Part 2 (Unicode)
''မြေးလေးရေ မြေးလေး´´
''အဖွားကုမ္ပဏီခဏသွားမို့ဘာမှာဦးမလဲ´´
''ကိုယ်ကသာခေါ်နေတယ်မြေးလေးကအခန်းထဲမရှိဘူး´´
မြေးဘယ်ရောက်သွားပါလိမ့်အောက်ထပ်မုန့်ဆင်းစားနေတယ်ထင်တယ်ဆိုပြီးဝမ်ဖွားဖွားတစ်ယောက်ထမင်းစားခန်းထဲဝင်လာတော့လဲမတွေ့မိဘူး အဲ့ဒါနဲ့ အိမ်ကအလုပ်သမားတွေမေးကြည့်တော့လဲတစ်ယောက်မှမတွေ့သေးဘူးအောက်ထပ်ဆင်းမလာသေးဘူးပဲပြောနေကြတယ် ခေါင်းထဲမီးပွင့်သွားသလိုပဲ ဒါဆိုမြေးလေးကဘယ်ရောက်သွားတာလဲ ဝမ်ပါးပါးနဲ့မားမားဆုံးပြီးကတည်းကအပြင်လောကကိုပေးမထွက်ပဲအိမ်မှာပဲအစစအရာရာလိုလေးသေးမရှိအောင်ထားပြီးလက်ညှိုးညွှန်တာမှန်သမျှမြေးရှေ့မှောက်အရောက်ပို့ခဲ့တာ အခုတော့ မြေးလေးပျောက်နေတယ်ဆိုတော့ ကလေးကဘယ်မှသွားတတ်လာတတ်တာလဲမဟုတ်ဘူး အပြင်မှာကလူလိမ်လူညာတွေကပေါပါဘိနဲ့စိုးရိမ်လိုက်တာမြေးလေးရယ်
ဝမ်နင်းတို့ဘယ်ရောက်နေလဲလာခဲ့ကြစမ်း
" ဟုတ်ရောက်ပါပြီဖွားဖွားကြီး "
"မြေးလေးပျောက်သွားတာနင်တို့တစ်ယောက်မှမသိကြဘူးလားဘာလုပ်နေကြလို့လဲဒီကလေးလေးတစ်ယောက်တောင်မစောင့်ရှောက်နိုင်ဘူးလားအသုံးကိုမကျဘူး ",
" ဟို ဝမ်လေးက သရက်ပင်ပေါ်ကအပေါ်မှာမှည့်နေတဲ့အပင်မှည့်မှစားချင်တာ ခူးပေး ခူးပေးတဲ့အလုံးမှာလဲပွန်းရာပဲ့ရာပါရင်လဲမစားဘူး ထိပ်ကအညှာလေးရယ်သရက်ရွက်လေးရယ်မပါရင်လဲ မစားပဲသူစားချင်တာမလုပ်ပေးဘူးဆိုပြီးဖွားဖွားနဲ့တိုင်မယ်ပြောလို့ ဝမ်လေးကိုခဏစောင့်ပါဆိုပြီးကျွန်တော်တို့သွားခူးနေလို့ပါဖွားဖွား "
" ဝမ်ချင်တို့ကကောဘာလုပ်နေလဲ"
" ယိုးဒယားစပျစ်သီးစားမယ်ဒါပေမယ့်အခွံခွါပြီးအထဲကအစေ့ထုတ်ပေးပါတဲ့အဲ့ဒါကိုအလုံးပုံစံမပျက်စေနဲ့တဲ့ပျက်ရင်မစားဘူးဆိုလို့အဲ့ဒါခွာနေလို့ပါဖွာဖွား "
ဟင်းးးးးမြေးလေးနဲ့တော့ခက်တာပဲ အိမ်မှာပဲဘွဲ့ရအောင်ဆရာခေါ်ပြီးစာသင်ပေးပြီးကတည်းကဘွဲ့ရင်အပြင်ကိုသွားပါရစေခွင့်တောင်းနေတာကိုမြေလေးစိတ်မချလို့မလွှတ်မိတာနဲ့အိမ်ကလူတွေပေါက်ပေါက်ရှာရှာခိုင်းပြီးရအောင်ခိုးထွက်သွားတယ် မြေးလေးမှာပိုက်ဆံမပါဘာမပါနဲ့ ဖွားအရမ်းစိတ်ပူနေပြီမြေးရယ် ဖွားမြေးလေးဘေးမသီရန်မခပဲလူကောင်းလေးတွေနဲ့ဆုံပါစေ ဖွားပြုသမျှကုသိုလ်ကောင်းမှုများတိုင်တည်ပြီးဆုတောင်းပါတယ်
" ဝမ်ချင် ဒီ အိမ်ရာဝန်းထဲမှန်သမျှရေမြောင်းပါမချန်ထွက်ရှာချေ "
" ဟုတ်ကဲ့ ဖွားဖွား "
"ဝမ်နင် မင်းကတစ်မြို့လုံးပတ်ရှာ ကိုယ့်ဘာသာပဲရှာနော် ရဲမတိုင်နဲ့ဦး ငါ့မြေးလေးကိုရဲကတွေ့လို့ခေါ်သွားရင်ငါ့မြေးလေးအရမ်းလန့်သွားလိမ့်မယ် မင်းတို့အင်အားအကုန်သုံးပြီးသွားရှာလာခဲ့ ငါ့မြေးလေးမပါရင်မင်းတို့လဲပြန်မလာနဲ့ "
" ဟုတ်ဟုတ် အခုပဲသွားရှာလိုက်ပါ့မယ်ဖွားဖွား "
ဆိုပြီး ဝမ်ချင်နဲ့ဝမ်နင်မှာအမြန်ပင်ဖွားရှေ့မှထွက်လာခဲ့တော့သည်
ဖွားမှာလဲ ဘုရားခန်းထဲပြန်ဝင်ပြီးမြေးလေးဒုက္ခမတွေ့စေရန် ဆုတွေတောင်းပြီး ရင်းတောင်းနေတော့သည်
ကုမ္မဏီလဲမလာနိုင်ကြောင်းဖုန်းဆက်အကြောင်းကြားထားလိုက်လေသည် အခုအချိန်မှာမြေးလေးလောက်ဘယ်အရာမှအရေးမကြီးပေ မြေးလေးရေ အဖွားဆီအမြန်ပြန်လာခဲ့ပါကွယ် ဖွားကိုယ်တိုင်မြေးသွားချင်တာမှန်သမျှလိုက်ပို့ပေးပါ့မယ် မြေးသာအိမ်အရောက်ပြန်ခဲ့ပါ
မြေးလေးရယ်
Part 2(Zawgyi)
Part 2
''မြေးလေးရေ မြေးလေး´´
" ဟုတ်ကဲ့ ဖွားဖွား "
မြေးလေးရယ်