ခ်စ္ေသာအရွင္(ချစ်သောအရှင်){Co...
Per HninPhyo353
363K 33.4K 1.4K
အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပ... Més
Part 1
Part 2
Anni
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Hi😊
Part 21
Part 22
Part 23
Hi😊😊
Part 14
11.9K 1.2K 41
Per HninPhyo353
"ဆရာကြီးဆီက.."
ထပ်ပေးပါ.."
တောင်းရမှာပေါ့..."
ထင်ဟပ်စေသည်။
ထည့်မပေးနိင်ဘူး..."
ထွက်လာခဲ့လိုက်သည်။ရင်ထဲမှာတော့
သိပ်အခဲမကျေလှ။
ဆေးတစ်မျိုးဟုဆိုရအောင်ရှားပါလွန်းသည်။
ခြောက်လှန့်တာ မျိုးပေါ့။
အမြဲကြောက်နေတတ်သည်။
ဆက်တိုက်ရမည်။
လိုက်သွားစမ်းပါဟာ...*
🎴🎴🎴🎴🎴🎴🎴🎴🎴🎴
လည်တိုင်ထိ။
"နိုးပြီလား..."
"ခင်ဗျားဘာလုပ်နေတာလဲ.."
လှလွန်းလို့ ..."
"၀မ့်ကျီး..."
"ဟင်...."
"အင်း..အသက်ထက်ပဲ.."
"မင်းပြောင်းလဲလာတယ်..."
လှုပ်ခတ်သွားရသည်။
ရန်ရှာနေပြီး
မင်း....."
ရီရီဝေေ၀ကြည့်ပြီး
ထရယ်သည်။
သက်ပြင်းချမိသည်။
ချီးကျူးကြသည်။
စကားစနေသည်။သိသားပဲ...
မတတ်နိင်ဘူး။
🎴🎴🎴🎴🎴🎴🎴🎴🎴
"မသောက်ရပါဘူး.."
သေရည်တစ်ချို့ကိုမှာပြီး ထိုင်စောင့်နေတုန်း
"ထိုင်..."
မသောက်ဖူးဘုး..."
"တအားမသောက်ရဘူးနော်."
ခေါင်းငြိမ့်ပြရင်း
"၀မ့်ကျီးလည်းသောက်လေ.."
"တအားမသောက်နဲ့ကွာ..."
"မမူးပါဘူး....အဟစ်အဟစ်"
ချာချာလည်နေရှာပြီ။
ဟားဟားဟား..."
လွမ်းလည်း...လွမ်းတယ်...
"ရိပေါ်ဘယ်သူဆိုတာထက်....
ငါဘယ်လိုယုံရမှာလဲ*
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
ပေါ့ပျက်နေတာပဲ....😭😭😭
"ဘာလို့ ထပ်ရောက်လာတာလဲ.."
မှောင်ရိပ်ထဲက လူရိပ်ကို ပြောလိုက်တဲ့
သူ့ပုံစံကအေးဆေးတည်ငြိမ်လွန်းစွာ။
"ဆရာကြီးဆီက.."
"မပေးနိုင်ဘူး..ပြန်လိုက်ပါတော့.."
"ဘယ်လောက်လိုချင်လဲ...ငွေသားအတွက်
စိတ်မပူဘဲ ရှောင်ယန်းဆေးမြစ်သာ
ထပ်ပေးပါ.."
"ငါကဆေးဆရာ...ကျင့်စဉ်တွေကျင့်နေတဲ့
သမားတော်တစ်ယောက်အနေနဲ့ မင်းလိုလူကို
ရှောင်ယန်းပေးမိတာတောင်တော်တော်အပြစ်ကြီးနေပြီ.."
"တကယ်ပဲမပေးဘူးပေါ့...အနုနည်းနဲ့ယဉ်ယဉ်ကျေးကျေး
တောင်းနေတာကိုမပေးတော့လည်း အကြမ်းနည်းနဲ့
တောင်းရမှာပေါ့..."
သူမဓားအိမ်ထဲက ဓားပြောင်လက်လက်က
မီးရောင်သဲ့သဲ့ကိုတောင်
ထင်ဟပ်စေသည်။
လည်ပင်းနားကိုခြောက်လှန့်ထောက်လိုက်တော့
ထိုသူက ခပ်ယဲ့ယဲ့ပြုံးသည်
"လောဘသိပ်ကြီးတာပဲ...ငါကမင်းမသတ်လည်း
သေရမဲ့သူပါ...ဒီတော့သတ်ပဲသတ်သတ်။
နှိပ်ပဲစက်စက် .ငါမကြောက်ဘူး။
ရှောင်ယန်းဆေးမြစ်ကိုတော့ င်းလက်ထဲ
ထည့်မပေးနိင်ဘူး..."
"ဟင်း...ရှင့်ကိုရှင် သိပ်အေးချမ်းနေတယ်
ထင်တာလား..ရှင်ကျွန်မကိုမပေးလို့
နောင်တကောင်းကောင်းရစေရမယ်..."
ဓားအိမ်ထဲဓားကိုသေချာပြန်ထည့်ပြီး
ထွက်လာခဲ့လိုက်သည်။ရင်ထဲမှာတော့
သိပ်အခဲမကျေလှ။
ရှောင်ယန်းဆေးမြစ်ဆိုတာ ဒဏ္ဍာရီလာ
ဆေးတစ်မျိူးဟုဆိုရအောင်ရှားပါလွန်းသည်။
မိစ္ဆာဆေးပင်ဟာခေါ်ကြသလို
နတ်စောင့်ပင်ဟုလည်း သမုတ်ကြသည်ထိ
ဆေးမြစ်က နတ်ကြီးလွန်းသည်။
အသုံးပြုပုံ တိကျလွန်းသည်။
အရင်တစ်ခေါက်က ဆေးမြစ်တောင်းပြီး
ဆေးမြစ်အကြောင်းလေ့လာကြည့်တော့
ထိုဆေးမြစ်ကအသုံးမှားလျှင် အမြင်တွေပါဝေဝါးစေကာ
ကြောက်စိတ်ပိုပြီးစိတ္တဇလိုဖြစ်စေသည်တဲ့။
သူ့ဘာသာပုံရိပ်ယောင်တွေဖန်တီးပြီး
ခြောက်လှန့်တာ မျိူးပေါ့။
ထိုကြောင့်ပဲ ဝေ့ရင်းကိုထိုဆေး
တစ်ခွက် တိုက်လိုက်သည်မှစ၍
ဝေ့ရင်းက၀မ့်ကျီးကို အမြင်လွဲကာ
အမြဲကြောက်နေတတ်သည်။
၀မ့်ကျီးကိုတွေ့လျှင် စိတ္တဇလို
ကြောက်ရွံ့တက်ပြီး ရှောင်ပြေးတတ်တာကြောင့်
၀မ့်ကျီးက အားမလိုအားမရနှင့်
သူတို့ဘယ်တော့မှအဆင်မပြေကြ။
ဆေးမြစ်ရဲ့တစ်ဝက်က ရှိနေသေးသည်မို့
ဆက်တိုက်ရမည်။
ဒါမှ ဝေ့ရင်း လုံးဝကိုရူးသွပ်သွားမှာ။
တွေးရင်းလက်သီးကိုတင်းတင်းဆုပ်လိုက်သည်။
*နင့်ခမည်းတော်နောက်သာ
လိုက်သွားစမ်းပါဟာ...*
🎴🎴🎴🎴🎴🎴🎴🎴🎴🎴
နားထင်ကနေ ခပ်နွေးနွေးကျနေတဲ့
အနွေးဓာတ်တစ်ခုက ပါးပေါ်ဆင်းလာသည်။
ထိုနောက် ပါပြင်နှင့် ဆင်းသက်သွားသည်က
လည်တိုင်ထိ။
"နိုးပြီလား..."
"ခင်ဗျားဘာလုပ်နေတာလဲ.."
"မနက်မိုးလင်းလို့တွေ့ရတဲ့မြင်ကွင်းလေးက
လှလွန်းလို့ ..."
ထို့နောက်ထိကပ်လာသည်က ရှောင်ကျန့်
နှုတ်ခမ်းပါးတွေဆီသို့။
"၀မ့်ကျီး..."
"ဟင်...."
"ဝေ့ရင်းကိုတကယ်ချစ်တာလားဟင်.."
"အင်း..အသက်ထက်ပဲ.."
ခပ်ပြုံးပြုံးဖြေရင်း ရှောင်ကျန့်ပါးပြင်လေးကို
လာရောက်ပွတ်သပ်နေသည့်ဝမ့်ကျီးက
"မင်းပြောင်းလဲလာတယ်..."
ရင်ဘတ်ထဲ အသံစုံမြည်သွားသည်ထိ
လှုပ်ခတ်သွားရသည်။
၀မ့်ကျီးကတော့သူ့ကိုမကြည့်ဘဲ
ရှောင်ကျန့်ပါးဖောင်းဖောင်းလေးကိုသာ
ရန်ရှာနေပြီး
"အရင်က ငါ့ကိုဆက်ဆံတဲ့ပုံစံလေး
လုံးဝပျောက်သွားတယ်...မဟုတ်မှ..
မင်း....."
သူ့စကားကိုရပ်တန့်ပြီး ရှောင်ကျန့်ကိုမျက်လုံးခြင်း
ဆုံကြည့်တခဏ အသက်ကိုခိုးရူရသည်။
သူကတော့ ရှောင်ကျန့်နှုတ်ခမ်းကိုသာ
ရီရီဝေေ၀ကြည့်ပြီး
"မင်း....ငါ့ကိုချစ်သွားပြီလား.."
ရင်တော့ခုန်နေတုန်းပဲ။
ဒါပေမဲ့အသက်ကိုတော့ရူခွင့်ပေးလိုက်သည်။
၀မ့်ကျီးကိုပြန်ကြည့်တော့ သူ့မျက်ဝန်းတွေက မျှော်လင့်ချက်တွေစိုလို့။
ထိုအခါမှရှောင်ကျန့်ရှက်ရကောင်းမှန်းသိကာ
၀မ့်ကျီးကိုတွန်းထုတ်တော့ သူက တဟားဟားနဲ့
ထရယ်သည်။
"ချစ်စရာလေးကွာ...အင်းမေ့လို့။
ဒီနေ့ မင်းကိုအချိန်ပေးမယ်။
နန်းတော်ရဲ့ဘယ်နေရာမှ ချိန်းတွေ့ကြမလဲ.."
ရှောင်ကျန့်မျက်စောင်းလေးတစ်ခုကျွေးရင်း
သက်ပြင်းချမိသည်။
သူလိုက်မပို့ခင်တည်းက
ရှောင်ကျန့်မရောက်ဖူးတဲ့နေရာမရှိတော့။
ဝေ့ရင်းတုန်းကဆို ဘယ်မှမသွားဘဲ
အဆောင်ထဲမှာပဲငြိမ်နေတဲ့ သူက
အခု နန်းတော်တစ်ခုလုံးခြေရာထပ်နေတော့
အစေခံများကပင် အံ့သြနေကြသည်။
သွားလေသမျှလမ်းက အစေခံတွေနဲ့လည်း
ရန်မဖြစ်ဖူးတဲ့သူမရှိတော့။
အရင်ကဝေ့ရင်းဆို သူ့အတင်းပြောလျှင်
မျက်ရည်ကြည်လေးတွေ သီခိုလာတတ်ပေမဲ့
အခုဝေ့ရင်းကတော့ ကန်လိုက်မယ်
ထုတ်လိုက်မယ်နှင့် စပ်စလူး။
တစ်နန်းတော်လုံးနဲ့တည့်ပေမဲ့
စားဖိုဆောင်က ဟာမတွေနဲ့တော့
ရှောင်ကျန့်တကယ်မတည့်။
ဘယ်လိုတောင်မုန်းဖို့ကောင်းလဲဆို
ရှောင်ကျန့်စားဖို့ ယူလာတဲ့အစားစာတွေက
အကျန်တွေဆိုတာ အသိသာကြီးမို့
ထိုနေ့က စားဖိုဆောင်သွားပြီးပွဲကြမ်းခဲ့ရသည်ထိ။
၀မ့်ကျီးနဲ့တိုင်မယ်လို့ပြောလိုက်တော့
မြေပေါ်ပြားကပ်နေအောင်တောင်းပန်ကြသည်။
အရင်ဝေ့ရင်းမဟုတ်ကြောင်း ပြောပြီး
ထွက်လာခဲ့တော့ ဝေ့ရင်း အစေခံတွေက
ချီးကျူးကြသည်။
အဲ့လိုနိုင်ထားမှ အဆင်ပြေမည်တဲ့။
အရင်ကလို မပျော့ညံ့တော့လို သဘောကျနေကြသည်။
"ကျွန်တော် အပြင်ထွက်ချင်တယ်။"
သူ့စကားကိုဝမ့်ကျီးက ပြန်ပြောရန်
စကားစနေသည်။သိသားပဲ...
အဖိုးကြီးတားတော့မယ်ဆိုတာ။
"ခင်ဗျားနဲ့အတူတူ..ဘာအဆောင်ယောင်မှမပါဘဲ။
နှစ်ယောက်တည်း...သာမာန်လူတွေလို.."
ကြောင်ကြည့်နေတဲ့ ၀မ့်ကျီးရင်ခွင်ထဲ
ရှောင်ကျန့်ခိုဝင်လိုက်တော့ပြန်တောင်
မဖက်နိုင်ရှာတဲ့ဝမ့်ကျီးက ဘယ်လောက်
စိတ်လှုပ်ရှားနေလဲ အသိသာကြီး။
"ကျွန်တော်တို့နှစ်ယောက်တည်း မြင်းတစ်ကောင်တည်းစီးပြီးသွားချင်တာ။
ခင်ဗျားခါးကိုဖက်ပြီးရူခင်းတွေကြည့်ချင်တာ။
ခေါ်သွားပေးမယ်မလားဟင် လန်ဝမ့်ကျီး.."
ညုတုတု အသံတွေထွက်လာတော့
ကိုယ့်ကိုကိုတောင်အံ့သြရသည်ထိ။
မတတ်နိင်ဘူး။
ရှောင်ကျန့် နန်းတော်အပ်ြင်ဘက် ရောက်ချင်လှပြီ။
"မင်းသွားချင်တယ်ဆိုလိုက်ပို့မှာပေါ့။
ကတိအတိုင်း ကို့ခါးကိုတော့ဖက်ထားပေးရမယ်.."
ပြုံးစစနဲ့ ဒီနှာဗူးကြီးကို ရင်ခုန်နေတဲ့
နှလုံးသားကိုမုန်းလိုက်တာဆိုတာလေ။
🎴🎴🎴🎴🎴🎴🎴🎴🎴
"ကျွန်တော် သေရည်သာက်ချင်တယ်..."
"မသောက်ရပါဘူး.."
"လုပ်ပါလန်ဝမ့်ကျိးရယ်...ဒီနေ့လေး
ကျွန်တော့ကိုအလိုလိုက်ပေးပါ့လား.."
၀မ့်ကျီးပခုံးပေါ်ကို မေးတင်ပြီးချွဲလိုက်တော့
သက်ပြင်းချရှာတဲ့ နှစ်တစ်ထောင်အဖိုးကြီး။
လက်လျော့တာသေချာပြီမို့ မြင်းပေါ်ကခုန်ဆင်းပြီး
သေရည်ဆိုင်ထဲ တန်းနေအောင်ပြေးဝင်လိုက်သည်။
လူလည်းရှင်းနေတာမို့ ပိုအဆင်ပြေသွားသည်လေ။
သေရည်တစ်ချိူ့ကိုမှာပြီး ထိုင်စောင့်နေတုန်း
လန်ဝမ့်ကျီးက ဆိုင်ထဲဝင်လာသည်။
"ထိုင်..."
"ဘာလို့သေရည်မှလဲ...တခြားဟာတွေစားပါလားဝေ့ရင်းရာ"
"ကျွန်တော်သောက်ချင်လို့ပါ .တစ်ခါမှ
မသောက်ဖူးဘုး..."
"တအားမသောက်ရဘူးနော်."
သူ့ရဲ့သတိပေးသလိုစကားကိုရှောင်ျန့်
ခေါင်းငြိမ့်ပြရင်း
"၀မ့်ကျီးလည်းသောက်လေ.."
တိုးပေးသည့်ခွက်ကို သူလှမ်းမယူခင်
ရှောင်ကျန့် ပါးစပ်ထဲအကုန်လောင်းထည့်လိုက်တော့
သူက စိတ်မရှည်သလိုစုတ်သပ်သည်။
"တအားမသောက်နဲ့ကွာ..."
"မမူးပါဘူး....အဟစ်အဟစ်"
ဘာလို့လဲမသိပေမဲ့တအားရယ်ချင်နေတာကြောင့်
ရှောင်ကျန့် တခစ်ခစ်နှင့်ရယ်နေမိသည်။
မူးလားမမူးလားတော့မသိ။
ရှေ့က လန့်ဝမ့်ကျီးကတော့
ချာချာလည်နေရှာပြီ။
"ဟဲဟဲ...လန်ဝမ့်ကျီးကြီး လည်နေပြီ။
၀မ်ရိပေါ်ကြီး ဇောက်ထိုးဖြစ်နေပြီ။
ဟားဟားဟား..."
"ကျစ်...တစ်ခွက်တည်းနဲ့မူးနေပြီ"
"ချစ်တယ်ရိပေါ်...မင်းကိုအရမ်းချစ်တယ်။
လွမ်းလည်း...လွမ်းတယ်...
တောင်းလည်းတောင်းပန်တယ်။အဟင့်...အဟင့်"
မူးမူးရူးရူးနဲ့ရိပေါ်ဆိုတဲ့ ကောင်ကိုတနေတဲ့
ဝေ့ရင်းကြောင့်ဝမ့်ကျီးလက်သီးကိုတင်းနေအောင်ဆုပ်ရင်း
မ၀ံ့မရဲမေးလိုက်မိသည်။
"ရိပေါ်ဆိုတာ ဘယ်ကကောင်လဲ"
ပါးမို့လေးတွေရဲနေတဲ့သူက နှုတ်ခမ်းပါးလေးနှစ်ဖက်ကို
ကွေးနေအောင်ပြုံးပြရင်း
"ရိပေါ်ဘယ်သူဆိုတာထက်....
ငါဘယ်သူလဲဆိုတာ အရင်စုံစမ်း စမ်းပါ။
တကယ်တော့ငါက ...ဝေ့ရင်းမဟုတ်ဘူး။
ငါ့နာမည်က ရှောင်ကျန့်.....ဟဲဟဲ....."
ပြောပြီးခုံပေါ်မှောက်သွားးတဲကောင်လေးကြောင့်
၀မ့်ကျီးနှလုံးသားတို့ရူပ်ထွေးနေရသည်။
*အမူးသမားလေးရဲ့ယုတ္တိမရှိတဲ့စကားကို
ငါဘယ်လိုယုံရမှာလဲ*
🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴🎴
ပေါ့ပျက်နေတာပဲ....😭😭😭
Continua llegint
You'll Also Like
63.2K 16.4K 57
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
299K 17.9K 30
[YiZhan-Zawgyi and Unicode] (He is my life❤❤)(Intro📝) (Zawgyi) 👑Wang Yibo👑 _အသက် ၂၁ နှစ် _Wang Groupရဲ့ တစ်ဦးတည်းသောသား -(🏫 *Yi* သက္ကသိုလ်ရဲ့ ပို...
272K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
95.8K 8.3K 27
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]