ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
Part (2)
မင်္ဂလာပွဲ ရောက်ဖို့ ၃ရက်အလိုမှာ...ဦးမြင့်ဆွေ အချိန်မှီ ရောက်လာသည်...။
မင်္ဂလာ ရက်နဲ့ နီးလေ သူတို့ အချိန်တွေ မအားလပ်လေ....။
မင်္ဂလာ ပွဲနေ့~~~~~
တခြား မင်္ဂလာ မောင်နှံ လို သတို့သား နဲ့ သတို့သမီး မင်္ဂလာ ကား ကို အတူ စီးရတာ..မဟုတ်...။
သူ့ဘက်မိဘ ကိုယ့်ဘက်မိဘ တွေနဲ့သာ ခန်းမဆီ လာခဲ့ရ၏...။
ခန်းမရှေ့မှသာ အလင်းရောင် က သူ့မိဘတွေနဲ့အတူ သတို့သမီး အလာ ကို စောင့်နေကြသည်..။
ကျွီ....
"...ဟော...လာကြကုန်ပြီ...သားရေ..."
အလင်းရောင် ကားဘက် တစ်ချက် လှည့်ကြည့်တော့~~~
ပန်းဆီဖျော့ဖျော့လေးနဲ့ မြန်မာဆန်လှပပြီး...
ကျက်သရေ ရှိနေသော...မိန်းကလေး
အိနြေ္ဒ ရှိစွာ...လျှောက်လှမ်းလာနေသော..
အလင်းရောင် ရဲ့ သတို့သမီး
သူမ၏ တင့်တယ်မှုကို ပေါ်လွင်စေသော ဆံထုံး...
အခုမှသာ ကြယ်စင် ကို သတိမပြု မိဘဲ ကြည့်မိသည်လေ...
မမြင်တာ ကြာတဲ့ ကာလအတောအတွင်း သူမ က ရိုးရိုးယဉ်ယဉ် အလှအပ နှင့် အရွယ်ရောက်လာပြီလေ...။
ဟွန့်...ငါ့ကို မိဘ အားကိုးနဲ့ အပိုင်သိမ်းတဲ့ မိန်းမ...ငါ့ကို အလှအပ နဲ့ ရစ်ပတ်နေလည်း မင်းစိတ်ဓာတ် က ရော လှပပါ့မလား~~~
"...စောင့်နေတာ ကြာပြီလား.."
"..မကြာသေးပါဘူး...အောင်နိုင်ရာ..ငါတို့ လည်း အခုမှ ရောက်တာ.."
"...ငါ့သမီးလေး...အမလေး ကျက်သရေ ရှိလိုက်တာ သမီးရယ်...ငါ့သမီးလေး အရမ်းလှနေတာ..ငါ့သမီးလေး ကို သားနဲ့ လက်ဆတ်ပေးလို့ပေါ့...ဒီလို သမီးလေးကို အပိုင်ရရတာ.."
"...အန်တီမေထား ကလည်း...အရင်ကတည်းက ကြယ်စင် က အန်တီ့သမီးပဲကို..."
"...ဟုတ်ပါပြီကွယ်.."
"...ဒေါ်ခင်ထား..စကားတွေ တော်သင့်ပြီ..မင်္ဂလာ ပွဲ စရအောင်..."
"...ဟုတ်တယ်...သွားကြရအောင်.."
"..သမီး..သား အလင်းရောင် လက်ကို ချိတ်ထားနော်.."
"...ရှင်...ဟုတ်.."
ကြယ်စင် လက်ဖျားလေးတွေ အေးစက်နေတာ..သူ သိသွားမလား...။
"အင့်..."
အလင်းရောင် က သူ့ဘယ်လက်ကို တံတောင်ကွေးကာ ကြယ်စင် ကို လက်ချိတ်ဖို့ "အင့်" လို့သာ ပြောသည်..။
ကြယ်စင် အလင်းရောင် သူ့ကိုများ ကြည့်နေမလား...ဆိုသော မျှော်လင့်ချက် နဲ့ ကြယ်စင် သူ့မျက်နှာ ကြည့်တော့ အေးခဲနေသော မျက်နှာနဲ့ ကြိုဆိုနေသော မင်္ဂလာ ခန်းမ တံခါးဝ ကိုသာ မျက်နှာမူနေသည်....။
အလင်းရောင် ရယ်...ကြယ်စင့် မျက်နှာ မကြည့်ချင်ရလောက်အောင်...ကြယ်စင့် မျက်နှာ ရုပ်ဆိုး အကျည်းတန် နေလို့လား...ကြယ်စင် ဘာတွေများ လိုအပ်နေသေးလို့ လဲ...အလင်းရောင် ရယ်....။
အလင်းရောင် စိတ်မရှည်သည့်ပုံစံဖြင့် ကြယ်စင်ရဲ့ လက်မောင်း ကို သူ့လက်နဲ့ တွတ်ထိုးနေသည်...။
သူ့လက်ကို ကြယ်စင် ချိတ်ဖို့ပေါ့....။
ကြယ်စင် လည်း နားလည်စွာ အေးစက်တုန်ရီနေသော လက် က တွန့်ဆုတ် တွန့်ဆုတ် နှင့် အလင်းရောင် လက်ကို ချိတ်လိုက်သည်...။
ပြီးတော့ သူတို့ ကို ကြိုဆိုနေသော ခန်းမ ဆီသို့ ဦးတည် လျှောက်ကြ၏...
ကြယ်စင်၏ မျက်လုံး အစုံ က~~~
မောင် အလင်းရောင် နှင့် မ ကြယ်စင်
တို့၏
မင်္ဂလာ ဧည့်ခံ ပွဲ....
ကြယ်စင် ထို စာတန်း လေးကြည့်ပြီး...
ရင်ထဲတွင် နွေးထွေး မှု...ပျော်ရွှင်မှု...ကြည်နူးမှု ကို မခံစားမိ...။
ကြယ်စင် ခံစားရတာ အေးစက်မှု တစ်ခုသာ~~
အေးစက်နေသော ခန်းမ....အေးစက်နေသော သတို့သား...အေးစက်နေသော ဆက်ဆံရေး
အေးစက်နေသော အပြုံး...အေးစက်နေသော
စကား....အေးစက်မှု မြောက်မြားစွာရဲ့ အလယ်မှာ ကြယ်စင် အားမာန် တင်းရင်း...မင်္ဂလာ ပွဲ ပြီးမြောက် သည်အထိ ပြုံးပြနေနိုင်အောင် ကြိုးစားနေရသည်......။
မင်္ဂလာ ပြီးတော့ သူတို့ နှစ်ဦး မင်္ဂလာ အိပ်ခန်းမှာ မအိပ်ဖြစ်ပါ...။
၂ရက် ၃ရက် နားပြီး...တောင်ကြီး သွားကြဖို့ ပြင်ဆင် နေရပြန်သည်...။
တောင်ကြီးကို လိုအပ်တာ တွေ ယူပြီး...မိသားစု နှစ်စု...တောင်ကြီးသို့ ခရီးနှင်ခဲ့ပြီလေ..။
.
တောင်ကြီးမှာတော့ ကြယ်စင် ဂါဝန်ဖြူ လေး ဝတ်ရသည်...။
အနောက်တိုင်း ဆန်ဆန်ပေါ့....။
မင်္ဂလာ ပွဲတွေက တော့ ကြယ်စင့်အတွက် မျက်နှာ မငယ်ရလောက်တဲ့ ပွဲပါ....။
ဒီလိုပဲ အေးစက်မှုကြားက မင်္ဂလာ ပွဲ ပြီးမြောက်ခဲ့ပြန်ပြီလေ...။
ကြယ်စင် တို့အတွက် နှစ်ဖက် မိဘ က ခြံနဲ့တိုက် လက်ဖွဲ့ပေးသည်....အဲ့ခြံမှာပဲ ကြယ်စင့် ကို အလင်းရောင် သူငယ်ချင်း မိတ်ဆွေ အပေါင်းအဖော် တွေနဲ့ မိတ်ဆက်ပွဲလေး လုပ်ရင်း dinner ပွဲလေးပါ...စီစဉ်ပေးသည်...။
dinner ပွဲတွင်~~~
"...အလင်းရောင်...မင်း သတို့သမီး ရော မဆင်းလာသေးဘူးလား..."
"...အင်း...မတွေ့သေးရင် မဆင်းလာလို့ပေါ့ဟ.."
"..မင်းကလည်း ဘယ်လို အသံကြီးနဲ့ ပြောနေတာလဲ...ဒီလောက် ချော ဒီလောက်လှတဲ့ မိန်းကလေး ကို မင်းပိုင်ရတာ.."
"...သွားစမ်းပါ ကွာ..မိဘတွေ ကြောင့်ပါ.."
"...မင်း..လှိုင့်ကို ဖိတ်ထားလား..."
"...အေ့..ယျောင့် ဖိတ်သေးလား.."
"...ငါ..ဖိတ်တော့ ဖိတ်ပါတယ်ကွာ...သူ မလာပါဘူးကွာ..."
"...အေးလေ...ဘယ်လာမလဲ..."
"....ဟော...ဟိုမှာ နတ်သမီးလေး တစ်ပါး ဆင်းလာပြီ..."
အားလုံး ရဲ့ အကြည့် ကြယ်စင့် ဆီ ဦးတည်လာသည်...။
အလင်းရောင် ကြယ်စင် ရှိရာ နေရာ သွားပြီး...
"...လာ.."
ကြယ်စင် သူ့လက်ကို ချိတ်ကာ သူခေါ်တဲ့နေရာ ဆီ လိုက်လာခဲ့သည်...။
"...မင်းတို့လည်း သိပြီးသားပါ...သူ့နာမည် က ကြယ်စင် တဲ့..."
"...အားလုံး တွေ့ရတာ ဝမ်းသာပါတယ် ရှင့်...ကြယ်စင့် ကို အလင်းရောင် နဲ့ ခင်သလို ခင်နိုင်ပါတယ်ရှင့်..."
"...ခင်မှာပါ..."
"...ခင်မှာပါဗျ..."
ဟွန့်...ဒီကောင်တွေ ဘာဖြစ်နေတာလဲ
ကြယ်စင် အားလုံး နဲ့ မိတ်ဆက်ပြီး ခဏနေကာ....ပင်ပန်းလို့ အိမ်ပေါ်သို့ အရင်တက်နားခဲ့သည်...။
အလင်းရောင် ကတော့ သူငယ်ချင်း တွေနဲ့ တစ်ခွက်တစ်ဖလား သောက်ပြီး ကျန်နေခဲ့သည်...။
ည 12 နာရီ လည်း ရောက်တော့ သူငယ်ချင်း တွေလည်း အကုန် ပြန်ကြပြီလေ...။
ကြယ်စင် လည်း အဝတ်လဲ ရေမိုးချိုးပြီး ထိုင်နေလိုက်သည်...။
ဒုံး~~~
အမလေး....
အလင်းရောင် အခန်းကို အားပါပါနဲ့ ဖွင့်ချကာ ခန္ဓာ ကိုယ်က ယိုးတိုးယိုင်တိုင်ဖြင့်...
"...လှိုင်ရေ...လှိုင်...ကိုယ့်ကို ခွင့်လွှတ်ပါကွာ..."
ဟင်....
ကြယ်စင့်ရင်ထဲ ပြောမပြတတ်သော ခံစားမှု တစ်ခု ရင်ဝတွင် ဆို့တက်သွားသည်...။
အလင်းရောင် ကြမ်းပြင်မှာ လူးလိမ့်ကာ အော်ဟစ်နေတော့ ကြယ်စင် သတိထိန်းကာ...
"...ရောင်...ကုတင်ပေါ် တက်အိပ်နော်...အောက်မှာ မအိပ်နဲ့...ထနော်..."
ကြယ်စင့် ကို မေမေခင်ထားက အလင်းရောင် ကို အလင်းရောင် လို့ ပြည့်ပြည့်စုံစုံ မခေါ်နဲ့တဲ့ မောင် ကို ကိုကို ယောကျာ်း ခေါ်ရင်ခေါ် ဒါမှမဟုတ် ရင် သူ့နာမည် ကို အဖျားဆွတ် ခေါ်တဲ့...ကြယ်စင် မောင် တို့ ကို တို့မခေါ်ချင်ပါ...ထို့ကြောင့် သူ့နာမည်ကို ရောင် လို့ အဖျားဆွတ် ခေါ်လိုက်သည်...
"လှိုင်ရေ...ကိုယ်တောင်းပန်ပါတယ်ကွာ..ကိုယ့်မေမေ ကို မလွန်ဆန်နိုင်လို့ပါ...ကိုယ့်အပြစ်ပါကွာ..လှိုင်ရေ...လှိုင့်..."
ကြယ်စင် လက်ဖျားတွေတောင် တုန်လာကာ
စိတ်တွေ ဂနာမငြိမ် ခြေမကိုင်မိ လက်မကိုင်မိ..
သတိနဲ့ယှဉ်ကာ~~~
"ရောင်...ထနော်...ကြယ်စင် ထူပေးမယ်နော်..."
ကြယ်စင့် သူ့လက်ကို ကြယ်စင့် ပခုံး ပေါ်တင်..
သူ့ခါးကို ဖက်ကာ ကြယ်စင့် ကို သူမှီစေ၍ ခုတင်ဆီ လျှောက်ခဲ့သည်...။
ကြယ်စင် လည်း သူ့ခန္ဓာ ကိုယ် ကို မနိုင်...
အလင်းရောင် ကလည်း မူးနေတော့...
ကုတင်ပေါ် နှစ်ယောက်လုံး ပစ်လဲကျသွားသည်..
အား.....
ကြယ်စင့် ကိုယ်ပေါ် အလင်းရောင် ပြုတ်ကျကာ ထပ်နေတော့ ကြယ်စင် လည်း အသက်မရှုနိုင်
အဲ့ဒါ ကြောင့် ကြယ်စင် အလင်းရောင် ကိုယ်ကို ဖယ်ကာ သူ ထလိုက်သည်...
ဟူး~~~~
"...လှိုင်...လှိုင်...လှိုင်ရေ...လှိုင့်..."
"ရောင်...ရယ်..."
ကြယ်စင့် မျက်ရည် တွေ သိမ်းမရ ထိန်းမရဘဲ အတားအဆီး မဲ့စွာ...ပြိုကျလာပြီလေ...
ငိုချင်နေတာ...စေ့စပ်ပွဲ နေ့ကတည်းက
ဒီနေ့မှသာ ကြယ်စင် အားရပါးရ တစ်ညလုံး ငိုနေမိသည်...။
မင်္ဂလာ ဦး ညမှာ ခင်ပွန်း ဖြစ်သူက ကိုယ် မဟုတ်တဲ့ မိန်းကလေး နာမည် ကို ပါးစပ်က မချဘဲ ခေါ်နေသည်လေ....။
အဲ့ ခံစားချက် က ကြယ်စင့် အဖို့ နက်နဲလွန်းပါသည်...။
.
အား....ကျွတ်...ကျွတ်...
အလင်းရောင် ကိုက်ခဲမှုတွေနဲ့ အတူ နိုးထလာသည်...
"...ကိုက်လိုက်တာကွာ...ကျွတ်..."
ကြယ်စင် အခန်းဝ ရှေ့မှာ သံပုရာရည် ခွက်လေး ကိုင်ပြီး...တံခါးကို ခေါက်ရမလိုလို ဒီအတိုင်း ဖွင့်ဝင်ရမလိုလို မီးဖိုချောင် ထဲ ပြန်ဝင်ရမလိုလို တစ်ယောက်ထဲ ဗျာ များနေသည်...။
"ဟူး...ဘယ်လိုလုပ်ရင် ကောင်းမလဲ...ဝင်သွားရရင် ကောင်းမလား...ဒီအိမ်မှာ သူနဲ့ငါ ပဲ ရှိတာ
အမြဲ တွေ့နေရမှာပဲ...တွေးကြောက်မနေတော့ဘူး...ဝင်သွားမယ်ကွာ.."
ကျလောက်....
"...ရောင်...နိုးနေပြီလား...ဒီမှာ သံပုရာရည် ခေါင်းကိုက်နေမယ်ထင်လို့ အာ့ကြောင့် ဖျော်လာပေးတာ...အမူးပြေအောင် ပျားရည် ဖျော်ပေးဖို့က မရှိဘူးလေ...အိမ်မှာ ဘာမှ မဝယ်ထားရသေးဘူး...ဒါပဲ သောက်လိုက်နော်..."
ကြယ်စင် အတတ်နိုင်ဆုံး တည်ငြိမ်ဆုံး ဖြစ်အောင် စကား ပြောနေလိုက်သည်...။
"..အွန်း...ထားခဲ့လိုက်..."
အလင်းရောင် ကြယ်စင့် ကို မကြည့်ဘဲ မျက်လုံး စုံမှိတ်ကာ ...မျက်ရိုးကြော ကို ဖိနှိပ်နေလိုက်သည်...။
"....ဟို...ကြယ်စင် နှိပ်ပေးရမလား.."
"...ရတယ်...မလိုဘူး.."
"...ဟုတ်...ရောင် ရေချိုးဖို့ ပြင်ထားပြီးပြီ...သံပုရာရည် သောက်ပြီး...ချိုးလိုက်နော်..ကြယ်စင် အောက်ထပ်မှာ စားဖို့ ပြင်လိုက်ဦးမယ်နော်..."
ကြယ်စင် ပြောလည်းပြီး...အခန်းထဲမှ အမြန် ထွက်ခဲ့သည်...။
အေးစက်မှု....ရင့်သီးမှု ကို ကြယ်စင် မကြားနိုင်တော့လို့ အမြန်ပြေးထွက်ခဲ့တာပါ..။
အလင်းရောင် လည်း ...ကြယ်စင် ချပေးခဲ့တဲ့ သံပုရာရည် ကို မော့သောက်ကာ...ရေချိုးခန်း ထဲ ဝင်လာသည်...။
သွားတ်ိုက် တံမှာ သွားတိုက်ဆေး အဆင်သင့် ထည့်ထားပေးသည်...ရေချိုးဖို့ အားလုံး အဆင်သင့် လုပ်ထားပေးခြင်းကို ခဏ ကြာ ရပ်ကြည့်ပြီး သူ့လုပ်ငန်း စတင် လုပ်တော့သည်...။
အလင်းရောင် ရေမိုးချိုး ပြီး အဆင်သင့် ချထားပေးသော တဘက်ကို ကိုယ်မှာကပ်ကာ...ခေါင်းမှာ စိုရွှဲနေသော ရေစက်များကို တဘက် နောက်တစ်ထည်ယူကာ သုတ်ပြီး ရေချိုးခန်း မှ ထွက်ခဲ့သည်...။
ရေချိုးခန်း မှ ထွက်လာပြီး...မျက်လုံးက ခုတင်ပေါ် က အရာ တစ်ခုမှာ ရွေ့လျားမှု မရှိဘဲ ရပ်နေမိသည်...။
်ခုတင်ပေါ်မှာ အလင်းရောင် ရဲ့ အဝတ်အစား တွေ ကို ထုတ်ထားပေးသည်လေ...။
ဟွန့်...
အလင်းရောင် ထုတ်ထားပေးသော အဝတ်အစား တွေကို မဝတ်ဘဲ ကိုယ့်ဘာသာ ဗီဒို ထဲမှ ထုတ်ကာ...ဝတ်လိုက်သည်...။
အဝတ်အစားတွေ ဝတ်ပြီး...စိတ်ကြိုက် ပြင်ဆင်ကာ အောက်ထပ် ကို ဆင်းလာသည်...။
"...ရောင်...ဒီမှာ ကော်ဖီ နဲ့ မုန့် ပဲ ပြင်ဆင် ပေးထားတယ်နော်...နောက်နေ့ ရောင် စားချင်တာရှိရင် ကြယ်စင် ကို ပြောပါ...ကြယ်စင် လုပ်ပေးပါ့မယ်...ဒီနေ့တော့ ကော်ဖီပဲ သောက်လိုက်နော်.."
အလင်းရောင် ကြယ်စင့် ကို သေချာ မကြည့်ဘဲ ထမင်းစားပွဲမှာ ထိုင်လိုက်သည်...။
ကြယ်စင် ထွက်သွား မယ် လို့ ခြေလှမ်း ရွယ်ပြီး..
"...ဟို...ဟို...ဟိုလေ..."
".........."
"...ရောင်...."
"..........."
ကြယ်စင် စကားပြောဖို့ ကြိုးစားနေပေမယ့် အလင်းရောင် ဘက်က ချောင်းဟန့်သံတောင် ပြန်မကြားရတော့....လက်လျှော့ကာ ဧည့်ခန်း ဘက်ကို သွားဖို့ရွယ်တော့....
"...ဘာပြောချင်လို့လဲ..."
"...ရှင်..."
"...ပြောချင်တာ ရှိရင် ပြော...ငါ မင်းကို မကိုက်စားဘူး...အဲ့လောက် စကားတွေ ထစ်မနေနဲ့.."
"...ရောင်...ဟိုလေ ဒီနေ့ မေမေနဲ့ဖေဖေ ပြန်တော့မယ်တဲ့...အာ့ ကြယ်စင် လိုက်ပို့ပေးပြီး နှုတ်ဆက်ချင်လို့ပါ..."
"...အွန်း...သွားလေ..."
"...အာ့..."
"...ဘာကျန်သေးလို့လဲ..."
"...ကြယ်စင် မှ တောင်ကြီး မရင်းနှီးသေးတာ အာ့ ရောင် လိုက်ပို့ပေးပါလား..."
"...ဘယ်ချိန်သွားမှာလဲ..."
"...ရောင် စားပြီးတာနဲ့ သွားမယ်လေ..."
"..ငါ့ကို ရောင် ရောင် ရောင်နဲ့...မင်းကို ဘယ်သူက အဲ့လို ခေါ်ခိုင်းလို့လဲ..."
"...ဟင်...မေမေခင်ထားက ရင်နှီးအောင် ခေါ်ပါဆိုလို့ပါ...အ လို့ ခေါ်တာ မကောင်းဘူးလေ လင်း ကြတော့ မိန်းကလေး ဆန်နေမှာစိုးလို့..ရောင် လို့ ခေါ်တာပါ...ရောင် မကြိုက်ရင် ကြယ်စင် မခေါ်ပါဘူး..."
"...မေမေ ငါ့ကို ဆူအောင် မလုပ်နဲ့ ကြိုက်သလို ခေါ်...သွားပြင်ထားတော့...ငါ သောက်ပြီးတာနဲ့ သွားမယ်..."
"...အွန်း..."
ကြယ်စင် အပေါ်ထပ် တက်ကာ သွားဖို့ ပြင်ဆင်နေလိုက်သည်...။
အလင်းရောင် လည်း ဆိုဖာ မှာ ထိုင်ရင်း ဖုန်းနှိပ်ကာ ကြယ်စင် ဆင်းလာမှာကို စောင့်နေလိုက်သည်...
သိပ်မကြာလိုက်~~~
"...ရောင်...ပြီးပြီ သွားရအောင်..."
"...အင်း...ဟင်...ပြင်ပြီးပြီလား..."
"အင်းလေ..."
အလင်းရောင် အံ့သြ မိသည်က...
ကြယ်စင် က သနပ်ခါးပဲ လိမ်းကာ အဝတ်အစား လဲရုံပဲ စောနက ပုံစံ နှင့် သိပ်မကွာ...သနပ်ခါး တစ်ခုသာ ပိုသည်လေ...
ဒါကို သူက ပြင်သည်တဲ့လေ....
ဟုတ်လည်း ဟုတ်ပါသည်...
သူပြင်တာ ၁၅မိနစ် လောက်ပဲ ကြာသည်လေ..
သိပ်မကြာပါ...
သူ ပြင်ပြီးဆိုတော့လည်း မတတ်နိုင်...
"အင်း...သွားကြမယ်..."
ကြယ်စင် တံခါးတွေ အကုန်ပိတ်ပြီး ကားပေါ်တက်လိုက်သည်...။
နှစ်ယောက်သား စကားမပြော...
အလင်းရောင် ကလည်း ကား ကိုသာ သတိထား မောင်းနေသည်...။
ကြယ်စင် ကလည်း အပြင်ဘက် ရှုခင်းဘက်ကိုသာ အကြည့်ပို့ထားလိုက်သည်...။
ကျွီ.....
ကားလည်း စင်ဝင်အောက် အရောက်...
ဒေါ်ခင်ထား နဲ့ ဒေါ်သိဂီ င်္တံခါးဝမှာ ရောက်နေပြီ
"...မေမေ့..."
ကြယ်စင် ကလေး တစ်ယောက်လို အမေ နှစ်ယောက်လုံး ကို ပြေးဖက်လိုက်သည်...။
"...အမလေး...သမီးနော် သမီးက အိမ်ရှင်မ တစ်ယောက် ဖြစ်နေပြီ..အပျို မဟုတ်တော့ဘူး..."
"...ဟုတ်ကဲ့ပါ...မေမေရယ်.."
"...သိဂီ င်္ရယ်...သမီး ပျော်သလို နေပါစေ...အရမ်းကြီး တွန်းပို့မနေပါနဲ့...တဖြေးဖြေး သူနေတတ်မှာပေါ့..."
"...ကဲ..အိမ်ထဲ ဝင်ပြီး စကားပြောကြပါဗျာ..အပေါက်ဝကြီးမှာ..ရပ်ပြောနေကြတယ်..မြင်မကောင်းဘူး.."
"...ဟုတ်တယ်...လာ အထဲဝင်ရအောင်..."
"...ဟား...ဟား...ဟား..."
"...ဘာတွေများ..သဘောကျ နေကြတာလဲ.."
"...ဘာမှမဟုတ်ပါဘူးကွာ..ဒီလိုပဲ ငယ်ဘဝ အကြောင်းတွေကို ပြောပြရင်း ရယ်နေကြတာ.."
"...မေမေ...ဒီနေ့ ပြန်ကြတော့မှာလား..."
ကြယ်စင် မိခင်ဖြစ်သူ ခါးကို ဖက်ကာ ခေါင်းလေးက မိခင် ရင်ခွင်ထဲ တိုးဝင်နေသည်...။
"...မပြန်သေးပါဘူး..သမီးရယ် ခင်ထားတို့က ၃ ၄ ရက် နေပါဦးတဲ့လေ...အာ့ကြောင့် ၂ ရက် ၃ရက်လောက်တော့ အမေတို့ နေဖြစ်ဦးမယ်..."
"...ဟုတ်...ကောင်းတယ် မေမေ.."
"...ဟင်း...ဟင်း...ငါ့သမီးလေး က အခုမှ ကလေး ပြန်ဖြစ်နေသလိုပဲ..."
"...အမေ ကလည်း..."
"...ဟုတ်ပါပြီ...အမေ တို့ မနက်ဖြန် အင်းလေး သွားလည်ကြမယ်လေ..."
"...အင်းလေး..."
"...ဟုတ်တယ်လေ သမီးရဲ့ ဘာဖြစ်လို့လဲ "
"...ပျော်လို့ပါ..အင်းလေး ကို ရောက်ဖူးချင်နေတာ မေမေ ခင်ထားရဲ့.."
"...မနက်ဖြန် ကျ သမီးတို့ လင်မယား ရယ် မေမေတို့ ဖေဖေတို့ အကုန်သွားမယ်နော်..."
"...ဟုတ်..."
"...သား...မနက်ဖြန် အစော ထနော်.."
"...အွန်းပါ...သိပါတယ်..."
.
#ပန်းခြယ်ရီ
.........................................................
pann လိုအပ်တာလေးတွေ ရှိမှန်းလည်း နားလည်ပါတယ်...
pann ထက် အရေးအသား ကောင်းကြတဲ့ စီနီယာ တွေ အများကြီး ဆိုတာလည်း သိပါတယ်
pann ကြိုးစားပြီး ရေးသွားပါမယ်ရှင့်...