တကယ်တော့ ငါ့ရန်သူက ငါ့ကိုတိတ်...

Od 13Emlla

72.5K 7.4K 207

Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is... Více

Permission
Synopsis
Chapter (1) ခ်ဴးပိုင္ / ချူးပိုင်
Chapter (3) The End နွစ္ေယာက္အတူတူ / နှစ်ယောက်အတူတူ

Chapter (2) တုေဝေကာင္း / တုဝေကောင်း

8.9K 1.7K 83
Od 13Emlla

{Zawgyi}



"အာ ~ ပိုင်ပိုင်"


ညနက်လာသောကြောင့် အခန်းထဲတွင်တိတ်ဆိတ်နေလျက်ရှိသည် တုဝေကောင်းကဆန့်ကျင်ဘက်အိပ်ရာမှာဟိုလိမ့်သည်လိမ့်နေရင်း ချူးပိုင်ကိုကြည့်ရင်း တိုးတိတ်စွာညည်းလိုက်သည် သူ့ရဲ့စိတ်ထဲမှာတော့ထိုအသံဟာအရမ်းကိုကျယ်လောင်လှသည်





























NEXT CHAPTER IS FINAL

PLEASE VOTE!!!

•••••••••••••••

{Unicode}

ချူးပိုင်စိတ်ရှုပ်ထွေးစွာခံစားလိုက်ရသည်

မင်းသိသင့်တာက သူ့ရဲ့စိတ်ထဲမှာတုဝေကောင်းကအမြဲတမ်း သူရဲ့ရန်သူတော်ကြီးပဲ! ဒီလူကအမြဲတမ်းကျောက်တုံးကြီးလိုမာကျောပြီးအေးစက်နေတတ်တဲ့သူမျိုးက တကယ်တော့အချစ်နာကျနေတဲ့သူမျိုးတဲ့လား?!

"အာ ~ ပိုင်ပိုင်"

"ပိုင်ပိုင်လေးအရမ်းမိုက်တာပဲ"

ညနက်လာသောကြောင့် အခန်းထဲတွင်တိတ်ဆိတ်နေလျက်ရှိသည် တုဝေကောင်းကဆန့်ကျင်ဘကိအိပ်ရာမှာဟိုလိမ့်သည်လိမ့်နေရင်း ချူးပိုင်ကိုကြည့်ရင်း တိုးတိတ်စွာညည်းလိုက်သည် သူ့ရဲ့စိတ်ထဲမှာတော့ထိုအသံဟာအရမ်းကိုကျယ်လောင်လှသည်

ချူးပိုင်စောင်ပုံထဲသို့တိုးဝင်လိုက်သည် သူ့မျက်နှာဟာလည်းနီရဲလို့နေသည် အဲဒါဟာ သူရှက်နေတာကြောင့်မဟုတ်ပဲ ဒေါသထွက်နေခြင်းကြောင့်ဖြစ်သည် တုဝေကောင်းကသူအာသာဖြေနေတဲ့အချိန်မှာတောင် သူ့ကိုအမြဲတွေးသည်

ပြီးတော့အရေးကြီးဆုံးက သူ(တုဝေကောင်း)က သူ့(ချူးပိုင်)ရဲ့အပေါ်မှာဖြစ်ချင်တယ် ချူးပိုင်ဆိုတဲ့သူက ဒုတိယသခင်လေးချူးကဘယ်လိုလုပ်အောက်(Bottom)ဖြစ်ရမှာလဲ

ချူးပိုင်ကထထိုင်လိုက်ဖို့သူ့ရဲ့စိတ်ဆန္ဒတွေချိုးနှိမ်လိုက်ရင်း သူ့ကိုယ်သူစိတ်တည်ငြိမ်အောင်ကြိုးစားလိုက်သည် မနက်ဖန် မနက်ဖန်ဆိုရင်တော့ တုဝေကောင်းကိုကောင်းကောင်းဆုံးမပစ်မယ်
ပြီးတော့ သူ့လိုဒုတိယသခင်လေးချူးကိုအဲ့လိုပေါက်ကရအတွေးတွေတွေးလို့မရဘူးဆိုတာ တုဝေကောင်း ကောင်းကောင်းသိစေရမယ်

တုဝေကောင်းကိုဖြိုလှဲဖို့ သူ့ဘဝရဲ့နောက်ဆုံးပန်းတိုင်တစ်ခုလိုအမြဲတမ်းသတ်မှတ်ထားတာသတိရမိသည် ချူးပိုင်က သူ့ခေါင်းထဲကိုရေတွေဝင်သွားတာကြောင့်များလားဟုမတွေးဘဲမနေနိုင်တော့ပေ မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး ဒါဘာကြောင့်လဲဆိုတော့ အဲ့ကောင်ကဖုံးထားတာအရမ်းကိုတော်လွန်းလို့ သူကအလိုက်ခံနေရတဲ့ဒုက္ခသည်လေးတစ်ယောက်သာသာပဲ ထိုအကြောင်းတွေတွေးနေရင်း ချူးပိုင်အိပ်ပျော်သွားတော့သည် ထို့နောက် သူ့ရဲ့သွေးနဲ့မျက်ရည်တွေမျက်ရည်ခခဲ့ရတဲ့အရင်အချိန်တွေကိုအိပ်မက်မက်ခဲ့သည်

ချူးပိုင်က တုဝေကောင်းကိုသူငယ်တန်းကျောင်းမှာတွေ့ခဲ့သည် အဲ့အချိန်တုန်းက တုဝေကောင်းကကျောင်းပြောင်းလာရုံပဲရှိသေးပြီး သူကလည်းတုဝေကောင်းကိုရန်သူတော်ကြီးအဖြစ်မသတ်မှတ်ထားသေးပေ သူ(တုဝေကောင်း)ကိုကြည့်လိုက်ချိန်မှာ သူကအရမ်းကိုချစ်ဖို့ကောင်းပြီးချောတဲ့ကောင်လေးတစ်ယောက်ဖြစ်နေတာတွေ့ရတော့ ချူးပိုင်ငယ်လေးရဲ့စိတ်ထဲမှာအနည်းငယ်တုန်လှုပ်သွားသလိုပင်

အရမ်းကိုသေချာသွားပြီ နေ့လည်ရောက်တော့သူ့ကိုမုန့်ပေးနေကျဆရာမက သူ(တုဝေကောင်း)ကို ကျန်တဲ့မုန့်တွေပေးလိုက်သည် ချူးပိုင်ငယ်လေးရဲ့စိတ်ထဲမှာဒေါသတွေနဲ့ပြည့်နှက်လာရတော့သည် တကယ်လို့ဒီလိုအရသာရှိတဲ့မုန့်တွေသာမူကြိုကျောင်းမှာမကုန်သွားဘူးဆိုရင် သူ့ရဲ့ကာတွန်းတွေကိုဖျက်ပစ်ပြီး ဒီလိုကလေးဆန်တဲ့နေရာကိုလာမှာမဟုတ်ဘူး

ဒေါပွနေတဲ့ဒုတိယသခင်လေးချူးရဲ့မျက်နှာဟာနီရဲနေပြီး နှုတ်ခမ်းတွေကိုလည်းစူထားသေးသည် တုဝေကောင်းငယ်လေးက သူ့ဘေးနားမှာမထိုင်ခင်စပျစ်သီးလိုမျက်လုံးတွေနံ့ချူးပိုင်ကိုစိုက်ကြည့်နေသေးသည် သို့သော်လည်း ဘယ်လိုပြောရမှန်းမသိတာကြောင့် စားပွဲခုံအလယ်ကိုသူ့ရဲ့ပန်းကန်ပြားကိုတိတ်တဆိတ်ရွေ့လိုက်သည်

ဒီလိုရွေ့လိုက်တာကြောင့် ချူးပိုင်ငယ်လေးရဲ့ပန်းကန်ဟာလည်း စားပွဲထိပ်သို့တွန်းခြင်းခံလိုက်ရတော့သည် တုဝေကောင်းငယ်လေးရဲ့စိတ်ထဲကအတွေးကိုသေချာမသိဘဲ ဒီဟာကိုရန်စတယ်လို့မှတ်ယူထားလိုက်တော့သည် ချူးပိုင်အရမ်းပဲဒေါသထွက်သွားတာကြောင့် ခုန်အုပ်လိုက်ပြီး တုဝေကောင်းငယ်လေးရဲ့အရိုးကိုသူ့ရဲ့သွားတွေကျွတ်ထွက်သွားတဲ့အထိကိုက်ချလိုက်တော့သည်

မကျေနပ်မှုတွေနဲ့ကျိုးသွားတဲ့သွားရဲ့နာကျင်မှုက အိပ်နေရင်းမျက်မှောင်ကြုံ့ပြီးလူးလွန့်သွားအောင်လုပ်နိုင်စွမ်းရှိသည် အိပ်မက်ဟာပြောင်းသွားပြီး သူတို့အထက်တန်းကျောင်းအချိန်သို့ရောက်သွားသည်

အဲ့အချိန်တုန်းက သူ့ရဲ့မိဘတွေဟာသူ့အလုပ်နဲ့သူရှုတ်နေကြပြီး သူ့အစ်ကိုဟာလည်း နိုင်ငံခြားမှာရောက်နေသည် အဲ့ဒါတွေအားလုံးက သူ့ဂျူနီယာအလယ်တန်းကျောင်းသားဘဝတုန်းက စားသောက်ဖို့ ကစားဖို့ချည်းမက်မနေအောင်လုပ်ပေးခဲ့တဲ့ စီနီယာအမကြီးရဲ့ကျေးဇူးကြောင့်ပဲ

စီနီယာအမကြီးရဲ့အားပေးမှုအောက်မှာ ဒုတိယသခင်လေးချူးဟာ အဆင့် A ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အပေါ်ထားတဲ့စစီနီယာတွေရဲ့အမြင်တွေဟာလည်း ပြောင်းလဲသွားခဲ့တယ် သို့သော်လညအိပ်မက်ထဲမှာတော့ကောင်းနေပေမဲ့ တကယ့်လက်တွေ့မှာတော့ရက်စက်သည် လပေါင်းများစွာကြိုးစားခဲ့တာတောင်မှ ဒုတိယသခင်လေးချူးက ဒုတိယအဆင့်ပဲရပြီး တုဝေကောင်းရဲ့နှိမ်နင်းခြင်းကိုခံခဲ့ရတော့သည် တုဝေကောင်းကိုချီးကျူးတဲ့ စီနီယာအမရဲ့စကားသွ
ံတွေကိုကြားပြီး စားမနိုင်အိပ်မနိုင်ဖြစ်ကာ ပေါင်ကျသွားတော့သည် သူ့ရဲ့မျက်လုံးတစ်စုံဟာ တောက်ပခြင်း ထူးချွန်ပြောင်မြောက်ခြင်းတွေနဲ့အတူ ဒေါသတွေပါပြည့်နှက်နေတော့သည် ဘယ်အချိန်ဖြစ်ဖြစ် သူတုဝေကောင်းကိုနိုင်တဲ့အချိန်တိုင်း သူ့ကိုကြည့်ပြီးအခန်းထဲကနေ မာနတစ်ခွဲသားနှင့်ထွက်သွားလေ့ရှိသည် ဟွန့်~ သူ့ဦးနှောက်နဲ့သူကြိုးစားရင် တစ်နေ့တော့ အဲ့လူကိုသေချာပေါက်ကျော်နိုင်မှာ

နောက်ပိုင်း ဒုတိယသခင်လေးချူးရဲ့ကြိုးစားမှုတွေဟာ နတ်ဘုရားတွေရဲ့နှလုံးသားကိုတောင်သွားထိစေသည် တကယ်ပဲသူပထမနေရာကိုရရှိခဲ့သည် ပြီးတော့တုဝေကောင်းက အမှားတစ်ခုကြောင့် ဒုတိယသခင်လေးချူးထက်အဆင့်ပြုတ်ကျသွားတော့သည်

ထိုအချိန်အနေခက်စရာအချို့ဖြစ်ပွားခဲ့သည် တုဝေကောင်းကတကယ်ပဲအမှားလုပ်ခဲ့တာလား? လူတိုင်းကမယုံကြည်ကြဘူး သို့သော်လည်းအချက်အလက်တွေကစကားထက်ပိုတိကျသည် ချူးပိုင်ကတုဝေကောင်းကိုပဲနှစ်သိမ့်ဖို့သိတဲ့စီနီယာအမကိုသွားပြေးတွေ့ခဲ့သည်

"ဒီတစ်ခါလည်းဒုတိယနေရာရတယ်ဆို? ဘာမှမဖြစ်ဘူး လူတိုင်းကအမှားလုပ်တတ်ကြတာပဲ မင်းကသာပထမနေရာဆိုတာလူတိုင်းသိတယ် ချူးပိုင်ကံကောင်းသွားလို့ပါ" သူအရမ်းကြိုက်ခဲ့ရတဲ့စီနီယာအမရဲ့အစိတ်အပိုင်းဖြစ်တဲ့သူမရဲ့နူးညံ့တဲ့အသံလေးဟာ အဲ့အချိန်မှာတော့ သူ့ရဲ့နှလုံးသားကိုဓားနဲ့မွှန်းနေသလိုပင်

သူမြန်မြန်ပြေးသွားပြီး စီနီယာအမရဲ့စကားကိုဖြတ်လိုက်တဲ့တုဝေကောင်းကိုလည်းမမြင်တော့ပေ သူ့ရဲ့မျက်လုံးနဲ့အမူအရာတွေကအေးစက်ပြီး မတည်ငြိမ်ပေမဲ့လည်း သူ့ရဲ့အသံကတော့ယုံကြည်ချက်အပြည့်နဲ့ရှိနေသည် "ချူးပိုင်က ပထမနေရာရဖို့အရည်အချင်းရှိတယ် အဲဒါကံကောင်းလို့မဟုတ်ဘူး" သူထိုကဲ့သို့ပြောခဲ့သည် စီနီယာအမရဲ့မျက်နှာပေါ်က စိတ်ပျက်တဲ့အမူအရာတွေကိုလျစ်လျူရှုပြီးထွက်သွားခဲ့သည်

ထိုအချိန်ကတည်းက ချူးပိုင်စပြီးအရွဲ့တိုက်တော့သည် စာတွေလည်းလိုက်မရေး အတန်းထဲမှာလည်းအိပ်သည် သု့ရဲ့အိမ်စာတွေကိုပြီးအောင်မလုပ်ပဲစာတွေလည်းမကျက်ပေ အဆင့် ၁ ကနေ ၁၀ အတွင်းမှာ ၁၀ အထိကျဆင်းသွားသည်

ဆရာမတွေတစ်ချိန်ပြီးတစ်ချိန်လက်မှတ်ထိုးသွားသည် ပြီးတော့အိမ်ခေါ်သင်တဲ့ဆရာမက သူ့ကိုအကြိမ်ကြိမ်စကားပြောဖို့ကြိုးစားပေမဲ့လည်း အရာအားလုံးကအချည်းအနှီးသာဖြစ်ပြီး အားလုံးကလက်လျော့သွားကြသည် နောက်ဆုံးတော့ ဘယ်ကမှန်းမသိတဲ့ဂျူနီယာကောင်မလေးတစ်ယောက်ကြောင့် သူ့ကိုယ်သူပြန်အဖတ်ဆည်နိုင်ခဲ့သည် လက်ရေးစာကနေတစ်ဆင့် ချူးပိုင်နဲ့ပတ်သက်တဲ့သူမရဲ့အချစ်တွေကိုဖော်ပြခဲ့သည်

ပထမက ပန်းရောင်စာအိတ်လေးမြင်တော့ချူးပိုင်အထင်သေးခဲ့သည် သို့သော် နူးညံ့သိမ်မွေ့တဲ့စာတွေက ခနခနပေါ်ပေါက်လာတဲ့အခါမှာ နောက်ဆုံးမှာတော့ ပထမဆုံးစာလေးကိုဖောက်ဖွင့်ပြီးဖတ်ခဲ့သည် ထို့နောက်...ဒုတိယတစ်ခု ဂျူနီယာကောင်မလေး အရမ်းချစ်ဖို့ကောင်းတဲ့ကောင်မလေးက သူနဲ့ပတ်သက်တဲ့အရာတွေကိုစာထဲမှာအမြဲတမ်းဖော်ပြလေ့ရှိသည် ပြီးတော့ အအေးတွေမသောက်ဖို့ နွေးနွေးထွေးထွေးနေဖို့ ပြီးတော့ ဘယ်သူ့ဆီက ဘယ်နေရာကနေသိလာတဲ့ဟာသမျိုးစုံကိုအကုန်ပြန်ပြောပြသည်

သူမရဲ့အားပေးမှုကြောင့် သူပြန်လည်တက်ကြွလာခဲ့သည် သူ့ရဲ့စီနီဟာအမကြောင့်နာကျင်ခဲ့ရတဲ့နှလုံးသားဟာလည်း တစ်ဖန်ပြန်လည်ခုန်လာခဲ့သည် သူမနဲ့တွေ့ဖို့အကြောင်းပြချက်မျိုးစုံသုံးပြီး တောင်းဆိုခဲ့ပေမဲ့လည်း သူမရှက်ရှက်နဲ့ပဲငြင်းခဲ့သည်

ငါ့အထင် ဂျူနီယာကောင်မလေးကမလှတော့ ငါနဲ့တွေ့ရမှာစိုးရိမ်နေတာကြောင့်များလား? တကယ်လို့သူမက မလှတာတို့ တစ်ခုခုချွတ်ယွင်းနေတာမျိုးဖြစ်နေရင်တောင်မှသူဂရုမစိုက်ဘူး ချူးပိုင်ကသူမကိုအသိတ်အမှတ်ပြုပြီး သူမနဲ့မျက်နှာချင်းဆိုင်စကားပြောဖို့ဆုံးဖြတ်ထားပြီးသားပင် ဒုတိယသခင်လေးချူးဖြစ်တဲ့သူက သူမကိုကြိုက်နေပြီမို့လို့ပင်...

နောက်ဆုံးတော့ သူအောင်မြင်ခါနီးအချိန်မှာပဲ တုဝေကောင်းကြောင့်ပျက်စီးသွားခဲ့ရသည် သူမကြောက်တာကြောင့်လား ဘာလား မည်သည့်အကြောင်းအရင်းမှမသိရတော့ပဲ ဂျူနီယာကောင်မလေးဆီကစာတွေထပ်မရတော့ပေ

သူ့ရဲ့ တွေ့ရမယ် ဆိုတဲ့အိပ်မက်ထဲမှာနစ်မြုပ်နေပြီး ချူးပိုင်မရည်ရွယ်ပဲ သူ့ရဲ့မကျေနပ်မှုတွေကိုထုတ်ပြလာသည် ငါနဲ့တွေ့ရမှာ အဲ့လောက်တောင်ကြောက်နေခဲ့တာလား? မင်းပဲ ငါ့ကိုကြိုက်တယ်လို့ပြောခဲ့ပြီးတော့ ...လိမ်နေခဲ့တာလား?

မနက်ခင်းနေရောင်ခြည်ကအခန်းထဲကိုဝင်လာတာကြောင့် အခန်းထဲကသူများနိုးလာကြသည် အဆင့် A ကျောင်းသားလေးကျောင်းမက်ကျိကတော့ အစောကြီးထွက်သွားပြီး ဝမ်ပန်းကတော့အခုချိန်ထိအိပ်နေတုန်းပင် ချူးပိုင်ကုတင်အောက်ကိုဆင်းလာတဲ့အခါမှာ သူ့စားပွဲခုံပေါ်မှာမနက်စာပူပူလေးကိုတွေ့လိုက်ရသည် ကျောင်းမင်ကျိကတကယ့်လူကောင်းပဲဆိုတာမတွေးပဲမနေနိုင်တော့ပေ

ရေချိုးခန်းထဲမှာတော့ တုဝေကောင်းကမနက်ခင်းအပြေးလေ့ကျင်ပြီးပြန်လာပြီးမောက် ရေအေးနှင့်ရေချိုးနေသည်

တုဝေကောင်းက ပုံမှန်ဆိုချူးပိုင်ကအိပ်မက်မက်လေ့မရှိသော်လည်း အကြောင်းကြောင်းကြောင့်မနေ့ကအိပ်မက်မက်ခဲ့သည် သူ့အသက် ၅ နှစ်တုန်းကပိုင်ပိုင့်ကိုစတွေ့ခဲ့တဲ့ပထမနေ့လေးကို မှတ်မိသေးသည် သူအမြဲတမ်းတစ်ယောက်တည်းနေလေ့ရှိသည် ရွှင်ပျတဲ့ကောင်လေးတစ်ယောက်ရေခဲ့မုန့်ကိုင်ထားပြီး မတ်တတ်ရပ်နေတာကိုမြင်ခဲ့ရသည် ပထမဆုံးအနေနဲ့လွမ်းဆွတ်တယ်ဆိုတဲ့အရာကိုသိလာခဲ့ရသည် သူ့ရဲ့တောင်းဆိုမှုကြောင့် ထိုကောင်လေးတက်တဲ့မူကြိုကျောင်းမှာထားဖို့ဆုံးဖြတ်လိုက်ကြသည်

ထိုချစ်စရာကောင်းတဲ့ကောင်ငယ်လေးနဲ့သူငယ်ချင်းဖြစ်ချင်ခဲ့သည် ပြီးတော့သူ့ရဲ့မုန့်တွေအားလုံးကိုလည်းပေးချင်ခဲ့သည် သို့သော်လည်း ဘယ်လိုအမူအရာလုပ်ရမလဲဆိုတာမသိခဲ့တာကြောင့် ပိုင်ပိုင့်ကိုဒေါသထွက်စေခဲ့သည် ဒေါသထွက်နေတဲ့ပိုင်ပိုင်လေးကအရမ်းချစ်ဖို့ကောင်းတာပဲ သူဂရုမစိုက်လိုက်မိတဲ့အတွက်ကြောင့် သူငါ့ကိုကိုက်ပြီး ငါ့အရိုးကိုကိုက်လိုက်မိတာသွားပါကျိုးသွားသည်

အင်း...အဲ့ဒါက ကာ့အရိုးတွေမာကြောလွန်းတဲ့အတွက်ကြောင့်ပဲ မျက်ရည်တွေပြည့်နေတဲ့ချူးပိုင်ငယ်လေးကိုကြည့်ရင်း တုဝေကောင်းငယ်လေးဟာသူ့ကိုယ့်သူသာအပြစ်တင်နေတော့သည် သို့သော်လည်းသူ့ရဲ့သွားတွေကအရမ်းချစ်ဖို့ကောင်းသည် ခရုခွံလေးတွေလိုသေးသေးလေး တုဝေကောင်းငယ်လေးကသတိတရနဲ့ကောက်ယူလိုက်ပြီး သူ့ရဲ့အိပ်ထဲထည့်ထားလိုက်တော့သည်

ထိုအချိန်ကတည်းက ပိုင်ပိုင့်ကိုကြည့်ရသည်မှာ သူ့ကိုအမြဲတမ်းကြည့်မရတဲ့ပုံပေါ်သည် အကြောင်းပြချက်အချို့ကြောင့်တုဝေကောင်းငယ်လေးဟာအရမ်းကိုစိတ်အျက်သွားတော့သည် သို့သော် ပိုင်ပိုင်ရဲ့တောက်ပတဲ့မျက်လုံးတွေကိုဘယ်ချိန်ပဲကြည့်ကြည့် သူအမြဲတမ်းပျော်ရွှင်လာသည် ဒီလူကိုအမြဲတမ်းကြည့်နေနိုင်တာက ကောင်းတာထက်ပိုနေပြီမဟုတ်ပါလား....

NEXT CHAPTER IS FINAL

PLEASE VOTE!!!

Pokračovat ve čtení

Mohlo by se ti líbit

61.2K 8.2K 8
အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိဟဖြစ်စေတဲ့ လက္ခဏာတွေပြနေတယ်။ သူ ငါ့ကိုဂေးသွားအောင်ကြိုးစားနေတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
32.4K 2.5K 39
BOOK-2 #Eng tran-Kuaikan Comics #Credit to the origin #Translated by Daisy🌼🌼🌼
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
291K 10.5K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...