ပိုင်ဆိုင်ခွင့်လေး
#ပန်းခြယ်ရီ
Part ( 1 )
"...မေမေ...အန်တီ ခင်ထား တို့ တောင်ကြီး ကို ပြောင်းတော့မယ် ဆိုတာ...ဟုတ်လားဟင်"
"...ဟုတ်တယ်...သမီးရေ...မနက်ဖြန် ပဲ သွားကြတော့ မယ်..."
"...ရှင်..."
"...သမီး..ဘယ်လိုသိလဲ..."
"...ကျောင်းမှာ ဆရာမ က ပြောတာ...အလင်းရောင် ကျောင်းပြောင်းဖို့ ပြင်နေတယ်တဲ့..."
"...အော်...ညနေကျ ...အန်တီ ခင်ထားက သူတို့ အိမ်ကို ဖိတ်ထားတယ်...လာခဲ့ပါဦးတဲ့...သမီး ဖေဖေ ပြန်လာရင် သွားမှာ..သမီးလည်း ပြင်ထားဦး..."
"...ဟုတ်..."
ကြယ်စင် နဲ့ အလင်းရောင် တို့က အဋ္ဌမတန်း...ကျောင်းသား တွေ....
တစ်ကျောင်းတန်း တစ်ခန်းထဲ....
အလင်းရောင် က ရုပ်ရည် သန့်တော့...မိန်းကလေး တွေ အသည်းကျော်....
ကြယ်စင် အပါအဝင်ပေါ့...
မိဘတွေ ခင်မင်ရင်းနှီးသလောက်
ကြယ်စင်နဲ့ အလင်းရောင် စကား ရင်းရင်းနှီးနှီး မပြောဖူး...ထမင်းစားရေသောက် လောက်သာ
မေးရင် ဖြေတယ်...ခေါ်ရင်ထူးတယ် ဆိုရုံသာ..
အလင်းရောင် က ကြယ်စင် ကို လုံးဝ စကားမပြောဘူး လည်း မဟုတ်...
ရင်းရင်းနှီးနှီး လည်း မဆို...
ကြယ်စင် က သာ သူဘယ်လိုပဲဖြစ်ဖြစ်
ချစ်နေတာ....မလား....
ခုတော့ အဲ့အချစ်နဲ့ ဝေးရတော့မယ်..မဟုတ်လား...
ကြယ်စင် ဂါဝန် အဖြူ ရောင်လေး ရွေးပြီး ဝတ်ထားလိုက်သည်...။
စိတ်တွေလည်း မငြိမ်မသက်...သူ့စိတ်ထဲ ဝမ်းနည်းမှု ဆိုတာ...ဝင်ရောက်နေသည်လေ..။
ဝမ်းနည်းမှုရဲ့...သူငယ်ချင်း ဖြစ်သူ အားငယ်မှုလည်း မခေါ်မိဘဲ ကြယ်စင် ရဲ့ စိတ်ထဲ ဝင်နေပြီလေ...။
"...သမီးရေ...ပြီးရင် သွားကြရအောင်..."
"...ဟုတ်...လာပြီ.."
.
အလင်းရောင် အိမ်တွင်~~~
"...ဟော...ကို အောင်နိုင် တို့ သိဂီ င်္တို့ပါလား...အိမ်ထဲဝင်ကြလေ...လာ..သမီး ကြယ်စင် လည်း လာလေ...လာ.."
ဒေါ်ခင်ထားမှ ဦးဆောင်ပြီး ဧည့်ခန်း ဆီ ခေါ်ဆောင် သွားသည်...။
"...ခင်ထား...တို့ အလုပ်ရှုပ်နေကြတာ ဧည့်သည် ဆိုး တွေကြောင့် အနှောင့်အယှက် ဖြစ်နေမှာ စိုးရတယ်..."
"...မ သိဂီ င်္ ကလည်း...မဟုတ်တာ ခင်ထား ကိုယ်တိုင် ဖိတ်ထားတာကို..."
"...ခင်ထား ယောကျာ်း မြင့်ဆွေ ရော..."
"...လာပါပြီကွာ...အောင်နိုင် ရယ်..."
ဒေါ်ခင်ထား နဲ့ ဒေါ်သိဂီ င်္တို့က တက္ကသိုလ် ကျမှ ခင်ကြတဲ့ သူငယ်ချင်း ဆိုပေမယ့်...အရမ်းကို ခင်ကြတဲ့ သူတွေ....
သူတို့ အိမ်ထောင် ကိုယ်စီ ဖြစ်သွားကြလည်း...သူတို့ အဆက်အသွယ် မပြတ်...
အိမ်ထောင်ဦးစီး အချင်းချင်း လည်း သူငယ်ချင်း တွေလိုပဲ...တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်မင်ကြသည်..
သို့သော်...ထူးဆန်းတာက
အလင်းရောင် နဲ့ ကြယ်စင်....
ခင်ခင်မင်မင် ရင်းရင်းနှီးနှီး မနေကြ...
အလင်းရောင် က ယောကျာ်း လေးတွေနဲ့ ပဲ တရင်းတနှီး နေတတ်သည်...
မိန်းကလေး တွေနဲ့ စကား အပြောအဆို သိပ်မလုပ်...ကြယ်စင် ကိုတောင် မိခင်၏ သူငယ်ချင်း သမီး ဖြစ်နေလို့သာ....နည်းနည်းပါးပါး စကားပြောသည်....။
ကြယ်စင် ကလည်း အလင်းရောင် ကို ခိုးချစ်နေရပေမယ့်...ချစ်နေတာကို ချစ်နေကြောင်း ဖွင့်ပြောဖို့ နေနေသာသာ စကားတောင် ကောင်းကောင်း မပြောရဲ....။
တခြားသူတွေနဲ့ ကြယ်စင် က ပေါက်ပေါက်ဖောက် သလို စကား တရစပ် ပြောနိုင်ပေမယ့်...
အလင်းရောင် ရှေ့ရောက်ရင်တော့...စကား ပြောရဲတဲ့ သတ္တိ တွေ ကြက်ပျောက် ငှက်ပျောက်...
အခုလည်း...ဧည့်ခန်း မှာ အသီးသီး စကားပြောဖော်...ရှိနေကြပေမယ့်...ကြယ်စင် သာ
တစ်ယောက်တည်း အဖော်မဲ့နေရသည်...။
ကြယ်စင် အလင်းရောင် ကို အရမ်းတွေ့ချင်နေတော့...အိမ်ကို ကျီးကန်းတောင်းမှောက် ပတ်ပတ်လည် ဂနာမငြိမ်...လိုက်ရှာနေမိသည်..။
အလင်းရောင် ရယ်...ကြယ်စင် လေ...အလင်းရောင် နဲ့ စကားမပြောရရင်တောင်...မျက်နှာလေးကိုတော့...မြင်တွေ့ချင်တယ်...နောက်ဆုံး အနေနဲ့ နှုတ်ဆက်လိုက်ချင်လို့ပါ....ခဏလေးပဲ ဖြစ်ဖြစ် ကြယ်စင် ရှေ့ လာပေးပါလား...
ကြယ်စင် အားငယ်စွာ ခေါင်းငိုက်စိုက်ပြီး လက်သည်းတွေကို ခြစ်ကုတ် နေချိန်~~~
ဖြူ ဖြူ ဖွေးဖွေး ဖောင်းဖောင်း ဖြစ်နေသော ခြေတစ်စုံ....
ဟင်...အလင်းရောင်
ကြယ်စင် အမှောင်တန်းထဲမှာ အလင်းရောင် မှိန်မှိန်လေးကို တွေ့လိုက်ရသလိုပင်...
"...အအေး...သောက်ကြပါဦးဗျ..."
"...ဟ...ငါ့သားက သိတတ်ပြီး လိမ်မာလိုက်တာ ကွာ.."
"...မြင့်ဆွေ အာ့...ငါ့သားနော်.."
"...ငါ့သားလည်း ဟုတ်ပါတယ် နော်..."
"...မင်း..သားလိုချင်ရင် မင်းမိန်းမ သိဂီ င်္ကို မွေးခိုင်းပါလား..."
"...ရပါပြီ နော်...သားရော သမီးရော ငါ့မှာ ရှိပြီ..ထပ်ယူဖို့ မစဉ်းစားတော့ဘူး..."
"...ကြယ်စင်လည်း ငါ့သမီး..."
"...ကဲပါ..ရှင်တို့ကလည်း သားရော သမီးရော...ကျွန်မတို့ရဲ့ သားနဲ့သမီးပဲ..."
"...အေးလေ...ကလေးတွေကျနေတာ ပဲ..လုနေလိုက်ကြတာ...."
"...ဟုတ်ပါ့..."
အားလုံး ရယ်ရယ်မောမော ပြောဆို နိုင်ကြပေမယ့် ကြယ်စင်တော့...မရယ်နိုင်...။
အလင်းရောင် ကိုပဲ ကြယ်စင် ငေးကြည့်နေမိသည်...မနက်ဖြန် ဆို အဲ့မျက်နှာလေးကို မမြင်ရတော့မှာ မဟုတ်လား...တွေးရင်း...ဝမ်းနည်းမှု ဆိုတာကြီးက...ဝင်လာပြန်သည်...။
ဝမ်းနည်းမှုရဲ့ မိတ်ဆွေ ဖြစ်သူ မျက်ရည်လေးတွေက အဖော် အဖြစ်ပါလာပြီလေ...။
အားလုံး မမြင်ခင်မှာပဲ သူမ မျက်ရည် စ တွေကို ဖယ်ရှား ပစ်လိုက်သည်...။
သိပ်ကြာကြာ ကြယ်စင် အလင်းရောင် ကို မငေးကြည့်လိုက်ရ....အလင်းရောင် က သူ့ပစ္စည်း တွေကို သိမ်းဆည်း ရမယ်ဆိုသော စကားနှင့်အတူ အပေါ်ထပ် သူ့အခန်းဆီ သွားပြီး သိမ်းဆည်း နေတာ...ကြယ်စင် တို့ ပြန်သည်အထိ သူ့အခန်းထဲမှ ပြန်မထွက်လာ....။
ထိုနေ့က ကြယ်စင်နဲ့ အလင်းရောင်ကို နောက်ဆုံး မြင်တွေ့ရခြင်းပါ.....။
.
7နှစ်ကြာပြီးနောက်~~~
"...သမီး...လာထိုင်ပါဦး...မေမေတို့ ပြောစရာစကား ရှိလို့..."
"...ဟုတ်...မေမေ..."
ကြယ်စင် သူမ အမေ ဘေးနား ကပ်ထိုင်လိုက်သည်...။
"...သမီး...သမီးက ကျောင်းလည်းပြီးပြီ...ဘွဲ့လည်းရပြီးပြီဆိုတော့...သမီးကို အိမ်ထောင်ချပေးမလို့ သမီး...."
"...ရှင်..."
"...အံ့သြမနေပါနဲ့...သမီးရယ်...နောက်လည်း သမီးကို အိမ်ထောင်ချပေးရမယ့်အတူတူ အခုက နည်းနည်း စောစော အိမ်ထောင်ချပေးလိုက်တယ်လို့ သဘောထားပါ သမီးရယ်...."
"...ဒါပေမယ့်...မေမေရယ်..."
"...ဒါပေမယ့် တွေ လုပ်မနေပါနဲ့...သမီးရယ်...သမီးကို မေမေတို့က စိတ်ချရတဲ့ သူဆီမှာ အပ်မှာပါကွယ်..."
"...ဟုတ်တယ်...သမီး...သား လင်းရောင် နဲ့ သမီးကို လက်ဆတ်ပေးချင်တယ်...သမီး..."
"...ရှင်..."
ဒီတစ်ခါတော့ ကြယ်စင် အရမ်းပင် အံ့သြ သွားရသည်...သူ ခိုးချစ်နေခဲ့ရတဲ့သူကို သူ လက်ထပ်ရမယ်တဲ့လေ...သူမ ပိုင်ဆိုင်ရမည်တဲ့လေ...
ဖြစ်နိုင်ပါ့မလား....
"...အလင်းရောင် နဲ့ လက်ထပ်ပေးဖို့ အမေတို့ ပြောနေတာလား..."
"...ဟုတ်တယ်လေ သမီး..."
သူရော...လက်ခံရဲ့လား....
ကြယ်စင် တွေဝေနေမိသည်....။
"သူရော...လက်ခံပါ့မလား..."
"...လက်ခံမှာပါ သမီးရယ်...ခုလည်း မေမေတို့ ခင်ထားတို့နဲ့ အကုန် ပြောပြီးဆိုပြီးကြပြီးပြီ..."
"...ဖေဖေကရော...သဘောတူလား..."
"...သမီးရယ်...သဘောတူတာထပ်...စိတ်ချရတဲ့ သူဆီမှာ သမီးကို အပ်ရတာ...ဖေဖေ စိတ်ချတယ်...သမီး...တခြား သူစိမ်း လက်ထဲ ဖေဖေ လွယ်လွယ်ကူကူ ထည့်ပေးနိုင်မှာ...မဟုတ်ဘူး သမီး တစ်ယောက်ထဲ အဖေတို့ မှာ..ရှိတာ..ငါ့သမီးလေးကို သူစိမ်း လက်ထဲတော့ အစိမ်းသက်သက် မထည့်ပေးလိုက်နိုင်ဘူး...သမီးရယ်..."
"...ဟုတ်တယ်...သမီး...မေမေ လည်း သမီးအဖေ ဆန္ဒ လိုပဲ...ငါ့သမီးလေးကို သူစိမ်း လက်ထဲကို အပ်ဖို့ မေမေ စိတ်မချဘူး...ကွယ်..."
ဒေါ်သိဂီ င်္...ကြယ်စင်ရဲ့ လက်တစ်စုံကို စုကိုင်ကာ အသံတိမ်ဝင်လျက် မျက်ရည်ကျ ပြီး...ကြယ်စင် ကို ပြောနေရှာသည်...။
ကြယ်စင်...စိတ်ထဲမကောင်း....။
"...မေမေတို့ စိတ်ချမ်းသာ သလို စီစဉ်ပါ...သမီး နာခံပါ့မယ်..."
"...လိမ်မာလိုက်တာ မေမေ့သမီးလေးရယ်..."
ဒေါ်သိဂီ င်္...ကြယ်စင် ကို ဖက်ကာ မျက်ရည်တွေများ ကျဆင်းလာသည်...။
ဦးအောင်နိုင်လည်း...ဇနီးဖြစ်သူ ၏နောက်ကျော ဘက်မှာ ဝင်ထိုင်ရင်း ဇနီး ကျောပြင်ကို အသာအယာ ပုတ်ပေးကာ....
သူ၏ ဝမ်းနည်းမှုကို မျက်ရည်တွေဖြင့် သက်သေမထူနိုင်ပေမယ့်....မျက်ဝန်းအိမ် ထဲမှာတော့ မျက်ရည် ပင်လယ် ဝေနေသည်....။
.
"...သား...လက်မခံနိုင်ဘူး...မေမေ..."
"...ဘာဖြစ်လို့လဲ...သား..."
"...သား...ဒီကိစ္စ ကို လုံးဝ လက်မခံနိုင်ဘူး မေမေ..."
"...ဘာဖြစ်လို့လဲ...ဘာလို့ လက်မခံနိုင် ဖြစ်နေရတာလဲ..."
"...သား...အခုမှ အလုပ်ဝင်ဖို့ ကြိုးစားနေတာ...အလုပ်အခြေတကျ ဖြစ်မှ သား...အိမ်ထောင်ပြုမယ်လို့ တွေးထားတယ်...မေမေ...ပြီးတော့ သား လှိုင့်ကို...ဖွင့်ပြောဖို့ အကုန် စီစဉ်ထားပြီးသား..."
"...အလုပ်က မင်း...မသေမချင်း လုပ်နေရမှာပဲ...မလုပ်ချင်ပါဘူး...ဆိုတဲ့အထိ လုပ်နေရမှာ...အလုပ်ရှာဖို့ကိုလည်း မင်းခေါင်းဦးနှောက်ခြောက်မနေနဲ့...အဲ့ကိစ္စ ပူစရာ မလိုဘူး...ပြီးတော့ ကြယ်စင် ကို မင်းယူရမယ်...ကြယ်စင်ကိုပဲ လက်ထပ်ရမယ်...ကြယ်စင်ကလွဲရင် ဘယ်မိန်းကလေး ကိုမှ မေမေ့ချွေးမ အဖြစ် လက်ခံမှာ မဟုတ်ဘူး...လှိုင်ကို မင်း လက်တွဲဖော် အဖြစ် တွေးထားရင် အဲ့အတွေး မြောင်းထဲ လွှတ်ပစ်တာ...အကောင်းဆုံးပဲ...မင်း ကြယ်စင်နဲ့ လက်ထပ်ဖို့ လက်ခံတာ လက်မခံတာကို ငါ မေးတာ မဟုတ်ဘူး...ငါ...မင်းနဲ့ကြယ်စင်ကို ပေးစားဖို့ ကို ပြောပြတာ...မင်း...သိထားဖို့ပဲ..."
"...ဟ...အမေ့..အာ့..."
"....တော်...မင်း...ငါ့စကား နားထောင် ပါ...သိဂီ င်္တို့နဲ့လည်း အားလုံး ပြောပြီးဆိုပြီးကြပြီးပြီ...ငါ့ကို သားကိုတောင် မနိုင်တဲ့ မိခင် ဖြစ်အောင်လုပ်မလို့လား...သားတောင် မနိုင်တဲ့မိခင် ဆိုပြီး လူတကာ အပြောခံရအောင်...လုပ်နေတာလား..ငါ...အားလုံး ကို မင်းနဲ့ကြယ်စင်ကို လက်ထပ်ပေးပါမယ် ဆိုပြီး ကတိပေးပြီးသွားပြီ...ဒါကို ငါက ကတိ ဖျက်တဲ့ မိန်းမ ဖြစ်အောင်...လုပ်မလို့လား...ဟမ်...ပြောစမ်းပါဦး..."
"...အမေကလည်း ဗျာ...ကျစ်..."
"...ငါလက်နဲ့ရေးတာကို မင်း ခြေနဲ့ဖျက်ဖို့ စိတ်မကူးနဲ့..."
"...ကျစ်...အမေ လုပ်ချင်သလိုသာ လုပ်တော့ဗျာ..."
နောက်ဆုံး အလင်းရောင် ဒေါ်ခင်ထား စကားကို ခေါင်းညိမ့်လိုက်မိသည်...။
ကြယ်စင် ဆိုတာ...သူ ငယ်တုန်းက သိခဲ့တဲ့ မိန်းကလေး တစ်ယောက်...
အခု သူက ဘယ်လို ဘယ်ပုံ ဖြစ်နေမလဲ
သူမသိ...
မသိတဲ့ သူကို လက်ထပ်ရမည်တဲ့လေ...။
ကိုယ့်ကို ဂေါ်မစွံဘဲ... မိဘ တွေ ကြောင့် စွံသွားတဲ့ ကောင်လို့...စ ခြင်းကို ခံရပေဦးမည်...။
လှိုင် ကို ချစ်စကား ပြောပါမယ် ဆိုပြီး...ကြေညာမောင်းထု ထားပြီးသွားပြီ...။
အခု...သူ ကတိ မတည်...သစ္စာ မရှိတဲ့ ကောင်လို့ ဝိုင်း သမုတ်ခံရတော့မည်...။
မိခင် ဖြစ်သူက ဒါလုပ်ဆို ဒါလုပ်မှ ကြိုက်သည်...မိခင် ဖြစ်သူ၏ စိတ်ကိုလည်း...သိသူ ဖြစ်၍ ဘာမှ အထွတ် မတက်ရဲ...။
မိခင်၏ အလိုဆန္ဒ ကို လိုက်လျော မိသည်လေ..။
"...ကျေးဇူး ပါ...သားရယ်..."
ဒေါ်ခင်ထား သား ဖြစ်သူ အခန်းထဲမှ အပြုံးတွေ ပိုက်ကာ...ထွက်သွား တော့မှ အလင်းရောင် ခုတင်ပေါ် ပစ်လှဲကာ...သက်ပြင်းရှည် ချမိသည်
ဟူး.~~~~~~~
.
ရက်သတ္တပတ် အကြာ....
"...သမီး...ကြယ်စင် အဆင်သင့် ပြင်ထားတော့နော်...ခင်ထား တို့ ရောက်တော့ မယ်တဲ့.."
"...ဟုတ်...မေမေ..."
ကြယ်စင် မှန်တင်ခုံ ရှေ့ထိုင်နေပေမယ့်....
စိတ်ကတော့ ဘယ်ရောက်လို့ ရောက်နေမှန်းမသိပါ....
ရင်ခုန်သလိုလို...ဝမ်းနည်းမိသလိုလို...
စိုးရိမ်ပူပန်နေသလိုလို...
မမြင်တာကြာပြီ ဖြစ်တဲ့ တစ်ချိန်က ချစ်ခဲ့ရတဲ့သူကို ပိုင်ဆိုင်ခွင့်လေး ရတော့မှာ မလို့...စိတ်တွေ လှုပ်ရှားပြီး...ရင်ခုန်နေတာလား....
အလင်းရောင် ဆိုသော သူ က အခု ဘယ်လိုပုံ ပေါက်နေပြီလဲ...မသိပေမယ့်...
ယခု သူနဲ့လက်ဆတ်ရတော့ မှာမလို့ စိုးရိမ်နေမိတာလား...
ထိုချိန်~~~~
တီ...တီ...တီ...
ကြယ်စင် ခြံရှေ့က ကားဟွန်းသံ ကို ကြားတော့
ပိုပြီး စိတ်တွေ မြန်မြန် လှုပ်ရှားနေတာက..
ရထား 7 စင်း အမြန် ခုတ်မောင်းနေသလိုပင်...။
"...သမီးရေ...ပြင်ပြီးရင်...အောက်ထပ် ကို ဆင်းခဲ့တော့နော်..."
"...ဟုတ်...မေမေ..."
ဒေါ်သဂီ င်္ သမီးဖြစ်သူ ကြယ်စင် ကို ခေါ်ပြီး အောက်ထပ် သို့ အမြန် ဆင်းလာသည်...။
"...ခင်ထားတို့...လာကြ..."
"...အားနာလိုက်တာ သိဂီ င်္ရယ်...ခင်ထားတို့ နောက်ကျသွားတယ်..."
"...အို...မဟုတ်တာ ခရီးက နီးတာမှ မဟုတ်တာ သိဂီ င်္နားလည်ပါတယ်...လာပါ...အထဲမှာ ရပ်ကွက်လူကြီးတွေ ရောက်နေကြပြီ.."
"...အားနာစရာတွေ ဖြစ်နေပါပြီ...အမှန်ဆို ဒါတွေကို ခင်ထားပဲ လုပ်ရမှာ...အခုတော့ သိဂီ င်္လုပ်သွားရတာ အားနာလိုက်တာ "
"...အားနာမနေပါနဲ့ ခင်ထားရယ်...သိဂီ် င်္ကတော့ သားနဲ့သမီး အတွက် အခုလို လုပ်ပေးရတဲ့ အတွက် ဝမ်းသာတယ်..."
"
...ကျေးဇူး ပါ...သိဂီ င်္ရယ်...သိဂီ င်္ရှိလို့သာ အခုလို ပွဲလေး ဖြစ်မြောက်တာ..."
"...မဟုတ်တာ လာ...သွားရအောင် လေ...သား..လာလေ ဧည့်ခန်း သွားရအောင် ခဏနေမှ သမီး ဆင်းလာလိမ့်မယ်..."
ဟွန့်...သူ့ဘာသာ ဆင်းလာလာ မလာလာ...စိတ်မဝင်စားပါဘူးလို့...ပြောချင်သော်လည်း...
"...ဟုတ်ကဲ့..."
ဒေါ်ခင်ထား ဆိုဖာပေါ် ထိုင်လည်းထိုင်ရင်း..
"...အားနာလိုက်တာ ရှင်...ကျွန်မတို့ အရမ်း နောက်ကျသွားတယ်...စောင့်ရတဲ့အတွက် တောင်းပန်ပါတရ် နော်..."
"...ရပါတယ် ဗျာ...ခရီးဝေး ဆိုတော့ ကျွန်တော် တို့လည်း နားလည်ပါတယ် ဗျာ..."
"...ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မ က သတို့သားလောင်း အမေ ဒေါ်ခင်ထား ပါ..အဖေ ဖြစ်သူကတော့ ခရီးလွန်နေတော့ ဒီ စေ့စပ်ပွဲ လေးကို မလာဖြစ်တာပါ..မင်္ဂလာ ပွဲကိုတော့ သူ တက်ဖြစ်အောင် တက်မှာပါ...ဒီပွဲ သူ မပါလို့ သူဒီ မင်္ဂလာ ကိစ္စ ကို ကန့်ကွက် နေကြတယ် လို့ ထင်နေမှာစိုးလို့ပါ...သူကလည်း ခင်ထားရဲ့ သဘောထားလိုပါပဲ...သူ မလာဖြစ်တာကိုတော့ အစောကြီးကတည်းက သတို့သမီးလောင်း မိဘ တွေကိုတော့...ကြိုတင် အကြောင်းကြားထားပါတယ်ရှင့်..."
သား...သဘောထားကိုတော့ အမေ လျစ်လျူ ရှု ခဲ့တာကိုလည်း...ထည့်ပြောလေ...။
"...သမီး...လာလေ..."
"...ဟယ်...သမီးလား...သမီးကြယ်စင် လေးက အရမ်းချောတာတော့ မှတ်တောင်မမှတ်မိဘူး..ကျန်း...ချစ်ဖို့ကောင်းလိုက်တာ...လာလေ သမီး.."
ကြယ်စင် က ကိုယ်လေးကျုံ့ ခါးလေးညွှတ်...ခေါင်းလေးငုံ့ကာ လူကြီးတွေရှေ့ ဖြတ်လျှောက်လာကာ အလင်းရောင် ဘေးနားမှာ ဝင်ထိုင်လိုက်သည်...။
သို့သော် နီးကပ်ကပ် ထိုင်နေပေမယ့်...အလင်းရောင် ကြယ်စင် ကို မျက်လုံး တောင် ဝေ့ဝဲ မကြည့်...။
ဒါကို...ကြယ်စင် ခံစားမိသည်...။
"စေ့စပ်ပွဲ ကတော့ အထမြောက် ပြီ....သတို့သမီး လောင်း နဲ့ သတို့သား လောင်း က နေနဲ့လ ရွှေနဲ့မြ ရှေ့သွားနောက်လိုက် ညီတယ်ဗျာ...မင်္ဂလာ ပွဲကိုရော...ဘယ်တော့လောက် လုပ်ဖြစ်မယ် စိတ်ကူးထားလဲဗျ..."
ဦးလေးသာ ရှေ့သွားနောက်လိုက် တဲ့...သူကဖြင့် ကြယ်စင် ကို ယောင်လို့တောင် လှည့်မကြည့်တာ...အေးတိအေးစက်နဲ့
ဟွန့်....သူနဲ့လား နေနဲ့လ ရွှေနဲ့မြ ဝေးသေး...
သူက ကျွန်တော့် ကို မိဘ အားကိုးနဲ့ ပိုင်ဆိုင် အောင် လုပ်တဲ့ သူ....
"...ဒီလကုန်လောက် လုပ်ဖြစ်မယ်...ဒီမှာလည်း မင်္ဂလာ တစ်ခါ...တောင်ကြီးမှာလည်း တစ်ခါ လုပ်ဖို့ အကုန် စီစဉ်ထားတာမလို့ ဒီမှာတော့ မြန်မြန် ဆန်ဆန် လုပ်ဖြစ်ကြမယ် ထင်တယ်...မင်္ဂလာ ပွဲကျ လာပြီး တက်ရောက်ကြပေးပါဦးနော့်..."
"...လာရမှာပေါ့ ဗျာ...ရပ်ကူရပ်သားတွေပဲ မဖြစ်မနေ ကို လာပေးမယ်ဗျ...လိုအပ်တာ ရှိလည်း ပွင့်ပွင့်လင်းလင်း ပြောပါ...ကျုပ်တို့ တတ်နိုင်သလောက် ကူညီ ပါမယ်..."
"...ဟုတ်..ကျေးဇူး ပါရှင်...သုံးဆောင် ကြပါဦးရှင့်..."
"...ဟုတ်..."
စေ့စပ်ပွဲ ကတော့ သက်ဆိုင်သူ တွေ မျက်နှာချင်းတောင် မဆိုင်ဘဲ...ပြီးမြောက် သွားခဲ့ပြီလေ...
.
ဒေါ်ခင်ထား နဲ့ အလင်းရောင် အရင်အိမ်ဟောင်းလေးမှာပဲ ပြန်နေကာ...မင်္ဂလာ ပွဲအတွက် လိုအပ်တာတွေ ပြင်တာ ဆင်တာနဲ့ ကိုယ်စီ တာဝန်ခွဲကာ...အလုပ်ရှုပ်နေကြသည်...။
လိုအပ်လာလျှင် ဟိုအိမ်ကူး ဒီအိမ်ကူး သွားဖြစ်ပေမယ့်....
ကြယ်စင်နဲ့ မတွေ့ဖြစ်အောင် အလင်းရောင် အမြဲ ရှောင်နေသည်လေ...
အခုထိ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းတောင် မဆိုင်ဖြစ်သေး ~~~
ကြယ်စင် လည်း မင်္ဂလာ ပွဲအတွက်
ဝတ်စုံ တွေ အပ်ရ...အရောင် ရွေးရ
ခန်းမ တွေ မှာ ပြင်ဆင် ထားတာတွေကို
သဘောမကျမိတဲ့အချက် ပြန်ပြင်ခိုင်းရ...
ဖိတ်စာ ဒီဇိုင်း ရွေးရ...ထုတ်ရ...ဝေရ နှင့် အလုပ်ပင် မအားလပ်...
ဒီကြားထဲ သူငယ်ချင်း တွေက သူတို့ ကို အကျိုးအကြောင်း မပြောရကောင်းလား ဆိုပြီး...
စိတ်ဆိုး စိတ်ကောက်နေကြသည်မို့...စိတ်ပြေအောင် ကြယ်စင် ပြန်ပြီး ချော့နေရသည်..။
"...စိတ်မဆိုးကြပါနဲ့ဟာ...အခု မင်္ဂလာ ဆောင်ကလည်း ရုတ်တရက်ကြီး ထ ပြင်ဆင် လို့ပါ...နော်...စိတ်မဆိုးကြပါနဲ့နော်...နော်..."
"...တော်...ကျုပ်တို့ကို ဘယ်ချိန်မှ ပြောဖို့ စိတ်ကူးထားတာလဲ...ဟမ်...မင်္ဂလာ ဆောင်မယ့်နေ့ကျမှလား.."
"...မဟုတ်ပါဘူး ဟ...အခုလည်း သိကြနေပြီပဲကို...စိတ်မကောက်ကြပါနဲ့ဟာ..."
"...အခု သိတယ်...ဒါပေမယ့် တော် ပြောလို့ သိတာလား..."
"...မေမေပြောတာကိုပဲ...ကေသွယ်ရယ် စိတ်မဆိုးနဲ့နော်...နော်...နော်လို့..."
"ထားပါတော့...ငါတို့ ဘာကူညီရမလဲ..."
"...ဖိတ်စာ သွားဝေ ရအောင်...လိုက်ခဲ့ပေးကြနော်..."
"အာ့...နင့် လင်တော်မောင် နဲ့ အတူ သွားပါလား..."
သူကဖြင့် ကြယ်စင်နဲ့ တောင် မျက်နှာချင်းဆိုင်ဖို့ နေနေသာသာ ဘေးချင်းကပ်ထိုင်ခဲ့တာတောင် ယောင်လို့တောင် မျက်လုံး ဝေ့ဝဲ စောင်းကြည့်ခဲ့တာ မဟုတ်ဘူး...ဘယ်လိုလုပ်ပြီး ကြယ်စင် က သူ့ကို သွားဖို့ စကား စ ရဲမှာလဲ...
အဲ့စကား တွေက ကြယ်စင်ရဲ့ ပါးစပ် ပေါက်ဝလေးတောင် အရောက်မခံလိုက်...
"...သူလည်း အလုပ်ရှုပ်နေတယ်လေ...ပြီးတော့ သူက ကျောင်းပြောင်း မြို့ပြောင်းသွားတော့ ဒီမှာ အသိမိတ်ဆွေ အဲ့လောက် မရှိဘူးလေ...ငါပဲ ဒီမှာ အသိများတာကို...ပြီးတော့ သူငယ်ချင်း တွေအားလုံးလည်း နင်တို့လိုပဲ ငါ့ကို စိတ်ဆိုးနေကြမှာ..ငါ့ကို နင်တို့ က ဝိုင်းကူ ပြောပေးပေါ့...နော်...နင်တို့ လည်း သိတဲ့အတိုင်း...ငါ့မင်္ဂလာ ပွဲက ရုတ်တရက် ဆန်ပြီး အရမ်း မြန်တာကို..."
"အမလေး...မတော်ရသေးတဲ့ လင်ကို ကာကွယ်ပေးနေလိုက်တာ...ကြည့်လိုက်..."
"..ကာကွယ် ပေးမှာပေါ့...သူ့ ငယ်ချစ်ပဲ..."
"...နင်တို့ကလည်း..."
"...နင်တို့ကလည်း...လုပ်မနေနဲ့...နင့်အကြောင်း ငါတို့ မသိရင် ခက်မယ်..."
"...နင်တို့ကလည်း လာပါ...သွားရအောင်..."
"...အင်း..."
#ပန်းခြယ်ရီ
...................................................
Pann ရဲ့ ပိုင်ဆိုင်ခွင့်လေး ကို ဖတ်ရှုကြပေးပါဦးလို့...မေတ္တာ ရပ်ခံချင်ပါတယ်ရှင့်...
အားလုံး ရဲ့ အချိန် နည်းနည်းလောက်လေး ဖြစ်ဖြစ် ဖဲ့ပြီး..pann ဝတ္ထု လေးကို ဖတ်ပေးပါလို့
ပြောချင်ပါတယ်ရှင့်...
ပြီးတော့ pann ရေ...ဘယ်နား က ဘယ်နေရာမှာ ဘယ်လိုလေး ရေးရင် ပို ကောင်းတယ်လို့ အကြံပြု ချက် လေးကိုလည်း လိုချင်ပါတယ်ရှင့်
Pann ရဲ့ ကြိုးစားမှုကို အသိမှတ် ပြုပေးကြဖို့
မျှော်လင့်နေလျက်~~~~