပ်ကြောင့် ထိခိုက်မိရင် ကိုယ်...ပြဿ       နာကို လိုက်ရှင်းပေးရတာ...တန်ပါသည်...။
ဒါတော့ မဟုတ်...ဝင်မပြောလို့မရ....

"...ဒီမှာ ဗျ...သောက်ချင်ရင် အလုပ်ခွင် ပြီးမှ ပဲ
သောက်ပါလား...အခုလို သောက်နေ...."

"...ဘာဖြစ်လဲ...မင်းနဲ့ ဘာဆိုင်လဲ..."

ဟာ....

အစက. ဖြစ်နေတဲ့ ဒေါသ ကို တံတွေး နဲ့ မြိုချပြီး...အေးဆေး ပြောဖို့ လုပ်ပေမယ့် ပြန်ပြောတဲ့ စကားကြောင့် လူက ဒေါသဖြစ်စေသည်...။

"...ကျုပ်မှာ ပြောပိုင်ခွင့် ရှိလို့ပေါ့..တားပိုင်ခွင့်လည်း ရှိတယ်..."

"...မင်း က ဘာကောင်မလို့...ငါ့ကို မသောက်ဖို့ လာတားနေရတာလဲ...မင်းလို ကောင်ကရော...
ဘာတတ်လို့လဲ..."

"....တောက်...ကျုပ်က ဒီဆိုက်ကို တာဝန်ကျတဲ့...ဆောက်လုပ်ရေး အင်ဂျင်နီယာ...ခင်ဗျား ခွက်ပုန်းချပြီး ကျုပ်အလုပ်ကို ထိခိုက်အောင်...လုပ်နေတာတော့ ကျုပ် လက်ပိုက်ကြည့်မနေနိုင်ဘူး...အလုပ်ခွင် ဆိုတာ...မပြီးမချင်း အန္တရယ် တွေချည်း...ခင်ဗျား က ဘာဖြစ်ဖြစ် ဆိုပြီး သောက်နေပေမယ့် ခင်ဗျား အန္တရယ် ဖြစ်ခဲ့ရင် ကျုပ် က နောက်က လိုက်ရှင်းနေရမှာ...ကျုပ် အလုပ်ရှုပ်တယ်...တာဝန် လစ်ဟင်းနေတဲ့ ခင်ဗျား အတွက် နဲ့ ကျုပ် လိုက်ရှင်းပေးနေရအောင်...ကျုပ် အချိန် မပေးနိုင်ဘူး..."

"...ဟ...လူက ငယ်လေး ရှိသေး...မင်းက ရင့်လှချည်လား..."

"...ခင်ဗျား လုပ်ပုံ က ဟုတ်လား...ဒီ ဆိုက် ခေါင်းဆောင် ဘယ်သူလဲ...ဘယ်မှာလဲ..."

အလင်းရောင် ဒီ ပြဿ      နာ ကို အပြီး ရှင်းဖို့...ဆုံးဖြတ်လိုက် သည်....

လူအုပ်ကြားထဲက ထောင်ထောင်မောင်းမောင်း နဲ့ လူရွယ် တစ်ယောက် ထိုးထွက် ကာ  အလင်းရောင် ရှေ့ ရောက်လာသည်...။

"...ဒီ ကိစ္စ ကို ခင်ဗျား...ခွင့်ပြုထားတာလား..."

"...မ...မဟုတ်ပါဘူး..."

"...သေချာ ကြည့်ကြပ်မှ ပေါ့ဗျာ...အလုပ်ခွင်မှာ တစ်ခုခု ဖြစ်ရင်...ခင်ဗျား ခေါင်း ပေါ် အရင်ကျမှာ..."

"...ဟိတ်...မင်းက အော်လား...ငေါက်လား လုပ်ရအောင် မင်းက ဘာကောင် ဖြစ်နေလို့လဲ...ဘယ်တုန်းက ဆိုက်က ပြဿ      နာ တွေ ကို မင်း ရှင်းပေးဖူးလဲ....မနေ့တနေ့ကမှ ရောက်လာတဲ့ မဖြစ်စလောက် အင်ဂျင်နီယာ ကများ..."

"...ကို ခင်မောင်...."

"...ဘာ...ခင်ဗျား..."

"....ဟာ....ဟေ့....ဟေ"

အလင်းရောင် ထို အသက် ၄၀ ကျော် ၏ စကားကြောင့် ဒေါသ က ငယ်ထိပ် ဆောင့်တက်ကာ...သူ့အကျီ င်္ကော်လံစကို ဆွဲထားလိုက်မိသည်....
အရက်သမား က တော်တော် ရေချိန် ကိုက်နေပြီ ထင်ရသည်.... အကျီ င်္ကော်လံစကို ကိုင်နေတာတောင်မှ ခြေလှမ်း သိုင်းကွက် တွေကတော့
ပြနေသည်....။

"...ဆရာ...မလုပ်ပါနဲ့...ဒီလူ လည်း မူးနေတာမလား..."

ဘေးနားက ဖိုးခွား က အလင်းရောင် လက်ကို ကိုင်ကာ အခြေအနေ ထိန်းပေးဖို့ ကြိုးစားနေသည်...
တခြားအလုပ်သမားတွေလည်း ရှူ းရှူ းရှဲရှဲ ဖြစ်နေကြသည်...
အလင်းရောင် တော့ ဒေါသ မျက်ဝန်းက မပျောက်ပျယ်သေး....

"...မင်းကများ...ငါ့အကျီ င်္ကို ဆွဲထားသေးတာ...ဟမ်...ငါ...လုပ်လိုက်ရ သေလိမ့်ဦးမယ်...ထွီ..."

"....ငါကြာ..."

"...မ ...မလုပ်ပါနဲ့...."

အလင်းရောင် ဒေါသ အလျောက် ပျံဝဲလာတဲ့ လက်သီး ကို အလုပ်သမား ခေါင်းဆောင် က ဆွဲတားထားသည်....။

"...ကျွန်တော် ပြောထားပါ့မယ်...နောက် ဒီလို မဖြစ်စေရပါဘူး...သူကလည်း အခု မူးနေတာ မလား...စိတ်လျှော့ပါဗျာ...ကျွန်တော် ထိန်းပါ့မယ်..."

"....တောက်စ်...."

အလင်းရောင် စိတ်မနည်း လျှော့ထားရသည်...
ကိုယ်က ဒီနေ့မှ အလုပ်လာတယ်...ရန် ဖြစ်တယ် လို့ လူကြား မကောင်းသည်နှင့်...ကိုယ့် သိက္ခာ အတွက် သူ့ကို လွှတ်လိုက်သည်...။
ဒါတောင် သူက ခြေလှမ်း တွေ ယိုးတိုးယိုင်တိုင်ဖြင့် နောက်ရောက်သွားသည်...။

"...တစ်ခါထဲ ပြောထားမယ်...ဒီကလူ တွေကို..
အလုပ်ခွင်မှာ မသောက်ကြပါနဲ့...အလုပ်ပြီးရင်...ကျွန်တော့် ကို ဝယ်တိုက်ခိုင်းရင် ကျွန်တော် ဝယ်တိုက်မယ်...အလုပ်ခွင်မှာ တော့ အလုပ်ကိုပဲ ဦးစားပေးပါ...ကြိုးစားကြပေးပါ...ဒီလို မြင်ကွင်း ထပ်မမြင်စေနဲ့...ထပ်မြင်ခဲ့ရင် ကျွန်တော့် အမှား လို့ မပြောနဲ့..."

"...ဟုတ်ကဲ့...ကျွန်တော် သေချာ ကြီးကြပ်ပါ့မယ်..."

"...ကောင်းပြီ...ထပ်မမြင်ချင်ဘူး...ဒီနေ့ အလုပ်ခွင် လာတာ...စစ်ကြည့်မလို့ ဒီနေ့တော့ မစစ်တော့ဘူး...မနက်ဖြန် မှ ပြန်လာစစ်မယ်..."

အလင်းရောင် ထပ်မနေချင်တော့လို့ အမြန် ထွက်လာပြီး ကားထဲ ဝင်နေလိုက်သည်...။
နောက်မှ ကိုဖိုးခွား လည်း လိုက်လာပြီး ကားပေါ်တက်မှ အလင်းရောင် အရှိန်ဖြင့် မောင်းထွက်ခဲ့သည်...။

ကိုယ့်ထက် အကြီးကို ပြောဖူးတာ...ဒါ ပထမဆုံးပါ...ဗလိုင်းကြီး ပြောဆိုခံရတာလည်း...ပထမဆုံးပါ....ရှက်စိတ်ရော ဒေါသ ရော..
ရောထွေးကာ ပိုပြီး ဒေါသထွက်နေရသည်...။

ဂျိမ်း~~~~

အမလေး.....

ကြယ်စင် ဟင်းချက်နေရင်း...အိမ်ရှေ့မှ ကားတံခါးပိတ်သံ ကြောင့် လန့်သွားမိသည်...
ဇွန်းလေး ကိုင်ကာ...အ်ိမ်ရှေ့ကို ဘာများဖြစ်နေပါလိမ့်ဆိုပြီး အမြန် ပြေးသွားတော့....
မျက်နှာ နီတွတ်ကာ ဒေါသရိပ်တွေ ပြည့်နေတဲ့
ရောင့် ကို မြင်တော့ ပြေးလာကြည့်မိတဲ့...
ကြယ်စင့် ခြေလှမ်း တုံ့ခနဲ ရပ်တန့်သွားရသည်
ကြယ်စင် ကို သူမြင်တော့...နီရဲနေတဲ့ မျက်လုံး တွေဖြင့် ကြည့်ကာ အပေါ်တက်သွားသည်...အနောက်ကနေ ကိုဖိုးခွား ကို မြင်တော့မှ....

"...ကိုဖိုးခွား...ဘာဖြစ်လာတာလဲ..."

"...အလုပ်မှာ စကားအငြင်းပွားကြရုံပါ...ကြယ်စင် စိတ်ပူမနေပါနဲ့...ကျွန်တော် ကား မောင်းသင်ဖို့ သွားလိုက်ဦးမယ်..."

"...အော်...ဟုတ်...ဟုတ်ကဲ့..."

ကိုဖိုးခွား လည်း အိမ်က ထွက်သွား တော့...
ကြယ်စင် လန့်နေမိသည်...
ဒေါသ ပြည့်နေတဲ့ သူ့ကို ကြယ်စင်...ရင်မဆိုင်ရဲပါ...

#ပန်းခြယ်ရီ

......................................................

pann စာလုံးပေါင်း မစစ်မိဘူးနော်...
သည်းခံ ပြီး...ဖတ်ပေးကြပါနော်....😌

pann ဇာတ်ကောင် တွေကို ပိုပီပီပြင်ပြင်   ရေးဖို့ ကြိုးစား မယ်နော်...💪
အခုထိတော့ လိုအပ်နေသေးတာ...
သိပါတယ်....

အဆက်ဆက် မရှိမှာ ကိုလည်း...ကြောက်ရပါတယ်😔
pann ထပ် အများကြီး တော်ကြတဲ့...
စနီယာ တွေလို pann လည်း...စာရေးကောင်းဖို့ ကြိုးစားပါမည်...

မသေသပ်သေးတာလည်း...သိပါတယ်...
ခွင့်လွှတ်ပါနော်...
စိတ်ရှည်ပေးပါနော်....😁

ဖိုက်တင်း....pann Cherry ရေ...☺

Continue Reading

You'll Also Like

42.6K 2.2K 41
"နင်က ထောင်ချောက်မှန်းသိရက်နဲ့ ရုန်းမထွက်ခဲ့တာ ဘာ့ကြောင့်လို့ ထင်လဲ ဘုန်းရဲ" အိန္ဒြေသွယ်ရှင်း "အနားမှာနေဖို့ လိိုလိုလားလား တောင်းဆိုတဲ့ထိ သံယောဇဥ်တွယ...
46.8K 1.3K 6
ဇေထူးမြတ်နဲ့ ဥဒေါင်းပျိုတို့ နှစ်ဦးသား အိမ်နီးနားချင်းဖြစ်ပြီးနောက် မထင်မှတ်ထားဘဲ လက်ထပ်ခဲ့ရပြီး မတည့်အတူနေ လင်မယားနှစ်ယောက် ဘာဆက်ဖြစ်မယ်ဆိုတာ အားပေး...
74.1K 2.4K 74
ဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...
162K 3.3K 35
🥀🥀🥀အတိတ်ကကိစ္စ​တွေ​ကြောင့်​ဘ​ဝကိုတိတ်တိတ်​လေးဖြတ်သန်း​နေရတဲ့​"ကြာရိပ်ချို " ဟာသူ​ကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့​ "ထက်" ဆိုတဲ့ကောင်​လေးနဲ့ပြန်...