ပိုင်ဆိုင်ခွင့်လေး (Unicode)

By Ph4549

133K 4.7K 19

ကြယ်စင်နဲ့အလင်းရောင်က အချင်းချင်း သိရုံတင် သိခဲ့ကြတဲ့ သူတွေပါ.. မိဘချင်း ခင်မင်ရင်းနှီးကြလို့ပါ ကြယ်စင်က အလင... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (11)
Part (12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (18)
Part (19)
Part (20)
Part (21)
Part (22)
Part (23) Final

Part (10)

4.8K 201 0
By Ph4549

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 10 )

အလင်းရောင် ကားကို အရှိန်ပြင်းပြင်းနှင့် မောင်းနေမိသည်...။

သူမ ကို စျေးလိုက်ပို့ဖို့ ...ပြန်ရောက်နေတာ
၃နာရီ ကတည်းက...အိမ်ပြန်ရောက်တော့ ခြံ
တံခါး အိမ်တံခါး အကုန် သော့ခတ်ပိတ်ထားသည်လေ...တော်သေးသည်...သော့တွေကို ခွဲ ယူထားကြလို့...။

သူမ စျေးသွားသည် က ဘယ်လို သွားလဲ မသိပေမယ့်...သူမ ကို ထိုင်စောင့်နေဦးမယ် ဆ်ိုပြီး..
ထိုင်စောင့်နေတာ ကြာပြီ...။

၄နာရီ နှင့် ပြန်မလာ...၅နာရီ ထိုးလည်း ပြန်မလာ...။

အမေ တို့အိမ်များ ရောက်နေမလားဆိုပြီး ဖုန်းဆက် တီးခေါက်ကြည့်မိတော့....

အမေက

"...သားတို့ လင်မယား ဒီနေ့ ထူးဆန်းလှချည်လား...သားတို့ အိမ်လေး ရောက်တာဖြင့် 1ရက်တောင် မပြည့်သေးဘူး...ဖုန်းတွေ ဆက်ကြလို့ပါလား...ဘာလဲ သားတို့ အဆင်မပြေကြဘူးလား...ဟမ်...သား...မေမေ့ကို ပြောစမ်း..."

"....မဟုတ်ပါဘူးဗျာ...မေ ကလည်း...သားက ကိုယ့်အမေဆီ ကိုယ်ဆက်တာပဲ...ဘာလဲ မဆက်ရဘူးလား...ငြို ငြင်တာလား...မေက "

"အမလေး...ဟင်းဟင်း...အေးပါကွယ်...သားတို့ အဆင်ပြေ ရင် ပြီးတာပါပဲ..."

ကြယ်စင် များ .... ရှိနေမလား...သိချင်တာနဲ့

"...အမေ တစ်ယောက်ထဲလား..."

"...အေးလေ...သား အဖေမှ ပြန်မလာသေးတာ...အဲ့တော့ အမေ ၁ယောက်ထဲပေါ့..."

"...အော်...ဟုတ်.."

"...သားနဲ့ အတူတူ ပဲ မဟုတ်ဘူး လား...မေ့ကို လာမေးနေသေးတယ်.."

"...မဟုတ်ဘူး...မေ...သား ဒီနေ့ အစောပြန်လာလိုက်တာ...အဖေ့ကို ခွင့်ပြောပြီး...မနက်ဖြန် ကစ ပြီးမှ သား...လုပ်ပါ့မယ်လို့..."

"...အေးပါကွယ်...အလုပ်မှာ ကြိုးစားနော်..လက်အောက်က သူတွေ အရိုသေ မတန်စေနဲ့...ကြားလား...ပြီးတော့ အလုပ်ချည်း ဇွတ် အတင်းလုပ်မနေနဲ့ဦး...မေမေတို့ သားအတွက် ရှာ ထားတာ သား...အေးဆေးနေရပေမယ့် သား ကို တာဝန်တွေ မလစ်ဟင်းစေချင်ဘူး...သား ကို တန်ဖိုး မရှိတဲ့သူ မဖြစ်စေချင်ဘူး..."

"...ဟုတ်ကဲ့...သား သိပါတယ်...မေမေတို့ သဘောထားကို..."

"...အေးပါကွယ်...သား...သမီးလေးကိုလည်း ဂရုစိုက် ပေးပါဦးကွယ်...သူ့ခမျာ တနယ်တကျေး မှာ... သားနဲ့ လိုက်နေ နေရတာမလား...နေရာစိမ်း...ဒေသစိမ်းမှာ သူငယ်ချင်း မရှိ မိတ်ဆွေ မရှိ...သား ကြောင့်သာ ဒီကို လာနေရတာမလား...သား သမီးကို လည်း...အချိန်လေး ပေးဦး...နော်..."

"...ဟုတ်ကဲ့ပါ...မေမေ...အာ့ဆို ဒါပဲနော် ဖုန်းချလိုက်တော့မယ်..."

"...အေး..အေး...သား..."

ဟူး...မေ ကတော့ လုံးဝ သိနေပုံမရ...ကြယ်စင်
နဲ့ ပတ်သက်ပြီး...အိမ်မှာလည်း ရှိမနေဘူး...
ဘယ်ချိန်ကတည်းက ထွက်သွားတာလည်း မသိဘူး...ငါ ပြန်လာတဲ့အထိ စောင့်နေမယ် မရှိဘူး...ဘယ်အချိန်က ထွက်သွား သွား...ဒီချိန်ဆို သူ ပြန်လာသင့်နေပြီကို..ဘယ်ကို သွားနေတာလဲ ...ဘယ်ရောက်နေတာလဲ...ဖုန်းဆက်တော့ လည်း မကိုင်ဘူး...။

လူက စိတ်တွေ ဂနာမငြိမ် ဖြစ်နေပြီလေ...။
သူမ ဘယ်သွားလို့ ဘယ်သွား မှန်းလည်း မသိ...။
ဘယ်ကို လိုက်သွားလို့ လိုက်သွားရမှန်း မသိ...။
ဖုန်းဆက်မေးချင်ပေမယ့်လည်း ဖုန်းက မကိုင်...
ခု ထွက်ရှာရအောင်လည်း...ကြယ်စင် နဲ့ သူသာ လျှင် သော့တွေ...ဆောင် ထားကြသည်...။
ကိုဖိုးခွား ကိုလည်း သော့ မပေးထားရသေး...
ဖိုးခွား လည်း ပြန်မလာသေး...။

မိန်းမ ဖြစ်သူကလည်း ပြန်မရောက်သေး...
ဖုန်းဆက်လည်း...မရ...။
စိုးရိမ်မှတ်ကတော့ ရေဆူမှတ်ထပ် တောင် ကျော် လွန်နေပြီ...
ဖုန်းခေါ်တော့လည်း ဝင်နေတာကို မကိုင်တော့...ပို စိုးရိမ်ရသည်...။
လမ်းမှားသွားတာလား...
ဖမ်းခံနေရတာလား...
ဒုက္ခများ ရောက်နေပြီလား...
အတွေးနဲ့တင် လူက ပူထူနေပြီ...။

၆နာရီ မထိုးခင်လေးတော့ ကိုဖိုးခွား ရောက်လာသည်နှင့် အိမ်ကို အပ်ထားခဲ့ပြီး အိမ်ဘေးပတ်ဝန်းကျင် ကို ကားမောင်း လိုက်ရှာ တော့လည်း မတွေ့...။
အနီးနားရှိ ပန်းခြံငယ်လေးတွေ ရှာကြည့်ပြန်တွေ့လည်း မတွေ့...။
သွားတဲ့လမ်း ကိုလည်း ဖြေးဖြေး မောင်းပြီး...
သိမ်းငှက် မျက်လုံး ကဲ့သို့...သူမ ကို
သာ...ဇွတ် ရှာကြည့်နေမိသည်...။
သူမ မနက်က စျေးသွားမည် ပြောတော့...စျေးတွေ ဘက် လိုက်ကြည့်မိသည်...။
တောင်ပေါ်တင် စျေး ၅ခု ရှိသည်...
အောက်စျေး...
အပေါ်စျေး နောက်တစ်မျိုး ပြောရင် မြို့မစျေး..
212 ​ေစ်း..
အမှတ် ၅ စျေး...
ည​ေစ်း...

စျေးဆိုပေမယ့်...ဆိုင်အရေအတွက် အနည်းငယ်သာ ရှိသည့် ဘူတာစျေး...

ရှိပေမယ့်...ဒီချိန်လောက်သာဆို ည စျေး တစ်ခုသာ ဖွင့် တော့မည်...။

စျေးဘက်ကို သွားမို့ဦးတည် မောင်းနေချိန်...
သူမ ဆီက ဖုန်းဝင်လာသည်...။
ဖုန်းဝင်လာတာလည်း ကြည့်ဦး...
၇နာရီ ထိုးနေပြီ...
ဒီအချိန် မိန်းကလေး က အပြင်မှာ ရှိနေစရာလား...
ဒီကလူ မှာတော့...ယောက်ယက်တွေ ခတ် နေတာ...သူကတော့ ocean မှာတဲ့လေ...
ပျော်လို့ နေမှာပေါ့....။

ငါ့မှာတော့ သူ မသွားတတ် မလာတတ်လို့ အခက်အခဲ များ ဖြစ်နေမလား...စိုးရိမ်လိုက်ရတာ...
ဟွန့်...သူကဖြင့်...
နေပါစေဦး...တွေ့တော့မှ ပြောပစ်ဦးမယ်....။

ကြယ်စင် ocean ရှေ့မှာ ပစ္စည်း တွေ ကို လက်ထဲ အပြည့်ကိုင်ပြီး...ရပ်စောင့်နေတာ ကြာတော့...ပစ္စည်း တွေကို ချလိုက်တော့...

အမလေး.....

တစ်စုံတစ်ယောက် ရဲ့ ခြေထောက် ပေါ်ချမိလိုက်မိသည်...။
ကြယ်စင် လည်း လန့်ပြီး...လူကို မကြည့်ဘဲ

"...ကြယ်စင်...တောင်းပန်ပါတရ် နော်...ကြယ်စင် အနောက် ကို မကြည့်မိဘဲ ချလိုက်မိတာပါ..."

လူကို မကြည့်ဘဲ ခေါင်းကြီးအတင်းငုံ့ကာ
တောင်းပန်စကား ပြောနေတော့...စိတ်တိုရမလိုလို အားနာရမလိုလို နှင့်....။

"...ရပါတယ် ဗျာ...ထားလိုက်ပါတော့..."

ထိုအခါမှ ကြယ်စင် ခေါင်းမော့ကာ...

"..ကျေးဇူး တင်ပါတရ် နော်..."

ကြယ်စင် ကျေးဇူး စကား ပြောရင်း မချိတင်ကဲ
ပြုံးပြနေလိုက်သည်....။

မိုးသောက်လည်း...ရှေ့မှာ ရှိနေတဲ့ သူမကို ကြည့်ပြီး ရယ်ချင်လာမိသည်...။

"...ပစ္စည်း တွေ ဒီလောက် အများကြီး...တစ်ယောက်ထဲ သယ်ထားရတာလဲ..."

"...ဟီး...ဟုတ်တယ်...ကြယ်စင် လည်း လောဘ တက်တဲ့ စိတ်နဲ့... လိုအပ်တာတွေ တစ်ခါထဲ ဝယ်လိုက်မိတာ..ဝယ်ပြီးမှ ပဲ...သိတော့တယ်...ပစ္စည်း တွေ များနေမှန်း..."

"...ထားပါတော့...မင်း ဒီရှေ့မှာ ဘာရပ်လုပ်နေတာလဲ...ဒါတွေ မနိုင်လို့လား...ငါ သယ်ကူမယ်လေ...မင်း ကား ပါလား ငါ...ကူသယ်ပြီး လိုက်ပို့မယ်လေ..."

"...ရပါတယ်...ကြယ်စင် ကားမပါ ပါဘူး...အစက taxi အားကိုးနဲ့ ဝယ်ချလိုက်တာ...ခုတော့ ကား...၁စီးမှ မရှိဘူး..."

မိုးသောက် သူမ လက်ညှိုးထိုး ပြနေတဲ့ နေရာကို လှည့်ကြည့်မိတော့...
ဟုတ်ပါသည်...ဘာမှမရှိ...။
အရင်နေ့တွေကတော့ တွေ့မိပါသည်...
ဒီနေ့မှသာ မတွေ့မိတာ...။

"...အရင်နေ့တွေဆို ဒီအချိန်ထိ taxi ရှိပါသေးတယ်..."

"...ဟုတ်ရင် ဟုတ်လိမ့်မယ်...ဒီနေ့ တနေ့လုံးက
ကြယ်စင့် အတွက် ပြဿ      ဒါးနေ့ ဖြစ်မယ်...ထင်တယ်..မနက်ကတည်းက ခုထိ  ဘာတစ်ခုမှ အဆင်ပြေတယ်ကို မရှိဘူး..."

သူမလေးကတော့ စိတ်ညစ် စိတ်ပျက် ဒေါသ ဖြစ်နေတဲ့ ပုံရိပ်ယောင် မရှိဘဲ ဖြစ်လာတဲ့ ကိစ္စ တွေကို အကောင်းဘက် တွေးနေတဲ့ သူမ ၏
စိတ်ဓာတ်လေးကိုတော့ မိုးသောက် သဘောကျမိသည်....။

သူမ.  ပစ္စည်း   တွေနဲ့ အဆင်မပြေဖြစ်နေတာ    မြင်တော့ လူသားချင်း ကူညီစိတ်လေး ဖြစ်လာတာနဲ့....

"...ရရဲ့လား...လိုက်ပို့ပေးရမလား..."

သူမ က ငြိမ်နေတော့...၁မျိုး တွေးသွားမည်ကို
စိုးရိမ်သွားကာ~~~

"...အော်...တစ်မျိုး ထင်မသွားပါနဲ့...ဒီအတိုင်းပဲ ရိုးရိုးသားသား လိုက်ပို့ပေးဖို့ ပြောတာပါ..."

"...မဟုတ်ပါဘူး...ကြယ်စင် ကို လာကြိုဖို့ ဖုန်းဆက်ထားပြီးသားပါ..."

"..အော်...အွန်းပါ...အာ့ဆို သွားတော့မယ်..."

"...ဟုတ်...ကျေးဇူး ပါနော်..."

ကြယ်စင် ရှေ့ကလူ ထွက်သွားပြီး...မိနစ် ပိုင်း လောက်သာ ကြာလိမ့်မည်...။
ချစ်ရသော လင်တော်မောင် အလင်းရောင် ရောက်လာပါပြီလေ...။
ကြယ်စင် အတတ်နိုင်ဆုံး ပါးစပ် ကို ဖြဲနိုင်သမျှ
ဖြဲပြီး ရယ်ပြနေတာကို သူကတော့ မျက်မှောင်
ကြီး ကို ကြုံ့ထားတာက ရိုက်ချင်စရာ...ရုပ်...။
ကြယ်စင် ပစ္စည်း တွေကို ၁ခုချင်းစီ သယ်ပြီး...
ကားနောက်ခန်းပေါ် တင်နေတာကို ကိုယ်တော် ကတော့
ကြည့်ကောင်းနေသည့်ပုံ...။
ကားပေါ်ကနေတောင် ဖင်ကြွဖို့ စိတ်ကူးကို မရှိတာ...။
ထိုင်လျက်ပဲ....

ပစ္စည်း တွေကို အကုန်တင်ပြီး ကြယ်စင် သူ့ဘေးချင်းကပ် ထိုင်ခုံ မှာ ဝင်ထိုင်လိုက်တော့...
အမည်မသိ နာဂစ် မုန်တိုင်း က ကားထဲ ရိုက်ခတ်နေသည် ထင်ရသည်...။
လေစိမ်း တဝှီးဝှီးနဲ့...။
ကြယ်စင် ကြောက်လန့်နေရသည်...
ဘာစကားမှ မဟရဲသေး...
ငြိမ်ပြီး ထိုင်နေ၍ နေလိုက်သည်...။

ဒါပေမယ့် သူက အိမ်တန်းမပြန်သေးဘဲ...ဆိုင်တစ်ဆိုင် ရှေ့မှာ ကားဆောင့်ထိုး ပြီး ရပ်လိုက်တာ...ကြယ်စင် ရှေ့က ဘောင်နဲ့ မအပ်စပ်မိတာ...တော်သေးသည် ပြောရမည်...။
ကားခါးပတ် ကြိုးလေးကို ကျစ်နေအောင်...
ဆုပ်ကိုင် ပြီး ကျေးဇူး တင် စကားလေး တိုးတိုးလေး ပြောလိုက်မိသည်....။
ဒါတောင် ရောင်...ကားပေါ်က ဆင်းတော့ တံခါးကို ဆောင့်ပိတ်သွားတာက ကားတောင် တုန်
သွားသလိုတောင် ထင်မိ၏....
ကြယ်စင် ခုံ အိအိလေးမှာ ထိုင်နေရပေမယ့်
ဖင် တောင် ကျိန်းစပ်စပ် ဖြစ်လာသလိုပင် ခံစားနေရသည်....။
ခေါင်းလေးကို အသာလေး လှည့်ကာ...အပြင်ဘက်ကို လေပူလေး တစ်ချက် မှုတ်ထုတ် လိုက်မိ၏....

ခဏကြာတော့ အလင်းရောင် ပါဆယ် ဘူးလေးတွေနဲ့ ဆိုင်ထဲက ထွက်လာသည်...
ကားထဲ ရောက်တော့ ဝယ်လာတဲ့ ပါဆယ် ထုပ်လေးတွေကို ကားနောက်ခန်းမှာ...ထားပြီး
ကားကို အရှိန်နဲ့ မောင်းနေတော့...
ကြယ်စင် လန့်နေရသည်...။
လန့်နေပါတယ်ဆိုမှ ပိုကြောက်အောင် သူ
ဖြဲ ခြောက်နေတာလား...အောက်မေ့ရသည်....

အိမ်ရောက်တော့~~~

"...ကိုဖိုးခွား ဒါတွေ ထည့်ထားပေးပါဦးနော့်....
ကျွန်တော် ရေသွားချိုးလိုက်ဦးမယ်...တနေ့လုံး
တစ်ကိုယ်လုံး ပူစပ်စပ် ဖြစ်နေလို့..."

"...ဟုတ်ကဲ့..."

ဖိုးခွား လည်း အလင်းရောင် လှမ်းပေးသော
ဘူးလေးတွေကို လှမ်းယူလိုက်သည်...။
ပြီးလျှင် ထမင်းစားခန်းသို့ ဝင်သွားတော့...
ကြယ်စင် အပြေးလေး...ထမင်းစားခန်းဘက်
သွားကာ....

"...ကိုဖိုးခွား...နေ...ကြယ်စင် လုပ်လိုက်မယ်..."

"...ရပါတယ် ဗျ ....ကြယ်စင် လည်း ပင်ပန်းနေရောပေါ့...အဝတ်အစား သွားလဲလိုက်လေ...ကျွန်တော် ပဲ လုပ်လိုက်ပါ့မယ်...."

"...ရပါတယ် ကြယ်စင် ပဲ လုပ်လိုက်မယ်...ဒါတွေကို...မဟုတ်ရင် နာဂစ်ထပ် ဆိုးတဲ့ ဆူနာမီ ဝင်လာမှာ ကြောက်နေလို့ပါ..."

"...ဗျာ..."

"...အော်...ဘာမဟုတ်ဘူး...ဟို ကားထဲက ပစ္စည်း တွေပဲ သွားထုတ်ပေးပါလား...ဒါတွေ ကို
ကြယ်စင် ပဲ လုပ်လိုက်ပါ့မယ်..."

"...ဟုတ်ကဲ့..."

ဖိုးခွား လည်း ကားပေါ်က ပစ္စည်း တွေ ကို သွားထုတ်နေချိန်...ကြယ်စင် လည်း အလင်းရောင်
ဝယ်လာတဲ့ ထမင်း ဟင်းတွေကို ပြင်ဆင်ကာ
အပေါ်ထပ် တက်သွားလိုက်သည်....။
အလင်းရောင် ရေချိုးမပြီးခင် ဝတ်မယ့်အဝတ်အစားတွေကို... သူမဝတ်ပေမယ့်...
သွား,သွား ထုတ်ပေးနေတတ်တာ...အကျင့်
၁ခု ဖြစ်နေပြီ....။
အခန်းထဲ ဝင်သွားတော့...အလင်းရောင် ရေချိုးမပြီးသေးတော့...အားတက်ရသည်...။
ကြယ်စင် ဖွဖွလေး နင်းကာ...ဗီဒို ဆီ လျှောက်သွားကာ...အသာအယာ လေး ဖွင့်ချိန်~~~

အမလေး....

ကြယ်စင့် လက်ကို နောက်ကနေ အသံမပေးဘဲ
လှမ်းဆွဲကိုင်လိုက်တော့...ကြယ်စင် လန့်ပြီး
အော်မိလိုက်သည်...။

"...အော်မနေနဲ့..."

ကြယ်စင် သူ့အသံကြားပြီး ကိ်ုယ်ကို သူ့ဘက် လှည့်လိုက်တော့....သူ့ရင်ဘတ်မှာ တွဲခိုနေတဲ့ ရေစက်သီးလေးတွေက ကြယ်စင့် မျက်နှာ
လေးပေါ် ခုန်တက်လာတော့....ကြယ်စင် ၏
မျက်လုံး က အော်တို ပိတ်လိုက်မိသည်...။

ရင်ခုန်သံ ကလည်း အမိန့်မပေးဘဲ တဒုံးဒုံးဖြင့်
ခုန် နေလိုက်ကြတာ...အလိုက်ကမ်းဆိုး မသိ...
သူ ကြားသွားမှဖြင့်~~~

"...ပြောပါဦး..."

"...ဟမ်...ဘာ...ဘာကိုလဲ..."

"...ဖုန်းမကိုင်ဖြစ်ရတဲ့ အကြောင်းအရင်း..."

"....အာ့...အာ့...ကြယ်...ကြယ်စင် အသံ ကို
silent လုပ်ထားမိလိုက်လို့...မသိလိုက်တာပါ..."

"...ငါ...ဘယ်လောက်..."

စိတ်ပူနေတယ် လို့တော့...မပြောချင်...
ဒီကောင်မလေး ကို သူဒီနေ့ ခံစားရသလို ခံစား
ရစေချင်သည်....။

"...ဟွန်...ရောင်...ဘာဖြစ်လို့လဲ..."

"...မင်း တစ်ခုခု ဖြစ်ခဲ့ရင်...ငါ့ကို ဘာပြောကြမလဲ..ရက်စက်တတ်တဲ့ ကောင်လို့ ပြောကြမှာပေါ့...မင်း သေပါပြီ တဲ့...ငါက တရားရုံး ဂတ်ရုံး
ရဲစခန်း တွေ လိုက်နေရဦးမယ်...ငါ့ဟာငါ ဆို..
အဲ့ပတ်ဝန်းကျင်နား သွားစရာတောင် မလိုဘူး...
မင်းအပြုအမူ က ငါ့ကို ထိခိုက်စေတယ်ကွ...မင်းပျောက်ပါပြီတဲ့ ငါ့အမေ ငါ့ကို ဘယ်လောက် ဆူပူ နေလိုက်မလဲ...ဟမ်...မင်းမိဘ တွေက ငါ့ကို ယုံလို့ အပ်ခဲ့တာ...သူတို့ ကို ငါ...ဘာမျက်နှာ နဲ့ ကြည့်ပြီး ရင်ဆိုင်ရမလဲ...
မင်းလို မ်ိန်းမ တစ်ယောက်ကြောင့်...ငါ သူများတွေ ပြောတာ ခံနေရဖို့ မလိုဘူး...နားလည်လား..."

"..................."

"....ခုလည်း ဘာထူးလဲ...မိန်းကလေး တစ်ယောက် က ဘယ်ချိန်ထိ အပြင်မှာ ရှိနေတာလဲ...
နေသင့်လား...အဲ့ချိန်ထိ...မင်း မရှာရတဲ့ ပိုက်ဆံ တွေကို ရေလို သုံးဖြုန်း နေလို့...ခုချိန်ထိ ပြန်မလာနိုင်တာလား...မိန်းမ တွေ စျေးဝယ်ထွက်ရတာကို ကြိုက်တာ ငါ နားလည်တယ်...မင်းလောက်တော့ ဆိုးမယ်လို့ ငါ မထင်ခဲ့ဘူး...ဘယ့်နှယ့်ကွာ...စျေးပတ်လည်နေတာ အချိန်လေး ဘာလေး ကြည့်ပြီး သွားပါလားကွာ...မင်း က အပျိုလေး မဟုတ်ဘူး...လင် နဲ့ကွ...လင် နဲ့...မင်း
အပိုင်ကြံထားတဲ့ လင်နဲ့...ငါ့ကို ရပြီဆိုလည်း
မင်း ကျေနပ်တော့ပေါ့...ငါ့ကို ကျွဲနွားလို ခိုင်းစားပြီး...မင်း စိတ်ကြိုက် သုံးဖြုန်း နေရလောက်အောင် ငါက နွား မဟုတ်ဘူး..."

"...အဲ့လို...မ..."

"...တော်...မင်းရဲ့ အလိမ်အညာ ပါတဲ့ အကြောင်းပြချက် ကို ငါ...မကြားချင်ဘူး...မင်း မျက်နှာ
ငါ မမြင်ချင်ဘူး...ထွက်သွား စမ်းပါကွာ...သွားစမ်းပါ..."

"..ဟင့်...ဟင့်..."

ကြယ်စင် သူ့ရဲ့ စကားတွေကို ဘာမှ ပြန်ပြောခွင့်မရှိတော့...မျက်ရည် ကျမိကာ...အခန်းထဲ ပြေးဝင်ပြီး တံခါးကို ပိတ်ပြီး မှီရပ်ရင်း ငိုနေမိသည်...။

ကြယ်စင် စျေးသွားနေရတာ ကြယ်စင့် အတွက် ဝယ်ခဲ့တာရယ်လို့ သိပ်မရှိဘူး...
အချိန်တွေ ကြည့်မိပါတယ်...အချိန် ရှိပါသေးတယ် ဆိုပြီး ocean ခဏ ဝင်နေမိတာပါ..
အိမ်အတွက် အသုံးလိုတာတွေကို တစ်ခါထဲ ဝယ်နေမိလို့ပါ...
ရောင့်ကို ကြယ်စင် က အပိုင်ကြံတာတဲ့လား...
ဟင့်အင်း...
ကြယ်စင် မကြံခဲ့ရပါဘူး....
ကြယ်စင် ဘာမှ မလုပ်ခဲ့ရပါဘူး...ရောင်ရယ်...

ရောင့်ကို နွားလို့ လည်း မသတ်မှတ်ပါဘူး...
တကယ်ပါ...ကြယ်စင် ကျိန်ပြော ဆိုလည်း...
ကျိန်ပြောရဲပါတယ်...
ကြယ်စင် သွားတာ ကြာတာကလည်း...
မရောက်ဖူး မသွားဖူးတဲ့ နေရာဆိုတော့...
လမ်းတွေမှားနေလို့ပါ...ရောင် ရယ်...
ကြယ်စင်...ပျော်နေတာ မဟုတ်ရပါဘူး...
တနေ့လုံး ကြယ်စင် ဘယ်လောက်ထိ ငိုချင်နေလဲ...သိလား...
ရောင်...မအားလို့ လိုက်မပို့တော့...ကြယ်စင်
လိုက်ပို့ပေးစေချင်လည်း ရောင် မှ မလိုက်နိုင်တာ...ရောင်ရယ်....။

ကြယ်စင် ကို စိတ်ပူတာ မဟုတ်ဘဲ...
ရောင့်ကို ဝိုင်းပြောဆိုကြမှာကို...စိုးရိမ်နေတယ် ဆိုရင်...ရောင် စိတ်ချပါ...မစိုးရိမ်ပါနဲ့..
ကြယ်စင် နဲ့ ပတ်သက်လို့ ရောင် မထိခိုက်စေရပါဘူး...ကြယ်စင် ကတိပေးပါ တယ်....
ဘာတွေက ဒီလောက်ထိ ဖြစ်သွားခဲ့တာလဲ.
ဘာတွေ က စ မှားခဲ့တာလဲ...။

ကြယ်စင် အသံတိတ် ငိုနေမိသည်...။

အလင်းရောင် အဝတ်တွေ ထုတ်ဝတ်ပြီး အောက်ဆင်းကာ ဖိုးခွား နှင့်အတူ ထမင်းစား....ချိန်
ပြင်ဆင် ပေးထားပြီး...သူမ ကတော့ ဆင်းမလာသေး...။

သူ...စားလာပြီးပြီ နေမှာပေါ့...

အာ့ကြောင့် ဆင်းမလာတာလေ...
ငါကတော့ သူ့ကို စိုးရိမ်နေတာ...ဘယ်တွေများ
ရောက်လို့ ဘာတွေများ ဖြစ်နေမလဲ လို့...
သူကတော့.. ..ဟွန့်..
မပြောလိုက်ချင်ဘူး...

သူမလေး ဆင်းလာဦးမလား ဆိုပြီး tv ကြည့်ရင်း အောက်ထပ် မှာ ထိုင်နေမိသည်....။

#ပန်းခြယ်ရီ

....................................................

pann..👧
စာအရေးအသား တွေ မကောင်းတာတွေ...
လိုအပ်ချက်တွေ ရှိနေတာတွေ
များပါတယ်....
ခွင့်လွှတ်ပေးကြပါနော်...

pann က ro ဆန်ဆန်လေးလည်း မရေးတတ်သေးဘူး...
အလင်းရောင် ကို ဒီထပ် ပို ကြမ်းချင်ပေမယ့်...
မကြမ်းတတ်သေးဘူး...စာ တွေ လိုအပ်နေတာ
pann သိပါတယ်...သည်းခံ ဖတ်ပေးပါနော်...

စာ အသွားအလာ လည်း မသိမတတ် သူမို့...
နားလည်ပေးစေချင်ပါတယ်...✌

Continue Reading

You'll Also Like

1.2M 91.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
156K 3.2K 35
🥀🥀🥀အတိတ်ကကိစ္စ​တွေ​ကြောင့်​ဘ​ဝကိုတိတ်တိတ်​လေးဖြတ်သန်း​နေရတဲ့​"ကြာရိပ်ချို " ဟာသူ​ကျောင်းတုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့​ "ထက်" ဆိုတဲ့ကောင်​လေးနဲ့ပြန်...
150K 3.8K 47
အရိပ်ဖြူ "ခင်ဗျာကိုမချစ်ရဲတော့ဘူး အရိပ်ကိုနာကျင်မူတွေပေးခဲ့လို့မယုံရဲဘူးခင်ဗျာကို" ထွန်းပြည့်စုံ "အရိပ်အရင်လိုကို့ကိုပြန်ချစ်ပေးပါ ကို့အမှားတွေအတွက်အ...
8.2K 210 12
အိမ်နဲ့အဝေးကြီးမှာ....... သူစိမ်းတွေရဲ့အလယ် ရှင်သန်ဖို့ကြိုးစားရတဲ့ရှင်နှောင်း ရက်စက်ယုတ်မာတဲ့လောကြီးမှာ အချစ်ဆိုတဲ့အရာနဲ့တွေ့ခဲ့တဲ့အခါ မိန်းမငယ်တစ်ယ...