ကောင်းကျိုးမပေးသော သမီးပျို P...

By FinToneLone

685K 83.7K 1.7K

ရှန်ယန်ရှောင်(Zawgyi+Unicode) More

၃၉၉
၄၀၀
၄၀၁
၄၀၂
၄၀၃
၄၀၄
၄၀၅
၄၀၆
၄၀၇
၄၀၈
၄၁၀
၄၁၁
၄၁၂
၄၁၃
၄၁၄
၄၁၅
၄၁၆
၄၁၇
၄၁၈
၄၁၉
၄၂၀
၄၂၁
၄၂၂
၄၂၃
၄၂၄
၄၂၅
၄၂၆
၄၂၇
၄၂၈
၄၂၉
၄၃၀
၄၃၁
၄၃၂
၄၃၃
၄၃၄
၄၃၅
၄၃၆
၄၃၇
၄၃၈
၄၃၉
၄၄၀
၄၄၁
၄၄၂
၄၄၃
၄၄၄
၄၄၅
၄၄၆
၄၄၇
၄၄၈
၄၄၉
၄၅၀
၄၅၁
၄၅၂
၄၅၃
၄၅၄
၄၅၅
၄၅၆
၄၅၇
၄၅၈
၄၅၉
၄၆၀
၄၆၁
၄၆၂
၄၆၃
၄၆၄
၄၆၅
၄၆၆
၄၆၇
၄၆၈
၄၆၉
၄၇၀
၄၇၁
၄၇၂
၄၇၃
၄၇၄
၄၇၅
၄၇၆
၄၇၇
၄၇၈
၄၇၉
၄၈၀
၄၈၁
၄၈၂
၄၈၃
၄၈၄
၄၈၅
၄၈၆
၄၈၇
၄၈၈
၄၈၉
၄၉၀
၄၉၁
၄၉၂
၄၉၃
၄၉၄
၄၉၅
၄၉၆
၄၉၇
၄၉၈
၄၉၉
၅၀၀
၅၀၁
၅၀၂
၅၀၃
၅၀၄
၅၀၅
၅၀၆
၅၀၇
၅၀၈
၅၀၉
၅၁၀
၅၁၁
၅၁၂
၅၁၃
၅၁၄
၅၁၅
၅၁၆
၅၁၇
၅၁၈
၅၁၉
၅၂၀
၅၂၁
၅၂၂
၅၂၃
၅၂၄
၅၂၅
၅၂၆
၅၂၇
၅၂၈
၅၂၉
၅၃၀
၅၃၁
၅၃၂
၅၃၃
၅၃၄
၅၃၅
၅၃၆
၅၃၇
၅၃၈
၅၃၉
၅၄၀
၅၄၁
၅၄၂
၅၄၃
၅၄၄
၅၄၅
၅၄၆
၅၄၇
၅၄၈
၅၄၉
၅၅၀
၅၅၁
၅၅၂
၅၅၃
၅၅၄
၅၅၅
၅၅၆
၅၅၇
၅၅၈
၅၅၉
၅၆၀
၅၆၁
၅၆၂
၅၆၃
၅၆၄
၅၆၅
၅၆၆
၅၆၇
၅၆၈
၅၆၉
၅၇၀
၅၇၁
၅၇၂
၅၇၃
၅၇၄
၅၇၅
၅၇၆
၅၇၇
၅၇၈
၅၇၉
၅၈၀
၅၈၁
၅၈၂
၅၈၃
၅၈၄
၅၈၅
၅၈၆
၅၈၇
၅၈၈
၅၈၉
၅၉၀
၅၉၁
၅၉၂
၅၉၃
၅၉၄
၅၉၅
၅၉၆
၅၉၇
၅၉၈

၄၀၉

3.9K 383 7
By FinToneLone

        ေကာင္းက်ိဳးမေပးေသာ သမီးပ်ိဳ

        အခန္း(၄၀၉)

        မ်က္ေတာင္တစ္ခတ္အတြင္းမွာပဲ ေလာင္းဖန္နဲ႔ရွန္ေဂါင္းေရွာင္တို႔အား ရွန္ယန္ေရွာင္စိန္ေခၚေသာ သတင္းက တစ္ေက်ာင္းလံုးကိုပ်ံ႕သြားခဲ့ပါသည္။ ေဆးပညာဌာနရဲ႕နံပါတ္တစ္ေနရာကို ေျခခ်ခဲ့ဖူးတဲ့ေက်ာင္းသားသစ္ေလး ျပန္ေရာက္ၿပီဆိုတာကို လူတိုင္းသိသြားၾကပါေတာ့တယ္။

        ေတာ္၀င္ရိုလန္ေက်ာင္း ေဆးပညာေက်ာင္းသားေတြရဲ႕ က်ဆင္းေနေသာစိတဓာတ္ေတြ ခ်က္ျခင္းေတာက္ေလာင္သြားၾကပါတယ္။ ေက်ာင္းသားတိုင္းလိုလိုက ရွန္ယန္ေရွာင္အတြက္ တိတ္တဆိတ္အားေပးမိလိုက္ၾကပါသည္။

        စိန္ေခၚမႈကိစၥၿပီးျပတ္တာနဲ႔ ေလာင္းကစားရံုကို သူမျပန္သြားခဲ့သည္။ ေလာင္းဖန္နဲ႔ရွန္ေဂါင္းေရွာင္တို႔လည္း သူမထြက္သြားၿပီးေနာက္ စာၾကည့္တိုက္ကေနထြက္သြားလိုက္ၾကပါတယ္။

        ေလာင္းဒီ ဒီအေၾကာင္းကိုၾကားသိတဲ့အခါမွာ ရွန္ယန္ေရွာင္က ေလာင္းကစားရံုကိုေရာက္ေနၿပီျဖစ္တာေၾကာင့္ သူမကိုလူကိုယ္တိုင္သြားေခၚတဲ့ကိစၥ မေအာင္ျမင္ခဲ့ရပါ။

        ရွန္ယန္ေရွာင္ကို ဖမ္းမမိတဲ့အတြက္ ရဲခ်င္ဆီေျပးကာ အသနားခံပါေတာ့တယ္။

            "သမားေတာ္ႀကီးရဲ ရွန္ဂ်ဴကိုေဖ်ာင္းျဖေပးပါဦး။ ဒီတစ္ေခါက္သူ႔လုပ္ရပ္က ေတာ္ေတာ္စြန္႔စားရာက်ေနပါတယ္"

        ရဲခ်င္ရဲ႕ တည္ၿငိမ္ေအးေဆးတဲ့မ်က္ႏွာမွာ ဘာအမူအယာမွ မေတ႔ြရပါဘူး။ ၿပိဳင္ပြဲအေၾကာင္းကို ေလာင္းဒီထံကေန သူအားလံုးသိၿပီးၿပီျဖစ္ကာ သက္ျပင္းခ်ရင္းေျပာလိုက္ပါတယ္။

            "ဒီကေလး ရွန္ဂ်ဴက ပံုမွန္အားျဖင့္ေတာ့ ၾကင္နာတတ္တယ္လို႔ ျမင္ရေပမယ့္ တစ္ကယ္တန္းေတာ့ သူ႔စိတ္ဓာတ္က အလြန္အမင္းေခါင္းမာၿပီး တစ္ဇြတ္ထိုးလုပ္တတ္တယ္။ အခုလည္း လူလယ္ေခါင္မွာ စိန္ေခၚထားတာျဖစ္လို႔ ျပန္ေနာက္ဆုတ္လို႔ ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ဘူး"

            "ရွန္ဂ်ဴက အိပ္ေပ်ာ္ေနတဲ့ နဂါးတစ္ေကာင္လိုပဲ ပံုမွန္ဆိုရင္ ဘာအႏၱရာယ္မွ မရွိသေယာင္ထင္ရၿပီး တစ္ကယ္လို႔မ်ား တစ္ေယာက္ေယာက္ကေန နဂါးရဲ႕ေျပာင္းျပန္ေၾကးခြံကို သြားထိမိခဲ့ရင္ေတာ့ အိပ္ေနတဲ့နဂါးက မ်က္လံုးဖြင့္လိုက္ကာ ေကာင္းကင္ထက္သို႔ပ်ံတက္ၿပီး သူ႔ေျပာင္းျပန္ေၾကးခြံကို ရွာေတြ႔ခဲ့ေသာသူေတြဟာ ဘယ္သူေတြလဲဆိုတာကို အျပင္းထန္ဆံုးနည္းလမ္းေတြအသံုးျပဳ ရွာေဖြၿပီးတံု႔ျပန္လိမ့္မယ္"လို႔ေျပာၿပီး ရဲခ်င္က ျပဴတင္းေပါက္အျပင္က ေကာင္းကင္ကို ေငးၾကည့္ေနလိုက္ပါတယ္။

            "ဒါေပမယ့္....ဒါက အႏၱရာယ္မမ်ားလြန္းဘူးလား။ ေနာက္ၿပီးေတာ့လည္း ေလာင္းဖန္က အႀကီးတန္းသမားေတာ္တစ္ေယာက္ျဖစ္ၿပီးသားေလ"ဟု စိတ္ပူေနတဲ့ေလာင္းဒီကေျပာလိုက္ပါတယ္။

        ရဲခ်င္က ေခါင္းယမ္းကာသာ ေျပာလိုက္ပါတယ္။

            "ငါေျပာခ်င္တဲ့အဓိပၸါယ္ကို မင္းသေဘာမေပါက္ေသးဘူး။ ထားပါေလ မနက္ျဖန္ေက်ာ္သြားတာနဲ႔ အခုအခ်ိန္မွာ မင္းပူပန္ေသာကေနတာေတြအားလံုးက ဘာမွမဟုတ္ပါလားလို႔ မင္းနားလည္သြားမွာပါ"

        ယန္ယုနဲ႔ယန္းရွီတို႔ေရာက္ေတာ့ တန္နာဇီက အားအင္ကုန္ခမ္းစြာနဲ႔ ထိုင္ခံုတစ္လံုးေပၚမွာ လွဲေလ်ာင္းေနၿပီး စိတ္ဓာတ္က်ေနတဲ့ အသြင္ရွိပါတယ္။ ၾကဴရွီယာနဲ႔ရွန္ယန္ေရွာင္တို႔ကေတာ့ ေဘးနားမွာ သေရစာစားေနၾကပါတယ္။

            "မင္းျပန္ေရာက္တာနဲ႔ ေတာ္၀င္ရိုလန္ေက်ာင္းရဲ႕ ၾကယ္တစ္ပြင့္ျဖစ္သြားတာပဲ"

        ယန္ယုက ေလာင္းဖန္တို႔ကိုစိန္ေခၚခဲ့တဲ့ ရွန္ယန္ေရွာင္အေၾကာင္းကိုၾကားသိၿပီးျဖစ္ကာ သူမရဲ႕ ၿပိဳင္မယ့္နည္းလမ္းေၾကာင့္ တုန္လႈပ္ခဲ့ရပါတယ္။

            "အဲ့လိုေကာင္မ်ိဳးေတြက သင္ခန္းစာေပးသင့္တယ္ကြ"ဟု ယန္းရွီက ရွန္ယန္ေရွာင္၏ ကိုင္တြယ္ပံုကို သေဘာက်စြာျဖင့္ ေျပာလိုက္ပါတယ္။

        တန္နာဇီက နစ္နာခဲ့ရၿပီး ေက်ာင္းထုတ္ခံခဲ့ရတဲ့အတြက္ သူတို႔ေတြ စိတ္မတိုဘဲဘယ္ေနၾကပါ့မလဲ။ ဒါေပမယ့္ သူတို႔ရဲ႕ဌာနေတြက မတူတာေၾကာင့္ ရွန္ေဂါင္းေရွာင္နဲ႔ေလာင္းဖန္တို႔ကို ဆံုးမခ်င္ရင္ေတာင္ လုပ္စရာနည္းလမ္းမရွိပါဘူး။

            "ဒါေပမယ့္ ဒီပြဲအတြက္ မင္းစိတ္ခ်သလား"လို႔ ယန္းရွီကေမးလိုက္သည္။

        ရွန္ယန္ေရွာင္က ပုခံုးသာတြန္႔ျပလိုက္သည္။

        ၾကဴရွီယာက မုန္႔စားေနရင္းကေန ေျပာလိုက္ပါတယ္။

            "ေလာင္းဖန္အေၾကာင္း ငါနည္းနည္းသိထားလို႔ မင္းကိုအလကားေျပာျပလိုက္မယ္"

            "ေလာင္းဖန္က လန္းယူမင္းဆက္တိုင္းျပည္က ေလာင္းမိသားစုရဲ႕ အေမြဆက္ခံသူပဲ။ လန္းယူျပည္ထဲမွာေတာ့ ေလာင္းမိသားစုအဆင့္အတန္းက ငါတို႔မ်ိဳးႏြယ္ငါးစုရဲ႕အေနအထားနဲ႔အတူတူပဲ ေနာက္ၿပီး သူတို႔ေလာင္းမိသားစုက ယုေလးရဲ႕မိသားစုလိုပဲ ေဆးပညာစြမ္းအတြက္ ထင္ရွားၾကတယ္။ ေလာင္းမိသားစုက ရာစုႏွစ္ေတြအတြင္းမွာ သမားေတာ္ႀကီးတစ္ေယာက္ကို ေမြးထုတ္ေပးႏိုင္ခဲ့တယ္။ ဒါေပမယ့္ အေၾကာင္းကိစၥတစ္ခ်ိဳ႕အတြက္နဲ႔ အဲ့ဒီသမားေတာ္ဟာ လန္းယူျပည္ကေန လနတ္တိုက္ကို ေဆးပညာရပ္ေလ့လာရန္အတြက္ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခ်ိဳ႕ကတည္းက ထြက္သြားခဲ့တယ္"

            "လနတ္တိုက္"

        ရွန္ယန္ေရွာင္ မ်က္ခံုးပင့္လိုက္မိတယ္။ လနတ္တိုက္ဟာ နတ္သူငယ္ေတြ၏ နယ္ေျမျဖစ္ကာ နတ္သူငယ္ေတြဟာ ေဆးပညာရပ္မွာ ေမြးရာပါအရည္အခ်င္းသာလြန္ၾကပါတယ္။ ေကာလာဟာလေတြအရဆိုရင္ နတ္သူငယ္တိုင္းဟာ အလတ္တန္းသမားေတာ္ေတြျဖစ္ကာ လင္းလက္တိုက္မွာ မရွိေတာ့တာၾကာၿပီျဖစ္ေသာ ေဆး၀ိဇၨာဆိုတာ လနတ္တိုက္မွာေတာ့ သိပ္မရွားလွပါဘူး။

        လနတ္တိုက္ဟာ ေလးသည္ေတာ္ေတြနဲ႔သမားေတာ္ေတြအတြက္ေတာ့ အိပ္မက္နယ္ေျမတစ္ခုျဖစ္ၿပီး တစ္ခါတုန္းကေတာ့ မေရမတြက္ႏိုင္ေသာ ေလးသည္ေတြနဲ႔ သမားေတာ္ေတြဟာ သူတို႔ရဲ႕ နိဗၺာန္နယ္ေျမဆီသို႔ သေဘာၤႀကီးေတြနဲ႔သြားခဲ့ၾကပါတယ္။ သို႔ေသာ္လည္း အမ်ားစုဟာ ကမ္းမျမင္လမ္းမျမင္ရတဲ့ သမုဒၵရာထဲမွာတင္ ေပ်ာက္ဆံုးခဲ့ၾကရၿပီး ကုန္စည္ကူးသန္းေရာင္း၀ယ္ေနေသာ ကုန္သေဘာၤေတြကလြဲရင္ က်န္လူေတြက ျပန္မလာႏိုင္ခဲ့ၾကပါဘူး။

            "လနတ္တိုက္အေၾကာင္းအေတာ္မ်ားမ်ားက ဒ႑ာရီေတြမ်ားပါတယ္ေလ။ ေလာင္းမိသားစုမွာ သမားေတာ္ႀကီးတစ္ေယာက္မွ မရွိေတာ့ေပမယ့္ အဆင့္ျမင့္သမားေတာ္ေတြကေတာ့ အမ်ားႀကီးရွိေသးတယ္။ ေလာင္းဖန္က သူ႔မ်ိဳးဆက္အတြင္းမွာ သမားေတာ္ႀကီးျဖစ္ဖို႔ အေမွ်ာ္လင့္ခံရဆံုးပဲ။ ငါရထားတဲ့ သတင္းအရဆိုရင္ ေလာင္းဖန္က လန္းယူျပည္ ေလာင္းမိသားစုကို ကိုယ္စားျပဳၿပီးေတာ့ သူတို႔ဆီကိုပူးေပါင္းဖို႔ ရွန္ေဂါင္းေရွာင္ကို ဖိတ္ေခၚထားတယ္တဲ့"

        ဒီလိုလွ်ိဳ႕၀ွက္သတင္းမ်ိဳးကို သူဘယ္လိုမ်ားရခဲ့သလဲဆိုတာ အံ့ဖြယ္ေကာင္းလွပါတယ္။

        လန္းယူမင္းဆက္တိုင္းျပည္နဲ႔ေလာင္းရႊမ္အင္ပါယာတို႔ဟာ လင္းလက္တိုက္ရဲ႕ အင္အားႀကီးႏိုင္ငံေတြျဖစ္ၿပီး အေပၚယံမွာေတာ့ ေအးေဆးသေယာင္ထင္ရေပမယ့္ လွ်ိဳ႕၀ွက္ျဖစ္ေပၚေနတဲ့ ထိေတြ႔ၿပိဳင္ဆိုင္တိုက္ခိုက္မႈေတြရွိေနပါတယ္။

        ႏွစ္ႏိုင္ငံၾကားမွာ ေရးထိုးသတ္မွတ္မထားေသာ စည္းကမ္းခ်က္အခ်ိဳ႕ရွိပါတယ္။ အဲ့ဒါကေတာ့ ကိုယ့္ႏိုင္ငံသားက တစ္ျခားႏိုင္ငံကိုပူးေပါင္းလိုက္ရင္ ႏိုင္ငံေတာ္သစၥာေဖာက္မႈ ပုန္ကန္မႈျဖစ္ပါတယ္။

        ေလာင္းဖန္ကေန ရွန္ေဂါင္းေရွာင္ကုိ စည္းရံုးသိမ္းသြင္းတဲ့အေၾကာင္းကို လူနည္းနည္းပဲသိပါလိမ့္မယ္။ မဟုတ္ရင္ေတာ့ ရွန္ေဂါင္းေရွာင္ကို သစၥာေဖာက္မႈပုန္ကန္မႈနဲ႔ ဖမ္းဆီးၿပီးေလာက္ပါၿပီ။

            "ရွန္ေဂါင္းေရွာင္ကို စည္းရံုးတာတဲ့လား။ ငါထင္တာကေတာ့ ေလာင္းဖန္တစ္ကယ္စည္းရံုးခ်င္တာက ရွန္ေဂါင္းေရွာင္ေနာက္ကလူျဖစ္တဲ့ ပူလီစီပဲျဖစ္ရမယ္"လို႔ ယန္းရွီက မဲ့ေျပာလိုက္သည္။

        ၾကဴရွီယာက မွတ္ခ်က္မေပးခဲ့ပါဘူး။

            "ေလာင္းမိသားစုက သမားေတာ္ႀကီးတစ္ေယာက္မွမရွိတာ ႏွစ္တစ္ရာေလာက္ရွိေနၿပီ ဒီေတာ့ သူတို႔အေနနဲ႔ကေတာ့ သမားေတာ္ႀကီးေတြကို သူတို႔ဖက္ေခၚခ်င္မွာပဲ။ လန္းယူျပည္မွာ ၾသဇာႀကီးမိသားစုအေတာ္မ်ားမ်ားရွိၾကၿပီး ေလာင္းမိသားစုအေျခအေနကလည္း အဲ့ဒီလိုပဲေလ။ သူတို႔ဖက္မွာ သမားေတာ္ႀကီးတစ္ေယာက္ရဖို႔လုပ္တာ အလ်င္စလိုမျဖစ္လြန္းဘူးလား"လို႔ ယန္ယုက မွတ္ခ်က္ျပဳလိုက္ပါတယ္။

        ကောင်းကျိုးမပေးသော သမီးပျို

        အခန်း(၄၀၉)

        မျက်တောင်တစ်ခတ်အတွင်းမှာပဲ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့အား ရှန်ယန်ရှောင်စိန်ခေါ်သော သတင်းက တစ်ကျောင်းလုံးကိုပျံ့သွားခဲ့ပါသည်။ ဆေးပညာဌာနရဲ့နံပါတ်တစ်နေရာကို ခြေချခဲ့ဖူးတဲ့ကျောင်းသားသစ်လေး ပြန်ရောက်ပြီဆိုတာကို လူတိုင်းသိသွားကြပါတော့တယ်။

        တော်ဝင်ရိုလန်ကျောင်း ဆေးပညာကျောင်းသားတွေရဲ့ ကျဆင်းနေသောစိတဓာတ်တွေ ချက်ခြင်းတောက်လောင်သွားကြပါတယ်။ ကျောင်းသားတိုင်းလိုလိုက ရှန်ယန်ရှောင်အတွက် တိတ်တဆိတ်အားပေးမိလိုက်ကြပါသည်။

        စိန်ခေါ်မှုကိစ္စပြီးပြတ်တာနဲ့ လောင်းကစားရုံကို သူမပြန်သွားခဲ့သည်။ လောင်းဖန်နဲ့ရှန်ဂေါင်းရှောင်တို့လည်း သူမထွက်သွားပြီးနောက် စာကြည့်တိုက်ကနေထွက်သွားလိုက်ကြပါတယ်။

        လောင်းဒီ ဒီအကြောင်းကိုကြားသိတဲ့အခါမှာ ရှန်ယန်ရှောင်က လောင်းကစားရုံကိုရောက်နေပြီဖြစ်တာကြောင့် သူမကိုလူကိုယ်တိုင်သွားခေါ်တဲ့ကိစ္စ မအောင်မြင်ခဲ့ရပါ။

        ရှန်ယန်ရှောင်ကို ဖမ်းမမိတဲ့အတွက် ရဲချင်ဆီပြေးကာ အသနားခံပါတော့တယ်။

            "သမားတော်ကြီးရဲ ရှန်ဂျူကိုဖျောင်းဖြပေးပါဦး။ ဒီတစ်ခေါက်သူ့လုပ်ရပ်က တော်တော်စွန့်စားရာကျနေပါတယ်"

        ရဲချင်ရဲ့ တည်ငြိမ်အေးဆေးတဲ့မျက်နှာမှာ ဘာအမူအယာမှ မတေ့ွရပါဘူး။ ပြိုင်ပွဲအကြောင်းကို လောင်းဒီထံကနေ သူအားလုံးသိပြီးပြီဖြစ်ကာ သက်ပြင်းချရင်းပြောလိုက်ပါတယ်။

            "ဒီကလေး ရှန်ဂျူက ပုံမှန်အားဖြင့်တော့ ကြင်နာတတ်တယ်လို့ မြင်ရပေမယ့် တစ်ကယ်တန်းတော့ သူ့စိတ်ဓာတ်က အလွန်အမင်းခေါင်းမာပြီး တစ်ဇွတ်ထိုးလုပ်တတ်တယ်။ အခုလည်း လူလယ်ခေါင်မှာ စိန်ခေါ်ထားတာဖြစ်လို့ ပြန်နောက်ဆုတ်လို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး"

            "ရှန်ဂျူက အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်လိုပဲ ပုံမှန်ဆိုရင် ဘာအန္တရာယ်မှ မရှိသယောင်ထင်ရပြီး တစ်ကယ်လို့များ တစ်ယောက်ယောက်ကနေ နဂါးရဲ့ပြောင်းပြန်ကြေးခွံကို သွားထိမိခဲ့ရင်တော့ အိပ်နေတဲ့နဂါးက မျက်လုံးဖွင့်လိုက်ကာ ကောင်းကင်ထက်သို့ပျံတက်ပြီး သူ့ပြောင်းပြန်ကြေးခွံကို ရှာတွေ့ခဲ့သောသူတွေဟာ ဘယ်သူတွေလဲဆိုတာကို အပြင်းထန်ဆုံးနည်းလမ်းတွေအသုံးပြု ရှာဖွေပြီးတုံ့ပြန်လိမ့်မယ်"လို့ပြောပြီး ရဲချင်က ပြူတင်းပေါက်အပြင်က ကောင်းကင်ကို ငေးကြည့်နေလိုက်ပါတယ်။

            "ဒါပေမယ့်....ဒါက အန္တရာယ်မများလွန်းဘူးလား။ နောက်ပြီးတော့လည်း လောင်းဖန်က အကြီးတန်းသမားတော်တစ်ယောက်ဖြစ်ပြီးသားလေ"ဟု စိတ်ပူနေတဲ့လောင်းဒီကပြောလိုက်ပါတယ်။

        ရဲချင်က ခေါင်းယမ်းကာသာ ပြောလိုက်ပါတယ်။

            "ငါပြောချင်တဲ့အဓိပ္ပါယ်ကို မင်းသဘောမပေါက်သေးဘူး။ ထားပါလေ မနက်ဖြန်ကျော်သွားတာနဲ့ အခုအချိန်မှာ မင်းပူပန်သောကနေတာတွေအားလုံးက ဘာမှမဟုတ်ပါလားလို့ မင်းနားလည်သွားမှာပါ"

        ယန်ယုနဲ့ယန်းရှီတို့ရောက်တော့ တန်နာဇီက အားအင်ကုန်ခမ်းစွာနဲ့ ထိုင်ခုံတစ်လုံးပေါ်မှာ လှဲလျောင်းနေပြီး စိတ်ဓာတ်ကျနေတဲ့ အသွင်ရှိပါတယ်။ ကြူရှီယာနဲ့ရှန်ယန်ရှောင်တို့ကတော့ ဘေးနားမှာ သရေစာစားနေကြပါတယ်။

            "မင်းပြန်ရောက်တာနဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်သွားတာပဲ"

        ယန်ယုက လောင်းဖန်တို့ကိုစိန်ခေါ်ခဲ့တဲ့ ရှန်ယန်ရှောင်အကြောင်းကိုကြားသိပြီးဖြစ်ကာ သူမရဲ့ ပြိုင်မယ့်နည်းလမ်းကြောင့် တုန်လှုပ်ခဲ့ရပါတယ်။

            "အဲ့လိုကောင်မျိုးတွေက သင်ခန်းစာပေးသင့်တယ်ကွ"ဟု ယန်းရှီက ရှန်ယန်ရှောင်၏ ကိုင်တွယ်ပုံကို သဘောကျစွာဖြင့် ပြောလိုက်ပါတယ်။

        တန်နာဇီက နစ်နာခဲ့ရပြီး ကျောင်းထုတ်ခံခဲ့ရတဲ့အတွက် သူတို့တွေ စိတ်မတိုဘဲဘယ်နေကြပါ့မလဲ။ ဒါပေမယ့် သူတို့ရဲ့ဌာနတွေက မတူတာကြောင့် ရှန်ဂေါင်းရှောင်နဲ့လောင်းဖန်တို့ကို ဆုံးမချင်ရင်တောင် လုပ်စရာနည်းလမ်းမရှိပါဘူး။

            "ဒါပေမယ့် ဒီပွဲအတွက် မင်းစိတ်ချသလား"လို့ ယန်းရှီကမေးလိုက်သည်။

        ရှန်ယန်ရှောင်က ပုခုံးသာတွန့်ပြလိုက်သည်။

        ကြူရှီယာက မုန့်စားနေရင်းကနေ ပြောလိုက်ပါတယ်။

            "လောင်းဖန်အကြောင်း ငါနည်းနည်းသိထားလို့ မင်းကိုအလကားပြောပြလိုက်မယ်"

            "လောင်းဖန်က လန်းယူမင်းဆက်တိုင်းပြည်က လောင်းမိသားစုရဲ့ အမွေဆက်ခံသူပဲ။ လန်းယူပြည်ထဲမှာတော့ လောင်းမိသားစုအဆင့်အတန်းက ငါတို့မျိုးနွယ်ငါးစုရဲ့အနေအထားနဲ့အတူတူပဲ နောက်ပြီး သူတို့လောင်းမိသားစုက ယုလေးရဲ့မိသားစုလိုပဲ ဆေးပညာစွမ်းအတွက် ထင်ရှားကြတယ်။ လောင်းမိသားစုက ရာစုနှစ်တွေအတွင်းမှာ သမားတော်ကြီးတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အကြောင်းကိစ္စတစ်ချို့အတွက်နဲ့ အဲ့ဒီသမားတော်ဟာ လန်းယူပြည်ကနေ လနတ်တိုက်ကို ဆေးပညာရပ်လေ့လာရန်အတွက် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ချို့ကတည်းက ထွက်သွားခဲ့တယ်"

            "လနတ်တိုက်"

        ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိတယ်။ လနတ်တိုက်ဟာ နတ်သူငယ်တွေ၏ နယ်မြေဖြစ်ကာ နတ်သူငယ်တွေဟာ ဆေးပညာရပ်မှာ မွေးရာပါအရည်အချင်းသာလွန်ကြပါတယ်။ ကောလာဟာလတွေအရဆိုရင် နတ်သူငယ်တိုင်းဟာ အလတ်တန်းသမားတော်တွေဖြစ်ကာ လင်းလက်တိုက်မှာ မရှိတော့တာကြာပြီဖြစ်သော ဆေးဝိဇ္ဇာဆိုတာ လနတ်တိုက်မှာတော့ သိပ်မရှားလှပါဘူး။

        လနတ်တိုက်ဟာ လေးသည်တော်တွေနဲ့သမားတော်တွေအတွက်တော့ အိပ်မက်နယ်မြေတစ်ခုဖြစ်ပြီး တစ်ခါတုန်းကတော့ မရေမတွက်နိုင်သော လေးသည်တွေနဲ့ သမားတော်တွေဟာ သူတို့ရဲ့ နိဗ္ဗာန်နယ်မြေဆီသို့ သဘောၤကြီးတွေနဲ့သွားခဲ့ကြပါတယ်။ သို့သော်လည်း အများစုဟာ ကမ်းမမြင်လမ်းမမြင်ရတဲ့ သမုဒ္ဒရာထဲမှာတင် ပျောက်ဆုံးခဲ့ကြရပြီး ကုန်စည်ကူးသန်းရောင်းဝယ်နေသော ကုန်သဘောၤတွေကလွဲရင် ကျန်လူတွေက ပြန်မလာနိုင်ခဲ့ကြပါဘူး။

            "လနတ်တိုက်အကြောင်းအတော်များများက ဒဏ္ဍာရီတွေများပါတယ်လေ။ လောင်းမိသားစုမှာ သမားတော်ကြီးတစ်ယောက်မှ မရှိတော့ပေမယ့် အဆင့်မြင့်သမားတော်တွေကတော့ အများကြီးရှိသေးတယ်။ လောင်းဖန်က သူ့မျိုးဆက်အတွင်းမှာ သမားတော်ကြီးဖြစ်ဖို့ အမျှော်လင့်ခံရဆုံးပဲ။ ငါရထားတဲ့ သတင်းအရဆိုရင် လောင်းဖန်က လန်းယူပြည် လောင်းမိသားစုကို ကိုယ်စားပြုပြီးတော့ သူတို့ဆီကိုပူးပေါင်းဖို့ ရှန်ဂေါင်းရှောင်ကို ဖိတ်ခေါ်ထားတယ်တဲ့"

        ဒီလိုလျှို့ဝှက်သတင်းမျိုးကို သူဘယ်လိုများရခဲ့သလဲဆိုတာ အံ့ဖွယ်ကောင်းလှပါတယ်။

        လန်းယူမင်းဆက်တိုင်းပြည်နဲ့လောင်းရွှမ်အင်ပါယာတို့ဟာ လင်းလက်တိုက်ရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်ပြီး အပေါ်ယံမှာတော့ အေးဆေးသယောင်ထင်ရပေမယ့် လျှို့ဝှက်ဖြစ်ပေါ်နေတဲ့ ထိတွေ့ပြိုင်ဆိုင်တိုက်ခိုက်မှုတွေရှိနေပါတယ်။

        နှစ်နိုင်ငံကြားမှာ ရေးထိုးသတ်မှတ်မထားသော စည်းကမ်းချက်အချို့ရှိပါတယ်။ အဲ့ဒါကတော့ ကိုယ့်နိုင်ငံသားက တစ်ခြားနိုင်ငံကိုပူးပေါင်းလိုက်ရင် နိုင်ငံတော်သစ္စာဖောက်မှု ပုန်ကန်မှုဖြစ်ပါတယ်။

        လောင်းဖန်ကနေ ရှန်ဂေါင်းရှောင်ကို စည်းရုံးသိမ်းသွင်းတဲ့အကြောင်းကို လူနည်းနည်းပဲသိပါလိမ့်မယ်။ မဟုတ်ရင်တော့ ရှန်ဂေါင်းရှောင်ကို သစ္စာဖောက်မှုပုန်ကန်မှုနဲ့ ဖမ်းဆီးပြီးလောက်ပါပြီ။

            "ရှန်ဂေါင်းရှောင်ကို စည်းရုံးတာတဲ့လား။ ငါထင်တာကတော့ လောင်းဖန်တစ်ကယ်စည်းရုံးချင်တာက ရှန်ဂေါင်းရှောင်နောက်ကလူဖြစ်တဲ့ ပူလီစီပဲဖြစ်ရမယ်"လို့ ယန်းရှီက မဲ့ပြောလိုက်သည်။

        ကြူရှီယာက မှတ်ချက်မပေးခဲ့ပါဘူး။

            "လောင်းမိသားစုက သမားတော်ကြီးတစ်ယောက်မှမရှိတာ နှစ်တစ်ရာလောက်ရှိနေပြီ ဒီတော့ သူတို့အနေနဲ့ကတော့ သမားတော်ကြီးတွေကို သူတို့ဖက်ခေါ်ချင်မှာပဲ။ လန်းယူပြည်မှာ သြဇာကြီးမိသားစုအတော်များများရှိကြပြီး လောင်းမိသားစုအခြေအနေကလည်း အဲ့ဒီလိုပဲလေ။ သူတို့ဖက်မှာ သမားတော်ကြီးတစ်ယောက်ရဖို့လုပ်တာ အလျင်စလိုမဖြစ်လွန်းဘူးလား"လို့ ယန်ယုက မှတ်ချက်ပြုလိုက်ပါတယ်။

Continue Reading

You'll Also Like

2.1M 162K 36
No descriptions here
6.6K 1.3K 39
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
1.1M 62K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...